ရွှီကျစ် ဖုန်းခေါ်ဆိုမှုလက်ခံရသည့်အခိုက်မှာ ချန်လုကျိုးအိမ်ထဲတွင် စာအုပ်ဖတ်နေသည့်အချိန်ဖြစ်ပြီး မကြာခင် ကျောင်းပြန်ဖွင့်တော့မည်ဖြစ်၍လည်း နှစ်ယောက်သားဟာ စိတ်ရောကိုယ်ပါ တည်ငြိမ်အောင်ကြိုးစားခဲ့ကြပြီးဖြစ်သည်။
ဖုန်းလက်ခံဖြေဆိုပြီးလျှင်ပြီးချင်းမှာလည်း ချန်လုကျိုးကိုဆွဲခေါ်၍ ဆေးရုံသို့အမြန်ပြေးတော့၏။ ဆေးရုံသို့ရောက်ပြီးနောက် စောင့်ကြိုနေလေသည့်မြင်ကွင်းမှာကား ခြေထောက်ကိုယ်စီ ကျောက်ပတ်တီးစည်းထားကြသည့် ရွှီကွမ်းကျိနှင့်ဒါရိုက်တာဝေ၏သား ၊ ထိုနှစ်ယောက်၏အလယ်တွင်ထိုင်ပြီး လိမ္မော်သီးနွှာပေးနေသည့် ဒါရိုက်တာဝေ,တို့ပင် ဖြစ်၏။
လောင်ရွှီတစ်ယောက် ချန်လုကျိုးနှင့်ရွှီကျစ်တို့ကိုမြင်လိုက်သည့်အခါတွင်တော့ ပြုံးဖြီးဖြီးနှင့် နှုတ်ဆက်လာသည်။
"ရောက်လာကြပြီလား ၊ အတော်ပဲ လိမ္မော်သီးစားကြဦး ၊ လက်ထောက်ဆေးရုံအုပ်ချိုက် ဝယ်လာပေးသွားတာ ၊ ဗီယက်နမ်အသီးတွေတဲ့"
အေးအေးလူလူဖြစ်နေသည့်ပုံစံမှာ အပျော်ခရီးထွက်လာသည့်အလား။
ရွှီကျစ်နှင့်ချန်လုကျိုးမှာ အချင်းချင်းလှမ်းကြည့်မိလိုက်ကြကုန်ပြီး ဒါရိုက်တာဝေ,ကို နှုတ်ဆက်ရင်း အခန်းထဲလျှောက်ဝင်လာလိုက်သည်။ ရွှီကျစ်မှ လောင်ရွှီ၏တံတောင်ဆစ်ကို အသာလေးပင့်ယူကြည့်လိုက်ပြီး ခြေမျက်စိတစ်နေရာမှလွဲ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ထိခိုက််မှုမရှိမှန်းတွေ့တော့မှသာ စကားဆိုလိုက်မိသည်။
"ဖေဖေ ဘယ်လိုဖြစ်ပြီးချော်လဲရပြန်တာလဲ ၊ ဖေဖေ ဦးခေါင်းပိုင်းဆေးစစ်တာတွေရာ လုပ်ကြည့်မလား ၊ ခဏခဏချော်လဲနေတာက ဦးနှောက်မှာ ပြဿနာတစ်ခုခုရှိနေလို့များလား"
ရွှီကွမ်းကျိက လိမ္မော်သီးတစ်စိတ်ကို ပါးစပ်ထဲထည့်ကာ စကားပြန်ပြောမည်အပြု ၊ ဒါရိုက်တာဝေမှ အရင်စကားဖြတ်ပြောလာခဲ့သည်။
"ဦးနှောက်မှာ ပြဿနာရှိနေတာမဟုတ်လောက်ဘူး ၊ နားမှာ ပြဿနာရှိနေတာပဲဖြစ်ရမယ် ၊ သူများ ဟွန်းတီးနေတာတောင် သူ မကြားမိဘူးတဲ့လေ ၊ ဘက်ထရီဘီးနဲ့တိုက်မိရော"
ရွှီကျစ်က အနီးအနားကိုဝေ့ကြည့်ပြီး ;
"အဲ့ဒီလူရော...."
ဒါရိုက်တာဝေက မေးတစ်ချက်ဆတ်ပြ၍ ;
"သွားခိုင်းလိုက်ပြီ ၊ ပစ္စည်းလိုက်ပို့တဲ့ကောင်လေးတစ်ယောက်ပါ ၊ သမီးအဖေက သူများကို အခက်တွေ့အောင်မလုပ်ချင်တာနဲ့ ပိုက်ဆံနည်းနည်းပါးပါးပဲလျော်ခိုင်းပြီး လွှတ်ပေးလိုက်တော့တာ"
ရွှီကွမ်းကျိမှာ စိုးရိမ်ကြောင့်ကြစိတ်တစ်ချက်လေးမှမရှိ ၊ အေးအေးဆေးဆေးနှင့် ;
"ဘယ်လိုပဲနေနေ လက်ထောက်ဆေးရုံအုပ်ချိုက်က ဖေဖေ့အတွက် ဆေးကုန်ကျစရိတ်ဖိုးရအောင် စာရင်းသွင်းပေးမယ်တဲ့ ၊ အလုပ်က ပြန်တဲ့အချိန်ဖြစ်တာဆိုတော့ အလုပ်ချိန်တွင်းမတော်တဆဖြစ်တာလို့ သတ်မှတ်လို့ရလောက်တယ်"
နေ့လည်ခင်းတွင်တော့ လောင်ချိုက်မှ အဆောက်အဦးအောက်ထပ်တွင် လှည့်ပတ်စစ်ဆေးမည်ဖြစ်ပြီး ဒါရိုက်တာဝေသည်လည်း အလုပ်သွားရဦးမည်ဖြစ်သောကြောင့် ဆေးရုံလူနာစောင့်အဖြစ် ရွှီကျစ်နှင့်ချန်လုကျိုးသာ ကျန်နေခဲ့သည်။
'ဝေလင်'တစ်ယောက်မှာ တစ်မနက်ခင်းလုံး မန့်ဟွကာတွန်းစာအုပ်ဖတ်နေသည့်တိုင် စာမျက်နှာ ၂၀ ကျော်မှမတက် ၊ အရှေ့တစ်မျက်နှာဖတ်ပြီးတိုင်း အနောက်တစ်မျက်နှာကို အပြန်ပြန်အလှန်လှန်ကြည့်နေရသည့်အပြင် ပါးစပ်ဖျားမှတတွတ်တွတ်ရွတ်နေသည်မှာလည်း ;
"အေ့ ဒီတစ်ယောက်က ဘယ်သူလဲ ၊ အရှေ့ပိုင်းတုန်းက ပေါ်လာဖူးသေးလားမသိဘူး"
ချန်လုကျိုးနှင့်ရွှီကျစ်မှာ လူနာကုတင်နှစ်ခုကြားမှ ခုံတန်းပေါ်တွင်ထိုင်နေခြင်းဖြစ်ပြီး ရွှီကျစ်က လောင်ရွှီ၏ကုတင်ဘက်လှည့်၍ စကားပြောနေသည့်အချိန်တွင် အရပ်ရှည်ရှည်တစ်ယောက်မှာဖြင့် သက်သောင့်သက်သာထိုင်ရင်း တစ်ချက်ချက်၌လည်း အာရုံစူးစိုက်၍ ကာတွန်းစာအုပ်ဖတ်နေသည့်ဝေလင်အတွက် ရေငှဲ့ပေးနေလိုက်သေးသည်။
ထိုအချိန်အထိ ချန်လုကျိုး ရေထည့်ပေးနေသည်အား ဝေလင် လုံးဝသတိမထားမိခဲ့ဘဲ စာမျက်နှာ ၄၀ ကျော်နီးနီးရောက်လာသည့်အခါတွင်မှ သူ၏ရေခွက်ထဲမှာရေများဟာ အဘယ်ကြောင့် အခုထိတိုင်သောက်မကုန်နေသေးမှန်း သတိထားမိသွားရသည်။ နောက်တစ်စက္ကန့်တွင်မှ တခြားသူများနှင့် စကားတပြောပြောလုပ်နေသည့် ချန်လုကျိုးကို လှမ်းသတိထားမိပြီး အသာအယာချောင်းတစ်ချက်ဆိုးကာ သာမန်ကာလျှံကာဟန်နှင့် ကျေးဇူးတင်စကားဆိုလိုက်သည်။
ချန်လုကျိုး လှည့်ကြည့်လာရင်း တစ်ချက်ပြုံးပြကာ သူ၏စကားသံဟာ တင်းမာလွန်းသည်လည်းမဟုတ် ၊ ချိုသာနေသည်လည်းမဟုတ် ၊ ဝေလင်,ထက် အနည်းငယ်ရင့်ကျက်သည့်လူကြီးအသံမျိုးဖြင့် စကားပြန်ဆိုလိုက်သည်။
"ရပါတယ်"
ဆယ်ကျော်သက်အရွယ်လေးများအနေဖြင့် သူတို့ထက် အသက်နှစ်နှစ်၊သုံးနှစ်မျှကြီးသည့် အစ်ကိုကြီးများနှင့် အလိုလိုလိုက်နှိုင်းယှဥ်တတ်ကြသည်မှာ သဘာဝတစ်ခုလိုပင်ဖြစ်ပြီး အထူးသဖြင့် တစ်ဖက်လူက ကြည့်ကောင်းသည့်အစ်ကိုချောလေးဖြစ်နေသည့်အခါ....
ပထမဆုံးတွေ့လိုက်သည့်အချိန်ကတည်းက အနှီအစ်ကိုကြီးဟာ အတော်ချောသည့်အထဲတွင်ပါမှန်း ဝေလင် မှတ်ချက်ပြုလိုက်မိသည်။ ထို့အပြင် အကျင့်မကောင်းသည့်ယောက်ျားမျိုးနှင့်လည်းတူနေသေး၏။ သို့သော် မထင်မှတ်ထားမိသည်မှာ တစ်ဖက်လူက သဘောကောင်းသည့်လူတစ်ယောက်ဖြစ်နေသည့်အပြင် ခန္ဓာကိုယ်အချိုးအစားကိုကြည့်ရုံနှင့် ကြွက်သားကျစ်ကျစ်လစ်လစ်ရှိမှန်း ၊ အင်္ကျီချွတ်လိုက်ပါက ပြေပြေပျစ်ပျစ်အချိုးအစားတစ်ခုရှိမည်မှန်း မှန်းဆနိုင်မိရုံသာမက ပုခုံးကျယ်ကျယ် ၊ ကျောပြင်ဖြောင့်ဖြောင့် ၊ ခန္ဓာကိုယ်အတော်လေးမိုက်သည့်အပြင် အရပ်လည်းမြင့်သောကြောင့် စိတ်လုံခြုံမှုမျိုး အတော်ပေးနိုင်သည်ပေ။ ထင်သည့်အတိုင်း အရပ်မြင့်သည့်ယောက်ျားလေးတစ်ယောက်အနေနှင့် ခပ်ချောချောလှလှမိန်းကလေးတစ်ယောက်ကို မဆွဲဆောင်ထားနိုင်စရာအကြောင်းမရှိ။ ဝေလင်သည် တစ်ချိန်တည်းမှာပင် သူ့ရင်အုတ်အားငုံ့ကြည့်ပြီး ခန္ဓာကိုယ်ကိုလည်း အနည်းငယ်ပင့်လိုက်မိ၏။ အဆင်ပြေသည့်ခန္ဓာကိုယ်အချိုးအစားဟုဆိုနိုင်သော်ငြား အနည်းဆုံး 182 cm အထိ အရပ်ရှည်ဖို့ရာလိုနေသေး၏။
"အစ်ကို....အစ်ကို အရပ်ဘယ်လောက်မြင့်လဲ"
ဝေလင်က မနေနိုင်အောင်မေးလိုက်သည်။
"ဖိနပ်ချွတ်လိုက်ရင် 185 cm ရှိတယ်"
ချန်လုကျိုးသည်လည်း ဝေလင်ကဲ့သို့အသက်အရွယ်တစ်ခုမှကြီးပြင်းလာသူဖြစ်သည့်အလျောက် ဆယ်ကျော်သက်လေး၏အခြေအနေကို သဘောပေါက်လိုက်သည်။
"မင်းလည်း အရပ်မြင့်တယ်မလား"
"ကျွန်တော်က 181cm နီးနီးပဲရှိတာ ၊ 185 cm ဖြစ်ဖို့က ကျွန်တော့်အိပ်မက် ၊ အစ်ကို....ကျွန်တော့်ကို အကြံပေးချင်တာတွေမရှိဘူးလား"
ဝေလင်က ချန်လုကျိုးအား 'ကော' ( အစ်ကို ) တစ်လုံးတည်းခေါ်ဝေါ်နေသည်ဖြစ်ရာ ချန်ရှင်းချီထက်ပင် ပို၍ရင်းနှီးမှုရှိသယောင်ယောင်။
ထိုင်ခုံနောက်သို့မှီထိုင်လိုက်ရင်းက ချန်လုကျိုးသည် အလေးအနက်ဖြင့် အကြံံဥာဏ်ပေးတော့၏။
"ဘတ်စကတ်ဘောများများကစားပေါ့ ၊ ငါ အထက်တန်းပထမနှစ်ရော ဒုတိယနှစ်မှာရော နေ့တိုင်းကစားဖြစ်တယ် ၊ တတိယနှစ်ကျတော့ စာပြန်လေ့လာရမယ့်အချိန်တွေကြောင့် တစ်ပတ်မှာ သုံးကြိမ်လောက်ပဲကစားဖြစ်တော့တာ ၊ အထက်တန်းပထမနှစ်တုန်းကဆို 182 cm ပဲရှိပေမယ့် တတိယနှစ်ကျတော့ 185 cm ဖြစ်သွားတယ်"
ဝေလင်က လက်ကိုင်ဖုန်းကိုထုတ်လာပြီး ဆက်၍ ;
"Wechat add ရအောင်လေ အစ်ကို ၊ နောက်ဆို ပိတ်ရက်ရောက်တိုင်း ရွှီကျစ်ကျယ်ကျဲနဲ့ပြန်လာတဲ့အခါကျရင် ကျွန်တော့်ကိုလှမ်းခေါ်လိုက် ၊ ဘတ်စကတ်ဘောကစားကြမယ်လေ"
ချန်လုကျိုးသည် ရွှီကျစ်ကိုလှမ်းကြည့်ရင်း အိတ်ကပ်ထဲမှဖုန်းကိုထုတ်၍ စကားဆိုလိုက်တော့၏။
"ကောင်းပြီ"
သည်အခိုက်တွင် လှည့်ပတ်စစ်ဆေးပြီးလာသည့်လောင်ချိုက်တစ်ယောက်က လူနာခန်းထဲသို့ သုတ်သုတ်ပြာပြာနှင့်ဝင်လာပြီး စာရွက်စာတမ်းဖိုင်တစ်ခုအား လောင်ရွှီ၏အိပ်ရာဘေးစားပွဲသို့ရိုက်ချပစ်ကာ အသံကျယ်ကျယ်နှင့် ;
"စာရင်းသွင်းလို့မရခဲ့ဘူး"
ထိုအခါ ရွှီကွမ်းကျိက ;
"အေ့....မင်း မနက်တုန်းကပြောတော့ စာရင်းသွင်းလို့ရတယ်ဆို"
လောင်ချိုက်မှာ နားထင်ကိုနှိပ်ရင်း ;
" 'စုန်းပေ'လမ်းမဘက်ကနေ မင်း ကွေ့ပတ်သွားလိမ့်မယ်လို့ ငါမှမထင်ထားတာကွ ၊ 'စုန်းပေ'လမ်းက မင်း အလုပ်သွားအလုပ်ပြန်လုပ်ရမယ့်လမ်းမဟုတ်ဘူးလေ ငါ့အစ်ကိုရေ ၊ အဲ့ဒီလမ်းအထိ တကွေ့တပတ်ကြီး ဘာသွားလုပ်တာလဲ ၊ အလုပ်ချိန်တွင်းမတော်တဆဖြစ်တယ်ပြောဖို့ဆိုတာက အလုပ်သွားအလုပ်ပြန်တဲ့လမ်းမှာ မတော်တဆဖြစ်တာမျိုးမှရမှာပေါ့ဟ"
ဝေလင်က မန့်ဟွကာတွန်းစာအုပ်ကို ရိုးရိုးသားသားလှုပ်ပြပြီး စကားဆိုလာခဲ့သည်။
"ဦးလေးရွှီက ကျွန်တော့်အတွက် မန့်ဟွကာတွန်းစာအုပ်သွားဝယ်ပေးတာပါ"
ရွှီကျစ်မှာ ချန်လုကျိုးထံသို့ အလိုလိုနေရင်းလှမ်းကြည့်မိလိုက်သည်။ ယခုလိုအခြေအနေမှာ တစ်ချိန်ချိန်တွင်ဖြစ်လာမည်မှန်း ကြိုသိထားပါသည့်တိုင် ၊ မိသားစုဝင်များအဖြစ် ရင်းနှီးမှုရယူနေသည့်ကာလတွင် သူမ၏ဖေဖေဟာ အခြားကလေးတစ်ယောက်အတွက် တကွေ့တပတ်ကြီးလမ်းကူးသွား၍ စာအုပ်ဝယ်ပေးသည့်လုပ်ရပ်မှာ ဖြစ်သင့်သည့်ကိစ္စတစ်ခုမှန်းသိပါသည့်တိုင် ၊ ထိုအချင်းအရာများဟာ 'သူမတစ်ယောက်တည်း'အတွက် မဟုတ်တော့သည့်ခံစားချက်မျိုးဖြစ်တည်လာသည့်အခါတွင်တော့ ရွှီကျစ်အနေဖြင့် ထိုခံစားချက်ကြီးနှင့်အသားကျသွားရအောင် အချိန်တစ်ခုယူရတော့မည်ဖြစ်သည်။
ရွှီကွမ်းကျိက စကားဆိုလာ၏။
" 'စုန်းပေ'လမ်းက ဘာဖြစ်နေလို့ အလုပ်သွားအလုပ်ပြန်လမ်းအဖြစ် သတ်မှတ်မရတာလဲ"
လောင်ချိုက် ;
" 'ထျန်းဟယ်'ရပ်ကွက်ထဲရောက်သွားလို့ပေါ့ ငါ့ညီအစ်ကိုရာ"
နှစ်ယောက်သား စကားများငြင်းခုန်နေကြတုန်းမှာပင် ရုတ်တရက် တံခါးခေါက်သံတစ်ချက်မြည်သွားခဲ့ပြီး တစ်စုံတစ်ယောက်ဟာဖြင့် ဖြေးဖြေးချင်းလမ်းလျှောက်ဝင်လာခဲ့သည်။
"စည်ကားနေပါ့လား ၊ ဘာတွေငြင်းနေကြတာလဲ"
အသံကြားရာနောက်သို့ လောင်ချိုက် လှည့်ကြည့်လိုက်ပြီး တစ််ဖက်လူကိုမြင်လိုက်ရသည့်အခါ အသက်အရွယ်တစ်ခုစာရောက်ပြီးသည့်ယောက်ျားသားကြီးများအနေနှင့် အချင်းချင်းလက်ဆွဲလိုက်ရင်းက ;
"လောင်ဖု ဘယ်လိုလုပ်ပြီးတော့ရောက်လာတာလဲ"
လောင်ရွှီသည်တော့ စကားတစ်ခွန်းမှမဆိုသေးဘဲ ချန်လုကျိုးထံသို့သာ အရင်လှမ်းကြည့်မိလိုက်သည်။
ထင်လိုက်မိသည့်အတိုင်း အမြဲတမ်းကွေးညွှတ်၍ပြုံးတော့မယောင်သန်းနေသည့် အနှီကောင်လေး၏နှုတ်ခမ်းထောင့်စွန်းများဟာ ယခုအခိုက်အတန့်တွင်တော့ သိသိသာသာတောင့်တင်းနေလေ၏။ သို့သော် အေးတိအေးစက်မျက်နှာထားထက်တွင် မည်သည့်အမူအရာမှမရှိ။
ဖုယွိချင်သည် ဖြည့်စွက်အာဟာရဘူးများနှင့်သစ်သီးအိတ်တစ်အိတ်အား လူနာခန်း၏တံခါးဘေးမှစားပွဲပေါ်တင်လိုက်ရင်း ;
"ကိစ္စလေးရှိလို့ တောင်အောက်ဆင်းလာတုန်း လောင်ရွှီက သူ ချော်လဲတယ်ဆိုပြီးပြောလို့ ငါ လာကြည့်တာ"
ဗိုက်ပူပူအသတ်လတ်ပိုင်းအရွယ်အမျိုးသားကြီးများကြားတွင်ရပ်နေသည့် ဖုယွိချင်မှာ အရပ်လည်းမြင့် ၊ လူကြီးလူကောင်းဟန်ပန်လည်းရှိသောကြောင့် အတော်လေးထင်းထွက်နေကာ လက်ထောက်ဆေးရုံအုပ်ချိုက်၏အရှိန်အဝါများပင် မှေးမှိန်သွားခဲ့ရသည်။
ရွှီကျစ်မှာ ချန်လုကျိုး၏လက်ကို အသာလေးဆွဲညှစ်လိုက်ပြီး အနားနားကပ်၍ ;
"ဘာမှမဖြစ်ဘူးနော် ၊ နောက်ဆိုရင် ငါတို့ သူ့ကိုတစ်သက်လုံးအရေးမလုပ်ဘူး"
သို့သော်ငြား ဖြစ်စဥ်အကြောင်းမသိရှာလေသည့် လက်ထောက်ဆေးရုံအုပ်ချိုက်နှင့်ဝေလင်မှလွဲလျှင် အခြားသူများ၏အမူအရာမှာ အတော်လေးပြင်းထန်နေကြပြီး ရွှီကွမ်းကျိသည်ပင် သဘာဝမဆန်နိုင်တော့လောက်အောင် မျက်နှာပျက်နေ၏။
ဖုယွိချင်လည်း အခြေအနေကိုသတိထားမိသဖြင့် လောင်ရွှီကိုကြည့်ရင်း စကားဆိုလိုက်သည်။
"ဘာဖြစ်နေကြတာလဲ ဒါက.... ၊ ရွှီကျစ် အန်ကယ်ဖုကို နှုတ်တောင်မနှုတ်ဆက်တော့ဘူးလား ၊ နှစ်သစ်ကူးမှာပျော်ပါစေလေး ဘာလေးတောင် မပြောတော့ဘူးပေါ့ ၊ ဟုန်ပေါင်းမယူတော့ဘူးလား"
အန်ကယ်ဖုတစ်ယောက်ပဲ နှစ်သစ်မှာပျော်နေလောက်မှာပါ....သမီးတို့လူတစ်စုကတော့ အန်ကယ့်ကြောင့် ပျော်ရွှင်စရာနှစ်သစ်ကူးမဖြစ်ခဲ့ဘူး....
ရွှီကွမ်းကျိအနေဖြင့် သူ၏သမီးအလိမ္မာလေးဟာ အတော်လေးကာကွယ်ပေးတတ်မှန်း ၊ ငယ်စဥ်ကတည်းက မှားသည်မှန်သည်ခွဲခြားနေခြင်းထက် ရင်းနှီးသူဘက်တွင်သာ ပါဝင်ကူညီတတ်မှန်း သူ အသိပေ။ ထို့အပြင် ယခုကိစ္စတွင်ကား 'တရားမျှတမှု'ဟာ ချန်လုကျိုးဘက်တွင်ရှိနေသည့်အတွက် ရွှီကျစ်အနေဖြင့် ချန်လုကျိုးကိုယ်စား ဒေါသဖြေကောင်းဖြေတော့မည်ပေ။ ဖုယွိချင်ဆိုသည်မှာလည်း ငယ်စဥ်ကလေးဘဝကတည်းက ရွှီကျစ်အား အလိုလိုက်အကြိုက်ဆောင်ပေးခဲ့သည့်လူ ၊ အလယ်တွင်ရပ်နေရသည့်လူတစ်ယောက်အနေဖြင့် ခက်ခဲမည်မှာအမှန်ပေ။ သို့သော် ယခုအခိုက်အတန့်တွင်တော့ ပါးစပ်ကိုတင်းတင်းစေ့ပိတ်ပြီး ဖုယွိချင်ထံသို့ စကားတစ်ခွန်းမှမဆိုသည်ကိုကြည့်ခြင်းအားဖြင့် ချစ်သူကောင်လေးဘက်တွင် အပြည့်အဝရပ်တည်နေမှန်း သိပ်ထင်ရှားပေတော့သည်။
*********************
[ T/N ; ဒီဝတ္ထုထဲမှာ ရွှီကျစ်က ချန်ကျောင်းကျောင်းကိုဆို အရမ်း Protective ဖြစ်မှန်း သတိထားမိကြမှာပါ ၊ ကျုံးကော် Fan Art တွေထဲမှာ ဝတ္ထုအတွက် ဒီလိုဆွဲတာမျိုးလေးမတွေ့မိလို့ ကိုယ် အရင်တုန်းက Artist Noe ဆီ ကော်မီအပ်ထားတာလေး ]
***********************
~~Zawgyi~~
ရွှီကျစ် ဖုန်းခေါ်ဆိုမှုလက်ခံရသည့်အခိုက်မှာ ချန်လုကျိုးအိမ်ထဲတွင် စာအုပ်ဖတ်နေသည့်အချိန်ွဖစ်ပြီး မွကာခင် ကျောင်းပြန်ဖွင့်တော့မည်ွဖစ်၍လည်း နှစ်ယောက်သားဟာ စိတ်ရောကိုယ်ပါ တည်ငြိမ်အောင်ွကိုးစားခွဲ့ကပြီွးဖစ်သည်။
ဖုန်းလက်ခံွေဖဆိုပြီးလျှင်ပြီးချင်းမှာလည်း ချန်လုကျိုးကိုဆွဲခေါ်၍ ဆေးရုံသို့အမြန်ပြေးတော့၏။ ဆေးရုံသို့ရောက်ပြီးနောက် စောင့်ွကိုနေလေသည့်မြင်ကွင်းမှာကားွေခထောက်ကိုယ်စီ ကျောက်ပတ်တီးစည်းထာွးကသည့် ရွှီကွမ်းကျိနှင့်ဒါရိုက်တာဝေ၏သား ၊ ထိုနှစ်ယောက်၏အလယ်တွင်ထိုင်ပြီး လိမ်ေမာ်သီးနွှာပေးနေသည့် ဒါရိုက်တာဝေ,တို့ပင်ွဖစ်၏။
လောင်ရွှီတစ်ယောက် ချန်လုကျိုးနှင့်ရွှီကျစ်တို့ကိုမြင်လိုက်သည့်အခါတွင်တော့ ပြုံွးဖီွးဖီးနှင့် နှုတ်ဆက်လာသည်။
"ရောက်လွာကပြီလား ၊ အတော်ပဲ လိမ်ေမာ်သီးစာွးကဦး ၊ လက်ထောက်ဆေးရုံအုပ်ချိုက် ဝယ်လာပေးသွားတာ ၊ ဗီယက်နမ်အသီးတွေတဲ့"
အေးအေးလူလွူဖစ်နေသည့်ပုံစံမှာ အပျော်ခရီးထွက်လာသည့်အလား။
ရွှီကျစ်နှင့်ချန်လုကျိုးမှာ အချင်းချင်းလှမ်ွးကည့်မိလိုက်ွကကုန်ပြီး ဒါရိုက်တာဝေ,ကို နှုတ်ဆက်ရင်း အခန်းထဲလျှောက်ဝင်လာလိုက်သည်။ ရွှီကျစ်မှ လောင်ရွှီ၏တံတောင်ဆစ်ကို အသာလေးပင့်ယွူကည့်လိုက်ပြီးွေခမျက်စိတစ်နေရာမှလွဲ အွခားခန်ဓာကိုယ်အစိတ်အပိုင်းများ ထိခိုက်မှုမရှိမှန်းတွေ့တော့မှသာ စကားဆိုလိုက်မိသည်။
"ဖေဖေ ဘယ်လွိုဖစ်ပြီးချော်လဲရပြန်တာလဲ ၊ ဖေဖေ ဦးခေါင်းပိုင်းဆေးစစ်တာတွေရာ လုပ်ွကည့်မလား ၊ ခဏခဏချော်လဲနေတာက ဦးနှောက်မှာ ပြဿနာတစ်ခုခုရှိနေလို့များလား"
ရွှီကွမ်းကျိက လိမ်ေမာ်သီးတစ်စိတ်ကို ပါးစပ်ထဲထည့်ကာ စကားပြန်ပြောမည်အပြု ၊ ဒါရိုက်တာဝေမှ အရင်စကာွးဖတ်ပြောလာခဲ့သည်။
"ဦးနှောက်မှာ ပြဿနာရှိနေတာမဟုတ်လောက်ဘူး ၊ နားမှာ ပြဿနာရှိနေတာပွဲဖစ်ရမယ် ၊ သူများ ဟွန်းတီးနေတာတောင် သူ မွကားမိဘူးတဲ့လေ ၊ ဘက်ထရီဘီးနဲ့တိုက်မိရော"
ရွှီကျစ်က အနီးအနားကိုဝွေ့ကည့်ပြီး ;
"အဲ့ဒီလူရော...."
"သွားခိုင်းလိုက်ပြီ ၊ ပစ်စည်းလိုက်ပို့တဲ့ကောင်လေးတစ်ယောက်ပါ ၊ သမီးအဖေက သူများကို အခက်တွေ့အောင်မလုပ်ချင်တာနဲ့ ပိုက်ဆံနည်းနည်းပါးပါးပဲလျော်ခိုင်းပြီး လွှတ်ပေးလိုက်တော့တာ"
ရွှီကွမ်းကျိမှာ စိုးရိမ်ွေကာင့်ွကစိတ်တစ်ချက်လေးမှမရှိ ၊ အေးအေးဆေးဆေးနှင့် ;
"ဘယ်လိုပဲနေနေ လက်ထောက်ဆေးရုံအုပ်ချိုက်က ဖေဖေ့အတွက် ဆေးကုန်ကျစရိတ်ဖိုးရအောင် စာရင်းသွင်းပေးမယ်တဲ့ ၊ အလုပ်က ပြန်တဲ့အချိန်ွဖစ်တာဆိုတော့ အလုပ်ချိန်တွင်းမတော်တဆွဖစ်တာလို့ သတ်မှတ်လို့ရလောက်တယ်"
နေ့လည်ခင်းတွင်တော့ လောင်ချိုက်မှ အဆောက်အဦးအောက်ထပ်တွင် လှည့်ပတ်စစ်ဆေးမည်ွဖစ်ပြီး ဒါရိုက်တာဝေသည်လည်း အလုပ်သွားရဦးမည်ွဖစ်သေွာေကာင့် ဆေးရုံလူနာစောင့်အွဖစ် ရွှီကျစ်နှင့်ချန်လုကျိုးသာ ကျန်နေခဲ့သည်။
'ဝေလင်'တစ်ယောက်မှာ တစ်မနက်ခင်းလုံး မန့်ဟွကာတွန်းစာအုပ်ဖတ်နေသည့်တိုင် စာမျက်နှာ ၂၀ ကျော်မှမတက် ၊ အရှေ့တစ်မျက်နှာဖတ်ပြီးတိုင်း အနောက်တစ်မျက်နှာကို အပြန်ပြန်အလှန်လှန်ွကည့်နေရသည့်အပြင် ပါးစပ်ဖျားမှတတွတ်တွတ်ရွတ်နေသည်မှာလည်း ;
ချန်လုကျိုးနှင့်ရွှီကျစ်မှာ လူနာကုတင်နှစ်ခွုကားမှ ခုံတန်းပေါ်တွင်ထိုင်နွေခင်ွးဖစ်ပြီး ရွှီကျစ်က လောင်ရွှီ၏ကုတင်ဘက်လှည့်၍ စကားပြောနေသည့်အချိန်တွင် အရပ်ရှည်ရှည်တစ်ယောက်မွှာဖင့် သက်သောင့်သက်သာထိုင်ရင်း တစ်ချက်ချက်၌လည်း အာရုံစူးစိုက်၍ ကာတွန်းစာအုပ်ဖတ်နေသည့်ဝေလင်အတွက် ရေငှဲ့ပေးနေလိုက်သေးသည်။
ထိုအချိန်အထိ ချန်လုကျိုး ရေထည့်ပေးနေသည်အား ဝေလင် လုံးဝသတိမထားမိခဲ့ဘဲ စာမျက်နှာ ၄၀ ကျော်နီးနီးရောက်လာသည့်အခါတွင်မှ သူ၏ရေခွက်ထဲမှာရေများဟာ အဘယ်ွေကာင့် အခုထိတိုင်သောက်မကုန်နေသေးမှန်း သတိထားမိသွားရသည်။ နောက်တစ်စက်ကန့်တွင်မှ တွခားသူများနှင့် စကားတပြောပြောလုပ်နေသည့် ချန်လုကျိုးကို လှမ်းသတိထားမိပြီး အသာအယာချောင်းတစ်ချက်ဆိုးကာ သာမန်ကာလျှံကာဟန်နှင့် ကျေးဇူးတင်စကားဆိုလိုက်သည်။
ချန်လုကျိုး လှည့်ွကည့်လာရင်း တစ်ချက်ပြုံးပြကာ သူ၏စကားသံဟာ တင်းမာလွန်းသည်လည်းမဟုတ် ၊ ချိုသာနေသည်လည်းမဟုတ် ၊ ဝေလင်,ထက် အနည်းငယ်ရင့်ကျက်သည့်လွူကီးအသံမျိုွးဖင့် စကားပြန်ဆိုလိုက်သည်။
"ရပါတယ်"
ဆယ်ကျော်သက်အရွယ်လေးများအနွေဖင့် သူတို့ထက် အသက်နှစ်နှစ်၊သုံးနှစ်မျွှကီးသည့် အစ်ကွိုကီးများနှင့် အလိုလိုလိုက်နှိုင်းယှဉ်တတ်ွကသည်မှာ သဘာဝတစ်ခုလိုပင်ွဖစ်ပြီး အထူးသွဖင့် တစ်ဖက်လူကွကည့်ကောင်းသည့်အစ်ကိုချောလေွးဖစ်နေသည့်အခါ....
ချန်လုကျိုးသည်လည်း ဝေလင်ကဲ့သို့အသက်အရွယ်တစ်ခုမွှကီးပြင်းလာသွူဖစ်သည့်အလျောက် ဆယ်ကျော်သက်လေး၏အွေခအနေကို သဘောပေါက်လိုက်သည်။
"ကျွန်တော်က 181cm နီးနီးပဲရှိတာ ၊ 185 cmွဖစ်ဖို့က ကျွန်တော့်အိပ်မက် ၊ အစ်ကို....ကျွန်တော့်ကို အွကံပေးချင်တာတွေမရှိဘူးလား"
ဝေလင်က ချန်လုကျိုးအား 'ကော' ( အစ်ကို ) တစ်လုံးတည်းခေါ်ဝေါ်နေသည်ွဖစ်ရာ ချန်ရှင်းချီထက်ပင် ပို၍ရင်းနှီးမှုရှိသယောင်ယောင်။
ထိုင်ခုံနောက်သို့မှီထိုင်လိုက်ရင်းက ချန်လုကျိုးသည် အလေးအနက်ွဖင့် အွကံဥာဏ်ပေးတော့၏။
"ဘတ်စကတ်ဘောများများကစားပေါ့ ၊ ငါ အထက်တန်းပထမနှစ်ရော ဒုတိယနှစ်မှာရော နေ့တိုင်းကစာွးဖစ်တယ် ၊ တတိယနှစ်ကျတော့ စာပြန်လေ့လာရမယ့်အချိန်တွေေကာင့် တစ်ပတ်မှာ သုံွးကိမ်လောက်ပဲကစာွးဖစ်တော့တာ ၊ အထက်တန်းပထမနှစ်တုန်းကဆို 182 cm ပဲရှိပေမယ့် တတိယနှစ်ကျတော့ 185 cmွဖစ်သွားတယ်"
"Wechat add ရအောင်လေ အစ်ကို ၊ နောက်ဆို ပိတ်ရက်ရောက်တိုင်း ရွှီကျစ်ကျယ်ကျဲနဲ့ပြန်လာတဲ့အခါကျရင် ကျွန်တော့်ကိုလှမ်းခေါ်လိုက် ၊ ဘတ်စကတ်ဘောကစာွးကမယ်လေ"
ချန်လုကျိုးသည် ရွှီကျစ်ကိုလှမ်ွးကည့်ရင်း အိတ်ကပ်ထဲမှဖုန်းကိုထုတ်၍ စကားဆိုလိုက်တော့၏။
"ကောင်းပြီ"
ထိုအခါ ရွှီကွမ်းကျိက ;
" 'စုန်းပေ'လမ်းမဘက်ကနေ မင်း ကွေ့ပတ်သွားလိမ့်မယ်လို့ ငါမှမထင်ထားတာကွ ၊ 'စုန်းပေ'လမ်းက မင်း အလုပ်သွားအလုပ်ပြန်လုပ်ရမယ့်လမ်းမဟုတ်ဘူးလေ ငါ့အစ်ကိုရေ ၊ အဲ့ဒီလမ်းအထိ တကွေ့တပတ်ွကီး ဘာသွားလုပ်တာလဲ ၊ အလုပ်ချိန်တွင်းမတော်တဆွဖစ်တယ်ပြောဖို့ဆိုတာက အလုပ်သွားအလုပ်ပြန်တဲ့လမ်းမှာ မတော်တဆွဖစ်တာမျိုးမှရမှာပေါ့ဟ"
ရွှီကျစ်မှာ ချန်လုကျိုးထံသို့ အလိုလိုနေရင်းလှမ်ွးကည့်မိလိုက်သည်။ ယခုလိုအွေခအနေမှာ တစ်ချိန်ချိန်တွင်ွဖစ်လာမည်မှန်ွးကိုသိထားပါသည့်တိုင် ၊ မိသားစုဝင်များအွဖစ် ရင်းနှီးမှုရယူနေသည့်ကာလတွင် သူမ၏ဖေဖေဟာ အွခားကလေးတစ်ယောက်အတွက် တကွေ့တပတ်ွကီးလမ်းကူးသွား၍ စာအုပ်ဝယ်ပေးသည့်လုပ်ရပ်မွှာဖစ်သင့်သည့်ကိစ်စတစ်ခုမှန်းသိပါသည့်တိုင် ၊ ထိုအချင်းအရာများဟာ 'သူမတစ်ယောက်တည်း'အတွက် မဟုတ်တော့သည့်ခံစားချက်မျိုွးဖစ်တည်လာသည့်အခါတွင်တော့ ရွှီကျစ်အနွေဖင့် ထိုခံစားချက်ွကီးနှင့်အသားကျသွားရအောင် အချိန်တစ်ခုယူရတော့မည်ွဖစ်သည်။
" 'စုန်းပေ'လမ်းက ဘွာဖစ်နေလို့ အလုပ်သွားအလုပ်ပြန်လမ်းအွဖစ် သတ်မှတ်မရတာလဲ"
လောင်ချိုက် ;
နှစ်ယောက်သား စကားများငြင်းခုန်နွေကတုန်းမှာပင် ရုတ်တရက် တံခါးခေါက်သံတစ်ချက်မြည်သွားခဲ့ပြီး တစ်စုံတစ်ယောက်ဟွာဖင့်ွေဖွးေဖးချင်းလမ်းလျှောက်ဝင်လာခဲ့သည်။
"စည်ကားနေပါ့လား ၊ ဘာတွေငြင်းနွေကတာလဲ"
အသွံကားရာနောက်သို့ လောင်ချိုက် လှည့်ွကည့်လိုက်ပြီး တစ်ဖက်လူကိုမြင်လိုက်ရသည့်အခါ အသက်အရွယ်တစ်ခုစာရောက်ပြီးသည့်ယောက်ျားသာွးကီးများအနေနှင့် အချင်းချင်းလက်ဆွဲလိုက်ရင်းက ;
လောင်ရွှီသည်တော့ စကားတစ်ခွန်းမှမဆိုသေးဘဲ ချန်လုကျိုးထံသို့သာ အရင်လှမ်ွးကည့်မိလိုက်သည်။
ဖုယွိချင်သည်ွဖည့်စွက်အာဟာရဘူးများနှင့်သစ်သီးအိတ်တစ်အိတ်အား လူနာခန်း၏တံခါးဘေးမှစားပွဲပေါ်တင်လိုက်ရင်း ;
"ကိစ်စလေးရှိလို့ တောင်အောက်ဆင်းလာတုန်း လောင်ရွှီက သူ ချော်လဲတယ်ဆိုပြီးပြောလို့ ငါ လွာကည့်တာ"
ဗိုက်ပူပူအသတ်လတ်ပိုင်းအရွယ်အမျိုးသာွးကီးမျာွးကားတွင်ရပ်နေသည့် ဖုယွိချင်မှာ အရပ်လည်းမြင့် ၊ လွူကီးလူကောင်းဟန်ပန်လည်းရှိသေွာေကာင့် အတော်လေးထင်းထွက်နေကာ လက်ထောက်ဆေးရုံအုပ်ချိုက်၏အရှိန်အဝါများပင် မှေးမှိန်သွားခဲ့ရသည်။
"ဘာမှမွဖစ်ဘူးနော် ၊ နောက်ဆိုရင် ငါတို့ သူ့ကိုတစ်သက်လုံးအရေးမလုပ်ဘူး"
သို့သော်ငြာွးဖစ်စဉ်အွေကာင်းမသိရှာလေသည့် လက်ထောက်ဆေးရုံအုပ်ချိုက်နှင့်ဝေလင်မှလွဲလျှင် အွခားသူများ၏အမူအရာမှာ အတော်လေးပြင်းထန်နွေကပြီး ရွှီကွမ်းကျိသည်ပင် သဘာဝမဆန်နိုင်တော့လောက်အောင် မျက်နှာပျက်နေ၏။
ဖုယွိချင်လည်း အွေခအနေကိုသတိထားမိသွဖင့် လောင်ရွှီကွိုကည့်ရင်း စကားဆိုလိုက်သည်။
"ဘွာဖစ်နွေကတာလဲ ဒါက.... ၊ ရွှီကျစ် အန်ကယ်ဖုကို နှုတ်တောင်မနှုတ်ဆက်တော့ဘူးလား ၊ နှစ်သစ်ကူးမှာပျော်ပါစေလေး ဘာလေးတောင် မပြောတော့ဘူးပေါ့ ၊ ဟုန်ပေါင်းမယူတော့ဘူးလား"
အန်ကယ်ဖုတစ်ယောက်ပဲ နှစ်သစ်မှာပျော်နေလောက်မှာပါ....သမီးတို့လူတစ်စုကတော့ အန်ကယ့်ွေကာင့် ပျော်ရွှင်စရာနှစ်သစ်ကူးမွဖစ်ခဲ့ဘူး....
ရွှီကွမ်းကျိအနွေဖင့် သူ၏သမီးအလိမ်မာလေးဟာ အတော်လေးကာကွယ်ပေးတတ်မှန်း ၊ ငယ်စဉ်ကတည်းက မှားသည်မှန်သည်ခွဲခားနွေခင်းထက် ရင်းနှီးသူဘက်တွင်သာ ပါဝင်ကူညီတတ်မှန်း သူ အသိပေ။ ထို့အပြင် ယခုကိစ်စတွင်ကား 'တရားမျှတမှု'ဟာ ချန်လုကျိုးဘက်တွင်ရှိနေသည့်အတွက် ရွှီကျစ်အနွေဖင့် ချန်လုကျိုးကိုယ်စား ဒေါသွေဖကောင်ွးေဖတော့မည်ပေ။ ဖုယွိချင်ဆိုသည်မှာလည်း ငယ်စဉ်ကလေးဘဝကတည်းက ရွှီကျစ်အား အလိုလိုက်အွကိုက်ဆောင်ပေးခဲ့သည့်လူ ၊ အလယ်တွင်ရပ်နေရသည့်လူတစ်ယောက်အနွေဖင့် ခက်ခဲမည်မှာအမှန်ပေ။ သို့သော် ယခုအခိုက်အတန့်တွင်တော့ ပါးစပ်ကိုတင်းတင်းစေ့ပိတ်ပြီး ဖုယွိချင်ထံသို့ စကားတစ်ခွန်းမှမဆိုသည်ကွိုကည့်ွခင်းအာွးဖင့် ချစ်သူကောင်လေးဘက်တွင် အပြည့်အဝရပ်တည်နေမှန်း သိပ်ထင်ရှားပေတော့သည်။
*********************
[ T/N ; ဒီဝတ်ထုထဲမှာ ရွှီကျစ်က ချန်ကျောင်းကျောင်းကိုဆို အရမ်း Protectiveွဖစ်မှန်း သတိထားမွိကမှာပါ ၊ ကျုံးကော် Fan Art တွေထဲမှာ ဝတ်ထုအတွက် ဒီလိုဆွဲတာမျိုးလေးမတွေ့မိလို့ ကိုယ် အရင်တုန်းက Artist Noe ဆီ ကော်မီအပ်ထားတာလေး ]