Chapter 94 ( part 1 )

732 113 12
                                    

အိမ်​ပြန်​ရောက်လာသည်နှင့် ရွှီကျစ်က အိပ်ခန်းထဲတန်းဝင်​ပြေးသွားခဲ့ပြီး ချန်လုကျိုးပေးထားသည့် သူမအတွက်နှစ်သစ်ကူးလက်​ဆောင်အား ဖွင့်​ဖောက်ကြည့်​တော့သည်။ နဂိုက သာမန်ဖုန်း​သော့ချိတ်​လေးတစ်ခုဟု ထင်လိုက်မိ​သော်ငြား လက်ကိုင်ဖုန်းတွင်ချိတ်ပြီး​နောက် အ​သေအချာကိုင်တွယ်ကြည့်လိုက်သည့်အခါတွင်မှ ချည်ထိုးပစ္စည်း၏အထိ​အ​တွေ့မျိုးခံစားမိလိုက်ရ၏။ ကြည့်ရသည်မှာ သူကိုယ်တိုင်ချည်ထိုးပြုလုပ်​ပေးထားပုံပင်။ ပုံ​ဖော်​ထားပုံမှာလည်း လက်ရာ​သေသပ်ကာ ​အ​မွေးပွပွ Bichon Frisé ​ခွေး​ပေါက်​လေးတစ်​ကောင်၏ပုံစံ ၊ အ​မွေး​လေးများကလည်း ပွတ်သပ်လို့​ကောင်းပြီး အရုပ်​လေး၏ပုံစံမှာ အသက်ဝင်​နေသည့်အလားကို အပြင်မှ​ခွေး​​ပေါင်အ​သေးစားလေးနှင့်ဆင်တူလွန်းလှသည်။

ထိုညတွင်​တော့ ရွှီကျစ်တစ်​​ယောက် ​ပျော်ရွှင်မြူးထူး​နေ​လေပြီး ဖုန်းထဲမှတဆင့်လည်း ချန်လုကျိုးအား တစ်ညလုံး​နှောင့်ယှက်စ​နောက်​နေ​ချေ​တော့သည်။

Salt : [ အိပ်​တော့မယ်​လေ ၊ Ok? ]

ရွှီကျစ်က ထိုမက်​ဆေ့ကို တစ်ချက်မျှအဖတ်မလုပ် ၊ ​ရေချိုးပြီး အိပ်ရာ​ပေါ်​ရောက်လာကတည်းက ဆက်တိုက်နီးပါးကို စ​နောက်​နေခဲ့သည်။

ရွှီကျစ် : [ ​နွေရာသီပိတ်ရက်တုန်းက ငါ့ကို အရမ်းလွမ်းတယ်မလား ]

တစ်ဖက်သည်ကား စကားကြမ်းကြမ်းနှင့်။

Salt : [ ​လျှောက်တွေး​မ​နေနဲ့ ၊ အဲ့တုန်းက ကိုယ့်ဘာသာ​ရေးထားရတဲ့စာတမ်းကိုပဲ ပြန်နား​ထောင်ကြည့်​နေတာ ]

ရွှီကျစ် : [ ဟန်​ဆောင်မ​နေစမ်းပါနဲ့ ]

တစ်ဖက်သည်ကား ​အောင့်အည်းမ​နေနိုင်​တော့သည့်အဆုံး။

Salt : [ အင်း အင်း ၊ တကယ်အိပ်ချင်​နေပြီ ]

ရွှီကျစ် : [ တစ်ခါတည်းနဲ့တင် အဲ့​လောက်ပင်ပန်းတယ်​ပေါ့ ]

Salt : [ .....ဝိုင် ၊ မင်းအ​ဖေရဲ့ဝိုင်က သက်လုံအား​တွေ အများကြီးကုန်​အောင်လုပ်လို့ ]

တကယ်တမ်း ရွှီကျစ်ကျိမှ '​သောက်' '​သောက်'နှင့် တဇွတ်ဇွတ်​ပြော​နေခြင်း​ကြောင့် ချန်လုကျိုးမှာ ယ​နေ့ည၌ အ​တော်​လေး​သောက်ဖြစ်ခဲ့သည်​ပေ။ အရက်မူးသွားသည်မျိုးလည်းမဟုတ်ဘဲ ရီ​ဝေ​ဝေဖြစ်​နေခြင်း​ကြောင့် ​နောက်ဆက်တွဲအ​နေနှင့် ခံနိုင်ရည်စွမ်းအားကျလာခြင်းဖြစ်သည်။ ဤခံစားချက်ကြီးဟာ အရက်မူးသွားသည်ထက်ပင် ခံစားရခက်​နေ​တော့၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now