အသားကင်ဆိုင်ထဲမှထွက်လာသည်နှင့် ချိုက်ယင်းယင်းသည် ဒေါသစိတ်များတစ်ကိုယ်လုံးလွှမ်းပြီး နေမထိထိုင်မသာဖြစ်နေရတော့သည်။ ထို့ကြောင့် မည်သည့်စကားတစ်ခွန်းမှမဆိုဘဲ တက္ကစီတစ်စင်းငှား၍ အနီးဆုံးတက်တူးဆိုင်တစ်ခုဆီသို့ တိုက်ရိုက်ထွက်လာခဲ့သည်။ ရွှီကျစ်လည်း ဘယ်လိုမှပင်မတားလိုက်နိုင်ဘဲ နောက်ဆုံး တက်တူးဆိုင်ရှေ့၌ပြန်တွေ့သည့်အချိန်တွင် ချိုက်ယင်းယင်းက တက်တူးဆရာနှင့်မျက်နှာချင်းဆိုင်ထိုင်ပြီး နှလုံးသားရေးရာကိစ္စရှင်းလင်းသွားစေမည့်စာသားတစ်ခုခုရေးထိုးပေးရန်ပင် အရှက်မရှိတောင်းဆိုပြီးနေပြီဖြစ်သည်။
တက်တူးဆရာမှာ ပြင်ပလောကအတွေ့အကြုံများသည့်အလျောက် မမြင်ဖူး၊မကြုံဖူးသည့်အခြေအနေမျိုး အဘယ်မှာရှိပါ့။ တည်တည်ငြိမ်ငြိမ်ဖြင့်ထိုင်ရင်း အလုပ်ထဲကိုသာ အာရုံစိုက်ပြီးမေးလာခဲ့သည်။
"တက်တူး Sanskrit ပုံစံလား ၊ တရုတ်စာလုံးလား"
ချိုက်ယင်းယင်း ;
"ဘာတွေကွာခြားလဲ"
တက်တူးဆရာက စိတ်ရှည်ရှည်ဖြင့် ;
"Sanskrit စာလုံးက 148 လုံးရှိမယ် ၊ တရုတ်စာလုံးက 415 လုံး ၊ ဒါပေမယ့် ပုံမှန်ဆိုရင်တော့ ခင်ဗျားလိုဧည့်သည်မျိုးကို ကျွန်တော်က စာလုံးလေးလုံးပဲ ထိုးပေးလေ့ရှိတယ်"
ချိုက်ယင်းယင်း ;
"ဘယ်စာလုံးလေးလုံးလဲ"
တက်တူးဆရာက မျက်နှာမော့၍ ချိုက်ယင်းယင်းထံသို့လှမ်းကြည့်လာပြီး အတွေ့အကြုံရှိသူပီပီ စကားဆိုလာခဲ့သည်။
"ယောက်ျားတွေနဲ့ဝေးဝေးနေ ၊ ခံစားရတာချင်းတူရင်တောင် နည်းနည်းတော့သက်သာတယ်"
ချိုက်ယင်းယင်းက ချက်ချင်းခွန်းတုံ့ပြန်လာ၏။
"ကောင်းပြီ ၊ အဲ့ဒီလေးလုံးထိုးမယ်"
ရွှီကျစ် ; "....."
ချန်လုကျိုး ; "....."
အနောက်မှလိုက်လာသည့်ကျူးယန်ချီက တက်တူးဆိုင်ထဲသို့ အလောတလျင်ဝင်လာပြီး တွေတွေဝေဝေဖြင့်အမေးပြုလာ၏။
YOU ARE READING
Lets Fall In Love [ ဘာသာပြန် ]
Romanceလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~