Chapter 97 ( part 2 )

937 113 8
                                    

ဤအခိုက်အတန့်တွင်​တော့ တစ်ချို့​သောကိစ္စများဟာ အစကတည်းကကို အစမပျိုးလိုက်သင့်မှန်း ချန်လုကျိုး သ​ဘော​ပေါက်နားလည်သွားရသည်။ နှစ်​ယောက်သားက ဆိုဖာ​ပေါ်ထိုင်၍ တီဗွီကြည့်​နေကြခြင်း ၊ နွေဦးရာသီအစဖြစ်​သော​ကြောင့် အ​နွေးဓါတ်က​လေး မြင့်တက်လာစဖြစ်သလို ​​နွေဦးငှက်က​လေးများလည်း တဆာဆာ​တေးဆိုကြူး​နေကြသည့်အချိန် ၊ ရွှီကျစ်မှာ အဖြူ​ရောင်ဆွယ်တာပါး​တစ်ထည်နှင့်စကတ်အဝဲ​လေးအား တွဲဖက်ဝတ်စားထားကာ ​ခြေတံတစ်​လျှောက်လုံးတွင်​တော့ ဗလာ ၊ ချန်လုကျိုးမှာ မီးခိုး​ရောင်​ခေါင်းစွပ်ဆွယ်တာခပ်ပွပွတစ်ထည်နှင့်အတူ အားကစား​ဘောင်းဘီရှည်ဝတ်ထားပြီး အ​​ပေါ်ထပ်အင်္ကျီမှာ​တော့ အနည်းငယ်ဖရိုဖရဲနိုင်​နေ၏။

နှစ်​ယောက်သားမှာ အဝတ်အစားများပင်မချွတ်​တော့ဘဲ ရွှီကျစ်က ချန်လုကျိုးအ​ပေါ်တွင် တွယ်ဖက်ထားကာ ကိစ္စတစ်ခုအား တိုက်ရိုက်ပင်​ဖြေရှင်း​နေကြ​တော့သည်။

​နေ့ခင်းအချိန်ဖြစ်သည့်တိုင် ပြတင်းလိုက်ကာချပ်များပိတ်ထား​သော​ကြောင့် အလင်း​ရောင်ဝင်လာခြင်းမရှိ ၊ အပြင်ဘက်တွင် ဖူးပွင့်​နေသည့် စံပယ်ပန်း​လေးများ၏အလှကိုပင် မခံစားနိုင်​တော့ဘဲ ရုပ်မြင်သံကြားမှထွက်လာသည့်အသံ ​လေ​အေး​ပေးစက်၏အသံများအလယ်မှ​နေ၍ ​ပျော့တစ်လှည့်၊ပြင်းတစ်လှည့်ဖြစ်တည်လာ​သော အသက်ရှူသံများကြားတွင်သာ နစ်မွန်း​နေ​တော့၏။

လက်ရှိအချိန်တွင်က သရဲကားတစ်ကားဖွင့်ထားခြင်းဖြစ်ပြီး မည်သည့်ရုပ်ရှင်ဇာတ်ကားကိုမဆို မ​ရွေးတတ်သည့် ချန်လုကျိုး ၊ ရှာ​ဖွေ​လေ့လာ​ရေးအစီအစဥ်များကိုပင် သုံး​လေးနာရီမက မပျင်းမရိကြည့်​နေနိုင်သည့်သူဟာ သရဲဇာတ်လမ်းများကို​တော့ လုံးလုံးမကြည့် ၊ သတ္တိနည်း​သော​ကြောင့်မဟုတ်ဘဲ သူ့အား ရင်တုန်​အောင်လုပ်​နေ​သော​ကြောင့်သာလျှင် ဖြစ်သည်။ သရဲကားအများစုတွင် လျှို့ဝှက်ဆန်းပြားသည့်မြင်ကွင်းများပါတတ်ပြီး အများစုက အကျိုးအ​ကြောင်းဆက်စပ်မှုမရှိကြပြန်။ ​​သွေးသံတရဲရဲ​ခေါင်းကြီးတစ်လုံးက မျက်ခုံး​မွှေးထူထူနှင့် သတိ​​ပေးခြင်းမရှိ ရုတ်တရက်​ပေါ်လာသည့်မြင်ကွင်းမျိုးနှင့်ပင် ရင်တုန်ချင်စရာ​ကောင်း​နေပြီ​ပေ။ ရွှီကျစ်မှာ ချန်လုကျိုး၏မျက်လုံးကို လက်နှင့်ကွယ်ထား​ပေးရ​လေရင်း ;

Lets Fall In Love [ ဘာသာပြန် ]Où les histoires vivent. Découvrez maintenant