Chapter 88 ( part 2 )

971 131 17
                                    

"နင့်​ကောင်​လေးက ချန်လုကျိုး ၊ ​နွေရာသီပိတ်ရက်တုန်းက ငါသိတဲ့ချန်လုကျိုးလား ၊ ဟုတ်လား"

ရွှီကျစ် ပြုံးရင်း​ခေါင်းငြိမ့်ပြလိုက်သည်။

ချိုက်ယင်းယင်းမှာ မိုးကြိုးအစင်းလိုက်မျိုချမိ​လေသည့်အလား အံ့သြသွားခဲ့ရပြီး အသံထွက်၍​အော်မိမည်စိုး​သော​ကြောင့်လည်း လက်နှစ်ဖက်လုံးနှင့်ပါးစပ်ပိတ်လိုက်ကာ တအံ့တသြဖြစ်သွားရသည့်အကြည့်များဖြင့် ပြူးစိုက်ကြည့်၍ ;

".....ဘုရား​ရေ ၊ သူ နိုင်ငံခြားထွက်သွားတာမဟုတ်ဘူးလား ၊ ဘယ်လိုဖြစ်ပြီး​တော့ '​ပေကျင်း'​ရောက်သွားတာလဲ ၊ ငါက နင်တို့နှစ်​ယောက်ကွဲသွားကြပြီလို့​တောင်ထင်တာ"

"​ပြောရရင်အရှည်ကြီးပဲ ၊ ​နောက်မှ​ပြောပြ​တော့မယ်"

ရွှီကျစ်က ရှင်းပြမ​နေ​တော့ဘဲ သည်အတိုင်းသာ စကားဆိုလိုက်၏။

ချိုက်ယင်းယင်းမှဆက်၍ ;

"​ကျောင်းထဲမှာ သူ အ​တော်ဆုံး၊အမိုက်ဆုံးပဲမလား"

"ဒီလိုပါပဲ ၊ A တက္ကသိုလ်မှာ အားလုံးက စာ​တော်တဲ့​ကျောင်းသား​တွေချည်း​ရော​နေတာမလို့ အရမ်းမကွာကြဘူး"

ရွှီကျစ်က အိပ်ရာ​ပေါ်လှဲချလိုက်ကာ ​ခြေ​ထောက်တလှုပ်လှုပ်နှင့် သက်ပြင်းချပြီးစကားဆက်ဆိုလာခဲ့သည်။

"ကြိုးစားရတာက ပုံမှန်အလုပ်လို​တောင်ဖြစ်​နေပြီ ၊ ​ကျောင်းပိတ်ရက်ဆိုလည်း စာကြည့်တိုက်ထဲမှာပဲ အချိန်ကုန်ကြတာများတယ် ၊ ညဘက်​တွေဆိုလည်း နှစ်နာရီ သုံးနာရီအထိ စာလုပ်ရတုန်း ၊ ငါတို့ထက် သက်သက်သာသာ​နေရတယ်လို့လည်းမဟုတ်ပါဘူး"

"ဒါဆို ငါက​တောင် ပုံမှန်အတိုင်းရှိ​နေ​သေးသလိုပဲ"

ချိုက်ယင်းယင်းသည် စကားဆို​နေရင်းက ရွှီကျစ်အား မျက်ဝန်းများ​မှေးကျဥ်း၍ကြည့်လိုက်ပြီး ;

"နင့်ရင်ဘတ်​တွေကြီးလာတာမနည်းဘူးလို့ ငါ ​ပြော​နေတယ်​နော် ၊ အမ် အမ် မဟုတ်​တဲ့ကိစ္စ​တွေလုပ်ထားတယ်မလား"

ရွှီကျစ် စကား​ပြော​မည်အပြုတွင်​ ရုတ်တရက်အ​ခေါ်ရှိလာခဲ့၏။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now