Chapter 99 ( part 2 )

813 102 4
                                    

သည်အချိန် သည်အခိုက်အတန့် ​ဆေးရုံထဲတွင်။

"မင်းက လက်​ဝှေ့ကစားရုံလက်မှတ်​ကို ဘာလုပ်ဖို့​ပေးတာလဲ"

​လောင်ရွှီက လိ​မ္မော်သီးတစ်စိတ်ကိုနွှာ ၊ ပါးစပ်ထဲထည့်ပြီး စကားဆိုလိုက်ခြင်း။

လူနာကုတင်​ရှေ့တွင်ထိုင်​နေသည့် ဖုယွိချင်မှာ ​ပြောရခက်​နေသည့်ဟန်ဖြင့် ​ခေါင်းကုတ်လိုက်ပြီး ​;

"တခြားဘာအဓိပ္ပါယ်မှမဟုတ်ဘူး ၊ သူ့ဆီမှာလည်း ငါ့ကို ​ပြောစရာစကားရှိ​လောက်မယ့်ပုံမ​ပေါ်​တော့ နှစ်ချက်​လောက်ထိုးခွင့်​ပေးလိုက်ရင် ​စိတ်​ပြေလို​ပြေသွားငြား​ပေါ့"

ရွှီကွမ်းကျိက စုတ်တစ်ချက်သပ်လိုက်၏။

"အဲ့​ကောင်​လေးကို မင်း ​လျော့မတွက်နဲ့​​နော် ၊ ​တော်​တော်​လေး အားရှိတယ် ၊ ရွှီကျစ်​ပြောတာ​တော့ ​နေ့တိုင်း ဘတ်စကတ်​ဘောကစားတယ်တဲ့ ၊ ခန္ဓာကိုယ်အချိုးအစားက မဆိုးဘူး"

ထိုအခါ ဖုယွိချင်က သက်ပြင်းထပ်ချလိုက်၍ ;

"အဲ့ဒါ​ကြောင့်မလို့ ငါ လက်မှတ်နှစ်​စောင်​ပေးလိုက်တာ​လေ ၊ ရွှီကျစ် လိုက်လာမယ်ဆိုရင်​​တော့ အနည်းအများ​ ထိန်းထိန်းသိမ်းသိမ်းဖြစ်​လောက်မှာပါ ၊ ငါက အသက်ကြီး​နေပြီကွ ၊ သုံး​လေးချက်ထိုးတာ​တောင် ​တောင့်ခံနိုင်​တော့မဟုတ်ဘူး"

ရွှီကွမ်းကျိသည် လိ​မ္မော်သီး​နောက်ထပ်တစ်စိတ်အား ပါးစပ်ထဲထည့်ပြီးမှ ​အေး​အေးလူလူစကားဆိုပစ်လိုက်သည်။

"အဲ့​ကောင်​လေး မင်းကို အ​ရေးလုပ်​နေမှာ​တောင်မဟုတ်ဘူးလို့ ငါ ​လောင်းတယ်ကွာ"

ဖုယွိချင်ကလည်း တိကျ​သေချာ​နေသည့်အသံဖြင့် ခွန်းတုံ့ပြန်လာခဲ့သည်။

"မဟုတ်ဘူး ၊ သူ ​သေချာ​ပေါက် ရွှီကျစ်ကို​ခေါ်ပြီးအတူလာမှာ"

---

သို့​သော် နှစ်​ယောက်လုံး၏ထင်မြင်ချက်နှင့်တလွဲ ၊ ချန်လုကျိုးတစ်​ကိုယ်တည်း​ ရောက်လာခဲ့သည်။

သည်အခိုက်တွင် ဖုယွိချင်တစ်​ယောက် စီးကရက်​သောက်​နေခြင်းဖြစ်ရာ မြင်လိုက်ရသည့်မြင်ကွင်း​ကြောင့် ရုတ်တရက်တုန်ယင်သွားမိသည့်အပြင် ချန်လုကျိုး၏အ​နောက်ဘက်ဆီသို့လည်း မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်သည်။ ရွှီကျစ်ကို မဆိုထားနှင့် ၊ သရဲတစ်​ကောင်တစ်​လေ၏အရိပ်အ​ယောင်ကိုမျှပင်မမြင်။ လျှပ်တပြက်ရှိုက်သွင်းမိလိုက်သည့် စီးကရက်အ​ငွေ့များ​ကြောင့် ​ချောင်းတစ်ချက်နှစ်ချက်ဟန့်ပြီးမှ စကားဆိုလိုက်သည်။

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now