Chapter 99 ( part 1 )

1K 134 9
                                    

လက်​ဝှေ့ကစားရုံ လက်မှတ်နှစ်​စောင်....

"မင်းက ဘာ​ပေးမယ်ထင်​နေလို့လဲ"

ချန်လုကျိုး၏အကြည့်များဟာ လက်မှတ်နှစ်​စောင်ထံမှတဆင့် ရွှီကျစ်၏မျက်နှာ​ပေါ်သို့​ရောက်သွားခဲ့၏။ စာအိတ်နီကို သတိထားပြီးဖွင့်​ဖောက်​နေကတည်းက သူမ၏အ​တွေးအား သူ သ​ဘော​ပေါက်နှင့်ပြီးသားပါ​ပေ။ ထိုအခါတွင်​တော့ ရွှီကျစ်၏နားရွက်ဖျားနား​လေးထိ တိုးကပ်သွားရင်း တမင်သက်သက်စ​နောက်လိုက်​တော့၏။

"ချက်ခ်လက်မှတ်လို့ထင်​နေတာလား....ပိုက်ဆံမက်တဲ့​ပေါက်စ​လေး"

ရွှီကျစ်သည် စာအိတ်နီထဲသို့ပြန်ထည့်ထားလိုက်ပြီး ချန်လုကျိုး၏ပါးတစ်ဖက်ကိုလည်း ဆွဲညှစ်၍ ;

"စိတ်ရင်း​လေး​တော့ ထုတ်ပြသင့်တယ်မဟုတ်ဘူးလား ၊ နင့်ကို ဒီ​လောက်အကြာကြီးပစ်ထားခဲ့တာ​လေ....ပိုက်ဆံနည်းနည်း​​ပေးခွင့် ​ပေးလိုက်တာနဲ့တင် သူ့အတွက် အ​တော်​လေးသက်ညှာ​​ပေးထားရာ​ရောက်​နေပြီ"

"သူက မင်းအ​ပေါ်​ရော ​ကောင်း​ကောင်းမွန်မွန်ဆက်ဆံလား"

"​ကောင်းတာ​တော့ ​ကောင်းပါတယ် ၊ အန်ကယ်ဖုက ငါ့အ​ပေါ်​ကောင်းတယ် ၊ ငယ်ငယ်တုန်းကဆိုရင် အန်ကယ်ဖုနဲ့ပဲ ကစားချင်ခဲ့တာ ၊ အန်ကယ်ဖုက ရယ်စရာ​လေး​တွေလည်း​ပြောပြတတ်တာကိုး ၊ အဲ့ဒါ​ကြောင့်မလို့ ငါ့အ​ဖေဆီက ဒီအ​ကြောင်း​တွေကြားရတုန်းကဆိုရင် အန်ကယ်ဖု အရင်တုန်းက ဒီလိုလူစားမျိုးဖြစ်​နေလိမ့်မယ်လို့ ဘယ်လိုမှမယုံနိုင်ခဲ့ဘူး"

"လူယုတ်မာတစ်​ယောက်က အသိတရားရသွားတာမျိုးလား ​၊ ကိုယ်က​တော့ အဲ့လိုလူစား​တွေကို မယုံဘူး"

ချန်လုကျိုးက ခနဲ့သလိုရယ်လိုက်ပြီး စာအိတ်နီများကိုလှမ်းယူကာ အံဆွဲတစ်ခုထဲထည့်လိုက်သည်။

"နင် ဖွင့်ကြည့်ထားပြီးပြီမလား"

ချန်လုကျိုး 'အင်း'ဟု အသံပြုလိုက်ပြီး ဆိုဖာအ​နောက်ဘက်သို့မှီထိုင်လိုက်ကာ လက်တစ်ဖက်က ရွှီကျစ်၏ခါးတစ်​လျှောက်ကိုဖက်ထား၍ ကျန်တစ်ဖက်ဖြင့် သူမ၏​ကျောပြင်ကို အသာအယာပွတ်သပ်လာခဲ့ရင်း စကားဆိုလိုက်သည်။

Lets Fall In Love [ ဘာသာပြန် ]Hikayelerin yaşadığı yer. Şimdi keşfedin