Chapter 98 ( part 2 )

764 112 3
                                    

​ကျောင်းဖွင့်ခါနီး ရက်သတ္တပတ်အလိုတွင်​တော့ ချန်လုကျိုးနှင့်ရွှီကျစ်သည် လူနာအခန်း​စောင့်ရင်း '​ပေကျင်း'သို့ပြန်မည့်​လေယာဥ်လက်မှတ်ဝယ်ထားရန်အတွက် ပြင်ဆင်ကြ​တော့၏။ ထိုစဥ် ကုတင်​ခေါင်းရင်းကိုမှီထိုင်​နေသည့် ​လောင်ရွှီက ကွာ​စေ့ဝါးရင်းဖြင့် စကားဆိုလာ၏။

"ဘယ်​နေ့သွားကြမှာလဲ"

"​ဖေ​ဖေ ​ဆေးရုံဆင်းပြီး​တော့မှ"

ရွှီကျစ်က လက်ကိုင်ဖုန်းထဲမှ ​လေယာဥ်လက်မှတ်များကိုစစ်​ဆေးကြည့်ရင်း စကားဆိုလိုက်သည်။

ချန်လုကျိုးမှ ​​ရေတစ်ခွက်ငှဲ့​ပေးလာခြင်း​ကြောင့် ​လောင်ရွှီက ​ရေခွက်ကိုလှမ်းယူရင်း ​ကျေးဇူးတင်စကားဆိုကာ ဆက်၍လည်း ;

"​ဖေ​ဖေက မနက်ဖြန်ဆို ​ဆေးရုံဆင်းပြီ​လေ ၊ သမီးတို့မသွားခင် ​ဖေ​ဖေ ထမင်းတစ်ခါ​လောက်ချက်​ကျွေးဦးမယ် ၊ ​နောက်ထပ်တစ်ကြိမ်ဆို ​နွေရာသီပိတ်ရက်ကျမှ ပြန်လာနိုင်​တော့မှာမလား ၊ ​ဖေ​ဖေ ကြားဖူးတာ​တော့ သမီးတို့ A တက္ကသိုလ်က ​နွေရာသီပိတ်ရက်ကာလမှာ​တောင် စာသင်ချိန်တစ်လထပ်ရှိ​သေးတယ်ဆို"

"သုံးပတ်တည်းပါ"

ရွှီကျစ်က ချန်လုကျိုးထံသို့ လှမ်းကြည့်ပြီး ;

"ဒါ​ပေမယ့် ​ဖေ​ဖေ.....​နွေရာသီပိတ်ရက်ကျရင် ​သမီးတို့ ပြန်လာဖြစ်ဖို့မ​သေချာဘူး"

ရွှီကွမ်းကျိသည် ထိုနှစ်​ယောက်ထံသို့ ဆတ်ခနဲလှမ်းကြည့်လိုက်၍ ;

"ဘာတုန်း ၊ ခိုး​ပြေးကြ​တော့မလား"

ချန်လုကျိုးမှာ ​နွေရာသီပိတ်ရက်အတွင်း Drone ရိုက်ကူး​ရေးတစ်ခု အလုပ်လက်ခံထားသည်ဖြစ်ရာ ထိုကိစ္စအတွက်နှင့် မ​နေ့ညတုန်းကပင် နှစ်​ယောက်သား ​ဆွေး​နွေးဖြစ်ခဲ့ကြ​သေးသည်။

ထိုအခါ ချန်လုကျိုးက စကားဝင်​ပြောလိုက်သည်။

"မဟုတ်ပါဘူး ၊ ​နွေရာသီပိတ်ရက်ကျရင် ကျွန်​တော် သူများကို ကုန်ပစ္စည်းဓါတ်ပုံရိုက်​ပေးဖို့အတွက် အလုပ်လက်ခံထားတာ​ကြောင့်ပါ ၊ ကျွန်​တော် ပြန်မလာဖြစ်​လည်း ရွှီကျစ်က​တော့ ပြန်လာ​လောက်မှာပါ"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now