လေ့ကျင်းရေးကွင်းထဲတွင် ယခုထက်ထိတိုင် ပြိုင်ပွဲအရှိန်မရပ်သေး။ ဆိုင်ကယ်အင်ဂျင်သံ အဆက်မပြတ်မြည်နေဆဲဖြစ်သည့်အပြင် လီဗာခပ်ပြင်းပြင်းဆွဲနေသည့် 'လွီယန်'၏ပုံစံမှာ အချိန်ကြာကြာငတ်ပြတ်နေခဲ့သည့်သားရဲတစ်ကောင်က သားကောင်အားမစားပစ်ခင် တဝူးဝူးအသံပေးနေသကဲ့သို့ပင်ဖြစ်နေသည်။ တစ်ချိန်တည်း၌လည်း နံဘေးတွင်ရှိနေသည့် ရွှီကျစ်အား စိန်ခေါ်ရန်စမြှူးသလိုလှမ်းကြည့်လိုက်သည်။
လေ့ကျင့်ရေးကွင်းအပြင်ဘက်တွင်တော့ ယခုလေးတင်မှ ပြိုင်ပွဲဝင်လာပြီးသည့်ယန်လဲ့ထုံမှာ ဆိုင်ကယ်ဦးထုပ်ကို လက်မောင်းကြားတွင်ပိုက်ပြီး ချွေးတရွဲရွဲဖြင့် ချိုက်ယင်းယင်းနှင့်ဖုန်ကျင့်ထံသို့ အပြေးရောက်လာ၏။
"ဘယ်လိုဖြစ်ကြတာလဲ ၊ သူ ဘယ်လိုဖြစ်ပြီးတော့ 'လွီသွားတိုက်ဆေးကောင်' ညှိသွားတာတုန်း"
လွီသွားတိုက်ဆေးကောင်ဆိုသည်မှာ လွီယန် ၊ ဓါတ်ပုံဆရာအားလုံးနှင့်ကတောက်ကဆဖြစ်ထားသော ဆံပင်ထောင်ကေနှင့်ဆိုင်ကယ်သမား ၊ ချန်လုကျိုးကိုယ်တိုင် တစ်နေ့လည်ခင်းလုံးအချိန်ကုန်ခံ၍ ရိုက်ကူးရေးလုပ်ပေးထားရသည့်လူပင်။
ဖုန်ကျင့်တစ်ယောက်မှာကား နာမည်ပြောင်ပေါ်၌ စိတ်ဝင်တစားဖြစ်သွားရသဖြင့် ;
"သွားတိုက်ဆေးဆိုတာ သေးသေးပျော့ပျော့လေးလို့ပြောတာလား"
ယန်လဲ့ထုံက ဖုန်ကျင့်အားလှမ်းကြည့်ရင်း ယောက်ျားလေးချင်းနားလည်ကြသည့်အာရုံအရ ပြုံးလိုက်မိကြ၏။
"မဟုတ်ဘူး ၊ အဲ့ကောင် -ျီးပါရင် သွားတိုက်ဆေးနဲ့တူလို့ ၊ နည်းနည်းချင်းဆီထွက်တာကြောင့်"
ဖုန်ကျင့် ; "....."
ချိုက်ယင်းယင်း ;
".....အရမ်းရွံစရာကောင်းတာပဲ နင်တို့လေ...."
ယန်လဲ့ထုံက မူလစကားဆီသို့ ပြန်အစချီလိုက်သည်။
"မင်းတို့ ဘာဖြစ်ကြတာလဲလို့"
ချိုက်ယင်းယင်းက အံကျိတ်ပြီးစကားဆိုလာခဲ့သည်။
"အဲ့ကောင်ကဖြင့် အပေါစားပါးစပ်နဲ့ ကိုယ့်ကိုယ်ကိုယ်အဟုတ်ကြီးထင်နေတာ!"
आप पढ़ रहे हैं
Lets Fall In Love [ ဘာသာပြန် ]
रोमांसလမင်းကြီးဝိုင်းသည်ဖြစ်စေ မဝိုင်းတော့ဘူးဖြစ်စေ ဘာဟာကမှ အရေးမကြီးဘူး ကိုယ်တစ်ယောက်လုံး မင်းဘေးနားမှာရှိနေပေးမယ်~~~~