မျက်လုံးတဒါဇင်ကျော်လောက်က အဖြေလွှာကိုစိုက်ကြည့်နေကြသည်။ ဆရာများက ပြန်စစ်ဆေးခဲ့ကြပြီး ဒီအဖြေလွှာပိုင်ရှင်က တကယ့်ကို အမှတ်အပြည့်ရခဲ့သည်။
ဒါတင်မကသေးဘဲ ထိုကျောင်းသားရဲ့ လက်ရေးက ဟန်ကျင်းယွီထက် ပိုကောင်းပေမယ့် ဘယ်သူလဲဆိုတာကို တစ်ယောက်မှမသိကြဘူး။
"ဒါက ရှန်ယွဲ့ဟာများလား? မကြာသေးခင်က သူ့လက်ရေးကို ပြောင်းရေးခဲ့တာလည်းဖြစ်နိုင်တယ်"
"ဟုတ်တယ် ဟုတ်တယ် ဒါဖြစ်နိုင်တယ် ခုနကပြောခဲ့တဲ့ 138မှတ်ရခဲ့တဲ့ အဖြေလွှာက သူမဟာမဟုတ်လောက်ဘူး အဲ့အမှတ်က တစ်တန်းလုံးရဲ့ ထိပ်တန်း10ယောက်ထဲတောင်မဝင်ဘူး သူမ သာမန်ပဲဖြေရင်တောင် အဲ့အမှတ်ထက်ပိုရနိုင်တယ်"
"ဟုတ်တယ် အခုမှပဲ အဓိပ္ပာယ်ရှိသွားတော့တယ်"
"ဂုဏ်ယူပါတယ် မစ္စတာကျန်း"
လူတိုင်းသည် အလွန်တည်တည်ကြည်ကြည် ရှိနေသော အသက်လေးဆယ်အရွယ်အမျိုးသားဆရာတစ်ယောက်ကိုကြည့်လိုက်သည်။ ထိုသူက အတန်းတစ်ရဲ့ သင်္ချာဆရာဖြစ်သည်။
ဒီဆရာ စာသင်ကြားရေးမှာ အလွန်ကိုမြှုပ်နှံထားတယ်။ ကျောင်းခေါင်းဆောင်တွေက သူ့ကိုအတန်းပိုင်ဆရာအဖြစ် ခန့်အပ်ချင်ပေမယ့် သူကငြင်းဆိုခဲ့သည်။
ချန်းလန် တယောက်သာ ခေါင်းငုံ့ရင်းတွေးတောနေပြီး သူမလက်ထဲတွင် မချုပ်ရသေးသော် အဖြေလွှာစာရွက်ရှိနေသည်။ အခုချိန် သူမ ဘာမှမပြောဘဲ နေလိုက်တာ ပိုကောင်းတယ်။
မစ္စတာကျန်းက ချန်းလန်ဟာ ဒီတခေါက် အတန်းတစ်ကို မကျော်နိုင်လို့ စိတ်မကောင်းဖြစ်နေတယ်လို့ ထင်ပြီးချန်လန်ဆီလျှောက်သွားလိုက်သည်။
"ပြီးခဲ့တဲ့ စာမေးပွဲတုန်းက မင်းအတန်းက ကျွန်တော်တို့ထက်တစ်မှတ်ပဲလျော့ခဲ့တာလေ။ ခင်ဗျားတို့အတန်းက ကောင်းကောင်းလုပ်ခဲ့တာပဲလေ"
ချန်းလန်က သူ့ကိုကြည့်ကာ တစ်ခုခုပြောချင်ခဲ့ပေမယ် နောက်ဆုံးမှာတော့ သူမရဲ့ပြောချင်စိတ်ကို မျိုသိပ်လိုက်တယ်။
**
အတန်းတစ်တွင် ကျောင်းသားတစ်ယောက်က လျှပ်စီးလက်သလို ပြေးလာပြီး စင်ပေါ်ကနေ အော်ပြောလိုက်တယ်။
"သတင်းကောင်း ရှိတယ်! ငါအခုပဲ ဆရာတွေရုံးခန်းကနေ ဖြတ်သွားရင်း သင်္ချာစာမေးပွဲရဲ့ ပထမနဲ့ဒုတိယရဲ့ အမှတ်စာရင်းအကြောင်းကြားခဲ့ရတယ်"
"ကျွတ်... မင်းငါ့ကိုပြောနေတာလား။"
ကောင်လေးတစ်ယောက်က ပျင်းရိစွာဖြင့် သူ့လက်ကို ကုလားထိုင်ပေါ်တင်ပြီး သူ့မျက်လုံးတွေကကျဥ်းမြောင်းသွားတယ်။
"ပထမနေရာက နတ်ဘုရားဟန်, ဒုတိယနေရာကတော့ ရှန်ယွဲ့ပဲပေါ့"
"ဟားဟား အတန်းခုနစ်က စောက်ရူးတွေက ငါ့တို့ကိုကျော်တက်ဖို့ဆိုပြီး အိမ်မက်မက်နေသေးတယ်။ ဒီတကြိမ်မှာလည်း အဲ့ကောင်တွေကိုရစရာမရှိအောင် ဖြတ်ရိုက်နိုင်ခဲ့ပြီကွ"
"ဟုတ်တာပေါ့ ငါတို့အတန်းမှာ နတ်ဘုရားဟန်နဲ့ ရှန်ယွဲ့ရှိတယ်လေ သူတို့ဆီမှာရော ဒီလိုလူတွေရှိလို့လား? ရုပ်ချောပေမဲ့ ဉာဏ်မကောင်းတဲ့ ကျောင်းသူအသစ်လား? ဟာသပဲကွာ........"
စင်မြင့်ပေါ်မှာ ရပ်နေတဲ့ ကျောင်းသားက "မင်းတို့အားလုံးမှားနေပြီ" လို့ဆန်းကြယ်စွာပြောလိုက်တယ်။
ရယ်မောသံတွေက ရုတ်ခြည်းတိတ်ဆိတ် သွားပြီးနောက် ကျောင်းသူတစ်ဦးက ထရပ်ကာ အော်ပြောလိုက်တယ်။
"ထိပ်တန်းအဆင့် နှစ်ယောက်ထဲက တစ်ယောက်က အတန်း ၇ ကလို့တော့ မပြောနဲ့နော်"
ပြင်းထန်စွာ ရယ်မောခဲ့ကြသော ကျောင်းသားအနည်းငယ်သည် အလေးအနက်ဖြစ်သွားကာ စင်မြင့်ပေါ်ရှိ ကျောင်းသားအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။
ကောင်လေးက သူ့လည်ချောင်းကို ရှင်းပြီးပြောလိုက်တယ်။
"ဘယ်လိုဖြစ်နိုင်မှာလဲ?!"
"ငါတို့ကို လာပြီးမခန့်မှန်းခိုင်းနဲ့ ဆက်ပြောလေ!"
"ပထမနေရာက ရှန်ယွဲ့ ဒုတိယနေရာကတော့ နတ်ဘုရားဟန်"
"ဝိုးးးး! ဂုဏ်ယူပါတယ် ငါရဲ့ နတ်ဘုရားမလေးရေ"
"နောက်ဆုံးတော့ နင်ကနတ်ဘုရားဟန်ကို ကျော်တက်သွားခဲ့ပြီပဲ ဒါပေမဲ့လည်း နင်သူ့ကိုကျေးဇူးတင်သင့်တယ်နော် သူက နင်နားမလည်တဲ့သာတွေကိုလည်း ရှင်းပြပေးခဲ့တယ်မလား"
တစ်စုံတယောက်က မျက်လုံးတစ်ဖက်မှိတ်ကာ ရှန်ယွဲ့ကိုပြောလိုက်သည်။
ရှန်ယွဲ့က အံ့အားသင့်နေသည်။ လူတိုင်းရဲ့ လေးစားအားကျမှုနှင့် ချီးကျူးမှုများကို လက်ခံနေရသော်လည်း သူကဟန်ကျင်းယွီအား အမှတ်ကျော်သွားနိုင်မှုကို မယုံနိုင်ဖြစ်နေခဲ့သည်။
ဒီတခေါက်ရဲ့ စာမေးပွဲမေးခွန်းတွေက အရမ်းခက်တယ်။ သူမအကုန်လုံးကိုဖြေခဲ့သော်လည်း တော်တော် ခက်ခဲကြောင်းတွေ့ရှိခဲ့သည်။ သူမသေချာမဖြေနိုင်ခဲ့တဲ့ မေးခွန်းအချို့လည်းရှိခဲ့သည်။
အဲ့ဒါကို ဖြစ်နိုင်ပါ့မလား......
သူမ ဖြေထားသမျှအကုန် မှန်ခဲ့တာလား?
အခုမူ လက်ခုပ်သြဘာသံများ ချီးကျူးမှုများက သူမအား လွှမ်းခြုံထားပြီး သူမရဲ့ ဘဝင်မြင့်မှုက သူမအား နှုတ်ဆိတ်စေခဲ့တယ်။
အထူးသဖြင့်.....
ဟန်ကျင်းယွီက ထိုအကြောင်းအားကြားသောအခါ သူ့မျက်လုံးက မြင့်တက်သွားပြီး သူ့လက်ထဲက စာအုပ်ကိုချကာ သူမစားပွဲဆီလျှောက်လာပြီး စိတ်ရင်းအတိုင်းပြောလိုက်သည်။
"Congratulations "
"ကျေးဇူးတင်ပါတယ်... ငါက ဒီတိုင်းကံကောင်းသွားတာပါ"
ရှန်ယွဲ့က ယခုလိုခံစားချက်ကို အလွန်နှစ်သက်သည်။ ဟန်ကျင်းယွီက သူမကိုကြည့်ရင်း သူ့မျက်လုံးထဲမှာ သူမပုံရိပ်ထင်ဟပ်နေတာကို တွေရသည်။ ခါတိုင်းနှင့်မတူ သူမကအမြဲတမ်း သူ့အားမေးခွန်းမေးရန်အစပြုခဲ့သည့် ပုံစံနှင့်မတူခဲ့ပေ။
ရှန်ယွဲ့က မျက်လုံးများ အောက်ပို့ပြီး နူးညံ့စွာပြောလိုက်သည်။
"ငါ့ကို မေးခွန်းတွေ ရှင်းပြပေးခဲ့အတွက် ကျေးဇူးတင်ပါတယ်နော်"
အတန်းတစ်ကဲ့သို့ပင် အတန်းခုနစ်သည်လည်း ထိုသတင်းကို လက်ခံရှိခဲ့ပြီး လူတိုင်းသည် ယခုအချိန်တွင် စိတ်ဓာတ်ကျနေကြသည်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>