ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက...

By phyolay1991

42.7K 5K 17

Title - Where'd My Delicate Little Wife Go? ငါ့ရဲ့ နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ... Description 💥 ရှဲ့ယွင်န... More

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70
chapter 71
chapter 72
chapter 73
chapter 74
chapter 75
chapter 76
chapter 77
chapter 78
chapter 79
chapter 80
chapter 81
chapter 82
chapter 83
chapter 84

chapter 64

416 59 0
By phyolay1991

Chapter 64 Delicate Little Wife
December 02, 2023
Chapter 64

ရှဲ့ယွင်နန်ကို ပြဿနာ လာရှာကြသူများမှာ သူ့ကို သင်ခန်းစာပေးမည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ရောက်လာကြခြင်း ဖြစ်သည်။

သို့သော် ရလဒ်မှာမူ သူတို့ မျှော်မှန်းထားသည်နှင့် လုံးဝဥဿုံ ကွဲလွဲနေသည်။

သူတို့အုပ်စုထဲမှ အင်အားအကြီးဆုံးသူသည် ရှဲ့ယွင်နန်နှင့် တစ်ယောက်ချင်း တိုက်ခိုက်ရာ၌ ရှုံးနိမ့်ကာ လက်တွေ့ အရိုက်နှက်ခံလိုက်ရသည်။

သူတို့ကိုယ်တိုင်လည်း ရှဲ့ယွင်နန်၏ ကြီးမားလှသော စိတ်စွမ်းအင်ကို ခံစားမိလိုက်ကြ၏။

အပြစ်လာရှာသည့် တိုက်ခိုက်သူအားလုံး ပြောစရာစကားပင် မရှိတော့ချေ။

ထိုသူများအနက် မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့၏ ခံစားချက်များမှာ အရှုပ်ထွေးဆုံးပင်။

အစောပိုင်းက ထိုလူယုတ်မာများကို ကိုင်တွယ်ထားဖူးသည့်အလျောက် သူတို့သည် အကျိုးအကြောင်းကို သိထားကြရာ .. ရှဲ့ယွင်နန်၏ အိမ်သို့ အမြန် ပြေးလာခဲ့လိုက်သည်။

ဘာလို့ ပြေးလာတာလဲဆိုတော့ ... ပွဲကြည့်ဖို့ ...

ဟီးဟီး ရှဲ့ယွင်နန်က အဆင့်နိမ့် ယဇ်ဆရာလေးပဲ ဆိုရင်တောင်  သွမ့်ချန်ချင်းက တစ္ဆေဘုရင်လေ ဒီကောင်တွေက ရှဲ့ယွင်နန်ကို ပြဿနာရှာနေတာ ကိုယ့်သေတွင်းကိုယ် တူးနေကြတာပဲ ...

ထို့အပြင် ဤရက်ပိုင်းအတွင်း ရှဲ့ယွင်နန်နှင့် အတူတူ ရှိနေခဲ့ရသည့်အတွက်  ရှဲ့ယွင်နန်က သွမ့်ချန်ချင်း၏ သရုပ်မှန်ကို မသိသေးကြောင်း သတိပြုမိလိုက်သည်။ သူတို့ကလည်း သွမ့်ချန်ချင်း၏ သရုပ်မှန်ကို စိတ်တိုင်းကျ ဖော်ထုတ်၍ မရရာ ရှဲ့ယွင်နန်ကိုယ်တိုင် သိသွားမည့်အချိန်ကိုသာ စောင့်မျှော်နေကြသည်။

အဲဒီ့အခါကျ ရှဲ့ယွင်နန်က တအားကို ဒေါသထွက်သွားလောက်လား ...

သို့သော် ကိစ္စရပ်များမှာ သူတို့၏ အတွေးနှင့် လားလားမှ မတူညီပေ။

ရှဲ့ယွင်နန်က ဒီလောက်အထိတောင် အင်အားကြီးတယ်လား .. ဘာလို့ သူက စီနီယာအဆင့် ယဇ်ဆရာ ဖြစ်နေပြီလို့တောင် တွေးမိနေပါလိမ့် ...

မြင့်မြတ်မြို့တော်က ဟိုနှစ်ယောက်ထက် နည်းနည်းလေးတောင် အားနည်းမနေဘူး ...

ထိုအခိုက်အတန့်၌ မုန့်ယန်နှင့် ကျောက်ချင်းယွင်သည် ရှဲ့ယွင်နန်ကို ဒူးထောက်ကာ အရိုအသေ ပေးလိုစိတ်များပင် ဖြစ်ပေါ်လာတော့သည်။

အရမ်းကို သန်မာလိုက်တာများ ...

ယဇ်ဆရာအကြီးအကဲ ကျန်ရစ်ခဲ့တဲ့ ရတနာက အဲဒီ့လောက်အထိကို အင်အားကြီးတယ်ပေါ့ သာမန်လူတစ်ယောက်ကိုတောင် အချိန်တိုအတွင်းမှာ စီနီယာအဆင့် ယဇ်ဆရာ ဖြစ်စေတဲ့အထိလေ ...

ယဇ်ဆရာအကြီးအကဲ ရာထူးကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတာ မထူးဆန်းတော့ပါဘူး ...

“အကျိုးနည်း မင်းက ဘယ်သူလဲ ...”

ရှဲ့ယွင်နန်၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသူထံမှ စကားသံ ထွက်ပေါ်လာတော့သည်။

သူ့ရှေ့တွင် ရပ်နေသူမှာ ရှဲ့ယွင်နန် မဟုတ်ဟုပင် သံသယဝင်မိလာ၏။

ရှဲ့ယွင်နန်က ဘယ်လိုလုပ် ဒီလောက်အထိ သန်မာနိုင်မှာလဲ ...

သို့သော် သူ မေးလိုက်စဉ်မှာပင် ရှဲ့ယွင်နန်အနီးသို့ တစ်ဟုန်ထိုး ပြေးဝင်လာသည့် မုန့်ယန်နှင့် ကျောက်ချင်းယွင်ကို တွေ့လိုက်ရသည်။

“ဂုဏ်ပြုပါတယ် သခင်ငယ်လေးရှဲ့ ...”

“သခင်လေးရှဲ့ သခင်လေးက တကယ်ကို ယဇ်ဆရာအကြီးအကဲရဲ့ ဆက်ခံသူပါလား .. အရမ်းကို သန်မာတာပဲနော် ...”

“ဒီလောက် အချိန်တိုအတွင်းမှာ အဆင့်မြင့် ယဇ်ဆရာ ဖြစ်လာနိုင်တာ .. တကယ်ကို လေးစားစရာပဲ ...”

....

တစ်ယောက်နှင့်တစ်ယောက် သူ့ထက်ငါ အပြိုင်အဆိုင် ချီးကျူးကြရင်း ရှဲ့ယွင်နန်၏ အခြေအနေ အစစ်အမှန်ကို ဖော်ထုတ်မိသွားတော့သည်။

ရှဲ့ယွင်နန်က စီနီယာအဆင့် ယဇ်ဆရာ?

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...

စီနီယာအဆင့် ယဇ်ဆရာဆိုလို့ ကုန်းမြေတိုက်တစ်တိုက်လုံးမှာမှ နှစ်ယောက်ပဲ ရှိတာလေ ...

နေပါဦး နောက်ထပ် တစ်ယောက်တော့ ရှိသေးတယ်ဟ ယဇ်ဆရာအကြီးအကဲလေ .. ဒါပေမယ့် ယဇ်ဆရာအကြီးအကဲတစ်ယောက် ပြုတ်ကျသွားတိုင်း နောက်တစ်ယောက်က ချက်ခြင်း မြင့်တက်လာတာလေ ...

ယခင်က သူတို့သည် ရှဲ့ယွင်နန် ယဇ်ဆရာအကြီးအကဲထံမှ အမွေဆက်ခံရရှိခဲ့သည်မှာ ဟုတ်မဟုတ် သံသယရှိခဲ့ဖူးသေးသော်ငြား ယခုမူ သံသယအားလုံး ကင်းစင်သွားတော့သည်။

ရှဲ့ယွင်နန်သည်လည်း မည်သို့မှ ပြန်မတုန့်ပြန်နိုင်တော့။

သူက စောစောလေးကတင် အဆင့်နိမ့်ယဇ်ဆရာပဲ ဖြစ်သေးတာလေ ဘာမျိုးစိတ်မှန်း မသိတဲ့ အံ့ဖွယ်အပင်တစ်ပင်ကို စားလိုက်ရုံလေးနဲ့ ဘယ်လိုလုပ် စီနီယာယဇ်ဆရာ ဖြစ်သွားရတာလဲ ...

ဒီလိုအပင်ကို သွမ့်ချန်ချင်း ဘယ်ကနေများ ရလာခဲ့ပါလိမ့် ...

သို့သော် ယခုအချိန်တွင်  ထိုအကြောင်း တွေးနေရန် မသင့်လှ။ ရှဲ့ယွင်နန်က ပြောလိုက်သည်။

“အားလုံး အခု စကားပြောလို့ ရမလား .. အစောပိုင်းက ဖြစ်ခဲ့တာတွေက ...”

“သခင်လေးရှဲ့ ဒီလူတွေက အဓိပ္ပါယ်မရှိတဲ့ စကားတွေကို ပြောခဲ့တဲ့အပြင် သခင်လေးကိုပါ အပြစ်တင်ခဲ့သေးတယ် ကျွန်တော်တို့ သူတို့ကို သင်ခန်းစာ နည်းနည်းပါးပါး ပေးထားပါတယ် ...”

“ဒါ ကျွန်တော်တို့ရဲ့ အပြစ်တွေပါ ကျွန်တော်တို့ကို အပြစ်ပေးပါ .. သူတို့ကို လေအေးထဲမှာ နောက်ထပ်တစ်နာရီ ထပ်ရပ်ခိုင်းပြီး ကျွန်တော်တို့လည်း နှစ်နာရီ မတ်တပ်ရပ်ရင်း အပြစ်ခံယူပါ့မယ် ...”

“ဟုတ်ပါတယ် ကျွန်တော်က အသက်ကြီးနေပြီ ဆိုပေမယ့် လေအေးထဲမှာ မတ်တပ်ရပ်နေဖို့ အဆင်ပြေပါတယ် ...”

....

မုန့်ယန်နှင့် ကျောက်ချင်းယွင်က အူကြောင်ကြောင် ဖြစ်သွားသည်။

ဒီလူတွေ အကုန်လုံးက အသက် ၇၀ ၈၀ အရွယ်တွေလေ ပြီးတော့ သူတို့ စရောက်လာကာစကဆို လူတိုင်းကို ငုံ့ကြည့်တော့မတတ် မေးတွေကို မော့ချီထားလိုက်ကြတာများ ...

အခု ထပ်ကာထပ်ကာလည်း အရိုက်ခံရပြီးရော သူတို့ကို ကပ်ဖားရပ်ဖား လုပ်နေကျလူတွေဆီကနေ ချက်ခြင်းကို အတုယူလိုက်တော့တာပဲ ...

လူအိုကြီးနှစ်ဦး အပြိုင်အဆိုင် မျက်နှာချိုသွေးနေသည့် မြင်ကွင်းမှာ အနည်းငယ် မျက်စိရှက်စဖွယ် ကောင်းလှသည်။ အပြစ်ရှာရန် ရောက်လာကြသူများမှာလည်း အလွန်အမင်း ရှက်ရွံ့သွားကြတော့၏။

ရှဲ့ယွင်နန်ကို အပြစ်မရှိ အပြစ်ရှာရန် ရောက်လာခဲ့သော်လည်း သူတို့ကသာ အရိုက်ခံလိုက်ရသည်။

အရေးအကြီးဆုံးအချက်အနေဖြင့် .. သူတို့သည် ယခင်ကတည်းက တစ္ဆေဘုရင်၏ အင်အားစုများကို တိုက်ခိုက်လိုသည့်ဆန္ဒ ရှိနေခဲ့သော်လည်း ယခုမူ ပို၍ပင် မဖြစ်နိုင်တော့ချေ။

တစ္ဆေဘုရင်ရဲ့ ဘက်မှာ စီနီယာအဆင့် ယဇ်ဆရာတောင် ရှိသွားပြီ ...

ဆိုတော့ .. သူတို့အတွက် တောင်းပန်ဖို့ပဲ ရှိတော့တာ မဟုတ်လား ...

မည်ကဲ့သို့ တုန့်ပြန်ရမည်မသိ ဖြစ်နေစဉ်မှာပင် ရှဲ့ယွင်နန်၏ နောက်နားဆီမှ ဆူညံသံအချို့ကို ရုတ်တရက် ကြားလိုက်ရသည်။ အားလုံး လှည့်ကြည့်လိုက်သည့်အခါ ကျိုးပဲ့နေသည့် ပြတင်းပေါက်မှ တစ်ဆင့် အပြင်သို့ ထွက်လာသော မုတ်ဆိတ်အပြည့်ဖြင့် တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူနေသော အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူက လူတစ်ဦးကိုလည်း ဖမ်းချုပ်ထားသေး၏။ သူ့လက်ထဲ ရောက်နေသူမှာ သွမ့်ချန်ချင်းမှအပ အခြား မရှိချေ။

လူအိုကြီးက နောက်ပြန်လှည့်မကြည့်စတမ်း ပြေးထွက်သွားရင်း ပြောလိုက်သည်။

“ရှဲ့ယွင်နန် မင်းလူကို ပြန်တွေ့ချင်ရန် မနက်ဖြန် ငါ့ကို တစ်ယောက်တည်း လာတွေ့လှည့် ...”

စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက် ထိုသူမှာ အရိပ်ပင် မကျန်၊ ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။

“ချန်ချင်း ...”

ရှဲ့ယွင်နန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ထိုသူ၏ အနောက်သို့ ပြေးလိုက်သွားသော်လည်း သူသည် စီနီယာအဆင့်သို့ ရောက်ရှိကာစ ဖြစ်သည့်အတွက် ထိုကြီးမားလှသည့် စွမ်းအင်များကို အသုံးပြုရာ၌ မကျွမ်းကျင်သေးချေ။

ထိုလူအိုကြီးမှာ လွန်စွာ သန်မာလှ၏။ နဝမအဆင့် တိုက်ခိုက်သူ ဖြစ်ရမည်ဟုပင် မှန်းဆမိကာ သူ့ကို လုံးဝ လိုက်လံဖမ်းဆီးနိုင်မည် မဟုတ်ချေ။

သူ့အဖေနှင့် ရှစ်ဟိုင်ယွမ်က ဤနေရာတွင် ရှိမနေ။ ထို့အပြင် ကျန်ရစ်ခဲ့သူများအနက် အသန်မာဆုံးသူကပင်လျှင် သတ္တမအဆင့်သာ ရှိသေးရာ အင်အားကင်းမဲ့နေရုံသာမက သူ့ကို အပြစ်လာရှာခဲ့သည့် သတ္တမအဆင့် တိုက်ခိုက်သူကလည်း လုံးဝ ပြေးလိုက်သွားခြင်း မပြုခဲ့ပေ။

သွမ့်ချန်ချင်း ပြန်ပေးဆွဲခံလိုက်ရပြီ ...

ရှဲ့ယွင်နန်က တစ်ခဏမျှ ကြောင်အသွားတော့သည်။

သူ ချန်ချင်းကို နောက်တစ်ကြိမ် ဒုက္ခပေးမိပြန်ပြီ ပထမတစ်ခေါက် ပြန်ပေးဆွဲခံရတုန်းက ဆရာက ကယ်ပေးခဲ့ပေမယ့် အခုတစ်ခါ ...

ရှဲ့ယွင်နန်၏ ခံစားချက်မှာ များစွာ ရှုပ်ထွေးနေ၏။ မုန့်ယန်နှင့် ကျောက်ချင်းယွင်က သွမ့်ချန်ချင်းအား ဖမ်းခေါ်သွားသည့် လူအိုကြီးကို မျက်ခုံးများ ပင့်တင်ထားလျက်သာ စိုက်ကြည့်နေလိုက်ကြသည်။ သူတို့၏ အကြည့်ထဲတွင် သနားသည့် အရိပ်အယောင်များလည်း ရောစွက်နေ၏။

သူကတော့ သွားပြီ ...

ပြန်ပေးဆွဲစရာလူတွေ အများကြီး ရှိတာတောင် တစ္ဆေဘုရင်ကိုမှ တည့်တည့်ကြီး ပစ်မှတ်ထားရဲတယ် ...

ကြည့်ရတာ ဒီနေရာမှာ လူတွေ အများကြီး ရှိနေတော့ ရှဲ့ယွင်နန် မရိပ်မိသွားအောင်လို့ တစ္ဆေဘုရင်က ဆက်ပြီး ဟန်ဆောင်နေခဲ့တာ ထင်တယ် လူမရှိတဲ့နေရာ ရောက်သွားရင်တော့ ...

အင်း .. ကြည့်ရတာ သူတို့တော့ အဖော်အသစ်တစ်ယောက် ထပ်တိုးလာတော့မယ် ထင်တယ် တကယ်ကို မျှော်လင့်နေမိပြီ ...

မုန့်ယန်နှင့် ကျောက်ချင်းယွင်က ဤသို့ တွေးလိုက်ကြ၏။ သွမ့်ချန်ချင်း အဖမ်းခံရကြောင်း သတင်းကြားလိုက်သည့် တစ္ဆေဘုရင်ကလည်း အလားတူပင် တွေးလိုက်မိသည်။

ထိုစဉ်က သူသည် သွမ့်ချန်ချင်းအား ဖမ်းဆီးကာ သင်ခန်းစာအချို့ ပေးရန် တွေးခဲ့ဖူးသည်။

ယခု သူ့လမ်းစဉ်အတိုင်း လိုက်နေသူတစ်ဦးကို တွေ့လိုက်ရသည့်အခါ အနည်းငယ်ပင် နှစ်ထောင်းအားရ ဖြစ်သွားတော့သည်။

သူက ရှဲ့ယွင်နန်ကို နှစ်သိမ့်ပေးလိုက်သည်။

“မပူပါနဲ့ သွမ့်ချန်ချင်းက အဆင်ပြေမှာပါ ...”

ရှဲ့ယွင်နန်က သက်ပြင်းမောတစ်ချက် ချလိုက်သည်။

“သူက အဆင်ပြေမှာပါ ဖမ်းသွားတဲ့သူက ကျွန်တော့်ကို သူ့ကို လာရှာဆိုပြီး ပြောသွားခဲ့တာ အဲဒါကြောင့် ကျွန်တော် သွားသရွေ့ ချန်ချင်းက အဆင်ပြေမှာပါ ...”

သွမ့်ချန်ချင်း ပြန်ပေးဆွဲခံလိုက်ရပြီးနောက် ရှဲ့ယွင်နန်က အခန်းထဲသို့ ပြန်ဝင်သွားသည့်အခါ လိပ်စာရေးထားသည့် စာရွက်တစ်ရွက်ကို တွေ့လိုက်ပြီး ထိုစာရွက်ထဲတွင် ပြန်ပေးသမားက မနက်ဖြန် သူ့ကို ထိုနေရာသို့ တစ်ယောက်တည်း လာခိုင်းထားပြီး မလာပါလျှင် သွမ့်ချန်ချင်းကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။

တစ္ဆေဘုရင်က ရှဲ့ယွင်နန် ကယ်တင်လိုသူမှာ အခြားသူတစ်ဦးဦးသာ ဖြစ်ပါလျှင် ကျိန်းသေ ကန့်ကွက်မိမည် ဖြစ်သည်။ သို့သော် သွမ့်ချန်ချင်း ဖြစ်နေသည့်အတွက် ကန့်ကွက်ခြင်း မပြုခဲ့။

သူက အခြားကိစ္စတစ်ခုကို ပိုပြီး သိလိုနေပေသည်။

“ယွင်နန် မင်း ဘယ်လိုလုပ်ပြီး စီနီယာအဆင့် ယဇ်ဆရာ ဖြစ်သွားတာလဲ ...”

ရှဲ့ယွင်နန်က ပြောလိုက်သည်။

“ချန်ချင်း စိုက်ထားတဲ့ မြက်ပင်က ရုတ်တရက်ကြီး အံ့ဖွယ်ဆေးပင် ဖြစ်သွားတယ်လေ အဲဒါကို စားပြီးတော့ ကျွန်တော် အဆင့်မြင့် ယဇ်ဆရာ ဖြစ်သွားတော့တာပဲ ...”

တစ္ဆေဘုရင် “...”

သွမ့်ချန်ချင်းက ငါ့သားကို တကယ်ကို  ကောင်းကောင်းမွန်မွန် ဆက်ဆံပေးနေတာပဲ ...

သားကိုတောင် နည်းနည်း မနာလိုဖြစ်မိသွားပြီ ...

ဒီလိုမျိုး ရွှေပေါင်လုံးကြီးကို ဖက်ထားရတာ တော်တော်လေး မိုက်မှာပဲ ဟုတ်တယ်မဟုတ်လား ...

ဘာပဲဖြစ်ဖြစ် သူလည်း သားဖြစ်သူရဲ့ ကျေးဇူးနဲ့ အကျိုးအမြတ်တွေ ရနေတာပဲဟာ ဒီရက်ပိုင်းထဲ သွမ့်ချန်ချင်း ပေးထားတဲ့ ကျင့်စဉ်ကို လေ့ကျင့်ကြည့်နေတာ တော်တော်လေးကို ရလဒ်ကောင်းတယ် ...

ဘေးနားမှာ သွမ့်ချန်ချင်း ရှိမနေတဲ့အချိန်ဆို ကျင့်ကြံနိုင်တဲ့နှုန်းက အရမ်းကို နှေးသွားတာ  ...

အဲဒီလိုဆိုမှ .. သွမ့်ချန်ချင်းနဲ့ ရှဲ့ယွင်နန် ညညဆို သူ့အိပ်ယာကို လာလုကြတာ .. ဒါ သူကောင်းဖို့အတွက် လုပ်ပေးတာပဲ ဖြစ်ရမယ် ...

“အဖေ .. ကျွန်တော် စီနီယာအဆင့် ယဇ်ဆရာတွေရဲ့ တိုက်ခိုက်ရေးနည်းလမ်းကို အမြန်ဆုံး သင်ယူမှ ဖြစ်မယ် ...”

ရှဲ့ယွင်နန်က တိုက်ခိုက်ရေးနည်းလမ်းများအား ညလုံးပေါက် သင်ယူကာ သွမ့်ချန်ချင်းကို သွားကယ်ရန် စီစဉ်ထားသည်။

မည်သည့်အရာနင့် ကြုံလာပါစေ သွမ့်ချန်ချင်းကို ကျိန်းသေ ကယ်တင်ရမည် ဖြစ်သည်။

“မုန့်ယန်နဲ့ ကျောက်ချင်းယွင်ကို သင်ခိုင်းလိုက် ငါလည်း တစ်ချို့ဟာတွေကို သင်ပေးလို့ရတယ် ...”

တစ္ဆေဘုရင်က ပြောလိုက်သည်။

တစ္ဆေဘုရင်က ပြဿနာလာရှာသည့် တိုက်ခိုက်သူများအား ဖြေရှင်းရန် လူတစ်ယောက်ကို တာဝန်ပေးလိုက်ကာ သူကမူ ရှဲ့ယွင်နန်အား တိုက်ခိုက်ရေးနည်းလမ်းများ သင်ပေးခြင်းတွင်သာ အာရုံစိုက်ထားလိုက်သည်။

သို့သော် ရှဲ့ယွင်နန် သင်ယူသည်ဖြစ်စေ မသင်ယူသည်ဖြစ်စေ သွမ့်ချန်ချင်းက များမကြာမီ ပြန်လာနိုင်လိမ့်မည်ဟု ထင်မြင်မိနေ၏။

ပြန်လာရင် သူ့ကို ဖမ်းသွားတဲ့ လူအိုကြီးကိုပါ ခေါ်လာခဲ့လိမ့်ဦးမယ် ...

သို့သော် ထိုအချိန်တွင် သွမ့်ချန်ချင်းက ပြန်မလာနိုင်ခဲ့ပေ။

ရှဲ့ယွင်နန် နိုးထလာစဉ်က သူ တတ်စွမ်းသမျှ နည်းလမ်းအားလုံးကို အသုံးပြုကာ ကူညီပေးခဲ့သည့်အတွက် ယခုအချိန်တွင် သူသည် သာမန်သူတစ်ဦးမျှသာပင်။

ထိုလူအိုကြီးကို သိစိတ်ဝိဉာဉ်ဖြင့် ထိန်းချုပ်နိုင်သော်ငြား ထိုသူက သူ့ကို နာကျင်အောင် မလုပ်သည့်အတွက် ထိုသို့ ထိန်းချုပ်ရန်လည်း မလိုအပ်ပေ။

သူ့ခန္ဓာကိုယ်ကိုလည်း ယခုထက်ပိုပြီး နာကျင်အောင် မညှင်းဆဲလိုတော့။

ထို့ကြောင့် အေးအေးချမ်းချမ်း အဖမ်းခံကာ လာကယ်မည့် အချိန်ကို စောင့်ဆိုင်းရင်း အားပြန်မွေးသည့် လုပ်ငန်းစဉ်ကိုသာ အာရုံစိုက်ထားလိုက်တော့သည်။

ထိုသို့ ဆုံးဖြတ်ပြီးနောက် သူက ရုန်းကန်ခြင်းလည်း မပြု၊ အော်ဟစ်ငိုယိုခြင်းလည်း မလုပ်ခဲ့ချေ။ ထို့ကြောင့် သူ့ကို ငိုယိုကာ ပြဿနာရှာလိမ့်မည်ဟု တစ်ထစ်ချ မှတ်ယူထားသည့် လူအိုကြီးမှာ ဇဝေဇဝါ ဖြစ်သွားတော့သည်။

ဒီတစ်ယောက်က နည်းနည်းလေးမှကို မကြောက်တတ်တာလား ...

သူ့လူများ ပုန်းအောင်းနေသည့် ဆင်ခြေဖုံးဒေသကို ရောက်သည့်အခါ ထိုလူကြီးက သွမ့်ချန်ချင်းကို အောက်ချ၍ အထင်တကြီး ပြောလိုက်သည်။

“မင်းပုံစံလေးက နူးညံ့ပြီး အားနည်းသလိုလိုနဲ့ စိတ်ကတော့ အတော်လေး မာသားပဲ ...”

သူက သွမ့်ချန်ချင်းကို အထင်ကြီးသွားသော်ငြား စိတ်မကောင်းစွာဖြင့် တစ်ဖက်သူမှာ ရှဲ့ယွင်နန်၏ လက်တွဲဖော် ဖြစ်နေပေသည်။

ထို ရှဲ့ယွင်နန်မှာလည်း ...

ယခင်က သူသည် ရှဲ့ယွင်နန်မှာ ယဇ်ဆရာအကြီးအကဲ၏ အမည်ကို အသုံးချ၍ လူအများအား လှည့်စားနေသည်ဟု ထင်ခဲ့မိသော်ငြား ...  ယခုအခြေအနေအရမူ ရှဲ့ယွင်နန်က အမှန်တကယ်ပင် ယဇ်ဆရာအကြီးအကဲထံမှ တစ်စုံတစ်ခု ရရှိထားသည့်ဟန်ပင်။

သူ ယဇ်ဆရာအကြီးအကဲရဲ့  အလောင်းကို လိုက်ရှာမှ ဖြစ်တော့မယ် ... 

Continue Reading

You'll Also Like

36.4K 5.3K 11
Title : I Just Want To Live Peacefully (ငါ အေးအေးချမ်းချမ်းလေးပဲနေချင်တာ) Genre : historical, romance, shounen-ai Start Date : 1.June.2021 End Date :...
267K 30K 119
Gong အများကြီးနဲ့ Hearm ပါရှင့်။ Tag တွဲမထားမိတော့ မှားဖတ်ကြလို့ပါ။
26.4K 3.1K 42
BL novel အသစ်လေး update လုပ်ထားပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page က...