ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ

259 35 0
                                    

Chapter 53
October 31, 2023
Chapter 53

သူ သတင်းရသည့်အချိန်မှာ နောက်ကျနေပြီ ဖြစ်သည့်အတွက် ဦးလေးဖြစ်သူကို သတင်းပေးရန် အချိန်မရှိခဲ့ချေ။

ဦးလေးမှာ ဘာတွေများ ဖြစ်နေပြီလဲ မသိဘူး ...

ဦးလေးက အင်အားကြီးတဲ့သူဆိုတော့ သူ လွတ်မြောက်သွားနိုင်လောက်လား ...

ထိုသို့ တွေးနေစဉ်မှာပင် သူရှိရာသို့ လျှောက်လာသည့် လျောင်မုယဲ့ကို တွေ့လိုက်ရသည်။

လျောင်မုယဲ့သည် အလယ်အလတ်အဆင့် တိုက်ခိုက်သူ ဖြစ်သည့်အတွက် ဟုန်ယဲ့မြို့တော်ရှိ လူငယ်မျိုးဆက်သစ်များ အကြားတွင် ထိပ်ဆုံးဟုပင် ဆိုနိုင်ပေသည်။ မူလက လုရှောင်ယန်သည် ထိုသူ့အပေါ် အကောင်းမြင်စိတ်များ ရှိခဲ့သေးသော်ငြား လျောင်မုယဲ့က သူ့ကို မနှစ်သက်ကြောင်း သိသိသာသာ ထုတ်ပြလာသည်။

ထို့ကြောင့် သူကလည်း လျောင်မုယဲ့နှင့် များစွာ ပြောဆိုဆက်ဆံခြင်း မပြုတော့ပေ။

ဒါပေမယ့် အခု .. အဲဒီ့လျောင်မုယဲ့က ဘာလာလုပ်တာလဲ ...

“သခင်လေးလု ...”

လျောင်မုယဲ့က သူ့ကို ပြုံးပြလိုက်သည်။

“သခင်လေးလျောင် ..."

လုရှောင်ရန်က ပြန်နှုတ်ဆက်လိုက်သည်။

“တစ္ဆေဘုရင်ကို သတ်ပြီးသွားရင် လုရှောက်လည်း မြင့်မြတ်မြို့တော်ကို ပြန်တော့မှာ မဟုတ်လား ကျွန်တော်တို့တွေ ဆက်သွယ်ရမယ့် လိပ်စာလေး လဲထားကြရင် ဘယ်လိုလဲ ကျွန်တော်က မြင့်မြတ်တဲ့ မြို့တော်ကို အလည်လာဖို့ တွေးထားတော့ ရောက်ဖြစ်ရင် လုရှောက်ဆီ သေချာပေါက် လာလည်ပါ့မယ် ...”

လျောင်မုယဲ့က ပြောလိုက်သည်။

လျောင်မုယဲ့က မြင့်မြတ်မြို့တော်သို့ သွားရန် အမှန်တကယ် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဟုန်ယဲ့မြို့မှာ သူ၏ ဇာတိမျှသာ။ ယခုထက်ပို၍ တိုးတက်လိုပါလျှင် မြင့်မြတ်မြို့တော်သို့ သွားရောက်ရန် လိုအပ်နေဆဲပင်။

ယဇ်ဆရာအကြီးအကဲက သေသွားပြီး သူ့ငယ်သားတွေက လက်စားချေချင်နေကြတယ် ... ဒီလူတွေကို သူ့ငယ်သား ဖြစ်လာအောင် သိမ်းသွင်းလို့ ရနိုင်လောက်တယ် ...

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now