ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ

720 84 0
                                    

Chapter 5
October 31, 2023
Chapter 5

တစ်စုံတစ်ယောက်၏ နှုတ်ခမ်းကို လျာဖြင့်လျက်ခြင်းမှာလည်း မူမမှန်သည့် လုပ်ရပ်မျိုး မဟုတ်ချေ။

သို့သော် အနည်းငယ်တော့ မသင့်မလျော် ဖြစ်နေဆဲပင်။ ရှဲ့ယွင်နန်က အနားသို့ သွားကာ ရှောင်ပိုင်ကို ပုတ်လိုက်သည်။

“မလျက်နဲ့တော့ ...”

ရှောင်ပိုင်သည် ရှဲ့ယွင်နန်၏ အဖော်သားရဲဖြစ်ရာ ရှဲ့ယွင်နန်၏ သိစိတ်ကို ဝေမျှရယူထားပြီး တိရိစ္ဆာန်ဗီဇကိုလည်း ထိန်းသိမ်းထားသည်။

တစ်ဖက်သို့ လှည့်ကာ ရှဲ့ယွင်နန်၏ လက်ကို နှုတ်သီးဖြင့် တိုးဝှေ့ရင်း “ဝူး.. ဝူး” ဟု ငိုသံပေးကာ ဗိုက်သားဖြူဖြူကို လှန်ပြလိုက်သည်။

သွမ့်ချန်ချင်း “...”

ငါ့လက်ဖဝါးတွေက ပိုပိုပြီးကို ယားလာပြီ ...

“တစ်ခုခု စားချင်လား ...”

ရှဲ့ယွင်နန်က သူ့ကို ထပ်မေးလိုက်ပြန်သည်။

သွမ့်ချန်ချင်းက တစ်လုံးတစ်ပါဒမျှပင် နားမလည်ရာ ထင်ရာမြင်ရာလည်း လျှောက်မပြောရဲပေ။

အိပ်ယာပေါ်တွင် လှဲနေသူထံမှ ပြန်ဖြေသံကို မကြားရသည့်အတွက် ရှဲ့ယွင်နန်လည်း ဆက်မေးမနေတော့။ မီးဖိုထဲသို့ ပြန်သွားကာ သူ ချက်ထားသည့် ဆန်ပြုတ်တစ်ပန်းကန်ကို ယူလာပြီး ကုတင်ဘေးတွင် ထိုင်ကာ တစ်ဇွန်းခန့် ခပ်၍ သွမ့်ချန်ချင်း၏ ပါးစပ်နားသို့ တိုးပေးလိုက်သည်။

သူ့စကားများကို နားမလည်သည့်တိုင် ထိုလှုပ်ရှားမှု၏ အဓိပ္ပါယ်ကိုမူ နားလည်သည့်အတွက် သွမ့်ချန်ချင်းက ချက်ခြင်း ပါးစပ်ကို ဟပေးလိုက်သည်။

သူက တကယ်ကြီးကို  ဗိုက်ဆာနေတာ ...

ရှဲ့ယွင်နန်က သူ့ကို တစ်လုပ်ချင်း ခွံ့ကျွေးပြီးနောက် ရပ်တန့်ကာ နောက်ထပ် ဆက်မကျွေးရဲတော့။

ဒီလူက အရမ်းကို ပိန်နေတဲ့အပြင် အစာမစားရတာလည်း တော်တော်ကြာနေပြီထင်တယ် ဒီလိုလူမျိုးက တစ်ကြိမ်တည်းနဲ့ အများကြီး စားနိုင်မှာ မဟုတ်ဘူး ...

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now