chapter 67

326 50 1
                                    

Chapter 67 Delicate Little Wife
December 02, 2023
Chapter 67

ရှဲ့ယွင်နန်သည် ဟုန်ယဲ့တောအုပ်ကို များစွာ ရင်းနှီးခြင်း မရှိပေ။ ထို့ကြောင့် တောထဲမှ ဖြတ်လာသည့်အခါ  အသေးအမွှား အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ဤကုန်းမြေတိုက်၏ ထိပ်သီးတစ်ဦးဖြစ်သည့် သူ့ကို ထိုအခက်အခဲလေးများက များစွာ မသက်ရောက်ချေ။

တစ္ဆေဘုရင်ကလည်း သူနှင့်အတူ လိုက်လာခဲ့သော်ငြား အလွန်နီးနီးကပ်ကပ် လိုက်လာခြင်းမပြုသည့်အပြင် သူ၏ ခြေရာဖျောက်နိုင်သော စွမ်းရည်မှာ လွန်စွာ ကောင်းမွန်သောကြောင် ရှဲ့ယွင်နန်ပင်လျှင် သူ့နောက်သို့ လူတစ်ယောက် လိုက်လာခြင်း မခံစားမိချေ။

တစ်မနက်လုံး လမ်းလျှောက်နေရသည့်အတွက် ရှဲ့ယွင်နန်မှာ အနည်းငယ် ပင်ပန်းလာတော့၏။ သို့သော် သွမ့်ချန်ချင်းအကြောင်း တွေးလိုက်မိသည့်အခါ တစ်ဖန် တည်ငြိမ်သွားပြန်သည်။

သူ သွမ့်ချန်ချင်းကို လွမ်းနေပြီ ...

ယခင်က သူ့တွင် မည်သည့်ကိစ္စများ ကြုံခဲ့ရပါစေ တစ်ဖက်သို့ ခေါင်းလှည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ကို တိတ်တဆိတ် အားပေးနေသည့် သွမ့်ချန်ချင်းကို မြင်တွေ့နိုင်သည်။ ယခု သွမ့်ချန်ချင်းကို ခေါ်သွားခံလိုက်ရကာမှ ... သွမ့်ချန်ချင်းသည် သူ့အတွက် တွေးထားသည်ထက်ပင် ပိုပြီး အရေးကြီးနေကြောင်း သဘောပေါက်လိုက်မိတော့သည်။

ဤရက်ပိုင်းအတွင်း သူသည် ကိစ္စများစွာကို ကြုံတွေ့ခဲ့ရသည်။ ဖခင်ဖြစ်သူမှ သူ့သရုပ်မှန်ကို ဖွင့်ဟမလာခင်အထိ သွမ့်ချန်ချင်းတစ်ဦးတည်းကိုသာ သူ အယုံကြည်ရဆုံး ဖြစ်သည်။

ရှဲ့ချင်က သူ့ဖခင်အရင်းဖြစ်ကြောင်း သိလိုက်ရသည့်တိုင် တစ်ဖက်သူနှင့် ရင်းရင်းနှီးနှီးနေရန် ခဲယဉ်းနေဆဲပင်။ သို့သော် သွမ့်ချန်ချင်းကမူ .. သူ့ဘေးတွင် သွမ့်ချန်ချင်း ရှိနေခြင်းကို နေသားကျနှင့်နေပြီး ဖြစ်သည်။

တစ်ခါတစ်ရံ  ပင်ပန်းလွန်း၍ အရှုံးပေးလိုစိတ်များ ဖြစ်ပေါ်လာလေတိုင်း .. သွမ့်ချန်ချင်းကို ကြည့်မိသည်နှင့် တစ်ပြိုင်နက် နောက်တစ်ကြိမ် စိတ်အားတက်ကြွလာခဲ့သည်။

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now