chapter 68

218 37 0
                                    

Chapter 68 Delicate Little Wife
December 02, 2023
Chapter 68

တစ္ဆေဘုရင်နှင့် ဝမ်ချဲ့ တိုက်ခိုက်နေစဉ်မှာပင် တစ္ဆေဘုရင်မျက်နှာဖုံး တပ်ထားသူတစ်ဦး ရုတ်တရက် ရောက်လာကာ ဝမ်ချဲ့ကို တိုက်ခိုက်လိုက်သည်။

နဝမအဆင့် တိုက်ခိုက်သူပဲ ...

တစ္ဆေဘုရင် စတင်တိုက်ခိုက်စဉ်က ဝမ်ချဲ့သည် ပေါက်ကွဲမှုဖြစ်စဉ်မှာ သူနှင့် မသက်ဆိုင်ဟု ရှင်းပြလိုခဲ့သည်။ သို့သော် တစ္ဆေဘုရင် မျက်နှာဖုံးတပ်ထားသည့် နောက်ထပ် အမျိုးသားတစ်ဦး ထပ်ရောက်လာသည့်အခါ  ... ဝမ်ချဲ့က ရှဲ့ယွင်နန်နှင့် အခြားသူများသည် သူ့ကိုသတ်ရန် ကြံစည်ထားသည်ဟု ထင်လိုက်တော့သည်။

သူက တိုက်ခိုက်မှုအားလုံးကို တားဆီးကာ စကားပြောရန် ကြိုးစားလိုက်သည်။ ထို့အပြင် တစ္ဆေဘုရင်နှင့် တစ္ဆေဘုရင် မျက်နှာဖုံးကို တပ်ထားသည့် နောက်ထပ်ရောက်လာသူတစ်ဦးကိုလည်း အားကုန်သုံးကာ တိုက်ခိုက်နေရ၏။

ထိုအချိန်မှာပင် တစ္ဆေဘုရင်ကလည်း တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။

သူကမှ တစ္ဆေဘုရင်လေ ဒီလူက ဘယ်ကနေ ရောက်လာတာလဲ ...

ဒီလူတွေအကုန် ဘာတွေ ဖြစ်နေကြတာလဲ  ဘာလို့ သူ့ပုံစံမျိုးပဲ လိုက်ပြီး ဟန်ဆောင်နေကြတာလဲ ...

ပြီးတော့ .. ဒီတစ်ခေါက် သူနဲ့ ရှဲ့ယွင်နန်ပဲ လာခဲ့တာပါ ဒီလူက သူတို့ဘက်က မဟုတ်တာ သေချာတယ် ဘယ်ကနေ ရောက်လာတာလဲ မသိဘူး  ပြီးတော့ ဘာလို့ ဝမ်ချဲ့ကို တိုက်ခိုက်နေရတာလဲ ...

အကွက်ချ ကြံစည်ခံနေရပြီဖြစ်ကြောင်း သိလိုက်သည်နှင့်တစ်ပြိုင်နက် တစ္ဆေဘုရင်သည် သူ့ရှေ့တွင် ရှိနေသူနှစ်ဦးကို ချက်ခြင်း တိုက်ခိုက်လိုက်တော့သည်။

ဝမ်ချဲ့က နှစ်ယောက်တစ်ယောက် တိုက်နေကာ တစ္ဆေဘုရင်ကလည်း နှစ်ယောက်တစ်ယောက် တိုက်နေသည့်အတွက် ကျန်တစ်ယောက်မှာလည်း အလိုလိုပင် ထိုအတိုင်း ဖြစ်သွားတော့သည်။

နဝမအဆင့်တိုက်ခိုက်သူသုံးဦးအကြား တိုက်ပွဲ ဖြစ်သည့်အလျောက် ဝမ်ချဲ့၏ လက်အောက်ငယ်သားများလည်း အနည်းနှင့်အများ သက်ရောက်ခံလိုက်ရကာ နေရာတွင် ချက်ခြင်း သေဆုံးသွားသူအချို့ပင် ရှိသေးသည်။

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now