ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ

344 47 1
                                    

Chapter 49
October 31, 2023
Chapter 49

တစ္ဆေဘုရင်က အခန်းထဲသို့ လှည့်ပတ်ကြည့်ကာ လဲကျနေသည့် ကုလားထိုင်ကို မ,ယူ၍ ထိုင်ကာ ပြောလိုက်သည်။

“မင်းအဒေါ်က ငါ့အကြောင်း ပြောထားတာလား ...”

နောက်ဆုံးတွင်တော့ လု‌ရှောင်ရန်လည်း စိတ်နှင့်လူနှင့် ပြန်ကပ်သွားတော့သည်။ သူက ပြတင်းပေါက်ကို ပိတ်ကာ လိုက်ကာစများကိုပါ ဆွဲလိုက်ပြီးနောက် တစ္ဆေဘုရင်ကို ရေခဲရိုက်အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။

“ခင်ဗျားက တကယ်ပဲ ကျွန်တော့်ဦးလေးလား ...”

သူ့အဖော်သားရဲက တစ္ဆေဘုရင်၏ နံဘေးသို့ ရွှေ့သွားကာ ထိုသူကို အနံ့ခံ စူးစမ်းနေသည်။

တစ္ဆေဘုရင်က ရှည်ရှည်ဝေးဝေး ပြောမနေတော့၊ ရုပ်ဖျက်ထားသည့် မျက်နှာဖုံးကိုသာ ဆွဲချွတ်ပြလိုက်တော့သည်။

လုရှောင်ရန်က သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

“ဦး ... ဦးလေး ...”

“ဘာလဲ ငါ့ကို မသိဘူးလား ...”

တစ္ဆေဘုရင်က မေးလိုက်သည်။

“မဟုတ်ပါဘူး ဒီတိုင်း .. ဦးလေး .. ဒီလောက် နှစ်တွေအကြာကြီး မတွေ့ရတာတောင် ဦးလေးက အရင်အတိုင်း ချောနေဦးမယ်လို့ ထင်တောင် ထင်မထားမိလို့ ...”

လုရှောင်ရန်၏ အမူအယာမှာ မပြောင်းမလဲ ရှိနေဆဲပင်။

သူတော့ ရူးတော့မှာပဲ ...

ရေခဲရိုက်မျက်နှာထားကို နှစ်ရှည်လများ လေ့ကျင့်ထား၍သာ မဟုတ်ပါလျှင် သူ့အမူအယာမှာ အလွန် ရုပ်ပျက်ဆင်းပျက် ဖြစ်နေမည်ဖြစ်သည်။

နှစ်တွေ အကြာကြီး မတွေ့ရတာတောင်  ဘာလို့ ဦးလေးက ပိုပြီး ခန့်ညားလာတယ်လို့ မြင်နေမိတာပါလိမ့် .. မဟုတ်သေးဘူး ခန့်တော့ မခန့်ညားတော့ပေမယ့် .. ချောနေတုန်းပဲ ...

ဒါပေမယ့် မျက်နှာကို မြင်လိုက်ကတည်းက ဒီလူက သူ့ဦးလေးဆိုတာ သေချာပေါက်ကို သိလိုက်ရနေပြီ ...

သူ့ကို နှစ်တွေ အများကြီး ဟာသဖြစ်အောင် လုပ်သွားခဲ့တဲ့သူ ပြီးတော့ သူလုပ်သမျှတိုင်းကို ဗီဒီယိုရိုက်ထားတဲ့သူကို ဘယ်လိုနည်းနဲ့မှကို မေ့နိုင်မှာ မဟုတ်ဘူးလေ ...

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲWhere stories live. Discover now