chapter 62

242 39 0
                                    

Chapter 62 Delicate Little Wife
December 02, 2023
Chapter 62

တစ်နေကုန် ပြေးရင်းလွှားရင်း အလုပ်များနေခဲ့ရသည့် ရှဲ့ယွင်နန်သည် နောက်ဆုံးတွင်တော့ အားလပ်သွားကာ အိမ်သို့ စောစောပြန်လာနိုင်တော့သည်။

ဤရက်များအတွင်း သူ အမျှော်လင့်ရဆုံး အချိန်မှာ အိမ်ပြန်ချိန်ပင် ဖြစ်သည်။

နေ့ပိုင်းအချိန်များတွင် မည်မျှပင် ပင်ပန်းခဲ့ပါစေ၊ သွမ့်ချန်ချင်းနှင့် စကားစမြည်ပြောကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်လိုက်သည်နှင့် တစ်ပြိုင်နက် နေ့သစ်တစ်နေ့ကို အင်အားအပြည့်ဖြင့် စတင်နိုင်သွားပေသည်။

သွမ့်ချန်ချင်းနှင့်အတူ နေထိုင်ရာ သူတို့၏ အခန်းထဲသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် စားစရာရနံ့များကို ရလိုက်သည့်အတွက် စိတ်ခံစားချက်တို့ တစ်ဟုန်ထိုး  မြင့်တက်ကောင်းမွန်လာတော့သည်။

“ယွင်နန် ပြန်လာပြီလား လာ လာ မြန်မြန်လာစားလိုက် ...”

သွမ့်ချန်ချင်းက သူ့ကို နှုတ်ဆက်လိုက်သည်။

ရှဲ့ယွင်နန်က ဝင်ထိုင်လိုက်ပြီးနောက် စားပွဲပေါ်ရှိ ဟင်းခွက်များစွာကို အကြည့်ပို့ကာ မေးလိုက်သည်။

“ဘာလို့ ဒီလောက် ဟင်းတွေအများကြီး ချက်ထားရတာလဲ ...”

ဘာလို့ဆို ကူညီပေးမယ့်သူ ရှိလို့လေ ...

သွမ့်ချန်ချင်းက ပန်းကန်လုံးထဲသို့ ဟင်းထည့်ပေးလိုက်သည်။

“ဘာပဲဖြစ်ဖြစ်  ကျွန်တော်လည်း အားနေတာပဲဟာ အဲဒါကြောင့် နည်းနည်းပါးပါး ပိုချက်ထားလိုက်တာ ..."

ရှဲ့ယွင်နန်က မေးလိုက်သည်။

“ဒါဆို တစ်ခုခု လုပ်ချင်တာရှိလား ဒါမှမဟုတ် မနက်ဖြန် ကိုယ်နဲ့အတူတူ အပြင်ထွက်ပြီး အလုပ်လုပ်ချင်လား ...”

သွမ့်ချန်ချင်းပင် ပြန်မဖြေရသေး၊ သူက ထပ်မေးလိုက်ပြန်သည်။

“အခုတလော ကိုယ်က အရမ်း အလုပ်များနေတော့ လက်ထောက်တစ်ယောက်လောက် လိုနေတာ .. အဲဒါ မင်း ကိုယ့်ကို ကူညီပေးချင်ရဲ့လား ...”

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲDove le storie prendono vita. Scoprilo ora