BELOVED [ Completed ]
Autorstwa Bubble-Eri
6.7K 956 394
Kaihun Start Date - 10 . July . 2021 End Date - 23 . September . 2021 Bubble - Eri ๐Ÿ˜˜๐Ÿ˜˜ Wiฤ™cej
โ™ก LOVE โ™ก
โ™ก 1 โ™ก
โ™ก 2 โ™ก
โ™ก 3 โ™ก
โ™ก 4 โ™ก
โ™ก 5 โ™ก
โ™ก 6 โ™ก
โ™ก 7 โ™ก
โ™ก 8 โ™ก
โ™ก 9 โ™ก
โ™ก 10 โ™ก
โ™ก 11 โ™ก
โ™ก 12 โ™ก
โ™ก 13 โ™ก
โ™ก 14 โ™ก
โ™ก 15 โ™ก
โ™ก 16 โ™ก
โ™ก Final โ™ก
โ™ก Extra โ™ก End
140 19 7
Autorstwa Bubble-Eri
" ဟုတ်တယ် ဉီးကိုစိတ်မချလို့ မြန်မြန်လုပ်လာတာ ဘယ်လိုဖြစ်တာလဲ အဒေါ်ကြီးမနက်က ကိုယ်နွေးရုံလောက်ပါဘဲ "
" ဟုတ်ဟုတ် ဒါဆိုကျွန်တော်အပေါ်တက်လိုက်ဉီးမယ် ဆန်ပြုတ်လေးရရင် လာပေးပါဉီးနော် "
ဉီးကတော့ Companyကိုဉီးစီးနေတုန်း။
အခန်းထဲဝင်ကာ အိတ်ကိုတန်းပေါ်ချိတ်ပြီး ကုတင်ပေါ်မှာကွေးနေတဲ့ဉီးအနားသွားကာ နဖူးပေါ်တင်ကာစမ်းကြည့်တော့ အဖျားကရှိနေတုန်း။သူ့လက်ကို ခပ်နွေးနွေးလက်ဖဝါးကထပ်ကာဆုပ်ကိုင်လိုက်တာမို့ ဉီးနိုးလာပြီဖြစ်သည်။
" နေရတာဘယ်လိုနေသေးလဲ ဉီး
သက်သာရဲ့လား "
" ဉီးကိုစိတ်မချလို့လေ ခဏနေအဒေါ်ကြီးဆန်ပြုတ်လာပို့ပေးလိမ့်မယ် ညနေဆေးသောက်ရဉီးမယ်မလား "
" အွန်း "
သူလေးဖျားရင် 1ပတ်လောက်ထိကြာတတ်တာမို့ ဖယ်နေပါပြောလည်းမရ။
" ဉီးငယ် ဒီမှာ မုန့်တွေလာကူကြော်ပေးဉီးလေ "
" အေးအေးလာပြီ "
" ကလေး "
" ဗျာ "
သောက်ဉီးမလား "
" ဟင့်အင်း တော်ပြီ "
သူ့ဗိုက်ပေါ်မျက်နှာအပ်ပြီး ငြိမ်နေတဲ့ဉီးကို ဆံပင်လေးသပ်ပေးတော့ သူ့လက်ကိုကိုင်ကာ
" အွန်း "
************************************
14  .  4  . 2023
Bubble - Eri 😘😘
ABO Typeလေးရေးချင်နေတာ Kaihunနဲ့Chanhun ဘာရေးရမှန်းမသိဖြစ်နေတာရယ် အရင်ဟာတွေလည်uးpရဉီးမယ်
အိမ်မှာနေမကောင်းဖြစ်နေသူကြီးကြောင့် အလုပ်ကိုမြန်မြန်လက်စသတ်ကာ ပြန်လာပြီးခြံထဲကားထိုးပြီးတာနဲ့အိမ်ထဲတန်းဝင်ရသည်။
သူဝင်လာတာနဲ့ အဒေါ်ကြီးက မီးဖိုချောင်ထဲကထွက်လာသည်။
" စော​စောပြန်ရောက်လာတာဘဲ ဆယ်ဟွန်းလေး အဒေါ်ကြီးက 4နာရီလောက်မှရောက်မယ်ထင်တာ "
ယူပေးလာတဲ့ ရေကိုသောက်ကာ အဒေါ်ကြီးလက်ထဲပြန်ပေးရင်း။
" ဟုတ်တယ် ဦးကိုစိတ်မချလို့ မြန်မြန်လုပ်လာတာ ဘယ်လိုဖြစ်တာလဲ အဒေါ်ကြီးမနက်က ကိုယ်နွေးရုံလောက်ပါဘဲ "
" ဟုတ်တယ် အစ်ကိုလေးက အခန်းထဲ မနေချင်ဘူးဆိုပြီးအပြင်ထွက်လမ်းလျှောက်တာ မိုးကရုတ်တရက်ရွာချတော့ ဖျားတော့တာပေါ့ နေ့ခင်းကအစ်ကိုလေးသူငယ်ချင်းဆရာဝန်လေးလာပြီးသွားပြီ ခုတော့တရေးတမောအိပ်နေတယ် "
" ဟုတ်ဟုတ် ဒါဆိုကျွန်တော်အပေါ်တက်လိုက်ဦးမယ် ဆန်ပြုတ်လေးရရင် လာပေးပါဦးနော် "
ဆယ်ဟွန်းနဲ့ဦး လက်ထပ်ပြီးတော့ ဦးကသူ့အိမ်ကထမင်းချက်အဒေါ်ကြီးနဲ့ခြံစောင့်ကောင်လေးကိုခေါ်ထားသည်။အရင်နေခဲ့တဲ့အိမ်ကတော့သော့ခတ် ခဲ့လေသည်။
ဦးကတော့ Companyကိုဦးစီးနေတုန်း။
ဆယ်ဟွန်းကတော့ ဖေဖေ့ဆီမှာအလုပ်ဝင်နေရသည်။လက်ထပ်ထားတဲ့2နှစ်ကျော်အတောအတွင်း ဆယ်ဟွန်းတို့အိမ်ထောင်ရေးဟာ ထင်ထားတာထက် အဆင်ပြေပါတယ်။
တယောက်နဲ့တယောက်နားလည်မှူတွေ ချစ်ခင်ယုယကြင်နာမှူတွေကလည်း လျော့သွားတယ်ရယ်လို့မရှိပါ။
အခန်းထဲဝင်ကာ အိတ်ကိုတန်းပေါ်ချိတ်ပြီး ကုတင်ပေါ်မှာကွေးနေတဲ့ဦးအနားသွားကာ နဖူးပေါ်တင်ကာစမ်းကြည့်တော့ အဖျားကရှိနေတုန်း။သူ့လက်ကို ခပ်နွေးနွေးလက်ဖဝါးကထပ်ကာဆုပ်ကိုင်လိုက်တာမို့ ဦးနိုးလာပြီဖြစ်သည်။
" နေရတာဘယ်လိုနေသေးလဲ ဦး
သက်သာရဲ့လား "
" အွန်း သက်သာပါတယ် ချန်းယောလ်လည်းလာကြည့်ပြီးသွားပြီ ကလေးဒီနေ့စောတယ်နော် "
" ဦးကိုစိတ်မချလို့လေ ခဏနေအဒေါ်ကြီးဆန်ပြုတ်လာပို့ပေးလိမ့်မယ် ညနေဆေးသောက်ရဦးမယ်မလား "
" အွန်း "
ကလေးကပါးစပ်ကပြောလည်းပြော သူလုပ်စရာရှိတာတွေကိုလုပ်နေသည်။အရင်ကဆို သူကအလုပ်ကပြန်ရောက်တာနဲ့ ဖေဖေ့အလုပ်မှာဘယ်လိုလုပ်ရကြောင်း သူဘယ်လောက်စိတ်ညစ်နေကြောင်း ငြီးငြူနေတဲ့ ကလေးက အခုတော့အဆင်ပြေနေလေပြီ။
ကလေးအပြုစုအောက်မှာတော့ ဂျုံအင်တို့ကသာသာယာယာပင်အလိုလိုက်ခံနေတော့သည်။
ညဘက်အိပ်တော့ ကိုယ့်ဆီကအဖျားကူးမှာဆိုးတာမို့ ဒေါင့်နားဘက်တိုးကာအိပ်တော့ ကလေးကမရမက သူ့နားတိုးကာကပ်အိပ်သည်။
သူလေးဖျားရင် 1ပတ်လောက်ထိကြာတတ်တာမိူ့ ဖယ်နေပါပြောလည်းမရ။
ဂျုံအင်အဖျားပျောက်တဲ့ နေ့မှာဘဲ ဘက်ခ်ဟျွန်းနဲ့ချန်းယောလ်ကသူ့ဆီရောက်လာကြသည်။ဘက်ခ်ဟျွန်းကတော့ ခုထက်ထိသူ့တူကိုစိတ်မချဘဲ သူတို့ဆီအမြဲလာကာ စူးစမ်းတတ်သည်။ချန်းယောလ်ကတော့ ဘက်ခ်ဟျွန်းခေါ်ရင် မလိုက်တာကိုမရှိ။
" ဦးငယ် ဒီမှာ မုန့်တွေလာကူကြော်ပေးဦးလေ "
" အေးအေးလာပြီ "
ဘက်ခ်ဟျွန်းမီးဖိုချောင်ထဲဝင်လာတော့ ဟွန်းငယ်ကအေပရွန်ဝတ်ကာ အဒေါ်ကြီးဘေးနားမုန့်တွေလုပ်နေသည်။ငယ်ငယ်တည်းက တအိမ်လုံးအလိုလိုက်အကြိုက်ဆောင်ပေးခဲ့တဲ့ အချစ်ဆုံးတူလေးက ခုလိုမျိုးအိမ်ထောင်ရှင်ပုံစံနဲ့ မြင်တွေ့ရတာ ခုထက်ထိအသားမကျသေးပါ။
ဂျုံအင်ကိုမယုံတာမဟုတ်ပေမယ့် ကိုယ့်တူကိုလည်းစိတ်မချတာမို့ ဘက်ခ်ဟျွန်းကတော့အမြဲလိုလို ဒီဘက်အိမ်ကိုလာနေတတ်သည်။
သောက်စားကြကာ စကားတွေပြောကြရင်း
ညဥ့်နက်လာတော့ အခန်းသပ်သပ်စီစဥ်ပေးလိုက်ရသည်။
" ကလေး "
" ဗျာ "
အရက်ကြောင့် ရီဝေဝေဖြစ်နေတာမို့ ကုတင်ခေါင်းရင်းကိုမှီကာနားနေတုန်း ကလေးကအဝတ်လဲခန်းထဲကနေ ထွက်လာကာရေချိုးဖို့ပြင်နေပေမယ့်လည်း သူလှမ်းခေါ်တော့ထူးရင်း နူးနူးညံ့ညံ့လေးပြောကာသူ့အနားလမ်းလျှောက်လာသည်။
" ရေနွေးစပ်ပေးမယ်လေ အမူးပြေဆေးရော
သောက်ဦးမလား "
" ဟင့်အင်း တော်ပြီ "
သူ့ဗိုက်ပေါ်မျက်နှာအပ်ပြီး ငြိမ်နေတဲ့ဦးကို ဆံပင်လေးသပ်ပေးတော့ သူ့လက်ကိုကိုင်ကာ
" ကိုယ်နဲ့အတူရေချိုးမလား? "
" အွန်း "
************************************
14  .  4  . 2023
Bubble - Eri 😘😘
နောက်ဟာလေးတွေလည်းUpပေးမယ်နော်
ABO Typeလေးရေးချင်နေတာ Kaihunနဲ့Chanhun ဘာရေးရမှန်းမသိဖြစ်နေတာရယ် အရင်ဟာတွေလည်းupရဦးမယ်
ဖတ်ပေးတဲ့တစ်ယောက်စီတိုင်းပိုကျေးဇူးတင်ပါတယ်။
Czytaj Dalej
To Teลผ Polubisz
13.7K 1.4K 16
๐‹๐Ž๐˜๐€๐‹๐“๐˜ ๐’Š๐’” ๐’•๐’‰๐’† ๐’”๐’•๐’“๐’๐’๐’ˆ๐’†๐’”๐’• ๐’ˆ๐’๐’–๐’† ๐’˜๐’‰๐’Š๐’„๐’‰ ๐’Ž๐’‚๐’Œ๐’†๐’” ๐’‚ ๐‘น๐’†๐’๐’‚๐’•๐’Š๐’๐’๐’”๐’‰๐’Š๐’‘ ๐’๐’‚๐’”๐’• ๐’‡๐’๐’“ ๐’‚ ๐’๐’Š๐’‡๐’† ๐’•๐’Š๐’Ž๐’†.
10.7M 248K 60
๐…๐ซ๐จ๐ฆ ๐„๐ง๐ž๐ฆ๐ข๐ž๐ฌ ๐ญ๐จ ๐‹๐จ๐ฏ๐ž๐ซ๐ฌ Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
1.1M 28.7K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...
583K 43.8K 34
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...