Chapter (155) Arc 4
တပည့်လက်ခံလိုက်ပြီ
"အား.... မောင်လေးကို ဘာလုပ်လိုက်တာလဲ"
ဝမ်လင်မှာ စိုးရိမ်တကြီးနဲ့ အော်လိုက်ပြီး သူမမောင်ကို ပြေးပွေ့လိုက်သည်။
"စိတ်မပူပါနဲ့ ခဏလောက် ပါးစပ်ပိတ်ပြီး အိပ်ခိုင်းလိုက်ရုံပဲ... မဟုတ်ရင် သူသိသမျှအကုန် ပြောထွက်လာလိမ့်မယ်"
လုရွှမ် ပြုံးလျက် ဆိုလိုက်သည်။ ထိုအခါ ဝမ်လင်မှာ ရုတ်တရက် ဒူးထောက်ကာ လုရွှမ်အား ဦးညွတ်လိုက်၏။ လုရွှမ်ရဲ့ လက်ဖဝါးလှိုင်းလုံး နဲ့အတူ ဒူးထောက်နေသော ဝမ်လင်မှာ ပြန်ပြီး မတ်တတ်ရပ်လာခဲ့သည်။
"အကြီးအကဲ ကျွန်မတို့ ရှင့်ကိုတကယ် ဘာမှ မလုပ်ရဲပါဘူး... ကျွန်မမောင်လေးက နည်းနည်းတော့ အဆင်မပြေပေမယ့် ကျွန်မတို့မှာ အကြီးအကဲကို ထိခိုက်စေဖို့ လုံးဝ ရည်ရွယ်ချက် မရှိပါဘူး"
လုရွှမ်မှာ ငတုံး မဟုတ်တာကြောင့် ဒီမောင်နှမ နှစ်ယောက်ထဲတွင် သူမ၌ နတ်ဘုရားမျက်စိ ရှိမှန်း သိလေ၏။ သူမ ဘာကိုဆိုလိုတာလဲ ဆိုတာကိုလည်း သူနားလည်နိုင်သည်။
နတ်ဘုရားမျက်စိသည် အယောင်ဆောင်များကို ဖောက်မြင်နိုင်သော ဝိညာဉ်မျက်စိ တစ်မျိုးဖြစ်သည်။ ပိုင်ရှင်၏ ခွန်အားများ တိုးလာသည်နှင့်အမျှ ထင်ယောင်ထင်မှား အတုအယောင်များကို မြင်နိုင်စွမ်းအားကလည်း အားကောင်းလာသည်။
ဥပမာအားဖြင့် ယခုဆို ဝမ်လင်သည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ ပြီးပြည့်စုံသော ကာလတွင်သာ ရှိပေမယ့် သူမသည် သူတော်စင်တစ်ပိုင်း နယ်ပယ်က လုရွှမ်ရဲ့ ရုပ်ပုံကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေပြီ ဖြစ်သည်။
ဝမ်ကျောက်သည် လုရွှမ်ကို သတ်မည့် တာဝန်စာတန်းကို တမင်တကာ ညွှန်ပြခဲ့သည်။ ထိုအခိုက်တွင် ဝမ်လင်လည်း သူဘယ်သူလဲ ဆိုတာ သိသွားခဲ့၏။
လုရွှမ် ရယ်လိုက်သည်။ ဒီမိန်းကလေးဆီက ကြောက်စိတ်ကို သူအလွန် ရှင်းလင်းစွာ ခံစားမိလေသည်။ ဒါပေမဲ့ ကလေးမလေးက အလွန်ထက်မြက်ပြီး ကံကောင်းခြင်းတွေကို ဘယ်လိုရှာရမှန်း သိသလို ကံဆိုးခြင်းတွေကို ရှောင်ရှားတတ်သူပင်။
သူ့မှာ မောက်မာတဲ့ မောင်လေးတစ်ယောက်မှ မရှိခဲ့ရင် သူမအစွမ်းကို ဘယ်တော့မှ ထုတ်ဖော်ပြသမှာ မဟုတ်ချေ။
"မင်းမှာ နတ်ဘုရားမျက်လုံး ရှိနေတဲ့ လျှို့ဝှက်ချက်က လူဘယ်နှစ်ယောက် သိထားသေးလဲ?"
လုရွှမ်မှ မေးလိုက်သည်။ ဝမ်လင် မျက်လုံးပြူးသွားပြီး လိမ်တော့မယ့် အခိုက် လုရွှမ်က သူ့လက်ဖဝါးကို စုပ်ပြီး ဝမ်ကျောက်ကို လှမ်းဆွဲလိုက်တဲ့အခါ ဝမ်လင်လည်း အရမ်းထိတ်လန့်သွား၏။
"ဘယ်သူမှ မရှိပါဘူး... ဘယ်သူမှလည်း မပြောခဲ့ဘူး... နတ်ဘုရားမျက်လုံးတွေ အကြောင်းကို ဘယ်သူမှ မပြောရဘူးလို့ ကျွန်မမောင်လေးကို အမြဲတမ်း ပြောနေခဲ့တာ... မဟုတ်ရင် ကျွန်မတို့အတွက် ကပ်ဆိုးကြီး ဖြစ်သွားလိမ့်မယ်"
"ပိုင်ဟူခန်းမက ဘယ်မှာလဲ? သူတို့ မင်းကိုသံသယ မဝင်ဘူးလား?"
"ကျွန်မက ပိုကောင်းတဲ့ ဥာဏ်ရည်ဥာဏ်သွေးနဲ့ မွေးဖွားလာတယ်လို့ပဲ သူတို့ကို ပြောခဲ့တာ.. သူတို့ကို တာဝန်နှစ်ခု အောင်မြင်အောင် ကူညီပေးခဲ့ဖူးတယ်... သူတို့က သံသယဝင်ပေမယ့် သိပ်တော့ မစဉ်းစားကြပါဘူး"
ဝမ်လင် လျင်မြန်စွာ ပြောပြီး လုရွှမ်လက်ထဲမှ သူမရဲ့မောငိငယ်ကို ပြန်ဆွဲထုတ်လိုက်သည်။ လုရွှမ်ရဲ့ တိုက်ခိုက်မှုကို သူမ မတားနိုင်မှန်းသိပေမယ့် မောင်ငယ်ရှေ့တွင် ရပ်နေသေးသည်။
မောင်ငယ်အား ကာကွယ်လိုသည့် ဝမ်လင်ရဲ့ လုပ်ရပ်ကို မြင်လိုက်ရတော့ လုရွှမ် နှလုံးသားထဲ နွေးထွေးသွားသည်။ တစ်ချိန်က သူ့ရှေ့တွင် သတ္တိရှိရှိ မတ်တပ် ရပ်နေခဲ့ဖူးသော ကောင်မလေး တစ်ယောက် ရှိခဲ့ဖူးလေသည်။
"ကောင်းပြီ ငါမင်းကို အရမ်းသဘောကျတယ်!"
လုရွှမ် မတတ်နိုင်စွာ ပြောလိုက်သည်။ ဝမ်လင်သည် လန့်ဖျပ်သွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့ကာ
"အကြီးအကဲရဲ့ ချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ဒီငယ်သား ကျိန်ဆိုခဲ့..."
လုရွှမ်ရဲ့ ကျယ်လောင်သော ရယ်မောသံက သူမ၏ ရှင်းပြချက်ကို အနှောင့်အယှက် ဖြစ်သွားစေခဲ့သည်။
"မိုက်မဲတဲ့ အတွေးကို ရပ်လိုက်.... ငါ မင်းကို သဘောကျတယ် ဆိုတာ မင်းတွေးနေတဲ့ဟာ မဟုတ်ဘူး... မင်း ငါ့ကို ဆရာအဖြစ် ကိုးကွယ်ဖို့ ဆန္ဒရှိလား?"
ဝမ်လင် ပိုရှက်စရာသွားပြီး တစ်ဆက်တည်း ထိတ်လန့်သွားတော့သည်။
"ကျွန်မကို တပည့်အဖြစ် လက်ခံချင်လို့လား?"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
"မှန်တယ်... မင်းမှာ ခန်းဟွေ့ နတ်ဘုရားမျက်လုံးတွေ ရှိတယ်.... အခင်းအကျင်း ဖွဲ့စည်းမှုနဲ့အတူ ပေါင်းစပ်လိုက်ရင် မင်းက ပါရမီရှင်တွေကြားထဲက ပါရမီရှင်တစ်ယောက် ဖြစ်လာမှာမို့ မင်းမောင်လေးနဲ့ ဆွေးနွေးလိုက်ပါ"
သူပြောသည့်အတိုင်း လုရွှမ်သည် သူ့လက်ဖဝါးဖြင့် နောက်တစ်ကြိမ် လှုပ်ရှားလိုက်သော် ငါးကြင်းတစ်ကောင် ရေထဲက ခုန်တက်လာသလို ဝမ်ကျောက်ထံမှ ဝိညာဉ်အလင်းရောင် အနည်းငယ် ထွက်ပေါ်လာသည်။
သူသည် သူ့အစ်မရှေ့တွင် ရုတ်တရက် ရပ်လိုက်ပြီး ရန်သူကို ရင်ဆိုင်လိုက်သည့် သဘောထားဖြင့် လုရွှမ်ဘက်သို့ လှည့်လိုက်သည်။
"လူဆိုးကြီး... မင်းပြောလေ ငါ့အစ်မကို နာကျင်အောင် လုပ်ချင်လို့မလား? ဟမ့် ငါ့အလောင်းကို ကျော်သွားမှ ရမယ်ကွ!!"
"ငါ့အစ်မမှာ နတ်ဘုရား မျက်လုံးတွေ ရှိတယ်.... မင်းသူ့ကို နာကျင်စေချင်ရင် မင်းခန္ဓာကိုယ်မှာ ဖျောက်ဖျက်လို့ မရတဲ့ အမှတ်အသားတွေ ချန်ထားခဲ့မှာ သေချာတယ် အဲ့ဒီအချိန်မှာ မင်းလုရွှမ်မှန်း ဘယ်သူမဆို အကုန်သိသွားမှာ..."
ဝမ်လင် ဝမ်ကျောက်ရဲ့ ခေါင်းကို ပြင်းပြင်းထန်ထန် ခေါက်ပစ်လိုက်သည်။ ထိုအခါ ဝမ်ကျောက်လည်း အနောက်ကို အော်ဟစ်ကာ လှည့်ကြည့်လိုက်၏။
"အစ်မ ဘာလို့ ငါ့ကို ရိုက်တာလဲ?"
"ဘာမှမသိဘဲ ဘာတွေ လျှောက်ပြောနေတာလဲ? အကြီးအကဲက ဘာမှမလုပ်တာတောင် နင်က အဓိပ္ပာယ်မရှိအောင် လုပ်နေတုန်းပဲ... အကြီးအကဲက ငါ့ကို တပည့်အဖြစ် လက်ခံပြီး အခင်းအကျင်း ဖွဲ့စည်းမှုပုံစံကို သင်ပေးချင်တာ"
ဝမ်လင် အလိုလို ရှက်ရွံ့သွားခဲ့သည်။ သူမ မောင်လေးသည် သက်ရှိရတနာ တစ်ပါးဖြစ်ပြီး သူမကို ရယ်မောစေသော အရာများကို အမြဲ လုပ်နေတတ်သည်။
"အိုး.... နင့်ရဲ့အရည်အချင်းကို မြင်ပြီး နင့်ကို တပည့်အဖြစ် လက်ခံချင်နေတာကိုး"
ဝမ်ကျောက်က လုရွှမ်ဘက်ကို လှည့်ကြည့်လိုက်ပြီး သူ့မေးစေ့ကိုပင့်ကာ ဂုဏ်ယူစွာ အော်ပြောလိုက်သည်။
"ဟေး.... ငါ့အစ်မကို တပည့်လက်ခံချင်တဲ့ လူများတွေ များလွန်းလို့....မင်းကပါ တပည့်လက်ခံချင်တယ်ပေါ့? မင်းတပည့်ဖြစ်တော့ ဘာ အကျိုးကျေးဇူး ရမှာမလို့လဲ?
"ခဏခဏ လိုက်သတ်ခံနေရမယ်!"
လုရွှမ် အေးစက်စက်ပြောပြီး လူသတ်တဲ့ အရိပ်အယောင် အနည်းငယ် ထွက်လာ၍ ဝမ်ကျောက် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားသည်။
ဝမ်ကျောက်မှာ သူ့တစ်ကိုယ်လုံးတွင် ပြင်းထန်သော အအေးဒဏ်ကို ချက်ချင်း ခံစားလိုက်ရပြီး အေးစက်သော လေသည် သူ့အရိုးများထဲအထိ ထိုးဖောက် ဝင်ရောက်ကာ သူ့ဝိညာဉ်ကိုပင် အေးခဲလုနီးပါး ဖြစ်သွားစေသည်။
"ကြောက်လား?"
"မကြောက်ဘူး!"
လုရွှမ် ၎င်းကို ဖိအားအနည်းငယ် ပေးသော်လည်း အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်ကျောက် ခန္ဓာကိုယ်သည် တုန်ခါနေပြီး ဒူးထောက်လုနီးပါး ဖြစ်နေသော်လည်း သူ ပြင်းပြင်းထန်ထန် ရုန်းကန်နေရဆဲ ဖြစ်သည်။
"နောက်ထပ် လိုချင်သေးလား?"
"မင်းဆီမှာ စွမ်းအင် မလုံလောက်မှာတောင် ကြောက်ရတယ်!"
လုရွှမ် ပြုံးလိုက်သည်။ ဒီကလေးမှာ တော်တော်လေး ခိုင်တဲ့ သတ္တိရှိတာပဲ။ လုရွှမ် ဝမ်ကျောက် ခန္ဓာကိုယ်ပေါ် လက်ချောင်း တစ်ချောင်း တင်လိုက်ရာ တစ်ဖက်လူမှာ မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက် ထိုင်ချလိုက်ရပြီး ပါးစပ်ထဲမှ သွေးများ ထွက်ကျလာသည်။
"မလုပ်ပါနဲ့... ကျေးဇူးပြုပြီး ဆရာ... ဆရာ ကျွန်မဆရာ့ကို ဆရာတင် ကိုးကွယ်ပါ့မယ်!"
ဝမ်လင် အထိတ်တလန့်ဖြင့် အော်ဟစ်ပြီး ဒူးထောက်ကာ လုရွှမ်အား ထပ်ခါတလဲလဲ ဦးချနေတော့သည်။ မကြာမီ သူမနဖူးတွင် သွေးစွန်းထင်းလာသော်လည်း သူမက ဦးညွှတ်နေဆဲ ဖြစ်သည်။
"အစ်မ.... သူ့ကို မတောင်းဆိုနဲ့ ငါသေသွားရင်တောင် မကြောက်ဘူး!"
ဝမ်ကျောက် ကျယ်လောင်စွာ အော်နေသေး၏။
လုရွှမ် ဝမ်လင်အား လက်ဖဝါးဖြင့် ဝှေ့ယမ်းကာ လေထဲ ပစ်တင်လိုက်သည်။ ဝမ်ကျောက်ရဲ့ မျက်လုံးများကို စိုက်ကြည့်လိုက်သော် သွေးလိုင်းနှစ်ခုက မျက်ရည်များ အဖြစ် စီးကျလာတာကို တွေ့လိုက်ရသည်။
"ဘယ်လိုလဲ?...ကြောက်ပြီလား..."
လုရွှမ် လက်ချောင်းများက ဖိထားဆဲ ဖြစ်ပြီး ဝမ်ကျောက်မှာ မြေပြင်ပေါ်တွင် လဲလျောင်း လုနီးပါး ဖြစ်နေသော်လည်း သူ ပြတ်ပြတ်သားသား အလျှော့မပေးဘဲ ကျယ်လောင်စွာ ကျိန်ဆဲနေတုန်း ဖြစ်သည်။
"ငါသေပြီး သရဲတစ္ဆေဖြစ်ရင်တောင် မင်းကို သတ်ပစ်မယ်!"
"လုမျိုးရိုး.... မင်းသေရမယ်!"
ဖိနှိပ်ခံရလေ ဝမ်ကျောက် ကျယ်လောင်စွာ ဟောက်လေပင်။ သူ့ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေရပြီး ကြမ်းပြင်က ကြေမွလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ပါးစပ်လုံးဝ မပိတ်သေးဘဲ ဆန့်ကျင်ဘက် အနေနှင့် ၎င်းသည် ပို၍ ပို၍ မာထန်လာသည်။
"လတ်စသတ်တော့ ဒီကိုရောက်နေတာကိုး!"
လုရွှမ် သူ့လက်ချောင်းကို ပြန်ဆွဲထုတ်လိုက်သော် ဝမ်ကျောက်မှာ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံခဲ့ရပြီး သူ့ခန္ဓာကိုယ်က လွတ်သွားပေမယ့် အမြင့်ကို ပျံတက်သွားပြီး မြေပြင်ပေါ် ပြန်ကျလာခဲ့သည်။
လုရွှမ် ဝမ်ကျောက်ခန္ဓာကိုယ်ထဲသို့ စွမ်းအင် တစ်ခုပြီးတစ်ခု ပစ်ခတ်လိုက်ရာ သူ့ဒဏ်ရာများသည် သာမန်မျက်စိဖြင့် မမြင်ရသော အရှိန်ဖြင့် ပျောက်ကင်းသွားခဲ့သည်။ မကြာခင်မှာ မတ်တတ်ထရပ်နိုင်လာ၏။ သူ့ခန္ဓာကိုယ်ကို ထိလိုက်ကာ ဒဏ်ရာလုံးဝ မရှိတာကို တွေ့ရတော့ အံ့သြသွားခဲ့ပြန်သည်။
"ဒါကိုစားလိုက်!"
လုရွှမ် ဝိညာဥ်ကျောက်တုံး တစ်လုံးကို ထုတ်၍ ပစ်ပေးလိုက်သည်။
"ဝိညာဥ်ကျောက်တုံးကို ဘယ်လိုလုပ် စားရမှာလဲ?"
ဝမ်လင် ရုတ်တရတ် အမြန်မေးလိုက်ပေမယ့် သူမ လုရွှမ်အပေါ် အလွန်ကြောက်ရွံ့နေတဲ့ စိတ်က ကြီးစိုးလာခဲ့ရာ သူမစကားလုံးကို အလျင်စလို ပြောင်းပြောလိုက်ရသည်။
"ဆရာ....ဝိညာဥ်ကျောက်တုံးကို ဘယ်လိုလုပ် စားနိုင်မှာလဲ?"
"သူများတွေ မစားနိုင်ပေမယ့် မင်းမောင်လေး စားနိုင်တယ်!"
"ဟမ့်... စားဆိုလည်း စားတာပေါ့ ဒီသခင်လေးက ကြောက်နေတာ မဟုတ်ဘူးကွ!"
ဝမ်ကျောက် ကြီးပြင်းလာချိန်မှာ ထူးခြားတဲ့ သွားဖြူဖြူတွေဟာ ဒီအချိန်မှာတော့ တောက်ပနေလေသည်။
ယူ၍ တစ်ချက်လိုက်ရုံဖြင့် ဝိညာဉ်ကျောက်တုံးသည် အမှန်တကယ်ပင် ကြေမွသွားလေသည်။ ဝမ်ကျောက် အံ့အားသင့်သွားကာ ဝါးစားရန် မေ့သွားသော်လည်း ဝိညာဉ်ကျောက်တုံး အပိုင်းအစများက ဝိညာဉ်စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားခဲ့သည်။
"ဒါတကယ်ပဲ ဘာတွေ ဖြစ်နေတာလဲ?"
Chapter (155) Arc 4
တပည့္လက္ခံလိုက္ၿပီ
"အား.... ေမာင္ေလးကို ဘာလုပ္လိုက္တာလဲ"
ဝမ္လင္မွာ စိုးရိမ္တႀကီးနဲ႕ ေအာ္လိုက္ၿပီး သူမေမာင္ကို ေျပးေပြ႕လိုက္သည္။
"စိတ္မပူပါနဲ႕ ခဏေလာက္ ပါးစပ္ပိတ္ၿပီး အိပ္ခိုင္းလိုက္႐ုံပဲ... မဟုတ္ရင္ သူသိသမွ်အကုန္ ေျပာထြက္လာလိမ့္မယ္"
လု႐ႊမ္ ၿပဳံးလ်က္ ဆိုလိုက္သည္။ ထိုအခါ ဝမ္လင္မွာ ႐ုတ္တရက္ ဒူးေထာက္ကာ လု႐ႊမ္အား ဦးၫြတ္လိုက္၏။ လု႐ႊမ္ရဲ႕ လက္ဖဝါးလွိုင္းလုံး နဲ႕အတူ ဒူးေထာက္ေနေသာ ဝမ္လင္မွာ ျပန္ၿပီး မတ္တတ္ရပ္လာခဲ့သည္။
"အႀကီးအကဲ ကြၽန္မတို႔ ရွင့္ကိုတကယ္ ဘာမွ မလုပ္ရဲပါဘူး... ကြၽန္မေမာင္ေလးက နည္းနည္းေတာ့ အဆင္မေျပေပမယ့္ ကြၽန္မတို႔မွာ အႀကီးအကဲကို ထိခိုက္ေစဖို႔ လုံးဝ ရည္႐ြယ္ခ်က္ မရွိပါဘူး"
လု႐ႊမ္မွာ ငတုံး မဟုတ္တာေၾကာင့္ ဒီေမာင္ႏွမ ႏွစ္ေယာက္ထဲတြင္ သူမ၌ နတ္ဘုရားမ်က္စိ ရွိမွန္း သိေလ၏။ သူမ ဘာကိုဆိုလိုတာလဲ ဆိုတာကိုလည္း သူနားလည္နိုင္သည္။
နတ္ဘုရားမ်က္စိသည္ အေယာင္ေဆာင္မ်ားကို ေဖာက္ျမင္နိုင္ေသာ ဝိညာဥ္မ်က္စိ တစ္မ်ိဳးျဖစ္သည္။ ပိုင္ရွင္၏ ခြန္အားမ်ား တိုးလာသည္ႏွင့္အမွ် ထင္ေယာင္ထင္မွား အတုအေယာင္မ်ားကို ျမင္နိုင္စြမ္းအားကလည္း အားေကာင္းလာသည္။
ဥပမာအားျဖင့္ ယခုဆို ဝမ္လင္သည္ ေသမ်ိဳးအသြင္ေျပာင္းျခင္း နယ္ပယ္၏ ၿပီးျပည့္စုံေသာ ကာလတြင္သာ ရွိေပမယ့္ သူမသည္ သူေတာ္စင္တစ္ပိုင္း နယ္ပယ္က လု႐ႊမ္ရဲ႕ ႐ုပ္ပုံကို ရွင္းရွင္းလင္းလင္း ျမင္နိုင္ေနၿပီ ျဖစ္သည္။
ဝမ္ေက်ာက္သည္ လု႐ႊမ္ကို သတ္မည့္ တာဝန္စာတန္းကို တမင္တကာ ၫႊန္ျပခဲ့သည္။ ထိုအခိုက္တြင္ ဝမ္လင္လည္း သူဘယ္သူလဲ ဆိုတာ သိသြားခဲ့၏။
လု႐ႊမ္ ရယ္လိုက္သည္။ ဒီမိန္းကေလးဆီက ေၾကာက္စိတ္ကို သူအလြန္ ရွင္းလင္းစြာ ခံစားမိေလသည္။ ဒါေပမဲ့ ကေလးမေလးက အလြန္ထက္ျမက္ၿပီး ကံေကာင္းျခင္းေတြကို ဘယ္လိုရွာရမွန္း သိသလို ကံဆိုးျခင္းေတြကို ေရွာင္ရွားတတ္သူပင္။
သူ႕မွာ ေမာက္မာတဲ့ ေမာင္ေလးတစ္ေယာက္မွ မရွိခဲ့ရင္ သူမအစြမ္းကို ဘယ္ေတာ့မွ ထုတ္ေဖာ္ျပသမွာ မဟုတ္ေခ်။
"မင္းမွာ နတ္ဘုရားမ်က္လုံး ရွိေနတဲ့ လွ်ို႔ဝွက္ခ်က္က လူဘယ္ႏွစ္ေယာက္ သိထားေသးလဲ?"
လု႐ႊမ္မွ ေမးလိုက္သည္။ ဝမ္လင္ မ်က္လုံးျပဴးသြားၿပီး လိမ္ေတာ့မယ့္ အခိုက္ လု႐ႊမ္က သူ႕လက္ဖဝါးကို စုပ္ၿပီး ဝမ္ေက်ာက္ကို လွမ္းဆြဲလိုက္တဲ့အခါ ဝမ္လင္လည္း အရမ္းထိတ္လန႔္သြား၏။
"ဘယ္သူမွ မရွိပါဘူး... ဘယ္သူမွလည္း မေျပာခဲ့ဘူး... နတ္ဘုရားမ်က္လုံးေတြ အေၾကာင္းကို ဘယ္သူမွ မေျပာရဘူးလို႔ ကြၽန္မေမာင္ေလးကို အၿမဲတမ္း ေျပာေနခဲ့တာ... မဟုတ္ရင္ ကြၽန္မတို႔အတြက္ ကပ္ဆိုးႀကီး ျဖစ္သြားလိမ့္မယ္"
"ပိုင္ဟူခန္းမက ဘယ္မွာလဲ? သူတို႔ မင္းကိုသံသယ မဝင္ဘူးလား?"
"ကြၽန္မက ပိုေကာင္းတဲ့ ဥာဏ္ရည္ဥာဏ္ေသြးနဲ႕ ေမြးဖြားလာတယ္လို႔ပဲ သူတို႔ကို ေျပာခဲ့တာ.. သူတို႔ကို တာဝန္ႏွစ္ခု ေအာင္ျမင္ေအာင္ ကူညီေပးခဲ့ဖူးတယ္... သူတို႔က သံသယဝင္ေပမယ့္ သိပ္ေတာ့ မစဥ္းစားၾကပါဘူး"
ဝမ္လင္ လ်င္ျမန္စြာ ေျပာၿပီး လု႐ႊမ္လက္ထဲမွ သူမရဲ႕ေမာငိငယ္ကို ျပန္ဆြဲထုတ္လိုက္သည္။ လု႐ႊမ္ရဲ႕ တိုက္ခိုက္မႈကို သူမ မတားနိုင္မွန္းသိေပမယ့္ ေမာင္ငယ္ေရွ႕တြင္ ရပ္ေနေသးသည္။
ေမာင္ငယ္အား ကာကြယ္လိုသည့္ ဝမ္လင္ရဲ႕ လုပ္ရပ္ကို ျမင္လိုက္ရေတာ့ လု႐ႊမ္ ႏွလုံးသားထဲ ႏြေးေထြးသြားသည္။ တစ္ခ်ိန္က သူ႕ေရွ႕တြင္ သတၱိရွိရွိ မတ္တပ္ ရပ္ေနခဲ့ဖူးေသာ ေကာင္မေလး တစ္ေယာက္ ရွိခဲ့ဖူးေလသည္။
"ေကာင္းၿပီ ငါမင္းကို အရမ္းသေဘာက်တယ္!"
လု႐ႊမ္ မတတ္နိုင္စြာ ေျပာလိုက္သည္။ ဝမ္လင္သည္ လန႔္ဖ်ပ္သြားၿပီး ရွက္ကိုးရွက္ကန္းျဖင့္ ေခါင္းငုံ႕ကာ
"အႀကီးအကဲရဲ႕ ခ်စ္ျခင္းေမတၱာအတြက္ ေက်းဇူးတင္ပါတယ္ ဒါေပမဲ့ ဒီငယ္သား က်ိန္ဆိုခဲ့..."
လု႐ႊမ္ရဲ႕ က်ယ္ေလာင္ေသာ ရယ္ေမာသံက သူမ၏ ရွင္းျပခ်က္ကို အႏွောင့္အယွက္ ျဖစ္သြားေစခဲ့သည္။
"မိုက္မဲတဲ့ အေတြးကို ရပ္လိုက္.... ငါ မင္းကို သေဘာက်တယ္ ဆိုတာ မင္းေတြးေနတဲ့ဟာ မဟုတ္ဘူး... မင္း ငါ့ကို ဆရာအျဖစ္ ကိုးကြယ္ဖို႔ ဆႏၵရွိလား?"
ဝမ္လင္ ပိုရွက္စရာသြားၿပီး တစ္ဆက္တည္း ထိတ္လန့္သြားေတာ့သည္။
"ကြၽန္မကို တပည့္အျဖစ္ လက္ခံခ်င္လို႔လား?"
လု႐ႊမ္ ေခါင္းညိတ္လိုက္သည္။
"မွန္တယ္... မင္းမွာ ခန္းေဟြ႕ နတ္ဘုရားမ်က္လုံးေတြ ရွိတယ္.... အခင္းအက်င္း ဖြဲ႕စည္းမႈနဲ႕အတူ ေပါင္းစပ္လိုက္ရင္ မင္းက ပါရမီရွင္ေတြၾကားထဲက ပါရမီရွင္တစ္ေယာက္ ျဖစ္လာမွာမို႔ မင္းေမာင္ေလးနဲ႕ ေဆြးႏြေးလိုက္ပါ"
သူေျပာသည့္အတိုင္း လု႐ႊမ္သည္ သူ႕လက္ဖဝါးျဖင့္ ေနာက္တစ္ႀကိမ္ လႈပ္ရွားလိုက္ေသာ္ ငါးၾကင္းတစ္ေကာင္ ေရထဲက ခုန္တက္လာသလို ဝမ္ေက်ာက္ထံမွ ဝိညာဥ္အလင္းေရာင္ အနည္းငယ္ ထြက္ေပၚလာသည္။
သူသည္ သူ႕အစ္မေရွ႕တြင္ ႐ုတ္တရက္ ရပ္လိုက္ၿပီး ရန္သူကို ရင္ဆိုင္လိုက္သည့္ သေဘာထားျဖင့္ လု႐ႊမ္ဘက္သို႔ လွည့္လိုက္သည္။
"လူဆိုးႀကီး... မင္းေျပာေလ ငါ့အစ္မကို နာက်င္ေအာင္ လုပ္ခ်င္လို႔မလား? ဟမ့္ ငါ့အေလာင္းကို ေက်ာ္သြားမွ ရမယ္ကြ!!"
"ငါ့အစ္မမွာ နတ္ဘုရား မ်က္လုံးေတြ ရွိတယ္.... မင္းသူ႕ကို နာက်င္ေစခ်င္ရင္ မင္းခႏၶာကိုယ္မွာ ေဖ်ာက္ဖ်က္လို႔ မရတဲ့ အမွတ္အသားေတြ ခ်န္ထားခဲ့မွာ ေသခ်ာတယ္ အဲ့ဒီအခ်ိန္မွာ မင္းလု႐ႊမ္မွန္း ဘယ္သူမဆို အကုန္သိသြားမွာ..."
ဝမ္လင္ ဝမ္ေက်ာက္ရဲ႕ ေခါင္းကို ျပင္းျပင္းထန္ထန္ ေခါက္ပစ္လိုက္သည္။ ထိုအခါ ဝမ္ေက်ာက္လည္း အေနာက္ကို ေအာ္ဟစ္ကာ လွည့္ၾကည့္လိုက္၏။
"အစ္မ ဘာလို႔ ငါ့ကို ရိုက္တာလဲ?"
"ဘာမွမသိဘဲ ဘာေတြ ေလွ်ာက္ေျပာေနတာလဲ? အႀကီးအကဲက ဘာမွမလုပ္တာေတာင္ နင္က အဓိပၸာယ္မရွိေအာင္ လုပ္ေနတုန္းပဲ... အႀကီးအကဲက ငါ့ကို တပည့္အျဖစ္ လက္ခံၿပီး အခင္းအက်င္း ဖြဲ႕စည္းမႈပုံစံကို သင္ေပးခ်င္တာ"
ဝမ္လင္ အလိုလို ရွက္႐ြံ႕သြားခဲ့သည္။ သူမ ေမာင္ေလးသည္ သက္ရွိရတနာ တစ္ပါးျဖစ္ၿပီး သူမကို ရယ္ေမာေစေသာ အရာမ်ားကို အၿမဲ လုပ္ေနတတ္သည္။
"အိုး.... နင့္ရဲ႕အရည္အခ်င္းကို ျမင္ၿပီး နင့္ကို တပည့္အျဖစ္ လက္ခံခ်င္ေနတာကိုး"
ဝမ္ေက်ာက္က လု႐ႊမ္ဘက္ကို လွည့္ၾကည့္လိုက္ၿပီး သူ႕ေမးေစ့ကိုပင့္ကာ ဂုဏ္ယူစြာ ေအာ္ေျပာလိုက္သည္။
"ေဟး.... ငါ့အစ္မကို တပည့္လက္ခံခ်င္တဲ့ လူမ်ားေတြ မ်ားလြန္းလို႔....မင္းကပါ တပည့္လက္ခံခ်င္တယ္ေပါ့? မင္းတပည့္ျဖစ္ေတာ့ ဘာ အက်ိဳးေက်းဇူး ရမွာမလို႔လဲ?
"ခဏခဏ လိုက္သတ္ခံေနရမယ္!"
လု႐ႊမ္ ေအးစက္စက္ေျပာၿပီး လူသတ္တဲ့ အရိပ္အေယာင္ အနည္းငယ္ ထြက္လာ၍ ဝမ္ေက်ာက္ တစ္ကိုယ္လုံးကို လႊမ္းၿခဳံသြားသည္။
ဝမ္ေက်ာက္မွာ သူ႕တစ္ကိုယ္လုံးတြင္ ျပင္းထန္ေသာ အေအးဒဏ္ကို ခ်က္ခ်င္း ခံစားလိုက္ရၿပီး ေအးစက္ေသာ ေလသည္ သူ႕အရိုးမ်ားထဲအထိ ထိုးေဖာက္ ဝင္ေရာက္ကာ သူ႕ဝိညာဥ္ကိုပင္ ေအးခဲလုနီးပါး ျဖစ္သြားေစသည္။
"ေၾကာက္လား?"
"မေၾကာက္ဘူး!"
လု႐ႊမ္ ၎ကို ဖိအားအနည္းငယ္ ေပးေသာ္လည္း ေအာ္ဟစ္သံ တစ္ခု ထြက္ေပၚလာခဲ့သည္။ ဝမ္ေက်ာက္ ခႏၶာကိုယ္သည္ တုန္ခါေနၿပီး ဒူးေထာက္လုနီးပါး ျဖစ္ေနေသာ္လည္း သူ ျပင္းျပင္းထန္ထန္ ႐ုန္းကန္ေနရဆဲ ျဖစ္သည္။
"ေနာက္ထပ္ လိုခ်င္ေသးလား?"
"မင္းဆီမွာ စြမ္းအင္ မလုံေလာက္မွာေတာင္ ေၾကာက္ရတယ္!"
လု႐ႊမ္ ၿပဳံးလိုက္သည္။ ဒီကေလးမွာ ေတာ္ေတာ္ေလး ခိုင္တဲ့ သတၱိရွိတာပဲ။ လု႐ႊမ္ ဝမ္ေက်ာက္ ခႏၶာကိုယ္ေပၚ လက္ေခ်ာင္း တစ္ေခ်ာင္း တင္လိုက္ရာ တစ္ဖက္လူမွာ မထိန္းနိုင္ေတာ့ဘဲ ေျမျပင္ေပၚတြင္ ဒူးေထာက္ ထိုင္ခ်လိဳက္ရၿပီး ပါးစပ္ထဲမွ ေသြးမ်ား ထြက္က်လာသည္။
"မလုပ္ပါနဲ႕... ေက်းဇူးျပဳၿပီး ဆရာ... ဆရာ ကြၽန္မဆရာ့ကို ဆရာတင္ ကိုးကြယ္ပါ့မယ္!"
ဝမ္လင္ အထိတ္တလန့္ျဖင့္ ေအာ္ဟစ္ၿပီး ဒူးေထာက္ကာ လု႐ႊမ္အား ထပ္ခါတလဲလဲ ဦးခ်ေနေတာ့သည္။ မၾကာမီ သူမနဖူးတြင္ ေသြးစြန္းထင္းလာေသာ္လည္း သူမက ဦးၫႊတ္ေနဆဲ ျဖစ္သည္။
"အစ္မ.... သူ႕ကို မေတာင္းဆိုနဲ႕ ငါေသသြားရင္ေတာင္ မေၾကာက္ဘူး!"
ဝမ္ေက်ာက္ က်ယ္ေလာင္စြာ ေအာ္ေနေသး၏။
လု႐ႊမ္ ဝမ္လင္အား လက္ဖဝါးျဖင့္ ေဝွ႕ယမ္းကာ ေလထဲ ပစ္တင္လိုက္သည္။ ဝမ္ေက်ာက္ရဲ႕ မ်က္လုံးမ်ားကို စိုက္ၾကည့္လိုက္ေသာ္ ေသြးလိုင္းႏွစ္ခုက မ်က္ရည္မ်ား အျဖစ္ စီးက်လာတာကို ေတြ႕လိုက္ရသည္။
"ဘယ္လိုလဲ?...ေၾကာက္ၿပီလား..."
လု႐ႊမ္ လက္ေခ်ာင္းမ်ားက ဖိထားဆဲ ျဖစ္ၿပီး ဝမ္ေက်ာက္မွာ ေျမျပင္ေပၚတြင္ လဲေလ်ာင္း လုနီးပါး ျဖစ္ေနေသာ္လည္း သူ ျပတ္ျပတ္သားသား အေလွ်ာ့မေပးဘဲ က်ယ္ေလာင္စြာ က်ိန္ဆဲေနတုန္း ျဖစ္သည္။
"ငါေသၿပီး သရဲတစ္ေဆျဖစ္ရင္ေတာင္ မင္းကို သတ္ပစ္မယ္!"
"လုမ်ိဳးရိုး.... မင္းေသရမယ္!"
ဖိႏွိပ္ခံရေလ ဝမ္ေက်ာက္ က်ယ္ေလာင္စြာ ေဟာက္ေလပင္။ သူ႕ခႏၶာကိုယ္သည္ ေျမျပင္ေပၚတြင္ လဲေလ်ာင္းေနရၿပီး ၾကမ္းျပင္က ေၾကမြလုနီးပါး ျဖစ္ေနၿပီ ျဖစ္သည္။ သို႔ေသာ္ ပါးစပ္လုံးဝ မပိတ္ေသးဘဲ ဆန႔္က်င္ဘက္ အေနႏွင့္ ၎သည္ ပို၍ ပို၍ မာထန္လာသည္။
"လတ္စသတ္ေတာ့ ဒီကိုေရာက္ေနတာကိုး!"
လု႐ႊမ္ သူ႕လက္ေခ်ာင္းကို ျပန္ဆြဲထုတ္လိုက္ေသာ္ ဝမ္ေက်ာက္မွာ ျပင္းျပင္းထန္ထန္ ဖိႏွိပ္ခံခဲ့ရၿပီး သူ႕ခႏၶာကိုယ္က လြတ္သြားေပမယ့္ အျမင့္ကို ပ်ံတက္သြားၿပီး ေျမျပင္ေပၚ ျပန္က်လာခဲ့သည္။
လု႐ႊမ္ ဝမ္ေက်ာက္ခႏၶာကိုယ္ထဲသို႔ စြမ္းအင္ တစ္ခုၿပီးတစ္ခု ပစ္ခတ္လိုက္ရာ သူ႕ဒဏ္ရာမ်ားသည္ သာမန္မ်က္စိျဖင့္ မျမင္ရေသာ အရွိန္ျဖင့္ ေပ်ာက္ကင္းသြားခဲ့သည္။ မၾကာခင္မွာ မတ္တတ္ထရပ္နိုင္လာ၏။ သူ႕ခႏၶာကိုယ္ကို ထိလိုက္ကာ ဒဏ္ရာလုံးဝ မရွိတာကို ေတြ႕ရေတာ့ အံ့ၾသသြားခဲ့ျပန္သည္။
"ဒါကိုစားလိုက္!"
လု႐ႊမ္ ဝိညာဥ္ေက်ာက္တုံး တစ္လုံးကို ထုတ္၍ ပစ္ေပးလိုက္သည္။
"ဝိညာဥ္ေက်ာက္တုံးကို ဘယ္လိုလုပ္ စားရမွာလဲ?"
ဝမ္လင္ ႐ုတ္တရတ္ အျမန္ေမးလိုက္ေပမယ့္ သူမ လု႐ႊမ္အေပၚ အလြန္ေၾကာက္႐ြံ႕ေနတဲ့ စိတ္က ႀကီးစိုးလာခဲ့ရာ သူမစကားလုံးကို အလ်င္စလို ေျပာင္းေျပာလိုက္ရသည္။
"ဆရာ....ဝိညာဥ္ေက်ာက္တုံးကို ဘယ္လိုလုပ္ စားနိုင္မွာလဲ?"
"သူမ်ားေတြ မစားနိုင္ေပမယ့္ မင္းေမာင္ေလး စားနိုင္တယ္!"
"ဟမ့္... စားဆိုလည္း စားတာေပါ့ ဒီသခင္ေလးက ေၾကာက္ေနတာ မဟုတ္ဘူးကြ!"
ဝမ္ေက်ာက္ ႀကီးျပင္းလာခ်ိန္မွာ ထူးျခားတဲ့ သြားျဖဴျဖဴေတြဟာ ဒီအခ်ိန္မွာေတာ့ ေတာက္ပေနေလသည္။
ယူ၍ တစ္ခ်က္လိုက္႐ုံျဖင့္ ဝိညာဥ္ေက်ာက္တုံးသည္ အမွန္တကယ္ပင္ ေၾကမြသြားေလသည္။ ဝမ္ေက်ာက္ အံ့အားသင့္သြားကာ ဝါးစားရန္ ေမ့သြားေသာ္လည္း ဝိညာဥ္ေက်ာက္တုံး အပိုင္းအစမ်ားက ဝိညာဥ္စြမ္းအင္မ်ား အျဖစ္သို႔ ေျပာင္းလဲသြားၿပီး သူ႕ခႏၶာကိုယ္ထဲသို႔ ေပါင္းစပ္သြားခဲ့သည္။
"ဒါတကယ္ပဲ ဘာေတြ ျဖစ္ေနတာလဲ?"