Chapter (153) Arc 4
သီးခြားသွားခြင်း
"ပြင်းလိုက်တဲ့လေ!"
လုရွှမ် ဆိုလိုက်သည်။
မင်းသမီးပိုင်လုံနဲ့ အရည်အချင်းရှိ မိန်းကလေး လေးယောက်ဟာ ခဏလောက် ထိတ်လန့်သွားပြီး မထိန်းနိုင်ဘဲ ရယ်မောလိုက်ကြသည်။
"မြို့ထဲကို သွားကြမလား?"
မင်းသမီးပိုင်လုံက အကြံပေးလိုက်သည်။
လုရွှမ်သည် ထျန်းလုံဧကရာဇ် အင်ပါယာ၏ ရာဇပလ္လင်တော် တိုက်ပွဲတွင် မပါဝင်ချင်ပေ။ သူ့ထင်မြင်ချက်အရ သူ့လက်ရှိအင်အားနဲ့ စိန်ခေါ်မှုကို လက်ခံနိုင်စွမ်း မရှိသေးပေ။
ထို့အပြင် ၎င်းသည် အလယ်အလတ်အဆင့် ဧကရာဇ်အင်ပါယာ တစ်ခုသာ ဖြစ်ပြီး အဆင့်မှာ နိမ့်ကျနေသေး၍ အင်ပါယာအာဏာကို ယှဉ်ပြိုင်နေမည့်အစား ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်းက ပိုကောင်းပါ၏။
အချိန်တန်ရင် စကားလုံး တစ်လုံးဖြင့် တိုင်းပြည်၏ တော်ဝင်မျိုးနွယ်သည် ၎င်း၏မျိုးရိုးအမည်ကို ပြောင်းလဲကာ ထီးနန်းလက်ပြောင်းယူလိမ့်မည်။
ဒါနဲ့ပဲ သူက ပြုံးပြီးပြောလိုက်သည်။
"မင်းတို့ ညီအစ်မတွေ မတွေ့ရတာ ကြာပြီ... ကောင်းကောင်း ဆွေးနွေးကြပါ မင်းသမီး ကျုပ်တို့ဒီမှာပဲ နှုတ်ဆက်လိုက်ကြရအောင်... ကျုပ်မှာလည်း တချို့ကိစ္စတွေ လုပ်စရာ ရှိသေးတယ်"
မိန်းကလေး လေးယောက်ဟာ ခဏလောက် ထိတ်လန့်သွားပြီး မင်းသမီးပိုင်လုံကို ရှုပ်ယှက်ခတ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ကြသည်။ မင်းသမီးပိုင်လုံမှာလည်း လုရွှမ်ကို အံ့အားသင့်စွာ စိုက်ကြည့်နေ၏။
ထီးနန်းအတွက် တိုက်ပွဲဝင်ရဲတဲ့ သတ္တိရှိလာတဲ့အခါ သူမရဲ့ အယုံကြည်ရဆုံးကတော့ ဝိညာဉ်သခင်ရဲ့ အရည်အချင်းပင်။ အဲဒါက အခု သခင်လေးယွမ်ယန်ပင်။ ဒါကို သခင်လေးယွမ်ယန်က ထွက်သွားတော့မယ်တဲ့လား။
"အစ်ကို ယွမ်ယန်...ရှင် အိမ်ရှေ့စံမင်းသားရဲ့ အိမ်ကို သွားမှာလား"
"ဖြစ်နိုင်တယ် အခြေအနေပေါ်မှာပဲ မူတည်တယ်!"
မင်းသမီးပိုင်လုံ ဆုံးရှုံးသွားသလို ခံစားလိုက်ရတာကို သဘာဝကျကျ သိတာကြောင့် လုရွှမ် ဆက်ပြောလိုက်သည်။
"ပလ္လင်က ဘာကို ကိုယ်စားပြုတာလဲ ဆိုတာ ချင်းယွီ မင်းတကယ် နားလည်ရဲ့လား? အဲဒါဆို ဘယ်လို ခွန်အားမျိုး ရှိဖို့လိုလဲ?.. ဘယ်လိုစိတ်ထား၊ ဘယ်လို နည်းဗျူဟာနဲ့ ဟန်ချက်ကို ဘယ်လိုထိန်းရမလဲ? ဘာကို အရှုံးပေးလိုက်ရင် ဘာကိုရလာမယ်ဆိုတာ မင်းသိလား?"
"မင်း နားမလည်သေးဘူး... မင်းရဲ့ နှလုံးသားထဲက ဒေါသကြောင့် ဒီကမ္ဘာကြီးက မင်းအတွက် ခံစားချက်ဆိုး တစ်ခု ဖြစ်ကောင်းဖြစ်မယ်... တခြားအရာတစ်ခုလည်း ဖြစ်ကောင်းဖြစ်မယ် ဒါပေမဲ့ မင်း ဒါကို ရှင်းမပြနိုင်သေးတာ သိသာတယ်....မင်းတကယ် သိလာတဲ့အခါ လုပ်ချင်တာကို ဘယ်လို လုပ်သင့်တယ်ဆိုတာ နားလည်လာလိမ့်မယ်"
လုရွှမ် စကားဆုံးသောအခါ ထပြီး ထျန်းလုံမြို့သို့ ပျံသန်းသွားခဲ့သည်။
မင်းသမီးပိုင်လုံမှာ မျက်ရည်များ ချက်ချင်း စီးကျလာပြီး မိန်းကလေးလေးယောက်မှာ လုရွှမ် ချန်ထားခဲ့သော ရုပ်ပုံလွှာကို မကျေမနပ် စိုက်ကြည့်ရင်း ပိုင်လုံကို ထပ်ခါတလဲလဲ နှစ်သိမ့်ပေးနေကြသည်။ နောက်ကွယ်မှ အဘွားကြီးမှာ သက်ပြင်း အသာချကာ နောက်ဆုံးတွင် ၎င်းတို့သည် ကမ္ဘာတစ်ခုတည်းမှ မဟုတ်ကြကြောင်း နားလည်လိုက်၏။
မြို့ရိုးပေါ်တွင် ကျန်ခဲ့သော အမှတ်အသားသည် လမ်းညွှန်မှုတစ်ခု ဖြစ်သည်။ လုရွှမ် မြို့၏ အနောက်ဘက်သို့ အလျင်အမြန် လိုက်သွားသော် အမှတ်အသားများ အဆက်မပြတ် တွေ့ပြီးနောက်တွင် တစ်စုံတစ်ယောက်သည် အမှတ်အသားများကို ဖျက်လိုက်သကဲ့သို့ နောက်ဆက်တွဲကို မတွေ့ရတော့ပေ။
သူ့ပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ် စွမ်းအား လှိုင်းလုံးကြီးတစ်ခု ရှိနေပြီး တစ်စုံတစ်ယောက် သူ့နောက်ကို လိုက်နေတာ ထင်ရှားလေသည်။
ယွမ့်လင်က မဆင်မခြင် လုပ်မည့် လူတစ်ယောက် မဟုတ်ပေ။ အမှတ်အသား ပျောက်ဆုံးသွားခြင်းအတွက် ဖြစ်နိုင်ခြေ နှစ်ခုရှိသည်။ ယွမ့်လင် ၎င်းကို ရည်ရွယ်ချက်ရှိရှိ မလုပ်ခဲ့ပါက တစ်စုံတစ်ယောက်က သတိပြုမိကာ အမှတ်အသားအကြောင်း စုံစမ်းရင်း ဖျက်ထားခဲ့လိမ့်မည်။
စွမ်းအင်း လှိုင်းတစ်ခုက ထုတ်လွှတ်လိုက်သည်။ သူ့ဖြစ်တည်မှုကို မြင်ရင် တစ်ဖက်က သူနဲ့တွေ့ဖို့ သဘာဝအတိုင်း ထွက်လာလိမ့်မယ်။
ဒါမှမဟုတ် သူမတို့ အုပ်စုကို ရှာတွေ့သွားတဲ့ တစ်ဖက်လူဟာ အမှတ်အသားကို ဖျက်စီးပြီး ဤနေရာသို့ ရောက်လာသူများကို တိတ်တဆိတ် စောင့်ကြည့်နေခြင်းလည်း ဖြစ်နိုင်သည်။
လုရွှမ် စိတ်ထဲတွေးကြည့်၍ မဆိုင်းမတွ လှည့်ထွက် ပြေးလာခဲ့သည်။ မကြာခင်မှာပဲ နောက်ယောင်ခံ လိုက်လာသူကလည်း သူနဲ့ မလှမ်းမကမ်းကနေ လိုက်လာ၏။
အရှိန်က သိပ်မမြန်ပေမယ့် ရောင်ဝါ အတက်အကျတွေက အလွန်သိမ်မွေ့သည်။ လုရွှမ် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ သူ့နောက်ကို လိုက်လာတဲ့လူက တစ်ယောက်တည်းပင်။
နေရာ တစ်နေရာကို ရှာတွေ့သော် နောက်ကလူကို စောင့်ရင်း ဆင်းလိုက်သာ်။ လိုက်လာသူက သူ့ကို ရှာမတွေ့နိုင်ဘူးလို့ ထင်နေပုံရပေမယ့် လုရွှမ်ရဲ့ မျက်လုံးထဲမှာတော့ အပြစ်အနာအဆာတွေ ပြည့်နှက်နေသည်။
လမ်းကြားထဲကို ဝင်သွားပြီး နောက်မှာတော့ လုရွှမ် တစ်ဖက်လူရဲ့ ခေါင်းကို လက်သီးနဲ့ ထိုးချလိုက်လေ၏။ ထို့နောက် ခြေထောက်ကို မြှောက်၍ ကန်ထုတ်ပစ်လိုက်သည်။
တစ်ဖက်လူမှာ သူတော်စင်တစ်ပိုင်း အဆင့်၅ ခွန်အားရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး ရုတ်တရက် တိုက်ခိုက်ခံလိုက်ရတာကြောင့် စိတ်ရှုပ်ထွေးကာ မူးဝေနေ၏။
ဖီးနစ်မီး အနည်းငယ်ကို ထိုလူရွှယ်ရဲ့ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပြီးနောက် လုရွှမ် တစ်ဖက်လူကို နှိုးလိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားမှာ လုရွှမ်ကို မြင်မြင်ချင်း တုန်လှုပ်သွားပြီး သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုမှာ ထွက်ပြေးရန်သာ ဖြစ်သည်။
လုရွှမ် မျက်ခုံးပင့်လိုက်သော် ဖီးနစ်မီးက ရုတ်တရက် ထပေါက်သွားကာ လူလတ်ပိုင်းအရွယ်က နတ်ဆိုးဘုရင်ကို ကြည့်နေသလိုမျိုး လုရွှမ်ကိုကြည့်ကာ အော်ဟစ်ရင်း ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။
"မင်းငါ့ကို ဘာလုပ်လိုက်တာလဲ?"
ဖြောင်း!
သူ့စကားဆုံးတာနဲ့ လက်ဝါးတစ်ခုက သူ့မျက်နှာကို ရိုက်ချလိုက်ပေ၏။
ဒီလက်ဖဝါး လှုပ်ရှားမှုကို စွမ်းအင် အသုံးမပြုသော်လည်း လုရွှမ်ရဲ့ လက်ရှိကာယ ကြံ့ခိုင်မှုကလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။ အထူးသဖြင့် စိမ်းပြာနဂါးရဲ့ နှလုံးနှင့် ဝိညာဥ်ဆွဲသစ်သားကြောင့် သူ့ခန္ဓာကိုယ်သည် နေ့တိုင်းသိသိသာသာ တိုးတက်နေသည်။
သံဘောလုံးကြီးနဲ့ ရိုက်ခံလိုက်ရသလို ထိုလူသည် ပါးစပ်မှ သွေးများထွက်လာ၏။ နောက်ဆုံးတွင် စိတ်ရှင်းသွားကာ လုရွှမ်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
"မှန်တယ် မင်းထပ်ပြောရင် ငါမင်းကို ပါးထပ်ရိုက်မယ်.... အခု မင်းကို ဖမ်းတဲ့သူ ငါက မင်းကိုမေးခွန်းတချို့ ဖြေခိုင်းမယ်... ကောင်းကောင်းမွန်မွန် ဖြေနေသရွေ့ မင်းအသက် အန္တရာယ် ကင်းပါတယ် မဟုတ်ဘူးလား?"
"....."
"ငါမင်းကိုအခု မေးနေတယ်လေ!"
"ဟုတ် ဟုတ်ကဲ့!" လူလတ်ပိုင်းအရွယ်က အလျင်စလို တုံ့ပြန်ပြီး ခေါင်းညိတ်လိုက်သည်။
"မင်းက ဘယ်သူလဲ? ပိုအသေးစိတ် ပြောပြလေပဲ ကောင်းလေပဲ"
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့နာမည်ကို အမြန် ပြောပြပြီး နောက်ကွယ်က အင်အားဟာ မြို့တော် အရှေ့ဘက်ရှိ တာဝန်ခန်းမက ဖြစ်သည်။ တာဝန်တစ်ခုကို လက်ခံရရှိခဲ့ပြီး ၎င်းက သူ့အတွက်က ခွဲတမ်းတာဝန် တစ်ခုပဲ ဖြစ်သည်။
သူ့တာဝန်ကတော့ ရိုးရှင်းပါသည်။ ဒီနေရာကို လာပြီး ဘယ်သူ ရောက်လာမလဲ ဆိုတာ စောင့်ကြည့်ရုံပဲ ဖြစ်သည်။
အစက စောင့်ကြည့်ရုံပဲ ဆိုပေမယ့် လူလတ်ပိုင်းအရွယ်က လုရွှမ်ဟာ သူတော်စင်တစ်ပိုင်း အဆင့်၃မှာပဲ ရှိတဲ့အတွက် စိတ်ပြောင်းသွားပြီး ဘယ်ဂိုဏ်းကလဲ ဆိုတာကို လိုက်ကြည့်ချင်ခဲ့သည်။ သို့သော် လုရွှမ်က အရင် လှုပ်ရှားသွားခဲ့လေ၏။
ကောင်းကင်မီးရဲ့ အစွမ်းသတ္တိကို ရိပ်မိသော လူလတ်ပိုင်း လူရွယ်သည် ဘာကိုမှ မဖုံးကွယ်ဘဲ ပြတ်ပြတ်သားသား ရှင်းပြလိုက်ပြီးနောက် ကောင်းကင်မီးသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး လူလတ်ပိုင်းကို ပြာဖြစ်သွားစေခဲ့သည်။
လုရွှမ် လူလတ်ပိုင်း၏ နောက်ကွယ်မှ တပ်ဖွဲ့များဆီသို့ ပျံသန်းသွားခဲ့သည် သူ့ခန္ဓာကိုယ်သည် တစ်ဖန် ပြောင်းလဲသွားပြီး အနည်းငယ် ရိုးရိုးရှင်းရှင်း ရိုးသားသော ပုံစံရှိသည့် လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားကာ မြို့အရှေ့ဘက်ရှိ တာဝန်ကြေငြာရုံးဆီသို့ ပြေးသွားခဲ့သည်။
ထျန်းလုံ မြို့တော်ကြီးသည် အရှေ့ဘက်မှ အနောက်ဘက်သို့ ပျံသန်းရန်ပင် တစ်ရက်ထက် ပို၍ ကြာတတ်သည်။ မြို့ တစ်မြို့လုံးတွင် သူတော်စင် သားရဲနှင့် ငှက်မျိုးစုံရှိနေ၏။ မဟုတ်ပါက လမ်းခရီးတွင် တစ်နေ့လုံး ကုန်ဆုံးသွားနိုင်သည်။
ယေဘူယျ စည်းမျဉ်းတွေနဲ့ နိယာမစွမ်းအင်တွေ ပြည့်ဝတဲ့ကမ္ဘာမှာ အာကာသ မှော်လက်နက် သိုလှောင်မှု ကိရိယာတွေဟာ နာမည်ကြီးကြောင်း လုရွှမ် ကြားခဲ့ရသည်။ အပြင်သွားတဲ့အခါ နေရာပြောင်း အခင်းအကျင်းတွေ ရှိပြီး အဝေးက နေရာတွေကိုပါ တိုက်ရိုက်ရွှေ့ပြောင်း ပေးနိုင်တဲ့ အကြီးစား အခင်းအကျင်းတွေတောင် ရှိကြသေး၏။
ဘယ်လောက်တောင် အဆင်ပြေလိုက်လဲ? လုရွှမ် သူကိုယ်တိုင်ပင် အလွန် မနာလို ဖြစ်လာမိသည်။
အဝေးကပင် ဒီနယ်မြေရဲ့ သာယာဝပြောမှုကို မြင်တွေ့ရလေ၏။ တာဝန်ခန်းမရှေ့တွင် လူပင်လယ်ကြီး တစ်ခုရှိ၍ တစ်ချက် ကြည့်လိုက်လျှင် နေရာတိုင်းတွင် ဦးခေါင်းများသာ ရှိနေသည်။
အလယ်ဗဟိုတွင် အဆင်ပြေသည့် အမျိုးအစားများ ခွဲခြားထားသည့် အလုပ် တာဝန်မျိုးစုံကို မှတ်တမ်းတင်သော အခင်းအကျင်း ဖွဲ့စည်းမှု ဖလင်တစ်ခု ရှိလေသည်။
အနည်းငယ် မေးမြန်းပြီးနောက် လုရွှမ်လည်း ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာကို နားလည်သွားခဲ့သည်။ မည်သူမဆို တာဝန်ကို တင်ပြနိုင်ပြီး တာဝန်များကို ကန့်သတ်ထားခြင်း မရှိပေ။
တင်ပြထားသော တာဝန်က ထျန်းလုံကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးကို သတ်ပစ်ဖို့ဆိုလည်း ပြဿနာမရှိချေ။
ဒါပေါ့။ တာဝန် ထုတ်ပေးသူရဲ့ အချက်အလက်တွေကို ယေဘူယျအားဖြင့် ပေါက်ကြားမှာမဟုတ်ဘူးလို့ ကတိပြုထားပေမယ့် ဒီထုတ်ပြန်ချက်ဟာ ယုံကြည်နိုင်မှု ရှိမရှိဆိုတာ သိဖို့ မဖြစ်နိုင်ပါဘူး။
Chapter (153) Arc 4
သီးျခားသြားျခင္း
"ျပင္းလိုက္တဲ့ေလ!"
လု႐ႊမ္ ဆိုလိုက္သည္။
မင္းသမီးပိုင္လုံနဲ႕ အရည္အခ်င္းရွိ မိန္းကေလး ေလးေယာက္ဟာ ခဏေလာက္ ထိတ္လန႔္သြားၿပီး မထိန္းနိုင္ဘဲ ရယ္ေမာလိုက္ၾကသည္။
"ၿမိဳ႕ထဲကို သြားၾကမလား?"
မင္းသမီးပိုင္လုံက အႀကံေပးလိုက္သည္။
လု႐ႊမ္သည္ ထ်န္းလုံဧကရာဇ္ အင္ပါယာ၏ ရာဇပလႅင္ေတာ္ တိုက္ပြဲတြင္ မပါဝင္ခ်င္ေပ။ သူ႕ထင္ျမင္ခ်က္အရ သူ႕လက္ရွိအင္အားနဲ႕ စိန္ေခၚမႈကို လက္ခံနိုင္စြမ္း မရွိေသးေပ။
ထို႔အျပင္ ၎သည္ အလယ္အလတ္အဆင့္ ဧကရာဇ္အင္ပါယာ တစ္ခုသာ ျဖစ္ၿပီး အဆင့္မွာ နိမ့္က်ေနေသး၍ အင္ပါယာအာဏာကို ယွဥ္ၿပိဳင္ေနမည့္အစား ျပင္းျပင္းထန္ထန္ ေလ့က်င့္ျခင္းက ပိုေကာင္းပါ၏။
အခ်ိန္တန္ရင္ စကားလုံး တစ္လုံးျဖင့္ တိုင္းျပည္၏ ေတာ္ဝင္မ်ိဳးႏြယ္သည္ ၎၏မ်ိဳးရိုးအမည္ကို ေျပာင္းလဲကာ ထီးနန္းလက္ေျပာင္းယူလိမ့္မည္။
ဒါနဲ႕ပဲ သူက ၿပဳံးၿပီးေျပာလိုက္သည္။
"မင္းတို႔ ညီအစ္မေတြ မေတြ႕ရတာ ၾကာၿပီ... ေကာင္းေကာင္း ေဆြးႏြေးၾကပါ မင္းသမီး က်ဳပ္တို႔ဒီမွာပဲ ႏႈတ္ဆက္လိုက္ၾကရေအာင္... က်ဳပ္မွာလည္း တခ်ိဳ႕ကိစၥေတြ လုပ္စရာ ရွိေသးတယ္"
မိန္းကေလး ေလးေယာက္ဟာ ခဏေလာက္ ထိတ္လန႔္သြားၿပီး မင္းသမီးပိုင္လုံကို ရႈပ္ယွက္ခတ္ေနတဲ့ မ်က္လုံးေတြနဲ႕ ၾကည့္လိုက္ၾကသည္။ မင္းသမီးပိုင္လုံမွာလည္း လု႐ႊမ္ကို အံ့အားသင့္စြာ စိုက္ၾကည့္ေန၏။
ထီးနန္းအတြက္ တိုက္ပြဲဝင္ရဲတဲ့ သတၱိရွိလာတဲ့အခါ သူမရဲ႕ အယုံၾကည္ရဆုံးကေတာ့ ဝိညာဥ္သခင္ရဲ႕ အရည္အခ်င္းပင္။ အဲဒါက အခု သခင္ေလးယြမ္ယန္ပင္။ ဒါကို သခင္ေလးယြမ္ယန္က ထြက္သြားေတာ့မယ္တဲ့လား။
"အစ္ကို ယြမ္ယန္...ရွင္ အိမ္ေရွ႕စံမင္းသားရဲ႕ အိမ္ကို သြားမွာလား"
"ျဖစ္နိုင္တယ္ အေျခအေနေပၚမွာပဲ မူတည္တယ္!"
မင္းသမီးပိုင္လုံ ဆုံးရႈံးသြားသလို ခံစားလိုက္ရတာကို သဘာဝက်က် သိတာေၾကာင့္ လု႐ႊမ္ ဆက္ေျပာလိုက္သည္။
"ပလႅင္က ဘာကို ကိုယ္စားျပဳတာလဲ ဆိုတာ ခ်င္းယြီ မင္းတကယ္ နားလည္ရဲ႕လား? အဲဒါဆို ဘယ္လို ခြန္အားမ်ိဳး ရွိဖို႔လိုလဲ?.. ဘယ္လိုစိတ္ထား၊ ဘယ္လို နည္းဗ်ဴဟာနဲ႕ ဟန္ခ်က္ကို ဘယ္လိုထိန္းရမလဲ? ဘာကို အရႈံးေပးလိုက္ရင္ ဘာကိုရလာမယ္ဆိုတာ မင္းသိလား?"
"မင္း နားမလည္ေသးဘူး... မင္းရဲ႕ ႏွလုံးသားထဲက ေဒါသေၾကာင့္ ဒီကမၻာႀကီးက မင္းအတြက္ ခံစားခ်က္ဆိုး တစ္ခု ျဖစ္ေကာင္းျဖစ္မယ္... တျခားအရာတစ္ခုလည္း ျဖစ္ေကာင္းျဖစ္မယ္ ဒါေပမဲ့ မင္း ဒါကို ရွင္းမျပနိုင္ေသးတာ သိသာတယ္....မင္းတကယ္ သိလာတဲ့အခါ လုပ္ခ်င္တာကို ဘယ္လို လုပ္သင့္တယ္ဆိုတာ နားလည္လာလိမ့္မယ္"
လု႐ႊမ္ စကားဆုံးေသာအခါ ထၿပီး ထ်န္းလုံၿမိဳ႕သို႔ ပ်ံသန္းသြားခဲ့သည္။
မင္းသမီးပိုင္လုံမွာ မ်က္ရည္မ်ား ခ်က္ခ်င္း စီးက်လာၿပီး မိန္းကေလးေလးေယာက္မွာ လု႐ႊမ္ ခ်န္ထားခဲ့ေသာ ႐ုပ္ပုံလႊာကို မေက်မနပ္ စိုက္ၾကည့္ရင္း ပိုင္လုံကို ထပ္ခါတလဲလဲ ႏွစ္သိမ့္ေပးေနၾကသည္။ ေနာက္ကြယ္မွ အဘြားႀကီးမွာ သက္ျပင္း အသာခ်ကာ ေနာက္ဆုံးတြင္ ၎တို႔သည္ ကမၻာတစ္ခုတည္းမွ မဟုတ္ၾကေၾကာင္း နားလည္လိုက္၏။
ၿမိဳ႕ရိုးေပၚတြင္ က်န္ခဲ့ေသာ အမွတ္အသားသည္ လမ္းၫႊန္မႈတစ္ခု ျဖစ္သည္။ လု႐ႊမ္ ၿမိဳ႕၏ အေနာက္ဘက္သို႔ အလ်င္အျမန္ လိုက္သြားေသာ္ အမွတ္အသားမ်ား အဆက္မျပတ္ ေတြ႕ၿပီးေနာက္တြင္ တစ္စုံတစ္ေယာက္သည္ အမွတ္အသားမ်ားကို ဖ်က္လိုက္သကဲ့သို႔ ေနာက္ဆက္တြဲကို မေတြ႕ရေတာ့ေပ။
သူ႕ပတ္ဝန္းက်င္တြင္ စိတ္ဝိညာဥ္ စြမ္းအား လွိုင္းလုံးႀကီးတစ္ခု ရွိေနၿပီး တစ္စုံတစ္ေယာက္ သူ႕ေနာက္ကို လိုက္ေနတာ ထင္ရွားေလသည္။
ယြမ့္လင္က မဆင္မျခင္ လုပ္မည့္ လူတစ္ေယာက္ မဟုတ္ေပ။ အမွတ္အသား ေပ်ာက္ဆုံးသြားျခင္းအတြက္ ျဖစ္နိုင္ေျခ ႏွစ္ခုရွိသည္။ ယြမ့္လင္ ၎ကို ရည္႐ြယ္ခ်က္ရွိရွိ မလုပ္ခဲ့ပါက တစ္စုံတစ္ေယာက္က သတိျပဳမိကာ အမွတ္အသားအေၾကာင္း စုံစမ္းရင္း ဖ်က္ထားခဲ့လိမ့္မည္။
စြမ္းအင္း လွိုင္းတစ္ခုက ထုတ္လႊတ္လိုက္သည္။ သူ႕ျဖစ္တည္မႈကို ျမင္ရင္ တစ္ဖက္က သူနဲ႕ေတြ႕ဖို႔ သဘာဝအတိုင္း ထြက္လာလိမ့္မယ္။
ဒါမွမဟုတ္ သူမတို႔ အုပ္စုကို ရွာေတြ႕သြားတဲ့ တစ္ဖက္လူဟာ အမွတ္အသားကို ဖ်က္စီးၿပီး ဤေနရာသို႔ ေရာက္လာသူမ်ားကို တိတ္တဆိတ္ ေစာင့္ၾကည့္ေနျခင္းလည္း ျဖစ္နိုင္သည္။
လု႐ႊမ္ စိတ္ထဲေတြးၾကည့္၍ မဆိုင္းမတြ လွည့္ထြက္ ေျပးလာခဲ့သည္။ မၾကာခင္မွာပဲ ေနာက္ေယာင္ခံ လိုက္လာသူကလည္း သူနဲ႕ မလွမ္းမကမ္းကေန လိုက္လာ၏။
အရွိန္က သိပ္မျမန္ေပမယ့္ ေရာင္ဝါ အတက္အက်ေတြက အလြန္သိမ္ေမြ႕သည္။ လု႐ႊမ္ အနည္းငယ္ စိတ္ပ်က္သြားခဲ့သည္။ သူ႕ေနာက္ကို လိုက္လာတဲ့လူက တစ္ေယာက္တည္းပင္။
ေနရာ တစ္ေနရာကို ရွာေတြ႕ေသာ္ ေနာက္ကလူကို ေစာင့္ရင္း ဆင္းလိုက္သာ္။ လိုက္လာသူက သူ႕ကို ရွာမေတြ႕နိုင္ဘူးလို႔ ထင္ေနပုံရေပမယ့္ လု႐ႊမ္ရဲ႕ မ်က္လုံးထဲမွာေတာ့ အျပစ္အနာအဆာေတြ ျပည့္ႏွက္ေနသည္။
လမ္းၾကားထဲကို ဝင္သြားၿပီး ေနာက္မွာေတာ့ လု႐ႊမ္ တစ္ဖက္လူရဲ႕ ေခါင္းကို လက္သီးနဲ႕ ထိုးခ်လိဳက္ေလ၏။ ထို႔ေနာက္ ေျခေထာက္ကို ျမႇောက္၍ ကန္ထုတ္ပစ္လိုက္သည္။
တစ္ဖက္လူမွာ သူေတာ္စင္တစ္ပိုင္း အဆင့္၅ ခြန္အားရွိေသာ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦး ျဖစ္ၿပီး ႐ုတ္တရက္ တိုက္ခိုက္ခံလိုက္ရတာေၾကာင့္ စိတ္ရႈပ္ေထြးကာ မူးေဝေန၏။
ဖီးနစ္မီး အနည္းငယ္ကို ထိုလူ႐ႊယ္ရဲ႕ ခႏၶာကိုယ္ထဲသို႔ ထည့္သြင္းၿပီးေနာက္ လု႐ႊမ္ တစ္ဖက္လူကို ႏွိုးလိုက္သည္။ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားမွာ လု႐ႊမ္ကို ျမင္ျမင္ခ်င္း တုန္လႈပ္သြားၿပီး သူ႕ရဲ႕ ပထမဆုံး တုံ႕ျပန္မႈမွာ ထြက္ေျပးရန္သာ ျဖစ္သည္။
လု႐ႊမ္ မ်က္ခုံးပင့္လိုက္ေသာ္ ဖီးနစ္မီးက ႐ုတ္တရက္ ထေပါက္သြားကာ လူလတ္ပိုင္းအ႐ြယ္က နတ္ဆိုးဘုရင္ကို ၾကည့္ေနသလိုမ်ိဳး လု႐ႊမ္ကိုၾကည့္ကာ ေအာ္ဟစ္ရင္း ေကာင္းကင္မွ ျပဳတ္က်လာခဲ့သည္။
"မင္းငါ့ကို ဘာလုပ္လိုက္တာလဲ?"
ေျဖာင္း!
သူ႕စကားဆုံးတာနဲ႕ လက္ဝါးတစ္ခုက သူ႕မ်က္ႏွာကို ရိုက္ခ်လိဳက္ေပ၏။
ဒီလက္ဖဝါး လႈပ္ရွားမႈကို စြမ္းအင္ အသုံးမျပဳေသာ္လည္း လု႐ႊမ္ရဲ႕ လက္ရွိကာယ ႀကံ့ခိုင္မႈကလည္း ေၾကာက္မက္ဖြယ္ ေကာင္းလွသည္။ အထူးသျဖင့္ စိမ္းျပာနဂါးရဲ႕ ႏွလုံးႏွင့္ ဝိညာဥ္ဆြဲသစ္သားေၾကာင့္ သူ႕ခႏၶာကိုယ္သည္ ေန႕တိုင္းသိသိသာသာ တိုးတက္ေနသည္။
သံေဘာလုံးႀကီးနဲ႕ ရိုက္ခံလိုက္ရသလို ထိုလူသည္ ပါးစပ္မွ ေသြးမ်ားထြက္လာ၏။ ေနာက္ဆုံးတြင္ စိတ္ရွင္းသြားကာ လု႐ႊမ္ကို ထိတ္လန႔္စြာ ၾကည့္လိုက္သည္။
"မွန္တယ္ မင္းထပ္ေျပာရင္ ငါမင္းကို ပါးထပ္ရိုက္မယ္.... အခု မင္းကို ဖမ္းတဲ့သူ ငါက မင္းကိုေမးခြန္းတခ်ိဳ႕ ေျဖခိုင္းမယ္... ေကာင္းေကာင္းမြန္မြန္ ေျဖေနသေ႐ြ႕ မင္းအသက္ အႏၱရာယ္ ကင္းပါတယ္ မဟုတ္ဘူးလား?"
"....."
"ငါမင္းကိုအခု ေမးေနတယ္ေလ!"
"ဟုတ္ ဟုတ္ကဲ့!" လူလတ္ပိုင္းအ႐ြယ္က အလ်င္စလို တုံ႕ျပန္ၿပီး ေခါင္းညိတ္လိုက္သည္။
"မင္းက ဘယ္သူလဲ? ပိုအေသးစိတ္ ေျပာျပေလပဲ ေကာင္းေလပဲ"
လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားက သူ႕နာမည္ကို အျမန္ ေျပာျပၿပီး ေနာက္ကြယ္က အင္အားဟာ ၿမိဳ႕ေတာ္ အေရွ႕ဘက္ရွိ တာဝန္ခန္းမက ျဖစ္သည္။ တာဝန္တစ္ခုကို လက္ခံရရွိခဲ့ၿပီး ၎က သူ႕အတြက္က ခြဲတမ္းတာဝန္ တစ္ခုပဲ ျဖစ္သည္။
သူ႕တာဝန္ကေတာ့ ရိုးရွင္းပါသည္။ ဒီေနရာကို လာၿပီး ဘယ္သူ ေရာက္လာမလဲ ဆိုတာ ေစာင့္ၾကည့္႐ုံပဲ ျဖစ္သည္။
အစက ေစာင့္ၾကည့္႐ုံပဲ ဆိုေပမယ့္ လူလတ္ပိုင္းအ႐ြယ္က လု႐ႊမ္ဟာ သူေတာ္စင္တစ္ပိုင္း အဆင့္၃မွာပဲ ရွိတဲ့အတြက္ စိတ္ေျပာင္းသြားၿပီး ဘယ္ဂိုဏ္းကလဲ ဆိုတာကို လိုက္ၾကည့္ခ်င္ခဲ့သည္။ သို႔ေသာ္ လု႐ႊမ္က အရင္ လႈပ္ရွားသြားခဲ့ေလ၏။
ေကာင္းကင္မီးရဲ႕ အစြမ္းသတၱိကို ရိပ္မိေသာ လူလတ္ပိုင္း လူ႐ြယ္သည္ ဘာကိုမွ မဖုံးကြယ္ဘဲ ျပတ္ျပတ္သားသား ရွင္းျပလိုက္ၿပီးေနာက္ ေကာင္းကင္မီးသည္ ႐ုတ္တရက္ ေပါက္ကြဲထြက္လာၿပီး လူလတ္ပိုင္းကို ျပာျဖစ္သြားေစခဲ့သည္။
လု႐ႊမ္ လူလတ္ပိုင္း၏ ေနာက္ကြယ္မွ တပ္ဖြဲ႕မ်ားဆီသို႔ ပ်ံသန္းသြားခဲ့သည္ သူ႕ခႏၶာကိုယ္သည္ တစ္ဖန္ ေျပာင္းလဲသြားၿပီး အနည္းငယ္ ရိုးရိုးရွင္းရွင္း ရိုးသားေသာ ပုံစံရွိသည့္ လူငယ္တစ္ဦးအျဖစ္ ေျပာင္းလဲသြားကာ ၿမိဳ႕အေရွ႕ဘက္ရွိ တာဝန္ေၾကျငာ႐ုံးဆီသို႔ ေျပးသြားခဲ့သည္။
ထ်န္းလုံ ၿမိဳ႕ေတာ္ႀကီးသည္ အေရွ႕ဘက္မွ အေနာက္ဘက္သို႔ ပ်ံသန္းရန္ပင္ တစ္ရက္ထက္ ပို၍ ၾကာတတ္သည္။ ၿမိဳ႕ တစ္ၿမိဳ႕လုံးတြင္ သူေတာ္စင္ သားရဲႏွင့္ ငွက္မ်ိဳးစုံရွိေန၏။ မဟုတ္ပါက လမ္းခရီးတြင္ တစ္ေန႕လုံး ကုန္ဆုံးသြားနိုင္သည္။
ေယဘူယ် စည္းမ်ဥ္းေတြနဲ႕ နိယာမစြမ္းအင္ေတြ ျပည့္ဝတဲ့ကမၻာမွာ အာကာသ ေမွာ္လက္နက္ သိုေလွာင္မႈ ကိရိယာေတြဟာ နာမည္ႀကီးေၾကာင္း လု႐ႊမ္ ၾကားခဲ့ရသည္။ အျပင္သြားတဲ့အခါ ေနရာေျပာင္း အခင္းအက်င္းေတြ ရွိၿပီး အေဝးက ေနရာေတြကိုပါ တိုက္ရိုက္ေ႐ႊ႕ေျပာင္း ေပးနိုင္တဲ့ အႀကီးစား အခင္းအက်င္းေတြေတာင္ ရွိၾကေသး၏။
ဘယ္ေလာက္ေတာင္ အဆင္ေျပလိုက္လဲ? လု႐ႊမ္ သူကိုယ္တိုင္ပင္ အလြန္ မနာလို ျဖစ္လာမိသည္။
အေဝးကပင္ ဒီနယ္ေျမရဲ႕ သာယာဝေျပာမႈကို ျမင္ေတြ႕ရေလ၏။ တာဝန္ခန္းမေရွ႕တြင္ လူပင္လယ္ႀကီး တစ္ခုရွိ၍ တစ္ခ်က္ ၾကည့္လိုက္လွ်င္ ေနရာတိုင္းတြင္ ဦးေခါင္းမ်ားသာ ရွိေနသည္။
အလယ္ဗဟိုတြင္ အဆင္ေျပသည့္ အမ်ိဳးအစားမ်ား ခြဲျခားထားသည့္ အလုပ္ တာဝန္မ်ိဳးစုံကို မွတ္တမ္းတင္ေသာ အခင္းအက်င္း ဖြဲ႕စည္းမႈ ဖလင္တစ္ခု ရွိေလသည္။
အနည္းငယ္ ေမးျမန္းၿပီးေနာက္ လု႐ႊမ္လည္း ဘယ္လို လုပ္ေဆာင္ရမယ္ ဆိုတာကို နားလည္သြားခဲ့သည္။ မည္သူမဆို တာဝန္ကို တင္ျပနိုင္ၿပီး တာဝန္မ်ားကို ကန႔္သတ္ထားျခင္း မရွိေပ။
တင္ျပထားေသာ တာဝန္က ထ်န္းလုံေက်ာင္းေတာ္ရဲ႕ ေက်ာင္းအုပ္ႀကီးကို သတ္ပစ္ဖို႔ဆိုလည္း ျပႆနာမရွိေခ်။
ဒါေပါ့။ တာဝန္ ထုတ္ေပးသူရဲ႕ အခ်က္အလက္ေတြကို ေယဘူယ်အားျဖင့္ ေပါက္ၾကားမွာမဟုတ္ဘူးလို႔ ကတိျပဳထားေပမယ့္ ဒီထုတ္ျပန္ခ်က္ဟာ ယုံၾကည္နိုင္မႈ ရွိမရွိဆိုတာ သိဖို႔ မျဖစ္နိုင္ပါဘူး။