Chapter (150) Arc 4
မြို့တော်ကို ရောက်ပြီ
အဖိုးအိုချန်းရွှင်သည် လေးစားစွာဖြင့် အလျင်အမြန် နောက်သို့ ဆုတ်သွားခဲ့သည်။ ယခုအချိန်တွင် သူလည်း အနည်းငယ် ပင်ပန်းနေပြီ။
အချိန် သိပ်မကျန်တော့မှန်း သိတဲ့အတွက် ဒီနှစ်တွေမှာ သူဘာမှမလုပ်ခဲ့ဘဲ တခြားသူတွေကို ကြောက်ဖို့ သူ့အရင်က အရှိန်အဟုန်ကို သုံးခဲ့ရသည်။
မော့လင် သူ့လက်ထဲမှာ လက်နက်မရှိတာကြောင့် သူသိပ်မစိုးရိမ်ဘဲ လှုပ်ရှားခဲ့တာ။ မော့လင်သာ တုံ့ပြန်လာခဲ့ရင် ဘယ်သူက ဘယ်သူ့ကို သတ်ပစ်မယ်ဆိုတာ ပြောလို့ မရဘူး။
ထိုအခိုက် မော့လင်က သက်ပြင်းတစ်ချက်ချကာ လုရွှမ်ကို စိုက်ကြည့်လိုက်သည်။
"ကောင်လေး... မင်းဘာနည်းလမ်းတွေ သုံးနေလဲ? ငါဂရုမစိုက်ဘူး... ငလူး!"
လုရွှမ်က သူ့အား ရိုင်းစိုင်းသော စကားများပင် မပြောခိုင်းတော့ဘဲ နဂါးဆင်ရွှေလက်ဝါးဖြင့် တရစပ် တိုက်ခိုက်လေတော့သည်။
"နဂါးဆင်ရွှေလက်ဝါး!"
သူတော်စင် တစ်ဦးအနေဖြင့် မော့လင်သည် သဘာဝကျကျ သိုင်းပညာများ အကြောင်း တတ်ကျွမ်းသူ ဖြစ်သည်။ သူသည် ကာလကြာရှည်စွာ ပျောက်ဆုံးသွားခဲ့သော နဂါးဆင်ရွှေလက်ဝါးကို အမှန်တကယ် တွေ့မြင်ခဲ့ရလေပြီ။
ဤလက်ဖဝါး၏ ကြီးစိုးမှုကို သူသိပါ၏။ အထူးသဖြင့် သူ၏ လက်ရှိ အခြေအနေနဲ့ သူဘယ်လိုများ ခံနိုင်ရည်ရှိမပါ့မလဲ။
"လေဟာနယ် လေပြင်းလက်ဝါး?? ဟ မင်းဘယ်သူလဲကွ!!"
နဂါးဆင်ရွှေလက်ဝါးကို ရှောင်ပြီးနောက် မော့လင်သည် လေဟာနယ် လေပြင်းလက်ဝါးက ထပ်ရောက်လာရာ ထိတ်လန့်သွားရပြန်သည်။ ဒီထူးခြားတဲ့ စွမ်းရည်နှစ်ခုကို သင်ယူနိုင်သူက သာမန်လူရော ဖြစ်နိုင်ပါ့မလား။
"လူသားနဲ့ဓား ပေါင်းစည်းမှု?"
မော့လင် ပြေးပြန်ရပြီ။ ဒါကြီးက အရင်က အဘိုးကြီးချန်းရွှင်ဆီက ဖိနှိမ်ခံရတာထက်ကို အဆင်မပြေနေဘူး။
သူသည် ဓားသမား ဖြစ်လို့ သူ့ခန္ဓာကိုယ်ထဲတွင် ဓားမပါသော သိုင်းပညာများစွာ ရှိသော်လည်း ၎င်းတို့၏ စွမ်းအားကို မပြသနိုင်သေးပေ။ ဒီကောင်လေးရဲ့ လက်က လွတ်ဖို့ သူ့ခန္ဓာကိုယ်ကို အားကိုးနေစဥ် လုရွှမ်ရဲ့ ခန္ဓာကိုယ်ထဲက အဝါရောင် စွမ်းအင်တောက်တောက်ကို မြင်လိုက်ရသည့် အခိုက်တွင် သူ့အတွေးများ လုံးဝ လွင့်စင်သွားခဲ့သည်။
"ဆင်သံချပ်ရွှေကိုယ်ထည်?"
'ဘုရားရေ ဒါက ဘယ်လို မကောင်းဆိုးဝါးကြီးလဲ?'
"အခင်းအကျင်း? မင်းက အခင်းအကျင်း ပညာရှင်လား?"
"စိတ်ဝိညာဉ် စွမ်းအား? မင်းက ဝိညာဉ်သခင်ပါ ဖြစ်နေသေးတာလား?"
မော့လင် အရှေ့မှ အနောက်သို့ လုယက်ပြေးပြီးနောကိ တောင်မှမြောက်သို့ အလိုက်ခံရပြန်၏။ သူသည် တလမ်းလုံး ရှက်ရွံ့စွာဖြင့် တိုက်ခိုက်မှု အများစုကို လွတ်မြောက်ခဲ့သော်လည်း နောက်ထပ် တိုက်ခိုက်မှု အနည်းငယ်က ရှိသေးသည်။
တိုက်ခိုက်မှုရဲ့ အစွမ်းသတ္တိက သူ့ကို ခဏလောက် မောဟိုက်စေသည်။ တစ်ဖက် လူငယ်က သူတော်စင်တစ်ပိုင်း အဆင့်၃မှ လူတစ်ဦးရော ဟုတ်သေးရဲ့လား? အရှိန်က သူ့ထက် ပိုမြန်သလို ဝိညာဥ်စွမ်းအင် ထုတ်သုံးလိုက်တဲ့ အချိန်ကတည်း သွက်လက်ချက်ပဲ။
သူ လုရွှမ် နောက်ကျောက အတောင်ပံများကို တစ်ချက် ကြည့်လိုက်ရာ ထိုအရာက ကောင်းမွန်တဲ့ ပစ္စည်းလေး ဖြစ်ကြောင်း သေချာပေါက် သိလိုက်ပြီ။ ဒါက သူ့ကို အလွန်မနာလို ဖြစ်စေပြီး ပို၍ပင် ရူးသွပ်သွားစေသည်။
တကယ်လို့သာ သူအဲဒါကို ရနိုင်ခဲ့ရင် တခြားသူတော်စင် နယ်ပယ်က လူတွေကို စောက်ဂရုစိုက်စရာတောင် မလိုတော့ဘူး။
လုရွှမ်သည် စိမ်းပြာနဂါးနှလုံး၏ ခံနိုင်ရည်အားဖြင့် ရင်ဘတ်တွေက တဒိန်းဒိန်း ခုန်နေသည်။ သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ။
သို့သော် သူတော်စင်သည် သူတော်စင်သာ ဖြစ်သည်။ အထူးသဖြင့် မော့လင်းသည် အဘိုးကြီးချန်းရွှင်နှင့် နှိုင်းယှဉ်ရန် ဝေးကွာလှသည်။ သူသည် ဒါဇင်နှင့်ချီ၍ လက်ဝါးချက်များကို ကြိမ်ဖန်များစွာ ပစ်ခတ်ခဲ့သော်လည်း တစ်ဖက်က အသက်ရှင်လျက် ကျန်းမာနေသေးသည်။
"အတူတူ သွားသတ်ရအောင်!"
အဘိုးကြီးချန်းရွှင် လျင်မြန်စွာ လိုက်သွားကာ လက်နက်မျိုးစုံကို ပစ်လွှတ်လိုက်သည်။ တစ်ဖက်ကလည်း လုရွှမ်မှာ လက်ဝါးစွမ်းအင်များကို ပစ်ခတ်နေတာကြောင့် မော့လင်မှာ အော်ဟစ်နေရ၏။
အကာအကွယ် မပါဘဲ ထိုနှစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိခဲ့ပေ။ တစ်နာရီ ကြာတော့ မော့လင်သည် အရိုက်ခံရပြီး ရူးတော့မလိုပင် ဖြစ်နေ၏။
"သခင်လေး... ကျုပ်ကို အစေခံအဖြစ် သိမ်းယူချင်နေတာလား? ဟုတ်ပြီ ကျုပ်က အဘိုးကြီးချန်းရွှင်နဲ့ အတူတူပဲ... သခင်လေးကို ကျုပ်သခင်အဖြစ် အစေခံပါ့မယ် ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါလား"
"မင်းမိန်းမတွေကြိုက်ရင် ကိစ္စမရှိဘူး.... ဒီကမ္ဘာမှာ ပျံ့လွင့်နေတဲ့ တောခွေးတွေ ရှိတယ် တချို့က သူတို့ကိုယ်သူတို့ မြှုပ်နှံလိုစိတ်ရှိပေမယ့် တချို့လူတွေရဲ့ စိတ်ဆန္ဒကိုတော့ မင်းလှည့်စားပြီး ရအောင် မကြိုးစားသင့်ဘူး.... ဒါက ငါမကြိုက်တဲ့ အဓိကအချက်ပဲ... မင်းသေရမယ်!"
"ဒါဆိုလည်း အတူတူ သေလိုက်ရအောင်!"
မော့လင် စိတ်ပျက်လက်ပျက် ဖြစ်သွားကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင် အသွင်အပြင်များ ထွက်ပေါ်လာပြီး အလင်းရောင်များ ပွင့်ထွက်ကာ ပေါက်ကွဲတော့မလို ဖြစ်လာသည်။
လုရွှမ် နှာမှုတ်လိုက်သည်။
ဒီလူက တကယ့်ကို သတ္တိရှိတာပဲ။ သေရဲပေမယ့် သူ့ရဲ့ အခင်းအကျင်း ပုံစံထဲမှာတော့ သူ့ကိုပါ ဆွဲခေါ်သွားဖို့ မဖြစ်နိုင်ဘူးလေ။ လုရွှမ် အဘိုးကြီးချန်းရွှင်ကို ဖမ်းကိုင်လိုက်ပြီး နှစ်ယောက်စလုံးသည် အခင်းအကျင်းထဲမှ ဆုတ်ခွာသွားကြသည်။
မော့လင်ခမျာ ၎င်းတို့နှစ်ဦး ပျောက်ကွယ်သွားတဲ့ အသွင်အပြင်ကို ငေးစိုက်ကြည့်ရင်း အောက်ဖက်ရှိ စိတ်ပျက်လက်ပျက် အော်သံများကြားတွင် သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။
လေထုသည် အထပ်ထပ် အခါခါ တုန်ခါသွားကာ ပြင်းထန်သော လေလှိုင်းများ အရပ်ရပ်သို့ ပေါက်ကွဲထွက်ကာ ပိုင်လုံမြို့ တစ်ခုလုံးကို ထိတ်လန့်စေကာ ကီလိုမီတာ သောင်းနှင့်ချီဝေးသော အကွာအဝေးကပင် ဤပေါက်ကွဲမှုကို ခံစားရနိုင်လေသည်။
လုရွှမ်သည် ထိုအမျိုးသမီးများကို ပိတ်မိနေစေသော အခင်းအကျင်း ဖွဲ့စည်းပုံကို ဖွင့်ရန် သူ့လက်ကို ဝှေ့ယမ်းပြီးနောက် ချန်းရွှင်ခေါ်၍ လှည့်ထွက်လာခဲ့သည်။
ပိုင်လုံမြို့၏ ထျန်းလုံကျောင်းတော်မှ နေထိုင်သူများသည် ကြီးမားသော ခန်းမကြီးထဲတွင် ပြည့်ကျပ်နေသည်။ အဓိကထိုင်ခုံတွင် ထိုင်နေသူမှာ သက်လတ်ပိုင်း အရွယ် အမျိုးသားဖြစ်၏။
သူ့အသက်ရှူသံက ပြင်းထန်ကာ မျက်နှာက မည်းမှောင်နေတဲ့ ထိုသူမှာ ထျန်းလုံကျောင်းတော်က ကျောင်းသားဟောင်း ဟွမ်သွမ်းပဲ ဖြစ်သည်။
ပုလ္လင်အောက်မှာတော့ ဝမ်ဟေးလျန် နဲ့ တခြားသူတွေ ထိုင်နေကြပြီး လူတစ်စုက ဟွမ်သွမ်းကို အံ့သြတကြီး စူးစမ်းကြည့်နေကြလေသည်။
"အဘိုးကြီးချန်းရွှင်ရဲ့ အချိန်ကန့်သတ်ချက်က ရောက်လာပြီလား? သူ့ကိုယ်သူ ကုသရင်း အသက်ဆွဲဆန့်ထားတာ နှစ်အနည်းငယ် ကျန်သေးတယ် မဟုတ်လား?"
သူတော်စင် တစ်ယောက်အနေနဲ့ ဟွမ်သွမ်းက ဒါကို ရှင်းရှင်းလင်းလင်း ခံစားရလေသည်။
သူတို့သုံးဦးသည် ပိုင်လုံမြို့တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ကြပြီး တစ်ယောက်ကို တစ်ယောက် သိကျွမ်း၍ မိတ်ဆွေအဖြစ် မှတ်ယူခဲ့ကြရာ ယခုအခါ ၎င်းတို့အနက်မှ တစ်ဦးသေဆုံးသွားသည့်အတွက် ဟွမ်သွမ်းသည် နားမလည်နိုင်စွာ စိတ်ဓာတ်ကျနေခဲ့သည်။
ကျင့်ကြံခြင်းသည် အသက်ရှည်သော်လည်း ဘယ်သူက အမှန်တကယ် ထာဝရ အသက်ရှင်နိုင်မှာလဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာခန့်က တိမ်ပင်လယ် နယ်မြေကို အုပ်စိုးခဲ့သော ဧကရာဇ်ငါးပါးထဲက တချို့ဟာလည်း အားလုံး သေဆုံးသွားခဲ့ကြသည် မဟုတ်ပေလော။
"ဒီမှာ မင်းတို့ နေခဲ့ကြ... ငါသွားကြည့်မယ်!"
ဟွမ်သွမ်းလည်း ထျန်းလုံကျောင်းတော် နေအိမ်မှ ပျံသန်း ထွက်လာခဲ့သည်။
ဟွမ်သွမ်း ထွက်သွားပြီး နောက်တွင် ပိုင်လုံမြို့ရှိ ထျန်းလုံကျောင်းတော်ရဲ့ နေအိမ်ရှေ့တွင် လူနှစ်ယောက် တိတ်တဆိတ် ထွက်ပေါ်လာခဲ့သည်။ လုရွှမ်သည် နတ်ဆိုးဓားကို ကျောက်စိမ်းပြားထဲ ပြန်ထည့်ကာ အိမ်ထဲသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်ဝင်လာခဲ့သည်။
"သခင်လေး... သခင်လေးကတော့ ဉာဏ်ကြီးရှင်ပဲ... ဟွမ်သွမ်း ထွက်သွားပြီး စစ်ဆေးကြည့်မယ် ဆိုတာကို တွက်ချက်ထားပြီးသားကိုး..."
"မြှောက်ပင့်နေတာကို ရပ်လိုက်... မြန်မြန် လူသွားကယ်တော့!"
"ဟုတ်ကဲ့!"
အဘိုးကြီးချန်းရွှင်လည်း ခန်းမထဲသို့ ပြေးဝင်သွားစဥ် လေပြင်းများ တိုက်ခတ်သွားတာကြောင့် ဝမ်ဟေးလျန်တို့ အားလုံး လွင့်ထွက်သွားကြသည်။
မကြာမီတွင် လုရွှမ် မင်းသမီးပိုင်လုံရဲ့ အဘွားကို တွေ့ရှိခဲ့သော်လည်း သူမသည် နှိပ်စက်ညှဉ်းပန်းမှု များစွာကို မခံထားရပေ။ လုရွှမ်လည်း စာတစ်စောင် ချန်ထားခဲ့ကာ သူမကို ထုတ်ယူလာခဲ့သည်။
"အဘွား!"
အဘွားအိုကို မြင်တော့ မင်းသမီးပိုင်လုံက သူမကိုတွေ့ဖို့ အပြေးအလွှား ရောက်လာပြီး သူမလက်ထဲ ပွေ့ချီထားလေသည်။ အဘွားအို ပြန်သတိရလာသောအခါ လုရွှမ်လည်း
"မင်းသမီး... ကျုပ် ထွက်သွားတော့မယ် တော်ဝင်မြို့တော်ကို သွားမှာ..."
သူ စကားမဆုံးခင်မှာ မင်းသမီးပိုင်လုံက
"ဒါဆို ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ် တော်ဝင်မြို့တော်ကို ပြန်သွားပြီး ရာဇပလ္လင်အတွက် တိုက်ပွဲဝင်ချင်တယ်!"
လုရွှမ် ပြုံးကာ အဘွားအိုကို လှည့်ကြည့်လိုက်တော့ အဘွားအိုက ခေါင်းအသာ ညိတ်ပြရင်း။
"ရှောင်ပိုင်... အဘွား မင်းကို ထောက်ခံပေးမယ်"
ယခုတော့ သူတို့နှစ်ယောက် အတူတူ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြသဖြင့် လုရွှမ် အလျင်စလို မလုပ်တော့ဘဲ မင်းသမီးပိုင်လုံ၏ ပြင်ဆင်တာကို စောင့်နေလိုက်သည်။ အဘိုးကြီးချန်းရွှင်သည် ဟွမ်သွမ်း လာမည်ကို စိုးရိမ်နေသော်လည်း နောက်ပိုင်းတွင် သူ မမျှော်လင့်ထားတာက ရက်အနည်းငယ်အထိ မပေါ်လာခဲ့ချေ။
ဟွမ်သွမ်း တော်ဝင်မြို့တော်သို့ အလောတကြီး ပြန်သွားခဲ့ကြောင်း သတင်းများ တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။
အရာအားလုံး ပြင်ဆင်ပြီးသောအခါ မင်းသမီးပိုင်လုံနှင့် သူမ၏အဖွဲ့သည် ထျန်းလုံဧကရာဇ် အင်ပါယာ၏ တော်ဝင်မြို့တော်သို့ စတင် ခရီးထွက်ခွာခဲ့သည်။
နှစ်ဝက်ခန့် ကြာသောအခါ ထျန်းလုံဧကရာဇ် အင်ပါယာ၏ တော်ဝင်မြို့တော် ဖြစ်သော ထျန်းလုံမြို့တွင် လူတစ်စု ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ မကြာမီတွင် မင်းသမီးပိုင်လုံ ပြန်လာကြောင်း သတင်းများ ပျံ့နှံ့သွားခဲ့သည်။
တစ်ချိန်က ဧကရာဇ်မြို့တော်မှာ တည်ရှိခဲ့တဲ့ မင်းသမီးပိုင်လုံရဲ့ ချင်းယွီဓားက နဂါးဖြူဓား အဖြစ် ပြောင်းလဲသွားခြင်းကို လွန်ခဲ့တဲ့ လအနည်းငယ်က ဧကရာဇ်မြို့တော်၌ သတင်းမွှေးနေခဲ့တာ ဖြစ်သည်။
မရေမတွက်နိုင်သော ဂုဏ်သရေရှိ လူကြီးများသည် အင်ပါယာရှိ နံပါတ်တစ် ဓားအဖြစ် အမွှမ်းတင်ခံထားရသော နဂါးဖြူဓားကို အလွန်အမင်း မြင်ဖူးလိုကြသည်။
မြို့၏ အနောက်ဘက်၌ တိတ်ဆိတ်သော ရင်ပြင်တစ်ခုဝယ် နွေဦးပေါက်သစ်ခွနှင့် ဆောင်းဦးဂန္ဓမာပင် များကဲ့သို့ အေးချမ်းသော အလှတရားများဖြင့် နတ်သမီး လေးပါးတို့ ထိုင်နေကြသည်။
ဓားမျက်ခုံးနှင့် အမျိုးသမီးတစ်ဦးက ရုတ်တရက် ခပ်တိုးတိုးလေး ဟစ်အော်လိုက်လေ၏။
“အဲဒီဓားအတုကို လုပ်တဲ့သူက ဘယ်သူလဲဆိုတာ ကြည့်ရသေးတာပေါ့...."
Chapter (150) Arc 4
ၿမိဳ႕ေတာ္ကို ေရာက္ၿပီ
အဖိုးအိုခ်န္း႐ႊင္သည္ ေလးစားစြာျဖင့္ အလ်င္အျမန္ ေနာက္သို႔ ဆုတ္သြားခဲ့သည္။ ယခုအခ်ိန္တြင္ သူလည္း အနည္းငယ္ ပင္ပန္းေနၿပီ။
အခ်ိန္ သိပ္မက်န္ေတာ့မွန္း သိတဲ့အတြက္ ဒီႏွစ္ေတြမွာ သူဘာမွမလုပ္ခဲ့ဘဲ တျခားသူေတြကို ေၾကာက္ဖို႔ သူ႕အရင္က အရွိန္အဟုန္ကို သုံးခဲ့ရသည္။
ေမာ့လင္ သူ႕လက္ထဲမွာ လက္နက္မရွိတာေၾကာင့္ သူသိပ္မစိုးရိမ္ဘဲ လႈပ္ရွားခဲ့တာ။ ေမာ့လင္သာ တုံ႕ျပန္လာခဲ့ရင္ ဘယ္သူက ဘယ္သူ႕ကို သတ္ပစ္မယ္ဆိုတာ ေျပာလို႔ မရဘူး။
ထိုအခိုက္ ေမာ့လင္က သက္ျပင္းတစ္ခ်က္ခ်ကာ လု႐ႊမ္ကို စိုက္ၾကည့္လိုက္သည္။
"ေကာင္ေလး... မင္းဘာနည္းလမ္းေတြ သုံးေနလဲ? ငါဂ႐ုမစိုက္ဘူး... ငလူး!"
လု႐ႊမ္က သူ႕အား ရိုင္းစိုင္းေသာ စကားမ်ားပင္ မေျပာခိုင္းေတာ့ဘဲ နဂါးဆင္ေ႐ႊလက္ဝါးျဖင့္ တရစပ္ တိုက္ခိုက္ေလေတာ့သည္။
"နဂါးဆင္ေ႐ႊလက္ဝါး!"
သူေတာ္စင္ တစ္ဦးအေနျဖင့္ ေမာ့လင္သည္ သဘာဝက်က် သိုင္းပညာမ်ား အေၾကာင္း တတ္ကြၽမ္းသူ ျဖစ္သည္။ သူသည္ ကာလၾကာရွည္စြာ ေပ်ာက္ဆုံးသြားခဲ့ေသာ နဂါးဆင္ေ႐ႊလက္ဝါးကို အမွန္တကယ္ ေတြ႕ျမင္ခဲ့ရေလၿပီ။
ဤလက္ဖဝါး၏ ႀကီးစိုးမႈကို သူသိပါ၏။ အထူးသျဖင့္ သူ၏ လက္ရွိ အေျခအေနနဲ႕ သူဘယ္လိုမ်ား ခံနိုင္ရည္ရွိမပါ့မလဲ။
"ေလဟာနယ္ ေလျပင္းလက္ဝါး?? ဟ မင္းဘယ္သူလဲကြ!!"
နဂါးဆင္ေ႐ႊလက္ဝါးကို ေရွာင္ၿပီးေနာက္ ေမာ့လင္သည္ ေလဟာနယ္ ေလျပင္းလက္ဝါးက ထပ္ေရာက္လာရာ ထိတ္လန႔္သြားရျပန္သည္။ ဒီထူးျခားတဲ့ စြမ္းရည္ႏွစ္ခုကို သင္ယူနိုင္သူက သာမန္လူေရာ ျဖစ္နိုင္ပါ့မလား။
"လူသားနဲ႕ဓား ေပါင္းစည္းမႈ?"
ေမာ့လင္ ေျပးျပန္ရၿပီ။ ဒါႀကီးက အရင္က အဘိုးႀကီးခ်န္း႐ႊင္ဆီက ဖိႏွိမ္ခံရတာထက္ကို အဆင္မေျပေနဘူး။
သူသည္ ဓားသမား ျဖစ္လို႔ သူ႕ခႏၶာကိုယ္ထဲတြင္ ဓားမပါေသာ သိုင္းပညာမ်ားစြာ ရွိေသာ္လည္း ၎တို႔၏ စြမ္းအားကို မျပသနိုင္ေသးေပ။ ဒီေကာင္ေလးရဲ႕ လက္က လြတ္ဖို႔ သူ႕ခႏၶာကိုယ္ကို အားကိုးေနစဥ္ လု႐ႊမ္ရဲ႕ ခႏၶာကိုယ္ထဲက အဝါေရာင္ စြမ္းအင္ေတာက္ေတာက္ကို ျမင္လိုက္ရသည့္ အခိုက္တြင္ သူ႕အေတြးမ်ား လုံးဝ လြင့္စင္သြားခဲ့သည္။
"ဆင္သံခ်ပ္ေ႐ႊကိုယ္ထည္?"
'ဘုရားေရ ဒါက ဘယ္လို မေကာင္းဆိုးဝါးႀကီးလဲ?'
"အခင္းအက်င္း? မင္းက အခင္းအက်င္း ပညာရွင္လား?"
"စိတ္ဝိညာဥ္ စြမ္းအား? မင္းက ဝိညာဥ္သခင္ပါ ျဖစ္ေနေသးတာလား?"
ေမာ့လင္ အေရွ႕မွ အေနာက္သို႔ လုယက္ေျပးၿပီးေနာကိ ေတာင္မွေျမာက္သို႔ အလိုက္ခံရျပန္၏။ သူသည္ တလမ္းလုံး ရွက္႐ြံ႕စြာျဖင့္ တိုက္ခိုက္မႈ အမ်ားစုကို လြတ္ေျမာက္ခဲ့ေသာ္လည္း ေနာက္ထပ္ တိုက္ခိုက္မႈ အနည္းငယ္က ရွိေသးသည္။
တိုက္ခိုက္မႈရဲ႕ အစြမ္းသတၱိက သူ႕ကို ခဏေလာက္ ေမာဟိုက္ေစသည္။ တစ္ဖက္ လူငယ္က သူေတာ္စင္တစ္ပိုင္း အဆင့္၃မွ လူတစ္ဦးေရာ ဟုတ္ေသးရဲ႕လား? အရွိန္က သူ႕ထက္ ပိုျမန္သလို ဝိညာဥ္စြမ္းအင္ ထုတ္သုံးလိုက္တဲ့ အခ်ိန္ကတည္း သြက္လက္ခ်က္ပဲ။
သူ လု႐ႊမ္ ေနာက္ေက်ာက အေတာင္ပံမ်ားကို တစ္ခ်က္ ၾကည့္လိုက္ရာ ထိုအရာက ေကာင္းမြန္တဲ့ ပစၥည္းေလး ျဖစ္ေၾကာင္း ေသခ်ာေပါက္ သိလိုက္ၿပီ။ ဒါက သူ႕ကို အလြန္မနာလို ျဖစ္ေစၿပီး ပို၍ပင္ ႐ူးသြပ္သြားေစသည္။
တကယ္လို႔သာ သူအဲဒါကို ရနိုင္ခဲ့ရင္ တျခားသူေတာ္စင္ နယ္ပယ္က လူေတြကို ေစာက္ဂ႐ုစိုက္စရာေတာင္ မလိုေတာ့ဘူး။
လု႐ႊမ္သည္ စိမ္းျပာနဂါးႏွလုံး၏ ခံနိုင္ရည္အားျဖင့္ ရင္ဘတ္ေတြက တဒိန္းဒိန္း ခုန္ေနသည္။ သူက ဘယ္သူ႕ကို ေၾကာက္ေနရမွာလဲ။
သို႔ေသာ္ သူေတာ္စင္သည္ သူေတာ္စင္သာ ျဖစ္သည္။ အထူးသျဖင့္ ေမာ့လင္းသည္ အဘိုးႀကီးခ်န္း႐ႊင္ႏွင့္ ႏွိုင္းယွဥ္ရန္ ေဝးကြာလွသည္။ သူသည္ ဒါဇင္ႏွင့္ခ်ီ၍ လက္ဝါးခ်က္မ်ားကို ႀကိမ္ဖန္မ်ားစြာ ပစ္ခတ္ခဲ့ေသာ္လည္း တစ္ဖက္က အသက္ရွင္လ်က္ က်န္းမာေနေသးသည္။
"အတူတူ သြားသတ္ရေအာင္!"
အဘိုးႀကီးခ်န္း႐ႊင္ လ်င္ျမန္စြာ လိုက္သြားကာ လက္နက္မ်ိဳးစုံကို ပစ္လႊတ္လိုက္သည္။ တစ္ဖက္ကလည္း လု႐ႊမ္မွာ လက္ဝါးစြမ္းအင္မ်ားကို ပစ္ခတ္ေနတာေၾကာင့္ ေမာ့လင္မွာ ေအာ္ဟစ္ေနရ၏။
အကာအကြယ္ မပါဘဲ ထိုႏွစ္ေယာက္ရဲ႕ တိုက္ခိုက္မႈကို ခံနိုင္ရည္ မရွိခဲ့ေပ။ တစ္နာရီ ၾကာေတာ့ ေမာ့လင္သည္ အရိုက္ခံရၿပီး ႐ူးေတာ့မလိုပင္ ျဖစ္ေန၏။
"သခင္ေလး... က်ဳပ္ကို အေစခံအျဖစ္ သိမ္းယူခ်င္ေနတာလား? ဟုတ္ၿပီ က်ဳပ္က အဘိုးႀကီးခ်န္း႐ႊင္နဲ႕ အတူတူပဲ... သခင္ေလးကို က်ဳပ္သခင္အျဖစ္ အေစခံပါ့မယ္ ေက်းဇူးျပဳၿပီး က်ဳပ္ကို လႊတ္ေပးပါလား"
"မင္းမိန္းမေတြႀကိဳက္ရင္ ကိစၥမရွိဘူး.... ဒီကမၻာမွာ ပ်ံ့လြင့္ေနတဲ့ ေတာေခြးေတြ ရွိတယ္ တခ်ိဳ႕က သူတို႔ကိုယ္သူတို႔ ျမႇုပ္ႏွံလိုစိတ္ရွိေပမယ့္ တခ်ိဳ႕လူေတြရဲ႕ စိတ္ဆႏၵကိုေတာ့ မင္းလွည့္စားၿပီး ရေအာင္ မႀကိဳးစားသင့္ဘူး.... ဒါက ငါမႀကိဳက္တဲ့ အဓိကအခ်က္ပဲ... မင္းေသရမယ္!"
"ဒါဆိုလည္း အတူတူ ေသလိုက္ရေအာင္!"
ေမာ့လင္ စိတ္ပ်က္လက္ပ်က္ ျဖစ္သြားကာ သူ႕ခႏၶာကိုယ္ေပၚရွိ စြမ္းအင္ အသြင္အျပင္မ်ား ထြက္ေပၚလာၿပီး အလင္းေရာင္မ်ား ပြင့္ထြက္ကာ ေပါက္ကြဲေတာ့မလို ျဖစ္လာသည္။
လု႐ႊမ္ ႏွာမႈတ္လိုက္သည္။
ဒီလူက တကယ့္ကို သတၱိရွိတာပဲ။ ေသရဲေပမယ့္ သူ႕ရဲ႕ အခင္းအက်င္း ပုံစံထဲမွာေတာ့ သူ႕ကိုပါ ဆြဲေခၚသြားဖို႔ မျဖစ္နိုင္ဘူးေလ။ လု႐ႊမ္ အဘိုးႀကီးခ်န္း႐ႊင္ကို ဖမ္းကိုင္လိုက္ၿပီး ႏွစ္ေယာက္စလုံးသည္ အခင္းအက်င္းထဲမွ ဆုတ္ခြာသြားၾကသည္။
ေမာ့လင္ခမ်ာ ၎တို႔ႏွစ္ဦး ေပ်ာက္ကြယ္သြားတဲ့ အသြင္အျပင္ကို ေငးစိုက္ၾကည့္ရင္း ေအာက္ဖက္ရွိ စိတ္ပ်က္လက္ပ်က္ ေအာ္သံမ်ားၾကားတြင္ သူ၏ ခႏၶာကိုယ္သည္ ျပင္းထန္စြာ ေပါက္ကြဲသြားေတာ့သည္။
ေလထုသည္ အထပ္ထပ္ အခါခါ တုန္ခါသြားကာ ျပင္းထန္ေသာ ေလလွိုင္းမ်ား အရပ္ရပ္သို႔ ေပါက္ကြဲထြက္ကာ ပိုင္လုံၿမိဳ႕ တစ္ခုလုံးကို ထိတ္လန႔္ေစကာ ကီလိုမီတာ ေသာင္းႏွင့္ခ်ီေဝးေသာ အကြာအေဝးကပင္ ဤေပါက္ကြဲမႈကို ခံစားရနိုင္ေလသည္။
လု႐ႊမ္သည္ ထိုအမ်ိဳးသမီးမ်ားကို ပိတ္မိေနေစေသာ အခင္းအက်င္း ဖြဲ႕စည္းပုံကို ဖြင့္ရန္ သူ႕လက္ကို ေဝွ႕ယမ္းၿပီးေနာက္ ခ်န္း႐ႊင္ေခၚ၍ လွည့္ထြက္လာခဲ့သည္။
ပိုင္လုံၿမိဳ႕၏ ထ်န္းလုံေက်ာင္းေတာ္မွ ေနထိုင္သူမ်ားသည္ ႀကီးမားေသာ ခန္းမႀကီးထဲတြင္ ျပည့္က်ပ္ေနသည္။ အဓိကထိုင္ခုံတြင္ ထိုင္ေနသူမွာ သက္လတ္ပိုင္း အ႐ြယ္ အမ်ိဳးသားျဖစ္၏။
သူ႕အသက္ရႉသံက ျပင္းထန္ကာ မ်က္ႏွာက မည္းေမွာင္ေနတဲ့ ထိုသူမွာ ထ်န္းလုံေက်ာင္းေတာ္က ေက်ာင္းသားေဟာင္း ဟြမ္သြမ္းပဲ ျဖစ္သည္။
ပုလႅင္ေအာက္မွာေတာ့ ဝမ္ေဟးလ်န္ နဲ႕ တျခားသူေတြ ထိုင္ေနၾကၿပီး လူတစ္စုက ဟြမ္သြမ္းကို အံ့ၾသတႀကီး စူးစမ္းၾကည့္ေနၾကေလသည္။
"အဘိုးႀကီးခ်န္း႐ႊင္ရဲ႕ အခ်ိန္ကန႔္သတ္ခ်က္က ေရာက္လာၿပီလား? သူ႕ကိုယ္သူ ကုသရင္း အသက္ဆြဲဆန့္ထားတာ ႏွစ္အနည္းငယ္ က်န္ေသးတယ္ မဟုတ္လား?"
သူေတာ္စင္ တစ္ေယာက္အေနနဲ႕ ဟြမ္သြမ္းက ဒါကို ရွင္းရွင္းလင္းလင္း ခံစားရေလသည္။
သူတို႔သုံးဦးသည္ ပိုင္လုံၿမိဳ႕တြင္ အခ်ိန္အေတာ္ၾကာ ေနထိုင္ခဲ့ၾကၿပီး တစ္ေယာက္ကို တစ္ေယာက္ သိကြၽမ္း၍ မိတ္ေဆြအျဖစ္ မွတ္ယူခဲ့ၾကရာ ယခုအခါ ၎တို႔အနက္မွ တစ္ဦးေသဆုံးသြားသည့္အတြက္ ဟြမ္သြမ္းသည္ နားမလည္နိုင္စြာ စိတ္ဓာတ္က်ေနခဲ့သည္။
က်င့္ႀကံျခင္းသည္ အသက္ရွည္ေသာ္လည္း ဘယ္သူက အမွန္တကယ္ ထာဝရ အသက္ရွင္နိုင္မွာလဲ။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းသုံးရာခန႔္က တိမ္ပင္လယ္ နယ္ေျမကို အုပ္စိုးခဲ့ေသာ ဧကရာဇ္ငါးပါးထဲက တခ်ိဳ႕ဟာလည္း အားလုံး ေသဆုံးသြားခဲ့ၾကသည္ မဟုတ္ေပေလာ။
"ဒီမွာ မင္းတို႔ ေနခဲ့ၾက... ငါသြားၾကည့္မယ္!"
ဟြမ္သြမ္းလည္း ထ်န္းလုံေက်ာင္းေတာ္ ေနအိမ္မွ ပ်ံသန္း ထြက္လာခဲ့သည္။
ဟြမ္သြမ္း ထြက္သြားၿပီး ေနာက္တြင္ ပိုင္လုံၿမိဳ႕ရွိ ထ်န္းလုံေက်ာင္းေတာ္ရဲ႕ ေနအိမ္ေရွ႕တြင္ လူႏွစ္ေယာက္ တိတ္တဆိတ္ ထြက္ေပၚလာခဲ့သည္။ လု႐ႊမ္သည္ နတ္ဆိုးဓားကို ေက်ာက္စိမ္းျပားထဲ ျပန္ထည့္ကာ အိမ္ထဲသို႔ ေျခလွမ္းက်ဲႀကီးျဖင့္ ေလွ်ာက္ဝင္လာခဲ့သည္။
"သခင္ေလး... သခင္ေလးကေတာ့ ဉာဏ္ႀကီးရွင္ပဲ... ဟြမ္သြမ္း ထြက္သြားၿပီး စစ္ေဆးၾကည့္မယ္ ဆိုတာကို တြက္ခ်က္ထားၿပီးသားကိုး..."
"ျမႇောက္ပင့္ေနတာကို ရပ္လိုက္... ျမန္ျမန္ လူသြားကယ္ေတာ့!"
"ဟုတ္ကဲ့!"
အဘိုးႀကီးခ်န္း႐ႊင္လည္း ခန္းမထဲသို႔ ေျပးဝင္သြားစဥ္ ေလျပင္းမ်ား တိုက္ခတ္သြားတာေၾကာင့္ ဝမ္ေဟးလ်န္တို႔ အားလုံး လြင့္ထြက္သြားၾကသည္။
မၾကာမီတြင္ လု႐ႊမ္ မင္းသမီးပိုင္လုံရဲ႕ အဘြားကို ေတြ႕ရွိခဲ့ေသာ္လည္း သူမသည္ ႏွိပ္စက္ညွဥ္းပန္းမႈ မ်ားစြာကို မခံထားရေပ။ လု႐ႊမ္လည္း စာတစ္ေစာင္ ခ်န္ထားခဲ့ကာ သူမကို ထုတ္ယူလာခဲ့သည္။
"အဘြား!"
အဘြားအိုကို ျမင္ေတာ့ မင္းသမီးပိုင္လုံက သူမကိုေတြ႕ဖို႔ အေျပးအလႊား ေရာက္လာၿပီး သူမလက္ထဲ ေပြ႕ခ်ီထားေလသည္။ အဘြားအို ျပန္သတိရလာေသာအခါ လု႐ႊမ္လည္း
"မင္းသမီး... က်ဳပ္ ထြက္သြားေတာ့မယ္ ေတာ္ဝင္ၿမိဳ႕ေတာ္ကို သြားမွာ..."
သူ စကားမဆုံးခင္မွာ မင္းသမီးပိုင္လုံက
"ဒါဆို ကြၽန္မ ရွင္နဲ႕အတူ လိုက္ခဲ့မယ္ ေတာ္ဝင္ၿမိဳ႕ေတာ္ကို ျပန္သြားၿပီး ရာဇပလႅင္အတြက္ တိုက္ပြဲဝင္ခ်င္တယ္!"
လု႐ႊမ္ ၿပဳံးကာ အဘြားအိုကို လွည့္ၾကည့္လိုက္ေတာ့ အဘြားအိုက ေခါင္းအသာ ညိတ္ျပရင္း။
"ေရွာင္ပိုင္... အဘြား မင္းကို ေထာက္ခံေပးမယ္"
ယခုေတာ့ သူတို႔ႏွစ္ေယာက္ အတူတူ ထြက္ခြာဖို႔ ဆုံးျဖတ္လိုက္ၾကသျဖင့္ လု႐ႊမ္ အလ်င္စလို မလုပ္ေတာ့ဘဲ မင္းသမီးပိုင္လုံ၏ ျပင္ဆင္တာကို ေစာင့္ေနလိုက္သည္။ အဘိုးႀကီးခ်န္း႐ႊင္သည္ ဟြမ္သြမ္း လာမည္ကို စိုးရိမ္ေနေသာ္လည္း ေနာက္ပိုင္းတြင္ သူ မေမွ်ာ္လင့္ထားတာက ရက္အနည္းငယ္အထိ မေပၚလာခဲ့ေခ်။
ဟြမ္သြမ္း ေတာ္ဝင္ၿမိဳ႕ေတာ္သို႔ အေလာတႀကီး ျပန္သြားခဲ့ေၾကာင္း သတင္းမ်ား တျဖည္းျဖည္း ထြက္ေပၚလာခဲ့သည္။
အရာအားလုံး ျပင္ဆင္ၿပီးေသာအခါ မင္းသမီးပိုင္လုံႏွင့္ သူမ၏အဖြဲ႕သည္ ထ်န္းလုံဧကရာဇ္ အင္ပါယာ၏ ေတာ္ဝင္ၿမိဳ႕ေတာ္သို႔ စတင္ ခရီးထြက္ခြာခဲ့သည္။
ႏွစ္ဝက္ခန့္ ၾကာေသာအခါ ထ်န္းလုံဧကရာဇ္ အင္ပါယာ၏ ေတာ္ဝင္ၿမိဳ႕ေတာ္ ျဖစ္ေသာ ထ်န္းလုံၿမိဳ႕တြင္ လူတစ္စု ေကာင္းကင္မွ ဆင္းသက္လာခဲ့သည္။ မၾကာမီတြင္ မင္းသမီးပိုင္လုံ ျပန္လာေၾကာင္း သတင္းမ်ား ပ်ံ့ႏွံ႕သြားခဲ့သည္။
တစ္ခ်ိန္က ဧကရာဇ္ၿမိဳ႕ေတာ္မွာ တည္ရွိခဲ့တဲ့ မင္းသမီးပိုင္လုံရဲ႕ ခ်င္းယြီဓားက နဂါးျဖဴဓား အျဖစ္ ေျပာင္းလဲသြားျခင္းကို လြန္ခဲ့တဲ့ လအနည္းငယ္က ဧကရာဇ္ၿမိဳ႕ေတာ္၌ သတင္းေမႊးေနခဲ့တာ ျဖစ္သည္။
မေရမတြက္နိုင္ေသာ ဂုဏ္သေရရွိ လူႀကီးမ်ားသည္ အင္ပါယာရွိ နံပါတ္တစ္ ဓားအျဖစ္ အမႊမ္းတင္ခံထားရေသာ နဂါးျဖဴဓားကို အလြန္အမင္း ျမင္ဖူးလိုၾကသည္။
ၿမိဳ႕၏ အေနာက္ဘက္၌ တိတ္ဆိတ္ေသာ ရင္ျပင္တစ္ခုဝယ္ ႏြေဦးေပါက္သစ္ခြႏွင့္ ေဆာင္းဦးဂႏၶမာပင္ မ်ားကဲ့သို႔ ေအးခ်မ္းေသာ အလွတရားမ်ားျဖင့္ နတ္သမီး ေလးပါးတို႔ ထိုင္ေနၾကသည္။
ဓားမ်က္ခုံးႏွင့္ အမ်ိဳးသမီးတစ္ဦးက ႐ုတ္တရက္ ခပ္တိုးတိုးေလး ဟစ္ေအာ္လိုက္ေလ၏။
အဲဒီဓားအတုကို လုပ္တဲ့သူက ဘယ္သူလဲဆိုတာ ၾကည့္ရေသးတာေပါ့...."