ထိုမှစခဲ့သော အချစ်များစွာသည်

By Fiendyy

673K 70.6K 1K

Translation of ❛ The Long-awaited Mr. Han『韩先生,情谋已久』❜ written by the author As If Dawn『恍若晨曦』. Story Cover is n... More

INTRO
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70 + Paid Group Details
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111 ~ 113
114 ~ 115
116 ~ 120
121 ~ 125
126 ~ 130
131 ~ 135
136 ~ 140
141 ~ 145
146 ~ 150
151 ~ 155
156 ~ 160
161 ~ 165
166 ~ 170
171 ~ 175
176 ~ 180
181 ~ 185
186 ~ 190
191 + 192
193 + 194
195 + 196
199 + 200
201 + 202
203 + 204
205 + 206
207 + 208
209 + 210
211

197 + 198

781 69 0
By Fiendyy

(Unicode)

အခန်း [ ၁၉၇ ]

ဟန်တုံးဖျင်က ခြောက်ခြောက်ကပ်ကပ်ရယ်လေသည်။ 
“ ငါ့မှာတော့ မင်းကို ခပ်မြင့်မြင့်တွေပဲ မှန်းထားတယ်ထင်နေတာ ခုကျတော့ သာမန်အမျိုးသမီးတစ်ယောက်ကို ကြွေဆင်းသွားတယ်တဲ့လား ”

“ အို ဘာဖြစ်ဖြစ် သိုက်ယီးရန်ထက်တော့ သာနေတာပဲဥစ္စာ။ အဲ့ဒီသာမန်အမျိုးသမီးကပဲ သိုက်ယီးရန်ကို အပြတ်အသတ် အနိုင်ယူသွားတာ မဟုတ်ဘူးလား။ သိုက်ယီးရန်ကဖြင့် သာမန်လို့တောင် ပြောမရဘူး။ အစ်ကိုကြီးရဲ့အကြိုက်ကလည်း ဆိုးဝါးလိုက်ပါပေ့ ”
ရှန်နော့က ဒေါနှင့်မောနှင့် ဝင်ပြောတော့သည်။

ဟန်တုံးဖျင် သူ့စိတ်ကို တည်ငြိမ်စေလိုက်သည်။ သူ ဒီမိန်းမနဲ့ ဖက်ပြိုင်ပြောလို့မဖြစ်!

“ မေမေ ”

ဟန်ကျိုးလီ အားရဝမ်းသာ ကြည့်လိုက်ပေမယ့် ရှန်နော့က ခပ်ပြတ်ပြတ်ပဲ ဆို၏။

“ မင်း ပျော်စရာ ဘာမှမပါဘူးနော်။ မေမေပြောတဲ့အထဲမှာ လုမန်ကို လက်ခံတယ်ဆိုတာမျိုး တစ်ခွန်းမှ မပါသေးဘူး။ မေမေ့အမြင်အတိုင်းပြောရရင် သံသယရှိသေးတယ် ”

ဘွားဟန်နှင့် ရှန်နော့တို့ လုမန်ကို လက်မခံနိုင်အောင် ဖြစ်နေလိမ့်မည်ဟု ဟန်ကျိုးလီ မထင်ထားမိပေ။

သို့ပေမယ့် သူ့နောက်ကွယ်မှာ သူ့မိသားစုဝင်တွေ လုမန်ကို တစ်ခုခုလုပ်မှာမျိုးတော့ စိတ်မပူမိပါ။

ဘိုးဘိုးဟန်နှင့် ဟန်ရှီးကျင့်တို့နှစ်ယောက်လုံးက သဘောထားကြီးသူတွေဖြစ်ကာ ဒီလိုကိစ္စသေးသေးလေးတွေအပေါ်မှာ အရေးတယူလုပ်မည်မဟုတ်ပေ။

ဘွားဘွားဟန်နှင့် ရှန်နော့ကျတော့ ရိုးသားဖြောင့်မတ်သည့် စရိုက်ရှိသူတွေဖြစ်လို့ ကျေနပ်အားရခြင်းမရှိလျှင်တောင်မှ ချုံခိုတိုက်ခိုက်သလို အပေါစားလှည့်ကွက်တွေကို သုံးမည် မဟုတ်။

“ ခု သဘောမကျတာက လူချင်းမတွေ့ရသေးလို့ နားမလည်တာကြောင့်လည်း ဖြစ်နိုင်တာပဲ ”
ဟန်ကျိုးလီသည် လက်ဖက်ရည်ခွက်နှစ်ခွက်ကို မယူလိုက်ကာ ဘွားဟန်နှင့် ရှန်နော့ကို တစ်ခွက်စီ ကမ်းပေးလိုက်၏။
“ ရိုးရိုးသားသားပြောရရင် သူလည်း တစ်ခါတလေတော့ နည်းနည်းတုံးပါတယ် ”

“ မသိဘူး ဘာဖြစ်ဖြစ် မင်းသူ့ကိုခေါ်မလာရဘူး ”
ဘွားဟန်က လက်ဖက်ရည်ခွက်ကိုတော့ လက်ခံသည်။

“ ဘွား မဟုတ်တော့ဘူး။ ချစ်သူမရှိတုန်းကကျ ကျွန်တော့်ကို အတင်းနှင်ထုတ်တယ်။ အိမ်ထဲပေးမဝင်ဘူး။ ခု ချစ်သူကောင်မလေး ရပြီဆိုတော့ ဘွားက လက်မခံပါလား ”
ဟန်ကျိုးလီ ထရပ်လိုက်သည်။
“ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ လုမန်ကို ရွေးချယ်လိုက်ပါပြီ။ ဘွားတို့က သူ့ကို အလာမခံဘူးဆိုရင် ကျွန်တော်လည်း မလာတော့ပါဘူး။ ဘွားတို့ သူ့ကိုတွေ့ဖို့ လက်ခံတဲ့အချိန်ကျမှ ကျွန်တော် သူ့ကိုခေါ်ပြီး အတူလာတွေ့ပါမယ် ”

“ ခွေးကောင်လေး! ကိုယ့်ဘွားအေကို ဒီလိုပဲ ပြောရသလား ”

“ ကျွန်တော် လုမန်ကို ရွေးချယ်ပြီးပါပြီ ဖေဖေ။ ကျွန်တော့်အသက်လည်း မငယ်တော့ပါဘူး။ ကျွန်တော့်ရဲ့အကြိုက်နဲ့ဆုံးဖြတ်ချက်ကိုတော့ ဖေဖေတို့အားလုံး ယုံကြည်ပေးသင့်ပါတယ်။ ဘွားလည်း လုမန်ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေကို မသိသေးလို့ပါ။ သိရင် ဉာဏ်များတယ်ဆိုပြီး အပြစ်တင်မှာမဟုတ်ဘူး။ သူ့မှာ ကိုယ့်ကို မကောင်းကြံချင်နေတဲ့ ဖအေရင်းကိုရော မိထွေးနဲ့ မိထွေးပါသမီးကိုရော ရင်ဆိုင်ဖြေရှင်းရတဲ့အပြင် နာမကျန်းဖြစ်နေတဲ့ မိခင်ကိုလည်း ပြုစုရသေးတယ်။ ပခုံးတွေပေါ်မှာထမ်းထားရတဲ့ ဝန်ထုပ်က လူနဲ့တောင် မလိုက်ပါဘူး။ သူ့အတွက် တော်တော်ခက်ခဲတယ်။ ကျွန်တော်ကတော့ ဉာဏ်များတာဘာမှမမှားဘူးလို့ ထင်ပါတယ်။ မေမေဆိုရင် ရိုးသားတယ်ဆိုပေမယ့် အလိမ်ခံရလောက်တဲ့အထိတော့ မအဘူးလေ ”

“ သူက လူတွေကို ကယ်တင်ဖို့ ဉာဏ်များရတာ၊ အန္တရာယ်ပေးဖို့ မဟုတ်ဘူး။ ပြောရရင် ဘွားကရော တကယ်ပဲ ဉာဏ်မများတတ်ဘူးလားဟင်။ နို့မဟုတ်ရင် သူများတွေမကောင်းကြံတာကို ဘွား ဘယ်လိုများရှောင်ရှားနိုင်ခဲ့တာလဲ။ ကိုယ်ပြုတဲ့အမှုမှာ တစ်ပါးသူကို ဒုက္ခမရောက်စေရင် အဲ့ဒါကို ဉာဏ်များတယ် ကလိမ်ကျတယ်လို့ ပြောလို့မရဘူး ဘွား အဲ့ဒါကျတော့ ဉာဏ်ရှိတာဖြစ်သွားပြီ။ သူက ထက်မြက်တဲ့သူပါ။ တခြားသူတွေ ကျွန်တော့်ကို လုပ်ကြံဖို့ ကြိုးစားနေတဲ့အချိန်မှာ သူက ကျွန်တော့်ကို စိတ်ဓာတ်ကျအားလျော့အောင် လုပ်မယ့်သူမျိုး မဟုတ်ဘူး။ အကယ်၍ ဘာမှမသိတဲ့ မလည်မဝယ်တစ်ယောက်နဲ့သာ ညားမယ်ဆိုရင် အရူးကို မယားတော်ထားရသလို ဖြစ်မနေဘူးလား ဘွား ”
ဟန်ကျိုးလီက သူ မကြိုက်ကြောင်း ပြသဖို့ နှုတ်ခမ်းတွေကို မဲ့ပစ်၏။

ဘွားဘွားဟန် “…”

ရှန်နော့ “…”

သားက သူမကို ပြောနေတာတော့ မဟုတ်ပါဘူးနော်..?

ကိုယ့်ကိုယ်ကိုယ်တော့ ထက်မြက်တယ်လို့ပဲ သူမ ထင်ထားတာ..

ဘွားဘွားဟန်က နှုတ်ခမ်းတွေကို မဲ့ပစ်လိုက်ကာ 
“ သူ့ရဲ့သနားဖို့ကောင်းတဲ့အတိတ်ကြောင့် မင်း သူ့ကို ကရုဏာသက်ပြီး ကြိုက်သွားတာတော့ မဟုတ်လောက်ပါဘူးနော် ”

“ ဘွားဗျာ .. ဒါတော့ ဘွား ကျွန်တော့်ကို အထင်သေးလိုက်တာပဲ။ လောကကြီးမှာ စာနာသနားဖို့ကောင်းတဲ့လူတွေမှ တစ်ပုံတစ်ပင်ကြီးရှိတယ်။ ကျွန်တော်က အဲ့ဒီလူတွေ အားလုံးကို လိုက်ကြိုက်ရမှာလား ပြော။ ကျွန်တော် ကိုယ့်ဟာကိုယ် သိပါတယ် ”

ဟန်ကျိုးလီ မျက်နှာမှာ နာကျင်ကြေကွဲဟန်တွေပေါ်ပေါက်လာခဲ့သဖြင့် ဘွားဘွားဟန် ရင်ထဲမှာ မကောင်း ဖြစ်သွားသည်။

“ အေးပါ အေးပါ အေးပါ ဘွား မင်းကို အထင်လွဲမိသွားတယ် ”

“ အဲ့ဒါဆို လုမန်က.. ”

“ စဥ်းစားပါရစေဦး .. ဘွား စဥ်းစားပါဦးမယ် .. မင်း ထပ်တောင်းဆိုဖို့ မကြိုးစားပါနဲ့ ”

“ သူ့ကို ဘွားနဲ့ သိခွင့်တော့ ပေးရဦးမှာနော်။ သူ ကောင်းသလား ဆိုးသလား သိရအောင် လူချင်းတွေ့သင့်တယ် မဟုတ်ဘူးလား ”
ဟန်ကျိုးလီက ပြုံးဖြဲဖြဲနဲ့ မေးလေသည်။

အခန်း [ ၁၉၈ ]

“ အဲ့ဒါ မင်းအလုပ် မဟုတ်ပါဘူး ”
ဘွားဘွားဟန်က လေသံတင်းတင်းဖြင့် အော်တော့လေ၏။

“ အင်းပါ ဘွားသဘော ”
ကံကြမ္မာ ကိုယ့်ဘက်မှာ အလေးသာနေတုန်း အပူမကပ်တော့ဖို့ ဆုံးဖြတ်လိုက်သည်။ ပြီးတော့ ဒီနေ့ည ရလဒ်ကလည်း မဆိုးလှပါဘူး.. တစ်ခါတည်း အားလုံးကို ဖြေရှင်းပြီးဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ..

ဘွားဟန်က သဘောထားကြီးကြီးနှင့် လုမန်ကို အခွင့်အရေးပေးဖို့ ဆန္ဒရှိနေပြီဆိုသည့်နောက်မှာ ဘွားဟန် လုမန်ကို သဘောကျသွားမည်ဆိုတာ သူ ယုံကြည်သည်။

လုမန်ကိုလည်း အလားတူ ယုံကြည်ပါ၏။

“ မင်း မပြန်သေးဘူးလား ”

“ ကောင်မလေးပဲ ရှိနေပြီ ဘာလို့ပြန်ရမှာလဲ။ ကျွန်တော့်ကို အသီးဖျော်ရည်တစ်ခွက်လောက်တိုက်ပါ ”

ရင်ထဲမှာ ပျော်ရွှင်မှုတွေ ချိုမြိန်မှုတွေ အပြည့်မို့ ချိုတာလေးလည်း သောက်ချင်မိ၏။

“ ငါမှ အသိအမှတ်မပြုရသေးတာဟဲ့ ”

“ ဘွားဘာသာ ပြုချင်ပြု မပြုချင်နေ ကျွန်တော့်မှာ ကောင်မလေးရှိနေပြီဆိုတဲ့အချက်အရ ဘွား ကျွန်တော့်ကို ထပ်ပြီးတော့ နှင်လို့မရတော့ဘူး ”

ဒီနေ့ကျမှ ဟန်ကျိုးလီ စိတ်ကြီးဝင်ကာ ကျေနပ်နေမိသည်။ ကောင်မလေးရခြင်းသည် သူ့ရဲ့မိမိကိုယ်မိမိ ယုံကြည်မှုအား တအားတိုးသွားစေ၏။

ထိုကောင်မလေးသာ သူ့ဇနီးဖြစ်လာခဲ့မယ်ဆိုရင် သူလည်း အားကိုးရတဲ့သူ ဖြစ်လာမှာပဲ..

***

တနင်္လာနေ့မှာ ကုမ္ပဏီကို ရောက်တော့ လူတွေ သူမကို ကြည့်ပြီး တီးတိုးပြောဆိုနေတာတွေကို သတိထားမိသည်။

လုမန် မျက်မှောင်ကုတ်ပြီး ဓာတ်လှေကားဆီကို ဦးတည်သွားလိုက်၏။

ဓာတ်လှေကားရှေ့မှာ ရပ်စောင့်တော့လည်း အားလုံးက အနားမကပ်ချင်သလို ခပ်ခွာခွာနှင့် ရွံစရာလိုမျိုး ကြည့်ကြသည်။

ဓာတ်လှေကားစီးနေစဥ်မှာလည်း ဒီလိုပဲဖြစ်၏။

နောက်, ဓာတ်လှေကားထဲကထွက်ပြီး ဌာနထဲကိုဝင်ပြန်တော့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးက အချင်းချင်း တိုးဝှေ့ပူးကပ်ကာ အတင်းအဖျင်းပြောနေကြလျက်။

သူမကို မြင်တော့ အစ်မလိက ခပ်ကြိတ်ကြိတ် ပြောလိုက်၏။
“ တော် မပြောနဲ့တော့ ”

“ ဘာဖြစ်လို့ မပြောရမှာလဲ ”

ယဲ့ရှောင်ရှင်းက ပြောဆိုမရပေ။ ရှမုံ့ရွှမ်း အားနည်းနည်းထည့်ပြီး ဆောင့်ဆွဲလိုက်၏။

ထိုအခါမှ ယဲ့ရှောင်ရှင်း ဘေးဘီလှည့်ကြည့်ပြီး လုမန်ရောက်လာတာကို မြင်သွားလေသည်။

“ အိုင်းယိုး...ပြောတော့ ဘာဖြစ်လဲ။ တို့တွေက မဟုတ်တာလုပ်ထားတာမှ မဟုတ်တာ။ တချို့တွေ ညစ်ပတ်တဲ့အကြောင်းကို တို့တွေက မပြောရဘူးလား ”

“ တော်တော့လို့ ပြောနေတယ်။ သက်သေမရှိတဲ့ စကားတွေကို ဘာဖြစ်လို့ မျက်လုံးစုံမှိတ်လျှောက်ပြောနေတာလဲ ”

“ ဘယ်မှာမျက်လုံးစုံမှိတ်လျှောက်ပြောနေလို့လဲ။ အဲ့ဒီကောလာဟလတွေကို ဖြန့်တဲ့သူက ကျွန်မ မဟုတ်ပါဘူးနော်။ ကျွန်မတောင်မှ သူများဆီကနေ ကြားလာတာ။ ဟွန်း.. ကြည့်ရတာ သူ့ရဲ့အရှုပ်ထုပ်ကို ကုမ္ပဏီတစ်ခုလုံးတောင် သိနေလောက်ပြီ ”

“ နင် ဒီလောက် စိတ်လှုပ်ရှားနေပုံထောက်ရင် အဲ့သတင်းကို ဖွတဲ့သူက နင်ပဲ ဖြစ်မှာပေါ့ ”

ချန်ရှီးမြန်သည် လုမန် အရှေ့ကလေးတင် ရောက်လာတာဖြစ်ကာ အတင်းစကားဝိုင်းမှာ ဝင်ပါခြင်းမရှိခဲ့ပေ။  

သို့ပေမယ့် ယဲ့ရှောင်ရှင်းက ကျယ်လောင်စွာ ပြောဆိုနေသည်မို့ သူတို့နှင့်ခပ်ဝေးဝေးရှိ စားပွဲမှာထိုင်နေသည့် ချန်ရှီးမြန်ပင်လျှင် ပြတ်သားသဲကွဲစွာ ကြားနေရသည်။

“ ဘာဖြစ်နေလို့လဲ ”
လုမန် မေးလိုက်၏။

“ နင် မရှက်တတ်.. ”

“ တိတ်စမ်း! ”
အစ်မလိ၏ ကြိမ်းမောင်းသံအောက်မှာ ယဲ့ရှောင်ရှင်း၏ အသံ ပျောက်ကွယ်သွား၏။ ထို့နောက် လုမန်နှင့်အတူ စားပွဲအထိ လျှောက်လာကာ
“ လုမန် နင်လည်း ဒီအကြောင်းတွေကို အနှေးနဲ့အမြန် သိလာမှာပါပဲ။ ဒါကြောင့် ပမာမခန့်နဲ့ ယဲ့ရှောင်ရှင်းဆီကနေ ကြားရမှာထက်စာရင် အခုငါပြောပြလိုက်တော့ ခံသာသေးတာပေါ့နော် ”

“ ပြောပါ အစ်မလိ ”
လုမန်က တည်တည်ငြိမ်ငြိမ်ပဲဖြစ်သည်။ အိတ်ကိုချပြီးနောက် အစ်မလိအတွက် ဘီးတပ်ကုလားထိုင်တစ်လုံး ဆွဲယူပေး၏။

အစ်မလိမျက်လုံးထောင့်တွေ တွန့်ခနဲဖြစ်သွားသည်။ လုမန် အရမ်းကို တည်ငြိမ်မနေဘူးလား..

“ ဒီအကြောင်းတွေကို ဘယ်သူက စဖွလိုက်တယ်တော့ မသိပါဘူး.. နင်က ရာထူးတက်ဖို့ အထက်လူကြီးကို မြှူဆွယ်ခဲ့တယ်တဲ့လေ ”

ကျန်တဲ့ကောလာဟလတွေကတော့ သူများတွေ လံကြုပ်လုပ်ကြတာပါ။ ပြီးတော့ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ အလွန်အကျွံ ပျံ့နှံ့သွားလိုက်တာ ကြောက်လန့်စရာပင် ကောင်းသည်။ ထို့ကြောင့် အစ်မလိကတော့ အားလုံးကို ပြောပြမည် မဟုတ်ပေ။

“ ငါတော့ နင့်ကို အပြည့်အဝ ယုံကြည်ပါတယ်။ တို့ဌာနက ရှောင်ကျန့်နဲ့ ရှောင်ချန်ကလည်း နင့်ကို ယုံတယ်။ နင့်ရဲ့အဆိုပြုလွှာကို မြင်တည်းက တို့တွေ သိတယ်။ တုလင်းရဲ့ကေ့စ်ကို တို့တွေကိုင်ရမယ်ဆိုရင်တောင်မှ ဒီလောက်ကောင်းတာမျိုးကိုစဥ်းစားနိုင်မှာမဟုတ်ဘူး။ ရိုးရိုးသားသားပြောရရင် ဒီတာဝန်ကို ဘယ်သူပဲရရ ရတဲ့သူအတွက် ခေါင်းခဲစရာကြီးဖြစ်နေမှာပဲ။ ဘာမှဖြစ်ပျက်နေစရာမလိုဘူး။ နင့်အတွက် လွယ်ကူခဲ့တာမှမဟုတ်ဘဲ။ ဒါ အရေးပေးခံရတာလည်း မဟုတ်ဘူး။ လုပ်ပိုင်ခွင့်ပေးခံရတာလည်း မဟုတ်ဘူး။ တကယ်ဆို ခက်ခဲမှုတွေတောင် ဖြစ်စေခဲ့ဦးမှာ။ ဒါပေမယ့် နင် လုပ်နိုင်ခဲ့တယ်။ နင့်ရဲ့ကိုယ်ပိုင်အရည်အချင်း ကိုယ်ပိုင်အစွမ်းအစနဲ့ဆိုတာ ငါတို့ ကောင်းကောင်းသိနေတာပဲ။ ကောလာဟလတွေကတော့ သူတို့ထုံးစံအတိုင်းပဲ ဘယ်တော့မှ အမှန်ဖြစ်မလာနိုင်ပါဘူး ”
အစ်မလိက အားပေးရှာ၏။

***

(Zawgyi)


အခန္း [ ၁၉၇ ]

ဟန္တံုးဖ်င္က ေျခာက္ေျခာက္ကပ္ကပ္ရယ္ေလသည္။ 
“ ငါ့မွာေတာ့ မင္းကို ခပ္ျမင့္ျမင့္ေတြပဲ မွန္းထားတယ္ထင္ေနတာ ခုက်ေတာ့ သာမန္အမ်ိဳးသမီးတစ္ေယာက္ကို ေႂကြဆင္းသြားတယ္တဲ့လား ”

“ အို ဘာျဖစ္ျဖစ္ သိုက္ယီးရန္ထက္ေတာ့ သာေနတာပဲဥစၥာ။ အဲ့ဒီသာမန္အမ်ိဳးသမီးကပဲ သိုက္ယီးရန္ကို အျပတ္အသတ္ အႏိုင္ယူသြားတာ မဟုတ္ဘူးလား။ သိုက္ယီးရန္ကျဖင့္ သာမန္လို႔ေတာင္ ေျပာမရဘူး။ အစ္ကိုႀကီးရဲ့အႀကိဳက္ကလည္း ဆိုးဝါးလိုက္ပါေပ့ ”
ရွန္ေနာ့က ေဒါႏွင့္ေမာႏွင့္ ဝင္ေျပာေတာ့သည္။

ဟန္တံုးဖ်င္ သူ႔စိတ္ကို တည္ၿငိမ္ေစလိုက္သည္။ သူ ဒီမိန္းမနဲ႔ ဖက္ၿပိဳင္ေျပာလို႔မျဖစ္!

“ ေမေမ ”

ဟန္က်ိဳးလီ အားရဝမ္းသာ ၾကည့္လိုက္ေပမယ့္ ရွန္ေနာ့က ခပ္ျပတ္ျပတ္ပဲ ဆို၏။

“ မင္း ေပ်ာ္စရာ ဘာမွမပါဘူးေနာ္။ ေမေမေျပာတဲ့အထဲမွာ လုမန္ကို လက္ခံတယ္ဆိုတာမ်ိဳး တစ္ခြန္းမွ မပါေသးဘူး။ ေမေမ့အျမင္အတိုင္းေျပာရရင္ သံသယရိွေသးတယ္ ”

ဘြားဟန္ႏွင့္ ရွန္ေနာ့တို႔ လုမန္ကို လက္မခံႏိုင္ေအာင္ ျဖစ္ေနလိမ့္မည္ဟု ဟန္က်ိဳးလီ မထင္ထားမိေပ။

သို႔ေပမယ့္ သူ႔ေနာက္ကြယ္မွာ သူ႔မိသားစုဝင္ေတြ လုမန္ကို တစ္ခုခုလုပ္မွာမ်ိဳးေတာ့ စိတ္မပူမိပါ။

ဘိုးဘိုးဟန္ႏွင့္ ဟန္ရွီးက်င့္တို႔ႏွစ္ေယာက္လံုးက သေဘာထားႀကီးသူေတျြဖစ္ကာ ဒီလိုကိစၥေသးေသးေလးေတြအေပၚမွာ အေရးတယူလုပ္မည္မဟုတ္ေပ။

ဘြားဘြားဟန္ႏွင့္ ရွန္ေနာ့က်ေတာ့ ရိုးသားေျဖာင့္မတ္သည့္ စရိုက္ရိွသူေတျြဖစ္လို႔ ေက်နပ္အားရျခင္းမရိွလ်ွင္ေတာင္မွ ခ်ံဳခိုတိုက္ခိုက္သလို အေပါစားလွည့္ကြက္ေတြကို သံုးမည္ မဟုတ္။

“ ခု သေဘာမက်တာက လူခ်င္းမေတြ့ရေသးလို႔ နားမလည္တာေၾကာင့္လည္း ျဖစ္ႏိုင္တာပဲ ”
ဟန္က်ိဳးလီသည္ လက္ဖက္ရည္ခြက္ႏွစ္ခြက္ကို မယူလိုက္ကာ ဘြားဟန္ႏွင့္ ရွန္ေနာ့ကို တစ္ခြက္စီ ကမ္းေပးလိုက္၏။
“ ရိုးရိုးသားသားေျပာရရင္ သူလည္း တစ္ခါတေလေတာ့ နည္းနည္းတံုးပါတယ္ ”

“ မသိဘူး ဘာျဖစ္ျဖစ္ မင္းသူ႔ကိုေခၚမလာရဘူး ”
ဘြားဟန္က လက္ဖက္ရည္ခြက္ကိုေတာ့ လက္ခံသည္။

“ ဘြား မဟုတ္ေတာ့ဘူး။ ခ်စ္သူမရိွတုန္းကက် ကြၽန္ေတာ့္ကို အတင္းႏွင္ထုတ္တယ္။ အိမ္ထဲေပးမဝင္ဘူး။ ခု ခ်စ္သူေကာင္မေလး ရၿပီဆိုေတာ့ ဘြားက လက္မခံပါလား ”
ဟန္က်ိဳးလီ ထရပ္လိုက္သည္။
“ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ကေတာ့ လုမန္ကို ေရြးခ်ယ္လိုက္ပါၿပီ။ ဘြားတို႔က သူ႔ကို အလာမခံဘူးဆိုရင္ ကြၽန္ေတာ္လည္း မလာေတာ့ပါဘူး။ ဘြားတို႔ သူ႔ကိုေတြ့ဖို႔ လက္ခံတဲ့အခ်ိန္က်မွ ကြၽန္ေတာ္ သူ႔ကိုေခၚၿပီး အတူလာေတြ့ပါမယ္ ”

“ ေခြးေကာင္ေလး! ကိုယ့္ဘြားေအကို ဒီလိုပဲ ေျပာရသလား ”

“ ကြၽန္ေတာ္ လုမန္ကို ေရြးခ်ယ္ၿပီးပါၿပီ ေဖေဖ။ ကြၽန္ေတာ့္အသက္လည္း မငယ္ေတာ့ပါဘူး။ ကြၽန္ေတာ့္ရဲ့အႀကိဳက္နဲ႔ဆံုးျဖတ္ခ်က္ကိုေတာ့ ေဖေဖတို႔အားလံုး ယံုၾကည္ေပးသင့္ပါတယ္။ ဘြားလည္း လုမန္ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ရတဲ့ အခက္အခဲေတြကို မသိေသးလို႔ပါ။ သိရင္ ဉာဏ္မ်ားတယ္ဆိုၿပီး အျပစ္တင္မွာမဟုတ္ဘူး။ သူ႔မွာ ကိုယ့္ကို မေကာင္းႀကံခ်င္ေနတဲ့ ဖေအရင္းကိုေရာ မိေထြးနဲ႔ မိေထြးပါသမီးကိုေရာ ရင္ဆိုင္ေျဖရွင္းရတဲ့အျပင္ နာမက်န္းျဖစ္ေနတဲ့ မိခင္ကိုလည္း ျပဳစုရေသးတယ္။ ပခံုးေတြေပၚမွာထမ္းထားရတဲ့ ဝန္ထုပ္က လူနဲ႔ေတာင္ မလိုက္ပါဘူး။ သူ႔အတြက္ ေတာ္ေတာ္ခက္ခဲတယ္။ ကြၽန္ေတာ္ကေတာ့ ဉာဏ္မ်ားတာဘာမွမမွားဘူးလို႔ ထင္ပါတယ္။ ေမေမဆိုရင္ ရိုးသားတယ္ဆိုေပမယ့္ အလိမ္ခံရေလာက္တဲ့အထိေတာ့ မအဘူးေလ ”

“ သူက လူေတြကို ကယ္တင္ဖို႔ ဉာဏ္မ်ားရတာ၊ အႏၲရာယ္ေပးဖို႔ မဟုတ္ဘူး။ ေျပာရရင္ ဘြားကေရာ တကယ္ပဲ ဉာဏ္မမ်ားတတ္ဘူးလားဟင္။ ႏို႔မဟုတ္ရင္ သူမ်ားေတြမေကာင္းႀကံတာကို ဘြား ဘယ္လိုမ်ားေရွာင္ရွားႏိုင္ခဲ့တာလဲ။ ကိုယ္ျပဳတဲ့အမႈမွာ တစ္ပါးသူကို ဒုကၡမေရာက္ေစရင္ အဲ့ဒါကို ဉာဏ္မ်ားတယ္ ကလိမ္က်တယ္လို႔ ေျပာလို႔မရဘူး ဘြား အဲ့ဒါက်ေတာ့ ဉာဏ္ရိွတာျဖစ္သြားၿပီ။ သူက ထက္ျမက္တဲ့သူပါ။ တျခားသူေတြ ကြၽန္ေတာ့္ကို လုပ္ႀကံဖို႔ ႀကိဳးစားေနတဲ့အခ်ိန္မွာ သူက ကြၽန္ေတာ့္ကို စိတ္ဓာတ္က်အားေလ်ာ့ေအာင္ လုပ္မယ့္သူမ်ိဳး မဟုတ္ဘူး။ အကယ္၍ ဘာမွမသိတဲ့ မလည္မဝယ္တစ္ေယာက္နဲ႔သာ ညားမယ္ဆိုရင္ အရူးကို မယားေတာ္ထားရသလို ျဖစ္မေနဘူးလား ဘြား ”
ဟန္က်ိဳးလီက သူ မႀကိဳက္ေၾကာင္း ျပသဖို႔ ႏႈတ္ခမ္းေတြကို မဲ့ပစ္၏။

ဘြားဘြားဟန္ “…”

ရွန္ေနာ့ “…”

သားက သူမကို ေျပာေနတာေတာ့ မဟုတ္ပါဘူးေနာ္..?

ကိုယ့္ကိုယ္ကိုယ္ေတာ့ ထက္ျမက္တယ္လို႔ပဲ သူမ ထင္ထားတာ..

ဘြားဘြားဟန္က ႏႈတ္ခမ္းေတြကို မဲ့ပစ္လိုက္ကာ 
“ သူ႔ရဲ့သနားဖို႔ေကာင္းတဲ့အတိတ္ေၾကာင့္ မင္း သူ႔ကို ကရုဏာသက္ၿပီး ႀကိဳက္သြားတာေတာ့ မဟုတ္ေလာက္ပါဘူးေနာ္ ”

“ ဘြားဗ်ာ .. ဒါေတာ့ ဘြား ကြၽန္ေတာ့္ကို အထင္ေသးလိုက္တာပဲ။ ေလာကႀကီးမွာ စာနာသနားဖို႔ေကာင္းတဲ့လူေတြမွ တစ္ပံုတစ္ပင္ႀကီးရိွတယ္။ ကြၽန္ေတာ္က အဲ့ဒီလူေတြ အားလံုးကို လိုက္ႀကိဳက္ရမွာလား ေျပာ။ ကြၽန္ေတာ္ ကိုယ့္ဟာကိုယ္ သိပါတယ္ ”

ဟန္က်ိဳးလီ မ်က္ႏွာမွာ နာက်င္ေၾကကြဲဟန္ေတြေပၚေပါက္လာခဲ့သျဖင့္ ဘြားဘြားဟန္ ရင္ထဲမွာ မေကာင္း ျဖစ္သြားသည္။

“ ေအးပါ ေအးပါ ေအးပါ ဘြား မင္းကို အထင္လြဲမိသြားတယ္ ”

“ အဲ့ဒါဆို လုမန္က.. ”

“ စဥ္းစားပါရေစဦး .. ဘြား စဥ္းစားပါဦးမယ္ .. မင္း ထပ္ေတာင္းဆိုဖို႔ မႀကိဳးစားပါနဲ႔ ”

“ သူ႔ကို ဘြားနဲ႔ သိခြင့္ေတာ့ ေပးရဦးမွာေနာ္။ သူ ေကာင္းသလား ဆိုးသလား သိရေအာင္ လူခ်င္းေတြ့သင့္တယ္ မဟုတ္ဘူးလား ”
ဟန္က်ိဳးလီက ၿပံဳးၿဖဲျဖဲနဲ႔ ေမးေလသည္။

အခန္း [ ၁၉၈ ]

“ အဲ့ဒါ မင္းအလုပ္ မဟုတ္ပါဘူး ”
ဘြားဘြားဟန္က ေလသံတင္းတင္းျဖင့္ ေအာ္ေတာ့ေလ၏။

“ အင္းပါ ဘြားသေဘာ ”
ကံၾကမၼာ ကိုယ့္ဘက္မွာ အေလးသာေနတုန္း အပူမကပ္ေတာ့ဖို႔ ဆံုးျဖတ္လိုက္သည္။ ၿပီးေတာ့ ဒီေန့ည ရလဒ္ကလည္း မဆိုးလွပါဘူး.. တစ္ခါတည္း အားလံုးကို ေျဖရွင္းၿပီးဖို႔ဆိုတာ ဘယ္လြယ္ပါ့မလဲ..

ဘြားဟန္က သေဘာထားႀကီးႀကီးႏွင့္ လုမန္ကို အခြင့္အေရးေပးဖို႔ ဆႏၵရိွေနၿပီဆိုသည့္ေနာက္မွာ ဘြားဟန္ လုမန္ကို သေဘာက်သြားမည္ဆိုတာ သူ ယံုၾကည္သည္။

လုမန္ကိုလည္း အလားတူ ယံုၾကည္ပါ၏။

“ မင္း မျပန္ေသးဘူးလား ”

“ ေကာင္မေလးပဲ ရိွေနၿပီ ဘာလို႔ျပန္ရမွာလဲ။ ကြၽန္ေတာ့္ကို အသီးေဖ်ာ္ရည္တစ္ခြက္ေလာက္တိုက္ပါ ”

ရင္ထဲမွာ ေပ်ာ္ရႊင္မႈေတြ ခ်ိဳၿမိန္မႈေတြ အျပည့္မို႔ ခ်ိဳတာေလးလည္း ေသာက္ခ်င္မိ၏။

“ ငါမွ အသိအမွတ္မျပဳရေသးတာဟဲ့ ”

“ ဘြားဘာသာ ျပဳခ်င္ျပဳ မျပဳခ်င္ေန ကြၽန္ေတာ့္မွာ ေကာင္မေလးရိွေနၿပီဆိုတဲ့အခ်က္အရ ဘြား ကြၽန္ေတာ့္ကို ထပ္ၿပီးေတာ့ ႏွင္လို႔မရေတာ့ဘူး ”

ဒီေန့က်မွ ဟန္က်ိဳးလီ စိတ္ႀကီးဝင္ကာ ေက်နပ္ေနမိသည္။ ေကာင္မေလးရျခင္းသည္ သူ႔ရဲ့မိမိကိုယ္မိမိ ယံုၾကည္မႈအား တအားတိုးသြားေစ၏။

ထိုေကာင္မေလးသာ သူ႔ဇနီးျဖစ္လာခဲ့မယ္ဆိုရင္ သူလည္း အားကိုးရတဲ့သူ ျဖစ္လာမွာပဲ..

***

တနလၤာေန့မွာ ကုမၸဏီကို ေရာက္ေတာ့ လူေတြ သူမကို ၾကည့္ၿပီး တီးတိုးေျပာဆိုေနတာေတြကို သတိထားမိသည္။

လုမန္ မ်က္ေမွာင္ကုတ္ၿပီး ဓာတ္ေလွကားဆီကို ဦးတည္သြားလိုက္၏။

ဓာတ္ေလွကားေရ႔ွမွာ ရပ္ေစာင့္ေတာ့လည္း အားလံုးက အနားမကပ္ခ်င္သလို ခပ္ခြာခြာႏွင့္ ရြံစရာလိုမ်ိဳး ၾကည့္ၾကသည္။

ဓာတ္ေလွကားစီးေနစဥ္မွာလည္း ဒီလိုပဲျဖစ္၏။

ေနာက္, ဓာတ္ေလွကားထဲကထြက္ၿပီး ဌာနထဲကိုဝင္ျပန္ေတာ့ လုပ္ေဖာ္ကိုင္ဖက္ေတြအားလံုးက အခ်င္းခ်င္း တိုးေဝ႔ွပူးကပ္ကာ အတင္းအဖ်င္းေျပာေနၾကလ်က္။

သူမကို ျမင္ေတာ့ အစ္မလိက ခပ္ႀကိတ္ႀကိတ္ ေျပာလိုက္၏။
“ ေတာ္ မေျပာနဲ႔ေတာ့ ”

“ ဘာျဖစ္လို႔ မေျပာရမွာလဲ ”

ယဲ့ေရွာင္ရွင္းက ေျပာဆိုမရေပ။ ရွမံု႔ရႊမ္း အားနည္းနည္းထည့္ၿပီး ေဆာင့္ဆြဲလိုက္၏။

ထိုအခါမွ ယဲ့ေရွာင္ရွင္း ေဘးဘီလွည့္ၾကည့္ၿပီး လုမန္ေရာက္လာတာကို ျမင္သြားေလသည္။

“ အိုင္းယိုး...ေျပာေတာ့ ဘာျဖစ္လဲ။ တို႔ေတြက မဟုတ္တာလုပ္ထားတာမွ မဟုတ္တာ။ တခ်ိဳ႕ေတြ ညစ္ပတ္တဲ့အေၾကာင္းကို တို႔ေတြက မေျပာရဘူးလား ”

“ ေတာ္ေတာ့လို႔ ေျပာေနတယ္။ သက္ေသမရိွတဲ့ စကားေတြကို ဘာျဖစ္လို႔ မ်က္လံုးစံုမိွတ္ေလ်ွာက္ေျပာေနတာလဲ ”

“ ဘယ္မွာမ်က္လံုးစံုမိွတ္ေလ်ွာက္ေျပာေနလို႔လဲ။ အဲ့ဒီေကာလာဟလေတြကို ျဖန္႔တဲ့သူက ကြၽန္မ မဟုတ္ပါဘူးေနာ္။ ကြၽန္မေတာင္မွ သူမ်ားဆီကေန ၾကားလာတာ။ ဟြန္း.. ၾကည့္ရတာ သူ႔ရဲ့အရႈပ္ထုပ္ကို ကုမၸဏီတစ္ခုလံုးေတာင္ သိေနေလာက္ၿပီ ”

“ နင္ ဒီေလာက္ စိတ္လႈပ္ရွားေနပံုေထာက္ရင္ အဲ့သတင္းကို ဖြတဲ့သူက နင္ပဲ ျဖစ္မွာေပါ့ ”

ခ်န္ရွီးျမန္သည္ လုမန္ အေရ႔ွကေလးတင္ ေရာက္လာတာျဖစ္ကာ အတင္းစကားဝိုင္းမွာ ဝင္ပါျခင္းမရိွခဲ့ေပ။  

သို႔ေပမယ့္ ယဲ့ေရွာင္ရွင္းက က်ယ္ေလာင္စြာ ေျပာဆိုေနသည္မို႔ သူတို႔ႏွင့္ခပ္ေဝးေဝးရိွ စားပြဲမွာထိုင္ေနသည့္ ခ်န္ရွီးျမန္ပင္လ်ွင္ ျပတ္သားသဲကြဲစြာ ၾကားေနရသည္။

“ ဘာျဖစ္ေနလို႔လဲ ”
လုမန္ ေမးလိုက္၏။

“ နင္ မရွက္တတ္.. ”

“ တိတ္စမ္း! ”
အစ္မလိ၏ ႀကိမ္းေမာင္းသံေအာက္မွာ ယဲ့ေရွာင္ရွင္း၏ အသံ ေပ်ာက္ကြယ္သြား၏။ ထို႔ေနာက္ လုမန္ႏွင့္အတူ စားပြဲအထိ ေလ်ွာက္လာကာ
“ လုမန္ နင္လည္း ဒီအေၾကာင္းေတြကို အေနွးနဲ႔အျမန္ သိလာမွာပါပဲ။ ဒါေၾကာင့္ ပမာမခန္႔နဲ႔ ယဲ့ေရွာင္ရွင္းဆီကေန ၾကားရမွာထက္စာရင္ အခုငါေျပာျပလိုက္ေတာ့ ခံသာေသးတာေပါ့ေနာ္ ”

“ ေျပာပါ အစ္မလိ ”
လုမန္က တည္တည္ၿငိမ္ၿငိမ္ပဲျဖစ္သည္။ အိတ္ကိုခ်ၿပီးေနာက္ အစ္မလိအတြက္ ဘီးတပ္ကုလားထိုင္တစ္လံုး ဆြဲယူေပး၏။

အစ္မလိမ်က္လံုးေထာင့္ေတြ တြန္႔ခနဲျဖစ္သြားသည္။ လုမန္ အရမ္းကို တည္ၿငိမ္မေနဘူးလား..

“ ဒီအေၾကာင္းေတြကို ဘယ္သူက စဖြလိုက္တယ္ေတာ့ မသိပါဘူး.. နင္က ရာထူးတက္ဖို႔ အထက္လူႀကီးကို ျမႇဴဆြယ္ခဲ့တယ္တဲ့ေလ ”

က်န္တဲ့ေကာလာဟလေတြကေတာ့ သူမ်ားေတြ လံၾကဳပ္လုပ္ၾကတာပါ။ ၿပီးေတာ့ တစ္ဆင့္စကား တစ္ဆင့္နားနဲ႔ အလြန္အကြၽံ ပ်ံ့ႏွံ႔သြားလိုက္တာ ေၾကာက္လန္႔စရာပင္ ေကာင္းသည္။ ထို႔ေၾကာင့္ အစ္မလိကေတာ့ အားလံုးကို ေျပာျပမည္ မဟုတ္ေပ။

“ ငါေတာ့ နင့္ကို အျပည့္အဝ ယံုၾကည္ပါတယ္။ တို႔ဌာနက ေရွာင္က်န္႔နဲ႔ ေရွာင္ခ်န္ကလည္း နင့္ကို ယံုတယ္။ နင့္ရဲ့အဆိုျပဳလႊာကို ျမင္တည္းက တို႔ေတြ သိတယ္။ တုလင္းရဲ့ေက့စ္ကို တို႔ေတြကိုင္ရမယ္ဆိုရင္ေတာင္မွ ဒီေလာက္ေကာင္းတာမ်ိဳးကိုစဥ္းစားႏိုင္မွာမဟုတ္ဘူး။ ရိုးရိုးသားသားေျပာရရင္ ဒီတာဝန္ကို ဘယ္သူပဲရရ ရတဲ့သူအတြက္ ေခါင္းခဲစရာႀကီးျဖစ္ေနမွာပဲ။ ဘာမျွဖစ္ပ်က္ေနစရာမလိုဘူး။ နင့္အတြက္ လြယ္ကူခဲ့တာမွမဟုတ္ဘဲ။ ဒါ အေရးေပးခံရတာလည္း မဟုတ္ဘူး။ လုပ္ပိုင္ခြင့္ေပးခံရတာလည္း မဟုတ္ဘူး။ တကယ္ဆို ခက္ခဲမႈေတြေတာင္ ျဖစ္ေစခဲ့ဦးမွာ။ ဒါေပမယ့္ နင္ လုပ္ႏိုင္ခဲ့တယ္။ နင့္ရဲ့ကိုယ္ပိုင္အရည္အခ်င္း ကိုယ္ပိုင္အစြမ္းအစနဲ႔ဆိုတာ ငါတို႔ ေကာင္းေကာင္းသိေနတာပဲ။ ေကာလာဟလေတြကေတာ့ သူတို႔ထံုးစံအတိုင္းပဲ ဘယ္ေတာ့မွ အမွန္ျဖစ္မလာႏိုင္ပါဘူး ”
အစ္မလိက အားေပးရွာ၏။

***

Continue Reading

You'll Also Like

511K 32.3K 66
"Sshhhhh....." he hushed and pinned us against the wall leaving no space between us. I held onto his biceps with my hand in reflex. He shook his head...
533K 17.8K 126
Read and find out...
221K 10.5K 53
𝐀𝐧 𝐔𝐧𝐜𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐨𝐯𝐞 𝐒𝐭𝐨𝐫𝐲 "From this day forward, I will dedicate my life to avenging my sister's years of misery." ꕥꕥꕥ S...
694K 100K 38
Yaduvanshi Series #3 it is a book under yaduvanshi series. But it could be read as standalone too. Nitya Raghavendra is a telugu businesswoman earnin...