( Unicode )
အခန်း [ ၁၉၁ ]
မမျှော်လင့်စွာဖြင့် ဉာဏ်ထက်သော အမျိုးသမီးငယ်လေးပင်လျှင် ဤအခိုက်အတန့်တွင် မည်သို့တုံ့ပြန်ရမည်ကို မသိတော့ချေ။ စကားတစ်ခွန်းမျှ မဆိုတော့ဘဲ သူမ မျက်နှာကို သူ့ပခုံးတွေပေါ်မှာအပ်လိုက်ကာ အသက်ရှူရှိုက်လိုက်၏။
အတန်ကြာတော့ လုမန် သူ့ကို တွန်းလိုက်ကာ
“ ရပြီ ဒါဖြင့်ရင်.. ”
ဟန်ကျိုးလီက အံကြိတ်သည်။ သူမလည်တိုင်ကို စုပ်ယူပြီးနောက် တင်ပါးကို ဖျတ်ခနဲ ရိုက်ကာ..
“ ဘာဖြစ်လို့ အတင်းတွေ နှင်ထုတ်နေတာလဲ ”
လုမန် ငြိမ်နေလိုက်ပေမည့် မျက်နှာသည် ရှက်စိတ်ကြောင့် နီမြန်းနေသည်။ ရိုးသားစွာ ဝန်ခံရလျှင် အချစ်ရေးတွင် သူမ အတွေ့အကြုံမရှိပေ။
ဟဲကျိန့်ပိုင်နဲ့ ငယ်ရည်းစားတွေဖြစ်ခဲ့သည်ဆိုသော်လည်း ဒါမျိုးတွေကို ဘယ်တုန်းကများ လေ့လာခဲ့ဖူးလို့လဲ..
ဟဲကျိန့်ပိုင်သည် သူမဘဝမှာ ပထမဆုံးပတ်သက်ဖူးသော ယောက်ျားသား ဖြစ်သည်။ လုမိသားစုအတွင်း မွန်းကျပ်သည့်ဘဝမှာ အသက်ရှူချောင်ဖို့နှင့် ရှင်သန်ဖို့တစ်နေရာရှာဖွေသလိုမျိုး သူ့ကိုတော့ သူမရဲ့ကွန်းခိုရာသဖွယ် သဘောထားခဲ့သည်။
ငယ်ငယ်လေးကတည်းက သိခဲ့သည့် ဆက်ဆံရေးမှာ သဘာဝအလျောက် လွယ်လွယ်ကူကူ ချစ်သူတွေဖြစ်သွားခဲ့၏။
သို့သော်လည်း ချစ်သူများကြားမှ ရင်းနှီးမှုမျိုးတော့ မရှိခဲ့ဖူးချေ။
ဒါသည် သူမက ဟဲကျိန့်ပိုင်နှင့် လက်ပွန်းတတီးနေထိုင်ဖို့ ငြင်းဆန်ခဲ့တာကြောင့်ဖြစ်နိုင်ပါသည်။ မသိစိတ်၏စေ့ဆော်မှုအရ သူမတို့နှစ်ဦးကြားမှာ တစ်ခုခု လစ်ဟာနေသည်မှန်းလည်း သိခဲ့၏။
မတိုင်ခင်က ဘယ်သူနှင့်မျှ မတွဲခဲ့ဖူးတာကြောင့် ထိုခံစားချက်တွေကို မခွဲခြားတတ်ခဲ့ပေ။
ဟန်ကျိုးလီနှင့် တွဲပြီးသည့်နောက်မှသာ သိရှိခဲ့ရသည်။ အနှီယောက်ျားသည် သူမကို ဆွဲဆောင်နိုင်သည်။ သူနှင့် နီးကပ်စွာ ရှိနေချိန်တိုင်းမှာ သူမနှလုံးသားက မြင်းတစ်ကောင်လို ကဆုန်စိုင်း၏။ သူ့ရင်ခွင်ထဲမှာဆိုလျှင် တစ်ကိုယ်လုံး မီးတောက်သလို ပူလောင်မှုကို ခံစားရပြီး ကတုန်ကယင်တွေဖြစ်သည်။ ထိုအခါမှ ချစ်မိနေပြီဆိုသော ခံစားချက်ကို နားလည်သွားကာ ဟဲကျိန့်ပိုင်နှင့်တုန်းက လုံးဝ မချစ်တတ်ခဲ့မှန်း သိခဲ့ရ၏။
နှစ်ဘဝစလုံးမှာ ခုမှ ချစ်တတ်သွားတာအံ့သြစရာ..
လုမန် သူ့ပခုံးပေါ်မှာ မျက်နှာအပ်လိုက်ကာ ခေါင်းခါပြလိုက်သည်။ ထို့နောက် မျက်နှာမော့၍ သူ့ပါးကို မွှေးကြူလိုက်၏။
ဟန်ကျိုးလီ ကြောင်အမ်းအမ်းဖြစ်ပြီး အငိုက်မိသွားသည့်အချိန်မှာ သူ့ပေါင်ပေါ်ကနေ ခုန်ဆင်းလိုက်သည်။
“ ကားမောင်းတာ ဂရုစိုက်မောင်းသွားနော် ”
ဟန်ကျိုးလီမှာတော့ သွက်သွက်လက်လက်ဆင်းပြေးသွားသည့် အနှီကောင်မလေးကို အကြောင်သား စိုက်ကြည့်နေလျက်။
အကြာကြီး မှင်တက်မိနေပြီးမှ ပြုံးတုံ့တုံ့နှင့် သူ ခေါင်းငုံ့သွားသည်။
ပြီးတော့ သူမ နမ်းသွားသည့် ပါးတစ်ဖက်ကို လက်နဲ့ ထိသပ်ကြည့်၏။ နူးညံ့ချိုမြိန်သောခံစားချက်သည် ခုထိ တွယ်ငြိနေလေဆဲ။
***
လုမန်အိမ်ကနေ ပြန်လာပြီးနောက်မှာ ဘိုးဘွားတွေကို တွေ့ဖို့ ဟန်မိသားစုရဲ့စံအိမ်ဟောင်းကို ပြန်လာခဲ့လိုက်သည်။ ဟန်ကျိုးလီဆိုတဲ့ သူ ချစ်သူရသွားပြီ လက်ထပ်ဖို့လည်း အဆင်သင့် ဆိုပြီး သူ့ရဲ့လျှို့ဝှက်ချက်ကိုလည်း ဘွားဘွားကို ပြောပြချင်သည်။
ခြံဝင်းထဲမှာ ကားရပ်ပြီး စံအိမ်ရှေ့ထိ လျှောက်သွားကာ တံခါးဝရှိ လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်သည်။
အတော်ကြာတော့ အိမ်တော်ထိန်းဝမ်၏ နှုတ်ဆက်သံကို ကြားရ၏။
“ အကြီးဆုံး သခင်လေး ”
“ ဦးလေးဝမ် ဘိုးနဲ့ဘွား အိမ်မှာရှိတယ်မို့လား ”
ဟန်ကျိုးလီ ပြုံးလျက်မေးလိုက်သည်။
ဟန်သခင်ကြီးသည် မျက်မှောက်ခေတ်၌ တိုင်းရေးပြည်ရေးတွင် ပါဝင်ခြင်းမရှိတော့သော်လည်း ငယ်စဥ်အခါ စစ်ပွဲကာလအတွင်းမှာ စစ်တပ်ကို ငွေအမြောက်အမြား လှူဒါန်းခဲ့ပြီး လက်နက်နှင့် ရိက္ခာတွေ ထောက်ပံ့ကူညီပေးခဲ့သည်။ နောက်ကွယ်မှနေ၍လည်း အကြံဉာဏ်တွေပေးခဲ့ပါ၏။
သူ့တွင် တရားဝင်ရာထူး မရှိခဲ့ပေမည့် ဟိုတုန်းက လူတိုင်းကတော့ ဟန်သခင်ကြီးကို စစ်တပ်အကြံပေးပုဂ္ဂိုလ်ဟု သိကြသည်။ လူကြီးပိုင်းအာဏာပိုင်တွေကပင်လျှင် ရဲဝန်ထမ်းတစ်ဦးကို သူ့လက်အောက်မှာ ထားရှိခဲ့သည်။ ၎င်းသည်
လက်ရှိ အိမ်တော်ထိန်းဝမ်ပဲ ဖြစ်၏။
အိမ်တော်ထိန်းဝမ်သည် သခင်ကြီးဟန်၏ ဉာဏ်ပညာနှင့် စရိုက်လက္ခဏာတွေကို လေးစားမြတ်နိုးလာခဲ့သဖြင့် အစိုးရဝန်ထမ်းအလုပ်မှ ထွက်ကာ သခင်ကြီးထံတွင် အခစားဝင်ရန် ဆုံးဖြတ်ခဲ့သည်။
သူ သခင်ကြီးဟန်၏ နောက်လိုက်ဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်များစွာတိုင်ခဲ့ပြီမို့ ဟန်မိသားစု၏ အစိတ်အပိုင်းတစ်ခုလိုပင် ဖြစ်နေပြီ ဖြစ်သည်။ ဘယ်သူကမှ သူ့ကို အပြင်လူလို မဆက်ဆံကြ။
“ သခင်ကြီးနဲ့ သခင်မကြီးက အခု မအားပါဘူး။ နောက်နေ့မှ လာခဲ့ပါ သခင်လေး ”
အိမ်တော်ထိန်းဝမ်က တိုးတိုးပြောလေ၏။
ဟန်ကျိုးလီ မျက်ခုံးတွေပင့်မိသွားသည်။
“ အိမ်တော်ထိန်းဝမ် ဘာဖြစ်နေတာလဲ ”
“ ဘာဖြစ်တာလဲ အိမ်တော်ထိန်းဝမ် ကျိုးလီအသံကို ကြားလိုက်သလိုပဲ ”
အပြန်အလှန် စကားပြောကိရိယာ အတွင်းမှ ဟန်တုံးဖျင် အသံထွက်လာသည်။
“ မဟုတ်ပါဘူး နားကြားလွဲတာပါ ”
အိမ်တော်ထိန်းဝမ်က စကရင်ကို အုပ်ရင်း
“ အရောင်းသမားလာတာပါ ”
ဟန်ကျိုးလီ “…”
“ ကျုပ်ကို တစ်ပတ်ရိုက်ဖို့ မကြိုးစားနဲ့ ”
ဟန်တုံးဖျင်က အိမ်တော်ထိန်းဝမ်ကို ဆွဲဖယ်ပြီး စကရင်ကို လက်ညှိုးထိုးကာ
“ အဲ့ဒါ ကျိုးလီ မဟုတ်ဘူးလား။ ဘာဖြစ်လို့ လိမ်တာလဲ! ”
အခန်း [ ၁၉၂ ]
အိမ်တော်ထိန်းဝမ်သည် အတန်ငယ်မျှ တိတ်ဆိတ်နေပြီးနောက်
“ အသက်က ကြီးလာပြီဆိုတော့ မှတ်ဉာဏ်တွေက ယိုယွင်းလာပါပြီ။ အကြီးဆုံး သခင်လေးက ဒီကိုပြန်မလာတာတော်တော်ကြာပြီဆိုတော့ သခင်လေး ဘယ်လိုပုံစံလေးရှိတယ်ဆိုတာကိုတောင် မေ့သွားပါတယ် ”
ဟန်တုံးဖျင် “…”
အကျိုးနည်း ဘယ်သူ့ကို လာလိမ်နေတာလဲ။
ဟန်ကျိုးလီ “…”
“ ဝင်ခဲ့စမ်း ကျိုးလီ မင်းကို ပြောစရာရှိတယ် ”
အသံက သာယာခြင်းမရှိသည်မို့ ဟန်ကျိုးလီ မျက်ခုံးပင့်မိလျက်သားဖြစ်ကာ တံခါးဖွင့်ပြီး အထဲဝင်သွားလိုက်သည်။
အိမ်တော်ထိန်းဝမ်က တံခါးဝထိလာကြိုပါ၏။ အထဲကိုရောက်တော့ သူ ဒီထိပဲ ကူညီနိုင်သည်ဆိုသော အကြည့်ဖြင့် ကြည့်သည်။
ထိုတစ်ချိန်လုံးမှာ ဟန်တုံးဖျင်ကတော့ မျက်နှာမသာမယာဖြစ်နေလေသည်။ သိုက်ယီးရန်က ဘာဖြစ်နေလို့လဲ။ သူမကို ဘိုးဘွားတွေသာမက အိမ်တော်ထိန်းဝမ်ကလည်း နည်းနည်းမှမကြိုက်ပါလား!
“ ဘကြီး ”
ဟန်ကျိုးလီက အထဲဝင်လာပြီး ငြီးငွေ့ဖွယ်ကောင်းစွာ နှုတ်ဆက်သည်။
“ မင်း ယီးရန်ကို အလုပ်ထုတ်လိုက်တယ်ဆို ”
“ အစ်ကိုဟန် ”
သိုက်ယီးရန်က ဆိုဖာကနေ ထလာပြီး အနားလျှောက်လာ၏။
သိုက်ယီးရန် ရောက်နေလိမ့်မည်ဟု ဟန်ကျိုးလီ မထင်ထားမိပေ။ သို့သော် သူ သူမကို တစ်ချက်မှမကြည့်ဘဲ လူကြီးနှစ်ဦးကို နှုတ်ဆက်လိုက်၏။
“ ဘိုးနဲ့ဘွား ”
သိုက်ယီးရန်ရှိနေသဖြင့် ဘွားဘွားဟန်သည် ဟန်ကျိုးလီကို မောင်းမထုတ်ပေ။
ချစ်သူရည်းစားရှာဖို့ ကိစ္စကိုလည်း မပြော။
သိုက်ယီးရန်လိုလူမျိုးကိုသာ ရှာသွားမယ်ဆိုရင် သူမတော့ ရင်ကျိုးရချည်ရဲ့..
ထို့ကြောင့် ဟန်တုံးဖျင်ကို စိတ်ပျက်စွာ ကြည့်မိသည်။ သူမရဲ့ဒီသားဟာ သိုက်ယီးရန်လို မိန်းကလေးကို သူတို့အိမ်ထိခေါ်လာခဲ့သတဲ့။ ဘယ်လောက်မိုက်မဲလိုက်သလဲ..
“ လူကြီးတွေက ဒီနေ့ ဧည့်သည်တွေ့နေရတယ်ဆိုတော့ ကျွန်တော် ပြန်နှင့်လိုက်ပါဦးမယ် ”
ဟန်ကျိုးလီသည် စကားဆုံးသည်နှင့် ချက်ချင်း လှည့်ပြန်သည်။
“ နေစမ်းပါဦး မင်းကငါ့ကိုတွေ့တာနဲ့ တန်းပြန်တော့မယ်ပေါ့ ”
“ ဧည့်သည်တွေလို့ပြောတာပါ ဘကြီးက ဧည့်သည်လား ”
“ ဟင်း.. သင်းက ကိုယ့်ကိုယ်ကိုယ် အပြင်လူလို့ သတ်မှတ်ရတာကို ပျော်မွေ့နေတာ နေပါစေ ”
ဘိုးဘိုးဟန်က ဝင်ပြောလာ၏။
“ အဖေ ဘာတွေပြောနေတာလဲ ”
ဟန်တုံးဖျင် အကြီးအကျယ် ခံစားသွားရသည်။
“ အမှန်အကန်တွေဟေ့ ”
ဘွားဘွားဟန်က လက်ဖက်ရည်ကို အေးဆေးစွာ သောက်ရင်း
“ မင်းဟာ မျိုးနွယ်အမည်က ဟန်ဖြစ်နေပေမယ့် ကိုယ့်ကိုယ်ကိုယ် အပြင်လူလို့ သတ်မှတ်တယ်။ တချို့လူတွေကျတော့ တို့မိသားစုနဲ့လုံးဝ မဆိုင်တာကို အရှင်းသိပေမယ့် မိသားစုဝင်ဖြစ်ပြီလို့ ထင်နေကြတယ် ဟွန်း ”
သိုက်ယီးရန်မျက်နှာ ပူခနဲဖြစ်သွားသည်။ စကားတွေက သူမကို ပြောသွားတာ မဟုတ်ဘူးလား..
“ အမေ ဘယ်သူ့ကိုပြောနေတာလဲ.. ”
ဟန်တုံးဖျင် စိတ်ညစ်သွားသည်။ ဟန်ကျိုးလီကို လူကြီးတစ်ယောက်အနေနဲ့ ပြောရဲဆိုရဲရှိပေမယ့် အဖေနဲ့အမေ ပါလာလျှင် သူ့မှာ ရဲတင်းခြင်း မရှိတော့။
“ မင်းက ငါ ဘယ်သူ့ကိုပြောနေတယ်ထင်လို့လဲ။ ငါ့မြေးကြီးက အကြာကြီးနေမှ ပြန်လာခဲ့တာ။ ဒါ သူ့အိမ်ပဲ။ ဒါပေမယ့် ရောက်ရောက်ချင်း တန်းပြန်ရတော့မယ်။ ဒါ ယုတ္တိရှိလား ”
“ ဒီလိုအချိန်မှာ လာခဲ့မိတာ ကျွန်မ သိပ်ကို စိတ်ကြီးဝင်မိသွားပါတယ် ”
သိုက်ယီးရန် မျက်ရည်ကျမိတော့မတတ် နာကျင်ဝမ်းနည်းသွားသည်။
“ သခင်ကြီး သခင်မကြီး .. ဦးလေး အန်တီ သခင်ကြီးနဲ့သခင်မကြီးတို့ အားတဲ့တစ်နေ့မှ ကျွန်မ လာခဲ့ပါမယ် ”
“ မလိုပါဘူး ”
ဟန်တုံးဖျင် မျက်နှာပျက်ရသလိုပင်။
“ မင်းကဧည့်သည်ပဲ၊ သခင်ကြီးနဲ့သခင်မကြီးက ဧည့်သည်တစ်ယောက်ကို ဘယ်တော့မှ မောင်းထုတ်မှာ မဟုတ်ဘူး။ အထင်မလွဲပါနဲ့ ”
သူမကို သူ ခေါ်လာတာဖြစ်သည်။ သို့ပေမယ့် ခု မောင်းထုတ်ခံနေရ၏။ အဖေနဲ့အမေက သူ့ကို ဘယ်တော့မှ အလေးမထားသလို သူများတွေအမြင်မှာ သူ ဘယ်လိုဖြစ်သွားမယ်ဆိုတာကိုလည်း ဂရုမစိုက်။
သိုက်ယီးရန်က လူကြီးတွေကို ကြည့်ပြီးနောက် ဟန်ကျိုးလီကို ကြည့်သည်။
တစ်ခုခု ပြောပေးပါစေ..
“ ကျိုးလီ ယီးရန်က ဘာဖြစ်နေလို့ မင်း ဒီလိုလုပ်ရတာလဲ ”
ဟန်တုံးဖျင်အသံသည် တည်ငြိမ်အေးဆေး၏။
“ မင်းက တစ်ကိုယ်ရည်တစ်ကာယသမားမို့ အားလုံးက မင်းအတွက် ပူပန်နေကြတာ။ အမျိုးကောင်းသမီးလေးတစ်ယောက်တွေ့တိုင်း မင်းနဲ့ မိတ်ဆက်ပေးချင်တယ်။ ယီးရန်ကိုလည်း မဆိုးဘူးထင်လို့ မင်းတို့နှစ်ယောက် သိကြပါစေဆိုပြီး ငါက မိတ်ဆက်ပေးချင်ခဲ့တာကွ။ ခုတော့ မင်းလုပ်ပုံကို ကြည့်ဦး! ”
“ သူ့လုပ်ပုံက ဘာဖြစ်နေလို့လဲ ”
ဟန်ကျိုးလီအဖေ ဟန်ရှီးကျင့်က ဧည့်ခန်းထဲကို ရောက်ပြီဖြစ်ကာ အမေဖြစ်သည့် ရှန်နော့က တံခါးဝမှာ ဖိနပ်လဲနေဆဲ..
“ သိုက်ယီးရန်ကို သိပ်ကောင်းတယ်လို့ထင်ရင် အစ်ကိုကြီးပဲ ယူလိုက်ပေါ့ ”
(Zawgyi)
အခန္း [ ၁၉၁ ]
မေမ်ွာ္လင့္စြာျဖင့္ ဉာဏ္ထက္ေသာ အမ်ိဳးသမီးငယ္ေလးပင္လ်ွင္ ဤအခိုက္အတန္႔တြင္ မည္သို႔တံု႔ျပန္ရမည္ကို မသိေတာ့ေခ်။ စကားတစ္ခြန္းမ်ွ မဆိုေတာ့ဘဲ သူမ မ်က္ႏွာကို သူ႔ပခံုးေတြေပၚမွာအပ္လိုက္ကာ အသက္ရႉရိႈက္လိုက္၏။
အတန္ၾကာေတာ့ လုမန္ သူ႔ကို တြန္းလိုက္ကာ
“ ရၿပီ ဒါျဖင့္ရင္.. ”
ဟန္က်ိဳးလီက အံႀကိတ္သည္။ သူမလည္တိုင္ကို စုပ္ယူၿပီးေနာက္ တင္ပါးကို ဖ်တ္ခနဲ ရိုက္ကာ..
“ ဘာျဖစ္လို႔ အတင္းေတြ ႏွင္ထုတ္ေနတာလဲ ”
လုမန္ ၿငိမ္ေနလိုက္ေပမည့္ မ်က္ႏွာသည္ ရွက္စိတ္ေၾကာင့္ နီျမန္းေနသည္။ ရိုးသားစြာ ဝန္ခံရလ်ွင္ အခ်စ္ေရးတြင္ သူမ အေတြ့အႀကံဳမရိွေပ။
ဟဲက်ိန္႔ပိုင္နဲ႔ ငယ္ရည္းစားေတျြဖစ္ခဲ့သည္ဆိုေသာ္လည္း ဒါမ်ိဳးေတြကို ဘယ္တုန္းကမ်ား ေလ့လာခဲ့ဖူးလို႔လဲ..
ဟဲက်ိန္႔ပိုင္သည္ သူမဘဝမွာ ပထမဆံုးပတ္သက္ဖူးေသာ ေယာက္်ားသား ျဖစ္သည္။ လုမိသားစုအတြင္း မြန္းက်ပ္သည့္ဘဝမွာ အသက္ရႉေခ်ာင္ဖို႔ႏွင့္ ရွင္သန္ဖို႔တစ္ေနရာရွာေဖြသလိုမ်ိဳး သူ႔ကိုေတာ့ သူမရဲ့ကြန္းခိုရာသဖြယ္ သေဘာထားခဲ့သည္။
ငယ္ငယ္ေလးကတည္းက သိခဲ့သည့္ ဆက္ဆံေရးမွာ သဘာဝအေလ်ာက္ လြယ္လြယ္ကူကူ ခ်စ္သူေတျြဖစ္သြားခဲ့၏။
သို႔ေသာ္လည္း ခ်စ္သူမ်ားၾကားမွ ရင္းႏွီးမႈမ်ိဳးေတာ့ မရိွခဲ့ဖူးေခ်။
ဒါသည္ သူမက ဟဲက်ိန္႔ပိုင္ႏွင့္ လက္ပြန္းတတီးေနထိုင္ဖို႔ ျငင္းဆန္ခဲ့တာေၾကာင့္ျဖစ္ႏိုင္ပါသည္။ မသိစိတ္၏ေစ့ေဆာ္မႈအရ သူမတို႔ႏွစ္ဦးၾကားမွာ တစ္ခုခု လစ္ဟာေနသည္မွန္းလည္း သိခဲ့၏။
မတိုင္ခင္က ဘယ္သူႏွင့္မ်ွ မတြဲခဲ့ဖူးတာေၾကာင့္ ထိုခံစားခ်က္ေတြကို မခြဲျခားတတ္ခဲ့ေပ။
ဟန္က်ိဳးလီႏွင့္ တြဲၿပီးသည့္ေနာက္မွသာ သိရိွခဲ့ရသည္။ အႏွီေယာက္်ားသည္ သူမကို ဆြဲေဆာင္ႏိုင္သည္။ သူႏွင့္ နီးကပ္စြာ ရိွေနခ်ိန္တိုင္းမွာ သူမႏွလံုးသားက ျမင္းတစ္ေကာင္လို ကဆုန္စိုင္း၏။ သူ႔ရင္ခြင္ထဲမွာဆိုလ်ွင္ တစ္ကိုယ္လံုး မီးေတာက္သလို ပူေလာင္မႈကို ခံစားရၿပီး ကတုန္ကယင္ေတျြဖစ္သည္။ ထိုအခါမွ ခ်စ္မိေနၿပီဆိုေသာ ခံစားခ်က္ကို နားလည္သြားကာ ဟဲက်ိန္႔ပိုင္ႏွင့္တုန္းက လံုးဝ မခ်စ္တတ္ခဲ့မွန္း သိခဲ့ရ၏။
ႏွစ္ဘဝစလံုးမွာ ခုမွ ခ်စ္တတ္သြားတာအံ့ၾသစရာ..
လုမန္ သူ႔ပခံုးေပၚမွာ မ်က္ႏွာအပ္လိုက္ကာ ေခါင္းခါျပလိုက္သည္။ ထို႔ေနာက္ မ်က္ႏွာေမာ့၍ သူ႔ပါးကို ေမႊးၾကဴလိုက္၏။
ဟန္က်ိဳးလီ ေၾကာင္အမ္းအမ္းျဖစ္ၿပီး အငိုက္မိသြားသည့္အခ်ိန္မွာ သူ႔ေပါင္ေပၚကေန ခုန္ဆင္းလိုက္သည္။
“ ကားေမာင္းတာ ဂရုစိုက္ေမာင္းသြားေနာ္ ”
ဟန္က်ိဳးလီမွာေတာ့ သြက္သြက္လက္လက္ဆင္းေျပးသြားသည့္ အႏွီေကာင္မေလးကို အေၾကာင္သား စိုက္ၾကည့္ေနလ်က္။
အၾကာႀကီး မွင္တက္မိေနၿပီးမွ ၿပံဳးတံု႔တံု႔ႏွင့္ သူ ေခါင္းငံု႔သြားသည္။
ၿပီးေတာ့ သူမ နမ္းသြားသည့္ ပါးတစ္ဖက္ကို လက္နဲ႔ ထိသပ္ၾကည့္၏။ ႏူးညံ့ခ်ိဳၿမိန္ေသာခံစားခ်က္သည္ ခုထိ တြယ္ၿငိေနေလဆဲ။
***
လုမန္အိမ္ကေန ျပန္လာၿပီးေနာက္မွာ ဘိုးဘြားေတြကို ေတြ့ဖို႔ ဟန္မိသားစုရဲ့စံအိမ္ေဟာင္းကို ျပန္လာခဲ့လိုက္သည္။ ဟန္က်ိဳးလီဆိုတဲ့ သူ ခ်စ္သူရသြားၿပီ လက္ထပ္ဖို႔လည္း အဆင္သင့္ ဆိုၿပီး သူ႔ရဲ့လ်ိႈ႔ဝွက္ခ်က္ကိုလည္း ဘြားဘြားကို ေျပာျပခ်င္သည္။
ၿခံဝင္းထဲမွာ ကားရပ္ၿပီး စံအိမ္ေရ႔ွထိ ေလ်ွာက္သြားကာ တံခါးဝရိွ လူေခၚေခါင္းေလာင္းကို ႏိွပ္လိုက္သည္။
အေတာ္ၾကာေတာ့ အိမ္ေတာ္ထိန္းဝမ္၏ ႏႈတ္ဆက္သံကို ၾကားရ၏။
“ အႀကီးဆံုး သခင္ေလး ”
“ ဦးေလးဝမ္ ဘိုးနဲ႔ဘြား အိမ္မွာရိွတယ္မို႔လား ”
ဟန္က်ိဳးလီ ၿပံဳးလ်က္ေမးလိုက္သည္။
ဟန္သခင္ႀကီးသည္ မ်က္ေမွာက္ေခတ္၌ တိုင္းေရးျပည္ေရးတြင္ ပါဝင္ျခင္းမရိွေတာ့ေသာ္လည္း ငယ္စဥ္အခါ စစ္ပြဲကာလအတြင္းမွာ စစ္တပ္ကို ေငြအေျမာက္အျမား လႉဒါန္းခဲ့ၿပီး လက္နက္ႏွင့္ ရိကၡာေတြ ေထာက္ပံ့ကူညီေပးခဲ့သည္။ ေနာက္ကြယ္မွေန၍လည္း အႀကံဉာဏ္ေတြေပးခဲ့ပါ၏။
သူ႔တြင္ တရားဝင္ရာထူး မရိွခဲ့ေပမည့္ ဟိုတုန္းက လူတိုင္းကေတာ့ ဟန္သခင္ႀကီးကို စစ္တပ္အႀကံေပးပုဂၢိုလ္ဟု သိၾကသည္။ လူႀကီးပိုင္းအာဏာပိုင္ေတြကပင္လ်ွင္ ရဲဝန္ထမ္းတစ္ဦးကို သူ႔လက္ေအာက္မွာ ထားရိွခဲ့သည္။ ၄သည္
လက္ရိွ အိမ္ေတာ္ထိန္းဝမ္ပဲ ျဖစ္၏။
အိမ္ေတာ္ထိန္းဝမ္သည္ သခင္ႀကီးဟန္၏ ဉာဏ္ပညာႏွင့္ စရိုက္လကၡဏာေတြကို ေလးစားျမတ္ႏိုးလာခဲ့သျဖင့္ အစိုးရဝန္ထမ္းအလုပ္မွ ထြက္ကာ သခင္ႀကီးထံတြင္ အခစားဝင္ရန္ ဆံုးျဖတ္ခဲ့သည္။
သူ သခင္ႀကီးဟန္၏ ေနာက္လိုက္ျဖစ္ခဲ့သည္မွာ ဆယ္စုႏွစ္မ်ားစြာတိုင္ခဲ့ၿပီမို႔ ဟန္မိသားစု၏ အစိတ္အပိုင္းတစ္ခုလိုပင္ ျဖစ္ေနၿပီ ျဖစ္သည္။ ဘယ္သူကမွ သူ႔ကို အျပင္လူလို မဆက္ဆံၾက။
“ သခင္ႀကီးနဲ႔ သခင္မႀကီးက အခု မအားပါဘူး။ ေနာက္ေန့မွ လာခဲ့ပါ သခင္ေလး ”
အိမ္ေတာ္ထိန္းဝမ္က တိုးတိုးေျပာေလ၏။
ဟန္က်ိဳးလီ မ်က္ခံုးေတြပင့္မိသြားသည္။
“ အိမ္ေတာ္ထိန္းဝမ္ ဘာျဖစ္ေနတာလဲ ”
“ ဘာျဖစ္တာလဲ အိမ္ေတာ္ထိန္းဝမ္ က်ိဳးလီအသံကို ၾကားလိုက္သလိုပဲ ”
အျပန္အလွန္ စကားေျပာကိရိယာ အတြင္းမွ ဟန္တံုးဖ်င္ အသံထြက္လာသည္။
“ မဟုတ္ပါဘူး နားၾကားလြဲတာပါ ”
အိမ္ေတာ္ထိန္းဝမ္က စကရင္ကို အုပ္ရင္း
“ အေရာင္းသမားလာတာပါ ”
ဟန္က်ိဳးလီ “…”
“ က်ဳပ္ကို တစ္ပတ္ရိုက္ဖို႔ မႀကိဳးစားနဲ႔ ”
ဟန္တံုးဖ်င္က အိမ္ေတာ္ထိန္းဝမ္ကို ဆြဲဖယ္ၿပီး စကရင္ကို လက္ၫွိုးထိုးကာ
“ အဲ့ဒါ က်ိဳးလီ မဟုတ္ဘူးလား။ ဘာျဖစ္လို႔ လိမ္တာလဲ! ”
အခန္း [ ၁၉၂ ]
အိမ္ေတာ္ထိန္းဝမ္သည္ အတန္ငယ္မ်ွ တိတ္ဆိတ္ေနၿပီးေနာက္
“ အသက္က ႀကီးလာၿပီဆိုေတာ့ မွတ္ဉာဏ္ေတြက ယိုယြင္းလာပါၿပီ။ အႀကီးဆံုး သခင္ေလးက ဒီကိုျပန္မလာတာေတာ္ေတာ္ၾကာၿပီဆိုေတာ့ သခင္ေလး ဘယ္လိုပံုစံေလးရိွတယ္ဆိုတာကိုေတာင္ ေမ့သြားပါတယ္ ”
ဟန္တံုးဖ်င္ “…”
အက်ိဳးနည္း ဘယ္သူ႔ကို လာလိမ္ေနတာလဲ။
ဟန္က်ိဳးလီ “…”
“ ဝင္ခဲ့စမ္း က်ိဳးလီ မင္းကို ေျပာစရာရိွတယ္ ”
အသံက သာယာျခင္းမရိွသည္မို႔ ဟန္က်ိဳးလီ မ်က္ခံုးပင့္မိလ်က္သားျဖစ္ကာ တံခါးဖြင့္ၿပီး အထဲဝင္သြားလိုက္သည္။
အိမ္ေတာ္ထိန္းဝမ္က တံခါးဝထိလာႀကိဳပါ၏။ အထဲကိုေရာက္ေတာ့ သူ ဒီထိပဲ ကူညီႏိုင္သည္ဆိုေသာ အၾကည့္ျဖင့္ ၾကည့္သည္။
ထိုတစ္ခ်ိန္လံုးမွာ ဟန္တံုးဖ်င္ကေတာ့ မ်က္ႏွာမသာမယာျဖစ္ေနေလသည္။ သိုက္ယီးရန္က ဘာျဖစ္ေနလို႔လဲ။ သူမကို ဘိုးဘြားေတြသာမက အိမ္ေတာ္ထိန္းဝမ္ကလည္း နည္းနည္းမွမႀကိဳက္ပါလား!
“ ဘႀကီး ”
ဟန္က်ိဳးလီက အထဲဝင္လာၿပီး ၿငီးေငြ့ဖြယ္ေကာင္းစြာ ႏႈတ္ဆက္သည္။
“ မင္း ယီးရန္ကို အလုပ္ထုတ္လိုက္တယ္ဆို ”
“ အစ္ကိုဟန္ ”
သိုက္ယီးရန္က ဆိုဖာကေန ထလာၿပီး အနားေလ်ွာက္လာ၏။
သိုက္ယီးရန္ ေရာက္ေနလိမ့္မည္ဟု ဟန္က်ိဳးလီ မထင္ထားမိေပ။ သို႔ေသာ္ သူ သူမကို တစ္ခ်က္မွမၾကည့္ဘဲ လူႀကီးႏွစ္ဦးကို ႏႈတ္ဆက္လိုက္၏။
“ ဘိုးနဲ႔ဘြား ”
သိုက္ယီးရန္ရိွေနသျဖင့္ ဘြားဘြားဟန္သည္ ဟန္က်ိဳးလီကို ေမာင္းမထုတ္ေပ။
ခ်စ္သူရည္းစားရွာဖို႔ ကိစၥကိုလည္း မေျပာ။
သိုက္ယီးရန္လိုလူမ်ိဳးကိုသာ ရွာသြားမယ္ဆိုရင္ သူမေတာ့ ရင္က်ိဳးရခ်ည္ရဲ့..
ထို႔ေၾကာင့္ ဟန္တံုးဖ်င္ကို စိတ္ပ်က္စြာ ၾကည့္မိသည္။ သူမရဲ့ဒီသားဟာ သိုက္ယီးရန္လို မိန္းကေလးကို သူတို႔အိမ္ထိေခၚလာခဲ့သတဲ့။ ဘယ္ေလာက္မိုက္မဲလိုက္သလဲ..
“ လူႀကီးေတြက ဒီေန့ ဧည့္သည္ေတြ့ေနရတယ္ဆိုေတာ့ ကြၽန္ေတာ္ ျပန္ႏွင့္လိုက္ပါဦးမယ္ ”
ဟန္က်ိဳးလီသည္ စကားဆံုးသည္ႏွင့္ ခ်က္ခ်င္း လွည့္ျပန္သည္။
“ ေနစမ္းပါဦး မင္းကငါ့ကိုေတြ့တာနဲ႔ တန္းျပန္ေတာ့မယ္ေပါ့ ”
“ ဧည့္သည္ေတြလို႔ေျပာတာပါ ဘႀကီးက ဧည့္သည္လား ”
“ ဟင္း.. သင္းက ကိုယ့္ကိုယ္ကိုယ္ အျပင္လူလို႔ သတ္မွတ္ရတာကို ေပ်ာ္ေမြ့ေနတာ ေနပါေစ ”
ဘိုးဘိုးဟန္က ဝင္ေျပာလာ၏။
“ အေဖ ဘာေတြေျပာေနတာလဲ ”
ဟန္တံုးဖ်င္ အႀကီးအက်ယ္ ခံစားသြားရသည္။
“ အမွန္အကန္ေတြေဟ့ ”
ဘြားဘြားဟန္က လက္ဖက္ရည္ကို ေအးေဆးစြာ ေသာက္ရင္း
“ မင္းဟာ မ်ိဳးႏြယ္အမည္က ဟန္ျဖစ္ေနေပမယ့္ ကိုယ့္ကိုယ္ကိုယ္ အျပင္လူလို႔ သတ္မွတ္တယ္။ တခ်ိဳ႕လူေတြက်ေတာ့ တို႔မိသားစုနဲ႔လံုးဝ မဆိုင္တာကို အရွင္းသိေပမယ့္ မိသားစုဝင္ျဖစ္ၿပီလို႔ ထင္ေနၾကတယ္ ဟြန္း ”
သိုက္ယီးရန္မ်က္ႏွာ ပူခနဲျဖစ္သြားသည္။ စကားေတြက သူမကို ေျပာသြားတာ မဟုတ္ဘူးလား..
“ အေမ ဘယ္သူ႔ကိုေျပာေနတာလဲ.. ”
ဟန္တံုးဖ်င္ စိတ္ညစ္သြားသည္။ ဟန္က်ိဳးလီကို လူႀကီးတစ္ေယာက္အေနနဲ႔ ေျပာရဲဆိုရဲရိွေပမယ့္ အေဖနဲ႔အေမ ပါလာလ်ွင္ သူ႔မွာ ရဲတင္းျခင္း မရိွေတာ့။
“ မင္းက ငါ ဘယ္သူ႔ကိုေျပာေနတယ္ထင္လို႔လဲ။ ငါ့ေျမးႀကီးက အၾကာႀကီးေနမွ ျပန္လာခဲ့တာ။ ဒါ သူ႔အိမ္ပဲ။ ဒါေပမယ့္ ေရာက္ေရာက္ခ်င္း တန္းျပန္ရေတာ့မယ္။ ဒါ ယုတၲိရိွလား ”
“ ဒီလိုအခ်ိန္မွာ လာခဲ့မိတာ ကြၽန္မ သိပ္ကို စိတ္ႀကီးဝင္မိသြားပါတယ္ ”
သိုက္ယီးရန္ မ်က္ရည္က်မိေတာ့မတတ္ နာက်င္ဝမ္းနည္းသြားသည္။
“ သခင္ႀကီး သခင္မႀကီး .. ဦးေလး အန္တီ သခင္ႀကီးနဲ႔သခင္မႀကီးတို႔ အားတဲ့တစ္ေန့မွ ကြၽန္မ လာခဲ့ပါမယ္ ”
“ မလိုပါဘူး ”
ဟန္တံုးဖ်င္ မ်က္ႏွာပ်က္ရသလိုပင္။
“ မင္းကဧည့္သည္ပဲ၊ သခင္ႀကီးနဲ႔သခင္မႀကီးက ဧည့္သည္တစ္ေယာက္ကို ဘယ္ေတာ့မွ ေမာင္းထုတ္မွာ မဟုတ္ဘူး။ အထင္မလြဲပါနဲ႔ ”
သူမကို သူ ေခၚလာတာျဖစ္သည္။ သို႔ေပမယ့္ ခု ေမာင္းထုတ္ခံေနရ၏။ အေဖနဲ႔အေမက သူ႔ကို ဘယ္ေတာ့မွ အေလးမထားသလို သူမ်ားေတြအျမင္မွာ သူ ဘယ္လိုျဖစ္သြားမယ္ဆိုတာကိုလည္း ဂရုမစိုက္။
သိုက္ယီးရန္က လူႀကီးေတြကို ၾကည့္ၿပီးေနာက္ ဟန္က်ိဳးလီကို ၾကည့္သည္။
တစ္ခုခု ေျပာေပးပါေစ..
“ က်ိဳးလီ ယီးရန္က ဘာျဖစ္ေနလို႔ မင္း ဒီလိုလုပ္ရတာလဲ ”
ဟန္တံုးဖ်င္အသံသည္ တည္ၿငိမ္ေအးေဆး၏။
“ မင္းက တစ္ကိုယ္ရည္တစ္ကာယသမားမို႔ အားလံုးက မင္းအတြက္ ပူပန္ေနၾကတာ။ အမ်ိဳးေကာင္းသမီးေလးတစ္ေယာက္ေတြ့တိုင္း မင္းနဲ႔ မိတ္ဆက္ေပးခ်င္တယ္။ ယီးရန္ကိုလည္း မဆိုးဘူးထင္လို႔ မင္းတို႔ႏွစ္ေယာက္ သိၾကပါေစဆိုၿပီး ငါက မိတ္ဆက္ေပးခ်င္ခဲ့တာကြ။ ခုေတာ့ မင္းလုပ္ပံုကို ၾကည့္ဦး! ”
“ သူ႔လုပ္ပံုက ဘာျဖစ္ေနလို႔လဲ ”
ဟန္က်ိဳးလီအေဖ ဟန္ရွီးက်င့္က ဧည့္ခန္းထဲကို ေရာက္ၿပီျဖစ္ကာ အေမျဖစ္သည့္ ရွန္ေနာ့က တံခါးဝမွာ ဖိနပ္လဲေနဆဲ..
“ သိုက္ယီးရန္ကို သိပ္ေကာင္းတယ္လို႔ထင္ရင္ အစ္ကိုႀကီးပဲ ယူလိုက္ေပါ့ ”
***