ငါလေးက ငါးဆားနူးလေးတစ်ကောင်ဖြ...
By phyopyae139810
23.5K 2.2K 278
လူကြိုက်များတဲ့ကြက်ကြော်ကလေးကျန်းရှီးမင်အား စားသောက်ခြင်း BL Harem 44 part + 1extra = 45 part 1 by 6 Author... More
intro
ကြက်ကြော်လေး(1)
သန်းခေါင်ယံခေါ်ဆိုမှု(2)
ရှောင်ရန်ဆွေ့(3)
ဒုတိယမြောက်လူ( 4)
ကံတရား၏အလို(5)
သူငယ်ချင်း(6)
အပိုင်း(7)ရန်သူနှစ်ယောက်ကြား
အပိုင်း(8.1)ပထမသားက အလှလေး
အပိုင်း(8.2)ပထမသားကအလှလေး
အပိုင်း(9)စာအုပ်
အပိုင်း(11)စိတ်ခွဲ
အပိုင်း(12)မူလပိုင်ရှင်အမှိုက်ထုပ်
အပိုင်း(13) ဧည်ခံပွဲထဲက လျှိုဝှက်ချက်
အပိုင်း(14) ပြိုင်ပွဲ
အပိုင်း(15)သုံကြိမ်မြောက်ကန်တော့ခြင်း
အပိုင်း(16) အိမ်မက်ဆိုးထဲနှစ်ဝင်
အပိုင်း(17)နာကျင်စွာ ငိုကျွေးခြင်း
အပိုင်း(18) ကြောက်ရွံ့မှု
အပိုင်း(10)အမှတ်မထင်တွေ့ဆုံတဲ့သူ
887 119 37
By phyopyae139810
♡♡♡
ညနက်သန်းခေါင်တွင် အခန်းတစ်ခုအတွင်းရှိူက်သံတိုးတိုးကလေးထွက်လာသည်။တိတ်ဆိတ်နေတဲ့ ညမှာအငိုသန်တဲ့ တစ္စေ တစ်ကောင် ငိုကြွေးနေသလားဟုတောင်ထင်ရသည်။
နာရီလက်တံသံတချက်ချက်တောင်ကြားနေရတဲ့ အချိန်မှာ ရှိုက်သံသေးသေးလေးကလည်း ထိတ်လန့်စဖွယ်ဖြစ်သွားနိုင်သည်။သို့ပေမယ့် ငိုနေတဲ့သူကတော့ ဘာကိုမှ ဂရုမစိုက်မိသည့်ပုံပင်။
သူက စာအုပ်ကလေးတစ်အုပ်ကို ကိုင်ထားရင်း တရှုတ်ရှုတ်ငိုကျွေးနေ၏။ထိုလူက ကျန်းရှီးမင်ပင်ဖြစ်သည်။မူလပိုင်ရှင်ရဲ့ ၃ အုပ်မြှောက် ဒိုင်ယာရီကို ဖတ်ပြီးတဲ့ အချိန် ကျန်းရှီးမင် အလွန်ကိုမှ ဝမ်းနည်းလာသည်။
သူအစကထင်ခဲ့သည်။မူလပိုင်ရှင်ကမကောင်းတဲ့ကောင်လို့ ဒါပေမယ့် အခုလို အကြောင်းအရင်းမျိုးရှိခဲ့မယ်လို့ မထင်ထားခဲ့မိပေ။မူလပိုင်ရှင်က အရမ်းသနားစရာကောင်းတာပဲ။
ကျန်းရှီးမင်သည် ခေါင်းအုံးတစ်လုံးကို လက်သီးနဲ့ထိုးရင်း " အဲ့ကောင်ကို ငါ့လက်နဲ့ သတ်ချင်လိုက်တာ လူမဆန်တဲ့ကောင် ကလေးတစ်ယောက်ကို သူမို့လုပ်ရက်တယ် အားးး ဒေါသထွက်လာပြီ "
ကျန်းရှီးမင်သည် မူလပိုင်ရှင်ရဲ့အဖြစ်အပျက်ကို စာနာမိသည်။ဒေါသလည်းထွက်သည်။ ဘာဆက်ဖြစ်သွားမလဲဆိုတာ သူဆက်ဖတ်ချင်ပင့်မယ့် အချိန်က မနတ် ၇နာရီတောင်ထိုးတော့မည်ဖြစ်သည်။သူစာအုပ်ထဲ မျောဝင်သွားပြီး အချိန်တော်တော်ကြာစိတ်မကောင်းဖြစ်ပြီး ငိုခဲ့မိတာပဲ။
မျက်နှာချင်ဆိုင်မှာရှိတဲ့ မှန်ထဲမှာ ကောင်လေးတစ်ယောက်ရဲ့ မျက်လုံးအောက်က မဲနက်နေပြီ ဖြစ်သည်။သူတစ်ရေးမှ မအိပ်ရင် သေသွားမှာစိုးပါသည်။ဒီလို သနားစရာကောင်းတဲ့ ခန္ဓာကိုယ့်ကိုရထားပြီး အကြောင်းမဲ့သေလို့မဖြစ်ပေ။
ဒါပေမယ့် သူအိပ်လို့မရဘူး။အဲ့မြင်ကွင်းကြီးက သူ့ကိုအရမ်း ထိတ်လန့်စေခဲ့သည်။ကျန်းရှီးမင်သည် ဒေါသထွက်စွာ ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်။
သူထပ်မအိပ်နိုင်ရင်တော့ ထပြီ တစ်ခုခုလုပ်တာကပ်ိုအဆင်ပြေအုန်းမည်။ မဟုတ်လျှင် သူဒေါသထွက်လို့ သေသွားလောက်သည်။ ၇ နာရီ ထိုးပြီးမိနစ်အနည်းငယ်ကြာတဲ့အခါ မနတ်စာ စားဖို့ အိမ်ဖော်တစ်ယောက်က လာခေါ်တာကြောင် ကျန်းရှီးမင်သည် လွှတ်ပစ်ရမည် စာအုပ်များကို အိတ်နဲ့ ထုတ်နေရာမှ လက်ကိုဖုန်ခါပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
သူမအိပ်လိုက်တာမှန်သွားတာပဲ။မဟုတ်ရင် အခုထိအိပ်နေသေးသည် ဆိုပြီကျန်းမိဘတွေဆီမှာ သူ့အပေါ် မကောင်းတဲ့ အမြင်တွေရသွားနိုင်သည်။ထမင်းစား စားပွဲတွင် ကျန်းရှီးမင် ဝင်ထိုင်လိုက်တဲ့အခါ လူတိုင်းရဲ့ ထူးဆန်းတဲ့ အကြည့်တွေကို ခံစားလိုက်ရ၏။
' မဟုတ်သေးပါဘူး မနတ်စောစောထတာက ဒီလောက်အံသြစရာကောင်းနေလို့လား '
ကျန်းရှီးမင်သည်အခုချိန်လူတိုင်းအပေါ်မကောင်းတဲ့အတွေးပဲတွေးနေမိသည်။လူတိုင်းကို ဆဲဆိုပြီ ထိုင်နေတဲ့သူကိုတောင် တုတ်နဲ့ရိုက်ချင်စိတ်ဖြစ်နေ၏။သူ့ကို အဲ့စာအုပ်ကြီးက အရမ်းလွှမ်းမိုးထားတာပဲ။ သူက အစွဲလမ်းကြီးတဲ့သူမို့လို့ အဲ့လွှမ်းမိုးမှုကို မလွန်ဆန်နိုင်သေးဘူး။
အကြည့်တွေကို လျစ်လျူရှုပြီး ကျန်းရှီးမင်သည် ခပ်ပျစ်ပျစ်ဆန်ပြုတ်ကို ပါးစပ်ထဲသွင်းလိုက်သည်။အဲ့အခါကျမှ သူ့ရဲ့စိတ်ကအနည်းငယ်ငြိမ်ချမ်းသွား၏။
ဘယ်လိုပဲဖြစ်ဖြစ် အစားအသောက်ကသူ့ကို စိတ်အေးစေတုန်းပင်။ဆန်ပြုတ် ၃ ပန်ကန်လောက်သောက်ပြီးတဲ့အခါမှာ အဲ့ကိစ္စကို သူမေ့ပြစ်လိုက်သည်။မှုလပိုင်ရှင်အတွက်တော့ သနားစရာကောင်းသည့် အဖြစ်ဆိုးကြီးကို ကျန်းရှီးမင် က ဆန်ပြုတ် ၃ ပန်းကန်နဲ့ လဲလိုက်သည်။
...
မနတ်စာ စားပြီးတဲ့နောက်မှာ ကျန်းဖေဖေက ကုမ္ပဏီကို သွားပြီ ကျန်းမေမေက သူမရဲ့ ချည်ထိုးတဲ့အလုပ်ကိုသာ ပန်းဥယာဥ် ထဲတွင်ထိုင်လုပ်နေသည်။ကျန်းရှောင်မင်က ကတော့ သူ့အခန်းထဲသူပြန်သွားကာ ဘာလုပ်နေသလဲ ကျန်းရှီးမင်လည်း မသိပါ။
ဖုန်းထိုင်မသုံးချင်တော့တဲ့ ကျန်းရှီးမင်က ကျန်တဲ့ ၁နာရီကို ဘယ်လိုဖြုန်းရမလဲမသိတာကြောင့် ပန်းဥယာဥ်ထဲက ကျန်းအမေကို သွားနှောက်ယှတ်ချင်လာသည်။
ကျန်းရှီးမင်သည် ဘေးတံခါးမှ ကျန်းမေမေရှိရာ ပန်းခြံကြီးဆီသို့ လာခဲ့သည်။ဒီနေရာလေးက ကျန်းမေမေအတွက် လျှိုဝှက်နေရာလေးဖြစ်သည်။အလွန်ရှားပါးသော ပန်းပင်မျိုးစုံကို ပြခင်းတစ်ခုသဖွယ် ခင်းကျင်းပြသထားသည်။
ကျန်းရှီးမင် သည်အိမ်ကို စရောက်ကတည်းက ဒီပန်းခြံက သူ့ကို ဆွဲဆောင်နေသည်ဟု ခံစားခဲ့ရသည်။ဒါပေမယ့်ဘာကြောင့်လဲဆိုတာ ထုံစံအတိုင်းသူမသိပြန်ပါဘူး။အရမ်းရင်းနှီးလွန်းတဲ့ ခံစားချက်ဆိုတာကို သာ သူမှတ်မိသည်။
ပန်းသိပ်မကြိုက်သော ကျန်းရှီးမင်က ပန်းတွေရဲ့ နာမည်ကိုတော့ kiss me ပန်းကလွဲရင် ကျန်တဲ့ ပန်းနာမည် တစ်ခုလေးကိုတောင် မသိပေ။ကျန်းရှီးမင်သည် ပန်းတွေရဲ့ အလှကို ခံစားရင်း ပန်းခြံအလည်က ကျန်းမေမေဆီသို့ရောက်လာခဲ့၏။
ကျန်းမေမေက သူ့ကိုမြင်တဲ့အခါ သူမလုပ်လက်စအလုပ်ကိုရပ်ထားပြီး ကျန်းရှီးမင်ကို လှမ်းကြည့်နေတဲ့အခါ ကျန်းရှီးမင်သည် ကျန်းမေမေအနားသို့ ပြေးသွားလိုက်သည်။
" ဘာလို လို့လဲ သား "
" ဘာမှမလိုပါဘူး မား ပျင်းလို့ လျောက်ကြည့်နေတာပါ ဒါနဲ့ မားထိုးနေတာ ဘာလဲဟင် "
" အော် ဒါက မာဖလာလေ သား ပါး အတွက် မွေးနေ့လက်ဆောင် "
" ဝါး အရမ်းမိုက်တာပဲ ကျွန်တော်ရော သင်လို့ရလား"
ကျန်းမေမေ၏ မျက်ခုံးတွေက အပေါ်သို့ တက်သွားပြီ ကျန်းရှီးမင်ကို ကြည့်လာ၏။ကျန်းရှီးမင်က ကျန်းမေမေကို မျက်နှာချိုသွေးကာ ပြုံးပြလိုက်သည်။
" အရင်က ချည်ထိုးတာဝါသနာမပါဘူးမှတ်လား "
" လူဆိုတာ စိတ်အပြောင်းအလဲမြန်တယ်လေ အရင်တုန်းက ဝါသနာမပါဘူးဆိုပင့်မယ့် အခုရော ဝါသနာ မပါဘူးလို့ ပြောလို့မှမရတာ"
ကျန်းရှီးမင် ၏ သဘာဝကျတဲ့ အဖြေစကားကြောင့် ကျန်းမေမေက ချည်တစ်လုံးနှင့် ထိပ်တွင်အကောက်ပါသော တုတ်ချောင်းလေးတစ်ချောင်းပေးလာ၏။
ပါဝင် ပစ္စည်းလေး နှစ်ခုတည်းဖြင့် ထိုးသောချည်ကို သင်ပြီးခဏအကြာမှာ ကျန်းရှီးမင်တစ်ယောက် တိုက်ပွဲထဲရောက်နေသလိုခံစားလာရ၏။ကျန်းမေမေသည် သူမသားကြိုးစားနေတဲ့ ပုံလေးကို ကြည့်နေမိသည်။
ဘယ်တုန်းကမှ သူမသားကို ဒီလောက်ချစ်ဖို့ကောင်းမယ်လို့မတွေးခဲ့ဖူးပေ။အိုး သူမသားက သိပ်ချစ်စရာကောင်းတာပဲ။ အရင်က ဆူပုတ်ပုတ် မျက်နှာနဲ့ အမြဲစကားနာပဲ ထိုးနေတဲ့ သူမသားရဲ့ ပုံစံကိုပဲ ကျန်းမေမေမြင်ဖူးခဲ့သည်ပင်။
ဒီလိုမျိုး သူလုပ်ချင်တာတစ်ခုခုအတွက် ကြိုးစားအားထုတ်နေတာကို သူမဘယ်တုန်းကမှ မတွေ့ခဲ့ရဖူးပေ။ပြန်မတွေးချင်စရာ အတိတ်ကကိစ္စဖြစ်ပြီးကတည်းက သူမသားကဘယ်တော့မှ ပြုံးလေ့မရှိတော့ဘူး။
အဲ့တုန်းက သူမကလည်းငယ်ရွယ်သေးသည်။ကလေးတစ်ယောက်ကို ဘယ်လိုပျိုးထောင်ရမလဲမသိသလို သူမအတွက် အားကိုးရမည့် ယောင်္ကျားကိုသာရှာဖွေနေမိသည်။
မထင်မှတ်ထားပဲ သူမရဲ့ တုံးအမှု ၊ ဂရုမစိုက်မှုတွေက သူမသားလေးကို ဒဏ်ခက်လိုက်တာပဲ။ထိုကိစ္စတစ်ခုလုံးက သူမရဲ့ အမှားတွေဖြစ်သည်။ကျန်းမေမေသည် နောင်တရလာသည်။အဲ့နေ့ကသာ သူ့မ ဆွေမျိုးတွေက သူမကိုလိမ်ခေါ်တယ်ဆိုတာ သူမ သိခဲ့ရင် သူမမွေးရပ်မြေကိုမပြန်ဘဲ သူမသားကို ကာကွယ်ပေးနိုင်လိမ့်မည်။
အကယ်လို သူမမှာသာ လူ ၂ယောက်စာ ခရီးစရိတ်ရှိခဲ့ရင် အဲ့နေ့က အဖြစ်အပျက်က ပြောင်းလဲ သွားနိုင်လောက်မလား။သူမသားရဲ့ ပြုံးရွင်နေတဲ့ မျက်နှာကိုရော သူမပြန်တွေ့လို့ရနိုင်မလား။
ကျန်းမေမေကရုတ်တရပ် မျက်ရည်တွေကျလာတဲ့အခါ ကျန်းရှီးမင် က ချည်ထိုးခြင်းအလုပ်ကိုရပ်လိုက်သည်။ကျန်းရှီးမင်က ကျန်းမေမေကို ကြောင်အစွာ ကြည့်နေမိသည်။ထိုအချိန်မှာ ...
" မား! ဘာဖြစ်လို့လဲဟင် ! "
ကျန်းရှောင်မင်သည် ဘယ်ကနေထွက်လာမှန်းမသိရဘဲ ကျန်းမေမေဆီ ပြေးလာသည်။ကျန်းရှီးမင်သည် နေရာတွင်သာ ကျောက်ရုပ်လို့ရပ်နေမိသည်။ကျန်းမေမေသည် ဝမ်းနည်းလွန်းလို့ ဖြစ်နိုင်သည် စကားတောင် မပြောနိုင်တော့ပဲ ငိုသာငိုနေ၏။
နောက်ဆုံးမှာတော့ ငိုနေတဲ့ ကျန်းမေမေကို ကျန်းရှောင်မင်နဲ့ အိမ်ဖော်တွေက အိမ်ထဲခေါ်သွားတော့သည်။သူတို့ အိမ်ထဲမဝင်ခင် ကျန်းရှောင်မင်သည် ကျန်းရှီးမင်ကို ဒေါသတကြီး စိုက်ကြည့်သွားသေး၏။
မကြာပါဘူး။ကျန်းရှောင်မင် အိမ်ထဲကနေ ပြန်ထွက်လာပြီ ကျန်းရှီးမင်ဆီ ဒေါသတကြီး တိုးကပ်လာတာကို သာ ကျန်းရှီးမင် မြင်လိုက်ရပြီ သူ့ပါးမှာ ထုံကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
သူပါးရိုက်ခံလိုက်ရတာပဲ။ကျန်းရှီးမင်သည် အံသြလွန်းလို ပါးစပ်ကလေးဖွင့်ကာ အရိုက်ခံလိုက်ရတဲ့ ပါးကို သူ့လက်ဖြင့် အုပ်ထားသည်။
" ငါမင်းကိုပြောထားမယ် နောက်တခါ အမေ့ကို ငိုအောင်လုပ်ရင် ပါးမရိုက်ဘူး ငါမင်းကိုသတ်ပစ်မှာ ! ငါမလုပ်ရဲဘူး မထင်နဲ့ !!!!! "
ကျန်းရှောင်မင်သည် သူပြောချင်ရာပြောပြီး လှည့်ထွက်သွားတော့သည်။ကျန်းရှီးမင်သည် အာစီမိနေသော လူတစ်ယောက်လို့ ဆွံအစွာ သူ့လက်ကလေးကလည်း လေထဲတွင် တွဲလောင်းကျနေ၏။
'မဟုတ်သေးဘူးလေ သူ့ဘာသာသူငိုတာနဲ့ ငါက ဘာကိစ္စအရိုက်ခံရတာလဲ ငါဘာမှမလုပ်ဘူးလေ '
ကျန်းရှီးမင်သည် ဒေါသထွက်တာထပ် ကြောင်အသွားချင်ကပိုသည်။
' သူဘာလို့ မူလပိုင်ရှင်ကို အရမ်းမုန်းနေပါလိမ့် '
ကျန်းရှီးမင်သည် ဆံပင်များကို ဖွလိုက်ပြီး အရိုက်ခံလိုက်ရတဲ့ ပါးကို ပွတ်နေမိသည်။တော်သေးသည် ။ သိပ်မနာပေ။အရောင် အရမ်းကြီးထင်းမနေဖို့ပဲသူမျော်လင့်သည်။
ခဏနေ ကုန်တိုက်သွားကြမှာမဟုတ်လား။သူ့ပါးက လက်ဝါးရာကြီးနဲ့တော့ သူအပြင်မသွားချင်ပေ။ဒါမှမဟုတ် သူနေခဲ့လိုက်ရမလား။ဒါပေမယ့် သူ့မှာ ဝတ်စရာမှမရှိတာ မလိုက်သွားလို့လဲ မရဘူး။
ကျန်းရှီးမင်သည် မျက်လုံးကလေး ကလယ်ကလယ်လုပ်ပြီ နှုတ်ခမ်းကိုဆူထားသည်။ထိုနောက် သက်ပြင်းချလိုက်၏။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ ရွေးစရာမှမရှိတာ။
....
နောက်ဆုံးမှာတော့ ကျန်းရှီးမင်သည် ကားအနောက်ခန်းတွင် ကြုတ်ကြုတ်ကလေးထိုင်နေလိုက်သည်။ကားရှေ့ခန်းတွင်ရှိသော ရွမ်ပိုင်ယုနှင့် ကျန်းရှောင်မင်က စကားတစ်ပြောပြောဖြင့် လေထုက သာယာနေ၏။
အငြိုအငြင်ခံပြီး လိုက်လာရတာကြောင့် ကျန်းရှီးမင်က သူ့ကိုယ်သူ ကိုယ်ပျောက်အဖြစ်သာနေလိုက်တော့သည်။သူလိုက်လာတာကို ရွမ်ပိုင်ယုက သိပ်ကြိုက်ပုံမရပေ။
ကျန်းမေမေ ငိုတဲ့အချိန်ကတည်းက ရွမ်ပိုင်ယုကရောက်နေတာကြောင့် ကျန်းရှောင်မင်လိုပဲ သူ့ကို အထင်လွဲနေလောက်သည်။ဒါပေမယ့်လည်း သူ မဖြေရှင်းချင်ပါ။
ဘယ်လိုပဲဖြစ်ဖြစ် အချိန်တစ်ခုရောက်ရင် ပြသနာတွေက သူ့ဘာသာသူ ပြန်ပြေလည်သွားမှာလို့ ကျန်းရှီးမင်က တွေးထားသည်။ကျန်းရှီးမင် ရှင်းပြရင်တောင် သူတို့က လက်ခံမှာမှမဟုတ်တာ။လေကုန်ခံမနေတော့ဘူး။
နောက်လည်း ထပ်တွေ့ရမဲ့ လူတွေမဟုတ်တာကြောင့် ကျန်းရှီးမင်က ဒီအတိုင်းလေးသာ ဖောလိုးလိုက်သွားလိုက်သည်။သူတို့အထင်လွဲတော့ရော ဘယ်သူက ဂရုစိုက်နေလို့လဲ။ဖြစ်ပေါ့။
ကျန်းရှီးမင်သည် နားကြပ်တပ်ထားကာ ပြတင်းပေါက်မှ တဆင့်အပြင်ဘက်ကို ငေးမောနေလိုက်သည်။ကျန်းရှီးမင်သည် ဒီနောက်ပိုင်း သူစိတ်တွေတစ်မျိုးဖြစ်လာတာကို ခံစားမိသည်။
ပြောင်းလဲလာတယ်လို့ ခံစားမိပင့်မယ့် ဘာကပြောင်းလဲသွားလဲဆိုတာတော့ သူကိုယ်တိုင်လည်းအခုထိမသိသေးပေ။စိတ်ဆိုတဲ့အရာက တကယ်တော့ အရမ်းရှုပ်ထွေးတာပဲ။
အမှန်ဆို သိပ္ပံပညာရှင်တွေက အာကာသကိုအဖြေမရှာခင် လူတွေရဲ့ စိတ်ကို အရင်အဖြေရှာသင့်သည်။လူ့စိတ်လောက် ထူးဆန်းတဲ့အရာ ဘာများရှိအုန်းမှာလဲ။စိတ်ကပဲပျော်နိုင်တယ်။ငိုနိုင်တယ်။ဝမ်းနည်းနိုင်တယ်။သေတဲ့အထိတောင် စိတ်ကပဲခိုင်းစေတာဖြစ်သည်။
စိတ်နဲ့ ပတ်သက်ရင်တော့ အဖြစ်အပျက်တွေက ခက်ခဲနက်နဲလွန်းလို့ ကျန်းရှီးမင်က စဥ်းစားရမှာကိုတောင်ပျင်းလာသည်။အရမ်းပျင်းလွန်းလို့ အိပ်တောင်ပျော်တော့မည်ဟုခံစားရ၏။
ဒါပေမယ့် သူအိပ်မပျော်ခင်မှာပဲ ကုန်တိုက်ရောက်လာတာက ကံဆိုးမှုတစ်ခုလိုပင်။သူတကယ် အိပ်ချင်နေပြီဖြစ်သည်။ကျန်းရှီးမင်သည် ကားပေါ်တွင် နေခဲ့ချင်သော်လည်း လူ၂ယောက်ရဲ့ အပြောအဆို ထပ်မခံနိုင်တာကြောင့် သူတို့နောက်ကနေသာ လိုက်လာခဲ့သည်။
ကျန်းရှီးမင်က ကိုယ်ပျောက်တစ်ယောက်လိုဖြစ်နေပင့်မယ့် သူရှေ့မှ လူ၂ယောက်ကတော့ ပန်းခြံထဲကစုံတွဲတွေလိုပင်။စိတ်ကူးယှဥ်ရလျှင် သူတို့နားမှာ လိပ်ပြာတွေပါပျံနေသလိုထင်ရ၏။လေထုက အဲ့သလောက်အထိကို သာယာနေသည်။
တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ကောင်မလေး စျေးဝယ်ထွက်တာကို အနောက်ကတကောက်ကောက်လိုက်နေရသော ကောင်လေးလို ရွမ်ပိုင်ယုက အိတ်ကြီး အိတ်ငယ်များကိုကိုင်ထားသည်။
ကျန်းရှီးမင်တွေးမိသည်။ ' ဒီဆရာဝန်က ဆေးရုံးမသွားဘဲ အားနေတဲ့အပြင် ပစ္စည်းသယ်တဲ့ အလုပ်ပါလုပ်သေးတယ် '
ကျန်းရှီးမင်သည် ကျန်းရှောင်မင် ဝယ်ပေးထားသော အဝတ်အိတ်အနည်းငယ်ကိုကိုင်ကာ လူ၂ယောက်နောက်ကို လိုက်နေရ၏။၁၂ထိုးတော့မည်ဖြစ်တာကြောင့် နေလယ်စာလည်း အိမ်ပြန်စားလောက်မည်မဟုတ်ပေ။
ဝယ်စရာတွေဝယ်ပြီလောက်တဲ့အချိန်မှာ ကားပေါ်တွင် အထုတ်များတင်ကာ ရွမ်ပိုင်ယုက ...
" ရှောင်မင် ဘယ်နေရာမှာ ညနေစာစားချင်လဲ "
" ကျွန်တော်ကရပါတယ် ကောပိုင်ယု ရွေးလေ "
" ကောင်းပြီ ဒါဆို သွားနေကြနေရာပဲ သွားကြတာပေါ့ "
" ဟုတ်ကဲ့ "
ကျန်းရှောင်မင်သည် ကျန်းရှီးမင်နှင့် စကားပြောတုန်းကလို မနှစ်မျို့သလို မကြိုက်သလိုဖြစ်မနေဘဲ။ ကောသဘော ကောသဘောနှင့် ပုလဲနံ့သင့်နေ၏။ကျန်းရှီးမင်က ဒါကိုတွေ့တော့ မျက်လုံ လှန့်မိသွားသည်။
တော်တော်လည်း တက်နိုင်တဲ့သူပဲ !
စားသောက်ဆိုင်ရောက်တဲ့အချိန်မှာလည်း အရှေ့မှ လူနှစ်ယောက်က အတူတူဝင်သွားကာ ကျန်းရှီးမင်က အနောက်မှာ တစ်ယောက်တည်းကျန်ခဲ့တော့သည်။
ဘာဆိုင်လဲတော့မသိပင့်မယ့် အပြင်အဆင်ကြည့်ကတည်းက သာမာန်လူတွေလာလို့ မရဘူးဆိုတာတော့ အပြင်ကလှမ်းကြည့်တာတောင် သိနိုင်သည်။ရွမ်ပိုင်ယုနှင့် ကျန်းရှောင်မင်က တံခါးကနေတဆင့် အထဲဝင်သွားသည်။
ကျန်းရှောင်မင် လိုက်ဝင်တဲ့အခါ အစောင့်များက သူ့ကိုတားမြစ်လိုက်၏။
" ဝင်လိုမရပါဘူး "
" ဘာလို့လဲ "
" သာမာန်လူတွေဝင်ခွင့်မရှိဘူး "
" ခုနက လူတွေနဲ့ အတူလာတာလေ သူတို့ကျတော့ ဝင်လို့ရပြီ ဘာလို့ ငါကျတော့ ဝင်လို့မရတာလဲ "
" သူတို့ အတူပါလာတယ်ဆိုတာ သက်သေရှိလား "
" မရှိဘူး "
" ကြိုတင် ဘိုကင်ချိတ်ထားတာရော ရှိလား"
"မရှိဘူး "
" ဒါဆို ဝင်လို့မရပါဘူး "
" ဟာ့ ! တကယ်ကြီးပြောနေတာပဲ "
ကျန်းရှီးမင်သည် ရုတ်တရပ်ဒေါသထွက်လာသည်။ဘယ်လိုပဲ သူတို့ ကျန်းရှီးမင်ကို မကြိုက်ဘူးဆိုအုန်းတော့ မနတ်က မဆီမဆိုင်ပါးရိုက်ခံရတဲ့အပြင် တစ်နေ့လုံး မရှိတဲ့လူကို ဆက်ဆံခံရသည်။
ယခုလည်း သူတို့က သူ့ကို ထမင်းတောင် မကျွေးချင်ကြဘူးပေါ့။တကယ် တရားလွန်လွန်းတဲ့ကောင်တွေ။
" လမ်းပိတ်ရပ်မနေနဲလေ ဆိုင်ထဲ မဝင်နိုင်ဘူးဆိုရင်လဲ ပြန်တော့လေ အကျန်လေးဘာလေးရမလားလို့ စောင့်နေတာလား "
ကျန်းရှီးမင်သည် သူ့နောက်မှ ထွက်လာသော မိန်းကလေးတစ်ယောက်၏ စကားကြောင့်အနောက်ကို လှည့်ကြည့်လိုက်သည်။ရုပ်ရည် ချောမောသော အမျိုးသမီးတစ်ယောက်သည် အဆင်တန်စာများကို လည်ပင်ပျက်ကျမတက် ဝတ်ဆင်ထားပြီ မိတ်ကပ်များကလည်း ဂေါ်ပြားဖြင့် ခြစ်ထုတ်၍ရလောက်တဲ့အထိ ထူးပိတ်နေ၏။
နဂိုချောတဲ့ ရုပ်ကလေးကို ပြင်လိုက်တော့ ရုပ်ဆိုးမကြီးလိုဖြစ်သွားတာဖြစ်သည်။ကျန်းရှီးမင်သည် ဒေါသထွက်နေတာကြောင့် သူ့အမှိုက်ကို သူများပေါ် သွန်းချလိုက်တော့သည်။
" ဘေးမှာ လမ်းမမြင်ဘူးလား ဒီလောက်လမ်းအကျယ်ကြီးတောင် မင်းမမြင်ရအောင် မင်းမျက်လုံးကကန်းနေလို့လား ! "
ကောင်မလေးစကားပြန်ပြောမည့်အချိန်ကိုပင်စောင့်မနေတော့ဘဲ ကျန်းရှီးမင်သည် အဲ့နေရာက ထွက်ခဲ့တော့သည်။သူအခု ဗိုက်အရမ်းဆာနေပြီဖြစ်သည်။
ကံကောင်းထောက်မစွာ ရွေ့လျားလမ်းဘေးဆိုင်တစ်ဆိုင်ကို ကျန်းရှီးမင်တွေ့လိုက်သည်။ကျန်းရှီးမင်သည် ထမင်းကြော်တစ်ပွဲမှာလိုက်သည်။ထမင်းကြော်လည်း ကျန်းရှီးမင် လက်ထဲအရောက် ကင်းလှည့်ရဲတွေတွေ့တာကြောင့် ဆိုင်ရှင်က ဆိုင်ကယ်မောင်း၍ ပြေးလေတော့သည်။
ကျန်းရှီးမင်သည် ထမင်းကြော်ထုပ်ကလေးကိုင်ကာ လက်ထောင့်တစ်နေရာတွင် ထိုင်ချလိုက်သည်။ဒီနေ့သူ့မှာသာ ပိုက်ဆံမပါရင် သူငတ်သေသွားမှာမှတ်လား။လွယ်လွယ်နဲ့တော့ သေစရာလား။
ထမင်းကြော်တစ်လုပ်စားပြီးတဲ့အခါမှာတော့ ကျန်းရှီးမင်ရဲ့ ဒေါသတွေမရှိတော့ချေ။အလှစားရတဲ့ဆိုင်ထပ် လမ်းဘေးဆိုင်က ထမင်းကြော်ကပို၍စားကောင်းသောကြောင့်ပင်။
ကျန်းရှီးမင်မသိတာကတော့ စားသောက်ဆိုင် ထဲကနေ သူ့ကိုကြည့်နေတဲ့ မျက်လုံး ၆လုံးရှိတယ်ဆိုတာကိုပင်။ကျန်းရှီးမင် မသိရချင်အကြောင်းကတော့ ဆိုင်အတွင်းကနေပါ အပြင်ကိုမြင်ရပြီး ဆိုင်အပြင်ကနေတော့ မမြင်ရသည် မှန်ကာထားသောကြောင့်ဖြစ်သည်။
ကျန်းရှီးမင် ဗိုက်ဖြည့်ပြီးသွားတဲ့အချိန်အထိ ဆိုင်ထဲဝင်သွားတဲ့ လူ၂ယောက်က ထွက်မလာသေးပေ။ဒါကြောင့် ကျန်းရှီးမင်က ကားထဲပြန်သွားကာ တစ်ရေးလောက်မှေးနေမိသည်။သူတိုကြည့်ရတာ ကြာအုန်းမည်ပုံပေါ်သောကြောင့်ပင်။
သျှပ်ပန်း
#####
♡♡♡
...
" ဘာလို လို့လဲ သား "
" မား! ဘာဖြစ်လို့လဲဟင် ! "
....
တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် ကောင်မလေး ဈေးဝယ်ထွက်တာကို အနောက်ကတကောက်ကောက်လိုက်နေရသော ကောင်လေးလို ရွမ်ပိုင်ယုက အိတ်ကြီး အိတ်ငယ်များကိုကိုင်ထားသည်။
" ဟုတ်ကဲ့ "
" ဝင်လိုမရပါဘူး "
" ဘာလို့လဲ "
" မရှိဘူး "
"မရှိဘူး "
" ဒါဆို ဝင်လို့မရပါဘူး "
သျှပ်ပန်း
#####
Continue Reading
You'll Also Like
277K 24.4K 130
အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်..မရည်ရွယ်တဲ့ အမှားတွေကြားအထင်လွဲမှုတွေနဲ့ဝေးကွာခဲ့ရတဲ့အခါ.. Cover Photo....Credit Pinterest
7.9M 462K 48
Wang Li Xun, the Crown Prince, goes out hunting for the Celestial Flower to save his mother from a terminal illness. When he nearly dies from the att...
379K 17.3K 65
Love is a thing that if you'll find, never can see it but you will meet this nearly or by chance.
342K 42.2K 32
Chengchi family Extra Only ( 30 parts ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author...