ပင်လယ်ဖျံလေးရဲ့ ဒေါက်တာ

By Zhang-Nerio-Thwe

5.7K 635 89

Chanbeak More

Ep......1
Ep.....2
Ep........3
Ep....4
Ep...5
Ep.....6
Ep....7
Ep...8
Ep....9
Ep.....10
Ep....11
Ep...12
Ep....13
Ep...14
Ep...15
Ep...16
Ep.....17
Ep.....18
Ep.....19
Ep.....20
Ep....21
Ep....22
Ep...23
Ep....24
Ep....25
Ep.....26
Ep....27
Ep....28
Ep....29
Ep....30
Ep...31
Ep....32
Ep..33
Ep....34
Ep....35
Bye Bye

Final

168 9 2
By Zhang-Nerio-Thwe

Zawgyi




"အွန်း နည်းနည်း"








".ဟင်"



ဒေါက်....ဒေါက်...







"တော်တော့ ငယ်လေး ..."













"Beak "



Kyungsooအသံနဲ့ အတူ သူတို့ အရှေ့က တံခါးက ပွင့်သွားပြီး ခန်းမထဲက လူတွေအားလုံးရဲ့ အကြည့်က သူတို့ဆီ ရာက်လာသည်။












"နမ်း.....နမ်း....နမ်း...."






"ပစ်ပြီနော် "

"ဟုတ် ပစ်လိုက်တော့"

ဝှီးးးးးးးး





"အရှက်ကို မရှိဘူး"


"သား"








"ရိုက်ပြီနော်"



23.2.2024 end
မြူရီသွယ်🦋

___________________________
ဇာတ်မသိမ်းတတ်ဘူး😭😭

______________________________________
Unicode

ဒီနေ့က အကုန်လုံး ပျော်ရွင်စေတဲ့နေ့လေး တစ်နေ့ပေါ့....
အားလုံးရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေဆာလျက်

"Beak စိတ်လှုပ်ရှားနေလား"

လက်ဖဝါးအချင်းချင်း ပွတ်နေတဲ့ Beakကို မေးရင်း ပွတ်နေတဲ့ လက်ကလေး ဆွဲယူလိုက်သည်။

"အွန်း နည်းနည်း"

နည်းနည်းလို့ ပြောပင်မယ့် လက်တွေအေးစက်နေတဲ့ Beakကို သူအမြတ်တနိုးကြည့်မိသည်။Beakဝတ်ထားတဲ့ အဖြူရောင် အနောက်တိုင်း ဝတ်စုံလေးက သူနဲ့ ဆင်တူပင်။

သတို့သမီးလို အများကြီး ပြင်ဆင်စရာလဲ မရှိတာကြောင့် သူတို့နှစ်ယောက်လုံး ဘာမှကို မခြယ်သထားပေ။ဒါပင်မယ့် Beakရဲ့ မျက်နှာလေးကတော့ ကြည်လင်နေပြီး ပါးက အနည်းငယ် ပန်းရောင်သမ်းနေသည်။နှုတ်ခမ်းတို့ဟာလဲ သဘာဝအတိုင်း နီရဲနေသလို ညက သူနမ်းထားတာကြောင့် အနည်းငယ် ပေါက်ပြဲနေသည်။

ဒီကိစ္စလဲ မနဲ ချော့ထားရတာ.....မနက် မင်္ဂလာဆောင်ကို နှုတ်ခမ်းပေါက်အောင် နမ်းလို့တဲ့လေ....လူတွေအများကြီးရှေ့ နှုတ်ခမ်းပေါက်နေတာက ရှက်စရာကြီးဆိုပြီး စိတ်ဆိုးသွားလေရဲ့......

မျက်နှာငယ်လေးနဲ့ ချော့ကာမှ စိတ်ဆိုးပြေတယ်....
ဒီလူကလဲ ပေါက်ပြဲပြီး အသားနာအောင် လုပ်ချင်ပါ့မလား
Beakနှုတ်ခမ်းကိုက နမ်းလို့မဝသလို နမ်းရင်းနဲ့ အားပါသွားမိတာကို......

"Beak ....ကိုယ့်ကိ ချစ်လားဟင်"

"မချစ်မှတော့ ဒီအခန်းထဲတောင် ရောက်နေပါ့မလား.....စိတ်လှုပ်ရှားရတဲ့ကြားထဲ ဘာတွေ မေးမှန်းမသိဘူး"

"ဟားးးးကိုယ်က Beak အာရုံပြောင်းအောင် မေးတာပါကွာ......Beak"

".ဟင်"

"ကိုယ်အနား တစ်သက်လုံး ရှိနေပေးနော်...."

"အွန်း ရှိနေပေးမယ်.....Yeolလဲ Beakအနားမှာဘဲ နေပေး"

ဒေါက်....ဒေါက်...

"အမယ် အကြည်စိုက်နေကြတယ်ပေါ့  မင်္ဂလာပွဲလေးတော့ ပြီးအောင် လုပ်ပါအုံးဗျာ"

"မင်းကဘဲ ငါ့ပြန်ပြောသေးတယ်.....မင်းလို မယူရသေးဘဲ
သူများအိမ်ထောင်စု စာရင်းထဲထိ မဝင်ဘူး"(မယူရသေးဘဲ စားတာကို ပြောတာပါ)

အကြိတ်အနယ် အပြိုင်ပြောနေကြသူ နှစ်ဦးရဲ့ သက်ဆိုင်သူတွေကတော့ ခေါင်းပင်မဖော်နိုင်တော့ပေ။

Beakလဲ Yeolရဲ့ လက်ကို ဆွဲဆိတ်လိုက်ရသည်။

ထိုအခါမှ Chanyeol အရှေ့က ခေါင်းမဖော်တော့တဲ့ လူကို အားနာသွားသည်။

"အကို Beakရဲ့ နှုတ်ခမ်းပေါက်နေတာမလား ....ဟဲဟဲ"

"တော်တော့ ငယ်လေး ..."

Chanyeol ဟန့်လိုက်တော့ Sehunက ပခုံး တွန့်ပြသည်။

"Luhan ဒီကောင် မင်းကို တော်တော်မှ စိတ်ဒုက္ခပေးရဲ့လား"

"အရမ်းပေါ့ Chanyeolရယ်"

"ဟာ ....Hanနော် ဘယ်မှာ စိတ်ဒုက္ခပေးလို့လဲ  အချစ်တွေဘဲ ပေးတာကို"

Sehunမှာ နှုတ်ခမ်းကြီးဆူပြီး Luhan လက်ကို ဆွဲကာ ရန်တွေ့တော့သည်။

Sehunက Chanyeolရဲ့ ညီဝမ်းကွဲပင်။မာမီ ညီမရဲ့ သားပေါ့.......ငယ်ငယ်ကတည်းက မိဘနှစ်ပါးလုံး ဆုံးသွားတာကြောင့် Chanyeolတို့ကသာ မွေးစားထားသည်။

အထက်တန်းပြီးကတည်းက နိုင်ငံခြားမှာ ကျောင်းတတ်ပြီး တရုတ်က ကုမ္ပဏီမှာဘဲ အနေများသည်။တရုတ်မှာ အနေများရသည့် အကြောင်းရင်းက Luhanပင်.....

ကိုရီးယားကို အလည်လာတဲ့ Luhanကို မြင်ပြီး ကတည်းက Sehunတို့ Luhanရောဂါရပြီး တရုတ်သွားရရေး ဒို့အရေးဖြစ်ခဲ့တာ.......

ဒယ်ဒီက UKက ထိပ်တန်းကျောင်းကစီးပွားရေးဘွဲ့ကို ရအောင် ယူပေးနိုင်ရင် တရုတ်ကုမ္ပဏီကို လွှတ်မယ် ပြောတာကြောင့် ကြိုးစားခဲ့ခြင်းပင်။မဟုတ်ရင် gamerဘဲ ဖြစ်မှာ....

"မင်္ဂလာပွဲ စတော့မယ် လာကြတော့"

Kyungsooနဲ့ Kaiက လာခေါ်တော့ သူတို့ လိုက်သွားကြသည်။

တံခါးရှေ့မှာ ရပ်နေရင်း Chanyeolဆုပ်ကိုင်ထာတဲ့ Beakရဲ့ လက်တို့ဟာ အေးစက်လာသည်။

"Beak "

မော့ကြည့်လာတဲ့ Beakကို အဆင်ပြေကြောင်း ပြုံးပြလိုက်တော့ Beakက ခေါင်းညိတ်လာသည်။

"သတိုးသား နှစ်ယောက် ခန်းမထဲ ကြွရောက်ပေးပါ"

Kyungsooအသံနဲ့ အတူ သူတို့ အရှေ့က တံခါးက ပွင့်သွားပြီး ခန်းမထဲက လူတွေအားလုံးရဲ့ အကြည့်က သူတိူ့ဆီ ရာက်လာသည်။

Chanyeolလဲ Beak လက်ကို ဆုပ်ကိုင်ပြီး ခန်းမထဲ တဖြည်းဖြည်း ဝင်လာလိုက်သည်။

အားလုံးက အပြုံးများနဲ့ ကြိုဆိုနေကြသလို ဒယ်ဒီနဲ့ Beakအဖွားတို့ဟာက ပီတီအပြုံးများနဲ့ ကြည့်နေကြသည်။အားလုံးက လက်ခုပ်များ တီးပေးပြီး ကြိုဆိုပေးကြသည်။

မာမီသာ ရှိနေရင်လဲ သေချာပေါက် သူတို့ကို ဂုဏ်ပြုပေးမှာ...

စင်ပေါ်ရောက်တော့ သူတို့အနောက်က TVမှာ သူတို့နှစ်ယောက်ရဲ့ ပုံလေးတွေ ဖွင့်လာသည်။နှစ်ယောက်သား ဟင်းချက်တဲ့ပုံလေးတွေ ....Beakရေငုပ်တုန်းက လိုက်သွားတဲ့ပုံလေးတွေ အများကြီးပင်.......

"သတို့သားနှစ်ယောက်ကို စကားလေး ပြောပေးဖို့ တောင်းဆိုချင်ပါတယ်"

Kyungsooက ပြောရင်း မိုက်လာပေးသည်။
Chanyeolက အရင်ယူလိုက်ပြီး...

"အားလုံး သိကြတဲ့အတိုင်း ကျွန်တော်က Parkစံအိမ်ရဲ့ တဦးတည်းသော သားမို့ အားလုံး အားကျကြတဲ့ လူတစ်ယောက်ပေါ့.....ဒါပင်မယ့် ကျွန်တော်တို့ မိသားစုကြား နားလည်မှုတွေ လွဲမှားပြီး အရာအားလုံး ပိုင်ဆိုင်ခဲ့ပင်မယ့် နွေးထွေးခြင်းကိုတော့ မပိုင်ဆိုင်ခဲ့ရဘူး.....ဒါပင်မယ် Beakကို တွေ့လိုက်ကတည်းက ကျွန်တော်အတွက် နွေးထွေးတဲ့ ရောင်စင်လေး သမ်းလာခဲ့တယ်......ကျွန်တော်ဟာ ဘယ်သူ ဘယ်ဝါမှန်း မသိပါဘဲ ရိုးသားစွာ ကူညီပေးခဲ့တယ်....ဂရုစိုက်ပေးခဲ့တယ်....ချစ်ပေးခဲ့တယ်.....နွေးထွေးမှု အပြည့်အဝပေးခဲ့တယ်....Beakhyunဆိုတဲ့ ဒီလူသားလေးက ကျွန်တော်အတွက် မရှိမဖြစ်ဘဲ......သူ့အချစ်တွေနဲ့ ကျွန်တော်ကို အရာအားလုံး အဆင်ပြေစေခဲ့တယ်.......Beak......Beakက ကိုယ့်ပထမဆုံးအချစ်ဖြစ်သလို ကိုယ့်အတွက် နောက်ဆုံး အချစ်ဘဲ.....Beakဘေးမှာ ကိုယ်သက်ဆုံးတိုင်နေထိုင်သွားပါ့မယ်"

Beakရဲ့ လက်လေးကို ကိုင်ပြိး ဧည့်သည်တွေကို တလှည့် သူ့ကို တလှည့် ပြောနေတဲ့ Yeolကြောင့် သူမျက်ရည်ဝဲချင်လာသည်။ပြောနေတဲ့ Yeolရဲ့ မျက်လုံးများဟာက အရည်လဲ့နေသည်။

Beakက တလှည့် မိုက်ကို ကိုင်ပြီး...

"Yeol......Yeolက ကျွန်တော့် ဘဝအတွက်တော့ လေးစားရတဲ့လူဆိုလဲ မမှားဘူး.....လူနာတွေကို ဂရုတစိုက် ကြည့်ပေးတတ်တဲ့ Yeolက ကျွန်တော့်အတွက် အရမ်းတန်ဖိုးရှိတယ်......သိမ်ငယ်ခဲ့ရတဲ့ အရာတွေ ရှိခဲ့ပင်မယ့် Yeolနဲ့သာဆို ကျော်ဖြတ်နိုင်မှာဆိုပြီး တွေးမိတဲ့အထိ အားအင်တွေရခဲ့တယ်......နောက်ဆုတ်ဖို့ဆိုပြီး အကြိမ်ကြိမ် အတွေး ဝင်ခဲ့ပင်မယ့်....Yeol မဟုတ်ရင် မဖြစ်ဘူ ဆိုပြီး အတွေးတွေ ပယ်ချပစ်ခဲ့တယ်......Yeolအများကြီး ချစ်ပေးသလို ကျွန်တော်ကလဲ အများကြီး ချစ်ပေးပြီး တစ်ယောက်နဲ့ တစ်ယောက်အတွက် ခိုလှုံရာလေး ဖြစ်ပေးကြရအောင်"

Beakစကားဆုံးတော့ Chanyeolက Beakရဲ့ နဖူးကို နမ်းလိုက်ပြီး ဖက်လိုက်သည်။

"နမ်း.....နမ်း....နမ်း...."
ဆိုတဲ့ Sehunနဲ့ Kaiရဲ့ အသံက ထွက်လျြာပီး ကျန်တဲ့လူများကပါ အော်လာကြသည်။

သူပြုံးလိုက်ပြီး Beakရဲ့ မေးဖျားလေးကို ဆွဲကိုင်လိုက်ပြီး ခပ်ဖွဖွ နမ်းလိုက်သည်။စင်အောက်က လူအုပ်ကြီး ထံမှာ လက်ခုပ်သံများနဲ့ အတူ အားပေးသံများဟာလဲစ ဉ်ဆက်မပြတ်ပေ။

ပန်းစည်းမပါတဲ့ ဟာကို ဘယ်က ပန်းစည်းကြီး သွားယူလာမှန်းမသိပါဘဲ လက်ထဲ အတင်းထိုးပေးကာ ပန်းစည်း ပစ်ခိုင်းသည်။

"လုပ်ပါ.....ကျွန်တော် ဖမ်းချင်လို့ပါဗျာ.....နောက်တစ်ပွဲက ကျွန်တ်လုပ်ချင်လို့ပါ"

Beakကို ဂျီကျနေတဲ့ Sehunကို သူရယ်နေမိသည်။
နောက်ဆုံး Beakကဘဲ အလျော့ပေးလိုက်ရပြီး ပန်းစည်းပစ်ဖို့ ဟန်ပြင်နေသည်။

အနောက်က Sehunကလဲ ဖမ်းဖို့ အပီအပြင်ပေ။

"ပစ်ပြီနော် "

"ဟုတ် ပစ်လိုက်တော့"

ဝှီးးးးးးးး

Beak ပစ်လိုက်တဲ့ ပန်းစည်းလေးကို Sehun ပြုံးပြီး လှမ်းဖမ်းမယ်အလုပ် ပန်းစည်းက သူ့ကို ကျော်ပြီး အနောက်က Kaiဆီ ရောက်သွားသည်။

Sehun မျက်နှာကြီး နီရဲပြီး ဒေါသတွေ ထွက်တော့ Luhanမှာ ဘေးကနေ ချော့နေရသည်။

ပန်းစည်းရသွားတဲ့ Kaiကတော့ ခေါင်းကုတ်ကာ Kyungsoo.ရှေ့ဒူးထောက်ပြီး ပန်းစည်းပေးသည်။

Kyungsooက ရှက်လွန်းလို့ မျက်နှာကြီး နီရဲကာ ပန်းစည်းမြန်မြန်ယူပြီး Kaiကို ဗိုက်ခေါက်လိမ်ဆွဲသည်။

"အရှက်ကို မရှိဘူး"

အပြောခံ အသားနာလဲ Kaiတို့က ပြုံးပြုံးကြီးပင်။

"သား"

ဒယ်ဒီခေါ်သံကြောင့် Chanyeolနဲ့ Beak လှည့်ကြည့်လိုက်သည်။

"သားတို့ရဲ့ အပြုံးတွေမြင်ရတာ စိတ်ချမ်းသာလိုက်တာ"

"ကျေးဇူးပါ ဒယ်ဒီ အကုန်လိုက်လျောပေးခဲ့လို့"

"မဟုတ်တာကွာ.....သားတို့ စိတ်ချမ်းသာ ပျော်ရွင်ရမယ့် အရာဆိုရင် ဒယ်ဒီလိုက်လျောပေးရမှာပေါ့"

အခု Chanyeolက ဆေးရုံကိုသာ ဦးစီးပြီး ကုမ္ပဏီကိစ္စတွေကို Sehunဆီ လွှဲပြောင်းလိုက်သည်။

"ဓာတ်ပုံ ရိုက်ကြမယ်ဟေ့"

Kyungsooရဲ့ အသံကြောင့် သူတို့ လူစုလိုက်သည်။
Chanyeolရယ် Beakရယ်က အလယ်မှာ လက်ချင်းတွဲလျက်....Chanyeolရဲ ဘေးမှာက ဒယ်ဒီရှိပြီး Beakရဲ့ ဘေးမှာက အဖွားရှိသည်။သူတို့အနောက်မှာတော့ Kaiနဲ့ Kyungsooရယ် Sehunရယ် Luhanရယ်က ရပ်နေကြသည်။အားလုံးဟာလဲ အပြုံးကိုယ်စီနဲ့ အပျော်တွေ ဖုံးဖိမရပေ......

"ရိုက်ပြီနော်"

ကင်မရာမန်းရဲ့ အော်သံအဆုံးမှာ Chanyeolနဲ့ Beakအကြည့်ချင်း ဆုံလိုက်သည်။

ဒီလိုနဲ့ လူသားနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေး တပုဒ်ပျော်ရွင်စွာ အဆုံးသတ်သွားသည်။ကြည်နူးမှုတွေ ပျော်ရွင်ခြင်းတွေ လွမ်းရခြင်းတွေ နာကျင်ခြင်းတွေ ရောယှက်နေတဲ့ အချစ်တစ်ခုကို သူတို့တည်မြဲခိုင်ခံ့စွာ လက်တွဲနိုင်ခဲ့သလို ရှေ့ဆက်ပြီး အမှတ်တရနဲ့ ပျော်ရွင်စရာတွေ အတူ ဖန်တီးကြတော့သည်။

23.2.2024 end
မြူရီသွယ်🦋

___________________________
အခက်ခဲဆုံးက ဇာတ်သိမ်းပိုင်းဘဲ
ဇာတ်မသိမ်းတတ်ဘူး😭😭

Continue Reading

You'll Also Like

73.4K 3.3K 19
Grosvenor Square, 1813 Dearest reader, the time has come to place our bets for the upcoming social season. Consider the household of the Baron Feathe...
224K 7.7K 98
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
125K 5.4K 52
❥❥❥ [BNHA x Fem!Reader] ❛❛𝔸𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙𝕖𝕤 𝕓𝕒𝕓𝕪, 𝕎𝕠𝕟'𝕥 𝕞𝕖𝕒𝕟 𝕒𝕟𝕪𝕥𝕙𝕚𝕟𝕘, 𝔸𝕝𝕝 𝕥𝕙𝕖 𝕣𝕚𝕔𝕙𝕖𝕤 𝕓𝕒𝕓𝕪...
103K 9.1K 110
"You think I'm golden?" "Brighter than the sun, but don't tell Apollo" Dante hates Rome's golden boy. Jason doesn't even remember him. Right person w...