My Stranger Husband RICK

By zan-9597

1.7M 77.6K 8.8K

မာဗာရစ် + ခွန်းညီလွန်းရန် ( 8.9.2023) More

‼️
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
Note
17
18
19
20
21 (Uni )
21( Zawgyi )
22 (uni)
22 (Zawgyi )
23 (uni)
23(Zawgyi )
24 (uni)
24 (Zawgyi )
25(uni)
25(Zawgyi )
26(uni)
26(Zawgyi )
27(uni)
27(Zawgyi )
28(uni)
28(Zawgyi )
29(uni)
29(Zawgyi )
30(uni)
30(Zawgyi )
31(uni)
31(Zawgyi )
32(uni)
32(Zawgyi )
33(uni)
33(Zawgyi )
34(uni)
34(Zawgyi )
35(uni)
35(Zawgyi )
36(uni)
36(Zawgyi )
37(uni)
37(Zawgyi )
38(uni)
38(Zawgyi )
39(uni)
39(Zawgyi )
40(uni)
40(Zawgyi )
41(uni)
41(Zawgyi )
42(uni)
42(Zawgyi )
43(uni)
43(Zawgyi )
44(uni)
44(Zawgyi )
45 final (uni)
45 final (Zawgyi )
Extra1 (uni + Zawgyi )
please read it ‼️
HELLO

Extra2 (uni+zaw)

22.7K 890 208
By zan-9597

" မောင်"

"ရှိပါတယ်ဗျာ"

ကားမောင်းနေရင်းနဲ့ မောင်က ရန်ဘက်သို့လှည့်ကြည့်ကာဖြင့် ခပ်ပြုံးပြုံး အဖြေပြန်ပြုသည်၊၊ ကားမောင်းနေတဲ့မောင် က နောက်ခန်းထဲ သီချင်းဖွင့်ပြီး ကဆုန်ပေါက်ကခုန်နေသော သားနှစ်ယောက်ကိုလည်း ခဏခဏ လှည့်ကြည့်လျက် အသဲယားသလို နှာခေါင်းရှုံ့ ပြီး ခပ်ပြုံးပြုံး၊၊

ရှမ်းပြည်၏ ဝေလံခေါင်ဖျားသော ရွာငယ်တစ်ခုကို ရန် တို့မိသားစုလိုက် ခရီးထွက်လာကြခြင်းဖြစ်သည်၊၊ အခုလို ရှမ်းပြည်ဘက်သို့ ခရီးထွက်လာရသည်ကလဲ ရှိန်းခန့်တို့အတွဲကြောင့်ဖြစ်၏၊၊ လွန်ခဲ့တဲ့လက ကျင်းပမည့် ရှိန်းခန့်၏ မင်္ဂလာပွဲ၌ သတိုးသားဖြစ်သည့် ရှိန်းခန့်က မင်္ဂလာဆောင်သို့ရောက်မလာပဲ လင်နောက်လိုက်သွားပြီဆိုသော စာတစ်ဆောင်သာ မင်္ဂလာပွဲသို့ရောက်လာခဲ့သည်၊၊ဘယ်သူနဲ့လိုက်သွားမှန်းလဲမသိ ဘယ်ကိုထွက်သွားမှန်းလဲ မသိပဲ မင်္ဂလာပွဲက အလိုလို ပျက်သွားရသည်၊၊ ရှိန်းခန့်၏ အုပ်ထိန်းသူနေရာ၌ မောင်က တာဝန်ယူ လက်မှတ်ထိုးထားသည့်မို့ တစ်ဖက် မိန်းကလေး၏ မိဘများကို အတော်လေး တောင်းပန်ခဲ့ရသေးသည်၊၊ထို့ကြောင့် ပြီးခဲ့တဲ့ တစ်လလုံး ရှိန်းခန့်ကို မောင်က တီးချင်နေ ၍ ပိုက်စိပ်တိုက် ကိုရှာခဲ့သည်၊၊သို့သော် တစ်လသာကြာသွားသည် ရှိန်းခန့်၏ သတင်းကအစအနပင်မရ၊၊

မနေ့ကမှ ရိုင်းစက်မာန်၏ ဖုန်းခေါ်ဆိုမှုကိုရပြီး ရှိန်းခန့်ကို သူ မ ပြေးသွားတယ် ဆိုတဲ့အကြောင်း နဲ့ ရှမ်းပြည်ရဲ့ ထင်ရှားခြင်းမရှိတဲ့ ရွယ်ငယ်လေးတစ်ခုမှ သူတို့နှစ်ယောက်လုံးရောက်နေကြောင်း မောင်ကို ဖုန်းလှမ်းဆက်ပြီး ပြောမှ သိခဲ့ရတာဖြစ်သည်၊၊ ထို့ကြောင့် ဒီနေ့ ချက်ခြင်းပင် ရိုင်းစက်မာန် ပြောသော ရှမ်းပြည်က ရွာလေးသို့ ရန်တို့ မိသားစုလိုက်ထွက်လာခဲ့ခြင်းဖြစ်သည်၊၊

ရိုင်းစက်မာန် ဖုန်းခေါ်ပြီးထဲက မောင်က သူနဲ့တွေ့ကြမယ်ဆိုတာကြီးပြောနေသည်မို့ ရှိန်းခန့်ကတော့ မောင်နဲ့တွေ့ရင် အတီးခံရဦးမှာဖြစ်သည်၊၊ ရန်ကတော့ မောင်ဘာလုပ်လုပ် မှန်တယ်ထင်တာမို့ ဒီတိုင်းသာ ဘေးထွက်ပြီး လက်ပိုက်ကြည့်နေလိုက်မည် မောင်ကို တော့ ဝင်တားဖို့ အစီအစဉ် မရှိပါ၊၊

" ဗမာ ရှန်ရှန် ဆော့နေတာ တော်တော့နော် ၊၊ ကားပေါ်ရောက်နေတာကို ကစားကွင်းပေါ်ရောက်တယ်ထင်နေလား"

"ဖေလွန်း စိတ်ပုတ်"

ရန် အသံအနည်းငယ်မာကာ ပြောလေတော့ ဗမာဆီမှ အသံတိုးတိုးကလေးကထွက်လာပြီး နှစ်ယောက်လုံး ကားဟိုဘက်ထောင့်ဒီဘက်ထောင့်၌ လူခွဲထိုင်လျက် ငြိမ်ကျသွားတော့သည်၊၊ မောင်ကတော့ ကလေးနှစ်ယောက်ကိုတစ်လှည့် ရန်ကိုတစ်လှည့်ကြည့်လျက် ခေါင်း တခါခါနဲ့သာ ပြုံးနေပြန်၏၊၊ မောင်ပြုံးလိုက်တိုင်းပေါ်လာတတ်တဲ့ သွားစွယ်ဖွေးဖွေးနှစ်ဖက်က သိပ်ကို ကြည့်ကောင်းသောပဲ

"လွန်းရန် ကလေးတွေကို သိပ်မဆူပါနဲ့ကွာ"

" မောင်နော်! "

"သဘော သဘော လွန်းရန် သဘော ဟုတ်ပြီလား"

မျက်စောင်းလေးပင့်ချီကာဖြင့် လေသံအနည်းငယ်မာလျက် ခေါ်ဆိုနေကျဖြစ်သော အမြတ်တနိုး ရှိလှသည့် နာမ်စားအား ခေါ်လေတော့ မောင်ဘက်က အရှုံးပေးပါတယ်ဆိုသော အကြည့်များဖြင့် သဘော သဘော ဆိုသော စကားက ထပ်အောင်ကို ထွက်လာခဲ့သည်၊၊ တစ်ခါတစ်လေမှာ မောင်က ကလေးတစ်ယောက် လို ခဏခဏ စိတ်ဆိုးစိတ်ကောက် လေ့ရှိသော်လည်း ရန် အသံအနည်းငယ်မာလိုက်တာနဲ့ အလံဖြူပြတော့တာပါပဲ၊၊ ရန် ယောကျ်ား မို့ မြှောက်ပြောတာတော့ မဟုတ်ပေမဲ့ မောင်ကလေ သိပ်ကို ချစ်စရာကောင်းတာ

ခုန်ပေါက်ပြီး မဆော့ကြတော့တဲ့ ကလေးနှစ်ယောက်က တိတ်သွားကြပြီးနောက် သိပ်မကြာခင်မှာပဲ ဟောက်သံကိုယ်စီထွက်လို့ ကားနောက်ခန်းထဲ၌ အိပ်ပျော်သွားကြပြီဖြစ်သည်၊၊ ရန်တို့လည်း တဖြည်းဖြည်းနဲ့ ခရီးတစ်ဝက်လောက်ထိ ရောက်လာခဲ့ပြီဖြစ်သည်၊၊ အစက ရှမ်းပြည်က ထိုရွာလေးကို ရဟတ်ယာဉ် နဲ့ သွား ဖို့စီစဥ်ထားပေမဲ့ ရဟတ်ယာဉ် ထက် ကားပဲ စီးချင်တယ်ဆိုသော ဗမာနဲ့ ရှန်ရှန်ကြောင့် ရန် တို့ ရဟတ်ယာဉ် နဲ့ မသွားဖြစ်တော့ပဲ ကားနဲ့သာ ခရီးစထွက်ခဲ့ရသည်၊၊ ကားစီးရတာ သဘောကျသည့် ကလေးနှစ်ယောက်က ကားပေါ်ရောက်တိုင်း သီချင်းပေါင်းစုံဖွင့်လျက် အမြဲ ခုန်ပေါက််နေတတ်စမြဲ၊၊

ရန်မဆူမခြင်း မရပ်တတ်တဲ့ နှစ်ယောက်က ထုံးစံလိုပင် ရန် ဆူဟောက်လိုက်မှ ပွစိပွစိပြော လျက် ငြိမ်ကြသွားတတ်တာဖြစ်၏၊၊ တကယ်ကို လူနဲ့စပ်ပြီး မွေးထားသလား မျောက်နဲ့ စပ်ပြီးပဲ မွေးထားသလား စဥ်းစားလို့ကိုမရ

" မောင် မင်း ကို ငါ...."

"ခင်ဗျား ကျုပ်ကို မင်းလို့ ခေါ်ပြီး သုံးနှုန်းပြန်ပြီးလား၊၊ မောင်ဆို မောင်ပေါ့ ဘာကိစ္စ မင်း မင်းက ထပ်ထည့်တာလဲ"

ချက်ခြင်းကိုပင် ရုပ်ပြောင်းရုပ်လွှဲ ဖြစ်လျက် မျက်ခုံးတန်းနက်နက်များ တွန့်ချိုးပြီး ရန်ကို အလိုမကျသလို ကြည့်လာသည်၊၊ ရန်ကလည်း နှုတ်ကျိုးနေပြီဖြစ်ရော မောင် ရော မင်းရော သုံးနှုန်း တတ်တာကို မပြင်နိုင်၊၊ ပြင်မယ် ပြင်မယ် ဆိုပြီး ခဏခဏ ကို မေ့ မေ့သွား၏၊၊ မင်းလို့အခေါ်ခံရတာ မကြိုက်တဲ့ မောင်နဲ့ ခဏခဏ မေ့ မေ့ပြီး ခေါ်တတ်တဲ့ ရန်တို့ကတော့ တကျက်ကျက်ကို ရန်ဖြစ်ရတာပင်

" မင်းလည်းအခု ငါကို ခင်ဗျား နဲ့ ကျုပ်ဆိုပြီး သုံးနှုန်း တာပဲလေ၊၊ ပြောပါဦး ငါပဲ မှားတာလား"

"ခင်ဗျား အရင် မင်းလို့စခေါ်တာလေ ကျုပ်စ ပြောမိလို့လား"

အစောနကတော့ ချိုသာနေတဲ့ လေထု ရပ်ဝန်း က အခုတော့ နှစ်ယောက်လုံးထံမှ အေးစက်စက်အငွေ့အသက်တွေကသာ ဖုံးလွှမ်းလျက် နေရာယူလာတော့သည်၊၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်စူးစူးကြည့်နေမိကြပြီး ဘယ်သူဘက်မှတော့ စကားမစမိကြ၊၊ အစောနက တွေးခဲ့သော ချစ်စရာကောင်းတယ်ဆိုသော အတွေးအား ရန် ပြန်ရုတ်သိမ်းလိုက်သည်၊၊ ဒီကောင်က လုံးဝ ကျက်သရေမရှိတဲ့ ကျက်သတုံးကောင်ပဲ

"မင်းငါကို စကားလာပြောကြည့် တွေ့မယ်"

"ဒေါ်လွန်းသစ္စာနော်ရဲ့သားက စိတ်ထားမကောင်းလိုက်တာ ဟမ့်!"

တအံတသြလှည့်ကြည့်လာသော မျက်ဝန်းတွေက ဘယ်လိုလုပ်ပြီး ထိုအမည်နာမကို သိရှိနေတာလဲဆိုသသော မေးခွန်း အဓိပ္ပာယ် တွေကို သေချာမြင်နေရသည်၊၊ ဗာရစ်ကို လှည့်ကြည့်နေသော လွန်းရန်ကို မျက်စိထောင့်ကနေ မြင်နေရပေမဲ့လည်း မသိချင်ယောင်သာ ဆောင်လျက် ကားလမ်းရှေ့တည့်တည့်သို့သာ မျက်နှာမူလျက် အကြည့်တွေကို နေရာမရွေ့ပဲ ပို့ထားလိုက်သည်၊၊

လွန်ခဲ့တဲ့ နှစ်တွေမှာတုန်းက လွန်းရန်၏ မိဘ နှစ်ပါးအကြောင်းကို ဗာရစ် စုံစမ်းခဲ့သည်ဖြစ်၍ ကာလကြာမျှ ပျောက်ဆုံးနေသော ထိုအမည်နာမကို သိရှိရခြင်းဖြစ်သည်၊၊ လွန်းရန်အနေနဲ့တော့ နှစ်ပေါင်းများစွာကြာမှ ထိုနာမည်ကို တစ်ဖန်ပြန်ကြားလိုက်ရလို့ဖြစ်မည် ပုံစံလေးက တကယ် တအံတသြလေးကိုဖြစ်လို့

" မောင် ဘယ်လိုလုပ်ပြီး ငါအမေနာမည်ကို သိနေတာလဲ၊၊ ငါတစ်ခါမှ မောင်ကို ထုတ်မပြောဖူးပါဘူး"

"ဘာမှလာမမေးနဲ့ စိတ်ဆိုးနေတယ်"

" ဒေါ်အတ္တနှောင်းရစ်ရဲ့ သားကလည်း စိတ်ထားမကောင်းလိုက်တာ ဟမ့်!"

ညှိယူထားခြင်း မရှိပါပဲနဲ့ ရန်ရော မောင်ရော နှစ်ယောက်လုံးပြိုင်တူ ရယ်မိကြတော့သည်၊၊ တစ်ယောက်နဲ့တစ်ယောက် ဗြစ်တောက်ဗြစ်တောက်သာ နေ့စဥ်တလူး စကားများလေ့ရှိပေမဲ့ ကြာကြာစိတ်ဆိုးလေ့တော့မရှိပေ၊၊ နောက်ဆုံးမှတော့ တစ်ယောက်မဟုတ်တစ်ယောက်က အလျော့ပေးတတ်စမြဲ ဖြစ်ပြီး တစ်ခါတစ်လေမှတော့ နှစ်ယောက်လုံးဘက်ကနေ အလျော့ပေးတတ်ကြသည်၊၊ မတည့်အတူနေဆိုသလိုပါပဲ အိမ်ထောင်သက်တမ်းတွေသာ ကြာလာတယ် ရန်နဲ့မောင်ဟာ အရင်လို ရန်ဖြစ်နေတုန်းပါပဲ

"ရှိုင်းခန့်ကိုကို တို့ဆီ ရောက်မှ မောင် ပြောပြမယ်"

"အဲ့တာတွေကြောင့် မောင်ကို ချစ်ပြီးရင်း ချစ်နေရတာပေါ့"

ကားမောင်းနေရင်းနဲ့ မောင်က ရန် ခေါင်းမှ ဆံပင်တွေ ကို လက်တစ်ဖက်ဖြင့် လှမ်းဖွသည်၊၊ ရန်ကတော့ ဇက်ကလေးပုပြီး ငြိမ်နေရုံပေါ့၊၊ အရာရာက မောင် စိတ်ကြိုက် မောင် သဘောတိုင်းပင်

ကားအတွင်းမှာ ကလေးနှစ်ယောက်ကလည်း အိပ်နေသည့်အပြင် ရန်နဲ့ မောင်ကလည်း စကားမစမိကြတော့သည့်မို့ တိတ်ဆိတ်ငြိမ်သက်လို့နေ၏၊၊ရန်ကတော့ ပြင်ပက ရှူခင်းတွေဆီသို့သာ အကြည့်ပို့ထားမိပြီး အတွေးနယ် ကျွံ့နေမိသည်၊၊ ကုန်လွန်ခဲ့တဲ့ နှစ်တွေကို ပြန်တွေးကြည့်ရင်း ဖြတ်ကျော်ခဲ့ရတဲ့ ဒုက္ခ တွေကလည်း အများသောပါပဲ

ပျော်ရွှင်ရတဲ့အချိန်အခါတွေ ရှိဖူးသလို ဝမ်းနည်းစိတ်တိုရတဲ့အချိန်အခါတွေလည်းရှိဖူး၏၊၊ သေလုမတတ် ငိုကြွေးခဲ့ရသော နေ့ရက်များကလည်း တော်တော်များများကို ရှိခဲ့သည်၊၊ မောင်နဲ့ စတင်တွေ့ဆုံပြီး ချိန်မှ စ၍ ဘာခံစားချက်မှမရှိတဲ့လူလို နေထိုင်လာခဲ့တဲ့ ရန်ဟာ တစ်ဆစ်ချိုး ကို ခံစားချက်မျိုးစုံရှိတဲ့လူအဖြစ်ပြောင်းလဲခဲ့သည်၊၊ ဖမ်းဆီ ချုပ်နှောင်ထားခြင်းခံခဲ့ရသော ငယ်ရွယ်လွန်းခဲ့တဲ့ အချိန်တွေမှာ ရန်က လူတစ်ယောက်၌ ရှိသင့်ရှိထိုက်သော ဝမ်းနည်းကြေကွဲမှု အပြင်ပျော်ရွှင်မှုတို့သည်ကလည်း မရှိခဲ့တာ အမှန်ပါပဲ၊၊

အရာရာကို ဘာခံစားချက်မှမထားပဲ တုံးတိ သာ ဖြတ်သန်းနေထိုင်လာခဲ့ရတဲ့ နေ့တွေအပြီးမှာတော့ အရဲစွန့်ကာထွက်ပြေးပြီးနောက် မောင်နဲ့စတင်တွေ့ဆုံကာပင် ခံစားချက်မျိုးစုံရှိလှ သော လူတစ်ယောက်အဖြစ်သို့ပြောင်းလဲခဲ့သည်၊၊ မောင်နဲ့ ရန် ရဲ့ စတင်တွေ့ဆုံမှုက လှလှပပလေး မဟုတ်ခဲ့သော်ငြား အဆုံးသတ်မှာတော့ ရတနာထုတ်လေး နှစ်ထုတ်နဲ့အတူ ဇာတ်သိမ်းလေးကတော့ လှပခဲ့ပါ၏၊၊ ထို့သို့သော ကောင်းမွန်လှပတဲ့ အဆုံးသတ်ကိုရဖို့အတွက်လည်း ကြားကာလမှာ ရန် ဘယ်လောင်ထိ နာကျင်မှု မျိုးစုံကို ဖြတ်ကျော်ခဲ့ရလဲဆိုတာ ကိုယ်ကို တိုင်သာသိသည်၊၊

ကုန်လွန်ခဲ့တဲ့ နှစ်တွေအကြောင်းစဥ်းစားမိတိုင်း အတွေးနယ်များ၏ အဆုံးသတ်၌တော့ သက်ပြင်းငွေ့ငွေ့လေးကတော့ ချရစမြဲပါပဲ၊၊ ရှေ့ဆက်မဲ့ နေ့ရက်တွေအတွက် အနားမှာ မောင်ကအချိန်တိုင်းရှိနေပေးမည်မို့ ရန်အတွက်ကတော့ ပူပန်စရာတွေမရှိပဲ စိတ်ချမ်းမြေ့စရာတွေကြီးသာ ရှိနေမည်ဆိုတာ မလွဲဧကန်ပါပင်၊၊

တဖြည်းဖြည်းနဲ့ ရှမ်းပြည်နယ်ထဲသို့ စတင်ဝင်ရောက်လာခဲ့ကြသည်၊၊ သဘာဝကြီး၏ လှပသောရှုခင်း တွေကတော့ ရှူမငြီးဖွယ်ရာပါပင်၊၊ ခပ်လှမ်းလှမ်း၌ မြင်နေရသော အစိမ်းရောင်လက်ဖက်ခင်းတောများနှင့် စိမ်းဆိုနေသော တောင်တန်းတွေကလည်း တစိမ့်စိမ့်ထိုင်ငေးကြည့်စရာကောင်းလှသည်၊၊

ကျယ်ပြန့်သော မြေပြန့်တွေ တောင်ကုန်းတောင်မို့များအဆင့်ဆင့်ကို ဖြတ်ကျော်ပြီးနောက်မှာတော့ ရှိုင်းခန့်တို့ရှိရာရောက်ဖို့ အနည်းငယ်သာလိုတော့လေသည်၊၊ အချိန်သည်လည်း ညနေစောင်းအချိန်သို့ပင်ရောက်ရှိလာခဲ့သည်၊၊ မနေ့က ထဲက ထွက်လာခဲ့တဲ့ဒီခရီးက ဒီနေ့ ကုန်ခါနီးမှပင် အလိုရှိရာသို့ ဆိုက်ရောက်တော့သည်၊၊ တစ်ရက်လုံးလုံးလောက် ကားပေါ်မှာ ထိုင်ပြီးလိုက်လာခဲ့ရသည်ပဲ

ကားနောက်ခန်း၌ အိပ်ပျော်နေသော ကလေးနှစ်ယောက် ကလဲ အခုထက်ထိပင် မနိုးကြသေး၊၊ မောင်ကတောာ့ ကားမောင်းရင်းနဲ့ ရန်ဘက်သို့ခဏခဏလှည့်ကြည့်တတ်သည်ကို မျက်စိထောင့်စွန်းကနေ တွေ့နေရသည်၊၊

"လွန်းရန်"

" ပြောလေမောင်"

"ချစ်တယ်နော်"

ရုတ်တရက် ထခေါ်လာသည်မောင်က တစ်ခြားအရေးကြီးကိစ္စတစ်ခုခုကို ပြောမယ်လို့ ရန် ထင်လိုက်ပေမဲ့ မောင်ဆီကထွက်လာသည့်စကားသုံးလုံးက ရန် ထင်ထားတာနဲ့တော့ တလွဲစီပါပင်၊၊ ရုတ်တရက် ထပြောသော မောင်ရဲ့ စကားသုံးလုံးကတော့ ရန်ကို မပြုံးပဲ မနေနိုင်အောင်ကို သဘောကျစေ၏၊၊ မောင်ဟာလေ ရန်ကို ဘယ်အထိများ ပြုစားဖို့စဥ်းစားထားပါသလဲ

" မောင်ရာ ကားသာ ဂရုစိုက်ပြီးမောင်းစမ်းပါ၊၊ ရုတ်တရက်ကြီးတွေ ထထမပြောပါနဲ့"

"ဘာလဲ လွန်းရန်က မကြိုက်ဘူးလား"

"ကြိုက်ပါတယ်၊၊ ကြိုက်တာမှလေ ကြိုက် ကြိုက် ကြိုက်ကို ဖြစ်နေတာပဲ"

သဘောကျဖွယ်ရာကောင်းစွာ ပြုံးပြလာတဲ့မောင်က ကားနောက်ခန်းက ကလေးတွေဘက်ကို ရန်အားကြည့်လို့ မေးဆတ်ပြသည်၊၊ ထို့ကြောင့် ရန် ကားနောက်ခန်းက ဗမာ နဲ့ရှန်ရှန်ဆီ အကြည့်ပို့မိတော့ နိုးနေရဲ့သားနဲ့ အိပ်ချင်ယောင်ဆောင်နေသောနှစ်ယောက်က မျက်ဆံခွံ့လေးက ဟိုရွေ့ဒီရွေ့နဲ့ လှုပ်ရှားနေ၏၊၊ အစောနက ရန်သေချာမကြည့်မိသည့်ကြောင့် ဒီကလေးနှစ်ယောက် အိပ်ပျော်နေသည်လို့ပဲ ထင်လိုက်တာ၊၊ ဘယ်ဟုတ်မလဲ အသံတိတ်နဲ့ အိပ်ချင်ယောင်ဆောင်နေကြတာကို

" လွန်းရန် အမေ နာမည်က လှတယ်နော် လွန်းသစ္စာနော် တဲ့ ၊၊ နာမည်ပေးခဲ့တဲ့လူက တကယ်ကို တော်တာပဲ"

"အင်း ငါလဲ အမေနာမည်ကို သဘောကျတယ်၊၊ အမေနဲ့ နာမည်တူနေတဲ့ လွန်း ဆိုတဲ့ အမည်နာမလေးတစ်ခုကိုလဲ တအားသဘောကျတယ်"

အရည်ကြည်ဝေ့တတ်လာသော လွန်းရန်၏ မျက်ဝန်းတွေကြောင့် ဗာရစ် ကိုယ်ကို ကိုယ်သာ ပိတ်ထိုးလိုက်ချင်တော့သည်၊၊ လွန်းရန် မေ့
ဖျောက်ထားခဲ့တဲ့ အတိတ်ကို ဗာရစ်က ပြန်စွမိသလိုမျိုး ဖြစ်သွားသည်မို့ ကိုယ်ကို ကိုယ်သာ အသံတိတ်အပြစ်တင်မိတော့သည်၊၊ စကားလုံးအချို့ကို ကြိုစဥ်စားထားခြင်းမရှိတဲ့အပြင် ကိုယ်ပြောထွက်တော့မဲ့ စကား၏ နောက်ဆက်တွဲ အကျိုးဆက်ကိုလည်းကြိုတင် သိရှိထားခြင်းမရှိခဲ့ပဲ ဗာရစ်က လွယ်လင့်တကူ ပင်ပြောထွက်မိခဲ့တာ၊၊ ပြောထွက်ခဲ့တဲ့ ဗာရစ်အတွက် ထိုကိစ္စက ဘာမှမဟုတ်သော်လည်း ကာယကံရှင် လွန်းရန်အတွက် ကိစ္စကြီးဖြစ်နေနိုင်သည်၊၊

"လွန်းရန် မောင် တောင်းပန်ပါတယ်၊၊ မောင် မပြောလိုက်သင့်ဘူး"

"ငါဘာမှမဖြစ်ဘူးမောင် ၊၊ အဲ့တာမို့ တောင်းပန်စရာ မလိုပါဘူး"

"ဒါနဲ့ လွန်းရန် မောင်တို့ သမီးလေး နောက်တစ်ယောက်လောက် ထပ်ပြီး..."

" စကားကို အဲ့နားမှာတင်ရပ်လိုက်၊၊ မောင်နော် ငါသိပ်မပြောချင်ဘူး၊၊ ကလေးနှစ်ယောက်ကိုလဲ မုန့်ဖိုးတွေ ဇွတ်ပေးပြီး ညီမလေး နောက်တစ်ယောက် ငါဆီလာ လာတောင်းခိုင်းနေတာမလား"

ရန်စကားလည်းဆုံးတော့ မောင်က ကားနောက်ခန်းဘက်ကို လှည့်ကြည့်လျက် ကလေးတွေကို ခပ်စူးစူးကြည့်သည်၊၊ ဗမာနဲ့ရှန်ရှန်ကတော့ ပါးစပ်ကို ဇစ်ပိတ်သလိုပိတ်လျက် သူတို့မပြောကြောင်း ခေါင်းတခါခါဖြင့်ပြသည်၊၊ မောင်ကလေ ရန် ပြောလိုက်လို့ ကလေးတွေဘက်ကိုပြန်မဲ ချင်နေတာ၊၊ ကလေးတွေ မပြောတောင် ဒီကိစ္စက ဘယ်သူလက်ချက်လဲဆိုတာ ရန် ကြိုသိနေခဲ့ပြီးသား

" လွန်းရန်ရာ မောင်တို့မှာ အချိန်တွေရော ငွေတွေရော ရှိတယ်လေကွာ သမီးလေးတစ်ယောက်တင်မကဘူး တစ်ဒါဇင်လောက်လဲ ထပ်ယူလို့ရတဲ့ဟာကို "

"ငါကလူနော် ကလေးထုတ်စက် မဟုတ်ဘူးလို့ ဘယ်နှစ်ခါပြောပြရမှာလဲ မောင် မင်းတော့ နာ ချင်နေတာလား"

"လွန်းရန်နော် မောင်ကို အနိုင်သိပ်မကျင့်နဲ့ သားနှစ်ယောက်နဲ့ တိုင်မှာ "

မောင်စကားဆုံးတော့ နောက်ခန်း၌ ထိုင်နေသော ကလေးနှစ်ယောက်ဆီမှ တခစ်ခစ်ရယ်သံများက ကားအတွင်းပျံ့နှံ့စွာထွက်လာတော့သည်၊၊ ရန်လည်း ရယ်နေသော ကလေးနှစ်ယောက်ကိုကြည့်ပြီး မထိန်းနိုင်စွာဖြင့် ရယ်ချမိတော့သည်၊၊ မောင်ဆိုသည်မှာလေ ရန်အတွက်တော့ ကလေးတွေနည်းတူ အိမ်ရဲ့ ဆည်းလည်း လေးလို့ပဲ တကယ်မရှိမဖြစ်လေး

"မောင်ရာ ငါမင်းကို ချစ်လိုက်တာ"

"သားတို့ရှိသေးတယ်နော် ဖေလွန်း ၊၊ တော်ပါတော့"

မျက်နှာမဲ့ရွဲ့လျက် လေသံကအစ ရွဲ့စောင်းချိတ်ပြောနေသော လေသံနဲ့ ရှန်ရှန်၏ အသံဆာဆာလေးက ထွက်လို့လာသည်၊၊ မောင်ကတော့ ရှန်ရှန်၏ ပုံစံလေးကို လှည့်ကြည့်ရင်း သွားစွယ်ဖွေးဖွေးတို့ ထင်းလင်းစွာပေါ်သည်အထိ ပြုံး နေတော့၏၊၊

ကားလေးအတွင်း ရယ်သံလေးများ လွှမ်းခြုံ လို့ ပျော်ရွှင်မှု အေးချမ်းမှု များဖြင့် လေထုသည့်လည်း အချိုဓာတ်များစွာ ပါဝင်ရောယှက်လို့နေတော့သည်၊၊

ညနေ အတော်စောင်းနေသည့်အချိန်မှာတော့ ရှိုင်းခန့်တို့နေသော ရွာ ထိပ်လေးသို့ ရန်တို့ရောက်လာခဲ့သည်၊၊ ဒီရွာထိပ်ကို ရောက်ဖို့အတွက်လည်း လမ်းကြမ်းလွန်းသဖြင့် အတော်လေးကို ကားဆောင့်ခြင်းကို အီစိမ့်နေအောင်ခံခဲ့ရသေးသည်၊၊ ရွာလေး၏ ထိပ်၌တော့ ဆိုင်ကယ်နှစ်စီးနဲ့ လူနှစ်ယောက်ထိုင်စောင့်နေကြလေသည်၊၊ ထိုလူနှစ်ယောက်က တစ်ခြားသူတွေတော့မဟုတ်ပေ ရှိန်းခန့်နဲ့ ရိုင်းစက်မာန် တို့ဖြစ်၏၊၊

ရန်တို့ကားရပ်သည်ကို တွေ့သည်နှင့် ရှိန်းခန့်နဲ့ ရိုင်းစက်မာန်က ထိုင်နေရာမှ ထလို့ ရန်တို့ကားဘေးနားကိုရောက်လာခဲ့သည်၊၊ ရန် မောင်ဘက်သို့လှည့်ကြည့်မိတော့ မျက်နှာက အစောနကနဲ့မတူတော့ပဲ တည်းတင်းကာပင် အံ့ကြိတ်ထား၏၊၊ တစ်ဖက်မိန်းကလေး၏ အဖေ ကို မောင်ဘယ်လို ရှင်းပြတောင်းပန်ခဲ့ရလဲ ဆိုတာ ရန်အသိဆုံးမို့ မောင်အခုလိုစိတ်ဆိုးတာကို အပြစ်လို့တော့ပြောမရပေ၊၊

ကလေးဆော့တဲ့ကစားနည်းတွေအတိုင်း ကစားနေတဲ့ ကစားပွဲတစ်ခုမဟုတ်သည့်မို့ ကိစ္စတိုင်းက ကတိဆိုသော စကားတစ်လုံးသာမတည်ခဲ့လျှင် အပြတ် ပြတ်နဲ့ နှာခေါင်းသွေးထွက် ကို ဖြစ်ရသည်၊၊ စီးပွားရေးလောကမှာ ကတိစကားက ဘယ်လောက်အရေးပါကြောင်း စီးပွားရေး လုပ်စားသူတွေသာသိသည်ဆိုတဲ့အတိုင်း မိတ်ရင်းဆွေရင်းတွေကြား၌လည်း ကတိစကားကဘယ်လောက်အရေးပါကြောင်း ဆွေမျိုးမိတ်ဆွေများတဲ့လူသာ သိလိမ့်မည်၊၊

တစ်ဖက်မိန်းကလေးက ရည်စားရှိနေလို့သာ ရှိန်းခန့်နေရာမှာ ထိုရည်စားကောင်လေးကို အစားထိုးလိုက်မှ အရှက်တကွဲ မဖြစ်ပဲ ဗြောင်းဆန် သွားသော အခြေအနေကို ထိန်းနိုင်လို့ တော်ကာကျတော့ သည်၊၊ မဟုတ်ရင်တော့ထို မိန်းကလေးလည်း သိက္ခာ ကျနိုင်သလို နှစ်အိမ်တော်ရဲ့ မိတ်ဆွေဖြစ်မှုကလည်း အဆုံးသတ်ကိုရောက်သွားနိုင်၏၊၊

"အစ်ကိုရန် "

ရှိန်းခန့်နဲ့ ရိုင်းစက်မာန် က ရန်အနားသို့ရောက်လာပြီး လာနှုတ်ဆက်၏၊၊ မောင်ကတော့ တစ်ဖက်တံခါးဘက်ကနေ ထွက်လာပြီး ရန်ရှိရာသို့ ဦးတည်လျှောက်လာခဲ့သည်၊၊ မောင်၏ တည်တင်းနေသော မျက်နှာကြောင့် ရိုင်းစက်မာန်နဲ့ ရှိန်းခန့်မှာ မျက်နှာလေးတွေက ဇီးရွက်လောက်သာကျန်ရှိတော့သည်၊၊ သူတို့လုပ်ထားသော အပြစ် သူတို့သိကြသည်လေ၊၊

"ရစ် ငါ..."

ခွပ်!

အရှိန်ပြင်းပြင်းထိုးချခံလိုက်ရသော လက်သီးတစ်ချက်က ရိုင်းစက်မာန်၏ နှာခေါင်းမှ သွေးထွက်ကျလာသည့်အထိ ပြင်း၏၊၊ တစ်ဖက်သို့လည်ထွက်သွားသော မျက်နှာကို အရှေ့တည့်တည့်သို့ပြန်လှည့်လျက် ရစ်ကို ကြည့်မိတော့ မျက်ခုံးများတွန့်ချိုးလျက် ဒေါသအရှိန်မပြေသေးပုံရသည်၊၊ ရိုင်းစက်မာန်၏ ကလေးဆန်စွာ ဘာမှမစဥ်းစားပဲ တဇွတ်ထိုးလုပ်မှုကြောင့် ရစ်တစ်ယောက် ဘယ်လိုရှင်းခဲ့ရမလဲဆိုတာ ခန့်မှန်းလို့ရနေပါသည်၊၊ ထို့ကြောင့် ဒီတစ်ချက်သော နာကျင်မှုက ရှိန်း လေးကို ရဖို့တဇွတ်ထိုးဆန်စွာ ပြုမှုခဲ့ခြင်းအတွက် တန်သည်လို့ပဲ ဆိုရမည်၊၊

" အစ်ကိုကြီး ကိုကို ကို မထိုးပါနဲ့တော့၊၊ ကျွန်တော် စိတ်သဘောအတိုင်း ကိုကို နောက်ကို လိုက်ခဲ့တာပါ"

ရှိန်းခန့်က ရိုင်းစက်မာန်ရှေ့၌ ကာရပ်လို့ မောင်ကို ထပ်မထိုးဖို့ တားမြစ်သည်၊၊ ဒီကောင်လေးလဲ ရိုင်းစက်မာန်ကို မပိုင်ခင်တုန်းက ဘယ်လောက်စိတ်ပင်ပန်းမှုတွေရှိခဲ့လဲဆိုတာ ရန် သိသည်မို့ အခုလို ကြံစည်ရာမရ ခိုးရာလိုက်ပြေးချင်ကိုလည်း ဘာများ အပြစ်ဖို့နိုင်ပါမည်နည်း၊၊ လူတိုင်းကတော့ ကိုယ်ချစ်တဲ့ လူနဲ့ပဲ ဘဝရဲ့ ကျန်ရှိနေတဲ့ သက်တမ်းတစ်လျှောက်လုံးကို အတူရှိ ချင်ကြတာပါပဲလေ

မျက်နှာထားတင်းထားတုန်းဖြစ်သော မောင်ကတော့ လျှော့မည်သဘောမှာမရှိ၊၊ မောင် ဒေါသထွက်နေသည်ကို သိသော ဗမာနဲ့ ရှန်ရှန်ကလည်း ရန်၏ လက်နှစ်ဖက်ကို တစ်ယောက်တစ်ဖက်ဆီ ဆွဲကိုင်လို့ အသံတိတ်ကာဖြင့် ရန်အနား အတင်းကပ်နေကြ၏၊၊ မောင် စိတ်ကောင်းဝင်နေတဲ့ အချိန်မှာသာ ကလေးနှစ်ယောက်က မောင်ကို သူငယ်ချင်းပေါင်းသလို ပေါင်းနိုင်ကြပေမဲ့ တစ်ခြားဒေါသထွက်ပြီး မျက်နှာတည်နေတဲ့ အချိန်မှာတော့ မောင်ကို ကလေးနှစ်ယောက်က အတော်လေးကို ကြောက်သည်၊၊ ထို့သို့ကြောက်သည်ကလဲ မောင်က သူစိတ်တိုတိုင်း ကလေးနှစ်ယောက်ကို မဲပြီး ရိုက်ခြင်းဘာညာ ရှိသည်ကြောင့်မဟုတ်ပဲ မောင်၏ လူရှိန်လောက်အောင်ထိ မောကြော ခက်ထန်နေသော မျက်နှာထားကြောင့်သာ ဖြစ်၏၊၊

" မောင် စိတ်လျော့လိုက်ပါတော့၊၊ ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးပြီးပဲလေ ဘာမှ ပြန်ပြင်လို့မှ မရတော့ပဲ၊၊ အခုတော့ စိတ်လေးလျော့ပြီး ရှိန်းခန့်တို့ အိမ်ကိုသွားကြရအောင်နော်"

"လွန်းရန် သဘော"

စိတ်တိုနေသည်တောင်မှ လေသံမာခြင်းမရှိပဲ ရန်ကိုပြန်ဖြေလာသည့်အသံက ပျော့ပျောင်း မှုရှိလှသည်၊၊ ဘယ်လောက်ပဲ ကိစ္စအချို့ကြောင့် စိတ်တိုတို ဒေါသထွက်နေပါစေ ထိုစိတ်တိုဒေါသဖြစ်ခြင်းတွေကို မောင်က မိသားစုအပေါ်ပုံချင်း အလျဥ်းမရှိ၊၊ဒါကတော့ မောင်ရဲ့ ချစ်စရာကောင်းတဲ့ အကျင့်တွေထဲက တစ်ခုလေးပင်

"ဟိုနှစ်ကောင် ကားအနောက်က အထုတ်တွေသယ်ခဲ့"

"ဒီခွေး..."

ဘာလဲဆိုသော လှည့်လာတဲ့ နဂါးအကြည့်ကြီးကြောင့် ရိုင်းစက်မာန် ဆဲမိတော့မဲ့ မိမိ ပါးစပ်ကို အသာပြန်ပိတ်လို့ ရှိုင်းလေး၏ နောက်ကျောသို့ဝင်ကာ ပုန်းရှောင်လိုက်ရသည်၊၊ ရိုင်းစက်မာန်၏ အပြုအမူ ကို လင် အားကိုး တယ်လို့ဆိုချင်လည်း ဆိုကြပါစေ တကယ်လည်း ရိုင်းစက်မာန်မှာ အားကိုးစရာ လင်လေးက ရှိသည်ပဲလေ

ရစ်တို့ အတွဲက ဆိုင်ကယ်တစ်စီးကို ယူလျက် ကလေးတွေနဲ့အတူ အရှေ့ကနေ စီးထွက်သွားသည့်မို့ ကျန်တဲ့ ဆိုင်ကယ်တစ်စီးနဲ့သာ ရိုင်းစက်မာန်နဲ့ ရှိန်း လေးမှာ မျှစီးလျက် ရစ်တို့ဆိုင်ကယ်နောက်ကို အမှီလိုက်ရတော့သည်၊၊ ဒီကောင်တွေ အိမ်က ဘယ်နားမှာလဲ ဆိုတာမသိပဲ အရှေ့ကနေ မောင်းထွက်သွားတာ ဘယ်နေရာမှ ရပ်စောင့်နေရမလဲဆိုတာ ရိုင်းစက်မာန် မြင်ယောင် မိပါသေးသည်၊၊

"ကိုကို မျက်နှာက တအား နာနေလား၊၊ အိမ်ရောက်မှ ကျွန်တော် ကြပ်ထုပ်ထိုး ပေးမယ်နော်"

ဆိုင်ကယ်မောင်းနေရင်း အနောက်ကနေ ရှိန်းလေး၏ အသံချိုချိုလေးက နားထဲသို့ သာယာစွာ စိမ့်ဝင်လာ၏၊၊ ဒီကောင်လေးကို အရယူလိုက်ရခြင်းက နောင်တတွေ မရှိပဲ လမ်းမှန်စွာလုပ်ခဲ့ကြောင်း အတူနေခဲ့တဲ့ တစ်လအတွင်းမှာ ရခဲ့တဲ့ စိတ်ချမ်းသာမှုတွေက သက်သေပါပဲ၊၊

"ဘာမှမဖြစ်ဘူးကိုယ်အဆင်ပြေတယ် ၊၊ စိတ်မပူနဲ့ ရှိန်း လေး"

"နှာခေါင်းကနေ သွေးထွက်နေတာတောင် အဆင်ပြေတယ်လုပ်နေတာလား၊၊ ကိုကို က အဆင်ပြေပေမဲ့ ကျွန်တော်အတွက်တော့ အဆင်မပြေဘူးလေ"

"ဟုတ်ပါပြီ၊၊ အိမ်ရောက်မှ ကိုယ်ကို ဆရာဝန်လေးက ဆေးကုပေး"

သဘောကျစွာထွက်လာတဲ့ ရှိန်း လေး၏ တခစ်ခစ်ရယ်သံလေးက ညနေစောင်းမှာ အိပ်တန်းတတ်နေကျသော ငှက်ကလေးများ၏ တကျီကျီ အော်သံများနဲ့အတူရောယှက်လို့ပင် နားဝင်ချိုလှစွာရှိ၏၊၊ ဒီချစ်စရာကောင်းသော ကောင်းလေး၏ ချစ်ခြင်းတွေကို မမြင်မိခဲ့ပဲ လျစ်လျူပြု နေခဲ့မိသည်က နှစ်ပေါင်းအတော်ကြာသည်အထိ ရှိကြောင်း ဖွင့်ဟ ဝန်ခံခဲ့တဲ့နေမှ ရိုင်းစက်မာန်သိခဲ့ရသည်၊၊ ကိုယ်ကြောင့် အများကြီးပင်ပန်းခဲ့ရတဲ့ ရှိန်း လေးကို ရိုင်း စက်မာန်ဘက်ကလည်း ကျန်ရှိနေတဲ့အချိန်တွေမှာ အစွမ်းကုန်ထုတ်ချစ်ပြဖို့ တွေးထားခဲ့ပြီးပြီး၊၊

ညနေစောင်းပိုင်းတိုက်ခတ်လာသော လေညှင်းအေးအေးလေးနဲ့အတူ ခါးထက်သို့ လက်နှစ်ဖက်ဖြင့် ခပ်တင်းတင်းဖက်လာသော ကောင်လေးကြောင့် ရိုင်းစက်မာန်၏ နှုတ်ခမ်းပါးတို့က အပေါ်သို့သိသိသာသာကို ကွေးညွတ် တတ်နေခဲ့တော့သည်၊၊ ပုံမှန်အရှိန်ရှိသော ဆိုင်ကယ်ကို အရှိန်မြင့်လျက် အရှေ့ခပ်လှမ်းလှမ်း၌ ဆိုင်ကယ်ရပ်ကာ စောင့်နေကြသော ငရစ်မိသားစုရှိရာသို့ ရိုင်းစက်မာန် မောင်းနှင်လာခဲ့တော့သည်၊၊ ရိုင်းစက်မာန် မြင်ယောင်ခဲ့မိသားပဲ ဒီငရစ် မိသားစုတစ်နေရာရာမှာ ရပ်စောင့်နေရမှာပါလို့.....

°°°°°°°°°°°°°°°°°

ရှမ်းပြည်၏ လွန်ကဲသော အအေးဓာတ်ကြောင့် ဒီရွာလေးကို စရောက်ထဲက တစ်ပတ်ကြာလာသည်အထိ ရန်တို့ မိသားစု အိမ်ထဲက အိမ်ပြင်မထွက်မိ၊၊ တစ်ထပ်ပျဥ်းထောင်အိမ်လေးက ခြံဝန်းလေးနဲ့ဖြစ်ပြီး အများကြီးကျယ်ဝန်းလှသော အိမ်တစ်လုံးတော့မဟုတ်ပေ၊၊ သို့ပေမဲ့လည်း အိမ်ထဲ၌ ဧည့်ခန်း မီးဖိုချောင် အိပ်ခန်းများကို တစ်ကန့်စီခွဲထားပြီး အတော်အတန် ကျယ်သော အကျယ်အဝန်းတွေ ရှိကြသည်၊၊

နေ့စဥ် ရှိန်းခန့်တို့အတွဲက ဆိုင်ကယ်တစ်စီးနဲ့ ထွက် ထွက်သွားတတ်ပြီး ဘယ်ကမှန်းမသိ အသီးအနှံ့နဲ့ အသားငါးတွေ သွားသွားဝယ်လာတတ်သည်၊၊ ရှိန်းခန့်နဲ့ ရိုင်းစက်မာန်ကတော့ ရှမ်းပြည်၏ အအေးဓာတ်ကို အသားကျသွားပုံပါပဲ သူတို့နှစ်ယောက်အတွက် ဒီအအေးဓာတ်က ဘာမှမဖြစ်သလိုပင်၊၊

အပူဓာတ်ပြင်းသော ရန်ကုန်မှာ နေသည့်ရန်တို့အဖို့ ရှမ်းပြည်၏ အအေးဓာတ်ကို အံ့တုဖို့အတွက်တော့ သိပ်မလွယ်ကူလှ၊၊ ဒီပျဥ်းထောင်အိမ်လေးထဲမှာလဲ အပူပေးစက်က မရှိပြန်လေတော့ အနွေးဓာတ်ရဖို့အတွက် မီးလှုံ ရင် လှုံ ဒါမှမဟုတ် စောင်ပတ်ပြီးသာနေရသည်၊၊ တစ်ခါတစ်လေတော့ မောင်ရင်ခွင်၏ အနွေးဓာတ်ကိုယူ၍ အေးလှသည့်ရှမ်းပြည်၏ အအေးဓာတ်ကို တွန်းလှန်ရ၏၊၊

နေထွက်သည့်အချိန်ခဏလေးလောက်ပဲ အအေးလျော့ကျပြီး ကျန်သည့်အချိန်များမှာတော့ အလွန်ကိုအေးသည်၊၊ဘာရာသီဥတုမှန်း အတိအကျမသိပေမဲ့ မနက်တိုင်း မြူခိုးများဖြင့် ပိတ်လျက် ပတ်ဝန်းကျင် ကိုသိပ်ပြီးရှင်းလင်းစွာမမြင်ရပေ၊၊ အိမ်အနောက်ဘက်ကနေ လှမ်းမျှော်ကြည့်လိုက်ရင်တော့ တောင်တန်းစိမ်းတွေအပြင် လှပသော သဘာဝရှုခင်းကို တမေ့တမောကို တွေ့ရမည်ဖြစ်သည်၊၊

"လွန်းရန် ကော်ဖီ ပူပူလေး သောက်လိုက်ဦး"

အငွေ့တထောင်းထောင်းထနေသော ကော်ဖီတစ်ခွက်ကို မောင်က ရန်ဆီသို့ ကမ်းပေးလာသည်၊၊ အအေးဓာတ်ကို ကြောက်ရွံ့သည်မောင်က အနွေးထည် သုံးထပ်အပြင် လည်ပင်း၌ မာဖလာ နှစ်ခုကို ရောလျက် ပတ်ထားသေးသည်၊၊ နားရွက်ထိပ်နဲ့ နှာခေါင်းထိပ်ကလည်း ခပ်ရဲရဲ ပုံစံရှိပြီး မောင်၏ လက်ဖဝါး နဲ့ လက်ထိပ်တွေကအစ ရဲတတ်နေ၏၊၊

ရန် မောင်ဆီက ကော်ဖီခွက်ကို လှမ်းယူပြီးနောက် မောင်က ရန်ဘေးနားသို့ ဝင်ထိုင်လာသည်၊၊ ထို့နောက် ရန်၏ ပါးတစ်ဖက်မှာ မောင်၏ နှာခေါင်းချွန်ချွန်တို့က နစ်ဝင်လာလျက် ရန်၏ ခန္ဓာကိုယ် မှာလဲ အနွေးဓာတ်ခပ်မျှင်မျှင်ရှိသော မောင် ရင်ခွင်ထဲသို့ လုံးလုံးကို ဝင်ရောက်သွားရသည်၊၊ ရန်အနားလာထိုင်ပြီး လူကို လုပ်ချင်သလိုလုပ်ပြီး မောင်ကတော့ အသားယူပြန်ပါပြီ၊၊

"မောင် ကလေးနှစ်ယောက်ရော ဘယ်မှာလဲ"

"အခန်းထဲမှာ ကွေးနေတုန်း မထကြသေးဘူး"

စကားလည်းပြောရင် အသက်ရှူကျပ် စေလောက်သည်အထိ ခပ်တင်းတင်းပွေ့ဖက်လာသည်မို့ ရန်မှာ စကားဆက်ပြောဖို့တောင် အားမရှိတော့သလိုပင်၊၊ အနည်းငယ် လွှတ်ပေးဖို့ မောင် နဖူးကို လက်ညှိုး ဖြင့်အသာတောက်လေတော့ မောင်က ပြုံးပြလာပေမဲ့ ရန်ကိုဖက်တွယ်ထားခြင်းကိုတော့ ပြေလျော့ပေးမလာခဲ့ပေ၊၊ ထို့ကြောင့် မောင့်စိတ်ကြိုက်သာ ရှိစေပြီး ရန်လည်း ဘာမှမပြော ဖြစ်တော့၊၊

"အစ်ကိုရန်တို့ နိုးနေကြပြီပဲ"

အသီးအရွက်အထုတ်ကိုယ်စီကိုင်လျက် ရှိန်းခန့်နဲ့ ရိုင်းစက်မာန်တို့က အိမ်ထဲသို့ဝင်လာခဲ့သည်၊၊နှင်းရည်တွေ စိုလာပုံရသော ရှိန်းခန့်တို့နှစ်ယောက်၏ ခန္ဓာကိုယ် ထက်မှာ အဝတ်တွေက စိုရွှဲ လို့နေ၏၊၊

"ဘာတွေဝယ်လာတာလဲ ရှိန်းခန့်"

"အသီးအရွက်တွေလေ အစ်ကိုရန်"

လက်ထဲမှ ဆွဲကိုင်လာသော အရွက်ထုတ်ကို မြှောက်ပြလျက် ရှိန်းခန့်က အဖြေပြန်ပြုသည်၊၊

"အသီးအရွက်ကြီးပဲ မင်းတို့ ချက်ကျွေးနေတာ ငါတို့ရုပ်တွေလည်း ကြည့်ဦး ရောက်တာတောင်မကြာသေးဘူး မြက်စားနွားရုပ်ပေါက်နေပြီ "

ခနဲ့တဲ့တဲ့ ထွက်လာတဲ့ မောင်၏ အသံထဲ မကျေနပ်ချက်တွေများစွာပါဝင်နေသည်၊၊ အသားငါးတွေက ရှားတဲ့ပုံရမည် နှစ်ရက်တစ်ခါလောက်တောင် ရှိန်း ခန့်သိပ်မချက်ဖြစ်ပေ၊၊ မနက် ည နေ့တိုင်းလို အသီးအရွက်တွေကြီးသာ၊၊ ထို့ကြောင့် အသီးအရွက်က နေ့စဥ်လို့ဖြစ်လာတော့ မောင် တော့ တင်းပြီလေ

"မင်းရုပ်က အစထဲက နွားရုပ်ပဲကို"

" fu*k ..... !"

" မောင် မဆဲရဘူးနော်"

ဆဲရေးထွက်တော့မည် မောင် ပါးစပ်ကို လှမ်းပိတ်လို့ ရန်သတိပေးစကားဆိုလေတော့ ရိုင်းစက်မာန်ဆီမှ တဟားဟား အော်ရယ်သံက ထွက်လာလေသည်၊၊ မောင်ကတော့ ရန်ကို ခေါင်းအသာငြိမ်ပြပြီး ဘာစကားမှမဆိုလာတော့ပေ၊၊ ရှိန်းခန့်တို့နှစ်ယောက်ကလဲ မီးဖိုချောင်းထဲသို့ အထုတ်ဆွဲလျက် ဝင်သွားကြ၏၊၊သိပ်မကြာခင်မှာပင် နှစ်ယောက်လုံး မီးဖိုချောင်းကနေ ထွက်လို့ ရန်တို့ ထိုင်နေသာ အရှေ့ဘက်၌ ဝင်ထိုင်ကြသည်၊၊

ရန်တို့အခုစုပြီးထိုင်နေတဲ့နေရာက အိမ်၏ ခပ်ကျဥ်းကျဥ်း ဧည့်ခန်းလေးသာဖြစ်သည်၊၊ ရန်ကုန်အိမ်လောက် ကျယ်ဝန်းခြင်းမရှိပေမဲ့ လူးခြောက်ယောက်လောက်ကတော့ ဒီဧည့်ခန်း၌ ထိုင်ရန်အတွက် လုံးလောက်သော နေရာရှိ၏၊၊ အိမ်ရဲ့ဧည့်ခန်းလေးထဲ ထိုင်ခုံများနဲ့ထိုင်ကြသည်မဟုတ်ပဲ သိုးမွှေးအပွခင်းထားသော ကော်ဇော ထူထူ၌ ဖျာခင်းလို့ဖြင့် ထိုင်ကြခြင်းဖြစ်သည်၊၊ နေရာတာကတော့ ရန်ကုန်အိမ်နဲ့များစွာကွာခြားသည်မို့ အထူးအဆန်းတော့ ရှိလှသည်၊၊

"ကောင်လေးတို့ရေ အဒေါ်ခဏ ဝင်လာလို့ရမလားဝေ့"

စကားခပ်ဝဲဝဲအသံရှိလှသော မိန်းမတစ်ယောက်၏ အသံက အိမ်အပြင်ဘက်ကနေ ထွက်လာခဲ့သည်၊၊ ထို့နောက် အိမ်တံခါးကို ရှိန်းခန့်က သွားထဖွင့်ပေးတော့ ခေါင်းပေါင်းအနီးကွက်ကြားနဲ့ နွမ်းနေသော မာဖလာ အနက်ရောင်လေးကို ပက်ထားသော အဒေါ်ကြီးတစ်ယောက်က အိမ်တွင်းသို့ ဝင်လာခဲ့သည်၊၊ ထို့ကြောင့် ရန်လည်း မောင်ရင်ခွင်ထဲမှ ရုန်းထွက်လို့ အဒေါ်ထိုင်ဖို့အတွက်နေရာ တစ်နေရာစာ ပြင်ပေးလိုက်သည်၊၊

" အဒေါ် ဘာကိစ္စများရှိလို့လဲ"

" ရှိန်းခန့် လေးရေ ဒီနေ့ ရွာလေးကို အလှူရှင် တစ်ယောက်လာတယ်ကွဲ့၊၊ ရွာထဲက ဘုန်းကြီးဝတ်ချင်တဲ့ ယောကျ်ား လေးတိုင်းကို စရိတ်အကုန်ကျခံပြီး ဘုန်းကြီး ဝတ်ပေးမယ်တဲ့လေ၊၊ အဲ့တာအတွက် အဒေါ်က ဘုန်းကြီးဝတ်မဲ့ လူစာရင်းလာကောက်တာဝေ့"

ရှိန်းခန့်နဲ့ အတော်ရင်းနှီးနေပုံရသော အဒေါ်ကြီးက အပြုံးပြုံးချိုချိုနဲ့ပင် ပြောလာလျှင် ရှိန်းခန့်ကရန်ဘက်သို့လှည့်ကြည့်လာပြီး မောင်နဲ့ ရိုင်းစက်မာန်ဘက်ကို မျက်စပစ် ပြသည်၊၊ဆိုလိုတာက မောင်နဲ့ ရိုင်းစက်မာန်ကို ဘုန်းကြီးဝတ်ပေးမလားပေါ့

"ကိုကို"

"ရှိန်း လေး ကိုယ်တို့က အခုမှ ယူထားခါစ ပူပူနွေးနွေး လေးပဲ ရှိသေးတာလေ ၊၊ အဲ့လို မလုပ်ရဘူးနော်"

ရှိန်းခန့် ဆက်ပြောမည်စကားတွေကို ကိုကိုက သိနေပုံရပြီး ပြန်ဖြေလာသည့်အဖြေစကားက အပြင်းအထန် ၊၊ ရှုံ့တွ နေသော မျက်နှာဖြစ်နေတဲ့ ကိုကို မျက်နှာကို ကြည့်ပြီး ရှိန်းခန့် ရယ်ချပြစ်ချင်စိတ်ကို မနည်းထိန်းထားရသည်၊၊ ထို့ပြင် ကိုကိုက ရှိန်းခန့် လက်တစ်ဖက်ကို ဆုပ်ကိုင်လို့ ဘုန်းကြီး မဝတ်ခိုင်းပါနဲ့ဆိုသော အကြည့်များဖြင့် ပြောနေသည်မှာ သနားချင့်စဖွယ်လေးပင်

"အဒေါ် မာဗာရစ် နဲ့ ခွန်းဗမာရစ် ၊ ခွန်းရစ်လွန်းရှန် အဲ့သုံးယောက်နာမည်မှတ်လိုက်ပါဗျ"

ရုတ်တရက် ပြောလာသော အစ်ကိုရန်၏ စကားကြောင့် ရှိန်းခန့်နဲ့ ကိုကို အပြင် အစ်ကိုကြီးကပါ ခပ်ကြောင်ကြောင်ဖြစ်လျက် တအံ့တသြဖြစ်သွား ရသည်၊၊

" လွန်း... လွန်းရန် မောင်.. မောင်ကို အခု.."

"အင်း မောင်ရော မောင်သား နှစ်ယောက်ရော ဘုန်းကြီး ဝတ်ရမယ်"

" လွန်းရန်ကလည်း အဲ့လို မဖြစ်ဘူးလေကွာ၊၊ ညတိုင်း မောင် လွန်းရန်ကိုမှ ဖတ်မအိပ်ရရင် အိပ်မပျော်တတ်မှန်းသိရဲ့သားနဲ့၊၊ လွန်းရန် သားနှစ်ယောက်ကိုပဲ ဘုန်းကြီးဝတ်ခိုင်းလိုက်လေနော်"

ရန် လက်တစ်ဖက်ကိုဆွဲလျက် သူ ဘုန်းကြီးမဝတ်ချင်ကြောင်းပြောနေသော မောင်က ချစ်စရာကောင်းမှု အတိ၊၊ ရှမ်းပြည်ကိုရောက်တုန်းလေး ကုသိုလ် ရဖို့အတွက် ဘုန်းကြီးဝတ် တာကို ဒီမောင်ဟာ ငြင်းနေပြန်ပါပြီ၊၊

"အဒေါ် ရိုင်းစက်မာန် နာမည်ကိုလည်း ထည့်မှတ်လိုက်ပါဗျ"

"ဟုတ်ပြီကွဲ့၊၊ ကုသိုလ် ရဖို့အတွက်ပဲ ကောင်လေးတွေက ငြင်းမနေကြပါနဲ့၊၊ ဒါနဲ့ သဘက်ခါ ဘုန်းကြီးကျောင်း ကို လည်းကတုံး အင်္ကျီ နဲ့လုံချည် ကိုတွဲဝတ်ပြီးလာခဲ့ကြဝေ့၊၊အခုတော့ အဒေါ်ပြန်တော့မယ်"

နာမည်စာရင်း ချမှတ်ပြီးနောက် အဒေါ်ကြီးက ဖော်ရွေစွာပင် ပြုံးပြနှုတ်ဆက်လျက် အိမ်ထဲကနေ ထထွက်သွားတော့သည်၊၊ ကျန်နေခဲ့သည့် လူလေးယောက်ထဲမှာတော့ နှစ်ယောက်၏ မျက်နှာက လငပုပ်ဖမ်း နေလေပြီ၊၊

"လွန်းရန် မောင်မှာ ကိလေသာတွေ မကုန်ခမ်းသေးတာကို ဘာလို့ ဘုန်းကြီးဝတ် ခိုင်းတာလဲ ပြော"

" မောင် ကုသိုလ် ရအောင်လို့လေ၊၊ မောင်ရာ ငါစကားတွေ ထပ်မပြောချင်ဘူး မောင် ဘုန်းကြီးဝတ် ကို ဝတ်ရမယ်"

" အဟင့်ဟင့် လွန်းရန်က မောင်ကို မလိုချင်တော့လို့ ဘုန်းကြီးကျောင်း ကို ပို့တာမလား ၊၊ သိလိုက်ပါပြီ ဒီအချိုးတွေကို သိလိုက်ပါပြီ "

တဟင့်ဟင့် လုပ်သံကြီး လုပ်ပြလျက် ခြေဆောင့်ကာပင် မောင်က ဧည့်ခန်းထဲကနေ ထထွက်လို့ အိပ်ခန်းဘက်သို့ တဒုန်းဒုန်းမြည်းအောင် လျှောက်ထွက်သွားတော့သည်၊၊ ထမသွားခင်လည်း ရန်ကို စိတ်ဆိုးမာန်ဆိုး ဖြင့် ရန် ခေါင်းမှဆံပင်တွေကို ဆွဲဖွ ထုတ်သွားသေးသည်၊၊ ဒီမောင်ဟာလေ တကယ်မလွယ်ကြောလေး

ခေါင်းတခါခါဖြင့် အစ်ကိုရန်က ခြေဆောင့်ထွက်သွားသော အစ်ကိုကြီးနောက်သို့ ထလိုက်သွားတော့သည်၊၊ထို့ကြောင့် ဒီဧည့်ခန်းထဲမှာ ရှိန်းခန့်နဲ့ ကိုကို နှစ်ယောက်ထဲသာ ကျန်ရှိခဲ့တော့သည်၊၊ ကိုကို၏ မျက်နှာကတော့ ရှိန်းခန့်ကိုကြည့်လို့ ပြိုတော့မဲ့မိုးလို့ ဖြစ်နေလေသည်၊၊ တော်တော်ကို အခြေအနေဆိုးဆိုးပင်၊၊သို့သော် ရှိန်းခန့်ကတော့ ကိုကို ကိုကြည့်လို့ ရယ်သာရယ်ချင်နေတော့သည်၊၊

"ရှိန်း လေး"

"ကိုကို ကုသိုလ် ရမှာပဲလေ ၊၊ မှတ်မှတ်ရရအနေနဲ့ တစ်ခါလောက်တော့ ဘုန်းကြီးဝတ် လိုက်ပါဗျာ "

"ဟုတ်ပါပြီ၊၊ ရှိန်း လေး သဘောရှိပါ"

ကိုကိုဟာ နောက်ဆုံးအရှုံးပေးလိုက်ပါပြီဆိုသော သဘောဖြင့် ခေါင်တဆက်ဆက်ညိတ်ပြလျက် ရှိန်းခန့် ခန္ဓာကိုယ် ကို ရင်ခွင်အတွင်းသို့ ဆွဲထည့်ဖက်သည်၊၊ တင်းတင်းကျပ်ကျပ်ဖက်ထားသော ကိုကိုကြောင့် ရှိန်းခန့်မှာ အသက်ရှူကျပ်လုမတတ်ပါပဲ

ဒီလူသားအပေါ် ထားရှိခဲ့သော ချစ်ခြင်းမေတ္တာတွေဟာ စစ်မှန်ခဲ့သည်ထင်ပါရဲ့ နောက်ဆုံးမှာတော့ ချစ်ရတဲ့ဒီလူသားဆီကနေ ရောင်ပြန်ဟပ် မှုလေးကို တနင့်တပိုးကို ပြန်ရရှိခဲ့လေပြီ၊၊

°°°°°°°°°°°°°°°

အေးလွန်းသော မနက်ခင်း၌ အရင်နေ့တွေထက် အစောကြီးထပြီး ဘုန်းကြီးကျောင်း သွားဖို့ ပြင်ဆင်ရလေတော့ ကလေးနှစ်ယောက်၏ မျက်နှာကလည်း မှုန်ကုပ်ကုပ် ဖြစ်နေသလို ကလေးတွေနဲ့အပြိုင် ဆူပုတ်ကောက်ချိတ်နေသော မောင်၏ မျက်နှာကလည်း မှုန်ကုပ်ကုပ် နဲ့ပင်၊၊ ရန်မှာ ဒီသားဖသုံးယောက် ကို ကြည့်ပြီး မပြုံးပဲ မနေနိုင်ချေ၊၊

"မျက်နှာတွေဆူပုတ်မနေနဲ့တော့ ခဏနေ သွားမယ်"

"ဆံပင်မရှိရင် ကောင်မလေးတွေက မကြိုက်ပါဘူးဆို ဖေလွန်းကလည်း"

ဗမာဆီမှ မသက်မသာ စကားသံလေးက ခပ်တိုးတိုးထွက်လာပြီး ခေါင်းမှ သူဆံပင်များကို သူကိုယ်တိုင်ပင် ပြန်ဆွဲဖွလို့ နှမျောနေဟန်ရှိသည်၊၊ ရှန်ရှန်ကတော့ ငြိမ်လျက်သာ ထိုင်နေပြီး ဟိုကြည့်ဒီကြည့်နဲ့သာ၊၊ ဒီကလေး မနက်ထဲက ငြိမ်နေတာ ဘာမှစကားပြောလာခြင်းမရှိသေးပေ၊၊ မောင်ကတော့ ထုံးစံအတိုင်းပါပဲ ရန်ကို လှည့်တောင်းမကြည့်ပဲ တစ်ခြားဘက်သို့သာ မျက်နှာလွှဲ နေ၏၊၊ ဒီအပြုအမူက မောင်စိတ်ဆိုးတိုင်း လုပ်တတ်သော အပြုအမူ လေးပင်

" သုံးယောက်လုံး ဘုန်းကြီးမဝတ်ချင်ကြဘူးမလား၊၊ မဝတ်နဲ့တော့ သွား အဝတ်စားလဲပြီး ပြန်အိပ်တော့"

လေသံခပ်မာမာနဲ့ ပြောလျက် ရှန်ရှန်နဲ့ ဗမာကို တစ်လှည့်စီ ရန် အင်္ကျီ တွေ ချွတ်ပေးလိုက်သည်၊၊ ကလေးနှစ်ယောက်နဲ့ မောင်ကတော့ အစောနကလို့ မှုန်ကုပ်ကုပ် တွေမဟုတ်တော့ပဲ နားမလည်သလိုဖြင့် ရန်ကိုသာ ကြည့်နေကြ၏၊၊ ဘုန်းကြီးမဝတ်ချင်တဲ့လူကို အတင်းကြီး ဘုန်းကြီးဝတ်ခိုင်းမနေချင်တော့ပေ၊၊ ဒါဟာ ကုသိုလ် မရတဲ့အပြင် ငရဲတောင်ရဦးမည်၊၊

"အစ်ကိုရန်တို့ ပြီးပြီးလား၊၊ သွားရအောင်လေ"

အခန်းထဲသို့ ရှိန်းခန့်က ခေါ်သံလည်းပြုရင်း ဝင်ရောက်လာသည်၊၊ ထို့နောက် ကလေးတွေ၏ အပေါ်ပိုင်းဗလာဖြစ်နေသော ပုံနဲ့ အူကြောင်ကြောင်ရုပ်လေးတွေကို ကြည့်ပြီး ရှိန်းခန့်က သဘောပေါက်သွားသလိုပါပဲ ရန်အနားသို့တိုးကပ်လာလျက် မသွားဖြစ်တော့ဘူးလားဟူ၍ အမေးပြုလာသည်၊၊ ထို့ကြောင့် ရန်ခေါင်းအသာညိတ်ပြလိုက်ပြီး

"သူတို့ ဘုန်းကြီးမဝတ်တော့ဘူး ငါပဲ ဘုန်းကြီးဝတ်မှာ "

"လွန်းရန် အဲ့လိုမလုပ်နဲ့လေ၊၊ မောင် .. မောင်က..."

"အိပ်ချင်နေတာမလား သွားအိပ်တော့၊၊ ဘုန်းကြီးမဝတ်ချင်ဘူးမလား မဝတ်နဲ့လေ သွား ပြန်အိပ်ကျတော့"

သုံးယောက်လုံးကို ဒီတိုင်းဖြစ်ချင်ရာဖြစ်ဆိုပြီး ရန် ထားပြစ်ခဲ့ကာ ရှိန်းခန့်နဲ့အတူ အခန်းထဲမှ ထွက်လာခဲ့တော့သည်၊၊ အိမ်၏ ဧည့်ခန်း၌တော့ ရိုင်းစက်မာန်က ပြင်ဆင်လို့ပြီးလျက် ထိုင်စောင့်နေလေသည်၊၊

"ရှိန်းခန့် ငါတို့သွားရအောင် အချိန်လည်းမစောတော့ဘူးမလား"

"လွန်းရန် ခဏ.. ခဏ"

အိမ်ပြင်သို့ဦးတည်နေသော ရန်၏ ခန္ဓာကိုယ် ကို မောင်က ဆွဲလှည့်လို့ သူဘက်ကို ကြည့်စေသည်၊၊ မောင်နောက်ကနေ အင်္ကျီ ပြန်ဝတ်ထားသော ကလေးနှစ်ယောက်ကလဲ ကပ်လျက် လိုက်လာကြသည်၊၊

"မောင်နဲ့သားတွေပဲ ဘုန်းကြီးဝတ် လိုက်မယ်နော်၊၊ လွန်းရန် မဝတ်နဲ့တော့"

"ဖေလွန်း စိတ်မဆိုးပါနဲ့ သားတို့ သာသနာပြုကြမှာပါ"

"ဘုန်းကြီးဝတ် မှာပါလို့ပြောရတယ် ရှန်ရှန်ရ"

ရှန်ရှန်၏ စကားကို ဗမာက ကြားဖြတ်ဝင်ပြောလျက် ထောက်ပြသည်၊၊ သုံးယောက်လုံးကတော့ ရန် မျက်နှာ အရိပ်အကဲ ကို သေချာ လိုက်ကြည့်နေကြသည်၊၊ ဒီသုံးယောက်ဟာလေ ဘယ်တော့မှ ပွဲမကြမ်းမခြင်းကို မရ၊၊

"ကောင်းပြီ ၊၊ဒါဆို သွားကြမယ်"

ဆိုင်ကယ်နှစ်စီးဖြင့် အိမ်ထဲကနေ ရန်တို့ အုပ်စု စတင်မောင်းထွက်လာခဲ့ကြသည်၊၊ ရှမ်းပြည်ရဲ့ မနက်ခင်းပိုင်းမှာတော့ နှင်းရည်များဖြင့် အနည်းငယ်စိုစိစိ ရှိနေပြီး တောင်တန်းစိမ်းများအပေါ်၌တော့ မြူခိုးများက အုပ်မှိုင်းလို့နေသည်၊၊ အေးချမ်းလှတဲ့ ဒီရာသီနဲ့ ဒီနေရာဟာ သူတို့ဟာနဲ့သူတို့တော့ သဟဇာတ ဖြစ်နေသလိုပါပဲ၊၊ ရွာငယ်လေးထဲက လူတွေအများစုသည်လည်း အအေးဓာတ်ကို ကျင့်သားရနေသဖွယ် သွားလာ လှုပ်ရှား နေသည်မှာ ပေါ့ပါးလွတ်လပ်စွာပင်ရှိလှသည်၊၊

ဒီရွာငယ်လေးမှာ ရွာလယ်၌ ဘုန်းကြီးကျောင်းရှိပြီး ရွာစွန်မှာတော့ ရေကန်ကြီးတစ်ကန်ရှိလေသည်၊၊ မနေ့က ဘုန်းကြီးဝတ် ဖို့ တစ်ဖက်ရွာ၌ ရန်နဲ့ ရှိန်းခန့် အဝတ်အစား သွားဝယ်ရင်းနဲ့ ထိုရေကန်ကြီးကို ရန် တွေ့ခဲ့ခြင်းဖြစ်သည်၊၊ အေးလွန်းတဲ့ ဒေသမို့ ရေကန်ထဲမှ ရေတွေကတော့ ခဲနေလေ့ရှိသည်ဟု ရှိန်းခန့်ကပြောပြသည်၊၊ လူအများသုံးလို့မရပဲ စွန့်ပြစ်ထားသော ရေကန်တစ်ကန်ဆိုရင်လည်း မမှားဘူးဟု ရှိန်းခန့်ကထပ်တိုး ပြောပြလာပါသေးသည်၊၊

အိမ်နဲ့ ဘုန်းကြီးကျောင်း က သိပ်မဝေးလှသည်မို့ ခဏလေးအတွင်း ဘုန်းကြီးကျောင်း ရှေ့သို့ ရန်တို့ အုပ်စုရောက်လာခဲ့ကြသည်၊၊ ဘုန်းကြီးကျောင်း အဝမှာတော့ သွားလာနေကြသော လူများဖြင့် ရှုပ်ယှက်ခတ် နေကြ၏၊၊ ဘုန်းကြီးကျောင်း မှ ဖွင့်လှစ်ထားသော သီချင်းသံကလည်း မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်၊၊

လမ်း၏ တစ်ဖက်ဘေး၌ ဆိုင်ကယ်ကိုရပ်လို့ ဘုန်းကြီးကျောင်း ထဲသို့ အုပ်စုလိုက်ဝင်လာခဲ့ကြသည်၊၊ ဘုန်းကြီးကျောင်း အတွင်းသို့ရောက်ရှိလာတော့ တူညီသော ဝတ်စုံများဖြင့် ထိုင်နေကြသော လူငယ်လေးအများစုကိုတွေ့ရသည်၊၊ ဒီလူငယ်လေးတွေက ကိုရင် ဝတ်မည့် လူငယ်တွေပင်

ရန်တို့ရောက်ပြီး သိပ်မကြာခင်မှာတင် အခမ်းအနား က စတင်အသက်ဝင်လာတော့သည်၊၊ ရှုပ်ယှက်ခတ် နေသော လူများနှင့် ဘုန်းကြီးကျောင်း အတွင်း ပိုက်ဆံကျဲသည့်လူများကလည်း ရှိလေသည်၊၊ ထို့နောက် သူတို့ထုံးတမ်းအစဥ်အလာကို စတင်လုပ်ကိုင်ကြပြီးနောက် ဘုန်းကြီးဝတ်မဲ့လူတွေကို ဆံချပေးသော အစီအစဉ် ကလည်းစတင်ကြသည်၊၊ မြန်မာဓလေ့ထုံးတမ်းစဥ်လာနဲ့ တူညီသည်ဟု ထင်ရသော်လည်း အနည်းငယ်လည်း ကွဲထွက်နေသေးသည်၊၊

ဆံချခြင်းကိစ္စရပ်တွေပြီးစီးသည်နှင့် တရားနာကြပြီးနောက် ကျောင်းထိုင်ကြီးက သင်္ကန်း ပေးလို့ လူဘဝ လူဘောင်မှ သာသနာဘောင်ထဲသို့ သွပ်သွင်းခြင်းကိုပြု၏၊၊ ရန်နဲ့ ရှိန်းခန့်ကတော့ ဘုန်းကြီးနဲ့ ကိုရင်လေးတွေဖြစ်သွားသော အိမ်ကလူတွေကိုသာ မျက်ရည်ဝဲလျက်ပင် ရပ်ကြည့်နေမိကြသည်၊၊ ရင်ထဲ၌ ဖြစ်ပေါ်လာသော ပီတိ က ဘာနဲ့မှ မလဲ နိုင်လောက်အောင်ပါပင်၊၊

"အစ်ကိုရန် ကျွန်တော်တို့ ပြန်ရအောင်လေ"

အကျွေးအမွေး တွေလည်း ပြီးဆုံးသွားသည့်အပြင် တစ်ချို့လူတွေလည်း ပြန်ကုန်ကျပြီမလို့ ရန်တို့လည်း ပြန်ဖို့အချိန်သင့်လေပြီ၊၊ ရန်နဲ့ ရှိန်းခန့်တို့ ဘေးချင်းယှဉ် လျက်ဖြင့် ဘုန်းကြီးကျောင်း အဝသို့လျှောက်ထွက်လာခဲ့သည်၊၊ ဘုန်းကြီးကျောင်း အတွင်း သစ်ပင်ပန်းမန် များဖြင့် စိမ်းလန်းလျက်ရှိပြီ ကျောင်းကြီးက တစ်ခြားမြို့ပေါ်ကျောင်းများထက် သေးသော်လည်း သူအနေအထားနဲ့သူတော့ အတင့်အသင့် ကျယ်ဝန်း၏၊၊

"ဒကာလေး ခဏစောင့်ပါဦး"

အနောက်ဘက်မှ ခေါ်သံတစ်ခုကြောင့် ရန်လှည့်ကြည့်မိတော့ အိမ်က ကိုယ်တော် ဖြစ်နေလေ၏၊၊

"တင်ပါ့ ဘုရား"

"ဒါက ဒကာလေးကို စွန့်တာ"

ရန် ဆီသို့ ကမ်းပေးလာသော တရုတ်စံကားဝါ ပန်းလေးတစ်ပွင့်၊၊ ဦးဇင်းကတော့ ပြုံး၍သာ ယူလိုက်ပါဆိုသော် မျက်ဝန်းတွေဖြင့်ကြည့်၏၊၊

"ဘယ်ကနေ ရလာတာပါလည်း ဘုရား"

"ဘုန်းကြီးကျောင်း အနောက် အပင်ကနေ ဒကာလေးအတွက် ခူးလာတာပါ "

ဦးဇင်းလက်ထဲမှ တရုတ်စံကားဝါ ပန်းပွင့်လေးကို ယူလို့ လက်အုပ်ချီခေါင်းငုံ့အရိုအသေ ပြုပြီးနောက် ရန်နဲ့ ရှိန်းခန့် လှည့်ထွက်ဖို့ပြင်တော့

"ဒကာလေး ရှိန်းခန့်ကိုကို ခဏလေးနေပါဦး"

ပခုံးပေါ်မှ လျော့ကျနေသော သင်္ကန်း ကို ပြန်မတင်လို့ နောက်ထပ်ကိုယ်တော် တစ်ပါး ရန်တို့ရှေ့ကို ရောက်လာခဲ့သည်၊၊

"ဒီက ဒကာလေး ရှိန်းခန့်ကိုကို ကို ဦးဇင်းက ပြန်စွန့်တာပါ"

ဦးဇင်း ထိုးပေးလာသော ပန်းသည်ကာ သဇင်ပန်းဖြစ်၏၊၊ ရှိန်းခန့်လည်း လက်အုပ်ချီ ခေါင်းငုံ့ အရိုအသေ ပြုပြီးနောက် ဦးဇင်းလက်ံမှ သဇင်ပန်းကိုလှမ်း ယူလိုက်သည်၊၊

"တပည့်တော်တို့ နှစ်ယောက် ပြန်ပါတော့မယ်ဘုရား"

ဦးဇင်းနှစ်ပါးလုံးကို အရိုအသေပေးလျက် အစ်ကိုရန်နဲ့ ရှိန်းခန့်တို့ ဘုန်းကြီးကျောင်း ထဲကနေ ထွက်လာခဲ့ကြတော့သည်၊၊

"ရှိန်းခန့် ဒီသဇင်ပန်းကိုလေ ကျောင်းထိုင်ကြီးဘေးနားက စားပွဲပေါ်မှာ တွေ့မိသလိုပဲ"

"ဟုတ်တယ်လေ အစ်ကိုရန်၊၊ ကျွန်တော် ဦးဇင်းက ကျောင်းထိုင်ကြီးဆီက တောင်းလာတာဖြစ်မယ်"

ရန်နဲ့ ရှိန်းခန့်မှာ တရုတ်စကားဝါပန်းကို ရန်က ကိုင်ဆောင်ထားလျက်ရှိပြီး ရှိန်းခန့်ကတော့ သဇင်ပန်းကို ကိုင်ဆောင်လျက် ဆိုင်ကယ်တစ်ယောက်တစ်စီးဖြင့်ပင် အိပ်ပြန်လမ်းကိုစတင်ခဲ့ကြတော့သည်၊၊

°°°°°°°°°°°°°°°°°

" အစ်ကိုရန် ဦးဇင်းနဲ့ကိုရင်တွေကို ကပ်ဖို့ ရွာထိပ်က ဆိုင်မှာ အချိုရည်သွားဝယ်ရအောင်"

နေ့လယ်လောက်အချိန်ဖြစ်နေသောငြား အေးလွန်းနေသည့်ကြောင့် အခန်းထဲ ရန် ဝင်ခွေနေခိုက် ရှိန်းခန့်က ရန်ရှိသော အခန်းထဲသို့ လျှောက်ဝင်လာပြီး စျေးသွားဝယ်ရန် အဖော်ညှိသည်၊၊ ထို့ကြောင့် ရန်လည်း အိပ်ယာပေါ်မှ ဆင်းလျက် ရှိန်းခန့်နဲ့ အတူ အပြင်သို့ထွက်လာခဲ့တော့သည်၊၊

"ရှိန်းခန့် ဆိုင်ကယ်ကို မင်းမောင်းလိုက်နော် ငါမလှုပ်ချင်လို့ အနောက်ကနေပဲ လိုက်တော့မယ်"

"ရတယ် အစ်ကိုရန်၊၊ အသွားအပြန်ကျွန်တော်ပဲ မောင်းလိုက်မယ်"

ထို့သို့ဖြင့် အိမ်လေးဆီကနေ အစပြုလို့ ရွာလမ်းထိပ်သို့ ရှိန်းခန့်က မနှေးမမြန်သောနှုန်းဖြင့် ဆိုင်ကယ်မောင်းထွက်လာခဲ့သည်၊၊ ဒီရွာလေးမှာ ဘုန်းကြီးကျောင်းက ရွာလယ်၌ ရှိသည်ဖြစ်၍ ရွာထိပ်က စျေးဆိုင်သို့သွားလျှင် ဘုန်းကြီးကျောင်း ကို ဖြတ်သွားရသည်၊၊ရန်တို့ ဘုန်းကြီးကျောင်း ရှေ့မှ ဖြတ်သွားတော့ ဦးဇင်းနဲ့ ကိုရင်များ၏ ဘုရားစာရွတ်ဆိုသံတွေကို ကြားရသည်၊၊

ဘုန်းကြီးကျောင်း ကျော်လို့ ရွာလမ်းထိပ်ရောက်ဖို့က နီးလှသည့်တော့မဟုတ်ပဲ ခလယ်၌ အသီးအနှံ စိုက်ပျိုးထားသော ကွင်းပြင် များနှင့် လက်ဖက်စိမ်းတောများ၏ လှပမှုကိုတွေ့မြင်ရသည်၊၊ နူးညံ့သော လေညှင်းကလည်း တောင်များစီမှ အဖျားရိုက်လို့ ခပ်သွဲ့သွဲ့လေးတိုက်ခတ်နေပြီး ကျောချမ်းသည်အထိ အေးစိမ့်မှုရှိလှသည်၊၊

ရန်တို့ ဆိုင်းကယ်စီးနေရင်း အနောက်မှ နောက်ထပ်ဆိုင်ကယ်တစ်ခု၏ အသံပြင်းပြင်းကို ကြားလိုက်ရသည်ကြောင့် ရန်လှည့်ကြည့်မိတော့ သင်္ကန်း တလွင့်လွင့်ဖြင့် ဆိုင်ကယ်အရှိန်မြင့်လျက် မောင်းနှင်လာသော ဦးဇင်းနှစ်ပါးပင်ဖြစ်သည်၊၊ ထိုဦးဇင်းနှစ်ပါးက တစ်ခြားဦးဇင်းတွေတော့မဟုတ်ပဲ ရန်တို့ အိမ်က ဦးဇင်းနှစ်ပါးဖြစ်၏၊၊

"ရှိန်းခန့် ဆိုင်ကယ်ခဏ ရပ်လိုက်ဦး "

"ဘာဖြစ်လို့လဲ အစ်ကိုရန်"

"အနောက်ကို လှည့်ကြည့် ကြည့်ဦး"

ရှိန်းခန့် အနောက်သို့လှည့်ကြည့်လိုက်တော့ ရှိန်းခန့်တို့ဆီသို့ ဆိုင်ကယ် ဦးတည် မောင်းနှင်လာသော ဦးဇင်းနှစ်ပါးကိုတွေ့၏၊၊ ထို့ကြောင့် ရှိန်းခန့်လည်း ဆိုင်ကယ်ကို လမ်းဘေး၌ အသာရပ်လျက် အခြေအနေကို စောင့်ကြည့်နေလိုက်သည်၊၊

"ဒကာလေးတို့ ဟူးးးး ဘယ် .. ဘယ်သွားကြမလို့လဲ"

"ဦးဇင်းတို့က တပည့်တော်တို့နောက်ကို လိုက်လာတာပါလားဘုရား"

ဦးဇင်းနှစ်ပါးက ဆိုင်ကယ်ပေါ်မှ ဆင်းလျက် သင်္ကန်း တွေကို သပ်ရပ်စွာ ပြန်လည်နေရာချပြီးနောက် ရန်တို့ရှေ့သို့ တဖြည်းဖြည်း လျှောက်လာခဲ့သည်၊၊

"ဘယ်သွားကြမလို့လဲ ဦးဇင်းတို့က ဒကာလေးတို့ဆိုင်ကယ် ဖြတ်မောင်းသွားတာ တွေ့လို့ လိုက်လာတာ"

"ဦးဇင်းတို့ကို အချိုရည်ကပ်ဖို့အတွက် သွားဝယ်မလို့ပါ"

ဦးဇင်းနှစ်ယောက်ကလဲ နေရခက်သလို ပုံစံတွေရှိကြပြီး ရန်နဲ့ ရှိန်းခန့်လည်း ဒီလိုအခြေအနေ မှာ နည်းနည်းနေရခက်သည်၊၊ထို့နောက် ဦးဇင်းနှစ်ပါးက ဘုန်းကြီးကျောင်း ဘက်သို့ ပြန်လည် မောင်းနှင်သွားခဲ့သည့်မို့ ရန်တို့လည်း ရွာထိပ်က ဆိုင်သို့သာ မောင်းထွက်ခဲ့တော့သည်၊၊

ဘာလိုလိုနဲ့ ဒီနေ့နဲ့ဆိုရင် အိမ်ကဦးဇင်းတွေတောင် ငါးရက်မြောက်နေ့ကို ရောက်လာခဲ့သည်၊၊ နှစ်ပတ်လောက် ဝတ်ဖို့ အစီအစဉ် ရှိထားတာမလို့ ရန်တို့ကတော့ ရှမ်းပြည်က ဒီရွာလေးမှာ တစ်လလောက် တော့ သောင်တင်နေလိမ့်ဦးမည်၊၊

နေ့တိုင်းအသီးအနှံ့စားခြင်းကိုလည်း ကျင့်သားရလာသလို အေးလွန်းလှတဲ့ ဒီအအေးဓာတ်ကိုလဲ ကျင့်သားရလာခဲ့သည်၊၊ ဘယ်နေရာကြည့်ကြည့် လှပသော ရှူခင်းတွေကြောင့်လည်း စိတ်မှာ အမြဲ ညစ်ညူးနေသည် ဟုမရှိပဲ ရွှင်လန်းနေရသည်၊၊

နေ့တိုင်းလိုလို ဆွမ်းခံ ကြွလေ့ ရှိသော အိမ်က ဦးဇင်းနဲ့ ကိုရင်လေးတွေကို ဒီမနက် ဆွမ်းခံကြွချိန်မှာ မတွ့သည်မို့ ရန် နည်းနည်းတော့ တွေးဆဆဖြစ်သွားရသည်၊၊ မနက်ပိုင်းတိုင်း ရန်တို့က ဆွမ်းလှူနေကြမို့ ဒီနေ့မှ အိမ်က ဦးဇင်းနဲ့ ကိုရင် တွေကို ထူးထူးခြားခြား မတွေ့သည်ဖြစ်၍ အတွေးပေါက်မိနေရသည်၊၊

" အစ်ကိုရန်ရေ အိမ်ရှေ့မှာ ဧည့်သည်ရောက်နေတယ် ထွက်ကြည့်ပါဦး"

ကုမ္ပဏီ စာရင်းတွေ စစ်နေတုန်း ရှိန်းခန့်၏ မကျေမချမ်းအသံက ဟိန်းထွက်လာလျှင် လုပ်လက်စဖြစ်နေသာ အလုပ်တွေအားပြစ်ချလို့ ရန် အခန်းထဲကနေ ထွက်လာခဲ့သည်၊၊

"ဘာဖြစ်တာလဲ ရှိန်းခန့်"

"ဟိုမှာလေ ကတုံး လေးယောက်ကို ကြည့်"

ဧည့်ခန်းထဲသို့ မေးငေါ့ပြတာမလို့ ရန် ဧည့်ခန်းထဲသို့ကြည့်မိတော့ ဂတုံးဖွေးဖွလေးများဖြင့် လေးယောက်သား မျက်နှာငယ်လေးတွေနဲ့ ထိုင်နေကြသည်၊၊ အခုမှ ငါးရက်ပဲ ရှိသေးတာကို မောင်တို့ကတော့ လူဝတ်လဲလိုက်လေပြီ၊၊ ရန်လည်း သက်ပြင်းအသာချလို့ မောင်ထိုင်နေသာ နားသို့ လျှောက်သွားလိုက်သည်၊၊

"ကဲ ဘာလို့ ဖြစ်လာတာတုန်း"

"ဟိုလေ ဟို ထပ်မလွမ်းချင်တော့လို့ ကျောင်းထိုင်ကြီးကိုခွင့်တောင်းပြီး မောင်တို့ လူဝတ်လဲလာတာ"

သဘောကျရပါသော သွားစွယ်ဖွေးဖွေးတို့ ပေါ်သည်အထိ ပြုံးပြလာတော့လဲ စိတ်ဆိုးမည်ဆိုသောရန်၏ အကြံအစည် အစလေးမှာ လုံးဝကိုပျောက်ကွယ်သွားရတော့ သည်၊၊ ပြောင်ရှင်းနေသော ဂတုံးထိပ်လေးကို လက်ညှိုး ဖြင့်အသာတောက်လိုက်လေတော့ အသဲနစ်မတတ်ချစ်ရတဲ့မောင်ဟာ ရင်ခွင်ထဲသို့ ခေါင်းထိုးလျက် တိုးဝင်လာပါ၏၊၊

"သားတို့ကြမေ့နေတယ် ဖေလွန်း လုံးဝမကောင်းဘူး"

"ဟုတ်ပါပြီကွာ လာပါဦး ဖေလွန်းသားတွေ "

ရန် ရင်ခွင်ထဲသို့ နောက်ထပ် ဂတုံးလေးနှစ်ယောက်က အတင်းကို ခေါင်းတိုးလို့ ဝင်ရောက်လာခဲ့သည်၊၊ ပြောင်ရှင်းနေသော ဂတုံး သုံးယောက်၏ ထိပ်တွေကို ရန် အသဲယားစဖွယ် ခပ်နာနာလေး ခေါက်လိုက်တော့ သားဖသုံးယောက်လုံး၏ ရုပ်တွေက ချက်ခြင်းကို တူညီစွာ ဆူပုတ်ကောက်ချိတ်သွားကြတော့သည်၊၊

"ဟားး ငါဂတုံးလေးတွေက ချစ်ဖို့ကောင်းလိုက်တာ"

အိမ်ငယ်လေးထဲ ပြောင်ရှင်းနေသော ဂတုံးထိပ်လေးတွေကိုသာ ရန် လိုက်ခေါက်ရင်း မကြိုက်မှန်းသိသော်လည်း ပိုပိုစ လျက်ရှိသည်မို့ ရယ်မော ဆူညံ့သံတွေက အလျှံပယ် ကို ထွက်ကျနေတော့သည်၊၊ ဒီလူသားနဲ့ ဒီရတနာထုတ်လေး နှစ်ထုတ်သာ ရန်အနား အချိန်မရွေးရှိနေလျှင် ပျော်ရွှင်မှုဆိုသော အရာမှာ ပင်လယ်ရေတွေ ‌လိုပါပဲ ရန်ဆီ၌ မကုန်နိုင်မခမ်းနိုင်ကိုရှိလှတော့သည်၊၊

°°°°°°°°°°°°°

13.2.2024 ( Happy birthday to me >< )

အခုလို မကောင်းတဲ့ ကာလအခြေအနေကြီးမှာ ကိုယ်ကို ကိုယ်အတတ်နိုင်ဆုံး ဂရုစိုက် ကာကွယ်ကြပါဗျာ၊၊ Zero fic အတွက် up ကတော့ အရင်လို့ ပုံမှန်ဖြစ်ချင်မှ ဖြစ်ပါတော့မယ် ၊၊ အလုပ်တွေလည်းရှုပ်နေတဲ့ အပြင် အခု ကာလအခြေအနေကြောင့်ရော fic ဘက်ကို အာရုံစိုက်ဖို့ မရလို့ပါ၊၊ ကျွန်တော် fic ကို စောင့်ဖတ်ပေးတဲ့လူတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ....

//////////////

Zawgyi

" ေမာင္"

"ရွိပါတယ္ဗ်ာ"

ကားေမာင္းေနရင္းနဲ႕ ေမာင္က ရန္ဘက္သို႔လွည့္ၾကည့္ကာျဖင့္ ခပ္ၿပဳံးၿပဳံး အေျဖျပန္ျပဳသည္၊၊ ကားေမာင္းေနတဲ့ေမာင္ က ေနာက္ခန္းထဲ သီခ်င္းဖြင့္ၿပီး ကဆုန္ေပါက္ကခုန္ေနေသာ သားႏွစ္ေယာက္ကိုလည္း ခဏခဏ လွည့္ၾကည့္လ်က္ အသဲယားသလို ႏွာေခါင္းရႈံ ၿပီး ခပ္ၿပဳံးၿပဳံး၊၊

ရွမ္းျပည္၏ ေဝလံေခါင္ဖ်ားေသာ ႐ြာငယ္တစ္ခုကို ရန္ တို႔မိသားစုလိုက္ ခရီးထြက္လာၾကျခင္းျဖစ္သည္၊၊ အခုလို ရွမ္းျပည္ဘက္သို႔ ခရီးထြက္လာရသည္ကလဲ ရွိုင္းခန့္တို႔အတြဲေၾကာင့္ျဖစ္၏၊၊ လြန္ခဲ့တဲ့လက က်င္းပမည့္ ရွိုင္းခန့္၏ မဂၤလာပြဲ၌ သတိုးသားျဖစ္သည့္ ရွိုင္းခန့္က မဂၤလာေဆာင္သို႔ေရာက္မလာပဲ လင္ေနာက္လိုက္သြားၿပီဆိုေသာ စာတစ္ေဆာင္သာ မဂၤလာပြဲသို႔ေရာက္လာခဲ့သည္၊၊ဘယ္သူနဲ႕လိုက္သြားမွန္းလဲမသိ ဘယ္ကိုထြက္သြားမွန္းလဲ မသိပဲ မဂၤလာပြဲက အလိုလို ပ်က္သြားရသည္၊၊ ရွိုင္းခန့္၏ အုပ္ထိန္းသူေနရာ၌ ေမာင္က တာဝန္ယူ လက္မွတ္ထိုးထားသည့္မို႔ တစ္ဖက္ မိန္းကေလး၏ မိဘမ်ားကို အေတာ္ေလး ေတာင္းပန္ခဲ့ရေသးသည္၊၊ထို႔ေၾကာင့္ ၿပီးခဲ့တဲ့ တစ္လလုံး ရွိုင္းခန့္ကို ေမာင္က တီးခ်င္ေန ၍ ပိုက္စိပ္တိုက္ ကိုရွာခဲ့သည္၊၊သို႔ေသာ္ တစ္လသာၾကာသြားသည္ ရွိုင္းခန့္၏ သတင္းကအစအနပင္မရ၊၊

မေန႕ကမွ ရိုင္းစက္မာန္၏ ဖုန္းေခၚဆိုမႈကိုရၿပီး ရွိုင္းခန့္ကို သူ မ ေျပးသြားတယ္ ဆိုတဲ့အေၾကာင္း နဲ႕ ရွမ္းျပည္ရဲ႕ ထင္ရွားျခင္းမရွိတဲ့ ႐ြယ္ငယ္ေလးတစ္ခုမွ သူတို႔ႏွစ္ေယာက္လုံးေရာက္ေနေၾကာင္း ေမာင္ကို ဖုန္းလွမ္းဆက္ၿပီး ေျပာမွ သိခဲ့ရတာျဖစ္သည္၊၊ ထို႔ေၾကာင့္ ဒီေန႕ ခ်က္ျခင္းပင္ ရိုင္းစက္မာန္ ေျပာေသာ ရွမ္းျပည္က ႐ြာေလးသို႔ ရန္တို႔ မိသားစုလိုက္ထြက္လာခဲ့ျခင္းျဖစ္သည္၊၊

ရိုင္းစက္မာန္ ဖုန္းေခၚၿပီးထဲက ေမာင္က သူနဲ႕ေတြ႕ၾကမယ္ဆိုတာႀကီးေျပာေနသည္မို႔ ရွိုင္းခန့္ကေတာ့ ေမာင္နဲ႕ေတြ႕ရင္ အတီးခံရဦးမွာျဖစ္သည္၊၊ ရန္ကေတာ့ ေမာင္ဘာလုပ္လုပ္ မွန္တယ္ထင္တာမို႔ ဒီတိုင္းသာ ေဘးထြက္ၿပီး လက္ပိုက္ၾကည့္ေနလိုက္မည္ ေမာင္ကို ေတာ့ ဝင္တားဖို႔ အစီအစဥ္ မရွိပါ၊၊

" ဗမာ ရွန္ရွန္ ေဆာ့ေနတာ ေတာ္ေတာ့ေနာ္ ၊၊ ကားေပၚေရာက္ေနတာကို ကစားကြင္းေပၚေရာက္တယ္ထင္ေနလား"

"ေဖလြန္း စိတ္ပုတ္"

ရန္ အသံအနည္းငယ္မာကာ ေျပာေလေတာ့ ဗမာဆီမွ အသံတိုးတိုးကေလးကထြက္လာၿပီး ႏွစ္ေယာက္လုံး ကားဟိုဘက္ေထာင့္ဒီဘက္ေထာင့္၌ လူခြဲထိုင္လ်က္ ၿငိမ္က်သြားေတာ့သည္၊၊ ေမာင္ကေတာ့ ကေလးႏွစ္ေယာက္ကိုတစ္လွည့္ ရန္ကိုတစ္လွည့္ၾကည့္လ်က္ ေခါင္း တခါခါနဲ႕သာ ၿပဳံးေနျပန္၏၊၊ ေမာင္ၿပဳံးလိုက္တိုင္းေပၚလာတတ္တဲ့ သြားစြယ္ေဖြးေဖြးႏွစ္ဖက္က သိပ္ကို ၾကည့္ေကာင္းေသာပဲ

"လြန္းရန္ ကေလးေတြကို သိပ္မဆူပါနဲ႕ကြာ"

" ေမာင္ေနာ္! "

"သေဘာ သေဘာ လြန္းရန္ သေဘာ ဟုတ္ၿပီလား"

မ်က္ေစာင္းေလးပင့္ခ်ီကာျဖင့္ ေလသံအနည္းငယ္မာလ်က္ ေခၚဆိုေနက်ျဖစ္ေသာ အျမတ္တနိုး ရွိလွသည့္ နာမ္စားအား ေခၚေလေတာ့ ေမာင္ဘက္က အရႈံးေပးပါတယ္ဆိုေသာ အၾကည့္မ်ားျဖင့္ သေဘာ သေဘာ ဆိုေသာ စကားက ထပ္ေအာင္ကို ထြက္လာခဲ့သည္၊၊ တစ္ခါတစ္ေလမွာ ေမာင္က ကေလးတစ္ေယာက္ လို ခဏခဏ စိတ္ဆိုးစိတ္ေကာက္ ေလ့ရွိေသာ္လည္း ရန္ အသံအနည္းငယ္မာလိုက္တာနဲ႕ အလံျဖဴျပေတာ့တာပါပဲ၊၊ ရန္ ေယာက်္ား မို႔ ျမႇောက္ေျပာတာေတာ့ မဟုတ္ေပမဲ့ ေမာင္ကေလ သိပ္ကို ခ်စ္စရာေကာင္းတာ

ခုန္ေပါက္ၿပီး မေဆာ့ၾကေတာ့တဲ့ ကေလးႏွစ္ေယာက္က တိတ္သြားၾကၿပီးေနာက္ သိပ္မၾကာခင္မွာပဲ ေဟာက္သံကိုယ္စီထြက္လို႔ ကားေနာက္ခန္းထဲ၌ အိပ္ေပ်ာ္သြားၾကၿပီျဖစ္သည္၊၊ ရန္တို႔လည္း တျဖည္းျဖည္းနဲ႕ ခရီးတစ္ဝက္ေလာက္ထိ ေရာက္လာခဲ့ၿပီျဖစ္သည္၊၊ အစက ရွမ္းျပည္က ထို႐ြာေလးကို ရဟတ္ယာဥ္ နဲ႕ သြား ဖို႔စီစဥ္ထားေပမဲ့ ရဟတ္ယာဥ္ ထက္ ကားပဲ စီးခ်င္တယ္ဆိုေသာ ဗမာနဲ႕ ရွန္ရွန္ေၾကာင့္ ရန္ တို႔ ရဟတ္ယာဥ္ နဲ႕ မသြားျဖစ္ေတာ့ပဲ ကားနဲ႕သာ ခရီးစထြက္ခဲ့ရသည္၊၊ ကားစီးရတာ သေဘာက်သည့္ ကေလးႏွစ္ေယာက္က ကားေပၚေရာက္တိုင္း သီခ်င္းေပါင္းစုံဖြင့္လ်က္ အၿမဲ ခုန္ေပါက္္ေနတတ္စၿမဲ၊၊

ရန္မဆူမျခင္း မရပ္တတ္တဲ့ ႏွစ္ေယာက္က ထုံးစံလိုပင္ ရန္ ဆူေဟာက္လိုက္မွ ပြစိပြစိေျပာ လ်က္ ၿငိမ္ၾကသြားတတ္တာျဖစ္၏၊၊ တကယ္ကို လူနဲ႕စပ္ၿပီး ေမြးထားသလား ေမ်ာက္နဲ႕ စပ္ၿပီးပဲ ေမြးထားသလား စဥ္းစားလို႔ကိုမရ

" ေမာင္ မင္း ကို ငါ...."

"ခင္ဗ်ား က်ဳပ္ကို မင္းလို႔ ေခၚၿပီး သုံးႏႈန္းျပန္ၿပီးလား၊၊ ေမာင္ဆို ေမာင္ေပါ့ ဘာကိစၥ မင္း မင္းက ထပ္ထည့္တာလဲ"

ခ်က္ျခင္းကိုပင္ ႐ုပ္ေျပာင္း႐ုပ္လႊဲ ျဖစ္လ်က္ မ်က္ခုံးတန္းနက္နက္မ်ား တြန့္ခ်ိဳးၿပီး ရန္ကို အလိုမက်သလို ၾကည့္လာသည္၊၊ ရန္ကလည္း ႏႈတ္က်ိဳးေနၿပီျဖစ္ေရာ ေမာင္ ေရာ မင္းေရာ သုံးႏႈန္း တတ္တာကို မျပင္နိုင္၊၊ ျပင္မယ္ ျပင္မယ္ ဆိုၿပီး ခဏခဏ ကို ေမ့ ေမ့သြား၏၊၊ မင္းလို႔အေခၚခံရတာ မႀကိဳက္တဲ့ ေမာင္နဲ႕ ခဏခဏ ေမ့ ေမ့ၿပီး ေခၚတတ္တဲ့ ရန္တို႔ကေတာ့ တက်က္က်က္ကို ရန္ျဖစ္ရတာပင္

" မင္းလည္းအခု ငါကို ခင္ဗ်ား နဲ႕ က်ဳပ္ဆိုၿပီး သုံးႏႈန္း တာပဲေလ၊၊ ေျပာပါဦး ငါပဲ မွားတာလား"

"ခင္ဗ်ား အရင္ မင္းလို႔စေခၚတာေလ က်ဳပ္စ ေျပာမိလို႔လား"

အေစာနကေတာ့ ခ်ိဳသာေနတဲ့ ေလထု ရပ္ဝန္း က အခုေတာ့ ႏွစ္ေယာက္လုံးထံမွ ေအးစက္စက္အေငြ႕အသက္ေတြကသာ ဖုံးလႊမ္းလ်က္ ေနရာယူလာေတာ့သည္၊၊ တစ္ေယာက္နဲ႕ တစ္ေယာက္ ခပ္စူးစူးၾကည့္ေနမိၾကၿပီး ဘယ္သူဘက္မွေတာ့ စကားမစမိၾက၊၊ အေစာနက ေတြးခဲ့ေသာ ခ်စ္စရာေကာင္းတယ္ဆိုေသာ အေတြးအား ရန္ ျပန္႐ုတ္သိမ္းလိုက္သည္၊၊ ဒီေကာင္က လုံးဝ က်က္သေရမရွိတဲ့ က်က္သတုံးေကာင္ပဲ

"မင္းငါကို စကားလာေျပာၾကည့္ ေတြ႕မယ္"

"ေဒၚလြန္းသစၥာေနာ္ရဲ႕သားက စိတ္ထားမေကာင္းလိုက္တာ ဟမ့္!"

တအံတၾသလွည့္ၾကည့္လာေသာ မ်က္ဝန္းေတြက ဘယ္လိုလုပ္ၿပီး ထိုအမည္နာမကို သိရွိေနတာလဲဆိုသေသာ ေမးခြန္း အဓိပၸာယ္ ေတြကို ေသခ်ာျမင္ေနရသည္၊၊ ဗာရစ္ကို လွည့္ၾကည့္ေနေသာ လြန္းရန္ကို မ်က္စိေထာင့္ကေန ျမင္ေနရေပမဲ့လည္း မသိခ်င္ေယာင္သာ ေဆာင္လ်က္ ကားလမ္းေရွ႕တည့္တည့္သို႔သာ မ်က္ႏွာမူလ်က္ အၾကည့္ေတြကို ေနရာမေ႐ြ႕ပဲ ပို႔ထားလိုက္သည္၊၊

လြန္ခဲ့တဲ့ ႏွစ္ေတြမွာတုန္းက လြန္းရန္၏ မိဘ ႏွစ္ပါးအေၾကာင္းကို ဗာရစ္ စုံစမ္းခဲ့သည္ျဖစ္၍ ကာလၾကာမွ် ေပ်ာက္ဆုံးေနေသာ ထိုအမည္နာမကို သိရွိရျခင္းျဖစ္သည္၊၊ လြန္းရန္အေနနဲ႕ေတာ့ ႏွစ္ေပါင္းမ်ားစြာၾကာမွ ထိုနာမည္ကို တစ္ဖန္ျပန္ၾကားလိုက္ရလို႔ျဖစ္မည္ ပုံစံေလးက တကယ္ တအံတၾသေလးကိုျဖစ္လို႔

" ေမာင္ ဘယ္လိုလုပ္ၿပီး ငါအေမနာမည္ကို သိေနတာလဲ၊၊ ငါတစ္ခါမွ ေမာင္ကို ထုတ္မေျပာဖူးပါဘူး"

"ဘာမွလာမေမးနဲ႕ စိတ္ဆိုးေနတယ္"

" ေဒၚအတၱေႏွာင္းရစ္ရဲ႕ သားကလည္း စိတ္ထားမေကာင္းလိုက္တာ ဟမ့္!"

ညွိယူထားျခင္း မရွိပါပဲနဲ႕ ရန္ေရာ ေမာင္ေရာ ႏွစ္ေယာက္လုံးၿပိဳင္တူ ရယ္မိၾကေတာ့သည္၊၊ တစ္ေယာက္နဲ႕တစ္ေယာက္ ျဗစ္ေတာက္ျဗစ္ေတာက္သာ ေန႕စဥ္တလူး စကားမ်ားေလ့ရွိေပမဲ့ ၾကာၾကာစိတ္ဆိုးေလ့ေတာ့မရွိေပ၊၊ ေနာက္ဆုံးမွေတာ့ တစ္ေယာက္မဟုတ္တစ္ေယာက္က အေလ်ာ့ေပးတတ္စၿမဲ ျဖစ္ၿပီး တစ္ခါတစ္ေလမွေတာ့ ႏွစ္ေယာက္လုံးဘက္ကေန အေလ်ာ့ေပးတတ္ၾကသည္၊၊ မတည့္အတူေနဆိုသလိုပါပဲ အိမ္ေထာင္သက္တမ္းေတြသာ ၾကာလာတယ္ ရန္နဲ႕ေမာင္ဟာ အရင္လို ရန္ျဖစ္ေနတုန္းပါပဲ

"ရွိုင္းခန့္ကိုကို တို႔ဆီ ေရာက္မွ ေမာင္ ေျပာျပမယ္"

"အဲ့တာေတြေၾကာင့္ ေမာင္ကို ခ်စ္ၿပီးရင္း ခ်စ္ေနရတာေပါ့"

ကားေမာင္းေနရင္းနဲ႕ ေမာင္က ရန္ ေခါင္းမွ ဆံပင္ေတြ ကို လက္တစ္ဖက္ျဖင့္ လွမ္းဖြသည္၊၊ ရန္ကေတာ့ ဇက္ကေလးပုၿပီး ၿငိမ္ေန႐ုံေပါ့၊၊ အရာရာက ေမာင္ စိတ္ႀကိဳက္ ေမာင္ သေဘာတိုင္းပင္

ကားအတြင္းမွာ ကေလးႏွစ္ေယာက္ကလည္း အိပ္ေနသည့္အျပင္ ရန္နဲ႕ ေမာင္ကလည္း စကားမစမိၾကေတာ့သည့္မို႔ တိတ္ဆိတ္ၿငိမ္သက္လို႔ေန၏၊၊ရန္ကေတာ့ ျပင္ပက ရႉခင္းေတြဆီသို႔သာ အၾကည့္ပို႔ထားမိၿပီး အေတြးနယ္ ကြၽံ႕ေနမိသည္၊၊ ကုန္လြန္ခဲ့တဲ့ ႏွစ္ေတြကို ျပန္ေတြးၾကည့္ရင္း ျဖတ္ေက်ာ္ခဲ့ရတဲ့ ဒုကၡ ေတြကလည္း အမ်ားေသာပါပဲ

ေပ်ာ္႐ႊင္ရတဲ့အခ်ိန္အခါေတြ ရွိဖူးသလို ဝမ္းနည္းစိတ္တိုရတဲ့အခ်ိန္အခါေတြလည္းရွိဖူး၏၊၊ ေသလုမတတ္ ငိုေႂကြးခဲ့ရေသာ ေန႕ရက္မ်ားကလည္း ေတာ္ေတာ္မ်ားမ်ားကို ရွိခဲ့သည္၊၊ ေမာင္နဲ႕ စတင္ေတြ႕ဆုံၿပီး ခ်ိန္မွ စ၍ ဘာခံစားခ်က္မွမရွိတဲ့လူလို ေနထိုင္လာခဲ့တဲ့ ရန္ဟာ တစ္ဆစ္ခ်ိဳး ကို ခံစားခ်က္မ်ိဳးစုံရွိတဲ့လူအျဖစ္ေျပာင္းလဲခဲ့သည္၊၊ ဖမ္းဆီ ခ်ဳပ္ေႏွာင္ထားျခင္းခံခဲ့ရေသာ ငယ္႐ြယ္လြန္းခဲ့တဲ့ အခ်ိန္ေတြမွာ ရန္က လူတစ္ေယာက္၌ ရွိသင့္ရွိထိုက္ေသာ ဝမ္းနည္းေၾကကြဲမႈ အျပင္ေပ်ာ္႐ႊင္မႈတို႔သည္ကလည္း မရွိခဲ့တာ အမွန္ပါပဲ၊၊

အရာရာကို ဘာခံစားခ်က္မွမထားပဲ တုံးတိ သာ ျဖတ္သန္းေနထိုင္လာခဲ့ရတဲ့ ေန႕ေတြအၿပီးမွာေတာ့ အရဲစြန့္ကာထြက္ေျပးၿပီးေနာက္ ေမာင္နဲ႕စတင္ေတြ႕ဆုံကာပင္ ခံစားခ်က္မ်ိဳးစုံရွိလွ ေသာ လူတစ္ေယာက္အျဖစ္သို႔ေျပာင္းလဲခဲ့သည္၊၊ ေမာင္နဲ႕ ရန္ ရဲ႕ စတင္ေတြ႕ဆုံမႈက လွလွပပေလး မဟုတ္ခဲ့ေသာ္ျငား အဆုံးသတ္မွာေတာ့ ရတနာထုတ္ေလး ႏွစ္ထုတ္နဲ႕အတူ ဇာတ္သိမ္းေလးကေတာ့ လွပခဲ့ပါ၏၊၊ ထို႔သို႔ေသာ ေကာင္းမြန္လွပတဲ့ အဆုံးသတ္ကိုရဖို႔အတြက္လည္း ၾကားကာလမွာ ရန္ ဘယ္ေလာင္ထိ နာက်င္မႈ မ်ိဳးစုံကို ျဖတ္ေက်ာ္ခဲ့ရလဲဆိုတာ ကိုယ္ကို တိုင္သာသိသည္၊၊

ကုန္လြန္ခဲ့တဲ့ ႏွစ္ေတြအေၾကာင္းစဥ္းစားမိတိုင္း အေတြးနယ္မ်ား၏ အဆုံးသတ္၌ေတာ့ သက္ျပင္းေငြ႕ေငြ႕ေလးကေတာ့ ခ်ရစၿမဲပါပဲ၊၊ ေရွ႕ဆက္မဲ့ ေန႕ရက္ေတြအတြက္ အနားမွာ ေမာင္ကအခ်ိန္တိုင္းရွိေနေပးမည္မို႔ ရန္အတြက္ကေတာ့ ပူပန္စရာေတြမရွိပဲ စိတ္ခ်မ္းေျမ့စရာေတြႀကီးသာ ရွိေနမည္ဆိုတာ မလြဲဧကန္ပါပင္၊၊

တျဖည္းျဖည္းနဲ႕ ရွမ္းျပည္နယ္ထဲသို႔ စတင္ဝင္ေရာက္လာခဲ့ၾကသည္၊၊ သဘာဝႀကီး၏ လွပေသာရႈခင္း ေတြကေတာ့ ရႉမၿငီးဖြယ္ရာပါပင္၊၊ ခပ္လွမ္းလွမ္း၌ ျမင္ေနရေသာ အစိမ္းေရာင္လက္ဖက္ခင္းေတာမ်ားႏွင့္ စိမ္းဆိုေနေသာ ေတာင္တန္းေတြကလည္း တစိမ့္စိမ့္ထိုင္ေငးၾကည့္စရာေကာင္းလွသည္၊၊

က်ယ္ျပန့္ေသာ ေျမျပန့္ေတြ ေတာင္ကုန္းေတာင္မို႔မ်ားအဆင့္ဆင့္ကို ျဖတ္ေက်ာ္ၿပီးေနာက္မွာေတာ့ ရွိုင္းခန့္တို႔ရွိရာေရာက္ဖို႔ အနည္းငယ္သာလိုေတာ့ေလသည္၊၊ အခ်ိန္သည္လည္း ညေနေစာင္းအခ်ိန္သို႔ပင္ေရာက္ရွိလာခဲ့သည္၊၊ မေန႕က ထဲက ထြက္လာခဲ့တဲ့ဒီခရီးက ဒီေန႕ ကုန္ခါနီးမွပင္ အလိုရွိရာသို႔ ဆိုက္ေရာက္ေတာ့သည္၊၊ တစ္ရက္လုံးလုံးေလာက္ ကားေပၚမွာ ထိုင္ၿပီးလိုက္လာခဲ့ရသည္ပဲ

ကားေနာက္ခန္း၌ အိပ္ေပ်ာ္ေနေသာ ကေလးႏွစ္ေယာက္ ကလဲ အခုထက္ထိပင္ မနိုးၾကေသး၊၊ ေမာင္ကေတာာ့ ကားေမာင္းရင္းနဲ႕ ရန္ဘက္သို႔ခဏခဏလွည့္ၾကည့္တတ္သည္ကို မ်က္စိေထာင့္စြန္းကေန ေတြ႕ေနရသည္၊၊

"လြန္းရန္"

" ေျပာေလေမာင္"

"ခ်စ္တယ္ေနာ္"

႐ုတ္တရက္ ထေခၚလာသည္ေမာင္က တစ္ျခားအေရးႀကီးကိစၥတစ္ခုခုကို ေျပာမယ္လို႔ ရန္ ထင္လိုက္ေပမဲ့ ေမာင္ဆီကထြက္လာသည့္စကားသုံးလုံးက ရန္ ထင္ထားတာနဲ႕ေတာ့ တလြဲစီပါပင္၊၊ ႐ုတ္တရက္ ထေျပာေသာ ေမာင္ရဲ႕ စကားသုံးလုံးကေတာ့ ရန္ကို မၿပဳံးပဲ မေနနိုင္ေအာင္ကို သေဘာက်ေစ၏၊၊ ေမာင္ဟာေလ ရန္ကို ဘယ္အထိမ်ား ျပဳစားဖို႔စဥ္းစားထားပါသလဲ

" ေမာင္ရာ ကားသာ ဂ႐ုစိုက္ၿပီးေမာင္းစမ္းပါ၊၊ ႐ုတ္တရက္ႀကီးေတြ ထထမေျပာပါနဲ႕"

"ဘာလဲ လြန္းရန္က မႀကိဳက္ဘူးလား"

"ႀကိဳက္ပါတယ္၊၊ ႀကိဳက္တာမွေလ ႀကိဳက္ ႀကိဳက္ ႀကိဳက္ကို ျဖစ္ေနတာပဲ"

သေဘာက်ဖြယ္ရာေကာင္းစြာ ၿပဳံးျပလာတဲ့ေမာင္က ကားေနာက္ခန္းက ကေလးေတြဘက္ကို ရန္အားၾကည့္လို႔ ေမးဆတ္ျပသည္၊၊ ထို႔ေၾကာင့္ ရန္ ကားေနာက္ခန္းက ဗမာ နဲ႕ရွန္ရွန္ဆီ အၾကည့္ပို႔မိေတာ့ နိုးေနရဲ႕သားနဲ႕ အိပ္ခ်င္ေယာင္ေဆာင္ေနေသာႏွစ္ေယာက္က မ်က္ဆံခြံ႕ေလးက ဟိုေ႐ြ႕ဒီေ႐ြ႕နဲ႕ လႈပ္ရွားေန၏၊၊ အေစာနက ရန္ေသခ်ာမၾကည့္မိသည့္ေၾကာင့္ ဒီကေလးႏွစ္ေယာက္ အိပ္ေပ်ာ္ေနသည္လို႔ပဲ ထင္လိုက္တာ၊၊ ဘယ္ဟုတ္မလဲ အသံတိတ္နဲ႕ အိပ္ခ်င္ေယာင္ေဆာင္ေနၾကတာကို

" လြန္းရန္ အေမ နာမည္က လွတယ္ေနာ္ လြန္းသစၥာေနာ္ တဲ့ ၊၊ နာမည္ေပးခဲ့တဲ့လူက တကယ္ကို ေတာ္တာပဲ"

"အင္း ငါလဲ အေမနာမည္ကို သေဘာက်တယ္၊၊ အေမနဲ႕ နာမည္တူေနတဲ့ လြန္း ဆိုတဲ့ အမည္နာမေလးတစ္ခုကိုလဲ တအားသေဘာက်တယ္"

အရည္ၾကည္ေဝ့တတ္လာေသာ လြန္းရန္၏ မ်က္ဝန္းေတြေၾကာင့္ ဗာရစ္ ကိုယ္ကို ကိုယ္သာ ပိတ္ထိုးလိုက္ခ်င္ေတာ့သည္၊၊ လြန္းရန္ ေမ့
ေဖ်ာက္ထားခဲ့တဲ့ အတိတ္ကို ဗာရစ္က ျပန္စြမိသလိုမ်ိဳး ျဖစ္သြားသည္မို႔ ကိုယ္ကို ကိုယ္သာ အသံတိတ္အျပစ္တင္မိေတာ့သည္၊၊ စကားလုံးအခ်ိဳ႕ကို ႀကိဳစဥ္စားထားျခင္းမရွိတဲ့အျပင္ ကိုယ္ေျပာထြက္ေတာ့မဲ့ စကား၏ ေနာက္ဆက္တြဲ အက်ိဳးဆက္ကိုလည္းႀကိဳတင္ သိရွိထားျခင္းမရွိခဲ့ပဲ ဗာရစ္က လြယ္လင့္တကူ ပင္ေျပာထြက္မိခဲ့တာ၊၊ ေျပာထြက္ခဲ့တဲ့ ဗာရစ္အတြက္ ထိုကိစၥက ဘာမွမဟုတ္ေသာ္လည္း ကာယကံရွင္ လြန္းရန္အတြက္ ကိစၥႀကီးျဖစ္ေနနိုင္သည္၊၊

"လြန္းရန္ ေမာင္ ေတာင္းပန္ပါတယ္၊၊ ေမာင္ မေျပာလိုက္သင့္ဘူး"

"ငါဘာမွမျဖစ္ဘူးေမာင္ ၊၊ အဲ့တာမို႔ ေတာင္းပန္စရာ မလိုပါဘူး"

"ဒါနဲ႕ လြန္းရန္ ေမာင္တို႔ သမီးေလး ေနာက္တစ္ေယာက္ေလာက္ ထပ္ၿပီး..."

" စကားကို အဲ့နားမွာတင္ရပ္လိုက္၊၊ ေမာင္ေနာ္ ငါသိပ္မေျပာခ်င္ဘူး၊၊ ကေလးႏွစ္ေယာက္ကိုလဲ မုန့္ဖိုးေတြ ဇြတ္ေပးၿပီး ညီမေလး ေနာက္တစ္ေယာက္ ငါဆီလာ လာေတာင္းခိုင္းေနတာမလား"

ရန္စကားလည္းဆုံးေတာ့ ေမာင္က ကားေနာက္ခန္းဘက္ကို လွည့္ၾကည့္လ်က္ ကေလးေတြကို ခပ္စူးစူးၾကည့္သည္၊၊ ဗမာနဲ႕ရွန္ရွန္ကေတာ့ ပါးစပ္ကို ဇစ္ပိတ္သလိုပိတ္လ်က္ သူတို႔မေျပာေၾကာင္း ေခါင္းတခါခါျဖင့္ျပသည္၊၊ ေမာင္ကေလ ရန္ ေျပာလိုက္လို႔ ကေလးေတြဘက္ကိုျပန္မဲ ခ်င္ေနတာ၊၊ ကေလးေတြ မေျပာေတာင္ ဒီကိစၥက ဘယ္သူလက္ခ်က္လဲဆိုတာ ရန္ ႀကိဳသိေနခဲ့ၿပီးသား

" လြန္းရန္ရာ ေမာင္တို႔မွာ အခ်ိန္ေတြေရာ ေငြေတြေရာ ရွိတယ္ေလကြာ သမီးေလးတစ္ေယာက္တင္မကဘူး တစ္ဒါဇင္ေလာက္လဲ ထပ္ယူလို႔ရတဲ့ဟာကို "

"ငါကလူေနာ္ ကေလးထုတ္စက္ မဟုတ္ဘူးလို႔ ဘယ္ႏွစ္ခါေျပာျပရမွာလဲ ေမာင္ မင္းေတာ့ နာ ခ်င္ေနတာလား"

"လြန္းရန္ေနာ္ ေမာင္ကို အနိုင္သိပ္မက်င့္နဲ႕ သားႏွစ္ေယာက္နဲ႕ တိုင္မွာ "

ေမာင္စကားဆုံးေတာ့ ေနာက္ခန္း၌ ထိုင္ေနေသာ ကေလးႏွစ္ေယာက္ဆီမွ တခစ္ခစ္ရယ္သံမ်ားက ကားအတြင္းပ်ံ့ႏွံ႕စြာထြက္လာေတာ့သည္၊၊ ရန္လည္း ရယ္ေနေသာ ကေလးႏွစ္ေယာက္ကိုၾကည့္ၿပီး မထိန္းနိုင္စြာျဖင့္ ရယ္ခ်မိေတာ့သည္၊၊ ေမာင္ဆိုသည္မွာေလ ရန္အတြက္ေတာ့ ကေလးေတြနည္းတူ အိမ္ရဲ႕ ဆည္းလည္း ေလးလို႔ပဲ တကယ္မရွိမျဖစ္ေလး

"ေမာင္ရာ ငါမင္းကို ခ်စ္လိုက္တာ"

"သားတို႔ရွိေသးတယ္ေနာ္ ေဖလြန္း ၊၊ ေတာ္ပါေတာ့"

မ်က္ႏွာမဲ့႐ြဲ႕လ်က္ ေလသံကအစ ႐ြဲ႕ေစာင္းခ်ိတ္ေျပာေနေသာ ေလသံနဲ႕ ရွန္ရွန္၏ အသံဆာဆာေလးက ထြက္လို႔လာသည္၊၊ ေမာင္ကေတာ့ ရွန္ရွန္၏ ပုံစံေလးကို လွည့္ၾကည့္ရင္း သြားစြယ္ေဖြးေဖြးတို႔ ထင္းလင္းစြာေပၚသည္အထိ ၿပဳံး ေနေတာ့၏၊၊

ကားေလးအတြင္း ရယ္သံေလးမ်ား လႊမ္းၿခဳံ လို႔ ေပ်ာ္႐ႊင္မႈ ေအးခ်မ္းမႈ မ်ားျဖင့္ ေလထုသည့္လည္း အခ်ိဳဓာတ္မ်ားစြာ ပါဝင္ေရာယွက္လို႔ေနေတာ့သည္၊၊

ညေန အေတာ္ေစာင္းေနသည့္အခ်ိန္မွာေတာ့ ရွိုင္းခန့္တို႔ေနေသာ ႐ြာ ထိပ္ေလးသို႔ ရန္တို႔ေရာက္လာခဲ့သည္၊၊ ဒီ႐ြာထိပ္ကို ေရာက္ဖို႔အတြက္လည္း လမ္းၾကမ္းလြန္းသျဖင့္ အေတာ္ေလးကို ကားေဆာင့္ျခင္းကို အီစိမ့္ေနေအာင္ခံခဲ့ရေသးသည္၊၊ ႐ြာေလး၏ ထိပ္၌ေတာ့ ဆိုင္ကယ္ႏွစ္စီးနဲ႕ လူႏွစ္ေယာက္ထိုင္ေစာင့္ေနၾကေလသည္၊၊ ထိုလူႏွစ္ေယာက္က တစ္ျခားသူေတြေတာ့မဟုတ္ေပ ရွိုင္းခန့္နဲ႕ ရိုင္းစက္မာန္ တို႔ျဖစ္၏၊၊

ရန္တို႔ကားရပ္သည္ကို ေတြ႕သည္ႏွင့္ ရွိုင္းခန့္နဲ႕ ရိုင္းစက္မာန္က ထိုင္ေနရာမွ ထလို႔ ရန္တို႔ကားေဘးနားကိုေရာက္လာခဲ့သည္၊၊ ရန္ ေမာင္ဘက္သို႔လွည့္ၾကည့္မိေတာ့ မ်က္ႏွာက အေစာနကနဲ႕မတူေတာ့ပဲ တည္းတင္းကာပင္ အံ့ႀကိတ္ထား၏၊၊ တစ္ဖက္မိန္းကေလး၏ အေဖ ကို ေမာင္ဘယ္လို ရွင္းျပေတာင္းပန္ခဲ့ရလဲ ဆိုတာ ရန္အသိဆုံးမို႔ ေမာင္အခုလိုစိတ္ဆိုးတာကို အျပစ္လို႔ေတာ့ေျပာမရေပ၊၊

ကေလးေဆာ့တဲ့ကစားနည္းေတြအတိုင္း ကစားေနတဲ့ ကစားပြဲတစ္ခုမဟုတ္သည့္မို႔ ကိစၥတိုင္းက ကတိဆိုေသာ စကားတစ္လုံးသာမတည္ခဲ့လွ်င္ အျပတ္ ျပတ္နဲ႕ ႏွာေခါင္းေသြးထြက္ ကို ျဖစ္ရသည္၊၊ စီးပြားေရးေလာကမွာ ကတိစကားက ဘယ္ေလာက္အေရးပါေၾကာင္း စီးပြားေရး လုပ္စားသူေတြသာသိသည္ဆိုတဲ့အတိုင္း မိတ္ရင္းေဆြရင္းေတြၾကား၌လည္း ကတိစကားကဘယ္ေလာက္အေရးပါေၾကာင္း ေဆြမ်ိဳးမိတ္ေဆြမ်ားတဲ့လူသာ သိလိမ့္မည္၊၊

တစ္ဖက္မိန္းကေလးက ရည္စားရွိေနလို႔သာ ရွိုင္းခန့္ေနရာမွာ ထိုရည္စားေကာင္ေလးကို အစားထိုးလိုက္မွ အရွက္တကြဲ မျဖစ္ပဲ ေျဗာင္းဆန္ သြားေသာ အေျခအေနကို ထိန္းနိုင္လို႔ ေတာ္ကာက်ေတာ့ သည္၊၊ မဟုတ္ရင္ေတာ့ထို မိန္းကေလးလည္း သိကၡာ က်နိဳင္သလို ႏွစ္အိမ္ေတာ္ရဲ႕ မိတ္ေဆြျဖစ္မႈကလည္း အဆုံးသတ္ကိုေရာက္သြားနိုင္၏၊၊

"အစ္ကိုရန္ "

ရွိုင္းခန့္နဲ႕ ရိုင္းစက္မာန္ က ရန္အနားသို႔ေရာက္လာၿပီး လာႏႈတ္ဆက္၏၊၊ ေမာင္ကေတာ့ တစ္ဖက္တံခါးဘက္ကေန ထြက္လာၿပီး ရန္ရွိရာသို႔ ဦးတည္ေလွ်ာက္လာခဲ့သည္၊၊ ေမာင္၏ တည္တင္းေနေသာ မ်က္ႏွာေၾကာင့္ ရိုင္းစက္မာန္နဲ႕ ရွိုင္းခန့္မွာ မ်က္ႏွာေလးေတြက ဇီး႐ြက္ေလာက္သာက်န္ရွိေတာ့သည္၊၊ သူတို႔လုပ္ထားေသာ အျပစ္ သူတို႔သိၾကသည္ေလ၊၊

"ရစ္ ငါ..."

ခြပ္!

အရွိန္ျပင္းျပင္းထိုးခ်ခံလိုက္ရေသာ လက္သီးတစ္ခ်က္က ရိုင္းစက္မာန္၏ ႏွာေခါင္းမွ ေသြးထြက္က်လာသည့္အထိ ျပင္း၏၊၊ တစ္ဖက္သို႔လည္ထြက္သြားေသာ မ်က္ႏွာကို အေရွ႕တည့္တည့္သို႔ျပန္လွည့္လ်က္ ရစ္ကို ၾကည့္မိေတာ့ မ်က္ခုံးမ်ားတြန့္ခ်ိဳးလ်က္ ေဒါသအရွိန္မေျပေသးပုံရသည္၊၊ ရိုင္းစက္မာန္၏ ကေလးဆန္စြာ ဘာမွမစဥ္းစားပဲ တဇြတ္ထိုးလုပ္မႈေၾကာင့္ ရစ္တစ္ေယာက္ ဘယ္လိုရွင္းခဲ့ရမလဲဆိုတာ ခန့္မွန္းလို႔ရေနပါသည္၊၊ ထို႔ေၾကာင့္ ဒီတစ္ခ်က္ေသာ နာက်င္မႈက ရွိုင္းေလးကို ရဖို႔တဇြတ္ထိုးဆန္စြာ ျပဳမႈခဲ့ျခင္းအတြက္ တန္သည္လို႔ပဲ ဆိုရမည္၊၊

" အစ္ကိုႀကီး ကိုကို ကို မထိုးပါနဲ႕ေတာ့၊၊ ကြၽန္ေတာ္ စိတ္သေဘာအတိုင္း ကိုကို ေနာက္ကို လိုက္ခဲ့တာပါ"

ရွိုင္းခန့္က ရိုင္းစက္မာန္ေရွ႕၌ ကာရပ္လို႔ ေမာင္ကို ထပ္မထိုးဖို႔ တားျမစ္သည္၊၊ ဒီေကာင္ေလးလဲ ရိုင္းစက္မာန္ကို မပိုင္ခင္တုန္းက ဘယ္ေလာက္စိတ္ပင္ပန္းမႈေတြရွိခဲ့လဲဆိုတာ ရန္ သိသည္မို႔ အခုလို ႀကံစည္ရာမရ ခိုးရာလိုက္ေျပးခ်င္ကိုလည္း ဘာမ်ား အျပစ္ဖို႔နိုင္ပါမည္နည္း၊၊ လူတိုင္းကေတာ့ ကိုယ္ခ်စ္တဲ့ လူနဲ႕ပဲ ဘဝရဲ႕ က်န္ရွိေနတဲ့ သက္တမ္းတစ္ေလွ်ာက္လုံးကို အတူရွိ ခ်င္ၾကတာပါပဲေလ

မ်က္ႏွာထားတင္းထားတုန္းျဖစ္ေသာ ေမာင္ကေတာ့ ေလွ်ာ့မည္သေဘာမွာမရွိ၊၊ ေမာင္ ေဒါသထြက္ေနသည္ကို သိေသာ ဗမာနဲ႕ ရွန္ရွန္ကလည္း ရန္၏ လက္ႏွစ္ဖက္ကို တစ္ေယာက္တစ္ဖက္ဆီ ဆြဲကိုင္လို႔ အသံတိတ္ကာျဖင့္ ရန္အနား အတင္းကပ္ေနၾက၏၊၊ ေမာင္ စိတ္ေကာင္းဝင္ေနတဲ့ အခ်ိန္မွာသာ ကေလးႏွစ္ေယာက္က ေမာင္ကို သူငယ္ခ်င္းေပါင္းသလို ေပါင္းနိုင္ၾကေပမဲ့ တစ္ျခားေဒါသထြက္ၿပီး မ်က္ႏွာတည္ေနတဲ့ အခ်ိန္မွာေတာ့ ေမာင္ကို ကေလးႏွစ္ေယာက္က အေတာ္ေလးကို ေၾကာက္သည္၊၊ ထို႔သို႔ေၾကာက္သည္ကလဲ ေမာင္က သူစိတ္တိုတိုင္း ကေလးႏွစ္ေယာက္ကို မဲၿပီး ရိုက္ျခင္းဘာညာ ရွိသည္ေၾကာင့္မဟုတ္ပဲ ေမာင္၏ လူရွိန္ေလာက္ေအာင္ထိ ေမာေၾကာ ခက္ထန္ေနေသာ မ်က္ႏွာထားေၾကာင့္သာ ျဖစ္၏၊၊

" ေမာင္ စိတ္ေလ်ာ့လိုက္ပါေတာ့၊၊ ျဖစ္ၿပီးတာေတြလည္း ျဖစ္ၿပီးၿပီးပဲေလ ဘာမွ ျပန္ျပင္လို႔မွ မရေတာ့ပဲ၊၊ အခုေတာ့ စိတ္ေလးေလ်ာ့ၿပီး ရွိုင္းခန့္တို႔ အိမ္ကိုသြားၾကရေအာင္ေနာ္"

"လြန္းရန္ သေဘာ"

စိတ္တိုေနသည္ေတာင္မွ ေလသံမာျခင္းမရွိပဲ ရန္ကိုျပန္ေျဖလာသည့္အသံက ေပ်ာ့ေပ်ာင္း မႈရွိလွသည္၊၊ ဘယ္ေလာက္ပဲ ကိစၥအခ်ိဳ႕ေၾကာင့္ စိတ္တိုတို ေဒါသထြက္ေနပါေစ ထိုစိတ္တိုေဒါသျဖစ္ျခင္းေတြကို ေမာင္က မိသားစုအေပၚပုံခ်င္း အလ်ဥ္းမရွိ၊၊ဒါကေတာ့ ေမာင္ရဲ႕ ခ်စ္စရာေကာင္းတဲ့ အက်င့္ေတြထဲက တစ္ခုေလးပင္

"ဟိုႏွစ္ေကာင္ ကားအေနာက္က အထုတ္ေတြသယ္ခဲ့"

"ဒီေခြး..."

ဘာလဲဆိုေသာ လွည့္လာတဲ့ နဂါးအၾကည့္ႀကီးေၾကာင့္ ရိုင္းစက္မာန္ ဆဲမိေတာ့မဲ့ မိမိ ပါးစပ္ကို အသာျပန္ပိတ္လို႔ ရွိုင္းေလး၏ ေနာက္ေက်ာသို႔ဝင္ကာ ပုန္းေရွာင္လိုက္ရသည္၊၊ ရိုင္းစက္မာန္၏ အျပဳအမူ ကို လင္ အားကိုး တယ္လို႔ဆိုခ်င္လည္း ဆိုၾကပါေစ တကယ္လည္း ရိုင္းစက္မာန္မွာ အားကိုးစရာ လင္ေလးက ရွိသည္ပဲေလ

ရစ္တို႔ အတြဲက ဆိုင္ကယ္တစ္စီးကို ယူလ်က္ ကေလးေတြနဲ႕အတူ အေရွ႕ကေန စီးထြက္သြားသည့္မို႔ က်န္တဲ့ ဆိုင္ကယ္တစ္စီးနဲ႕သာ ရိုင္းစက္မာန္နဲ႕ ရွိုင္းေလးမွာ မွ်စီးလ်က္ ရစ္တို႔ဆိုင္ကယ္ေနာက္ကို အမွီလိုက္ရေတာ့သည္၊၊ ဒီေကာင္ေတြ အိမ္က ဘယ္နားမွာလဲ ဆိုတာမသိပဲ အေရွ႕ကေန ေမာင္းထြက္သြားတာ ဘယ္ေနရာမွ ရပ္ေစာင့္ေနရမလဲဆိုတာ ရိုင္းစက္မာန္ ျမင္ေယာင္ မိပါေသးသည္၊၊

"ကိုကို မ်က္ႏွာက တအား နာေနလား၊၊ အိမ္ေရာက္မွ ကြၽန္ေတာ္ ၾကပ္ထုပ္ထိုး ေပးမယ္ေနာ္"

ဆိုင္ကယ္ေမာင္းေနရင္း အေနာက္ကေန ရွိုင္းေလး၏ အသံခ်ိဳခ်ိဳေလးက နားထဲသို႔ သာယာစြာ စိမ့္ဝင္လာ၏၊၊ ဒီေကာင္ေလးကို အရယူလိုက္ရျခင္းက ေနာင္တေတြ မရွိပဲ လမ္းမွန္စြာလုပ္ခဲ့ေၾကာင္း အတူေနခဲ့တဲ့ တစ္လအတြင္းမွာ ရခဲ့တဲ့ စိတ္ခ်မ္းသာမႈေတြက သက္ေသပါပဲ၊၊

"ဘာမွမျဖစ္ဘူးကိုယ္အဆင္ေျပတယ္ ၊၊ စိတ္မပူနဲ႕ ရွိုင္းေလး"

"ႏွာေခါင္းကေန ေသြးထြက္ေနတာေတာင္ အဆင္ေျပတယ္လုပ္ေနတာလား၊၊ ကိုကို က အဆင္ေျပေပမဲ့ ကြၽန္ေတာ္အတြက္ေတာ့ အဆင္မေျပဘူးေလ"

"ဟုတ္ပါၿပီ၊၊ အိမ္ေရာက္မွ ကိုယ္ကို ဆရာဝန္ေလးက ေဆးကုေပး"

သေဘာက်စြာထြက္လာတဲ့ ရွိုင္းေလး၏ တခစ္ခစ္ရယ္သံေလးက ညေနေစာင္းမွာ အိပ္တန္းတတ္ေနက်ေသာ ငွက္ကေလးမ်ားး၏ တက်ီက်ီ ေအာ္သံမ်ားနဲ႕အတူေရာယွက္လို႔ပင္ နားဝင္ခ်ိဳလွစြာရွိ၏၊၊ ဒီခ်စ္စရာေကာင္းေသာ ေကာင္းေလး၏ ခ်စ္ျခင္းေတြကို မျမင္မိခဲ့ပဲ လ်စ္လ်ဴျပဳ ေနခဲ့မိသည္က ႏွစ္ေပါင္းအေတာ္ၾကာသည္အထိ ရွိေၾကာင္း ဖြင့္ဟ ဝန္ခံခဲ့တဲ့ေနမွ ရိုင္းစက္မာန္သိခဲ့ရသည္၊၊ ကိုယ္ေၾကာင့္ အမ်ားႀကီးပင္ပန္းခဲ့ရတဲ့ ရွိုင္းေလးကို ရွိုင္းစက္မာန္ဘက္ကလည္း က်န္ရွိေနတဲ့အခ်ိန္ေတြမွာ အစြမ္းကုန္ထုတ္ခ်စ္ျပဖို႔ ေတြးထားခဲ့ၿပီးၿပီး၊၊

ညေနေစာင္းပိုင္းတိုက္ခတ္လာေသာ ေလညွင္းေအးေအးေလးနဲ႕အတူ ခါးထက္သို႔ လက္ႏွစ္ဖက္ျဖင့္ ခပ္တင္းတင္းဖက္လာေသာ ေကာင္ေလးေၾကာင့္ ရိုင္းစက္မာန္၏ ႏႈတ္ခမ္းပါးတို႔က အေပၚသို႔သိသိသာသာကို ေကြးၫြတ္ တတ္ေနခဲ့ေတာ့သည္၊၊ ပုံမွန္အရွိန္ရွိေသာ ဆိုင္ကယ္ကို အရွိန္ျမင့္လ်က္ အေရွ႕ခပ္လွမ္းလွမ္း၌ ဆိုင္ကယ္ရပ္ကာ ေစာင့္ေနၾကေသာ ငရစ္မိသားစုရွိရာသို႔ ရိုင္းစက္မာန္ ေမာင္းႏွင္လာခဲ့ေတာ့သည္၊၊ ရိုင္းစက္မာန္ ျမင္ေယာင္ခဲ့မိသားပဲ ဒီငရစ္ မိသားစုတစ္ေနရာရာမွာ ရပ္ေစာင့္ေနရမွာပါလို႔.....

°°°°°°°°°°°°°°°°°

ရွမ္းျပည္၏ လြန္ကဲေသာ အေအးဓာတ္ေၾကာင့္ ဒီ႐ြာေလးကို စေရာက္ထဲက တစ္ပတ္ၾကာလာသည္အထိ ရန္တို႔ မိသားစု အိမ္ထဲက အိမ္ျပင္မထြက္မိ၊၊ တစ္ထပ္ပ်ဥ္းေထာင္အိမ္ေလးက ၿခံဝန္းေလးနဲ႕ျဖစ္ၿပီး အမ်ားႀကီးက်ယ္ဝန္းလွေသာ အိမ္တစ္လုံးေတာ့မဟုတ္ေပ၊၊ သို႔ေပမဲ့လည္း အိမ္ထဲ၌ ဧည့္ခန္း မီးဖိုေခ်ာင္ အိပ္ခန္းမ်ားကို တစ္ကန့္စီခြဲထားၿပီး အေတာ္အတန္ က်ယ္ေသာ အက်ယ္အဝန္းေတြ ရွိၾကသည္၊၊

ေန႕စဥ္ ရွိုင္းခန့္တို႔အတြဲက ဆိုင္ကယ္တစ္စီးနဲ႕ ထြက္ ထြက္သြားတတ္ၿပီး ဘယ္ကမွန္းမသိ အသီးအႏွံ႕နဲ႕ အသားငါးေတြ သြားသြားဝယ္လာတတ္သည္၊၊ ရွိုင္းခန့္နဲ႕ ရိုင္းစက္မာန္ကေတာ့ ရွမ္းျပည္၏ အေအးဓာတ္ကို အသားက်သြားပုံပါပဲ သူတို႔ႏွစ္ေယာက္အတြက္ ဒီအေအးဓာတ္က ဘာမွမျဖစ္သလိုပင္၊၊

အပူဓာတ္ျပင္းေသာ ရန္ကုန္မွာ ေနသည့္ရန္တို႔အဖို႔ ရွမ္းျပည္၏ အေအးဓာတ္ကို အံ့တုဖို႔အတြက္ေတာ့ သိပ္မလြယ္ကူလွ၊၊ ဒီပ်ဥ္းေထာင္အိမ္ေလးထဲမွာလဲ အပူေပးစက္က မရွိျပန္ေလေတာ့ အေႏြးဓာတ္ရဖို႔အတြက္ မီးလႈံ ရင္ လႈံ ဒါမွမဟုတ္ ေစာင္ပတ္ၿပီးသာေနရသည္၊၊ တစ္ခါတစ္ေလေတာ့ ေမာင္ရင္ခြင္၏ အေႏြးဓာတ္ကိုယူ၍ ေအးလွသည့္ရွမ္းျပည္၏ အေအးဓာတ္ကို တြန္းလွန္ရ၏၊၊

ေနထြက္သည့္အခ်ိန္ခဏေလးေလာက္ပဲ အေအးေလ်ာ့က်ၿပီး က်န္သည့္အခ်ိန္မ်ားမွာေတာ့ အလြန္ကိုေအးသည္၊၊ဘာရာသီဥတုမွန္း အတိအက်မသိေပမဲ့ မနက္တိုင္း ျမဴခိုးမ်ားျဖင့္ ပိတ္လ်က္ ပတ္ဝန္းက်င္ ကိုသိပ္ၿပီးရွင္းလင္းစြာမျမင္ရေပ၊၊ အိမ္အေနာက္ဘက္ကေန လွမ္းေမွ်ာ္ၾကည့္လိုက္ရင္ေတာ့ ေတာင္တန္းစိမ္းေတြအျပင္ လွပေသာ သဘာဝရႈခင္းကို တေမ့တေမာကို ေတြ႕ရမည္ျဖစ္သည္၊၊

"လြန္းရန္ ေကာ္ဖီ ပူပူေလး ေသာက္လိုက္ဦး"

အေငြ႕တေထာင္းေထာင္းထေနေသာ ေကာ္ဖီတစ္ခြက္ကို ေမာင္က ရန္ဆီသို႔ ကမ္းေပးလာသည္၊၊ အေအးဓာတ္ကို ေၾကာက္႐ြံ႕သည္ေမာင္က အေႏြးထည္ သုံးထပ္အျပင္ လည္ပင္း၌ မာဖလာ ႏွစ္ခုကို ေရာလ်က္ ပတ္ထားေသးသည္၊၊ နား႐ြက္ထိပ္နဲ႕ ႏွာေခါင္းထိပ္ကလည္း ခပ္ရဲရဲ ပုံစံရွိၿပီး ေမာင္၏ လက္ဖဝါး နဲ႕ လက္ထိပ္ေတြကအစ ရဲတတ္ေန၏၊၊

ရန္ ေမာင္ဆီက ေကာ္ဖီခြက္ကို လွမ္းယူၿပီးေနာက္ ေမာင္က ရန္ေဘးနားသို႔ ဝင္ထိုင္လာသည္၊၊ ထို႔ေနာက္ ရန္၏ ပါးတစ္ဖက္မွာ ေမာင္၏ ႏွာေခါင္းခြၽန္ခြၽန္တို႔က နစ္ဝင္လာလ်က္ ရန္၏ ခႏၶာကိုယ္ မွာလဲ အေႏြးဓာတ္ခပ္မွ်င္မွ်င္ရွိေသာ ေမာင္ ရင္ခြင္ထဲသို႔ လုံးလုံးကို ဝင္ေရာက္သြားရသည္၊၊ ရန္အနားလာထိုင္ၿပီး လူကို လုပ္ခ်င္သလိုလုပ္ၿပီး ေမာင္ကေတာ့ အသားယူျပန္ပါၿပီ၊၊

"ေမာင္ ကေလးႏွစ္ေယာက္ေရာ ဘယ္မွာလဲ"

"အခန္းထဲမွာ ေကြးေနတုန္း မထၾကေသးဘူး"

စကားလည္းေျပာရင္ အသက္ရႉက်ပ္ ေစေလာက္သည္အထိ ခပ္တင္းတင္းေပြ႕ဖက္လာသည္မို႔ ရန္မွာ စကားဆက္ေျပာဖို႔ေတာင္ အားမရွိေတာ့သလိုပင္၊၊ အနည္းငယ္ လႊတ္ေပးဖို႔ ေမာင္ နဖူးကို လက္ညွိုး ျဖင့္အသာေတာက္ေလေတာ့ ေမာင္က ၿပဳံးျပလာေပမဲ့ ရန္ကိုဖက္တြယ္ထားျခင္းကိုေတာ့ ေျပေလ်ာ့ေပးမလာခဲ့ေပ၊၊ ထို႔ေၾကာင့္ ေမာင့္စိတ္ႀကိဳက္သာ ရွိေစၿပီး ရန္လည္း ဘာမွမေျပာ ျဖစ္ေတာ့၊၊

"အစ္ကိုရန္တို႔ နိုးေနၾကၿပီပဲ"

အသီးအ႐ြက္အထုတ္ကိုယ္စီကိုင္လ်က္ ရွိုင္းခန့္နဲ႕ ရိုင္းစက္မာန္တို႔က အိမ္ထဲသို႔ဝင္လာခဲ့သည္၊၊ႏွင္းရည္ေတြ စိုလာပုံရေသာ ရွိုင္းခန့္တို႔ႏွစ္ေယာက္၏ ခႏၶာကိုယ္ ထက္မွာ အဝတ္ေတြက စို႐ႊဲ လို႔ေန၏၊၊

"ဘာေတြဝယ္လာတာလဲ ရွိုင္းခန့္"

"အသီးအ႐ြက္ေတြေလ အစ္ကိုရန္"

လက္ထဲမွ ဆြဲကိုင္လာေသာ အ႐ြက္ထုတ္ကို ျမႇောက္ျပလ်က္ ရွိုင္းခန့္က အေျဖျပန္ျပဳသည္၊၊

"အသီးအ႐ြက္ႀကီးပဲ မင္းတို႔ ခ်က္ေကြၽးေနတာ ငါတို႔႐ုပ္ေတြလည္း ၾကည့္ဦး ေရာက္တာေတာင္မၾကာေသးဘူး ျမက္စားႏြား႐ုပ္ေပါက္ေနၿပီ "

ခနဲ႕တဲ့တဲ့ ထြက္လာတဲ့ ေမာင္၏ အသံထဲ မေက်နပ္ခ်က္ေတြမ်ားစြာပါဝင္ေနသည္၊၊ အသားငါးေတြက ရွားတဲ့ပုံရမည္ ႏွစ္ရက္တစ္ခါေလာက္ေတာင္ ရွိုင္းခန့္သိပ္မခ်က္ျဖစ္ေပ၊၊ မနက္ ည ေန႕တိုင္းလို အသီးအ႐ြက္ေတြႀကီးသာ၊၊ ထို႔ေၾကာင့္ အသီးအ႐ြက္က ေန႕စဥ္လို႔ျဖစ္လာေတာ့ ေမာင္ ေတာ့ တင္းၿပီေလ

"မင္း႐ုပ္က အစထဲက ႏြား႐ုပ္ပဲကို"

" fu*k ..... !"

" ေမာင္ မဆဲရဘူးေနာ္"

ဆဲေရးထြက္ေတာ့မည္ ေမာင္ ပါးစပ္ကို လွမ္းပိတ္လို႔ ရန္သတိေပးစကားဆိုေလေတာ့ ရိုင္းစက္မာန္ဆီမွ တဟားဟား ေအာ္ရယ္သံက ထြက္လာေလသည္၊၊ ေမာင္ကေတာ့ ရန္ကို ေခါင္းအသာၿငိမ္ျပၿပီး ဘာစကားမွမဆိုလာေတာ့ေပ၊၊ ရွိုင္းခန့္တို႔ႏွစ္ေယာက္ကလဲ မီးဖိုေခ်ာင္းထဲသို႔ အထုတ္ဆြဲလ်က္ ဝင္သြားၾက၏၊၊သိပ္မၾကာခင္မွာပင္ ႏွစ္ေယာက္လုံး မီးဖိုေခ်ာင္းကေန ထြက္လို႔ ရန္တို႔ ထိုင္ေနသာ အေရွ႕ဘက္၌ ဝင္ထိုင္ၾကသည္၊၊

ရန္တို႔အခုစုၿပီးထိုင္ေနတဲ့ေနရာက အိမ္၏ ခပ္က်ဥ္းက်ဥ္း ဧည့္ခန္းေလးသာျဖစ္သည္၊၊ ရန္ကုန္အိမ္ေလာက္ က်ယ္ဝန္းျခင္းမရွိေပမဲ့ လူးေျခာက္ေယာက္ေလာက္ကေတာ့ ဒီဧည့္ခန္း၌ ထိုင္ရန္အတြက္ လုံးေလာက္ေသာ ေနရာရွိ၏၊၊ အိမ္ရဲ႕ဧည့္ခန္းေလးထဲ ထိုင္ခုံမ်ားနဲ႕ထိုင္ၾကသည္မဟုတ္ပဲ သိုးေမႊးအပြခင္းထားေသာ ေကာ္ေဇာ ထူထူ၌ ဖ်ာခင္းလို႔ျဖင့္ ထိုင္ၾကျခင္းျဖစ္သည္၊၊ ေနရာတာကေတာ့ ရန္ကုန္အိမ္နဲ႕မ်ားစြာကြာျခားသည္မို႔ အထူးအဆန္းေတာ့ ရွိလွသည္၊၊

"ေကာင္ေလးတို႔ေရ အေဒၚခဏ ဝင္လာလို႔ရမလားေဝ့"

စကားခပ္ဝဲဝဲအသံရွိလွေသာ မိန္းမတစ္ေယာက္၏ အသံက အိမ္အျပင္ဘက္ကေန ထြက္လာခဲ့သည္၊၊ ထို႔ေနာက္ အိမ္တံခါးကို ရွိုင္းခန့္က သြားထဖြင့္ေပးေတာ့ ေခါင္းေပါင္းအနီးကြက္ၾကားနဲ႕ ႏြမ္းေနေသာ မာဖလာ အနက္ေရာင္ေလးကို ပက္ထားေသာ အေဒၚႀကီးတစ္ေယာက္က အိမ္တြင္းသို႔ ဝင္လာခဲ့သည္၊၊ ထို႔ေၾကာင့္ ရန္လည္း ေမာင္ရင္ခြင္ထဲမွ ႐ုန္းထြက္လို႔ အေဒၚထိုင္ဖို႔အတြက္ေနရာ တစ္ေနရာစာ ျပင္ေပးလိုက္သည္၊၊

" အေဒၚ ဘာကိစၥမ်ားရွိလို႔လဲ"

" ရွိုင္းခန့္ ေလးေရ ဒီေန႕ ႐ြာေလးကို အလႉရွင္ တစ္ေယာက္လာတယ္ကြဲ႕၊၊ ႐ြာထဲက ဘုန္းႀကီးဝတ္ခ်င္တဲ့ ေယာက်္ား ေလးတိုင္းကို စရိတ္အကုန္က်ခံၿပီး ဘုန္းႀကီး ဝတ္ေပးမယ္တဲ့ေလ၊၊ အဲ့တာအတြက္ အေဒၚက ဘုန္းႀကီးဝတ္မဲ့ လူစာရင္းလာေကာက္တာေဝ့"

ရွိုင္းခန့္နဲ႕ အေတာ္ရင္းႏွီးေနပုံရေသာ အေဒၚႀကီးက အၿပဳံးၿပဳံးခ်ိဳခ်ိဳနဲ႕ပင္ ေျပာလာလွ်င္ ရွိုင္းခန့္ကရန္ဘက္သို႔လွည့္ၾကည့္လာၿပီး ေမာင္နဲ႕ ရိုင္းစက္မာန္ဘက္ကို မ်က္စပစ္ ျပသည္၊၊ဆိုလိုတာက ေမာင္နဲ႕ ရိုင္းစက္မာန္ကို ဘုန္းႀကီးဝတ္ေပးမလားေပါ့

"ကိုကို"

"ရွိုင္းေလး ကိုယ္တို႔က အခုမွ ယူထားခါစ ပူပူေႏြးေႏြး ေလးပဲ ရွိေသးတာေလ ၊၊ အဲ့လို မလုပ္ရဘူးေနာ္"

ရွိုင္းခန့္ ဆက္ေျပာမည္စကားေတြကို ကိုကိုက သိေနပုံရၿပီး ျပန္ေျဖလာသည့္အေျဖစကားက အျပင္းအထန္ ၊၊ ရႈံ႕တြ ေနေသာ မ်က္ႏွာျဖစ္ေနတဲ့ ကိုကို မ်က္ႏွာကို ၾကည့္ၿပီး ရွိုင္းခန့္ ရယ္ခ်ျပစ္ခ်င္စိတ္ကို မနည္းထိန္းထားရသည္၊၊ ထို႔ျပင္ ကိုကိုက ရွိုင္းခန့္ လက္တစ္ဖက္ကို ဆုပ္ကိုင္လို႔ ဘုန္းႀကီး မဝတ္ခိုင္းပါနဲ႕ဆိုေသာ အၾကည့္မ်ားျဖင့္ ေျပာေနသည္မွာ သနားခ်င့္စဖြယ္ေလးပင္

"အေဒၚ မာဗာရစ္ နဲ႕ ခြန္းဗမာရစ္ ၊ ခြန္းရစ္လြန္းရွန္ အဲ့သုံးေယာက္နာမည္မွတ္လိုက္ပါဗ်"

႐ုတ္တရက္ ေျပာလာေသာ အစ္ကိုရန္၏ စကားေၾကာင့္ ရွိုင္းခန့္နဲ႕ ကိုကို အျပင္ အစ္ကိုႀကီးကပါ ခပ္ေၾကာင္ေၾကာင္ျဖစ္လ်က္ တအံ့တၾသျဖစ္သြား ရသည္၊၊

" လြန္း... လြန္းရန္ ေမာင္.. ေမာင္ကို အခု.."

"အင္း ေမာင္ေရာ ေမာင္သား ႏွစ္ေယာက္ေရာ ဘုန္းႀကီး ဝတ္ရမယ္"

" လြန္းရန္ကလည္း အဲ့လို မျဖစ္ဘူးေလကြာ၊၊ ညတိုင္း ေမာင္ လြန္းရန္ကိုမွ ဖတ္မအိပ္ရရင္ အိပ္မေပ်ာ္တတ္မွန္းသိရဲ႕သားနဲ႕၊၊ လြန္းရန္ သားႏွစ္ေယာက္ကိုပဲ ဘုန္းႀကီးဝတ္ခိုင္းလိုက္ေလေနာ္"

ရန္ လက္တစ္ဖက္ကိုဆြဲလ်က္ သူ ဘုန္းႀကီးမဝတ္ခ်င္ေၾကာင္းေျပာေနေသာ ေမာင္က ခ်စ္စရာေကာင္းမႈ အတိ၊၊ ရွမ္းျပည္ကိုေရာက္တုန္းေလး ကုသိုလ္ ရဖို႔အတြက္ ဘုန္းႀကီးဝတ္ တာကို ဒီေမာင္ဟာ ျငင္းေနျပန္ပါၿပီ၊၊

"အေဒၚ ရိုင္းစက္မာန္ နာမည္ကိုလည္း ထည့္မွတ္လိုက္ပါဗ်"

"ဟုတ္ၿပီကြဲ႕၊၊ ကုသိုလ္ ရဖို႔အတြက္ပဲ ေကာင္ေလးေတြက ျငင္းမေနၾကပါနဲ႕၊၊ ဒါနဲ႕ သဘက္ခါ ဘုန္းႀကီးေက်ာင္း ကို လည္းကတုံး အကၤ်ီ နဲ႕လုံခ်ည္ ကိုတြဲဝတ္ၿပီးလာခဲ့ၾကေဝ့၊၊အခုေတာ့ အေဒၚျပန္ေတာ့မယ္"

နာမည္စာရင္း ခ်မွတ္ၿပီးေနာက္ အေဒၚႀကီးက ေဖာ္ေ႐ြစြာပင္ ၿပဳံးျပႏႈတ္ဆက္လ်က္ အိမ္ထဲကေန ထထြက္သြားေတာ့သည္၊၊ က်န္ေနခဲ့သည့္ လူေလးေယာက္ထဲမွာေတာ့ ႏွစ္ေယာက္၏ မ်က္ႏွာက လငပုပ္ဖမ္း ေနေလၿပီ၊၊

"လြန္းရန္ ေမာင္မွာ ကိေလသာေတြ မကုန္ခမ္းေသးတာကို ဘာလို႔ ဘုန္းႀကီးဝတ္ ခိုင္းတာလဲ ေျပာ"

" ေမာင္ ကုသိုလ္ ရေအာင္လို႔ေလ၊၊ ေမာင္ရာ ငါစကားေတြ ထပ္မေျပာခ်င္ဘူး ေမာင္ ဘုန္းႀကီးဝတ္ ကို ဝတ္ရမယ္"

" အဟင့္ဟင့္ လြန္းရန္က ေမာင္ကို မလိုခ်င္ေတာ့လို႔ ဘုန္းႀကီးေက်ာင္း ကို ပို႔တာမလား ၊၊ သိလိုက္ပါၿပီ ဒီအခ်ိဳးေတြကို သိလိုက္ပါၿပီ "

တဟင့္ဟင့္ လုပ္သံႀကီး လုပ္ျပလ်က္ ေျခေဆာင့္ကာပင္ ေမာင္က ဧည့္ခန္းထဲကေန ထထြက္လို႔ အိပ္ခန္းဘက္သို႔ တဒုန္းဒုန္းျမည္းေအာင္ ေလွ်ာက္ထြက္သြားေတာ့သည္၊၊ ထမသြားခင္လည္း ရန္ကို စိတ္ဆိုးမာန္ဆိုး ျဖင့္ ရန္ ေခါင္းမွဆံပင္ေတြကို ဆြဲဖြ ထုတ္သြားေသးသည္၊၊ ဒီေမာင္ဟာေလ တကယ္မလြယ္ေၾကာေလး

ေခါင္းတခါခါျဖင့္ အစ္ကိုရန္က ေျခေဆာင့္ထြက္သြားေသာ အစ္ကိုႀကီးေနာက္သို႔ ထလိုက္သြားေတာ့သည္၊၊ထို႔ေၾကာင့္ ဒီဧည့္ခန္းထဲမွာ ရွိုင္းခန့္နဲ႕ ကိုကို ႏွစ္ေယာက္ထဲသာ က်န္ရွိခဲ့ေတာ့သည္၊၊ ကိုကို၏ မ်က္ႏွာကေတာ့ ရွိုင္းခန့္ကိုၾကည့္လို႔ ၿပိဳေတာ့မဲ့မိုးလို႔ ျဖစ္ေနေလသည္၊၊ ေတာ္ေတာ္ကို အေျခအေနဆိုးဆိုးပင္၊၊သို႔ေသာ္ ရွိုင္းခန့္ကေတာ့ ကိုကို ကိုၾကည့္လို႔ ရယ္သာရယ္ခ်င္ေနေတာ့သည္၊၊

"ရွိုင္းေလး"

"ကိုကို ကုသိုလ္ ရမွာပဲေလ ၊၊ မွတ္မွတ္ရရအေနနဲ႕ တစ္ခါေလာက္ေတာ့ ဘုန္းႀကီးဝတ္ လိုက္ပါဗ်ာ "

"ဟုတ္ပါၿပီ၊၊ ရွိုင္းေလး သေဘာရွိပါ"

ကိုကိုဟာ ေနာက္ဆုံးအရႈံးေပးလိုက္ပါၿပီဆိုေသာ သေဘာျဖင့္ ေခါင္တဆက္ဆက္ညိတ္ျပလ်က္ ရွိုင့္ခန့္ ခႏၶာကိုယ္ ကို ရင္ခြင္အတြင္းသို႔ ဆြဲထည့္ဖက္သည္၊၊ တင္းတင္းက်ပ္က်ပ္ဖက္ထားေသာ ကိုကိုေၾကာင့္ ရွိုင္းခန့္မွာ အသက္ရႉက်ပ္လုမတတ္ပါပဲ

ဒီလူသားအေပၚ ထားရွိခဲ့ေသာ ခ်စ္ျခင္းေမတၱာေတြဟာ စစ္မွန္ခဲ့သည္ထင္ပါရဲ႕ ေနာက္ဆုံးမွာေတာ့ ခ်စ္ရတဲ့ဒီလူသားဆီကေန ေရာင္ျပန္ဟပ္ မႈေလးကို တနင့္တပိုးကို ျပန္ရရွိခဲ့ေလၿပီ၊၊

°°°°°°°°°°°°°°°

ေအးလြန္းေသာ မနက္ခင္း၌ အရင္ေန႕ေတြထက္ အေစာႀကီးထၿပီး ဘုန္းႀကီးေက်ာင္း သြားဖို႔ ျပင္ဆင္ရေလေတာ့ ကေလးႏွစ္ေယာက္၏ မ်က္ႏွာကလည္း မႈန္ကုပ္ကုပ္ ျဖစ္ေနသလို ကေလးေတြနဲ႕အၿပိဳင္ ဆူပုတ္ေကာက္ခ်ိတ္ေနေသာ ေမာင္၏ မ်က္ႏွာကလည္း မႈန္ကုပ္ကုပ္ နဲ႕ပင္၊၊ ရန္မွာ ဒီသားဖသုံးေယာက္ ကို ၾကည့္ၿပီး မၿပဳံးပဲ မေနနိုင္ေခ်၊၊

"မ်က္ႏွာေတြဆူပုတ္မေနနဲ႕ေတာ့ ခဏေန သြားမယ္"

"ဆံပင္မရွိရင္ ေကာင္မေလးေတြက မႀကိဳက္ပါဘူးဆို ေဖလြန္းကလည္း"

ဗမာဆီမွ မသက္မသာ စကားသံေလးက ခပ္တိုးတိုးထြက္လာၿပီး ေခါင္းမွ သူဆံပင္မ်ားကို သူကိုယ္တိုင္ပင္ ျပန္ဆြဲဖြလို႔ ႏွေမ်ာေနဟန္ရွိသည္၊၊ ရွန္ရွန္ကေတာ့ ၿငိမ္လ်က္သာ ထိုင္ေနၿပီး ဟိုၾကည့္ဒီၾကည့္နဲ႕သာ၊၊ ဒီကေလး မနက္ထဲက ၿငိမ္ေနတာ ဘာမွစကားေျပာလာျခင္းမရွိေသးေပ၊၊ ေမာင္ကေတာ့ ထုံးစံအတိုင္းပါပဲ ရန္ကို လွည့္ေတာင္းမၾကည့္ပဲ တစ္ျခားဘက္သို႔သာ မ်က္ႏွာလႊဲ ေန၏၊၊ ဒီအျပဳအမူက ေမာင္စိတ္ဆိုးတိုင္း လုပ္တတ္ေသာ အျပဳအမူ ေလးပင္

" သုံးေယာက္လုံး ဘုန္းႀကီးမဝတ္ခ်င္ၾကဘူးမလား၊၊ မဝတ္နဲ႕ေတာ့ သြား အဝတ္စားလဲၿပီး ျပန္အိပ္ေတာ့"

ေလသံခပ္မာမာနဲ႕ ေျပာလ်က္ ရွန္ရွန္နဲ႕ ဗမာကို တစ္လွည့္စီ ရန္ အကၤ်ီ ေတြ ခြၽတ္ေပးလိုက္သည္၊၊ ကေလးႏွစ္ေယာက္နဲ႕ ေမာင္ကေတာ့ အေစာနကလို႔ မႈန္ကုပ္ကုပ္ ေတြမဟုတ္ေတာ့ပဲ နားမလည္သလိုျဖင့္ ရန္ကိုသာ ၾကည့္ေနၾက၏၊၊ ဘုန္းႀကီးမဝတ္ခ်င္တဲ့လူကို အတင္းႀကီး ဘုန္းႀကီးဝတ္ခိုင္းမေနခ်င္ေတာ့ေပ၊၊ ဒါဟာ ကုသိုလ္ မရတဲ့အျပင္ ငရဲေတာင္ရဦးမည္၊၊

"အစ္ကိုရန္တို႔ ၿပီးၿပီးလား၊၊ သြားရေအာင္ေလ"

အခန္းထဲသို႔ ရွိုင္းခန့္က ေခၚသံလည္းျပဳရင္း ဝင္ေရာက္လာသည္၊၊ ထို႔ေနာက္ ကေလးေတြ၏ အေပၚပိုင္းဗလာျဖစ္ေနေသာ ပုံနဲ႕ အူေၾကာင္ေၾကာင္႐ုပ္ေလးေတြကို ၾကည့္ၿပီး ရွိုင္းခန့္က သေဘာေပါက္သြားသလိုပါပဲ ရန္အနားသို႔တိုးကပ္လာလ်က္ မသြားျဖစ္ေတာ့ဘူးလားဟူ၍ အေမးျပဳလာသည္၊၊ ထို႔ေၾကာင့္ ရန္ေခါင္းအသာညိတ္ျပလိုက္ၿပီး

"သူတို႔ ဘုန္းႀကီးမဝတ္ေတာ့ဘူး ငါပဲ ဘုန္းႀကီးဝတ္မွာ "

"လြန္းရန္ အဲ့လိုမလုပ္နဲ႕ေလ၊၊ ေမာင္ .. ေမာင္က..."

"အိပ္ခ်င္ေနတာမလား သြားအိပ္ေတာ့၊၊ ဘုန္းႀကီးမဝတ္ခ်င္ဘူးမလား မဝတ္နဲ႕ေလ သြား ျပန္အိပ္က်ေတာ့"

သုံးေယာက္လုံးကို ဒီတိုင္းျဖစ္ခ်င္ရာျဖစ္ဆိုၿပီး ရန္ ထားျပစ္ခဲ့ကာ ရွိုင္းခန့္နဲ႕အတူ အခန္းထဲမွ ထြက္လာခဲ့ေတာ့သည္၊၊ အိမ္၏ ဧည့္ခန္း၌ေတာ့ ရိုင္းစက္မာန္က ျပင္ဆင္လို႔ၿပီးလ်က္ ထိုင္ေစာင့္ေနေလသည္၊၊

"ရွိုင္းခန့္ ငါတို႔သြားရေအာင္ အခ်ိန္လည္းမေစာေတာ့ဘူးမလား"

"လြန္းရန္ ခဏ.. ခဏ"

အိမ္ျပင္သို႔ဦးတည္ေနေသာ ရန္၏ ခႏၶာကိုယ္ ကို ေမာင္က ဆြဲလွည့္လို႔ သူဘက္ကို ၾကည့္ေစသည္၊၊ ေမာင္ေနာက္ကေန အကၤ်ီ ျပန္ဝတ္ထားေသာ ကေလးႏွစ္ေယာက္ကလဲ ကပ္လ်က္ လိုက္လာၾကသည္၊၊

"ေမာင္နဲ႕သားေတြပဲ ဘုန္းႀကီးဝတ္ လိုက္မယ္ေနာ္၊၊ လြန္းရန္ မဝတ္နဲ႕ေတာ့"

"ေဖလြန္း စိတ္မဆိုးပါနဲ႕ သားတို႔ သာသနာျပဳၾကမွာပါ"

"ဘုန္းႀကီးဝတ္ မွာပါလို႔ေျပာရတယ္ ရွန္ရွန္ရ"

ရွန္ရွန္၏ စကားကို ဗမာက ၾကားျဖတ္ဝင္ေျပာလ်က္ ေထာက္ျပသည္၊၊ သုံးေယာက္လုံးကေတာ့ ရန္ မ်က္ႏွာ အရိပ္အကဲ ကို ေသခ်ာ လိုက္ၾကည့္ေနၾကသည္၊၊ ဒီသုံးေယာက္ဟာေလ ဘယ္ေတာ့မွ ပြဲမၾကမ္းမျခင္းကို မရ၊၊

"ေကာင္းၿပီ ၊၊ဒါဆို သြားၾကမယ္"

ဆိုင္ကယ္ႏွစ္စီးျဖင့္ အိမ္ထဲကေန ရန္တို႔ အုပ္စု စတင္ေမာင္းထြက္လာခဲ့ၾကသည္၊၊ ရွမ္းျပည္ရဲ႕ မနက္ခင္းပိုင္းမွာေတာ့ ႏွင္းရည္မ်ားျဖင့္ အနည္းငယ္စိုစိစိ ရွိေနၿပီး ေတာင္တန္းစိမ္းမ်ားအေပၚ၌ေတာ့ ျမဴခိုးမ်ားက အုပ္မွိုင္းလို႔ေနသည္၊၊ ေအးခ်မ္းလွတဲ့ ဒီရာသီနဲ႕ ဒီေနရာဟာ သူတို႔ဟာနဲ႕သူတို႔ေတာ့ သဟဇာတ ျဖစ္ေနသလိုပါပဲ၊၊ ႐ြာငယ္ေလးထဲက လူေတြအမ်ားစုသည္လည္း အေအးဓာတ္ကို က်င့္သားရေနသဖြယ္ သြားလာ လႈပ္ရွား ေနသည္မွာ ေပါ့ပါးလြတ္လပ္စြာပင္ရွိလွသည္၊၊

ဒီ႐ြာငယ္ေလးမွာ ႐ြာလယ္၌ ဘုန္းႀကီးေက်ာင္းရွိၿပီး ႐ြာစြန္မွာေတာ့ ေရကန္ႀကီးတစ္ကန္ရွိေလသည္၊၊ မေန႕က ဘုန္းႀကီးဝတ္ ဖို႔ တစ္ဖက္႐ြာ၌ ရန္နဲ႕ ရွိုင္းခန့္ အဝတ္အစား သြားဝယ္ရင္းနဲ႕ ထိုေရကန္ႀကီးကို ရန္ ေတြ႕ခဲ့ျခင္းျဖစ္သည္၊၊ ေအးလြန္းတဲ့ ေဒသမို႔ ေရကန္ထဲမွ ေရေတြကေတာ့ ခဲေနေလ့ရွိသည္ဟု ရွိုင္းခန့္ကေျပာျပသည္၊၊ လူအမ်ားသုံးလို႔မရပဲ စြန့္ျပစ္ထားေသာ ေရကန္တစ္ကန္ဆိုရင္လည္း မမွားဘူးဟု ရွိုင္းခန့္ကထပ္တိုး ေျပာျပလာပါေသးသည္၊၊

အိမ္နဲ႕ ဘုန္းႀကီးေက်ာင္း က သိပ္မေဝးလွသည္မို႔ ခဏေလးအတြင္း ဘုန္းႀကီးေက်ာင္း ေရွ႕သို႔ ရန္တို႔ အုပ္စုေရာက္လာခဲ့ၾကသည္၊၊ ဘုန္းႀကီးေက်ာင္း အဝမွာေတာ့ သြားလာေနၾကေသာ လူမ်ားျဖင့္ ရႈပ္ယွက္ခတ္ ေနၾက၏၊၊ ဘုန္းႀကီးေက်ာင္း မွ ဖြင့္လွစ္ထားေသာ သီခ်င္းသံကလည္း ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ ရွိလွသည္၊၊

လမ္း၏ တစ္ဖက္ေဘး၌ ဆိုင္ကယ္ကိုရပ္လို႔ ဘုန္းႀကီးေက်ာင္း ထဲသို႔ အုပ္စုလိုက္ဝင္လာခဲ့ၾကသည္၊၊ ဘုန္းႀကီးေက်ာင္း အတြင္းသို႔ေရာက္ရွိလာေတာ့ တူညီေသာ ဝတ္စုံမ်ားျဖင့္ ထိုင္ေနၾကေသာ လူငယ္ေလးအမ်ားစုကိုေတြ႕ရသည္၊၊ ဒီလူငယ္ေလးေတြက ကိုရင္ ဝတ္မည့္ လူငယ္ေတြပင္

ရန္တို႔ေရာက္ၿပီး သိပ္မၾကာခင္မွာတင္ အခမ္းအနား က စတင္အသက္ဝင္လာေတာ့သည္၊၊ ရႈပ္ယွက္ခတ္ ေနေသာ လူမ်ားႏွင့္ ဘုန္းႀကီးေက်ာင္း အတြင္း ပိုက္ဆံက်ဲသည့္လူမ်ားကလည္း ရွိေလသည္၊၊ ထို႔ေနာက္ သူတို႔ထုံးတမ္းအစဥ္အလာကို စတင္လုပ္ကိုင္ၾကၿပီးေနာက္ ဘုန္းႀကီးဝတ္မဲ့လူေတြကို ဆံခ်ေပးေသာ အစီအစဥ္ ကလည္းစတင္ၾကသည္၊၊ ျမန္မာဓေလ့ထုံးတမ္းစဥ္လာနဲ႕ တူညီသည္ဟု ထင္ရေသာ္လည္း အနည္းငယ္လည္း ကြဲထြက္ေနေသးသည္၊၊

ဆံခ်ျခင္းကိစၥရပ္ေတြၿပီးစီးသည္ႏွင့္ တရားနာၾကၿပီးေနာက္ ေက်ာင္းထိုင္ႀကီးက သကၤန္း ေပးလို႔ လူဘဝ လူေဘာင္မွ သာသနာေဘာင္ထဲသို႔ သြပ္သြင္းျခင္းကိုျပဳ၏၊၊ ရန္နဲ႕ ရွိုင္းခန့္ကေတာ့ ဘုန္းႀကီးနဲ႕ ကိုရင္ေလးေတြျဖစ္သြားေသာ အိမ္ကလူေတြကိုသာ မ်က္ရည္ဝဲလ်က္ပင္ ရပ္ၾကည့္ေနမိၾကသည္၊၊ ရင္ထဲ၌ ျဖစ္ေပၚလာေသာ ပီတိ က ဘာနဲ႕မွ မလဲ နိုင္ေလာက္ေအာင္ပါပင္၊၊

"အစ္ကိုရန္ ကြၽန္ေတာ္တို႔ ျပန္ရေအာင္ေလ"

အေကြၽးအေမြး ေတြလည္း ၿပီးဆုံးသြားသည့္အျပင္ တစ္ခ်ိဳ႕လူေတြလည္း ျပန္ကုန္က်ၿပီမလို႔ ရန္တို႔လည္း ျပန္ဖို႔အခ်ိန္သင့္ေလၿပီ၊၊ ရန္နဲ႕ ရွိုင္းခန့္တို႔ ေဘးခ်င္းယွဥ္ လ်က္ျဖင့္ ဘုန္းႀကီးေက်ာင္း အဝသို႔ေလွ်ာက္ထြက္လာခဲ့သည္၊၊ ဘုန္းႀကီးေက်ာင္း အတြင္း သစ္ပင္ပန္းမန္ မ်ားျဖင့္ စိမ္းလန္းလ်က္ရွိၿပီ ေက်ာင္းႀကီးက တစ္ျခားၿမိဳ႕ေပၚေက်ာင္းမ်ားထက္ ေသးေသာ္လည္း သူအေနအထားနဲ႕သူေတာ့ အတင့္အသင့္ က်ယ္ဝန္း၏၊၊

"ဒကာေလး ခဏေစာင့္ပါဦး"

အေနာက္ဘက္မွ ေခၚသံတစ္ခုေၾကာင့္ ရန္လွည့္ၾကည့္မိေတာ့ အိမ္က ကိုယ္ေတာ္ ျဖစ္ေနေလ၏၊၊

"တင္ပါ့ ဘုရား"

"ဒါက ဒကာေလးကို စြန့္တာ"

ရန္ ဆီသို႔ ကမ္းေပးလာေသာ တ႐ုတ္စံကားဝါ ပန္းေလးတစ္ပြင့္၊၊ ဦးဇင္းကေတာ့ ၿပဳံး၍သာ ယူလိုက္ပါဆိုေသာ္ မ်က္ဝန္းေတြျဖင့္ၾကည့္၏၊၊

"ဘယ္ကေန ရလာတာပါလည္း ဘုရား"

"ဘုန္းႀကီးေက်ာင္း အေနာက္ အပင္ကေန ဒကာေလးအတြက္ ခူးလာတာပါ "

ဦးဇင္းလက္ထဲမွ တ႐ုတ္စံကားဝါ ပန္းပြင့္ေလးကို ယူလို႔ လက္အုပ္ခ်ီေခါင္းငုံ႕အရိုအေသ ျပဳၿပီးေနာက္ ရန္နဲ႕ ရွိုင္းခန့္ လွည့္ထြက္ဖို႔ျပင္ေတာ့

"ဒကာေလး ရွိုင္းခန့္ကိုကို ခဏေလးေနပါဦး"

ပခုံးေပၚမွ ေလ်ာ့က်ေနေသာ သကၤန္း ကို ျပန္မတင္လို႔ ေနာက္ထပ္ကိုယ္ေတာ္ တစ္ပါး ရန္တို႔ေရွ႕ကို ေရာက္လာခဲ့သည္၊၊

"ဒီက ဒကာေလး ရွိုင္းခန့္ကိုကို ကို ဦးဇင္းက ျပန္စြန့္တာပါ"

ဦးဇင္း ထိုးေပးလာေသာ ပန္းသည္ကာ သဇင္ပန္းျဖစ္၏၊၊ ရွိုင္းခန့္လည္း လက္အုပ္ခ်ီ ေခါင္းငုံ႕ အရိုအေသ ျပဳၿပီးေနာက္ ဦးဇင္းလက္ံမွ သဇင္ပန္းကိုလွမ္း ယူလိုက္သည္၊၊

"တပည့္ေတာ္တို႔ ႏွစ္ေယာက္ ျပန္ပါေတာ့မယ္ဘုရား"

ဦးဇင္းႏွစ္ပါးလုံးကို အရိုအေသေပးလ်က္ အစ္ကိုရန္နဲ႕ ရွိုင္းခန့္တို႔ ဘုန္းႀကီးေက်ာင္း ထဲကေန ထြက္လာခဲ့ၾကေတာ့သည္၊၊

"ရွိုင္းခန့္ ဒီသဇင္ပန္းကိုေလ ေက်ာင္းထိုင္ႀကီးေဘးနားက စားပြဲေပၚမွာ ေတြ႕မိသလိုပဲ"

"ဟုတ္တယ္ေလ အစ္ကိုရန္၊၊ ကြၽန္ေတာ္ ဦးဇင္းက ေက်ာင္းထိုင္ႀကီးဆီက ေတာင္းလာတာျဖစ္မယ္"

ရန္နဲ႕ ရွိုင္းခန့္မွာ တ႐ုတ္စကားဝါပန္းကို ရန္က ကိုင္ေဆာင္ထားလ်က္ရွိၿပီး ရွိုင္းခန့္ကေတာ့ သဇင္ပန္းကို ကိုင္ေဆာင္လ်က္ ဆိုင္ကယ္တစ္ေယာက္တစ္စီးျဖင့္ပင္ အိပ္ျပန္လမ္းကိုစတင္ခဲ့ၾကေတာ့သည္၊၊

°°°°°°°°°°°°°°°°°

" အစ္ကိုရန္ ဦးဇင္းနဲ႕ကိုရင္ေတြကို ကပ္ဖို႔ ႐ြာထိပ္က ဆိုင္မွာ အခ်ိဳရည္သြားဝယ္ရေအာင္"

ေန႕လယ္ေလာက္အခ်ိန္ျဖစ္ေနေသာျငား ေအးလြန္းေနသည့္ေၾကာင့္ အခန္းထဲ ရန္ ဝင္ေခြေနခိုက္ ရွိုင္းခန့္က ရန္ရွိေသာ အခန္းထဲသို႔ ေလွ်ာက္ဝင္လာၿပီး ေစ်းသြားဝယ္ရန္ အေဖာ္ညွိသည္၊၊ ထို႔ေၾကာင့္ ရန္လည္း အိပ္ယာေပၚမွ ဆင္းလ်က္ ရွိုင္းခန့္နဲ႕ အတူ အျပင္သို႔ထြက္လာခဲ့ေတာ့သည္၊၊

"ရွိုင္းခန့္ ဆိုင္ကယ္ကို မင္းေမာင္းလိုက္ေနာ္ ငါမလႈပ္ခ်င္လို႔ အေနာက္ကေနပဲ လိုက္ေတာ့မယ္"

"ရတယ္ အစ္ကိုရန္၊၊ အသြားအျပန္ကြၽန္ေတာ္ပဲ ေမာင္းလိုက္မယ္"

ထို႔သို႔ျဖင့္ အိမ္ေလးဆီကေန အစျပဳလို႔ ႐ြာလမ္းထိပ္သို႔ ရွိုင္းခန့္က မေႏွးမျမန္ေသာႏႈန္းျဖင့္ ဆိုင္ကယ္ေမာင္းထြက္လာခဲ့သည္၊၊ ဒီ႐ြာေလးမွာ ဘုန္းႀကီးေက်ာင္းက ႐ြာလယ္၌ ရွိသည္ျဖစ္၍ ႐ြာထိပ္က ေစ်းဆိုင္သို႔သြားလွ်င္ ဘုန္းႀကီးေက်ာင္း ကို ျဖတ္သြားရသည္၊၊ရန္တို႔ ဘုန္းႀကီးေက်ာင္း ေရွ႕မွ ျဖတ္သြားေတာ့ ဦးဇင္းနဲ႕ ကိုရင္မ်ား၏ ဘုရားစာ႐ြတ္ဆိုသံေတြကို ၾကားရသည္၊၊

ဘုန္းႀကီးေက်ာင္း ေက်ာ္လို႔ ႐ြာလမ္းထိပ္ေရာက္ဖို႔က နီးလွသည့္ေတာ့မဟုတ္ပဲ ခလယ္၌ အသီးအႏွံ စိုက္ပ်ိဳးထားေသာ ကြင္းျပင္ မ်ားႏွင့္ လက္ဖက္စိမ္းေတာမ်ား၏ လွပမႈကိုေတြ႕ျမင္ရသည္၊၊ ႏူးညံ့ေသာ ေလညွင္းကလည္း ေတာင္မ်ားစီမွ အဖ်ားရိုက္လို႔ ခပ္သြဲ႕သြဲ႕ေလးတိုက္ခတ္ေနၿပီး ေက်ာခ်မ္းသည္အထိ ေအးစိမ့္မႈရွိလွသည္၊၊

ရန္တို႔ ဆိုင္းကယ္စီးေနရင္း အေနာက္မွ ေနာက္ထပ္ဆိုင္ကယ္တစ္ခု၏ အသံျပင္းျပင္းကို ၾကားလိုက္ရသည္ေၾကာင့္ ရန္လွည့္ၾကည့္မိေတာ့ သကၤန္း တလြင့္လြင့္ျဖင့္ ဆိုင္ကယ္အရွိန္ျမင့္လ်က္ ေမာင္းႏွင္လာေသာ ဦးဇင္းႏွစ္ပါးပင္ျဖစ္သည္၊၊ ထိုဦးဇင္းႏွစ္ပါးက တစ္ျခားဦးဇင္းေတြေတာ့မဟုတ္ပဲ ရန္တို႔ အိမ္က ဦးဇင္းႏွစ္ပါးျဖစ္၏၊၊

"ရွိုင္းခန့္ ဆိုင္ကယ္ခဏ ရပ္လိုက္ဦး "

"ဘာျဖစ္လို႔လဲ အစ္ကိုရန္"

"အေနာက္ကို လွည့္ၾကည့္ ၾကည့္ဦး"

ရွိုင္းခန့္ အေနာက္သို႔လွည့္ၾကည့္လိုက္ေတာ့ ရွိုင္းခန့္တို႔ဆီသို႔ ဆိုင္ကယ္ ဦးတည္ ေမာင္းႏွင္လာေသာ ဦးဇင္းႏွစ္ပါးကိုေတြ႕၏၊၊ ထို႔ေၾကာင့္ ရွိုင္းခန့္လည္း ဆိုင္ကယ္ကို လမ္းေဘး၌ အသာရပ္လ်က္ အေျခအေနကို ေစာင့္ၾကည့္ေနလိုက္သည္၊၊

"ဒကာေလးတို႔ ဟူးးးး ဘယ္ .. ဘယ္သြားၾကမလို႔လဲ"

"ဦးဇင္းတို႔က တပည့္ေတာ္တို႔ေနာက္ကို လိုက္လာတာပါလားဘုရား"

ဦးဇင္းႏွစ္ပါးက ဆိုင္ကယ္ေပၚမွ ဆင္းလ်က္ သကၤန္း ေတြကို သပ္ရပ္စြာ ျပန္လည္ေနရာခ်ၿပီးေနာက္ ရန္တို႔ေရွ႕သို႔ တျဖည္းျဖည္း ေလွ်ာက္လာခဲ့သည္၊၊

"ဘယ္သြားၾကမလို႔လဲ ဦးဇင္းတို႔က ဒကာေလးတို႔ဆိုင္ကယ္ ျဖတ္ေမာင္းသြားတာ ေတြ႕လို႔ လိုက္လာတာ"

"ဦးဇင္းတို႔ကို အခ်ိဳရည္ကပ္ဖို႔အတြက္ သြားဝယ္မလို႔ပါ"

ဦးဇင္းႏွစ္ေယာက္ကလဲ ေနရခက္သလို ပုံစံေတြရွိၾကၿပီး ရန္နဲ႕ ရွိုင္းခန့္လည္း ဒီလိုအေျခအေန မွာ နည္းနည္းေနရခက္သည္၊၊ထို႔ေနာက္ ဦးဇင္းႏွစ္ပါးက ဘုန္းႀကီးေက်ာင္း ဘက္သို႔ ျပန္လည္ ေမာင္းႏွင္သြားခဲ့သည့္မို႔ ရန္တို႔လည္း ႐ြာထိပ္က ဆိုင္သို႔သာ ေမာင္းထြက္ခဲ့ေတာ့သည္၊၊

ဘာလိုလိုနဲ႕ ဒီေန႕နဲ႕ဆိုရင္ အိမ္ကဦးဇင္းေတြေတာင္ ငါးရက္ေျမာက္ေန႕ကို ေရာက္လာခဲ့သည္၊၊ ႏွစ္ပတ္ေလာက္ ဝတ္ဖို႔ အစီအစဥ္ ရွိထားတာမလို႔ ရန္တို႔ကေတာ့ ရွမ္းျပည္က ဒီ႐ြာေလးမွာ တစ္လေလာက္ ေတာ့ ေသာင္တင္ေနလိမ့္ဦးမည္၊၊

ေန႕တိုင္းအသီးအႏွံ႕စားျခင္းကိုလည္း က်င့္သားရလာသလို ေအးလြန္းလွတဲ့ ဒီအေအးဓာတ္ကိုလဲ က်င့္သားရလာခဲ့သည္၊၊ ဘယ္ေနရာၾကည့္ၾကည့္ လွပေသာ ရႉခင္းေတြေၾကာင့္လည္း စိတ္မွာ အၿမဲ ညစ္ၫူးေနသည္ ဟုမရွိပဲ ႐ႊင္လန္းေနရသည္၊၊

ေန႕တိုင္းလိုလို ဆြမ္းခံ ႂကြေလ့ ရွိေသာ အိမ္က ဦးဇင္းနဲ႕ ကိုရင္ေလးေတြကို ဒီမနက္ ဆြမ္းခံႂကြခ်ိန္မွာ မတြ႕သည္မို႔ ရန္ နည္းနည္းေတာ့ ေတြးဆဆျဖစ္သြားရသည္၊၊ မနက္ပိုင္းတိုင္း ရန္တို႔က ဆြမ္းလႉေနၾကမို႔ ဒီေန႕မွ အိမ္က ဦးဇင္းနဲ႕ ကိုရင္ ေတြကို ထူးထူးျခားျခား မေတြ႕သည္ျဖစ္၍ အေတြးေပါက္မိေနရသည္၊၊

" အစ္ကိုရန္ေရ အိမ္ေရွ႕မွာ ဧည့္သည္ေရာက္ေနတယ္ ထြက္ၾကည့္ပါဦး"

ကုမၸဏီ စာရင္းေတြ စစ္ေနတုန္း ရွိုင္းခန့္၏ မေက်မခ်မ္းအသံက ဟိန္းထြက္လာလွ်င္ လုပ္လက္စျဖစ္ေနသာ အလုပ္ေတြအားျပစ္ခ်လိဳ႕ ရန္ အခန္းထဲကေန ထြက္လာခဲ့သည္၊၊

"ဘာျဖစ္တာလဲ ရွိုင္းခန့္"

"ဟိုမွာေလ ကတုံး ေလးေယာက္ကို ၾကည့္"

ဧည့္ခန္းထဲသို႔ ေမးေငါ့ျပတာမလို႔ ရန္ ဧည့္ခန္းထဲသို႔ၾကည့္မိေတာ့ ဂတုံးေဖြးဖြေလးမ်ားျဖင့္ ေလးေယာက္သား မ်က္ႏွာငယ္ေလးေတြနဲ႕ ထိုင္ေနၾကသည္၊၊ အခုမွ ငါးရက္ပဲ ရွိေသးတာကို ေမာင္တို႔ကေတာ့ လူဝတ္လဲလိုက္ေလၿပီ၊၊ ရန္လည္း သက္ျပင္းအသာခ်လိဳ႕ ေမာင္ထိုင္ေနသာ နားသို႔ ေလွ်ာက္သြားလိုက္သည္၊၊

"ကဲ ဘာလို႔ ျဖစ္လာတာတုန္း"

"ဟိုေလ ဟို ထပ္မလြမ္းခ်င္ေတာ့လို႔ ေက်ာင္းထိုင္ႀကီးကိုခြင့္ေတာင္းၿပီး ေမာင္တို႔ လူဝတ္လဲလာတာ"

သေဘာက်ရပါေသာ သြားစြယ္ေဖြးေဖြးတို႔ ေပၚသည္အထိ ၿပဳံးျပလာေတာ့လဲ စိတ္ဆိုးမည္ဆိုေသာရန္၏ အႀကံအစည္ အစေလးမွာ လုံးဝကိုေပ်ာက္ကြယ္သြားရေတာ့ သည္၊၊ ေျပာင္ရွင္းေနေသာ ဂတုံးထိပ္ေလးကို လက္ညွိုး ျဖင့္အသာေတာက္လိုက္ေလေတာ့ အသဲနစ္မတတ္ခ်စ္ရတဲ့ေမာင္ဟာ ရင္ခြင္ထဲသို႔ ေခါင္းထိုးလ်က္ တိုးဝင္လာပါ၏၊၊

"သားတို႔ၾကေမ့ေနတယ္ ေဖလြန္း လုံးဝမေကာင္းဘူး"

"ဟုတ္ပါၿပီကြာ လာပါဦး ေဖလြန္းသားေတြ "

ရန္ ရင္ခြင္ထဲသို႔ ေနာက္ထပ္ ဂတုံးေလးႏွစ္ေယာက္က အတင္းကို ေခါင္းတိုးလို႔ ဝင္ေရာက္လာခဲ့သည္၊၊ ေျပာင္ရွင္းေနေသာ ဂတုံး သုံးေယာက္၏ ထိပ္ေတြကို ရန္ အသဲယားစဖြယ္ ခပ္နာနာေလး ေခါက္လိုက္ေတာ့ သားဖသုံးေယာက္လုံး၏ ႐ုပ္ေတြက ခ်က္ျခင္းကို တူညီစြာ ဆူပုတ္ေကာက္ခ်ိတ္သြားၾကေတာ့သည္၊၊

"ဟားး ငါဂတုံးေလးေတြက ခ်စ္ဖို႔ေကာင္းလိုက္တာ"

အိမ္ငယ္ေလးထဲ ေျပာင္ရွင္းေနေသာ ဂတုံးထိပ္ေလးေတြကိုသာ ရန္ လိုက္ေခါက္ရင္း မႀကိဳက္မွန္းသိေသာ္လည္း ပိုပိုစ လ်က္ရွိသည္မို႔ ရယ္ေမာ ဆူညံ့သံေတြက အလွ်ံပယ္ ကို ထြက္က်ေနေတာ့သည္၊၊ ဒီလူသားနဲ႕ ဒီရတနာထုတ္ေလး ႏွစ္ထုတ္သာ ရန္အနား အခ်ိန္မေ႐ြးရွိေနလွ်င္ ေပ်ာ္႐ႊင္မႈဆိုေသာ အရာမွာ ပင္လယ္ေရေတြ ‌လိုပါပဲ ရန္ဆီ၌ မကုန္နိုင္မခမ္းနိုင္ကိုရွိလွေတာ့သည္၊၊

°°°°°°°°°°°°°

13.2.2024 ( Happy birthday to me >< )

အခုလို မေကာင္းတဲ့ ကာလအေျခအေနႀကီးမွာ ကိုယ္ကို ကိုယ္အတတ္နိုင္ဆုံး ဂ႐ုစိုက္ ကာကြယ္ၾကပါဗ်ာ၊၊ Zero fic အတြက္ up ကေတာ့ အရင္လို႔ ပုံမွန္ျဖစ္ခ်င္မွ ျဖစ္ပါေတာ့မယ္ ၊၊ အလုပ္ေတြလည္းရႈပ္ေနတဲ့ အျပင္ အခု ကာလအေျခအေနေၾကာင့္ေရာ fic ဘက္ကို အာ႐ုံစိုက္ဖို႔ မရလို႔ပါ၊၊ ကြၽန္ေတာ္ fic ကို ေစာင့္ဖတ္ေပးတဲ့လူတိုင္းကို ေက်းဇူးအထူးတင္ရွိပါတယ္ဗ်ာ....

//////////////

Continue Reading

You'll Also Like

39.2K 3.1K 23
In the darkest timeline, Shehnaaz Gill kisses Asim. To be clear, I don't believe shehnaaz gill would ever do this. Alas, this came up. She should've...
525K 7.9K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
841K 70K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
2.6M 150K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...