နှစ်ကြိမ်တိတိမိုးသည်းထန်စွာရွာပြီးနောက်တွင် S ပြည်နယ်၌ ရာသီဥတုအပူချိန်လျော့သွားသည်မှာ ယခင်နှစ်ထက်စောနေခဲ့ပြီး စက်တင်ဘာလအစပိုင်းမှာတင် အအေးဘက်သို့ကူးပြောင်းလာခဲ့သည်။ ရွှီကျစ်သည် စက်တင်ဘာလအစပိုင်းတွင်ပင် 'ချင့်ယီ'မြို့မှထွက်ခွာခဲ့ပြီး လောင်ချိုက်ကိုယ်တိုင် လေဆိပ်အထိ ကားဖြင့်လိုက်ပို့ပေးခဲ့၏။ ကားအနောက်ခန်းတွင် ချိုက်ယင်းယင်းနှင့်အတူထိုင်လာခဲ့ပြီး အရှေ့ခန်းမှလောင်ရွှီတစ်ယောက် စကားများလာခဲ့သည်မှာ တစ်လမ်းလုံးပေ။ လမ်းသွားလမ်းလာတစ်လျှောက်၌ 'အနွေးဓါတ်ကိုမလိုအပ် လှပကြည့်ကောင်းဖို့ရာသာလိုအပ်သည်'ဆိုသောဆောင်ပုဒ်ကို လက်ကိုင်စွဲပြီးဝတ်စားထားသည့်မိန်းကလေးများကိုတွေ့တိုင်း အနောက်ဘက်သို့လှည့်၍ ;
"သမီး ဟိုဒေသကိုရောက်ရင် ဒီကမိန်းကလေးတွေလို ဝတ်လို့မရဘူးနော် ၊ အဲ့ဒီဒေသက ဖေဖေတို့ဆီမှာထက်အေးတယ် ၊ ဆောင်းတွင်းဝင်တာနဲ့ ဂျင်းဘောင်းဘီအရှည်တွေပဲဝတ်"
လောင်ချိုက်သည်လည်း ဤအခြေအနေကိုအခွင့်ကောင်းယူ၍ ချိုက်ယင်းယင်းထံသို့ စကားဆိုလိုက်သည်။
"သမီးလည်းသတိထား ၊ စာသင်ချိန်အတန်းတွေကို ကောင်းကောင်းသွားတက် ၊ တစ်နေကုန်တစ်နေခမ်း မိတ်ကပ်ဘယ်လိုပြင်ရမလဲဆိုတာချည်း စမ်းမနေနဲ့"
ချိုက်ယင်းယင်းက ချက်ချင်းကိုလက်မခံချေဘဲ ရွှီကျစ်၏လက်မောင်းကိုဖက်၍ စကားဆိုသည်။
"မဟုတ်သေးပါဘူးနော် ၊ ဒါကတော့ ဖေဖေ့ကိုအပြစ်တင်ရမှာပဲ ၊ ဖေဖေသာ သမီးကို လှလှလေးမွေးပေးလာရင် မိတ်ကပ်တွေစမ်းနေစရာလိုပါ့မလား ၊ သမီးလည်း ရွှီကျစ်လိုမျိုးဆိုရင် နေ့တိုင်းမိတ်ကပ်မလိမ်းဘဲ အပြင်ထွက်ရင်တောင် လိုက်ကြိုက်မယ့်ကောင်လေးတွေအများကြီးရှိမှာပေါ့"
"ဘာဖြစ်တယ် ၊ အများကြီးဟုတ်လား"
လောင်ရွှီမှာ လှုပ်လှုပ်ရှားရှားဖြစ်သွားရ၍ ;
"ဟိုတစ်ယောက်ပဲရှိတာ မဟုတ်ဘူးလား"
ချိုက်ယင်းယင်းက ခပ်ယိုင်ယိုင်တိုးသွားလိုက်ပြီး အသံတိုးတိုးလေးနှင့် ;
"သမီးသိတဲ့ဟိုတစ်ယောက်လား"
လောင်ရွှီက မယုံသင်္ကာကြည့်၍ ;
"မပြောပြဘူး"
ရွှီကျစ်က မျက်နှာသေဖြင့်သာ အပြင်ဘက်သို့လှမ်းကြည့်နေလေပြီး ထို့အစား ကားမောင်းနေသည့်လောင်ချိုက်က အမေးရှိလာခဲ့သည်။
"ဘာတွေပြောနေကြတာလဲ"
သို့သော်ငြား မည်သူကမှအရေးမလုပ်ချေ။
လေဆိပ်ထဲသို့ကားဝင်လာသည့်အချိန်တွင်တော့ ချိုက်ယင်းယင်းတစ်ယောက် အမှန်တကယ်ခွဲခွာရတော့မည့်ခံစားချက်ကြီးအား ခံစားမိလာရ၏။ သူတို့နှစ်ဦးမှာ ကလေးအရွယ်ကတည်းက တစ်ခါမှမခွဲဖူး။ လုံခြုံရေးစစ်ဆေးသည့်နေရာအရောက်တွင် သွားသွားလာလာလုပ်နေကြသည့်လူတန်းကြီးလည်းပိုရှည်လျားလာသောကြောင့် လေးဦးသားက ထိုနေရာတွင်သာရပ်လိုက်ကြပြီး ချိုက်ယင်းယင်းမှာ ရွှီကျစ်၏လက်ကိုကိုင်၍ မျက်ရည်ဝိုင်းဝိုင်းဖြင့်စကားဆိုတော့၏။
"နောက်နှစ်ကျရင် နင် ရှိတဲ့မြို့ကိုရောက်အောင် ငါ စာမေးပွဲဖြေခဲ့မယ်"
ရွှီကျစ်သည်လည်း ခေါင်းတငြိမ့်ငြိမ့်နှင့် ;
"စောင့်နေမယ်နော်"
ချိုက်ပင်းဟုန်က အိတ်ကပ်ထဲမှ စာအိတ်နီတစ်အိတ်ထုတ်လာပြီးလှမ်းပေးလာသည့်အခါ ရွှီကျစ် အောင့်သက်သက်ဖြင့် ;
"ဒီတစ်ခေါက်လည်း အကြွေးအရင်မှတ်ထားခိုင်းတဲ့စာရွက်ကြီးတော့မဟုတ်ဘူးမလား ၊ သမီး ဆယ့်ရှစ်နှစ်ပြည့်တုန်းရတဲ့မုန့်ဖိုးတောင် အပြည့်မပေးရသေးဘူးနော်"
ချိုက်ပင်းဟုန်မှာ ငွေရေးကြေးရေးအစွဲအလမ်းကြီးနေသူကြောင့် မနေနိုင်အောင် တဟားဟားအော်ရယ်တော့၏။
"ကိုင်ကြည့်လိုက်ပါဦး"
ဟ! အထူကြီး!
ရွှီကျစ်က တအံ့တသြနှင့်မော့ကြည့်လိုက်မိပြီးနောက် လောင်ရွှီထံသို့လည်း ယူရကောင်းနိုးနိုးဖြင့်ကြည့်လိုက်လျှင် လောင်ရွှီက စာအိတ်နီအားတစ်ချက်ကိုင်ကြည့်လိုက်သည်။
"ဒီစာအိတ်က ဘာလို့ထူးဆန်းနေတာလဲလို့တောင် ငါ ပြောမိသေးသားပဲ ၊ ယွမ်နှစ်သောင်းလောက်တော့ အသာလေးပါတယ်မလား ၊ ဒီလောက်ပိုက်ဆံအများကြီးကို ကလေးလက်ထဲ တိုက်ရိုက်ထည့်လို့ဘယ်ဖြစ်မလဲ"
လောင်ရွှီထံမှ လက်မခံရမည့်အကြောင်းဆိုတော့မည်အပြု ၊ ချိုက်ပင်းဟုန်က စကားမဆိုရသေးခင်ပင်တားမြစ်လိုက်ပြီး ရွှီကျစ်ထံသို့လှမ်းကြည့်လိုက်ပြီးမှ လောင်ရွှီအား ရှင်းပြလိုက်သည်။
"ဒီဟာက ငါ သူ့ကို ဆယ်နှစ်ကတည်းက ကတိပေးထားပြီးသားမလို့ပါကွာ ၊ ဒီနှစ်တွေထဲမှာလည်း မုန့်ဖိုးတစ်ခါမှမပေးရသေးတာလည်း မင်းလည်း အသိပဲလေ ၊ ပေးမယ်လို့ပြောထားပေမယ့် ငါ့ဆီမှာပဲ သိမ်းထားသလိုဖြစ်နေတာကိုး ၊ တက္ကသိုလ်တက်တော့မှပဲ အားလုံးစုပေါင်းပေးလိုက်တာပါ ၊ မင်းတို့အိမ်က ကလေးမလေးက ဥာဏ်ပြေးသလားမမေးနဲ့နော် ၊ အဲ့တုန်းက ငါ့ကို ဘာပြောတယ်မှတ်လဲ.....နှစ်သစ်ကူးမုန့်ဖိုးဆိုတာက အလိမ်အညာတွေချည်းပဲ ၊ သူ့ကိုယ်ပိုင်ပိုက်ဆံဆိုတာ သူ အရွယ်ရောက်မှ တကယ်စီမံလို့ရမှာတဲ့"
ရွှီကျစ်မှာ အသက်ဆယ်နှစ်အရွယ်တွင်ပြောခဲ့ဖူးသောစကားများအား လောင်ချိုက် မှတ်မိနေလိမ့်ဦးမည်ဟုမထင်ထားခဲ့ ၊ သူမကိုယ်တိုင်မှာတော့ မေ့လျော့နှင့်နေပြီဖြစ်၏။ သို့နှင့် အတွေးများလာလိုက်ရာ လေယာဥ်ခရီးသည်ပို့ဆောင်သည့်ဘတ်စ်ကားလေးပေါ်ရောက်သည့်အခါတွင်မှ ကျေးဇူးတင်စကားပြောဖို့မေ့နေခဲ့ကြောင်းသတိရပြီး လောင်ချိုက်ထံသို့ မက်ဆေ့စာတစ်စောင်ရေးပို့လိုက်တော့သည်။ လောင်ချိုက်ကလည်း စာပြန်လာခဲ့သည်။
လက်ထောက်ဆေးရုံအုပ်ချိုက် : [ တက္ကသိုလ်ကျောင်းသူကြီးရွှီ ၊ ဦးလေးဆီမှာ တောင်းဆိုစရာတစ်ခုပဲရှိတယ် ၊ နောင်ပိုက်ဆံရှာနိုင်တဲ့အချိန်ကျရင် သမီးရဲ့ဖေဖေကို ဂျင်းဘောင်းဘီတစ်ထည်အရင်ဝယ်ပေးလိုက်ပါ ၊ ရည်းစားကောင်လေးဘာညာတွေကို ဘေးချိတ်ထားလိုက် ]
ရွှီကျစ်က 'ဟုတ်' ဟူ၍ စာတစ်စောင်ပြန်လိုက်သည်။
သူမဟာ မနေ့ညတုန်းက လောင်ရွှီနှင့်နှစ်ကိုယ်တည်း သေရည်အတူသောက်ပေးရင်း 'Snowflake Dragon Goddess' ဇာတ်လမ်းတွဲအား အတူကြည့်ဖြစ်ခဲ့သေးသည်။ လရောင်ခြည်ဟာ ပြတင်းပေါက်ဘေးမှ ဘွန်ဆိုင်းပင်လေးထက်သို့ဖြာကျနေပြီး ဧည့်ခန်းထဲတွင်လည်း မီးဖွင့်ထားခြင်းမရှိ ၊ တိတ်ဆိတ်မည်းမှောင်နေ၏။ လောင်ရွှီသည် ဤဇာတ်ဝင်ခန်းတစ်ခုဖြစ်သည့် - 'ရှန့်ကွမ်းယန်' မှ 'အိုးရန်မင်းရစ်'အား ဝိဥာဥ်ရှင်သန်ဆေးလုံးပေးသည့်အချိန်တွင် 'အိုးရန်မင်းရစ်'က ဖခင်ဖြစ်သူကိုတဆင့်ပြန်ပေး၍ ဖခင်၏အသက်ကိုကယ်တင်ရန်ကြိုးစားသည့်ဇာတ်ဝင်ခန်းအား ပြန်လည်ကြည့်သည့်အကြိမ်တိုင်း မျက်ရည်ပေါက်ပေါက်ကျသည်ပေ။
"လိမ္မာလိုက်တဲ့သားကွာ....လိမ္မာလိုက်တဲ့သား"
ယမန်နေ့သည်လည်း မထူးမခြားပင်ဖြစ်ကာ မျက်ရည်စက်လက်နှင့်လောင်ရွှီက ရွှီကျစ်က ယခင်ကအတိုင်းစကားဆိုလာသေး၏။
"မြင်တယ်မလား ၊ ဖခင်ကသာ အရေးအကြီးဆုံး"
ရွှီကျစ်မှာ စကားလုံးနောက်ကွယ်မှအဓိပ္ပါယ်ကိုနားလည်သည့်အလျောက် ရယ်ရခက်ခက် ငိုရခက်ခက်နှင့် တစ်သျှူးတစ်ရွက်ထုတ်ပေးပြီး စကားဆိုလိုက်သည်။
"ဖေဖေ စိတ်ချပါ ၊ သမီး တက္ကသိုလ်မှာ ရည်းစားထားဖြစ်လောက်မှာမဟုတ်ဘူး"
ရွှီကွမ်းကျိက ရုတ်တရက်ဆတ်ခနဲဖြတ်သွားရရင်း မျက်ရည်ကိုအချိန်မီသုတ်လျက်ဖြင့် အာဆွတ်ရုံမျှအရက်သောက်လိုက်ပြီး လေးလေးနက်နက်စကားဆိုလာခဲ့သည်။
"ရည်းစားကတော့ထားရမှာပေါ့ ၊ နောင်တစ်ချိန် ပြင်ပလူ့ဘောင်အဖွဲ့အစည်းထဲ တကယ်ဝင်ရတဲ့အခါကျရင် နေ့တိုင်းအဓိပ္ပါယ်အမျိုးမျိုးပါတဲ့အကြည့်တွေကို ရင်ဆိုင်ရတော့မှာ ၊ အဲ့ဒီအခါကျမှ ကျောင်းသားအရွယ်အချစ်တွေကသာ အသန့်ရှင်းဆုံး အပေါ့ပါးဆုံးဖြစ်မှန်းသိရလိမ့်မယ် ၊ ဖေဖေကတော့ သမီး တစ်ခါလောက်တွေ့ကြုံကြည့်ဖို့ အကြံပြုတယ်နော်"
စကားဆိုနေရင်း လောင်ရွှီက အဓိပ္ပါယ်ပါပါနှင့်လှည့်ကြည့်လာ၍ ;
"ဘာဖြစ်လို့လဲ ၊ ချန်လုကျိုးမရှိရင် သမီး အသက်မရှင်နိုင်တော့လို့လား"
ရွှီကျစ်မှာ မျက်မှန်တပ်ထားသည်မျိုးအလွန်ရှားပြီး မျက်မှန်ပါဝါမများသောကြောင့်လည်း တပ်၍လည်းအဆင်ပြေသလို မတပ်၍လည်းရသည်ပေ။ ငွေရောင်မှန်ဝိုင်းမျက်မှန်ကိုင်းမှာ ဖြောင့်စင်းနေသည့်နှာတံထက်တွင်နေရာယူထားပြီး သူမ၏ပုံစံမှာ ရင့်ကျက်သည့်ပညာရှင်တစ်ယောက်သဖွယ်ဖြစ်နေ၏။ လူတစ်ယောက်လုံးမှာတော့ ဆိုဖာပေါ်ပစ်မှီထားပြီး အရက်ဖြူခွက်အား အာရုံစိုက်ကြည့်နေရင်းဖြင့် တလေးတနက်ပင်စကားပြန်ဆိုလာခဲ့သည်။
"အဲ့လိုတော့လည်းမဟုတ်ပါဘူး ၊ ဒီအတိုင်း.....ချန်လုကျိုးလို လူတစ်ယောက်နဲ့ထပ်တွေ့ဖို့ အရမ်းခက်ခဲလောက်တယ်လို့ထင်မိရုံပါ ၊ ပြီးတော့ သမီးတို့မေဂျာက အရမ်းအလုပ်များမှာ"
ရွှီကွမ်းကျိ မယုံကြည်ချင်ပါချေ။ ထိုကောင်လေးက ကြည့်ကောင်းနေရုံကလွဲလျှင် ဘယ်လောက်များကောင်းနေနိုင်ပါ့မည်။
"အပိုတွေ.....သွားကြည့်ပြီးမှထပ်ပြော ဟုတ်ပြီလား ၊ ပြောမရရင် သမီးတို့ကျောင်းကြီးထဲမှာ အများကြီးရှိနေရင်ရော ၊ သူလိုလူမျိုးတွေ တစ်လမ်းလုံးအပြည့်ဖြစ်နေနိုင်တာပဲ ၊ အုတ်ခဲတစ်လုံးပစ်ပေါက်လိုက်ရုံနဲ့တင် ချန်လုကျိုးကိုးယောက်လောက်ကို အသေသတ်နိုင်လိမ့်မယ်"
ရွှီကျစ်က ဖန်ခွက်က်ုချပြီး မျက်မှန်အနေအထားကိုညှိ၍ ခပ်ရေးရေးသာပြုံးလိုက်တော့သည်။
"ဟုတ်ကဲ့ပါ ၊ ဖေဖေပြောတဲ့အတိုင်းဖြစ်နေပါစေ"
----
ရွှီကျစ်သည် နဂိုက အဆောင်သို့ပထမဆုံးရောက်လိမ့်မည်ဟုထင်ထားခဲ့သော်ငြား သူမ ရောက်လာသည့်အချိန်တွင် အိပ်ရာတစ်ခုက သပ်သပ်ရပ်ရပ်ခင်းထားနှင့်ကြောင်းတွေ့လိုက်ရသည်။ ပစ္စည်းများနေရာချပြီးနောက် နေ့စဥ်သုံးရမည့်ပစ္စည်းများသွားဝယ်ရန်အတွက် အောက်ထပ်ဆင်းရန်ပြင်လိုက်သည့်အချိန်တွင် ပုခုံးသာသာလေးရှိသည့်ဆံပင်ရှည် ၊ အနက်ရောင်မျက်မှန်ဝိုင်းလေးတပ်ထားသည့်မိန်းကလေးတစ်ဦးနှင့် ထိပ်တိုက်ဆုံလိုက်ရ၏။ ထိုမိန်းကလေးက ရွှီကျစ်အားလှမ်းမြင်လိုက်သည့်အခါ အလိုအလျောက်ပင်စကားဆိုလာ၏။
"507 ကလား"
ရွှီကျစ် ခေါင်းငြိမ့်ပြလိုက်သည်။
"ဟယ်လို ၊ ငါ့နာမည်က ရွှီကျစ်"
တစ်ဖက်လူက ရှက်ကိုးရှက်ကန်းလေးဖြင့်တုံ့ပြန်လာ၏။
"ဟယ်လို ဟယ်လို ၊ ငါ့နာမည်က 'ရွှီကုန်းကျု' ပါ"
*****************
[ T/N ; Campus life is coming..... ၊ စာရေးသူက သူ့သားလေးကို အရမ်းချစ်တာ ၊ ဓါးလာရင် ဓါးကိုဖြတ်ချိုးပေမယ့်ကောင်မလေးလည်း ပေးထားတယ် ၊ စိတ်ကောက်ရင်ချော့မယ့်ရည်းစားလေးနဲ့လည်း တွဲပေးထားတယ် ၊ အဟမ်း အဟမ်း ကားတွေလည်းခဏခဏစီး.......အရမ်းမြန်တဲ့ပြိုင်ကားတွေဖြစ်နေပေမယ့်ပေါ့ ]
~~Zawgyi~~
ႏွစ္ႀကိမ္တိတိမိုးသည္းထန္စြာ႐ြာၿပီးေနာက္တြင္ S ျပည္နယ္၌ ရာသီဥတုအပူခ်ိန္ေလ်ာ့သြားသည္မွာ ယခင္ႏွစ္ထက္ေစာေနခဲ့ၿပီး စက္တင္ဘာလအစပိုင္းမွာတင္ အေအးဘက္သို႔ကူးေျပာင္းလာခဲ့သည္။ ႐ႊီက်စ္သည္ စက္တင္ဘာလအစပိုင္းတြင္ပင္ 'ခ်င့္ယီ'ၿမိဳ႕မွထြက္ခြာခဲ့ၿပီး ေလာင္ခ်ိဳက္ကိုယ္တိုင္ ေလဆိပ္အထိ ကားျဖင့္လိုက္ပို႔ေပးခဲ့၏။ ကားအေနာက္ခန္းတြင္ ခ်ိဳက္ယင္းယင္းႏွင့္အတူထိုင္လာခဲ့ၿပီး အေရွ႕ခန္းမွေလာင္႐ႊီတစ္ေယာက္ စကားမ်ားလာခဲ့သည္မွာ တစ္လမ္းလုံးေပ။ လမ္းသြားလမ္းလာတစ္ေလွ်ာက္၌ 'အႏြေးဓါတ္ကိုမလိုအပ္ လွပၾကည့္ေကာင္းဖို႔ရာသာလိုအပ္သည္'ဆိုေသာေဆာင္ပုဒ္ကို လက္ကိုင္စြဲၿပီးဝတ္စားထားသည့္မိန္းကေလးမ်ားကိုေတြ႕တိုင္း အေနာက္ဘက္သို႔လွည့္၍ ;
"သမီး ဟိုေဒသကိုေရာက္ရင္ ဒီကမိန္းကေလးေတြလို ဝတ္လို႔မရဘူးေနာ္ ၊ အဲ့ဒီေဒသက ေဖေဖတို႔ဆီမွာထက္ေအးတယ္ ၊ ေဆာင္းတြင္းဝင္တာနဲ႕ ဂ်င္းေဘာင္းဘီအရွည္ေတြပဲဝတ္"
ေလာင္ခ်ိဳက္သည္လည္း ဤအေျခအေနကိုအခြင့္ေကာင္းယူ၍ ခ်ိဳက္ယင္းယင္းထံသို႔ စကားဆိုလိုက္သည္။
"သမီးလည္းသတိထား ၊ စာသင္ခ်ိန္အတန္းေတြကို ေကာင္းေကာင္းသြားတက္ ၊ တစ္ေနကုန္တစ္ေနခမ္း မိတ္ကပ္ဘယ္လိုျပင္ရမလဲဆိုတာခ်ည္း စမ္းမေနနဲ႕"
ခ်ိဳက္ယင္းယင္းက ခ်က္ခ်င္းကိုလက္မခံေခ်ဘဲ ႐ႊီက်စ္၏လက္ေမာင္းကိုဖက္၍ စကားဆိုသည္။
"မဟုတ္ေသးပါဘူးေနာ္ ၊ ဒါကေတာ့ ေဖေဖ့ကိုအျပစ္တင္ရမွာပဲ ၊ ေဖေဖသာ သမီးကို လွလွေလးေမြးေပးလာရင္ မိတ္ကပ္ေတြစမ္းေနစရာလိုပါ့မလား ၊ သမီးလည္း ႐ႊီက်စ္လိုမ်ိဳးဆိုရင္ ေန႕တိုင္းမိတ္ကပ္မလိမ္းဘဲ အျပင္ထြက္ရင္ေတာင္ လိုက္ႀကိဳက္မယ့္ေကာင္ေလးေတြအမ်ားႀကီးရွိမွာေပါ့"
"ဘာျဖစ္တယ္ ၊ အမ်ားႀကီးဟုတ္လား"
ေလာင္႐ႊီမွာ လႈပ္လႈပ္ရွားရွားျဖစ္သြားရ၍ ;
"ဟိုတစ္ေယာက္ပဲရွိတာ မဟုတ္ဘူးလား"
ခ်ိဳက္ယင္းယင္းက ခပ္ယိုင္ယိုင္တိုးသြားလိုက္ၿပီး အသံတိုးတိုးေလးႏွင့္ ;
"သမီးသိတဲ့ဟိုတစ္ေယာက္လား"
ေလာင္႐ႊီက မယုံသကၤာၾကည့္၍ ;
"မေျပာျပဘူး"
႐ႊီက်စ္က မ်က္ႏွာေသျဖင့္သာ အျပင္ဘက္သို႔လွမ္းၾကည့္ေနေလၿပီး ထို႔အစား ကားေမာင္းေနသည့္ေလာင္ခ်ိဳက္က အေမးရွိလာခဲ့သည္။
"ဘာေတြေျပာေနၾကတာလဲ"
သို႔ေသာ္ျငား မည္သူကမွအေရးမလုပ္ေခ်။
ေလဆိပ္ထဲသို႔ကားဝင္လာသည့္အခ်ိန္တြင္ေတာ့ ခ်ိဳက္ယင္းယင္းတစ္ေယာက္ အမွန္တကယ္ခြဲခြာရေတာ့မည့္ခံစားခ်က္ႀကီးအား ခံစားမိလာရ၏။ သူတို႔ႏွစ္ဦးမွာ ကေလးအ႐ြယ္ကတည္းက တစ္ခါမွမခြဲဖူး။ လုံၿခဳံေရးစစ္ေဆးသည့္ေနရာအေရာက္တြင္ သြားသြားလာလာလုပ္ေနၾကသည့္လူတန္းႀကီးလည္းပိုရွည္လ်ားလာေသာေၾကာင့္ ေလးဦးသားက ထိုေနရာတြင္သာရပ္လိုက္ၾကၿပီး ခ်ိဳက္ယင္းယင္းမွာ ႐ႊီက်စ္၏လက္ကိုကိုင္၍ မ်က္ရည္ဝိုင္းဝိုင္းျဖင့္စကားဆိုေတာ့၏။
"ေနာက္ႏွစ္က်ရင္ နင္ ရွိတဲ့ၿမိဳ႕ကိုေရာက္ေအာင္ ငါ စာေမးပြဲေျဖခဲ့မယ္"
႐ႊီက်စ္သည္လည္း ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ ;
"ေစာင့္ေနမယ္ေနာ္"
ခ်ိဳက္ပင္းဟုန္က အိတ္ကပ္ထဲမွ စာအိတ္နီတစ္အိတ္ထုတ္လာၿပီးလွမ္းေပးလာသည့္အခါ ႐ႊီက်စ္ ေအာင့္သက္သက္ျဖင့္ ;
"ဒီတစ္ေခါက္လည္း အေႂကြးအရင္မွတ္ထားခိုင္းတဲ့စာ႐ြက္ႀကီးေတာ့မဟုတ္ဘူးမလား ၊ သမီး ဆယ့္ရွစ္ႏွစ္ျပည့္တုန္းရတဲ့မုန့္ဖိုးေတာင္ အျပည့္မေပးရေသးဘူးေနာ္"
ခ်ိဳက္ပင္းဟုန္မွာ ေငြေရးေၾကးေရးအစြဲအလမ္းႀကီးေနသူေၾကာင့္ မေနနိုင္ေအာင္ တဟားဟားေအာ္ရယ္ေတာ့၏။
"ကိုင္ၾကည့္လိုက္ပါဦး"
ဟ! အထူႀကီး!
႐ႊီက်စ္က တအံ့တၾသႏွင့္ေမာ့ၾကည့္လိုက္မိၿပီးေနာက္ ေလာင္႐ႊီထံသို႔လည္း ယူရေကာင္းနိုးနိုးျဖင့္ၾကည့္လိုက္လွ်င္ ေလာင္႐ႊီက စာအိတ္နီအားတစ္ခ်က္ကိုင္ၾကည့္လိုက္သည္။
"ဒီစာအိတ္က ဘာလို႔ထူးဆန္းေနတာလဲလို႔ေတာင္ ငါ ေျပာမိေသးသားပဲ ၊ ယြမ္ႏွစ္ေသာင္းေလာက္ေတာ့ အသာေလးပါတယ္မလား ၊ ဒီေလာက္ပိုက္ဆံအမ်ားႀကီးကို ကေလးလက္ထဲ တိုက္ရိုက္ထည့္လို႔ဘယ္ျဖစ္မလဲ"
ေလာင္႐ႊီထံမွ လက္မခံရမည့္အေၾကာင္းဆိုေတာ့မည္အျပဳ ၊ ခ်ိဳက္ပင္းဟုန္က စကားမဆိုရေသးခင္ပင္တားျမစ္လိုက္ၿပီး ႐ႊီက်စ္ထံသို႔လွမ္းၾကည့္လိုက္ၿပီးမွ ေလာင္႐ႊီအား ရွင္းျပလိုက္သည္။
"ဒီဟာက ငါ သူ႕ကို ဆယ္ႏွစ္ကတည္းက ကတိေပးထားၿပီးသားမလို႔ပါကြာ ၊ ဒီႏွစ္ေတြထဲမွာလည္း မုန့္ဖိုးတစ္ခါမွမေပးရေသးတာလည္း မင္းလည္း အသိပဲေလ ၊ ေပးမယ္လို႔ေျပာထားေပမယ့္ ငါ့ဆီမွာပဲ သိမ္းထားသလိုျဖစ္ေနတာကိုး ၊ တကၠသိုလ္တက္ေတာ့မွပဲ အားလုံးစုေပါင္းေပးလိုက္တာပါ ၊ မင္းတို႔အိမ္က ကေလးမေလးက ဥာဏ္ေျပးသလားမေမးနဲ႕ေနာ္ ၊ အဲ့တုန္းက ငါ့ကို ဘာေျပာတယ္မွတ္လဲ.....ႏွစ္သစ္ကူးမုန့္ဖိုးဆိုတာက အလိမ္အညာေတြခ်ည္းပဲ ၊ သူ႕ကိုယ္ပိုင္ပိုက္ဆံဆိုတာ သူ အ႐ြယ္ေရာက္မွ တကယ္စီမံလို႔ရမွာတဲ့"
႐ႊီက်စ္မွာ အသက္ဆယ္ႏွစ္အ႐ြယ္တြင္ေျပာခဲ့ဖူးေသာစကားမ်ားအား ေလာင္ခ်ိဳက္ မွတ္မိေနလိမ့္ဦးမည္ဟုမထင္ထားခဲ့ ၊ သူမကိုယ္တိုင္မွာေတာ့ ေမ့ေလ်ာ့ႏွင့္ေနၿပီျဖစ္၏။ သို႔ႏွင့္ အေတြးမ်ားလာလိုက္ရာ ေလယာဥ္ခရီးသည္ပို႔ေဆာင္သည့္ဘတ္စ္ကားေလးေပၚေရာက္သည့္အခါတြင္မွ ေက်းဇူးတင္စကားေျပာဖို႔ေမ့ေနခဲ့ေၾကာင္းသတိရၿပီး ေလာင္ခ်ိဳက္ထံသို႔ မက္ေဆ့စာတစ္ေစာင္ေရးပို႔လိုက္ေတာ့သည္။ ေလာင္ခ်ိဳက္ကလည္း စာျပန္လာခဲ့သည္။
လက္ေထာက္ေဆး႐ုံအုပ္ခ်ိဳက္ : [ တကၠသိုလ္ေက်ာင္းသူႀကီး႐ႊီ ၊ ဦးေလးဆီမွာ ေတာင္းဆိုစရာတစ္ခုပဲရွိတယ္ ၊ ေနာင္ပိုက္ဆံရွာနိုင္တဲ့အခ်ိန္က်ရင္ သမီးရဲ႕ေဖေဖကို ဂ်င္းေဘာင္းဘီတစ္ထည္အရင္ဝယ္ေပးလိုက္ပါ ၊ ရည္းစားေကာင္ေလးဘာညာေတြကို ေဘးခ်ိတ္ထားလိုက္ ]
႐ႊီက်စ္က 'ဟုတ္' ဟူ၍ စာတစ္ေစာင္ျပန္လိုက္သည္။
သူမဟာ မေန႕ညတုန္းက ေလာင္႐ႊီႏွင့္ႏွစ္ကိုယ္တည္း ေသရည္အတူေသာက္ေပးရင္း 'Snowflake Dragon Goddess' ဇာတ္လမ္းတြဲအား အတူၾကည့္ျဖစ္ခဲ့ေသးသည္။ လေရာင္ျခည္ဟာ ျပတင္းေပါက္ေဘးမွ ဘြန္ဆိုင္းပင္ေလးထက္သို႔ျဖာက်ေနၿပီး ဧည့္ခန္းထဲတြင္လည္း မီးဖြင့္ထားျခင္းမရွိ ၊ တိတ္ဆိတ္မည္းေမွာင္ေန၏။ ေလာင္႐ႊီသည္ ဤဇာတ္ဝင္ခန္းတစ္ခုျဖစ္သည့္ - 'ရွန့္ကြမ္းယန္' မွ 'အိုးရန္မင္းရစ္'အား ဝိဥာဥ္ရွင္သန္ေဆးလုံးေပးသည့္အခ်ိန္တြင္ 'အိုးရန္မင္းရစ္'က ဖခင္ျဖစ္သူကိုတဆင့္ျပန္ေပး၍ ဖခင္၏အသက္ကိုကယ္တင္ရန္ႀကိဳးစားသည့္ဇာတ္ဝင္ခန္းအား ျပန္လည္ၾကည့္သည့္အႀကိမ္တိုင္း မ်က္ရည္ေပါက္ေပါက္က်သည္ေပ။
"လိမၼာလိုက္တဲ့သားကြာ....လိမၼာလိုက္တဲ့သား"
ယမန္ေန႕သည္လည္း မထူးမျခားပင္ျဖစ္ကာ မ်က္ရည္စက္လက္ႏွင့္ေလာင္႐ႊီက ႐ႊီက်စ္က ယခင္ကအတိုင္းစကားဆိုလာေသး၏။
"ျမင္တယ္မလား ၊ ဖခင္ကသာ အေရးအႀကီးဆုံး"
႐ႊီက်စ္မွာ စကားလုံးနောက်ကွယ်မှအဓိပ္ပါယ်ကိုနားလည်သည့်အေလ်ာက္ ရယ္ရခက္ခက္ ငိုရခက္ခက္ႏွင့္ တစ္သ်ႉးတစ္႐ြက္ထုတ္ေပးၿပီး စကားဆိုလိုက္သည္။
"ေဖေဖ စိတ္ခ်ပါ ၊ သမီး တကၠသိုလ္မွာ ရည္းစားထားျဖစ္ေလာက္မွာမဟုတ္ဘူး"
႐ႊီကြမ္းက်ိက ႐ုတ္တရက္ဆတ္ခနဲျဖတ္သြားရရင္း မ်က္ရည္ကိုအခ်ိန္မီသုတ္လ်က္ျဖင့္ အာဆြတ္႐ုံမွ်အရက္ေသာက္လိုက္ၿပီး ေလးေလးနက္နက္စကားဆိုလာခဲ့သည္။
"ရည္းစားကေတာ့ထားရမွာေပါ့ ၊ ေနာင္တစ္ခ်ိန္ ျပင္ပလူ႕ေဘာင္အဖြဲ႕အစည္းထဲ တကယ္ဝင္ရတဲ့အခါက်ရင္ နေ့တိုင်းအဓိပ္ပါယ်အမျိုးမျိုးပါတဲ့အကြည့်ေတြကို ရင္ဆိုင္ရေတာ့မွာ ၊ အဲ့ဒီအခါက်မွ ေက်ာင္းသားအ႐ြယ္အခ်စ္ေတြကသာ အသန့္ရွင္းဆုံး အေပါ့ပါးဆုံးျဖစ္မွန္းသိရလိမ့္မယ္ ၊ ေဖေဖကေတာ့ သမီး တစ္ခါေလာက္ေတြ႕ႀကဳံၾကည့္ဖို႔ အႀကံျပဳတယ္ေနာ္"
စကားဆိုေနရင္း ေလာင္႐ႊီက အဓိပ္ပါယ်ပါပါနှင့်လှည့်ကြည့်လာ၍ ;
"ဘာျဖစ္လို႔လဲ ၊ ခ်န္လုက်ိဳးမရွိရင္ သမီး အသက္မရွင္နိုင္ေတာ့လို႔လား"
႐ႊီက်စ္မွာ မ်က္မွန္တပ္ထားသည္မ်ိဳးအလြန္ရွားၿပီး မ်က္မွန္ပါဝါမမ်ားေသာေၾကာင့္လည္း တပ္၍လည္းအဆင္ေျပသလို မတပ္၍လည္းရသည္ေပ။ ေငြေရာင္မွန္ဝိုင္းမ်က္မွန္ကိုင္းမွာ ေျဖာင့္စင္းေနသည့္ႏွာတံထက္တြင္ေနရာယူထားၿပီး သူမ၏ပုံစံမွာ ရင့္က်က္သည့္ပညာရွင္တစ္ေယာက္သဖြယ္ျဖစ္ေန၏။ လူတစ္ေယာက္လုံးမွာေတာ့ ဆိုဖာေပၚပစ္မွီထားၿပီး အရက္ျဖဴခြက္အား အာ႐ုံစိုက္ၾကည့္ေနရင္းျဖင့္ တေလးတနက္ပင္စကားျပန္ဆိုလာခဲ့သည္။
"အဲ့လိုေတာ့လည္းမဟုတ္ပါဘူး ၊ ဒီအတိုင္း.....ခ်န္လုက်ိဳးလို လူတစ္ေယာက္နဲ႕ထပ္ေတြ႕ဖို႔ အရမ္းခက္ခဲေလာက္တယ္လို႔ထင္မိ႐ုံပါ ၊ ၿပီးေတာ့ သမီးတို႔ေမဂ်ာက အရမ္းအလုပ္မ်ားမွာ"
႐ႊီကြမ္းက်ိ မယုံၾကည္ခ်င္ပါေခ်။ ထိုေကာင္ေလးက ၾကည့္ေကာင္းေန႐ုံကလြဲလွ်င္ ဘယ္ေလာက္မ်ားေကာင္းေနနိုင္ပါ့မည္။
"အပိုေတြ.....သြားၾကည့္ၿပီးမွထပ္ေျပာ ဟုတ္ၿပီလား ၊ ေျပာမရရင္ သမီးတို႔ေက်ာင္းႀကီးထဲမွာ အမ်ားႀကီးရွိေနရင္ေရာ ၊ သူလိုလူမ်ိဳးေတြ တစ္လမ္းလုံးအျပည့္ျဖစ္ေနနိုင္တာပဲ ၊ အုတ္ခဲတစ္လုံးပစ္ေပါက္လိုက္႐ုံနဲ႕တင္ ခ်န္လုက်ိဳးကိုးေယာက္ေလာက္ကို အေသသတ္နိုင္လိမ့္မယ္"
႐ႊီက်စ္က ဖန်ခွက်က်ုချပြီး မ်က္မွန္အေနအထားကိုညွိ၍ ခပ္ေရးေရးသာၿပဳံးလိုက္ေတာ့သည္။
"ဟုတ္ကဲ့ပါ ၊ ေဖေဖေျပာတဲ့အတိုင္းျဖစ္ေနပါေစ"
----
႐ႊီက်စ္သည္ နဂိုက အေဆာင္သို႔ပထမဆုံးေရာက္လိမ့္မည္ဟုထင္ထားခဲ့ေသာ္ျငား သူမ ေရာက္လာသည့္အခ်ိန္တြင္ အိပ္ရာတစ္ခုက သပ္သပ္ရပ္ရပ္ခင္းထားႏွင့္ေၾကာင္းေတြ႕လိုက္ရသည္။ ပစၥည္းမ်ားေနရာခ်ၿပီးေနာက္ ေန႕စဥ္သုံးရမည့္ပစၥည္းမ်ားသြားဝယ္ရန္အတြက္ ေအာက္ထပ္ဆင္းရန္ျပင္လိုက္သည့္အခ်ိန္တြင္ ပုခုံးသာသာေလးရွိသည့္ဆံပင္ရွည္ ၊ အနက္ေရာင္မ်က္မွန္ဝိုင္းေလးတပ္ထားသည့္မိန္းကေလးတစ္ဦးႏွင့္ ထိပ္တိုက္ဆုံလိုက္ရ၏။ ထိုမိန္းကေလးက ႐ႊီက်စ္အားလွမ္းျမင္လိုက္သည့္အခါ အလိုအေလ်ာက္ပင္စကားဆိုလာ၏။
"507 ကလား"
႐ႊီက်စ္ ေခါင္းၿငိမ့္ျပလိုက္သည္။
"ဟယ္လို ၊ ငါ့နာမည္က ႐ႊီက်စ္"
တစ္ဖက္လူက ရွက္ကိုးရွက္ကန္းေလးျဖင့္တုံ႕ျပန္လာ၏။
"ဟယ္လို ဟယ္လို ၊ ငါ့နာမည္က '႐ႊီကုန္းက်ဳ' ပါ"
*****************
[ T/N ; Campus life is coming..... ၊ စာေရးသူက သူ႕သားေလးကို အရမ္းခ်စ္တာ ၊ ဓါးလာရင္ ဓါးကိုျဖတ္ခ်ိဳးေပမယ့္ေကာင္မေလးလည္း ေပးထားတယ္ ၊ စိတ္ေကာက္ရင္ေခ်ာ့မယ့္ရည္းစားေလးနဲ႕လည္း တြဲေပးထားတယ္ ၊ အဟမ္း အဟမ္း ကားေတြလည္းခဏခဏစီး.......အရမ္းျမန္တဲ့ၿပိဳင္ကားေတြျဖစ္ေနေပမယ့္ေပါ့ ]