ပင္လယ္ဖ်ံေလးရဲ႕ ေဒါက္တာ

נכתב על ידי Zhang-Nerio-Thwe

5.7K 635 89

Chanbeak עוד

Ep......1
Ep.....2
Ep........3
Ep....4
Ep...5
Ep.....6
Ep....7
Ep...8
Ep....9
Ep.....10
Ep....11
Ep...12
Ep....13
Ep...14
Ep...15
Ep...16
Ep.....17
Ep.....18
Ep.....19
Ep.....20
Ep....21
Ep....22
Ep....24
Ep....25
Ep.....26
Ep....27
Ep....28
Ep....29
Ep....30
Ep...31
Ep....32
Ep..33
Ep....34
Ep....35
Final
Bye Bye

Ep...23

124 15 1
נכתב על ידי Zhang-Nerio-Thwe

Zawgyi

အခန္းထဲက ထြက္လာတဲ့ Yeolရဲ႕လက္ကို သူ မဝ့ံမရဲေလး လွမ္းကိုင္လိုက္သည္။

"Beak"

"အင္းး...Yeol ေျပာေလ"

"ကိုယ္ ဆိုးလ္ကို ခဏျပန္လိုက္သြားအံုးမယ္ Beakလဲ လိုက္ခဲ့ပါလားဟင္"

ဒီလို အေျခအေနမ်ိဳး ျဖစ္လာမွာ ႀကိဳသိပင္မယ့္လဲ  Beakရင္ထဲ မြန္းၾကပ္သြားသည္။စကားေျပာဖို႔ေတာင္ လည္ေခ်ာင္းထဲ တစ္ခုခုက တားဆီးေနသလို ခံစားရသည္။

"Beak.....Beak"

"ဘာမွ စိတ္မပူပါနဲ႔ ဒယ္ဒီက ကိုယ္နဲ႔ Beakကို သေဘာတူတယ္တဲ့ အဲ့ဒါေၾကာင့္ Beakလိုက္ခဲ့ပါ ေနာ္"

ခုနကတင္ သူ႔ကို လံုးဝ မနွစ္ၿမိဳ႕တဲ့ Yeolရဲ႕ ဒယ္ဒီက အခုက် သေဘာတူတယ္တဲ့လား.....မျဖစ္နိုင္ေလာက္ပါ....Yeolစိတ္ခ်မ္းသာေအာင္ အိမ္ျပန္လိုက္ေအာင္ ေျပာတာဘဲ ျဖစ္မွာ.....

သူမခြဲခ်င္ဘူး ....Yeolနဲ႔ မခြဲခ်င္ဘူး....ဘယ္လို မနွစ္ၿမိဳ႕ေနပါေစ Yeolအနား ရွိရရင္ သူအဆင္ေျပပါတယ္.....ဒါပင္မယ့္ သူသာ Yeolနဲ႔ လိုက္သြားရင္ အဖြားကေရာ....တစ္သက္လံုး အဖြားနဲ႔ သူ အတူေနလာခဲ့တာ အဖြားကို ထားၿပီး ဘယ္ကိုမွ မသြားခ်င္ဘူး.......

"Yeol......Yeolဘဲ ျပန္လိုက္သြားလိုက္ပါ ....Beakက အဖြားနဲ႔ ေနမွ အဆင္ေျပမွာေလ အဖြားမွ ေနသိပ္မေကာင္းတာ"

"ဒါဆို အဖြားပါ ေခၚမယ္ေနာ္....Beak ကိုယ္ Beakနဲ႔ မခြဲခ်င္ဘူး"

"Yeolလဲ အဖြားအၾကာင္းသိပါတယ္ ေဆးရုံသြားဖို႔
ဆိုးလ္ကို ခဏတျဖဳတ္သြားမယ္ဆိုတာေတာင္ အဖြားက သြားလို႔လား.....ဘာမွစိတ္မပူနဲ႔ Yeol လာလည္လို႔ရတာဘဲဟာ"

"ဒါပင္မယ့္ ...."

သူရဲ႕ေႏြးေထြးရာေလးကေန ငရဲခန္းလိုေနရာကို သူျပန္မသြားခ်င္ပါ.....ျပန္သြားရင္လဲ Beakနဲ႔သာဆို သူအဆင္ေျပမွာလို႔ ထင္မိတယ္....မဟုတ္ဘူး Beakသာ ရွိရင္ သူ႔အတြက္ အကုန္လံုး အဆင္ေျပမွာ.......ၿပီးေတာ့ Beakကို သူမခြဲခ်င္ဘူး......

"Chanyeol အထုတ္ေတြျပင္...အာ...ယူမေနနဲ႔ေတာ့
ဒီအတိုင္း လိုက္ခဲ့ေတာ့ အခ်ိန္မရွိဘူး...ငါအစည္းေဝးရွိေသးတယ္"

ဒယ္ဒီ အသံေၾကာင့္ Chanyeol ေလပူေတြ မႈတ္ထုတ္လိုပ္သည္။

"Beak ကိုယ့္ကို ေစာင့္ေနေပးေနာ္ ကိုယ္ျပန္လာခဲ့မယ္ ၿပီးေတာ့ ကိုယ္ ဖုန္းဆက္မယ္ေနာ္ ....က်န္းမာေရး ဂရုစိုက္ေနာ္"

"အြန္း ဘာမွစိတ္မပူနဲ႔ Yeolသာ အဆင္ေျပေအာင္ေနေနာ္....."

နွစ္ေယာက္သား ဘာမွ စကားထပ္မေျပာမိ။

Beakကို ရင္ခြင္ထဲ ထည့္ကာ Chanyeol တင္းၾကပ္စြာ ဖက္ထားလိုက္သည္။နွစ္ေယာက္လံုး က်ဆင္းခ်င္ေနသည့္ မ်က္ရည္မ်ားကို ထိန္းထားလ်က္........

မ်က္စိေရွ႕ကေန ထြက္သြားတဲ့ ကားေတြကို ၾကည့္ကာ Beak ၿပံဳးျပေနမိသည္။Yeolသာ သူ႔ကို လွည့္ၾကည့္ရင္
သူၿပံဳးေနတာေလးဘဲ ျမင္ေစခ်င္သည္။က်ဆင္းေတာ့မည့္ မ်က္ရည္မ်ားကို ထိန္းရင္း အပီျပင္ဆံုး ၿပံးေနလိုက္သည္။

"Beak"

Kyungsooအသံေၾကာင့္ Beak လွည့္ၾကည့္လိုက္သည။

"Chanyeol ေသခ်ာေပါက္ ဒီကို ျပန္လာမွာပါ .....မင္းယံုေပးပါ"

"အြန္းးးငါYeolကို ယံုပါတယ္....ဘာေတြဆက္ျဖစ္လာမလဲ မသိတဲ့ ငါတို႔ရဲ႕ ကံၾကမၼာကိုဘဲ မယံုတာ"

"ကံၾကမၼာဆိုတဲ့ အရာကိုေတာင္ Chanyeolက ေျပာင္းလဲမယ့္အေကာင္ပါ အဲ့တာေၾကာင့္ အရမ္းစိတ္မပူနဲ႔.....ဒါဆုိ ငါလဲ သြားေတာ့မယ္ေနာ္"

"အြန္း ဂရုစိုက္ သြားအံုး"

Kyungsooထြက္သြားတာနဲ႔ သူ ေဆးခန္းထဲ ဝင္လိုက္သည္။

"Beak ဘာလုပ္မလို႔လဲ"

"ငါ ဒီမွာ ခဏေနခ်င္တယ္ kai "

"အြန္း ဒါဆိူ ငါ ျပန္လုိက္မယ္......တခုခုဆို ငါ့ကို ေျပာေနာ္"

Kaiကို ေခါင္းသာ ၿငိမ့္ျပလိုက္သည္။

Yeolရဲ႕ အေငြ႕အသက္ေတြရွိေနတဲ့ အခန္းေလးကို သူေသခ်ာၾကည့္မိသည္။ငါအတၲႀကီးမိၿပီ Yeol....
.ငါ့စိတ္ထဲ အခု ျပန္လာပါေစလို႔ေတာင္ ဆုေတာင္းေနမိတယ္။
အခုမွ ထြက္သြားတာ ဆိုပင္မယ့္ ျမန္ျမန္ျပန္လာေပးပါ Yeol.........

Beakရဲ႕ စိတ္ထဲ သူတို႔နွစ္ေယာက္ျခားထဲ တစ္ခုခုက စည္းျခားေနသလို ခံစားရၿပီး သိပ္ကိုဝမ္းနည္းေနသည္။
သူ႔ဘဝထဲက Yeolအၿပီးပိုင္ ထြက္သြားမွာ သူေၾကာက္ပါသည္။

Beak ေရာက္တတ္ရာရာေတြးရင္း Yeolရဲ႕ အိပ္ယာေပၚ အိပ္ေပ်ာ္သြားသည္။

ဒုန္းးးးးဒုန္းးးးဒုန္းးးး

တံခါးကို တစ္ေယာက္ေယာက္က ျပင္းထန္စြာ ထုေနတဲ့ အသံေၾကာင့္ Beak လန္႔နိုးသြားသည္။မ်က္လံုးကို ေသခ်ာပြတ္ကာ အသံစြင့္မိေတာ့ အိမ္ေရွ႕ပင္.....

သူသြားၿပီး တံခါးဖြင့္လိုက္ေတာ့ မိန္းမ တစ္ေယာက္ပင္....
ေတာ္ေတာ္လွၿပီး ၿမိဳ႕သူတစ္ေယာက္.....
မင္းသမီးတစ္ေယာက္လိုပင္.....

"ဘယ္သူလဲ မသိဘူးဗ်႕"

"ဒါ Chanyeol အိမ္လား"

"အာ.....ဟုတ္ကဲ့ ...ဒါပင္မယ့္"

"ဒါပင္မယ့္ လုပ္မေနနဲ႔ Chanyeolကို ေခၚေပး"

"Yeol....အာ..Chanyeolက အခုတင္ သူ႔ဒယ္ဒီနဲ႔ ျပန္လိုက္သြားပါတယ္ဗ်႕"

"ဘာ.....က်စ္...အဖိုးႀကီး လက္ဦးသြားျပန္ၿပီ"

နႈတ္ခမ္းနီရဲရဲေတာက္ေတာက္ ဆိုးထားတဲ့ နႈတ္ခမ္းကို ကိုက္တာ ေဒါသထြက္ေနသည့္ မိန္းကေလးက ဘယ္သူလဲသူသိခ်င္မိသည္။

"Beakေလး ဆရာဝန္ေလးေရာ ေဆးခန္းမဖြင့္ဘူးလား ....သူကေရာ ဘယ္သူလဲ"

ဆက္တိုက္ ေမးခြန္းေတြ ေမးေနတဲ့ Kimကုန္သည္ကေတာ္ေၾကာင့္ ဘာအရင္ေျဖလို႔ ေျဖရမွန္းမသိ။အဲ့ဒါအျပင့္ Yeolမရွိေတာ့တာ ေတြးမိေတာ့ ပိုဝမ္းနည္းသြားရျပန္သသည္။

"Chanyeolက ဆိုးလ္ကို ခဏျပန္သြားတယ္ ....
ဒီအမ်ိဳးသမီးကေတာ့ မသိဘူး.....Chanyeolကို လာေမးေနလို႔"

"အာ.....မင္းက ဆရာဝန္ေလးရဲ႕ ရည္းစားလား"

ထိုစကားေၾကာင့္ Beakက အံၾသသင့္သြားသလို Miheeရဲ႕ မ်က္နွာမွာေတာ့ အၿပံဳးေဝသြားသည္။

"ဟုတ္ကဲ့ ....ကြၽန္မက Chanyeolရဲ႕ ဇနီးေလာင္းပါ....ရည္းစားအဆင့္ေတာ့ မဟုတ္ဘူး"

"ထင္သား.....ဆရာဝန္ေလးက သူ႔မွာ လက္ထပ္မယ့္သူရွိတယ္ ေျပာဖူးတယ္......လွလိုက္တာ....ဆရာဝန္ေလးနဲ႔ဆို သိပ္လိုက္တာဘဲ"

အေရွ႕မွာ ေျပာေနၾကတဲ့ စကားေတြ Beak နားထဲ ဝင္တခ်က္ မဝင္တခ်က္.....ဒီအမ်ိဳးသမီးက Chanyeolရဲ႕ ဇနီးေလာင္းးးးးမျဖစ္နိုင္တာခ်ည္း

"ဒီမွာ မိန္းကေလး မင္းက Chanyeolရဲ႕ ဇနီးေလာင္းပါလို႔ ဘယ္လိုယံုရမွာလဲ"

~~~~~~~~~~~~~~~~~~~~
အခ်စ္ေလးတို႔ ဆူလဲ ခံရမွာဘဲ
upဖို႔ ေမ့ေနတာ 😭

_____________________________________
Unicode

အခန်းထဲက ထွက်လာတဲ့ Yeolရဲ့လက်ကို သူ မဝံ့မရဲလေး လှမ်းကိုင်လိုက်သည်။

"Beak"

"အင်းး...Yeol ပြောလေ"

"ကိုယ် ဆိုးလ်ကို ခဏပြန်လိုက်သွားအုံးမယ် Beakလဲ လိုက်ခဲ့ပါလားဟင်"

ဒီလို အခြေအနေမျိုး ဖြစ်လာမှာ ကြိုသိပင်မယ့်လဲ  Beakရင်ထဲ မွန်းကြပ်သွားသည်။စကားပြောဖို့တောင် လည်ချောင်းထဲ တစ်ခုခုက တားဆီးနေသလို ခံစားရသည်။

"Beak.....Beak"

"ဘာမှ စိတ်မပူပါနဲ့ ဒယ်ဒီက ကိုယ်နဲ့ Beakကို သဘောတူတယ်တဲ့ အဲ့ဒါကြောင့် Beakလိုက်ခဲ့ပါ နော်"

ခုနကတင် သူ့ကို လုံးဝ မနှစ်မြို့တဲ့ Yeolရဲ့ ဒယ်ဒီက အခုကျ သဘောတူတယ်တဲ့လား.....မဖြစ်နိုင်လောက်ပါ....Yeolစိတ်ချမ်းသာအောင် အိမ်ပြန်လိုက်အောင် ပြောတာဘဲ ဖြစ်မှာ.....

သူမခွဲချင်ဘူး ....Yeolနဲ့ မခွဲချင်ဘူး....ဘယ်လို မနှစ်မြို့နေပါစေ Yeolအနား ရှိရရင် သူအဆင်ပြေပါတယ်.....ဒါပင်မယ့် သူသာ Yeolနဲ့ လိုက်သွားရင် အဖွားကရော....တစ်သက်လုံး အဖွားနဲ့ သူ အတူနေလာခဲ့တာ အဖွားကို ထားပြီး ဘယ်ကိုမှ မသွားချင်ဘူး.......

"Yeol......Yeolဘဲ ပြန်လိုက်သွားလိုက်ပါ ....Beakက အဖွားနဲ့ နေမှ အဆင်ပြေမှာလေ အဖွားမှ နေသိပ်မကောင်းတာ"

"ဒါဆို အဖွားပါ ခေါ်မယ်နော်....Beak ကိုယ် Beakနဲ့ မခွဲချင်ဘူး"

"Yeolလဲ အဖွားအကြာင်းသိပါတယ် ဆေးရုံသွားဖို့
ဆိုးလ်ကို ခဏတဖြုတ်သွားမယ်ဆိုတာတောင် အဖွားက သွားလို့လား.....ဘာမှစိတ်မပူနဲ့ Yeol လာလည်လို့ရတာဘဲဟာ"

"ဒါပင်မယ့် ...."

သူရဲ့နွေးထွေးရာလေးကနေ ငရဲခန်းလိုနေရာကို သူပြန်မသွားချင်ပါ.....ပြန်သွားရင်လဲ Beakနဲ့သာဆို သူအဆင်ပြေမှာလို့ ထင်မိတယ်....မဟုတ်ဘူး Beakသာ ရှိရင် သူ့အတွက် အကုန်လုံး အဆင်ပြေမှာ.......ပြီးတော့ Beakကို သူမခွဲချင်ဘူး......

"Chanyeol အထုတ်တွေပြင်...အာ...ယူမနေနဲ့တော့
ဒီအတိုင်း လိုက်ခဲ့တော့ အချိန်မရှိဘူး...ငါအစည်းဝေးရှိသေးတယ်"

ဒယ်ဒီ အသံကြောင့် Chanyeol လေပူတွေ မှုတ်ထုတ်လိုပ်သည်။

"Beak ကိုယ့်ကို စောင့်နေပေးနော် ကိုယ်ပြန်လာခဲ့မယ် ပြီးတော့ ကိုယ် ဖုန်းဆက်မယ်နော် ....ကျန်းမာရေး ဂရုစိုက်နော်"

"အွန်း ဘာမှစိတ်မပူနဲ့ Yeolသာ အဆင်ပြေအောင်နေနော်....."

နှစ်ယောက်သား ဘာမှ စကားထပ်မပြောမိ။

Beakကို ရင်ခွင်ထဲ ထည့်ကာ Chanyeol တင်းကြပ်စွာ ဖက်ထားလိုက်သည်။နှစ်ယောက်လုံး ကျဆင်းချင်နေသည့် မျက်ရည်များကို ထိန်းထားလျက်........

မျက်စိရှေ့ကနေ ထွက်သွားတဲ့ ကားတွေကို ကြည့်ကာ Beak ပြုံးပြနေမိသည်။Yeolသာ သူ့ကို လှည့်ကြည့်ရင်
သူပြုံးနေတာလေးဘဲ မြင်စေချင်သည်။ကျဆင်းတော့မည့် မျက်ရည်များကို ထိန်းရင်း အပီပြင်ဆုံး ပြံးနေလိုက်သည်။

"Beak"

Kyungsooအသံကြောင့် Beak လှည့်ကြည့်လိုက်သည။

"Chanyeol သေချာပေါက် ဒီကို ပြန်လာမှာပါ .....မင်းယုံပေးပါ"

"အွန်းးးငါYeolကို ယုံပါတယ်....ဘာတွေဆက်ဖြစ်လာမလဲ မသိတဲ့ ငါတို့ရဲ့ ကံကြမ္မာကိုဘဲ မယုံတာ"

"ကံကြမ္မာဆိုတဲ့ အရာကိုတောင် Chanyeolက ပြောင်းလဲမယ့်အကောင်ပါ အဲ့တာကြောင့် အရမ်းစိတ်မပူနဲ့.....ဒါဆို ငါလဲ သွားတော့မယ်နော်"

"အွန်း ဂရုစိုက် သွားအုံး"

Kyungsooထွက်သွားတာနဲ့ သူ ဆေးခန်းထဲ ဝင်လိုက်သည်။

"Beak ဘာလုပ်မလို့လဲ"

"ငါ ဒီမှာ ခဏနေချင်တယ် kai "

"အွန်း ဒါဆိူ ငါ ပြန်လိုက်မယ်......တခုခုဆို ငါ့ကို ပြောနော်"

Kaiကို ခေါင်းသာ ငြိမ့်ပြလိုက်သည်။

Yeolရဲ့ အငွေ့အသက်တွေရှိနေတဲ့ အခန်းလေးကို သူသေချာကြည့်မိသည်။ငါအတ္တကြီးမိပြီ Yeol....
.ငါ့စိတ်ထဲ အခု ပြန်လာပါစေလို့တောင် ဆုတောင်းနေမိတယ်။
အခုမှ ထွက်သွားတာ ဆိုပင်မယ့် မြန်မြန်ပြန်လာပေးပါ Yeol.........

Beakရဲ့ စိတ်ထဲ သူတို့နှစ်ယောက်ခြားထဲ တစ်ခုခုက စည်းခြားနေသလို ခံစားရပြီး သိပ်ကိုဝမ်းနည်းနေသည်။
သူ့ဘဝထဲက Yeolအပြီးပိုင် ထွက်သွားမှာ သူကြောက်ပါသည်။

Beak ရောက်တတ်ရာရာတွေးရင်း Yeolရဲ့ အိပ်ယာပေါ် အိပ်ပျော်သွားသည်။

ဒုန်းးးးးဒုန်းးးးဒုန်းးးး

တံခါးကို တစ်ယောက်ယောက်က ပြင်းထန်စွာ ထုနေတဲ့ အသံကြောင့် Beak လန့်နိုးသွားသည်။မျက်လုံးကို သေချာပွတ်ကာ အသံစွင့်မိတော့ အိမ်ရှေ့ပင်.....

သူသွားပြီး တံခါးဖွင့်လိုက်တော့ မိန်းမ တစ်ယောက်ပင်....
တော်တော်လှပြီး မြို့သူတစ်ယောက်.....
မင်းသမီးတစ်ယောက်လိုပင်.....

"ဘယ်သူလဲ မသိဘူးဗျ့"

"ဒါ Chanyeol အိမ်လား"

"အာ.....ဟုတ်ကဲ့ ...ဒါပင်မယ့်"

"ဒါပင်မယ့် လုပ်မနေနဲ့ Chanyeolကို ခေါ်ပေး"

"Yeol....အာ..Chanyeolက အခုတင် သူ့ဒယ်ဒီနဲ့ ပြန်လိုက်သွားပါတယ်ဗျ့"

"ဘာ.....ကျစ်...အဖိုးကြီး လက်ဦးသွားပြန်ပြီ"

နှုတ်ခမ်းနီရဲရဲတောက်တောက် ဆိုးထားတဲ့ နှုတ်ခမ်းကို ကိုက်တာ ဒေါသထွက်နေသည့် မိန်းကလေးက ဘယ်သူလဲသူသိချင်မိသည်။

"Beakလေး ဆရာဝန်လေးရော ဆေးခန်းမဖွင့်ဘူးလား ....သူကရော ဘယ်သူလဲ"

ဆက်တိုက် မေးခွန်းတွေ မေးနေတဲ့ Kimကုန်သည်ကတော်ကြောင့် ဘာအရင်ဖြေလို့ ဖြေရမှန်းမသိ။အဲ့ဒါအပြင့် Yeolမရှိတော့တာ တွေးမိတော့ ပိုဝမ်းနည်းသွားရပြန်သသည်။

"Chanyeolက ဆိုးလ်ကို ခဏပြန်သွားတယ် ....
ဒီအမျိုးသမီးကတော့ မသိဘူး.....Chanyeolကို လာမေးနေလို့"

"အာ.....မင်းက ဆရာဝန်လေးရဲ့ ရည်းစားလား"

ထိုစကားကြောင့် Beakက အံသြသင့်သွားသလို Miheeရဲ့ မျက်နှာမှာတော့ အပြုံးဝေသွားသည်။

"ဟုတ်ကဲ့ ....ကျွန်မက Chanyeolရဲ့ ဇနီးလောင်းပါ....ရည်းစားအဆင့်တော့ မဟုတ်ဘူး"

"ထင်သား.....ဆရာဝန်လေးက သူ့မှာ လက်ထပ်မယ့်သူရှိတယ် ပြောဖူးတယ်......လှလိုက်တာ....ဆရာဝန်လေးနဲ့ဆို သိပ်လိုက်တာဘဲ"

အရှေ့မှာ ပြောနေကြတဲ့ စကားတွေ Beak နားထဲ ဝင်တချက် မဝင်တချက်.....ဒီအမျိုးသမီးက Chanyeolရဲ့ ဇနီးလောင်းးးးးမဖြစ်နိုင်တာချည်း

"ဒီမှာ မိန်းကလေး မင်းက Chanyeolရဲ့ ဇနီးလောင်းပါလို့ ဘယ်လိုယုံရမှာလဲ"

~~~~~~~~~~~~~~~~~~~~
အချစ်လေးတို့ ဆူလဲ ခံရမှာဘဲ
upဖို့ မေ့နေတာ 😭

המשך קריאה

You'll Also Like

156K 5.6K 42
❝ if I knew that i'd end up with you then I would've been pretended we were together. ❞ She stares at me, all the air in my lungs stuck in my throat...
Doors open. נכתב על ידי ash

ספרות חובבים

581K 8.9K 86
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
222K 7.7K 98
Ahsoka Velaryon. Unlike her brothers Jacaerys, Lucaerys, and Joffery. Ahsoka was born with stark white hair that was incredibly thick and coarse, eye...
72.8K 1.7K 32
!Uploads daily! Max starts his first year at college. Everything goes well for him and his friends PJ and Bobby until he meets Bradley Uppercrust the...