နှလုံးသားဖြင့်တည်ထားသော (Comp...
Da mya_say
176K 6.6K 179
ရန်ဘုန်းအောင် သုတလင်း Altro
အပိုင်း(၁)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း (၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း (၁၂)
အပိုင်း(၁၃)
အပိုင်း(၁၄)
အပိုင်း (၁၅)
အပိုင်း (၁၆)
အပိုင်း (၁၇)
အပိုင်း (၁၈)
အပိုင်း (၁၉)
အပိုင်း (၂၀)
အပိုင်း(၂၁)
အပိုင်း (၂၃)
အပိုင်း(၂၄)
အပိုင်း(၂၅)
💛💛💛
အပိုင်း (၂၆)
sorry
အပိုင်း(၂၇) ဇာတ်သိမ်းပိုင်း
Extra
🙏
အပိုင်း(၂၂)
4.9K 232 9
Da mya_say
Unicode
" ရန်ကြီး.. မင်းကို ဘိုးတော်သမီးက အသေကပ်နေတာနော်.. "
" ငါလည်း ...အဲတာကြောင့် စိတ်ရှုပ်နေတာ မိန်းကလေးမလို့
ယောက်ျား... လေးဆို ငါဆိုးထိုးပစ်တာ ကြာပြီ "
နေ့လယ်ခင်းတုန်းကလည်း  မြို့ကပါလာတဲ့ လက်ဖက်ရွက်နုသုပ်ဆိုပြီး လာကျွေးသည်။ အနားတွင်လည်း ငြူတူတူလုပ်နေသေးသည်။ ကြာလာတော့ တခြားအလုပ်သမားက တိုးတိုး , တိုးတိုးနှင့် မဟုတ်တာတွေ ပြောနေကြသည်။
အစကတော့ ကိုယ့်မဟုတ်တာမလုပ်လို့ စိတ်သန့်တယ်ဆိုပြီး ဘယ်သူ့ကိုမှ ဂရုမစိုက် ။ ရန်များမည်ဆိုတာကြောင့်လည်း ပါသည်။
ဒါကို လူတွေက လွန်လာကြသည်။ ရန်ဘုန်းအောင်နှင့် ဘိုးတော်သမီး ကြိုက်နေပါပြီ ဆိုတာလည်း တစ်ယောက်တစ်ပေါက်နှင့် သူဌေးကုန်း တရွာလုံးကပင် သိနေကြသည်။
ဦးဘမြိုင်သမီး မြို့သူလေးက သူ့အဖေ ပွဲရုံက စာရင်းကိုင်နှင့် ကြိုက်နေပါသည်ဟု ပုံကြီးချဲ့ပြောနေတာဖြစ်သည်။ သူ့ဘက်က ငြင်းလိုက်ရင် တစ်ဖက်မိန်းကလေး ဂုဏ်သိက္ခာထိခိုက်မည်စိုး၍ သူငြိမ်နေခဲ့တာဖြစ်သည်။ ထိုဟာကို အခွင့်ကောင်းယူပြီး မဟုတ်တာတွေပိုပိုသာသာပြောနေကြတာဖြစ်သည်။ ဘိုးတော်သမီးကလည်း
တခါမှမငြင်း။ ထိုသတင်းထွက်လေလေ ပိုကပ်လေဖြစ်သည်။
" ရန်ကြီး.... သူဌေးကုန်း....တစ်ရွာလုံး ပျံ့နေပြီနော်
ငါမနေ့က ခြံဘက်ခနသွားတော့ ကြားခဲ့တာ မင်းက ပွဲရုံကြောင့် ဦးဘမြိုင် သမီးကပ်နေတာတဲ့ "
" တောက်  ေ*ာက်လုပ်မဟုတ်တာ တွေ "
ရန်ဘုန်းအောင် သူ့ဂုဏ်သိက္ခာကိုပါ ထိပါးသဖြင့် လုပ်သင့်လုပ်ထိုက်တာ လုပ်ရတော့မည်။  ပိုက်ဆံလည်း စုသင့်သလောက် စုထားတာကြောင့် လကုန်ရင် အလုပ်ထွက်ပြီး ကိုယ်ပိုင် အလုပ်လေး
စကြည့်မည်ဟု တွေးထားလိုက်သည်။
" ကျုပ် လကုန်ရင် ဦးဘမြိုင်ဆီမှာ မလုပ်တော့ဘူး
သာဒင်ကလည်း ထွက်မှာ ခင်ဗျားရော ကိုကျော်စိုးဘာလုပ်မှာလဲ "
" ငါလည်းထွက်မှာပေါ့ သာဒင်ညက ပြောတော့ မင်းအဝယ်ဒိုင်
လုပ်ကြည့်မလို့ဆို ငါ့ကိုလည်း အလုပ်ပေးဦးနော် "
" ပေးမှာပေါ့ဗျာ "
ကိုကျော်စိုးက သူဌေးကုန်းရွာမှာ မနေတော့။ သာဒင်တို့နှင့်အတူ ညောင်တပင်က အရီးထွေးရီအိမ်မှာ နေတာဖြစ်သည်။ ကိုယ်ပိုင်ခြံမရှိ ခြံစောင့်အနေဖြင့် တဲထိုးနေရသော ကိုကျော်စိုးက ညီမဖြစ်သူမရှိတော့ ဖြစ်ချင်တိုင်းဖြစ်နေတော့သည်။ တခါတလေ အရက်အသောက်လွန်ပြီး အလုပ်မလာတဲ့ရက်တွေပါ ရှိတာကြောင့် ခတ္တာက သူ့အကိုကို သူနဲ့ အတူလာနေရန်ခေါ်သည်။ အရီထွေးရီနှင့် သာဒင်ကလည်း လက်ခံတာကြောင့် ကိုကျော်စိုးက ခုဆို ညောင်တပင်ရွာသား လုံးလုံးပင်ဖြစ်နေသည်။
" ရန်ကြီး ဘိုးတော်လည်း သူ့သမီးနဲ့ သတင်းထွက်နေတာ ငြိမ်နေတာ မင်းအိမ်ထောင်ရှိတာ သိရက်သားနဲ့ "
ရန်ဘုန်းအောင် သိသည်။ ဘိုးတော်က တော်တော်ငြိမ်ချက်သားကောင်းနေတာဖြစ်သည်။ သူကပါအလိုတူအလိုပါ
သူ့သမီးနှင့် ရန်ဘုန်းအောင်ကို ရွာထဲ တွဲလွှတ်သည့်အခါလည်းရှိသည်။  ကိုယ်ကသူ့အလုပ်သမားဖြစ်နေတော့ အခေါက်တိုင်းငြင်းတာမကောင်းတာကြောင့် ရွာထဲသို့တစ်ခေါက်လိုက်ပို့မိသေးသည်။
" မင်း အဲမိန်းကလေးကို ကြည့်ရှောင်နော် အိန္ဒြေတစ်စက်မှ မရှိဘူး ကလက်တက်တက်နဲ့ မင်းနားကို ကပ်တာလည်း လွန်ပါလေရော "
ကိုကျော်စိုးကို ရန်ဘုန်းအောင် ခေါင်းငြိမ့်ပြလိုက်သည်။
တိတ်ဆိတ်ငြိမ်သက်စွာ အတွေးကိုယ်စီနှင့် ရွာထဲသို့ ရောက်မှ လမ်းခွဲလိုက်ကြသည်။
.....................................
.........
ရေချိုးသည့်နေရာတွင် မီးရောင်နှင့် တဗွမ်းဗွမ်း ရေချိုးသံကြောင့် အသေးလေးရေချိုးနေမှန်းသိလိုက်သည်။
အသေးလေးကို ပြောမနေတော့ဘဲ တခါတည်းအိမ်ပေါ်တန်းတက်သွားလိုက်သည်။ ထမင်းချိုင့်ကို သူ့နေရာသူထားပြီး ရေလဲပုဆိုးယူကာ အောက်ဆင်းလာခဲ့သည်။
ရေချိုးပြီးနေသော အသေးလေးနှင့် အိမ်အတက်အဆင်းတွင် တွေ့လိုက်သည်။  ဖြူသောအသားအရည် မီးရောင်ကြောင့် ဝါလင်းလင်းလေးဖြစ်နေသည်။ မျက်နှာပေါ်တွင် ရေစက်ကလေးများတွဲခိုနေပြီး ရေချိုးပြီးကာစ မျက်လုံးလေးများက ကြည်တောက်နေသည်။  လည်ပင်းမှ စီးကျလာသည့် ရေစက်က အသေးလေးရင်ဘက်၌ အဆုံးသတ်သွားသည်။
" အကိုပြန်ရောက်နေတာလား ကျွန်တော်ရေချိုးနေတာနဲ့
မသိလိုက်ဘူး "
" အွင်း ခုနကလေးဘဲ "
အသေးလေးက လက်ထဲက မီးခွက်ကို ရန်ဘုန်းအောင်ဆီ ပေးပြီး အိမ်ပေါ်တက်သွားသည်။
" အကို မြန်မြန်ချိုးနော် ကျွန်တာ် ထမင်းဝိုင်းပြင်ထားလိုက်မယ် "
ပြန်ဖြေသံမကြားသော်လည်း သုတ ထမင်းဝိုင်းအဆင်သင့်ပြင်ထားလိုက်သည်။
ထမင်းစားသည့် အချိန်တွင်လည်း အကိုက ဟုတ်တိပက်တိ မစားဘဲ ဝိုင်းမှထသွားသည်။ ငါဟင်းကြိုက်သည့် အကိုက ငါဟင်းကိုပင် မမြင်ဟန်။ မျက်နှာလည်း မ ကောင်း။ ထသွားတဲ့အကို့ကို မတားတော့ဘဲ အိပ်ရာထဲရောက်မှ မေးတော့မည်ဟု တွေးလိုက်သည်။
သုတ အခန်းထဲ ဝင်လာတော့ အကိုက မအိပ်သေးဘဲ နဖူးပေါ်လက်တင်တာ အတွေးလွန်နေသည်။ ခုရက်ပိုင်းများတွင် အကိုက ပြောင်းလဲနေသည်ဟု ပြောရမည်။ တခါတရံ တစ်ယောက်ထဲ အတွေးလွန်နေပြီး သုတခေါ်လျှင်တောင် မကြားသည့်အခါများလည်းရှိသည်။
မေးမည့်စကားများကို ပြန်မြိုသိပ်ပြီး အကို့ကို ကျောခိုင်းကာ ဘေးတစောင်းလှဲလိုက်သည်။ အရင်ရက်များလို သုတကိုလည်း မဖက်ဘဲ သက်ပြင်းချသံသာ ကြားနေသဖြင့် သုတလည်း မျက်လုံးများမှိတ်ထားလိုက်တော့သည်။
အတန်ကြာသည့်အထိ အိပ်မပျော်တော့ သုတ ထသွားရန်ပြင်လိုက်သည်။  ထိုအခါမှ အကိုကို သုတဘက်လှည့်လာပြီး သုတလက်ကို ဆုတ်ကိုင်ထားသည်။
" ဘယ်သွားမလို့လဲ "
"ကျွန်တော် အိပ်မပျော်လို့ အပြင်ခနထွက်မလို့ အကိုအိပ်နှင့်လေ "
" ဘယ်မှမသွားနှင့် အိပ်ချိန်ရောက်နေပြီ လာ "
အကိုက သုတလက်ကို ဆွဲပြီး ရင်ခွင်ထဲထည့်ထားသည်။ အရင်လိုနွေးထွေးမှု မရှိတော့ဟု ခေါင်းထဲရောက်လာသဖြင့် သုတခေါင်းခါလိုက်သည်။
အတွေးများသည့် ကိုယ့်ကိုသာ သုတအပြစ်တင်လိုက်သည်။ အကို့လောက် သူ့အပေါ် ကောင်းတဲ့သူ ဒီကမ္ဘာမှာ မတွေ့ရသေး။
ခေါင်းခါလိုက် နှင့် လှုပ်ရွနေသောအသေးလေးကြောင့် ရန်ဘုန်းအောင် မှတ်ထားသည့်မျက်လုံးများဖွင့်လိုက်သည်။
" အိပ်မပျော်ဘူးလား...."
" ဟင့်အင်း.... အိပ်ပျော်တော့မှာ "
ရန်ဘုန်းအောင် ဘာမှမပြောတော့ဘဲ ရင်ခွင်ထဲက ကောင်လေးကိုနမ်းလိုက်သည်။ အသေးလေးက မျက်လုံးကိုအတင်းမှိတ်ထားလို့
တွန့်နေသော မျက်လုံးထောင့်လေးကို လက်မဖြင့်ပွတ်သတ်ပေးလိုက်သည်။
အသက်ရှူသံမှန်မှန်နှင့် အိပ်ပျော်နေသော အသေးလေးကို ခေါင်းအုံးပေါ် အသာအယာချပြီး အပြင်ထွက်လာသည်။ နွယ်နီထိုက် နဲ့ ကိစ္စရော ကိုယ်ပိုင်အလုပ်ကိစ္စပါ တွေးနေရသဖြင့် တော်တော်နှင့် အိပ်မပျော်။
ဟိုတွေးဒီတွေးနှင့် အချိန်အတော်ကြာသည်အထိ ထိုင်ပြီးမှ အခန်းထဲပြန်ဝင်လာခဲ့သည်။ စောင်တခြားလူတခြားနှင့် ရင်ဘက်နှင့်ဒူးထိအောင် ကွေးကွေးလေးအိပ်နေသော အသေးလေးကို စောင်ခြုံပေးလိုက်ပြီး ရင်ခွင်ထဲပြန်ထည့်ထားသည်။ မနက်အလုပ်သွားရမည်ဖြစ်၍ ကြောင်စီနေသော မျက်လုံးများကို မှိတ်လိုက်ပြီး အိပ်ပျော်အောင် ကြိုးစားလိုက်သည်။
........................
......
" ဆွဲခြင်းကြီးနဲ့ပါလား ဘာတွေထည့်လာတာလား "
" အာ.... အကိုနဲ့ ထမင်းအတူတူစားမလို့ ဇလုံလေးယူလာတာ
လက်ကကိုင်ရင် မကောင်းလို့.... "
" အမလည်း... ဟိုရောက်ခါမှ စားမလို့ ဘာဟင်းတွေချက်လာလဲ
အမကတော့ ကြွက်လေးနှင့် ခရမ်းချဉ်သီးချက်လေး ဘဲ သုတရော "
" ငါးဆုပ်နဲ့ ချဉ်ဟင်း... အမ"
ငါးနှင့်ပတ်သတ်ပြီး အကုန်ကြိုက်သည့်အကိုကြောင့် ငါးဆုပ် ငါးကြော် ငါးချက် ငါးခြောက်ဆိုသည်မှာ တစ်နေ့တမျိုးနှင့် အိမ်ပေါ်ကမဆင်းရ။
အမခတ္တာနှင့် သုတ အကို့တို့ကို ထမင်းချိုင့်ပို့ရန် သူဌေးကုန်းသို့ သွားနေခြင်းဖြစ်သည်။ မနေ့က အိမ်ရောက်ချလာပြီး မနက်ဖြန်ထမင်းချိုင့် သွားပို့မယ်ဟု အမခတ္တာက ပြောသောကြောင့်
သုတလည်းလက်ခံလိုက်သည်။
မနက်က အလုပ်သွားခါနီးအကိုက ထမင်းချိုင့်လိုက်ပို့မယ် ပြောလိုက်သောအခါ အကိုက အံ့သြသွားသေးသည်။ ဒါကြောင့်ေစာေစာမထတာလား ဟု သုတပါးကို ဆွဲကာ ပြောသွားသေးသည်။
ပွဲရုံရောက်သော် အကြိမ်များစွာ ရောက်ဖူးနေသဖြင့် မစိမ်းတော့ဘဲ
အကို့အလုပ်စားပွဲကိုသာ တည့်တည့်မတ်မတ်သွားလိုက်သည်။ အမခတ္တာကလည်း ယောက်ျားတရုန်းရုန်းနှင့် ဂိုထောင်ဘက်ကို မသွားချင်သဖြင့် သုတနောက်ကို လိုက်လာသည်။
အကိုစားပွဲနှင့် မလှမ်းမကမ်းအရောက်တွင် သုတ ခြေလှမ်းတို့ရပ်တန့်သွားရသည်။ အကိုက စားရင်းကိုင်ဖြစ်သဖြင့် ခြံထဲတွင် ဆောက်ထားသော အိမ်ကိုကျောခိုင်းပြီး အလုပ်လုပ်ရသည်။
ထိုအချိန်တွင် အိမ်ပေါ်မှ နွဲ့နွဲ့လျလျနှင့် လှလှပပ မိန်းကလေးက အကို့ပခုံးကို ကိုင်လိုက်တာကြောင့် သုတခြေလှမ်းတို့ ရပ်သွားပြီး ကြောင်ကြည့်နေမိသည်။အကိုက စိတ်ရှုပ်ဟန် ထိုမိန်းကလေး လက်တွေ ဆွဲဖယ်လိုက်တော့ ထိုမိန်းကလေး ခိုးခိုးခစ်ခစ်ရယ်ကာ ထပ်တင်လာပြန်သည်။ ထိုအချိန်အထိ အကိုက သုတတို့ကို မမြင်သေး။
သုတနောက် ရပ်နေသော အမခတ္တာက မနေသာတော့ဘဲ အရှေ့ခပ်သွပ်သွပ်သွားထွက်သွားသည်။
" ကိုကြီး....."
" ခတ္တာ ဟင်...အသေးလေး "
ထိုအခါမှ အကိုက သုတရှိရာ ရောက်လာပြီး လက်ထဲက ဆွဲခြင်းကို ကူဆွဲကာ အထဲခေါ်သွားသည်။ ထိုမိန်းကလေးက သုတကို
မမြင်ကြည့်များဖြင့် ကြည့်နေသောကြောင့် သုတအကိုလက်မောင်းကို ဖက်လိုက်သည်။ အကိုက သဘောတကျရီပြီး သုတလက်ပေါ်ထပ်ကိုင်လာသည်။
" အများကြီးပါလား... ခနတော့စောင့်ရဦးမယ် သာဒင်တို့က အလုပ်မပြီးသေးဘူး ဗိုက်ဆာနေပြီလား အသေးလေး ခတ္တာ "
" မဆာသေးဘူး အကို "
" ညီမလေးလည်း မဆာသေးဘူးကိုကြီး "
" ခတ္တာ ဟိုဘက်ကို လိုက်မသွားနဲ့တော့ အလုပ်ပြီးရင် နင့်ယောက်ျားနဲ့ကိုကျော်စိုး အတူလာလိမ့်မယ် "
" ဟုတ်ကဲ့ ကိုကြီး "
" သူတို့က ဘယ်သူတွေလဲ ရန် "
ခပ်ချွဲချွဲ အသံကြောင့် သုတမော့ကြည့်လိုက်သည်။ ထိုမိန်းကလေး သုတတို့ကိုကြည့်ပြီး အကို့ဘေးဝင်ထိုင်ဟန် ပြင်တော့ အမခတ္တာက လက်ထဲက ဆွဲခြင်းကို အကို့ဘေးထိုင်ခုံပေါ်ချလိုက်ပြီး သုတကို အကို့ဘေးသို့ ထိုင်ခိုင်းသည်။ သုတဘေးတွင် အမခတ္တာက ထိုင်နေသောကြောင့် ထိုမိန်းမက နှုတ်ခမ်းကိုက်ကာ မတ်တပ်ရပ်လျက်။
အမခတ္တာကတော့ ခေါင်းမော့ ရင်ကော့ကာ မျက်နှာတွင်လည်း အပြုံးတို့ဖြင့်။
" ဒါက ကျုပ် အိမ်ထောင်ဖက် ဟိုဘက်က "
" ကျွန်မက ကိုကြီး ညီမ ခတ္တာ "
အကိုက သုတလက်ကိုင်ကာ မိတ်ဆက်ပေးသည်။ အမခတ္တာအလှည့်ရောက်တော့ အကို့မပြောခင် အမခတ္တာက သွက်သွက်လက်လက်နှင့် ဖြတ်ပြောလိုက်သည်။
သုတက ကြောင်တောင်တောင်လေးဖြစ်သွားသော်လည်း အကိုကတော့ ခေါင်းတငြိမ့်ငြိမ့်နှင့် ပြုံးနေသည်။
" ရောက်နေပြီလား "
" အလုပ်ပြီးပြီလား "
" အေး ပြီးပြီ ထမင်းစားမယ် လေ..."
သုတနှင့် အမခတ္တာလည်း ခပ်လှမ်းလှမ်းက သရက်ပင်အောက်တွင် ပါလာသော ဂုန်နီအိတ်ဆင်းကာ ပြင်လိုက်သည်။ ခုနကမိန်းကလေးက သုတတို့ပါလာသော ဟင်းတွေကို ကြည့်ပြီး နှာခေါင်းရှုံကာ ထွက်သွားသည်။
သုတတို့လည်း ဂရုစိုက်မနေတော့ဘဲ ထမင်းစားရန်သာ ပြင်လိုက်သည်။
တအောင့်အကြာ ထိုမိန်းကလေးက ပန်းကန်တစ်ခုကိုင်ကာ ဆင်းလာပြီး သုတနှင့် အကိုကြား ကို အတင်း ဝင်ထိုင်သည်။ သုတစိတ်ထဲတစ်မျိုးဖြစ်သွားသောလည်း ဘာမှမပြောတော့ဘဲ ခေါင်းငုံကာ ထမင်းစားနေလိုက်သည်။ 
ထိုအရာကို ကြည့်ပြီး အားမလိုအားမရ ဖြစ်နေသည်က ခတ္တာ။
မိန်းမအချင်းချင်းမို့ ထိုမိန်းမ အပြုအမူတွေကို ချက်ခြင်းသိသည်။
နုံနုံအအနှင့် သုတကိုကြည့်ပြီး အားမရဖြစ်နေသည်။ ခတ္တာလည်းမနေသာတော့ဘဲ
" အမ ပန်းကန်ထဲက ဘာတွေလဲ "
" အော် တို့အိမ်မှာ ဝက်သားနီချက်လေး ချက်လို့ ရန်အတွက် ခပ်လာတာ မင်းတို့ယူလာတဲ့ ဟင်းက သိပ်မကောင်းလို့လေ "
" အော်... ကိုကြီးအစား ကျွန်မကဘဲ ပြောတော့မယ် ကိုကြီးက ဝက်သားမစားဘူး ထမင်းဝိုင်းထဲကို အထည့်မခံတာ အဟင်း..."
" ဟုတ်လား တို့မသိလိုက်ဘူး တို့ဒီမှခနထိုင်လို့ရမလား အိမ်ပေါ်ကလည်းပူလို့လေ "
ဆောင်းတွင်းဖြစ်သဖြင့် နေ့လယ်ပိုင်းတွင်ပါ အေးစိမ့်စိမ့်ဖြစ်နေတာကို ဒီမိန်းမကဘာလဲ။
" ထိုင်လို့ေတာ့ ရပါတယ် အမ ကျွန်မဘေးလာထိုင်ပါလား သုတနဲ့ ကိုကြီးက လင်မယားတွေဆိုတော့ ထမင်းစားရင် ပူးကပ်နေမှ စားတတ်တာ အဟင်း... အမကအလယ်ဝင်တိုးနေတော့ "
၀င်တိုးနေသည်လို့ ခတ္တာတမင်သက်သက် ပြောလိုက်သည်။
ထိုအခါမှ
"နေပါစေ အဲဘက်က နေထိုးတယ် တို့အပေါ်ဘဲ တက်တော့မယ် "
" အော် ဟုတ်ကဲ့ "
သာဒင်ကတော့ ထမင်းတောင် ဖြောင့်အောင်မစားနိုင်ဘဲ နွယ်နီထိုက် လက်ထဲကနေ ရန်ကြီးကို သုတအစား ကာကွယ်ပေးနေသော သူ့မိန်းမကိုကြည့်ပြီး အသဲယားနေတော့သည်။
" ဘာကြည့်နေတာလဲ စားလေ "
" အေးပါ မိန်းမရ "
" ကြည့်နေ ကြည့်စားနော် "
နွယ်နီထိုက်ကို အမြင်ကတ်တာနဲ့ သူ့ကိုပတ်ရမ်းနေသော မိန်းမဖြစ်သူကြောင့် သုတကြောင်သွားရသည်။ ဒီကိစ္စသူနဲ့မှ မဆိုင်ဘဲ။
.....................................
......
Yaya💛🌼
AN/ plot သိပ်မရှိတော့ ဖတ်ရတာ လည်နေပြီလားရှင့်
Zawgyi
" တောက်ေ*ာက်လုပ်မဟုတ် တွေ "
" ပေးမှာပေါ့ဗျာ "
" မင်း အဲမိန်းကလေးကို ကြည့်ရှောင်နော် အိနြေ္ဒတစ်စက်မှ မရှိဘူး ကလက်တက်တက်နဲ့ မင်းနားကို ကပ်တာလည်း လွန်ပါလေရော "
.....................................
.........
မသိလိုက်ဘူး "
" အွင်း ခုနကလေးဘဲ "
" ဘယ်သွားမလို့လဲ "
" အိပ်မပျော်ဘူးလား...."
........................
......
မနက်က အလုပ်သွားခါနီးအကိုက ထမင်းချိုင့်လိုက်ပို့မယ် ပြောလိုက်သောအခါ အံ့သြသွားသေးသည်။ ဒါကြောင့်စောစောမထတာလား ဟု သုတပါးကို ဆွဲကာ ပြောသွားသေးသည်။
" ကိုကြီး....."
" ခတ္တာ ဟင်...အသေးလေး "
" မဆာသေးဘူး အကို "
" ဟုတ်ကဲ့ ကိုကြီး "
" သူတို့က ဘယ်သုတွေလဲ ရန် "
" ရောက်နေပြီလား "
" အလုပ်ပြီးပြီလား "
" အမ ပန်းကန်ထဲက ဘာတွေလဲ "
" အော် တို့အိမ်မှာ ဝက်သားနီချက်လေး ချက်လို့ ရန်အတွက် ခပ်လာတာ မင်းတို့ယုလာတဲ့ ဟင်းက သိပ်မကောင်းလို့လေ "
" ထိုင်လို့တော့ ရပါတယ် အမ ကျွန်မဘေးလာထိုင်ပါလား သုတနဲ့ ကိုကြီးက လင်မယားတွေဆိုတော့ ထမင်းစားရင် ပူးကပ်နေမှ စားတတ်တာ အဟင်း... အမကအလယ်ဝင်တိုးနေတော့ "
ထိုအခါမှ
" အော် ဟုတ်ကဲ့ "
" ဘာကြည့်နေတာလဲ စားလေ "
" အေးပါ မိန်းမရ "
" ကြည့်နေ ကြည့်စားနော် "
.....................................
......
Yaya💛🌼
Continua a leggere
Ti piacerà anche
97.8K 2.8K 27
"𝐜𝐚𝐮𝐬𝐞 𝐢'𝐯𝐞 𝐡𝐚𝐝 𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠, 𝐛𝐮𝐭 𝐧𝐨 𝐨𝐧𝐞'𝐬 𝐥𝐢𝐬𝐭𝐞𝐧𝐢𝐧𝐠, 𝐚𝐧𝐝...
1.6M 108K 25
#Book-2 in Lost Royalty series ( CAN BE READ STANDALONE ) Ekaksh Singh Ranawat The callous heartless , sole heir of Ranawat empire, which is spread...
PERMANENT Da PHÅNTØMCAMI
Narrativa generale
1.6K 132 8
read nd yall will know
37.1K 569 15
DELULU & GUILT PLEASURE