အပိုင်း(၁၁)

4.4K 211 9
                                    

Unicode

" ကျုပ် ဒီအိမ်ကိုေရာင်းမှာ "

ဦးရန်မောင် သောက်နေတဲ့ ရေနွေးခွက်ကို ချလိုက်ပြီး ဘေးနားက ထိုင်နေတဲ့ မိန်းမလက်ကိုကိုင်လိုက်သည်။ မင်းအသာနေ ငါပြောမယ်ဆိုတဲ့သဘောပင်။

" မင်း ဘယ်လောက်လိုချင်လိုလဲ "

"ကိုရန်မောင် "

" ငါစကားပြောနေတယ် ဖြတ်မပြောနဲ့ သွားအိမ်ပေါ်တက်နေ"

ထမိန်ကို ခြေသလုံးထိ လက်နဲ့မတင်ကာ အိမ်ပေါ် တဒုန်းဒုန်း မိန်းမဖြစ်သူတက်သွားမှ ရှေ့မှသားဖြစ်သူကို စိုက်ကြည့်လိုက်သည်။

တချိန် ဒီလိုဖြစ်လာမည်ဆိုတာ သူကြိုတွေးထားပြီးဖြစ်သည်။
သားဖြစ်သူအမေ မဆုံးခင် ခြံနာမည်ကို သားဖြစ်သူ နာမည်လွှဲပေးခဲ့မှန်းသူသိသည်။

" ကျုပ် ရှစ်သိန်းလောက် နဲ့ ရောင်းချင်တယ် "

" ဟုတ်ပြီ ဒီခြံကို ငါ၀ယ်မယ် သုံးလလောက်တော့ စောင့် "

" သုံးလ နေရင် ကျုပ်ပြန်လာခဲ့မယ် "

" ကောင်လေးနဲ့ရော အဆင်ပြေလား မင်းက အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်သွားပြီ ဆင်ခြင်သင့်တာဆင်ခြင်ရမယ်။ ကြက်တိုက် ဖဲရိုက်တာတွေ မလုပ်နဲ့ေတာ့။ ဒေါသကိုလည်းလျော့။ အိမ်ထောင်ဖက်အပေါ်လည်း ဝတ္ထရားနဲ့အညီ စောင့်ရှောက်ရမယ်"

" အဖေ မပြောလည်း ကျုပ်သိတယ် အဖေလိုဖြစ်မှာ မဟုတ်လို့
စိတ်ပူနေစရာ မဟုတ်ဘူး ကျုပ်ပြန်ပြီ"

ထွက်သွားပြီဖြစ်တဲ့ သားဖြစ်သူကို ကြည့်ရင်း ယောက်ျားတန်မဲ့
မျက်ရည်ကျမိသည်။ သားအမေ ရှိခဲ့စဉ်ထဲက သူ နွေးနှင့် မေတ္တာမျှခဲ့သည်။ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့သည်ပေါ့။ ထိုအကြောင်းနဲ့
သားအမေ နှင့် ခနခနရန်ဖြစ်ခဲ့ရသည်။ သူ သားအမေပေါ် ကိုယ်ထိလက်ရောက် ကျုးလွန်မိသည်အထိ ရှိခဲ့သည်။ သားသည် သူ့အပေါ် ဘယ်လောက်နာကျည်းနေမလဲ သူသိသည်။ သားနှင့် နွေးနွေးထွေးထွေး နေချင်ခဲ့သော်လည်း သားအမေဆုံးပြီးထဲက
သားအဖနှစ်ယောက် မျက်နှာဆိုင်သည့် အချိန်မှာ ခပ်ရှားရှား။

နှလုံးသားဖြင့်တည်ထားသော (Completed) حيث تعيش القصص. اكتشف الآن