အပိုင်း (၁၅)

4.7K 215 14
                                    

Unicode

နွေးထွေးလွန်းသည့် ရင်ငွေ့ကြောင့် အိပ်ရာမှ မထချင်သေးသော်လည်း ထရမည်ဖြစ်သည်။ အိမ်ထောင်ပြုပြီးသား သူတိုင်းဖက်အိပ်တာ အဆန်းမဟုတ်ပါ။ သုတအတွက်တော့ အကို့ရင်ခွင်ထဲတွင် အိပ်ခွင့်ရမည်ဟု အိမ်မက်ပင် မမက်ဖူးပါ။

စာချုပ်တွင် လက်မှတ်မထိုးခင်ထဲက အကို့အပေါ် ချစ်မိနေသည်ကို သုတ မိမိကိုယ်ကို သတိပြုမိပါသည်။ နွေးနွေးထွေးထွေးနှင့် နေချင်သော်လည်း တည်တည်တန့်တန့်နေတတ်သည့် အကို့ကြောင့် ပိုင်ဆိုင်နေရပါပြီဖြစ်ပါလျက်  အဝေးတွင် ရောက်နေသည်ဟု ခံစားခဲ့ရသည်။ မနေ့ညက အဖြစ်အပျက်များကြောင့် ထိုခံစားချက်များသည် မရှိခဲ့သလိုပင်။

ပွရှုပ်နေသောခေါင်းကို လက်ဖြင့် သပ်ရပ်အောင် ဖိသပ်ပြီး
အိပ်ရာမှ ထလိုက်သည်။ ဝါးကြမ်းခင်းအိမ်ဖြစ်၍ ခြေလှမ်းကို
တိုးတိုးဖွဖွ ဂရုစိုက်နင်းရသည်။ ရေနံဆီမီးခွက်ထွန်းကာ မျက်နှာသစ် ကိုယ်လက်ဆေးကြောလိုက်သည်။

ထမင်းအိုးတည်ထားလိုက်ပြီး တဝက်ပြုတ်ထားသော ဝက်သားများကို နွင်ကာ ကြက်သွန်နီ ဂေါ်ဖီ ခရမ်းချဉ်သီးစိမ်းလေးများနှင့်
ဝက်သားသုပ်လိုက်သည်။
.
.
.
.
.

ရန်ဘုန်းအောင် နိုးလာချိန်တွင် ရင်ခွင်ထဲမှ အသေးလေး မရှိတော့ပါ။ ရေနံဆီမီးအလင်းရောင်နှင့်  လှုပ်ရှားနေသံများကြောင့်
အိမ်ရှင်ထီးလေး ချက်ပြုတ်ပြင်ဆင်နေပြီဖြစ်သည်။ နေရာရွေ့နေသော စောင်နှင့် ခေါင်းအုံးများကို နေရာတကျပြန်ပြင်ပြီး ထလိုက်သည်။

လိမ်းပေးထားသော ဆေးအရှိန်ကြောင့် တကိုယ်လုံးမှ နာကျင်မှုများ ပြေပျောက်သွားရသည်။ အကြောဆန့် ကိုယ်လက် လှုပ်ရှားမှု အနည်းငယ်လုပ်ပြီး ကိုယ်လက်ဆေးကြောမျက်နှာသစ်ရန် အောက်သို့ဆင်းလာလိုက်သည်။

သူအိမ်ပေါ်တက်လာချိန်တွင် အသေးလေးကို လက်အုပ်ချီမိုးကာ
ဘုရားရှိခိုးနေပြီဖြစ်သည်။ အသေးလေးကို သဘောကျရသည့်အချက်များတွင် ပထမဆုံး တစ်ချက်သည် ဘုရားတရားရှိုသေကိုင်းရှိုင်းခြင်းဖြစ်သည်။ အမြဲတစေ လန်းဆန်းနေတတ်သည့် ဘုရားပန်းများနှင့် ဖုန်မှုန့်များ ဘုရားကျောင်းဆောင်သည် မြင်ရသူတိုင်း သဘောကျနေမည်မှာ အမှန်ပင်ဖြစ်သည်။

နှလုံးသားဖြင့်တည်ထားသော (Completed) Where stories live. Discover now