အပိုင်း(၂၂)

4.4K 213 9
                                    

Unicode

" ရန်ကြီး.. မင်းကို ဘိုးတော်သမီးက အသေကပ်နေတာနော်.. "

" ငါလည်း ...အဲတာကြောင့် စိတ်ရှုပ်နေတာ မိန်းကလေးမလို့
ယောက်ျား... လေးဆို ငါဆိုးထိုးပစ်တာ ကြာပြီ "

နေ့လယ်ခင်းတုန်းကလည်း  မြို့ကပါလာတဲ့ လက်ဖက်ရွက်နုသုပ်ဆိုပြီး လာကျွေးသည်။ အနားတွင်လည်း ငြူတူတူလုပ်နေသေးသည်။ ကြာလာတော့ တခြားအလုပ်သမားက တိုးတိုး , တိုးတိုးနှင့် မဟုတ်တာတွေ ပြောနေကြသည်။

အစကတော့ ကိုယ့်မဟုတ်တာမလုပ်လို့ စိတ်သန့်တယ်ဆိုပြီး ဘယ်သူ့ကိုမှ ဂရုမစိုက် ။ ရန်များမည်ဆိုတာကြောင့်လည်း ပါသည်။
ဒါကို လူတွေက လွန်လာကြသည်။ ရန်ဘုန်းအောင်နှင့် ဘိုးတော်သမီး ကြိုက်နေပါပြီ ဆိုတာလည်း တစ်ယောက်တစ်ပေါက်နှင့် သူဌေးကုန်း တရွာလုံးကပင် သိနေကြသည်။

ဦးဘမြိုင်သမီး မြို့သူလေးက သူ့အဖေ ပွဲရုံက စာရင်းကိုင်နှင့် ကြိုက်နေပါသည်ဟု ပုံကြီးချဲ့ပြောနေတာဖြစ်သည်။ သူ့ဘက်က ငြင်းလိုက်ရင် တစ်ဖက်မိန်းကလေး ဂုဏ်သိက္ခာထိခိုက်မည်စိုး၍ သူငြိမ်နေခဲ့တာဖြစ်သည်။ ထိုဟာကို အခွင့်ကောင်းယူပြီး မဟုတ်တာတွေပိုပိုသာသာပြောနေကြတာဖြစ်သည်။ ဘိုးတော်သမီးကလည်း
တခါမှမငြင်း။ ထိုသတင်းထွက်လေလေ ပိုကပ်လေဖြစ်သည်။

" ရန်ကြီး.... သူဌေးကုန်း....တစ်ရွာလုံး ပျံ့နေပြီနော်
ငါမနေ့က ခြံဘက်ခနသွားတော့ ကြားခဲ့တာ မင်းက ပွဲရုံကြောင့် ဦးဘမြိုင် သမီးကပ်နေတာတဲ့ "

" တောက်  ေ*ာက်လုပ်မဟုတ်တာ တွေ "

ရန်ဘုန်းအောင် သူ့ဂုဏ်သိက္ခာကိုပါ ထိပါးသဖြင့် လုပ်သင့်လုပ်ထိုက်တာ လုပ်ရတော့မည်။  ပိုက်ဆံလည်း စုသင့်သလောက် စုထားတာကြောင့် လကုန်ရင် အလုပ်ထွက်ပြီး ကိုယ်ပိုင် အလုပ်လေး
စကြည့်မည်ဟု တွေးထားလိုက်သည်။

" ကျုပ် လကုန်ရင် ဦးဘမြိုင်ဆီမှာ မလုပ်တော့ဘူး
သာဒင်ကလည်း ထွက်မှာ ခင်ဗျားရော ကိုကျော်စိုးဘာလုပ်မှာလဲ "

" ငါလည်းထွက်မှာပေါ့ သာဒင်ညက ပြောတော့ မင်းအဝယ်ဒိုင်
လုပ်ကြည့်မလို့ဆို ငါ့ကိုလည်း အလုပ်ပေးဦးနော် "

နှလုံးသားဖြင့်တည်ထားသော (Completed) Where stories live. Discover now