အပိုင်း (၁၆)

4.6K 220 11
                                    

Unicode

" ရှက်နေတုန်းလား သာဒင်က ရှက်ရမယ့်သူ မဟုတ်ပါဘူးကွာ "

သာဒင် ပြန်သွားထဲက အိပ်ခန်းထဲတွင် တကိုယ်လုံး စောင်ဖြင့်အလုံထုပ်ထားသော အသေးလေးသည် ဘယ်လိုလိုပြောပြာ ဆံပင်တစ်ချောင်းတောင် မပေါ်အောင် အလုံထုပ်ထားသည်။

"အသက်ရှူကြပ်မယ်လေ စောင်ဖယ်လိုက်တော့ လိမ္မာတယ်မလား"

အသေးဘက်ကိုမျက်နှာမူပြီး လက်ထောက်လျက်ကြည့်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။

"မလိမ္မာဘူး "

အမေးနှင့် အဖြေကြားတွင် အချိန်ကွာဟမှုသည် အတော်ကြာသည်။

စောင်အလုံထုပ်မှ တိုးတိုးညက်ညက်အသံလေးကြောင့် သူပြုံးလိုက်မိသည်။ သေချာပေါက် နှုတ်ခမ်းဆူဆူလေးဖြစ်နေမှာပင်။

အတူနေသည့်အချိန် လာသည်မျှ တစ်ယောက်အကြောင်း တစ်ယောက် နားလည်နေကျပြီဖြစ်သည်။ မကျေနပ်လျှင် နှုတ်ခမ်းလေးဆူကာ တိုးတိုးညက်ညက် ပြောတတ်သည်မှာ အသေးလေးပုံစံပင်ဖြစ်သည်။

" လိမ္မာပါတယ်ကွာ မျက်နှာလည်းပြပါဦး ပြန်ရောက်ထဲက သေချာမကြည့်ရသေးဘူး "

" အဲတာ အကို့ကြောင့်လေ အိမ်ရှေ့ကြီးမှာ "

ရုတ်တရက် စောင်ဆွဲချလိုက်ပြီး မကျေနပ်ဟန် ပြောလာသည့် ကောင်လေးသည် အရှက်အကြောက်ကြီးသည့် သူဖြစ်သည်။

" အိမ်ရှေ့ကြီးမှာ ဘာဖြစ်လဲ ဆက်ပြောလေ ဟင်"

" အတင်းဖက်ထားတာလေ "

ပြောပြီးစောင်ခြုံထဲ ပြန်ဝင်သွားသော အသေးလေးကြောင့် အသံထွက်သည်အထိရီမိသည်။

" ဟားးးဟားး"

" သူများကိုဆို အသံအကျယ်ကြီးနဲ့ လှောင်ရယ်ချင်နေတာ "

" မဟုတ်ရပါဘူးဗျာ "

ပြောပြီး ဆတ်ခနဲ စောင်ကိုဆွဲလှန်ချသည့် အကို့ကြောင့်သုတလန့်သွားရသည်။ အကိုဆိုသည်မှာ မပြောမဆိုနှင့် လုပ်လိုက်ရင် အရမ်းဘဲ။ ချစ်တဲ့သူ ဖြစ်သည့်အတွက် အပြစ်တော့မမြင်ရက်ပါ။

" လာပါဦးကွာ "

ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ဖက်ခံထားရသော်လည်း သုတကြိုက်သည့်  ကိုယ်သင်းရနံကြောင့် အကို့ကျောပြင်ကြီးကိုပြန်ဖက်ထားလိုက်သည်။

နှလုံးသားဖြင့်တည်ထားသော (Completed) Where stories live. Discover now