အပိုင်း (၂၀)

4.6K 204 10
                                    

Unicode

အလင်းေရာင် သဲကွဲစွာ မမြင်ရသေးပေမယ့် ဒေါ်ထွေးရီ
သားဇောကြောင့် လက်နှိပ်ဓာတ်မီးမယူခဲ့ဘဲ ခပ်သွက်သွက် လိုရာခရီးရောက်အောင် လျှောက်လှမ်းနေရသည်။

ညသန်းခေါင်မတိုင်ခင်ထဲက မတွေ့တော့တဲ့ သားဖြစ်သူကြောင့်
မနက် ရောက်တဲ့အချိန်ထိ စောင့်နေရတာဖြစ်သည်။

ဆောင်းရာသီ ဝင်တော့မည်ဖြစ်၍ မြောက်လေ အေးစိမ့်စိမ့်လေးကို
ခံစားရသော်လည်း ဒေါ်ထွေးရီမှာ ချွေးတပြိုက်ပြိုက်နှင့်။
အလုပ်အကိုင်နှင့် တည်တည်ငြိမ်ငြိမ် ဖြစ်သွားသည်ထင်ခဲ့သော်လည်း ခုလိုအကြောင်းမရှိ ပျောက်သွားသည့်အပေါ် အမေတစ်ယောက်အနေနှင့် ရတက်မအေးဖြစ်နေရသည်။

" ရန်ဘုန်းအောင် သားရန်ဘုန်းအောင် အရီးထွေးရီပါ ဒီကလေးနှစ်ယောက် မနိုးသေးတာလား "

အိမ်ရှေ့မှ အသံယဲ့ယဲ့ ကြားရသောကြောင့် သုတ နိုးလာရသည်။
ပတ်ဝန်းကျင်ရှိအရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်နေပြီး ညအမှောင်မကုန်သေးသောကြောင့် နားကြားမှားတညဖြစ်လိမ့်မည်။

အိပ်ရာထဲပြန်လှဲလိုက်ပြီး အကို့ရင်ခွင်ထဲ တိုးဝင်လိုက်သည်။
ပြန်ဖက်လာသော အကို့ရင်ခွင်နွေးကြောင့် မျက်လုံးများမှေးစင်းလာချိန်တွင်

" ရန်ဘုန်းအောင် သုတ အရီးထွေးရီပါ "

နောက်တစ်ကြိမ်ထပ်မံ ကြားရသောအသံကြောင့် သုတရော အကိုရော နိုးလာရသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
အကိုက အိပ်ရာဘေးတွင် ချထားသော အင်္ကျီကို ပြန်ဝတ်ပြီး ရှေ့မှထွက်သွားသည်။

သုတလည်း ထိုးထောင်သော ဆံပင်ကို လက်ဖြင့်သပ်လိုက်ပြီး
နောက်မှ လိုက်လာခဲ့သည်။ ရေနံဆီမီးခွက်ကိုင်ပြီ ခြံတံခါးဖွင့်နေပြီဖြစ်သော အကို့နောက်သို့ လိုက်လာခဲ့သည်။

ရေနံမီးအလင်းရောင်ကြောင့် တစ်ဖက်မှလူကို သဲကွဲစွာ မြင်ရသော
ရန်ဘုန်းအောင်လည်း ခြံတံခါးကို လျင်မြန်စွာ ဖွင့်ပေးလိုက်သည်။

" အရီး မနက်အစောကြီးကို ဘာဖြစ်လို့လဲ "

ခေါင်းတွင် ဆံပင်များက ဖွာလန်နေပြီး မျက်နှာတွင်လည်း မျက်ရည်များနှင့် အရီးကြောင့် ရန်ဘုန်းအောင်နှင့် သုတ
လန့်သွားရသည်။

နှလုံးသားဖြင့်တည်ထားသော (Completed) Where stories live. Discover now