အပိုင်း(၁၀)

4.6K 193 5
                                    

Unicode

" အဲလို မှန်းသိရင် ပလိုင်းယူလာပါတယ်ကွာ ငါးတွေက အကောင်ချောတယ်ကွ  "

" ငါးခြောက်ခွဲ လှမ်းထားလို့ရတယ် "

" တော်သေးတာေပါ့ကွာ  ဘောင်းဘီတိုဝတ်လာလို့ မဟုတ်ရင် ထုပ်စရာ ပုဆိုးတောင် ရှိမှာမဟုတ်ဘူး "

သူဌေးကုန်းက အပြန် ရွာထိပ် ရေလယ် ချောင်းတွင် ရန်ဘုန်းအောင်နှင့် သာဒင်ငါးမျှားနေကြသည်။ ညောင်တပင်ရွာသည် ၔရာ၀တီမြစ်နှင့် နီးပြီး ချောင်းကြီးများလည်းပေါသည်။ ငါးပုစွန် ပေါသည့်ရွာပင်ဖြစ်သည်။

" သာဒင် မင်းကျန်ခဲ့မှာလား ငါပြန်တော့မယ် "

" နေပါဦး ပြန်လိုက်မှာပေါ့ မင်းကလည်း မြန်မြန် "

ပလိုင်းရော ထည့်စရာပါ မပါသည့်အတွက် ဝတ်လာသည့် ပုဆိုးကိုချွတ်ကာ ထုပ်လိုက်သည်။ ဘောင်းဘီဒူးကျနှင့် ခြေသလုံးညိုညိုများသည် ကျန်းမာကြံ့ခိုင်သော ယောက်ျားတစ်ယောက်၏ ပြရုပ်ပင်။

———————————

" မနက်ကျမှ ငါစောစော လာခဲ့မယ် ပြန်ပြီ ဟေ့ကောင် "

"အေး "

သူခြံထဲ ၀င်လာသည်အထိ မတွေ့ရသေးသည့် အသေးလေးကြောင့်
ဒေါသထွက်လာရသည်။ တားနေသည့်ကြားက အလုပ်သွားလုပ်နေသည် ဖြစ်ရမည်။ ပုဆိုးနှင့် ထုပ်ထားသော ငါးတွေကို ပုံးနှင့်ထည့်ထားပြီး ခြေလက်ဆေးကာ အိမ်ပေါ် တက်လာခဲ့သည်။

" အိပ်ပျော်နေတာလား  "

အခန်းထဲတွင် အသေးလေးသည် ကွေးကွေးလေးနှင့် အိပ်ပျော်နေသည်။ မျက်လုံးများလည်း ဖောင်းအစ်ကာ ငိုထားသည့်ပုံပင်။
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အသေးလေးကြောင့် သူတစ်ယောက်ထဲပင် ထမင်းစားရန်ပြင်လိုက်သည်။

ခွမ်း

" ဟင် "

မီးဖိုချာင်ထဲက အိုးသံ ပန်းကန်သံကြောင့် သုတနိုးလာရသည်။
မျက်လုံးကို လက်နှစ်ဖက်ဖြင့်ပွတ်ကာ ထွက်လာခဲ့သည်။
စွပ်ကျယ် အင်္ကျီနှင့် အညိုရောင် ကျောပြင်ကြီးကို မြင်ကာမှ သက်ပြင်းချလိုက်သည်။ စိတ်ဆိုးပြီး ထမင်းပြန်မစားဘူး ထင်နေခဲ့တာဖြစ်သည်။

နှလုံးသားဖြင့်တည်ထားသော (Completed) Where stories live. Discover now