အပိုင်း (၁၇)

4.7K 212 0
                                    

Unicode

"အကို"

"ကျွတ် ကျွတ် အိပ် ကိုယ်ရှိတယ် "

အိပ်နေရင်းတောင် သူ့ကိုအပျောက်မခံသော အသေလေးသည် အတော်ကြောက်သွားပုံရသည်။ သူ့ကို ဆုပ်ကိုင်ထားသဖြင့် ချွေးစေးများပင် ထွက်နေသည်။ ငိုထားသဖြင့် မျက်လုံးလေးများလည်း ဖောင်းအစ်နေသည်။

နဖူးပေါ် ကျနေသော ဆံပင်လေးကို သပ်တင်ပေးလိုက်သည်။
ခါးလယ်မှစောင်ကို ရင်ဘတ်ထိ လုံအောင် ဆွဲတင်ပေးလိုက်ပြီး
လက်ကိုဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

" အိပ်ပျော်သွားပြီလား ရန်ကြီး "

"အင်း "

" ငိုရတာ မောသွားလို့နဲ့ တူတယ်"

အိမ်ပြန်ရောက်သည်အထိ သူ့ကို ဖက်တွယ်ကာ ငိုနေသော အသေးလေးသည် သူ့ပုခုံးကို ဖက်ထားလျက် အိပ်ပျော်သွားသည်။

" ရန်ကြီး ငထွားတို့ အုပ်စု တမင်သက်သက်ရန်စတာ "

အလုပ်မှ အိမ်ပြန်ရောက်ချိန် အိမ်တိုင်လုံးပေါ်တွင် မြေဖြူနဲ့ ရေးထားသည့် " အရီးထွေးရီ ဆီ ခနသွားတယ် " ဟု ရေးထားသည့်
ရွဲ့ရွဲ့စောင်းစောင်း လက်ရေးလေးကြောင့် မြို့မှ ၀ယ်လာသည့် ပစ္စည်းများကို ချကာ သာဒင်တို့အိမ် လိုက်လာခဲ့လိုက်သည်။

ရွာလမ်းမပေါ်  လူသုံးယောက်အလယ်တွင် ဖြူဖြူသေးသေးကောင်လေးကြောင့် ရန်ဘုန်းအောင် ဒေါသတို့အုံကြွလာရသည်။ ပိုဆိုးလာသည်က အသေးလေးပါးပေါ်ရှိ လက်တို့ကြောင့် မျက်လုံးများပြာလာသည်အထိ။ ထိန်းချုပ်ထားသော ဒေါသတို့က ပခုံးကို ကိုင်ထားသော လက်တို့ကြောင့် လွှတ်ထွက်ကာ မရပ်မနား ထိုးမိသည်။

" သူကြီးတော့ မင်းကိုခေါ်ပြောဦးမှာဘဲ "

"  ေ*ာက်ဂရုမစိုက်ဘူး ငါ မနက် အလုပ်မလိုက်သေးဘူး
ဘိုးတော်ကို မင်းပြောလိုက်"

" အေးအေး "
.
.
.
.
.
ကျလိ   ကျလိ

" ဟင် "

အိမ်အတွင်း ၀င်ရောက်လာသည့် နေရောင်ကြောင့် သုတမျက်လုံးကို လက်ဖြင့်ကာထားလိုက်သည်။ အကို့ထမင်းချိုင့်ကို သတိရကာ ချက်ချင်းမိတော့ ခါးကို ဖက်လာသည့် လက်တစ်ဖက်။

နှလုံးသားဖြင့်တည်ထားသော (Completed) Nơi câu chuyện tồn tại. Hãy khám phá bây giờ