အပိုင်း(၂၇) ဇာတ်သိမ်းပိုင်း

7K 223 11
                                    

Unicode

နွေဦးကာလ ရောက်လို့ ဥသြငှက်၏ တွန်သံ ချိုချိုကိုလည်း ကြားနေရသည်။ ရွက်ဟောင်းများကြွေကျပြီး ရွက်သစ်ကလေးမှာ အပင်တိုင်းလိုလိုဖြစ်ပြီး ပန်းချီကားတစ်ချပ်နှယ် လှပလွန်းသည်။ သရက်ဖူးပန်းကလေးများကလည်း ဝေဝေဆာဆာဖူးပွင့်နေကြသည်။

နီနီရဲအောင် ပွင့်နေသော လက်ပန်ပွင့်များကြောင့် နွေရာသီသည်လှပနေတော့သည်။ တမာ ထန်း​ေနှာင်းတို့အချိန်လည်းဖြစ်သည်။

သုတတို့ရွာသည် အထက်အညာနှင့် နီး၍ နွေရာသီရောက်ပြီဆိုရင် မနေနိုင်မထိုင်နိုင်အောင်ပူတတ်သည်။ နေ့ခင်းနေ့လယ်ရောက်ပြီဆိုတာနဲ့ စလူယပ်တောင်တောင်လေး တဖျတ်ဖျတ်နှင့် အပင်အောက်ကြီးများသို့ နေရာယူကြရသည်။ လေကလည်း လူပူတိုက်သဖြင့်
ခံစားရမသက်သာ။ လူတိုင်းလိုလို အေးသည့်ဖျင်ပါးအင်္ကျီနှင့် လက်ပြတ်စွပ်ကျယ်တို့ကိုသာ ဝတ်ဆင်ရသည်။

ထိုလူတိုင်းတွင် သုတတော့မပါ။နွေလယ်ခေါင်မှာ အနွေးထည်လက်ရှည်ဝတ် ကို သုတဝတ်ထားရသည်။ ချွတ်လို့လည်းမရ။တမြန်နေ့က ရွာထဲက အပြန်အဆောင်းမှာဘဲ အိမ်ပြန်ရောက်ရောက်ချင်း ရေခဲရေသောက်လိုက်သေးသည်။ ထိုမျှနှင့်မပြီး ပူပြင်းမှုဒဏ်ကိုမခံနိုင်သောကြောင့် သတိလက်လွတ်နှင့် ရေချိုးလိုက်ပါသေးသည်။

အကျိုးဆက်အနေနှင့် အပူရှပ်ပြီး သုတဖျားပါတော့သည်။ နေ့မကူးဘဲ ခေါက်းတခုလုံး ထိုးကိုက်လာပြီး ခန္ဓာကိုယ်အပူရှိန်ကလည်း တရိတ်ရိတ် တက်လာသည်။ အကိုသိတော့ သုတကို ဆူသေးသည်။ ကလေးမဟုတ်ဘဲ အပြင်ကပြန်လာပြီးချင်း ရေချိုးလို့ဖြစ်သည်။ သို့သော် နွမ်းဖျဖျ သုတမျက်နှာကြောင့် ကြာကြာလည်းမဆူပါ။

အပူက တဖြည်းဖြည်းတက်လာပြီး ချွေးပါငုပ်သွားသဖြင့် သုတမှာ အနွေးထည်လက်ရှည်ဝတ်ထားရခြင်းဖြစ်သည်။ လူကလည်းနုံးခွေလာပြီး လုပ်ချင်ကိုင်စိတ်ပါ ပျောက်လာရသည်။ ရာသီဥတု ကလည်းပူသည့်အပြင် ခန္ဓာအပူချိန်ကြောင့်ပါ သုတတစ်ယောက်ဒုက္ခရောက်နေရသည်။ ချွေးမထွက်သည့် ကိုယ့်ကိုကိုယ်လည်း ဒေါသထွက်နေရသည်။

နှလုံးသားဖြင့်တည်ထားသော (Completed) Where stories live. Discover now