အပိုင်း(၅)

4.8K 199 0
                                    

Unicode

" ဒီကိစ္စကို မင်းတို့ မိဘတွေလာမှ ပြောကြတာပေါ့ "

" ဖိုးသား သူတို့ငါးယောက်ကို ထိပ်တုံးခတ်ထား "

ငထွားတို့အုပ်စုဘက်က ခေါင်းခွဲ သွားပေမယ့် ရန်ဘုန်းအောင်နှင့် သာဒင် သည် အနည်းငယ်ဒဏ်ရာရုံသာ။

"အရီးလှ ကျွန်တော်၀င်ခဲ့မယ်နော် "

ရန်ဘုန်းအောင်ကြားရသည့် အသံလေးကြောင့်
တိုင်မှီကာ ပျင်းတိပျင်းရွဲ ကျောမှာမတ်ခနဲ။
သူဒီအသံလေးကို မှတ်မိသည်။ ယောက်ျားလေးတစ်ယောက်
ဖြစ်သော်လည်း အသံချိုချိုအေးအေးဖြစ်သည်။

ထိပ်ခတ်ခံထားရသော သူ့ပုံစံကိုအသေးလေးကို
မမြင်စေချင်ပါ။ ထပြေးလို့ရလျှင်ကောင်းမည်ဟူသော
အတွေးတို့ကို ထိပ်တုံးကပြောင်ပြနေသလိုပင်။

"သုတ လား ၀င်ခဲ့၀င်ခဲ့ "

ခြေတံရှည် သူကြီးအိမ်အောက်တွင် တွေ့ရသော
အကိုရန်ဘုန်းအောင်နှင့် အကိုသာဒင် ကြောင့်အံ့သြ
သွားရသည်။ မနက်က အကောင်းအတိုင်းရှိသော
နှစ်ယောက် မျက်နှာတွင် ညိုမဲရာကိုယ်စီနှင့်။
ခြေထောက်တွင်လည်း ထိပ်တုံးခတ်ခံထားရသည်။

" ဟဲ့ ဟိုကလေး ဒီဘက်လာ "

သုတ အရီးလှ အသံကြောင့် အကို့တို့ကို အကြည့်ရပ်ကာ
ခြေလှမ်းတို့က အိမ်ဘေးသရက်ပင်တွင်
သစ်သားဖင်ထိုင်ခုံအပုလေးဖြင့် ထိုင်ကာ ပဲပြာနေသော
အရီးလှထံသွားလိုက်သည်။

" မြန်မြန်လာ နင်တို့သူကြီး စိတ်တိုနေတယ်
ဘယ်နှယ့်တော် ထန်းဆိုင်ဆိုင်မှာ မူးပြီးရန်ဖြစ်ရတယ်လို့
လူငယ်တွေများ ထစ်ခနဲဆို လက်ပါဖို့ဘဲ ခက်တယ်"

အရီးလှသည် ခေါင်းတခါခါဖြင့် ပြောရင်း
ပဲဆက်ပြာနေသည်။

" အရီး ကျွန်တော်ကို ခေါ်တယ်ဆိုလို့ "

" ခြံနောက်ဖေး ကွမ်းခြံထဲက ကွမ်းရွက်တွေ
ခူးခိုင်းမလို့ နေမကောင်ဘူးဆို ခူးလို့ရော ရရဲ့လား"

"ရပါတယ် အရီးကျွန်တော် ခူးနိုင်ပါတယ်"

"အေးအေး ရေကပြင်မှာ ရေပုံးရှိတယ် ယူသွား
အညွှန့်လေးတွေ မကျိုးစေနဲ့နော် "

နှလုံးသားဖြင့်တည်ထားသော (Completed) Where stories live. Discover now