ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက...

Por phyolay1991

40.6K 4.9K 16

Title - Where'd My Delicate Little Wife Go? ငါ့ရဲ့ နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ... Description 💥 ရှဲ့ယွင်န... Más

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ
chapter 57
chapter 58
chapter 59
chapter 60
chapter 61
chapter 62
chapter 63
chapter 64
chapter 65
chapter 66
chapter 67
chapter 68
chapter 69
chapter 70
chapter 71
chapter 72
chapter 73
chapter 74
chapter 75
chapter 76
chapter 77
chapter 78
chapter 79
chapter 80
chapter 81

ငါ့ရဲ့နူးညံ့တဲ့ဇနီးလေးဘယ်ရောက်သွားလဲ

492 68 0
Por phyolay1991

Chapter 20
October 31, 2023
Chapter 20

ရှဲ့ယွင်နန်က ကန်စွန်းဥ နှစ်ထောင်ကတ်တီ စုစုပေါင်း ယွမ်နှစ်သောင်းဖိုး ဝယ်ယူခဲ့သည်။

ယနေ့အတွက် အချိန်မှာ နောက်ကျနေပြီဖြစ်ရာ ကန်စွန်းဥ အများအပြားကို ချက်ခြင်း သယ်သွားရန် လွန်စွာ အခက်တွေ့ပေလိမ့်မည်။  သူ့အနေဖြင့် သယ်သွား၍ အဆင်ပြေသည့်တိုင် အိမ်တွင် ထားစရာ နေရာမရှိ။

သူက မေးလိုက်သည်။ 

"ကန်စွန်းဥတွေကို မနက်ဖြန်မှ လာယူလို့ ရမလား ..."

သူ့စကား ဆုံးသည်နှင့် တစ်ပြိုင်နက် မျက်နှာချင်းဆိုင်ရှိ အမျိုးသမီး၏ စကားသံကို ကြားလိုက်ရသည်။ 

"ရတာပေါ့ ..."

"ကျေးဇူးတင်ပါတယ် ..."

ရှဲ့ယွင်နန်က သူမကို ပြုံးပြကာ ကျေးဇူးတင်လိုက်သည်။

"ကျေးဇူးတင်စရာ မလိုပါဘူး နောက်ထပ် ရက်နည်းနည်းလောက်နေမှ လာယူချင်လည်း ဖြစ်တယ် နောက်ပိုင်း လိုသေးရင်လည်း ထပ်လာဝယ်လို့ ရတယ်နော် ကျွန်မတို့က ဒီကန်စွန်းဥတွေကို အစားအသောက်လုပ်တဲ့ စက်ရုံတွေမှာ သွားရောင်းဖို့ တွေးမထားဘူး ..."

အမျိုးသမီးက ပြုံးကာ‌ ပြောလိုက်သည်။

ဤဒေသရှိ စိုက်ခင်းများတွင် စိုက်ပျိုးသော ကန်စွန်းဥ အများစုမှာ အမျိုးမျိုးသော ကန်စွန်းဥကုန်ပစ္စည်းများ ပြုလုပ်ရန် အလို့ငှာ အစားအသောက် စက်ရုံများသို့ တိုက်ရိုက် တင်ပို့ရောင်းချကြသည်။

အစားအသောက်စက်ရုံကို မပို့ဘူးဆိုတော့ .. ဒါက ဆင်ခြေဖုံးဒေသမှာ နေထိုင်တဲ့သူတွေအတွက် အထောက်အကူ ဖြစ်နိုင်တယ် ...

ဒါပေမယ့် သားရဲတွေ တိုက်ခိုက်တဲ့အခါ ဒီကန်စွန်းဥတွေကလည်း ရေရှည် မခံနိုင်လောက်ဘူး ...

အတွေးထဲ နစ်မြောနေစဉ် ရှဲ့ယွင်နန်သည် အခြားသူတစ်ဦး၏ အမေးစကားကိုပါ ကြားလိုက်ရသည်။ 

"ဒါနဲ့ ဒီဘက်က နာမည်က ဘာတဲ့လဲ ..."

"ကျွန်တော့်နာမည်က ရှဲ့ယွင်နန်ပါ ဒီဘက်ကရော ..."

သူက ပြန်မေးလိုက်သည်။

"ကျွန်မက ရှချင်ပါ ..."

အမျိုးသမီးက ရယ်မောလိုက်သည်။ အထက်တန်းလွှာတို့ကို တိုက်ခိုက်ခဲ့စဉ်က သူမ၏ သရုပ်မှန်ကို ဖုံးကွယ်ကာ အမျိုးသားတစ်ဦးအဖြစ် ဟန်ဆောင်ခဲ့သည့်အတွက် ရှချင်ဟူသော အမည်မှာ အပြစ်ကင်းပေသည်။ 

ဆင်ခြေဖုံးဒေသ၌ ရှချင်ကဲ့သို့သော မိန်းမလှမျိုး အနည်းငယ်ခန့်သာ ရှိပေသည်။ ရှဲ့ယွင်နန်က သူမနှင့် တစ်ခဏမျှ စကားပြောပြီးသည့်နောက် သူမ၏ နောက်ခံမှာလည်း မဆိုးလှဟု ခံစားမိလာသည်။

ဒါပေမယ့် သူမက စိုက်ခင်းဝင်ပေါက်ကို စောင့်ကြပ်ဖို့ တာဝန်ကျတာဆိုတော့ ...

စိုက်ခင်းပိုင်ရှင်က တော်တော်လေး နောက်ခံတောင့်နေမလား တွေးစရာပဲ ...

အချိန်အနည်းငယ်ခန့် စကားပြောခဲ့ပြီးနောက် ရှချင်ကလည်း ရှဲ့ယွင်နန်အပေါ် အထင်အမြင်ကောင်းများ ရှိလာသည်။ 

ယနေ့ သူမ တံခါးဝတွင် စောင့်ကြပ်သည့်အခါ ပူပြင်းလောင်မြိုက်လှသည့် အကြည့်ပေါင်းများစွာကို ဘက်ပေါင်းစုံမှ လက်ခံရရှိခဲ့သည်။ ထိုသူတို့နှင့် နှိုင်းယှဉ်ပါလျှင် ရှဲ့ယွင်နန်၏ အကြည့်တို့မှာ လွန်စွာ ကြည်လင်သန့်ရှင်းလှသည်။

လက်ထပ်ပြီးသား ဖြစ်နေ‌တာ‌ကတော့ နှမြောစရာပဲ ...

နေပါဦး အခု အဓိက အချက်က ... ငါတို့ရဲ့ ခေါင်းဆောင်က ဒီ လက်ထပ်ပြီးသား လူချောလေးကို စိတ်ဝင်စားချင်သလိုလို ဖြစ်နေတာ မဟုတ်လား ...

ရှချင်က သူ့ကို ပြုံးပြကာ အပြင် လိုက်ပို့လိုက်သည်။  စိတ်ထဲတွင်လည်း အနည်းငယ် စိုးရိမ်မိ၏။

မညာစတမ်း ဝန်ခံရပါလျှင် သူတို့အားလုံးကို ခေါင်းဆောင်က ကယ်တင်ထားခြင်းဖြစ်သည်။  အချို့မှာ ခေါင်းဆောင်၏ ပျိုးထောင်မှုဖြင့် ကြီးပြင်းသူများ ဖြစ်ကြ၏။ အားလုံးက ခေါင်းဆောင်၏ အနောက်သို့ စိတ်ရောကိုယ်ပါ နှစ်မြုပ်၍ လိုက်ပါခဲ့ကြသော်ငြား မည်သူကမှ ခေါင်းဆောင်မှာ မည်ကဲ့သို့သော လူစားမျိုးဖြစ်ကြောင်း မသိကြပေ။

ခေါင်းဆောင်၏ ရုပ်ရည်မှာ မည်သို့မည်ပုံ ရှိမှန်းပင် မသိကြ။ 

ခေါင်းဆောင်က ဒီ လူချောလေးကို ဘာလုပ်ချင်လဲဆိုတာကိုလည်း မသိဘူး ...

ညရှစ်နာရီထိုးသည့်အခါ ရှချင်က ကန်စွန်းဥအမြစ်များ တူးနေသူများကို ပြန်လွှတ်လိုက်သည်။

ထိုသူများ ထွက်သွားပြီးနောက် ခေါင်းဆောင်ထံ နောက်တစ်ခေါက် ပြန်သွားလိုက်၏။

"ဘာဖြစ်လို့လဲ ..."

တစ္ဆေဘုရင်က မေးလိုက်သည်။ 

"ခေါင်းဆောင် အဲဒီ့ရှယွင်နန်ကို ဘယ်လိုထင်လဲ ..."

သူမက သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ 

"ဘယ်လိုမှ မထင်ဘူး ..."

တစ္ဆေဘုရင်က ပြောလိုက်သည်။

ဘာကို ဘယ်လို ထင်ရမှာလဲဟ အဲဒီ့တစ်ယောက်က သူ့သား ဟုတ်မဟုတ် အတည်ပြုချင်ရုံပဲကို ...

ဘယ်လို အတည်ပြုရမလဲ ဆိုတာကတော့ ... တစ်ဖက်သူရဲ့ အဖော်သားရဲကို တွေ့တဲ့အခါ သူ့အဖော်သားရဲက အတည်ပြုပေးလိမ့်မယ် ...

ထိုသို့ တွေးနေရင်း တစ္ဆေဘုရင်၏ အတွေးတို့ ပျံ့လွင့်သွားတော့သည်။ 

အတွေးနယ်လွန်နေသည့် ခေါင်းဆောင်ဖြစ်သူကို မြင်လိုက်ရသည့်အခါ ရှချင်သည် ခေါင်းဆောင်၏ ရှဲ့ယွင်နန်‌အပေါ် ထင်မြင်ချက်မရှိဟူသည့် စကားကို မယုံကြည်နိုင်တော့ပေ။

တစ်ဖက်တွင် သွမ့်ချန်ချင်းကလည်း အလုပ်လုပ်ခဲ့ရသည့်ဟန်နှင့် မတူပဲ အင်အားအပြည့်ဖြင့် စောစောစီးစီး ပြန်လာသည့် ရှဲ့ယွင်နန်ကို တွေ့လိုက်ရကာမှ စိတ်သက်သာရာ ရသွားတော့သည်။ 

ရှဲ့ယွင်နန်မှာ အရင်တုန်းက ကောင်းမွန်တဲ့ ဘဝလေး ရှိနေရဲ့သားနဲ့ သူရောက်လာကာမှ သူ့ကို ကျွေးမွေးဖို့အရေး လယ်ကွင်းထဲပါ ဆင်းနေရပြီ .. တကယ်ကို ရှက်မိပြီး အားနာစရာပဲ ...

သူ့ကို ဆုချဖို့လည်း မတတ်နိုင် .. သူ လုပ်ပေးနိုင်တာဆိုလို့ စိတ်စွမ်းအင်တွေ ခန္ဓာကိုယ်ထဲ လှည့်ပတ်စေတာပဲ ရှိတယ် ...

ထိုသို့ တွေးကာ သွမ့်ချန်ချင်းသည် ရှောင်ပိုင်ကို ပွေ့ဖက်၍ စိတ်စွမ်းအင်အနည်းငယ် လွှဲပြောင်းပေးလိုက်သည်။ 

ရှောင်ပိုင်က ချက်ခြင်း သူ့ကို နမ်း၍ စိတ်အားထက်သန်စွာ လျာဖြင့် လျက်လိုက်သည်။  ရှဲ့ယွင်နန်ကိုမူ လုံးဝဥဿုံ ဥပေက္ခာ ပြုထား၏။

ရှဲ့ယွင်နန် "..."

မယုံနိုင်စရာ ဘဝကြီးမှာ နေထိုင်နေရတဲ့ နောက်ထပ် နေ့တစ်နေ့ပါလား ...

သူက သွမ့်ချန်ချင်းကို တကယ်ကို ဒီလောက်အများကြီး သဘောကျမိနေတာလား ...

ဟုတ်တော့လည်း ဟုတ်ပါတယ် သူကိုယ်တိုင်ကလည်း သွမ့်ချန်ချင်းကို ကြည့်လေလေ သဘောကျလာလေ ဖြစ်နေတာဆိုတော့ .. အိုက်ယား ..

ဒီလိုဆိုကာမှ သူ သွမ့်ချန်ချင်းကို ကယ်လာခဲ့တာ သိပ်မကြာသေးဘူးဆိုပေမယ့် သွမ့်ချန်ချင်းရဲ့ စိတ်ဝိဉာဉ်က လုံးဝကို မတူတော့ဘူးပဲ ...

ကန်စွန်းဥ နှစ်ထောင်ကတ်တီ ဝယ်ခဲ့သည့်အတွက် ရှဲ့ယွင်နန်၏ စိတ်ခံစားချက်တို့ များစွာ ကောင်းမွန်နေသည်။ 

ထို့အပြင် သူ့စီးပွားရေး အဆင်ပြေနေသည့်အတွက် ပိုပြီး ပျော်ရွှင်မိနေ၏။

သို့သော် များမကြာမီမှာပင် ကောင်းမွန်နေသည့် စိတ်အခြေအနေတို့ လွင့်မျောပျောက်ကွယ်သွားတော့သည်။ 

ကြေးစားမုဆိုးအချို့က ပျက်စီးနေသော ကားကို သူ့ဆိုင်ရှေ့ ရပ်ကာ ညဉ်းတွားလိုကြသည်။

"အကျိုးနည်းကွာ .. အခုဆို စားဖို့ကို မတတ်နိုင်တော့ဘူး ..."

"ငါရောပဲ ..."

"ဒီရက်ပိုင်းလေးမှာတင် ကုန်ဈေးနှုန်းတွေက ဘယ်လောက်တောင် တက်သွားရတာလဲ ..."

....

ရက်ပိုင်းအတွင်းမှာပင် ဟုန်ယဲ့မြို့တော်၏ ကုန်ဈေးနှုန်းမှာ မိုးထိလုမတတ် မြင့်တက်လာတော့သည်။ 

ငွေကြေးနှင့် စားသောက်စရာများ သိုလှောင်စုဆောင်းထားသည့် အချို့သော မိသားစုများအဖို့ အဆင်ပြေ‌သေးသော်ငြား လက်ထဲတွင် ငွေရလေတိုင်း တစ်ပြားမချန် သုံးတတ်သူများအဖို့ ... လက်ထဲတွင် ခြူးတစ်ပြားမှ မရှိတော့သည့်အခါ အဆိုးဘက်သို့ ဦးတည်ရန်သာ ရှိတော့သည်။

ကံမကောင်းစွာဖြင့် အဆင့်နိမ့်ကြေးစားများမှာ ရှိရှိသမျှငွေကို တစ်ပြားမကျန် ချက်ခြင်း သုံးပစ်တတ်သူများ ဖြစ်နေပေသည်။

သူတို့အနေဖြင့် မြို့အပြင်ထွက်ကာ အမဲလိုက်ရန်သာ ရှိတော့သည်။

သို့သော် သူတို့နှင့် အတွေးတူသူများ အများအပြား ရှိနေသည့်အတွက် စားကျက်လုပွဲမှာ ပြင်းထန်လှသည်။  ဟုန်ယဲ့မြို့တော်ရှိ အချို့သော မိသားစုများကလည်း ဟုန်ယဲ့တောအုပ်ကို အာရုံစိုက်နေကြကြောင်းကိုမူ ထုတ်ပြောနေရန်ပင် မလိုတော့ချေ။

ဟုန်ယဲ့တောအုပ်အနီးတွင် သားကောင်အရေအတွက် နည်းသည်ထက် နည်းလာ၏။

ယမန်နေ့က မြို့အပြင်ထွက်ကာ အမဲလိုက်ခဲ့ကြသော်ငြား အချိန်အတော်ကြာ အမဲလိုက်သည့်တိုင် သားကောင်အငယ်များကိုသာ မိခဲ့သည့်အပြင် ကားကလည်း ပျက်လာသေးသည်။ စိတ်အခြေအနေ မကောင်းလှသည့်အတွက် သူ့ဆိုင်ရှေ့သို့ ရောက်‌လျှင်ရောက်ချင်း တရစပ် ငြီးတွားကြတော့၏။

ထိုစကားများ ကြားရသည့်အခါ ‌ရှဲ့ယွင်နန်၏ စိတ်အခြေအနေလည်း အောက်ထိုးကျသွားပြီး အလုပ်များကို အတင်းအကြပ် လုပ်နေလိုက်တော့သည်။

အပေါ်ထပ်တွင် သွမ့်ချန်ချင်းက အချက်အပြုတ် လေ့ကျင့်နေသည်။

နေ့ခင်းပိုင်းတွင်လည်း ကန်စွန်းဥကို နောက်တစ်ကြိမ် စားကြရပြန်၏။ သွမ့်ချန်ချင်းက ကန်စွန်းဥ တစ်အိုးကြီးပြုတ်ကာ ဆားရည်စိမ်အသီးအရွက်များဖြင့် ကြက်ဥမွှေကြော် ကြော်လိုက်သည်။ နောက်ထပ် စိမ်းစိမ်းစိုစို သီးနှံဟင်းလျာတစ်မျိုး ချက်ပြုတ်မည်ပြင်စဉ် ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်မိသည်။

လှည့်ကြည့်လိုက်သည့်အခါ သူ့အိမ်ရှေ့တွင် နှင်းလိုဖြူဖွေးသည့် မြေခွေးတစ်ကောင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ဒါက အဓိက မဟုတ်ဘူး အဓိကက အဲဒီ့မြေခွေးမှာ အမြီးကိုးချောင်း ရှိနေတာပဲ ...

အမြီးကိုးချောင်းမြေခွေး !!!  ဆွဲဆောင်နိုင်စွမ်း အမြင့်ဆုံး မိစ္ဆာ ...

ထိုကဲ့သို့သော မိစ္ဆာမျိုး၏ တိုက်ခိုက်ရေးနှင့် ခုခံရေးစွမ်းရည်မှာ များစွာ အားမကောင်းလှသည့်တိုင် ၎င်းတို့၏ ဆွဲဆောင်နိုင်စွမ်းမှာမူ တွန်းလှန်ရန် ခဲယဉ်းလွန်းလှသည်။ ကျင့်ကြံရေးကမ္ဘာတွင် လူတိုင်းသည် မြေခွေးမိစ္ဆာကို ရင်ဆိုင်ရမည့်အစား အခြားသော အင်အားကြီးမိစ္ဆာများနှင့် တိုက်ခိုက်ရန်ကိုသာ ဆန္ဒရှိကြသည်။

ဘာလို့ ‌အမြီးကိုးချောင်းမြေခွေးက ဆင်ခြေဖုံးဒေသမှာ ကောက်ကာငင်ကာကြီး ပေါ်လာရတာလဲ ...

‌ဒီကမ္ဘာမှာဆို အဲဒီ့‌အမြီးကိုးချောင်းမြေခွေးက တစ်ယောက်ယောက်ရဲ့ အဖော်သားရဲဖြစ်မှာ ကျိန်းသေတယ် ...

ဒါပေမယ့် ဘယ်သူ့ အဖော်သားရဲပါလိမ့် ...

သွမ့်ချန်ချင်း၏ စိတ်ထဲတွင် အတွေးပေါင်းစုံ ဖြတ်ပြေးသွားသည်။ တစ်ချိန်တည်းမှာပင် ထို အမြီးကိုးချောင်းမြေခွေးသည် မွေးရာပါစွမ်းရည်ကို အသုံးပြုကာ ကိုယ်ယောင်ဖျောက်ထားကြောင်းကိုပါ တွေ့လိုက်ရသည်။

ပုံမှန်အားဖြင့် ပြောရပါလျှင် သူ့အနေဖြင့် ထိုမြေခွေးကို မမြင်ရနိုင်။

သို့သော် သူ့အခြေအနေမှာလည်း ပုံမှန် မဟုတ်ပေ။ သိစိတ်ဝိဉာဉ်အများစုကို ချိတ်ပိတ်ထားပြီးသည့်တိုင် မြေခွေးဝိဉာဉ်တစ်ဦး၏ အရူးလုပ်ခြင်းကို အလွယ်တကူ ခံရမည် မဟုတ်ချေ။

ဒီမြေခွေးဝိဉာဉ်က ဘာလုပ်ချင်တာလဲတော့ မသိဘူး ...

သို့သော် ထိုမြေခွေးဝိဉာဉ်မှာ သူတို့အပေါ် မကောင်းသည့် ရည်ရွယ်ချက် ရှိနေဟန် မတူသည့်အတွက် သွမ့်ချန်ချင်းက မမြင်ချင်ယောင်ဆောင်နေလိုက်တော့သည်။

မြေခွေးက မည်သည့်အရာကိုမှ မလုပ်။ ၎င်းက ပြတင်းပေါက်အောက်ခြေတွင် တစ်ခဏမျှ ငုတ်တုတ်ထိုင်နေပြီးနောက် ရုတ်တရက် ခုန်ထွက်ကာ သူ့အမြင်မှ ပျောက်ကွယ်သွားတော့သည်။

ဒီမြေခွေးကောင်က ဘာလုပ်ချင်နေတာလဲဟ ...

မနီးမဝေးရှိ မျက်လုံးမှိတ်ထားသော ‌တစ္ဆေဘုရင်က ချက်ခြင်း မျက်လုံးတို့ကို ပြန်ဖွင့်လိုက်သည်။

သာမန်သူများသည် အဖော်သားရဲနှင့် ရင်းနှီးနီးကပ်သည့် ဆက်ဆံရေးမျိုး မရှိ။ သို့သော် တိုက်ခိုက်ရေးသမားတစ်ဦးအနေဖြင့် မိမိ၏ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်စေလိုပါလျှင် အဖော်သားရဲနှင့် မိမိအကြား ပြောစရာမလိုဘဲ နားလည်သည်အထိ ရင်းနှီးနေရန် လိုအပ်ပေသည်။

ထိပ်တန်းတိုက်ခိုက်ရေးသမားများသည် အဖော်သားရဲ၏ မျက်ဝန်းမှတစ်ဆင့်ပင် ပြင်ပကမ္ဘာကို ကြည့်မြင်နိုင်ကြသည်။

ထို့အပြင် သူသည်လည်း ထိပ်တန်းတိုက်ခိုက်ရေးသမားတစ်ဦး ဖြစ်ပေသည်။

သူက ရှဲ့ယွင်နန်၏ အိမ်သို့သွားကာ ရှဲ့ယွင်နန်၏ အဖော်သားရဲကို အနီးကပ် အကဲခတ်ရန် သူ့အဖော်သားရဲကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ခွေးပေါက်စက သူ့ကို ရင်းနှီးနေသည့် သွေးသားဆက်နွယ်နေသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။

ဒါက သူ့ကလေးပဲ ...

သူ့ကလေးလေးက အကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲ ပိုင်ဆိုင်ရမယ့်ဟာကို ... ဆင်ခြေဖုံးဒေသမှာ ကြီးပြင်းလာရတယ် အတန်းပညာရေးလည်း မည်မည်ရရ မရှိသေးဘဲ စောစောစီးစီး လက်ထပ်လိုက်တဲ့အပြင် သူ့အိမ်ထောင်ဘက်ကလည်း လှရုံပဲလှတာ ကျန်းမာရေးကလည်း မကောင်းဘူးတဲ့ ...

မဟုတ်သေးပါဘူး အဲဒီ့တစ်ယောက်က လှတယ်လို့တောင် ပြောလို့ မရဘူး ...

ဒီလောက်မိတ်ကပ်အထူကြီး လိမ်းထားတာ .. သူ့မျက်နှာအစစ်က ဘယ်လိုဆိုတာ သိတဲ့သူရော ရှိပါ့မလား ...

တစ္ဆေဘုရင်မှာ သူ့နှလုံးသားထဲရှိ ခံစားချက်တို့ကို အမည်မတပ်တတ်သော်ငြား သူ့ကလေးမှာ လက်ထပ်ပြီးနှင့်နေပြီဖြစ်၍ သူ့အနေဖြင့် မည်သို့မျှ လုပ်၍ မရတော့ချေ။

သားလေးနဲ့ စကားပြောနိုင်ဖို့ နည်းလမ်းတစ်ခုလောက်တော့ ရှာဦးမှပါ ...

နေ့လည်စာ စားပြီးနောက် ရှဲ့ယွင်နန်သည် အပေါ်ထပ်ရှိ ဒုတိယအိပ်ခန်းကို ရှင်းလင်းရန် ပြင်လိုက်သည်။

ကန်စွန်းဥ နှစ်ထောင်ကတ်တီမှာ မများလှသော်ငြား နည်းသည်ဟုလည်း မဆိုနိုင်ပေ။ သူ့အိမ်မှာ ယခင်ကတည်းက အနည်းငယ် ပြည့်ကြပ်နေပြီဖြစ်ရာ ကန်စွန်းဥအားလုံးကို တစ်ကြိမ်တည်း ထည့်ထားနိုင်ရန် မလွယ်လှ။ သို့သော် ဒုတိယအိပ်ခန်းကို ရှင်းလင်းပြီးပါလျှင်မူ နေရာလွတ်အနည်းငယ် ထွက်လာနိုင်ပေမည်။

ရှဲ့ယွင်နန်က ဒုတိယအိပ်ခန်းထဲရှိ ကုတင်နှင့် ဗီရိုတို့ကို ထမင်းစားခန်းထဲ ရွှေ့လိုက်ကာ အချို့သော ပရိဘောဂများကိုလည်း ပင်မအိပ်ခန်းထဲသို့ ထိုးထည့်လိုက်သည်။

"ကူလုပ်ပေးမယ် ..."

သွမ့်ချန်ချင်းက ပြောလိုက်သည်။ 

ရှဲ့ယွင်နန်က အမြန် ငြင်းဆန်လိုက်၏။

"မရဘူး မရဘူး မင်းက သွားပြီး အနားယူနေ ..."

သွမ့်ချန်ချင်းရဲ့ ခန္ဓာကိုယ်လေးနဲ့ ... သူက ဘယ်လိုလုပ် ကူညီ‌ခွင့် ပေးရဲမှာလဲ မတော်လို့ လက်တွေဘာတွေ ကျိုးသွားရင် ဘယ်လိုလုပ်မလဲ ...

ထိုသို့ တွေးနေရင်းပင် သွမ့်ချန်ချင်း၏ အရိုးပေါ်အရေတင် လက်မောင်းပိန်ပိန်လေးကိုပါ ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ 

သွမ့်ချန်ချင်းကလည်း သူ၏ ကာယအားကို ထုတ်ပြလိုနေခြင်းဖြစ်သည်။

မူလကိုယ်မှာ ကိုယ်ကာယပိုင်း အားနည်းသည့်တိုင် ငယ်စဉ်ကတည်းက စိတ်စွမ်းအင်အစိုင်အခဲဖြင့် နေထိုင်ခဲ့ရခြင်းဖြစ်သည်။ ခန္ဓာကိုယ်ထဲရှိ စိတ်စွမ်းအင်ကို စုပ်ယူကာ ကျင့်ကြံပြီးသည့်နောက် သူ၏ ကြံ့ခိုင်မှုမှာ ရှဲ့ယွင်နန်ထက် ညံ့ဖျင်းမည် မဟု‌တ်ချေ။

သိူ့သော် အကယ်၍ သူသာ ခွန်အားအစစ်အမှန်ကို ထုတ်ပြကာ အလုပ်ကူလုပ်ပေးခဲ့ပါလျှင် ရှဲ့ယွင်နန်ကို သေလုမတတ် ခြောက်လှန့်မိသွားလိမ့်မည်။

"ကြမ်းပြင်ကို တံမြက်စည်း ကူလှည်းပေးမလား ..."

ရှဲ့ယွင်နန်က အကြံပြုလိုက်သည်။

ရှဲ့ယွင်နန်သည် ငယ်စဉ်ကတည်းက ဆင်ခြေဖုံးဒေသတွင် ကြီးပြင်းလာကာ ကားပြင်ဆင်ခြင်းကဲ့သို့သော သန်မာသည့် ကာယစွမ်းရည်ကို အသုံးပြုရသည့် လက်မှုလုပ်ငန်းများကို သင်ယူခဲ့သူဖြစ်သည်။ ထို့ကြောင့် အိပ်ယာကဲ့သို့သော ထုထည်ကြီးမားသည့် ပစ္စည်းများကိုပင် အကူအညီ မလိုဘဲ တစ်ကိုယ်တည်း ဖြုတ်ကာ ရွှေ့ပြောင်းနိုင်ပေသည်။

တစ်ခဏအကြာတွင် ဒုတိယအိပ်ခန်းတစ်ခုလုံး ဗလာဖြစ်သွားကာ သွမ့်ချန်ချင်းက သန့်ရှင်းရေးလုပ်လိုက်သည်။

သန့်ရှင်းသပ်ရပ်နေသည့် အိပ်ခန်းကို ကြည့်ကာ ရှဲ့ယွင်နန်က ပြောလိုက်သည်။

"ချန်ချင်း ကိုယ် အပြင်သွားပြီး ကန်စွန်းဥတွေ သယ်လာခဲ့လိုက်မယ် မင်းက အောက်ထပ် ဆင်းနေလိုက်ပါလား တကယ်လို့ ပစ္စည်းပြင်ချင်တဲ့သူ ရောက်လာရင် သူတို့ကို ခဏလောက် စောင့်ခိုင်းထားလိုက်လေ ..."

"အိုကေ ..."

သွမ့်ချန်ချင်းက သဘောတူကာ သူနှင့်အတူ အောက်ထပ်သို့ ဆင်းလာလိုက်သည်။

ရှဲ့ယွင်နန်က သူ၏ မော်တော်ဆိုင်ကယ်အဟောင်းကို စီးကာ စိုက်ခင်းရှိရာသို့ ထွက်သွားလိုက်သည်။

သူကိုယ်တိုင် တပ်ဆင်‌မွမ်းမံထားသည့် မော်တော်ဆိုင်ကယ်မှာ အတော်လေး အိုဟောင်းနေဟန် ပေါ်သော်ငြား သယ်ဆောင်နိုင်သည့် စွမ်းရည်မှာမူ များစွာ ကောင်းမွန်လှသည်။ ရှဲ့ယွင်နန်က ကန်စွန်းဥ ငါးရာကတ်တီကို အိတ်ထဲထည့်ကာ ဆိုင်ကယ်အနောက်တွင် ချည်၍ မောင်းလာလိုက်သည်။

သွမ့်ချန်ချင်းက အောက်ထပ်တွင် နာရီဝက်ခန့် စောင့်နေပြီးနောက် ဆိုင်ကယ်နောက်ခြမ်းတွင် ကန်စွန်းဥအိတ် သုံးအိတ်တင်ကာ လက်ကိုင်တစ်ဖက်တစ်ချက်စီတွင် တစ်အိတ်စီ ချိတ်ပြီး မောင်းနှင်လာသည့် ရှဲ့ယွင်နန်ကို တွေ့လိုက်ရသည်။

ရှဲ့ယွင်နန်၏ ပုံစံနှင့် ဤနေရာရှိ လမ်းများမှာ အတိတ်ဘဝက သွမ့်ချန်ချင်း မြင်ခဲ့ဖူးသည့် မဖွံ့ဖြိုးသေးသော နိုင်ငံများ၏ ဓာတ်ပုံများနှင့် တစ်ထပ်တည်းပင်။

ပတ်ဝန်းကျင်က သိပ်မကောင်းပေမယ့် ရှဲ့ယွင်နန်ကတော့ တကယ်ကို ခန့်ညားတာပဲ ...

သူ့ရဲ့ ကြံ့ခိုင်ဖျတ်လတ်တဲ့ ကိုယ်ဟန်က မြင်သမျှလူတိုင်း မျက်စိကျချင်စရာပဲ ...

သွမ့်ချန်ချင်း၏ နှလုံးခုန်သံ မြန်ဆန်လာသည်။ 

ရှဲ့ယွင်နန်က သူ့အတွေးတို့ကို မသိ။ သို့သော် အိမ်ရှေ့တံခါးတွင် ရပ်ကာ သူ့ကို စောင့်နေသည့် သွမ့်ချန်ချင်းကို တွေ့လိုက်ရချိန်တွင်မူ ဟန်မဆောင်နိုင်စွာ ပြုံးလိုက်မိတော့သည်။

လျောင်မုယဲ့ကလည်း ရောက်ရောက်ခြင်း ထိုမြင်ကွင်းကို တွေ့လိုက်ရသည်။

နှလုံးသားထဲမှ အမျက်ဒေါသတို့ တိုးထွက်လာ၏။

အတိတ်ဘဝက သူ ရှဲ့ယွင်နန်ကို မြင်မြင်ချင်း ချစ်ခဲ့မိခြင်းမှာလည်း ရှဲ့ယွင်နန်၏ အပြုံးနှင့် လူအုပ်အကြားတွင်ပင် ထင်ရှားနေသောကြောင့်ဖြစ်သည်။

ထိုစဉ်က မိသားစုဂုဏ်ဆောင် ဖြစ်လာရန်အတွက် သူ့တွင် ဖိအားအများအပြား ရှိနေခဲ့သည်။  လျောင်ရှင်းယွမ်ကို ရှာဖွေရန် လာရင်း ရှဲ့ယွင်နန်ကို တွေ့လိုက်ရသည့်အခါ စည်းမျဉ်းစည်းကမ်းများအား ချိုးဖောက်လိုစိတ် ဖြစ်လာကာ ထိုသူကို စတင် ချစ်ရေးဆိုတော့သည်။

ရှဲ့ယွင်နန်က သူနဲ့ ကြိုက်တော့မလိုတောင် ဖြစ်ခဲ့တာလေ ...

အခု အဲဒီ့လိုလူက တစ်ခြားတစ်ယောက်ကို ဒီလိုမျိုး ပြုံးပြနေရတာကို မြင်လိုက်ရတာ .. သူ့အတွက် ဝမ်းသာနိုင်ဖို့ အတော်လေး ခက်တယ် ...


Seguir leyendo

También te gustarán

12.4K 1K 9
Title - The Villains All Fell in Love With Me After Rebirth Original Title - 反派们重生后都爱上了我 Original Author - 即墨遥 Stats - 94 Chapters + 7 Extras (Com...
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
245K 39.6K 102
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .