Unicode
" ရှက်နေတုန်းလား သာဒင်က ရှက်ရမယ့်သူ မဟုတ်ပါဘူးကွာ "
သာဒင် ပြန်သွားထဲက အိပ်ခန်းထဲတွင် တကိုယ်လုံး စောင်ဖြင့်အလုံထုပ်ထားသော အသေးလေးသည် ဘယ်လိုလိုပြောပြာ ဆံပင်တစ်ချောင်းတောင် မပေါ်အောင် အလုံထုပ်ထားသည်။
"အသက်ရှူကြပ်မယ်လေ စောင်ဖယ်လိုက်တော့ လိမ္မာတယ်မလား"
အသေးဘက်ကိုမျက်နှာမူပြီး လက်ထောက်လျက်ကြည့်နေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
"မလိမ္မာဘူး "
အမေးနှင့် အဖြေကြားတွင် အချိန်ကွာဟမှုသည် အတော်ကြာသည်။
စောင်အလုံထုပ်မှ တိုးတိုးညက်ညက်အသံလေးကြောင့် သူပြုံးလိုက်မိသည်။ သေချာပေါက် နှုတ်ခမ်းဆူဆူလေးဖြစ်နေမှာပင်။
အတူနေသည့်အချိန် လာသည်မျှ တစ်ယောက်အကြောင်း တစ်ယောက် နားလည်နေကျပြီဖြစ်သည်။ မကျေနပ်လျှင် နှုတ်ခမ်းလေးဆူကာ တိုးတိုးညက်ညက် ပြောတတ်သည်မှာ အသေးလေးပုံစံပင်ဖြစ်သည်။
" လိမ္မာပါတယ်ကွာ မျက်နှာလည်းပြပါဦး ပြန်ရောက်ထဲက သေချာမကြည့်ရသေးဘူး "
" အဲတာ အကို့ကြောင့်လေ အိမ်ရှေ့ကြီးမှာ "
ရုတ်တရက် စောင်ဆွဲချလိုက်ပြီး မကျေနပ်ဟန် ပြောလာသည့် ကောင်လေးသည် အရှက်အကြောက်ကြီးသည့် သူဖြစ်သည်။
" အိမ်ရှေ့ကြီးမှာ ဘာဖြစ်လဲ ဆက်ပြောလေ ဟင်"
" အတင်းဖက်ထားတာလေ "
ပြောပြီးစောင်ခြုံထဲ ပြန်ဝင်သွားသော အသေးလေးကြောင့် အသံထွက်သည်အထိရီမိသည်။
" ဟားးးဟားး"
" သူများကိုဆို အသံအကျယ်ကြီးနဲ့ လှောင်ရယ်ချင်နေတာ "
" မဟုတ်ရပါဘူးဗျာ "
ပြောပြီး ဆတ်ခနဲ စောင်ကိုဆွဲလှန်ချသည့် အကို့ကြောင့်သုတလန့်သွားရသည်။ အကိုဆိုသည်မှာ မပြောမဆိုနှင့် လုပ်လိုက်ရင် အရမ်းဘဲ။ ချစ်တဲ့သူ ဖြစ်သည့်အတွက် အပြစ်တော့မမြင်ရက်ပါ။
" လာပါဦးကွာ "
ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ဖက်ခံထားရသော်လည်း သုတကြိုက်သည့် ကိုယ်သင်းရနံကြောင့် အကို့ကျောပြင်ကြီးကိုပြန်ဖက်ထားလိုက်သည်။
.
.
.
.
.
"သာဒင် အဲ ပဲတွေ ဒီအိတ်ထဲ ပေါင်းထည့်လိုက် ဘယ်လောက်လဲ"
" ၃တင်း "
စာအုပ်နဲ့ ဘောပင်ကိုင်ပြီး အလုပ်တူတူ လုပ်ခဲ့ရသူများကို ပြန်ခိုင်းနေရသည်ကို အသားကျအောင် ရန်ဘုန်းအောင် အချိန်ယူခဲ့ရသည်။ အလုပ်သမားချင်းတူတူ နေ့ချင်း စာရင်းကိုင် ဖြစ်သွားသည့်အပေါ် မနာလိုသူများရှိသည်။ မျက်နှာပေါ်တွင်သာ ပြုံးနေကျပေမယ့်လည်း စိတ်ထဲက ပါသည့်သူမှာ ရှားလှသည်။ တချို့ကလည်း ပေါ်တင် တမျိုးကွယ်ရာတစ်မျိုးပြောကြသည်။ "နောက်မှပေါက်တဲ့ ရွှေကြာပေါ့" ဆိုသည့် သရော်စကားများလည်းကြားရသည်။
ရန်ဘုန်းအောင်တို့က ဂရုမစိုက်ပါ ပိုက်ဆံရဖို့သာ အဓိကဖြစ်သည်။
ယခင်ကစိတ်နှင့်ဆို အပြောနှင့် မဆို မျက်လုံးဖြင့် စွေကြည့်လျှင်ပင် မကြိုက်။ ယခုအချိန်တွင်တော့ သူသည် အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်သည်။ အရာရာတွင် ဒေါသစိတ်ကိုချုပ်ထိန်းထားရသည်မှာ သူ့ပုံစံ မဟုတ်ပါ။
" အဲတာကို ဟိုကားပေါ်တင်လိုက် "
" အေးအေး "
" သေချာတက်ဦး လျောကြဦးမယ် "
" ကိုကျော်စိုး ကားမောင်းမယ့် အောင်လ ရောက်ပြီလား "
" မရောက်သေးဘူး "
စာရင်းစာအုပ်လေး ကိုင်ရတာ သက်သာမည်ထင်ရသော်လည်း
ပွဲရုံ တစ်ခုလုံးက ကိစ္စ ကြီးငယ်မှန်သမျှက သူ့ခေါင်းပေါ်စုပုံကျလာသည်။
ခုလို ကားသမား မလာအစက ပူနေရသည်။ ပိုက်ဆံကိစ္စ အလုပ်သမားကိစ္စ အစစအရာရာ ရန်ဘုန်းအောင်တာဝန်ဖြစ်လာသည်။ စာရင်းဇယား အမှားမပါအောင်လည်း သေချာလုပ်ရသည်။
တခြားအလုပ်သမားများထက် ပိုက်ဆံပိုရသော်လည်း တခြားသူများထက် ခေါင်းပိုစားရသည်။
" ဒီရွာကဘဲ မလား တစ်ယောက်ယောက်ကို သွားခေါ်လိုက်ဦးလေဗျာ ဒီအချိန်မှ မသွားရင် ပြန်ရင် နောက်ကျမှာ လမ်းခရီးက ကောင်းတာမဟုတ်ဘူး "
" အေးအေး ငါသွားခေါ်လိုက်ပါမယ်ကွာ "
ကိုကျော်စိုးက ပုဆိုးတိုတိုဖြင့် ခပ်သုတ်သုတ်ထွက်သွားသည်။
" ကိုနိုင်မင်း ခင်ဗျားအဲလိုမတင်နဲ့လေဗျာ အောက်ခြေအိတ်တွေကို ညီအောင်မတင်ရင် အပေါ်ဆုံးအိတ်တွေက ခဲလုတ်တိုက်မိတာနဲ့တင် လမ်းဘေးကျကုန်မှာ "
ကုန်တင်ကား အလတ်စား ၂စီးနှင့် မြို့ဒိုင်ကြီးကို ဆန်နဲ့ပဲအိတ်များ သွားသွင်းရမည်။ တင်ရမည့် အိတ်များသောကြောင့် ဝါးလုံးနှင့် ကပ်ထောင်ကာ ကားဘေးအကာ ကျော်သည်အထိ တင်ရသည်။
တမနက်လုံး ထမ်းပိုးနေရသဖြင့် အလုပ်သမားအကုန်လုံး ခြေကုန်လက်ပန်းကျနေသဖြင့် ရန်ဘုန်းအောင်ပါ ၀င်လုပ်ရတော့သည်။
.
.
.
.
.
.
.
" ချိုင့်တွေနဲ့ ဘာတွေလာပို့တာလဲ "
သုတ အရီးထွေးရီ ဘေးတွင် ၀င်ထိုင်လိုက်သည်။ အရီးက ဓားဦးချွန်ချွန်လေးဖြင့် မန်ကျဉ်းသီးမှည့် ထွတ်နေသည်။
" ကြက်ကာလသားဟင်း ဒီအုပ်အသေးလေးထဲက ငါးပိရည်အရီး"
အရီးက အုပ်အဖုံးတွေ ဖွင့်ကြည့်ရင်းခေါင်းတငြိမ့်ငြိမ်နှင့်။
" ထမင်းမြိန်တော့မယ် မွှေးနေဘဲတော် "
အရီးစကားကြောင့် သုတရီလိုက်မိသည်။ ကိုယ့်ကို ချီးကျုးစကား
ဆိုလျှင် ရှက်တတ်သည့် အကျင့်အတိုင်း ယခုလည်း ဂုတ်ပိုးကိုလက်ဖြင့်ပွတ်သပ်လျက် မနေတတ်ဟန်။
" ပြန်ရင် မန်ကျဉ်းမှည့်တွေ ယူသွားဦး ဟင်းထဲလည်း မန်ကျဉ်းရေစိမ်လေးထည့်ချက် မင်းယောက်ျားကိုလည်း
ထန်းလျက်ခဲလေးနှင့် ရောစိမ်ပြီးတိုက် အပူလည်းငြိမ်း ဓာတ်လည်းမှန် အမောလည်းပြေပေါ့ "
အရီးက အပြောလည်းမပြတ် လက်ကလည်း ဓားဦးချွန်လေးဖြင့် မန်ကျဉ်းစေ့များကို ကျွမ်းကျွမ်းပျင်ကျင်ဖယ်ထုတ်နေသည်။
" ဟုတ်ကဲ့ အရီး "
" သုတကို ဘာကျွေးရမလဲ စဉ်းစားနေတာ နေဦး လက်ဖက်နှပ်နှင့် ပဲကြော်တွေရှိတာဘဲ ခနနေဦး "
" ရတယ်အရီး နေပါ ကျွန်တော်မစားတော့ဘူး "
အရီးက သုတစကားကို မကြားဟန် အိမ်ပေါ်တက်သွားသည်။
ခနအကြာ ရေနွေးကြမ်းဗန်းလေးနှင့် လက်ဖက်အုပ်ကလေးကိုင်ကာ ပြန်ထွက်လာသည်။
" မစားလို့ရဘူး ကျုပ်လည်း တခါတလေ လာတုန်း ရှိတာလေးကျွေးရတာ မင်းတို့ကလည်း မအားလို့ မလာဖြစ် ကျုပ်ကအလုပ်တွေ ရှိလို့မလာဖြစ် "
အရီး ပြောတာအမှန်ဖြစ်၍ သုတငြိမ်နားထောင်နေလိုက်သည်။
အလုပ်မအားလို့ အရီးတို့အိမ်ဘက် သုတမရောက်ဖြစ်တာကြာပြီဖြစ်သည် ။ယုတ်စွအဆုံး ခြံပြင်ပင်မထွက်ဖြစ်ပါ။ ကွမ်းခြံအပင် စားပဲပင် အနည်းငယ်ပါ စိုက်ထားသောကြောင့် သုတ မအားလပ်ပါ ။
" ကွမ်းခြံရော အဆင်ပြေလား "
" ဟုတ်ကဲ့ ပြေပါတယ်အရီး "
"ထုံးပက်တယ်မလား ကွမ်းတစ်မြောင်း ပိုးကျရင်
အကုန်ကုန်ရော "
" ဟုတ်ကဲ့ အရီး "
" ကွမ်းစျေးလည်း ဘယ်နဲ့လဲ"
" ၂၀၀ စျေးအရီး မြို့တက်မယ့် စျေးသည်တွေလာယူတယ် "
အရီးကခေါင်းတငြိမ့်ငြိမ့်နှင့် နားထောင်နေရင်း မန်ကျဉ်းမှည့်များ ကို လုံးကာ ကြွပ်ကြွပ်အိတ်နှင့် ထည့်နေသည်။
" မြို့ ကိုယ်တိုင် သွားရောင်းရင်တော့ ပိုစျေးရတာပေါ့ ဒီမှာ ၂၀၀နဲ့ယူရင် မြို့မှာ ၅၀၀ ၆၀၀စျေး မင်းယောက်ျားလည်း မြို့ တက်
ပဲတွေ ဒိုင်သွင်းရင် လိုက်ရတယ်ဆို လိုက်သွားပြီး ရောင်းပါလား"
သုတ စဉ်းစားလိုက်သည်။သုတလည်း မြို့ပေါ် ကိုယ်တိုင်သွားပြီး ရောင်းချင်ပါသည်။ အကိုနှင့် လိုက်သွား၍ ရနိုင်သော်လည်း အလုပ်ရှင်က ရှိသေးသည်။ သူ့ကားနှင့် အလုပ်သမားမဟုတ်သည့်
သုတ လိုက်ခွင့်ပြုပါ့မလား။ သုတလိုက်ချင်လျှင် အကိုက ပြောပေးမှာ သေချာသော်လည်း အကို့ကို အခက်မတွေ့စေချင်ပါ။
" ကျွန်တော် ပြန်လိုက်ဦးမယ် အရီး ကွမ်းခူးရဦးမှာ မလို့ "
" အေးအေး ဒီမှာရော့ ယူသွားဦး "
" ဟုတ်ကဲ့ "
.
.
.
.
.
.
" ဒါ ဘယ်သူလေးလဲ "
ရှေ့က ပိတ်ရပ်သည့် လူသုံးယောက် ကြောင့် ရှောင်ထွက်လိုက်သည်။ သုတ ထိုလူများကို သိပါသည်။ အကိုနှင့် ရန်ဖြစ်ပြီး သူကြီးအိမ်မှာ ထိပ်တုံးခတ်ခံရသည့် ဟိုဘက်ရွာမှ လူဘော်ကြော့ သူဌေးသား။
" ဟေ့ နေပါဦး စကားလေးပြောချင်လို့ပါ "
လက်ကို ရုတ်တရက် ဆွဲလာသည့် လူကြောင့် သုတလန့်သွားရသည်။ ဘာပြောရမှန်းလည်းမသိ အသားများပါ တဆတ်ဆတ်တုန်လာသည်။ ရွာထဲက သူများကပါ ဝိုင်းကြည့်နေကြသောကြောင့် မျက်ရည်များပါ ဝိုင်းလာရသည်။
" ခင်ဗျား ကျွန်တော့် လက်ကို လွှတ် အကိုသိရင် ခင်ဗျားမလွယ်ဘူး "
" ဟေ့ကောင်ကို သူ့ယောက်ျားကို ငါကကြောက်ရမယ်တဲ့
ဟားဟား ယောက်ျားချင်းယူထားတဲ့ကောင်ကို ငါက ကြောက်ရမယ်တဲ့ ဟားဟား "
"......."
" ဘယ်ဆိုးလို့လဲ အလှလေးဘဲ "
ပါးကို ကိုင်လာသည့် ထိုသူ့လက်ကို သုတပုတ်ချလိုက်သည်။
ရွံ့စရာကောင်းသည့် မျက်လုံးများကြောင့် သုတ အကို့ကိုသာ စိတ်ထဲမှ မျှော်နေမိသည်။
" ရန်ကြီးကို ထားခဲ့ ဒီက ကိုကြီးက ငွေပုံပေါ်မှာ ထားပေးမယ် "
ပခုံးကိုဖက်ကာ ပြောလာသည့် လူက သုတ ရွာထဲ လူများကို ကြည့်လိုက်မိသည်။ အကုန်လုံးက ကြည့်နေကြသော်လည်း သုတကို တစ်ယောက်မှမကူညီပါ။
" ငါ -ိုးမသား "
လဲကျသွားသည့် ထိုလူ နှင့် ကြားလိုက်ရသည့် အသံကို ကြားမှသာ ငိုချလိုက်မိသည်။ ထိုသူကို ဆဲဆိုကာ ထိုးကြိတ်နေသော အကို့ကို သုတ တားချင်မိသော်လည်း ထိုနေရာမှ ခြေထောက်မရွေ့ပါ။
ရန်ဘုန်းအောင် ငထွားဆိုသည့် ကောင်ကို စိတ်ရှိလက်ရှိ ထိုးနေမိသည်။ မျက်လုံးထဲတွင် အသေးလေးပခုံးကို ဖက်ထားသည့်လက်တို့ကို ပြန်မြင်ယောင်ပြီး အုံကြွလာသောေဒါသတို့ပွင့်ထွက်ကာ ငထွားလက်ကို ဖိနပ်နှင့် ကြိတ်ထားလိုက်သည်။
" မင်းရဲ့ ဒီလက်က ငါ့လူကို ဖက်တာလား "
" ရန်ကြီး ဟေ့ကောင် တော်တော့ သုတကိုလည်း ကြည့်ပါဦးကွ "
သာဒင်အသံကြားမှ ရန်ဘုန်းအောင် အသေးလေးကို ကြည့်လိုက်မိသည်။ ဒူးနှစ်ဖက်ပေါ် မျက်နှာတင်ကာ ငိုနေပြီး တစ်ကိုယ်လုံးလည်း တုန်ရီနေသည်
" ကိုယ့်ကိုကြည့် ဘာဖြစ်သွားသေးလဲ "
" အကို ကျွန်တော်ကြောက်တယ် ကျွန်တော့်လက်ကို ဆွဲထားတာ ဖက်လည်းဖက်ထားသေးတယ် အင့် "
ရှိုက်ရှိုက် ငိုနေသော အသေးလေးကို ပွေ့ချီကာ အိမ်သို့ပြန်လာခဲ့လိုက်သည်။ သူ့လည်ပင်း တင်းတင်းဖက်ထားကာ ယခုချိန် ရင်ခွင်ထဲတွင် ငိုနေသော အသေးလေးသည် ဘယ်လောက်ကြောက်နေခဲ့မလဲ။ တွေးရင်းနှင့် ငထွားဆိုသည့်ကောင်ကို သတ်ပစ်ချင်မိသည်။
" မငိုတော့နဲ့ ကိုယ်ရှိတယ် လေ"
———————
YaYa💛🌼
Zawgyi
" ရွက္ေနတုန္းလား သာဒင္က ရွက္ရမယ့္သူ မဟုတ္ပါဘူးကြာ "
သာဒင္ ျပန္သြားထဲက အိပ္ခန္းထဲတြင္ တကိုယ္လုံး ေစာင္ျဖင့္အလုံထုပ္ထားေသာ အေသးေလးသည္ ဘယ္လိုလိုေျပာျပာ ဆံပင္တစ္ေခ်ာင္းေတာင္ မေပၚေအာင္ အလုံထုပ္ထားသည္။
"အသက္ရႉၾကပ္မယ္ေလ ေစာင္ဖယ္လိုက္ေတာ့ လိမၼာတယ္မလား"
အေသးဘက္ကိုမ်က္ႏွာမူၿပီး လက္ေထာက္လ်က္ၾကည့္ေနသည္မွာ အခ်ိန္အေတာ္ၾကာၿပီျဖစ္သည္။
"မလိမၼာဘူး "
အေမးႏွင့္ အေျဖၾကားတြင္ အခ်ိန္ကြာဟမႈသည္ အေတာ္ၾကာသည္။
ေစာင္အလုံထုပ္မွ တိုးတိုးညက္ညက္အသံေလးေၾကာင့္ သူၿပဳံးလိုက္မိသည္။ ေသခ်ာေပါက္ ႏႈတ္ခမ္းဆူဆူေလးျဖစ္ေနမွာပင္။
အတူေနသည့္အခ်ိန္ လာသည္မွ် တစ္ေယာက္အေၾကာင္း တစ္ေယာက္ နားလည္ေနက်ၿပီျဖစ္သည္။ မေက်နပ္လွ်င္ ႏႈတ္ခမ္းေလးဆူကာ တိုးတိုးညက္ညက္ ေျပာတတ္သည္မွာ အေသးေလးပုံစံပင္ျဖစ္သည္။
" လိမၼာပါတယ္ကြာ မ်က္ႏွာလည္းျပပါဦး ျပန္ေရာက္ထဲက ေသခ်ာမၾကည့္ရေသးဘူး "
" အဲတာ အကို႔ေၾကာင့္ေလ အိမ္ေရွ႕ႀကီးမွာ "
႐ုတ္တရက္ ေစာင္ဆြဲခ်လိုက္ၿပီး မေက်နပ္ဟန္ ေျပာလာသည့္ ေကာင္ေလးသည္ အရွက္အေၾကာက္ႀကီးသည့္ သူျဖစ္သည္။
" အိမ္ေရွ႕ႀကီးမွာ ဘာျဖစ္လဲ ဆက္ေျပာေလ ဟင္"
" အတင္းဖက္ထားတာေလ "
ေျပာၿပီးေစာင္ၿခဳံထဲ ျပန္ဝင္သြားေသာ အေသးေလးေၾကာင့္ အသံထြက္သည္အထိရီမိသည္။
" ဟားးးဟားး"
" သူမ်ားကိုဆို အသံအက်ယ္ႀကီးနဲ႔ ေလွာင္ရယ္ခ်င္ေနတာ "
" မဟုတ္ရပါဘူးဗ်ာ "
ေျပာၿပီး ဆတ္ခနဲ ေစာင္ကိုဆြဲလွန္ခ်သည့္ အကို႔ေၾကာင့္သုတလန္႔သြားရသည္။ အကိုဆိုသည္မွာ မေျပာမဆိုႏွင့္ လုပ္လိုက္ရင္ အရမ္းဘဲ။ ခ်စ္တဲ့သူ ျဖစ္သည့္အတြက္ အျပစ္ေတာ့မျမင္ရက္ပါ။
" လာပါဦးကြာ "
ရင္ခြင္ထဲ တင္းတင္းၾကပ္ၾကပ္ ဖက္ခံထားရေသာ္လည္း သုတႀကိဳက္သည့္ ကိုယ္သင္းရနံေၾကာင့္ အကို႔ေက်ာျပင္ႀကီးကိုျပန္ဖက္ထားလိုက္သည္။
.
.
.
.
.
"သာဒင္ အဲ ပဲေတြ ဒီအိတ္ထဲ ေပါင္းထည့္လိုက္ ဘယ္ေလာက္လဲ"
" ၃တင္း "
စာအုပ္နဲ႔ ေဘာပင္ကိုင္ၿပီး အလုပ္တူတူ လုပ္ခဲ့ရသူမ်ားကို ျပန္ခိုင္းေနရသည္ကို အသားက်ေအာင္ ရန္ဘုန္းေအာင္ အခ်ိန္ယူခဲ့ရသည္။ အလုပ္သမားခ်င္းတူတူ ေန႔ခ်င္း စာရင္းကိုင္ ျဖစ္သြားသည့္အေပၚ မနာလိုသူမ်ားရွိသည္။ မ်က္ႏွာေပၚတြင္သာ ၿပဳံးေနက်ေပမယ့္လည္း စိတ္ထဲက ပါသည့္သူမွာ ရွားလွသည္။ တခ်ိဳ႕ကလည္း ေပၚတင္ တမ်ိဳးကြယ္ရာတစ္မ်ိဳးေျပာၾကသည္။ "ေနာက္မွေပါက္တဲ့ ေ႐ႊၾကာေပါ့" ဆိုသည့္ သေရာ္စကားမ်ားလည္းၾကားရသည္။
ရန္ဘုန္းေအာင္တို႔က ဂ႐ုမစိုက္ပါ ပိုက္ဆံရဖို႔သာ အဓိကျဖစ္သည္။
ယခင္ကစိတ္ႏွင့္ဆို အေျပာႏွင့္ မဆို မ်က္လုံးျဖင့္ ေစြၾကည့္လွ်င္ပင္ မႀကိဳက္။ ယခုအခ်ိန္တြင္ေတာ့ သူသည္ အိမ္ေထာင္ဦးစီးတစ္ေယာက္ျဖစ္သည္။ အရာရာတြင္ ေဒါသစိတ္ကိုခ်ဳပ္ထိန္းထားရသည္မွာ သူ႔ပုံစံ မဟုတ္ပါ။
" အဲတာကို ဟိုကားေပၚတင္လိုက္ "
" ေအးေအး "
" ေသခ်ာတက္ဦး ေလ်ာၾကဦးမယ္ "
" ကိုေက်ာ္စိုး ကားေမာင္းမယ့္ ေအာင္လ ေရာက္ၿပီလား "
" မေရာက္ေသးဘူး "
စာရင္းစာအုပ္ေလး ကိုင္ရတာ သက္သာမည္ထင္ရေသာ္လည္း
ပြဲ႐ုံ တစ္ခုလုံးက ကိစၥ ႀကီးငယ္မွန္သမွ်က သူ႔ေခါင္းေပၚစုပုံက်လာသည္။
ခုလို ကားသမား မလာအစက ပူေနရသည္။ ပိုက္ဆံကိစၥ အလုပ္သမားကိစၥ အစစအရာရာ ရန္ဘုန္းေအာင္တာဝန္ျဖစ္လာသည္။ စာရင္းဇယား အမွားမပါေအာင္လည္း ေသခ်ာလုပ္ရသည္။
တျခားအလုပ္သမားမ်ားထက္ ပိုက္ဆံပိုရေသာ္လည္း တျခားသူမ်ားထက္ ေခါင္းပိုစားရသည္။
" ဒီ႐ြာကဘဲ မလား တစ္ေယာက္ေယာက္ကို သြားေခၚလိုက္ဦးေလဗ်ာ ဒီအခ်ိန္မွ မသြားရင္ ျပန္ရင္ ေနာက္က်မွာ လမ္းခရီးက ေကာင္းတာမဟုတ္ဘူး "
" ေအးေအး ငါသြားေခၚလိုက္ပါမယ္ကြာ "
ကိုေက်ာ္စိုးက ပုဆိုးတိုတိုျဖင့္ ခပ္သုတ္သုတ္ထြက္သြားသည္။
" ကိုႏိုင္မင္း ခင္ဗ်ားအဲလိုမတင္နဲ႔ေလဗ်ာ ေအာက္ေျခအိတ္ေတြကို ညီေအာင္မတင္ရင္ အေပၚဆုံးအိတ္ေတြက ခဲလုတ္တိုက္မိတာနဲ႔တင္ လမ္းေဘးက်ကုန္မွာ "
ကုန္တင္ကား အလတ္စား ၂စီးႏွင့္ ၿမိဳ႕ဒိုင္ႀကီးကို ဆန္နဲ႔ပဲအိတ္မ်ား သြားသြင္းရမည္။ တင္ရမည့္ အိတ္မ်ားေသာေၾကာင့္ ဝါးလုံးႏွင့္ ကပ္ေထာင္ကာ ကားေဘးအကာ ေက်ာ္သည္အထိ တင္ရသည္။
တမနက္လုံး ထမ္းပိုးေနရသျဖင့္ အလုပ္သမားအကုန္လုံး ေျခကုန္လက္ပန္းက်ေနသျဖင့္ ရန္ဘုန္းေအာင္ပါ ၀င္လုပ္ရေတာ့သည္။
.
.
.
.
.
.
.
" ခ်ိဳင့္ေတြနဲ႔ ဘာေတြလာပို႔တာလဲ "
သုတ အရီးေထြးရီ ေဘးတြင္ ၀င္ထိုင္လိုက္သည္။ အရီးက ဓားဦးခြၽန္ခြၽန္ေလးျဖင့္ မန္က်ဥ္းသီးမွည့္ ထြတ္ေနသည္။
" ၾကက္ကာလသားဟင္း ဒီအုပ္အေသးေလးထဲက ငါးပိရည္အရီး"
အရီးက အုပ္အဖုံးေတြ ဖြင့္ၾကည့္ရင္းေခါင္းတၿငိမ့္ၿငိမ္ႏွင့္။
" ထမင္းၿမိန္ေတာ့မယ္ ေမႊးေနဘဲေတာ္ "
အရီးစကားေၾကာင့္ သုတရီလိုက္မိသည္။ ကိုယ့္ကို ခ်ီးက်ဳးစကား
ဆိုလွ်င္ ရွက္တတ္သည့္ အက်င့္အတိုင္း ယခုလည္း ဂုတ္ပိုးကိုလက္ျဖင့္ပြတ္သပ္လ်က္ မေနတတ္ဟန္။
" ျပန္ရင္ မန္က်ဥ္းမွည့္ေတြ ယူသြားဦး ဟင္းထဲလည္း မန္က်ဥ္းေရစိမ္ေလးထည့္ခ်က္ မင္းေယာက္်ားကိုလည္း
ထန္းလ်က္ခဲေလးႏွင့္ ေရာစိမ္ၿပီးတိုက္ အပူလည္းၿငိမ္း ဓာတ္လည္းမွန္ အေမာလည္းေျပေပါ့ "
အရီးက အေျပာလည္းမျပတ္ လက္ကလည္း ဓားဦးခြၽန္ေလးျဖင့္ မန္က်ဥ္းေစ့မ်ားကို ကြၽမ္းကြၽမ္းပ်င္က်င္ဖယ္ထုတ္ေနသည္။
" ဟုတ္ကဲ့ အရီး "
" သုတကို ဘာေကြၽးရမလဲ စဥ္းစားေနတာ ေနဦး လက္ဖက္ႏွပ္ႏွင့္ ပဲေၾကာ္ေတြရွိတာဘဲ ခနေနဦး "
" ရတယ္အရီး ေနပါ ကြၽန္ေတာ္မစားေတာ့ဘူး "
အရီးက သုတစကားကို မၾကားဟန္ အိမ္ေပၚတက္သြားသည္။
ခနအၾကာ ေရေႏြးၾကမ္းဗန္းေလးႏွင့္ လက္ဖက္အုပ္ကေလးကိုင္ကာ ျပန္ထြက္လာသည္။
" မစားလို႔ရဘူး က်ဳပ္လည္း တခါတေလ လာတုန္း ရွိတာေလးေကြၽးရတာ မင္းတို႔ကလည္း မအားလို႔ မလာျဖစ္ က်ဳပ္ကအလုပ္ေတြ ရွိလို႔မလာျဖစ္ "
အရီး ေျပာတာအမွန္ျဖစ္၍ သုတၿငိမ္နားေထာင္ေနလိုက္သည္။
အလုပ္မအားလို႔ အရီးတို႔အိမ္ဘက္ သုတမေရာက္ျဖစ္တာၾကာၿပီျဖစ္သည္ ။ယုတ္စြအဆုံး ၿခံျပင္ပင္မထြက္ျဖစ္ပါ။ ကြမ္းၿခံအပင္ စားပဲပင္ အနည္းငယ္ပါ စိုက္ထားေသာေၾကာင့္ သုတ မအားလပ္ပါ ။
" ကြမ္းၿခံေရာ အဆင္ေျပလား "
" ဟုတ္ကဲ့ ေျပပါတယ္အရီး "
"ထုံးပက္တယ္မလား ကြမ္းတစ္ေျမာင္း ပိုးက်ရင္
အကုန္ကုန္ေရာ "
" ဟုတ္ကဲ့ အရီး "
" ကြမ္းေစ်းလည္း ဘယ္နဲ႔လဲ"
" ၂၀၀ ေစ်းအရီး ၿမိဳ႕တက္မယ့္ ေစ်းသည္ေတြလာယူတယ္ "
အရီးကေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ နားေထာင္ေနရင္း မန္က်ဥ္းမွည့္မ်ား ကို လုံးကာ ႂကြပ္ႂကြပ္အိတ္ႏွင့္ ထည့္ေနသည္။
" ၿမိဳ႕ ကိုယ္တိုင္ သြားေရာင္းရင္ေတာ့ ပိုေစ်းရတာေပါ့ ဒီမွာ ၂၀၀နဲ႔ယူရင္ ၿမိဳ႕မွာ ၅၀၀ ၆၀၀ေစ်း မင္းေယာက္်ားလည္း ၿမိဳ႕ တက္
ပဲေတြ ဒိုင္သြင္းရင္ လိုက္ရတယ္ဆို လိုက္သြားၿပီး ေရာင္းပါလား"
သုတ စဥ္းစားလိုက္သည္။သုတလည္း ၿမိဳ႕ေပၚ ကိုယ္တိုင္သြားၿပီး ေရာင္းခ်င္ပါသည္။ အကိုႏွင့္ လိုက္သြား၍ ရႏိုင္ေသာ္လည္း အလုပ္ရွင္က ရွိေသးသည္။ သူ႔ကားႏွင့္ အလုပ္သမားမဟုတ္သည့္
သုတ လိုက္ခြင့္ျပဳပါ့မလား။ သုတလိုက္ခ်င္လွ်င္ အကိုက ေျပာေပးမွာ ေသခ်ာေသာ္လည္း အကို႔ကို အခက္မေတြ႕ေစခ်င္ပါ။
" ကြၽန္ေတာ္ ျပန္လိုက္ဦးမယ္ အရီး ကြမ္းခူးရဦးမွာ မလို႔ "
" ေအးေအး ဒီမွာေရာ့ ယူသြားဦး "
" ဟုတ္ကဲ့ "
.
.
.
.
.
.
" ဒါ ဘယ္သူေလးလဲ "
ေရွ႕က ပိတ္ရပ္သည့္ လူသုံးေယာက္ ေၾကာင့္ ေရွာင္ထြက္လိုက္သည္။ သုတ ထိုလူမ်ားကို သိပါသည္။ အကိုႏွင့္ ရန္ျဖစ္ၿပီး သူႀကီးအိမ္မွာ ထိပ္တုံးခတ္ခံရသည့္ ဟိုဘက္႐ြာမွ လူေဘာ္ေၾကာ့ သူေဌးသား။
" ေဟ့ ေနပါဦး စကားေလးေျပာခ်င္လို႔ပါ "
လက္ကို ႐ုတ္တရက္ ဆြဲလာသည့္ လူေၾကာင့္ သုတလန႔္သြားရသည္။ ဘာေျပာရမွန္းလည္းမသိ အသားမ်ားပါ တဆတ္ဆတ္တုန္လာသည္။ ႐ြာထဲက သူမ်ားကပါ ဝိုင္းၾကည့္ေနၾကေသာေၾကာင့္ မ်က္ရည္မ်ားပါ ဝိုင္းလာရသည္။
" ခင္ဗ်ား ကြၽန္ေတာ့္ လက္ကို လႊတ္ အကိုသိရင္ ခင္ဗ်ားမလြယ္ဘူး "
" ေဟ့ေကာင္ကို သူ႔ေယာက္်ားကို ငါကေၾကာက္ရမယ္တဲ့
ဟားဟား ေယာက္်ားခ်င္းယူထားတဲ့ေကာင္ကို ငါက ေၾကာက္ရမယ္တဲ့ ဟားဟား "
"......."
" ဘယ္ဆိုးလို႔လဲ အလွေလးဘဲ "
ပါးကို ကိုင္လာသည့္ ထိုသူ႔လက္ကို သုတပုတ္ခ်လိုက္သည္။
႐ြံ႕စရာေကာင္းသည့္ မ်က္လုံးမ်ားေၾကာင့္ သုတ အကို႔ကိုသာ စိတ္ထဲမွ ေမွ်ာ္ေနမိသည္။
" ရန္ႀကီးကို ထားခဲ့ ဒီက ကိုႀကီးက ေငြပုံေပၚမွာ ထားေပးမယ္ "
ပခုံးကိုဖက္ကာ ေျပာလာသည့္ လူက သုတ ႐ြာထဲ လူမ်ားကို ၾကည့္လိုက္မိသည္။ အကုန္လုံးက ၾကည့္ေနၾကေသာ္လည္း သုတကို တစ္ေယာက္မွမကူညီပါ။
" ငါ -ိုးမသား "
လဲက်သြားသည့္ ထိုလူ ႏွင့္ ၾကားလိုက္ရသည့္ အသံကို ၾကားမွသာ ငိုခ်လိုက္မိသည္။ ထိုသူကို ဆဲဆိုကာ ထိုးႀကိတ္ေနေသာ အကို႔ကို သုတ တားခ်င္မိေသာ္လည္း ထိုေနရာမွ ေျခေထာက္မေ႐ြ႕ပါ။
ရန္ဘုန္းေအာင္ ငထြားဆိုသည့္ ေကာင္ကို စိတ္ရွိလက္ရွိ ထိုးေနမိသည္။ မ်က္လုံးထဲတြင္ အေသးေလးပခုံးကို ဖက္ထားသည့္လက္တို႔ကို ျပန္ျမင္ေယာင္ၿပီး အုံႂကြလာေသာေဒါသတို႔ပြင့္ထြက္ကာ ငထြားလက္ကို ဖိနပ္ႏွင့္ ႀကိတ္ထားလိုက္သည္
" မင္းရဲ႕ ဒီလက္က ငါ့လူကို ဖက္တာလား "
" ရန္ႀကီး ေဟ့ေကာင္ ေတာ္ေတာ့ သုတကိုလည္း ၾကည့္ပါဦးကြ "
သာဒင္အသံၾကားမွ ရန္ဘုန္းေအာင္ အေသးေလးကို ၾကည့္လိုက္မိသည္။ ဒူးႏွစ္ဖက္ေပၚ မ်က္ႏွာတင္ကာ ငိုေနၿပီး တစ္ကိုယ္လုံးလည္း တုန္ရီေနသည္
" ကိုယ့္ကိုၾကည့္ ဘာျဖစ္သြားေသးလဲ "
" အကို ကြၽန္ေတာ္ေၾကာက္တယ္ ကြၽန္ေတာ့္လက္ကို ဆြဲထားတာ ဖက္လည္းဖက္ထားေသးတယ္ အင့္ "
ရႈိက္ရႈိက္ ငိုေနေသာ အေသးေလးကို ေပြ႕ခ်ီကာ အိမ္သို႔ျပန္လာခဲ့လိုက္သည္။ သူ႔လည္ပင္း တင္းတင္းဖက္ထားကာ ယခုခ်ိန္ ရင္ခြင္ထဲတြင္ ငိုေနေသာ အေသးေလးသည္ ဘယ္ေလာက္ေၾကာက္ေနခဲ့မလဲ။ ေတြးရင္းႏွင့္ ငထြားဆိုသည့္ေကာင္ကို သတ္ပစ္ခ်င္မိသည္။
" မငိုေတာ့နဲ႔ ကိုယ္ရွိတယ္ ေလ"
———————
YaYa💛🌼