Unicode
နွေးထွေးလွန်းသည့် ရင်ငွေ့ကြောင့် အိပ်ရာမှ မထချင်သေးသော်လည်း ထရမည်ဖြစ်သည်။ အိမ်ထောင်ပြုပြီးသား သူတိုင်းဖက်အိပ်တာ အဆန်းမဟုတ်ပါ။ သုတအတွက်တော့ အကို့ရင်ခွင်ထဲတွင် အိပ်ခွင့်ရမည်ဟု အိမ်မက်ပင် မမက်ဖူးပါ။
စာချုပ်တွင် လက်မှတ်မထိုးခင်ထဲက အကို့အပေါ် ချစ်မိနေသည်ကို သုတ မိမိကိုယ်ကို သတိပြုမိပါသည်။ နွေးနွေးထွေးထွေးနှင့် နေချင်သော်လည်း တည်တည်တန့်တန့်နေတတ်သည့် အကို့ကြောင့် ပိုင်ဆိုင်နေရပါပြီဖြစ်ပါလျက် အဝေးတွင် ရောက်နေသည်ဟု ခံစားခဲ့ရသည်။ မနေ့ညက အဖြစ်အပျက်များကြောင့် ထိုခံစားချက်များသည် မရှိခဲ့သလိုပင်။
ပွရှုပ်နေသောခေါင်းကို လက်ဖြင့် သပ်ရပ်အောင် ဖိသပ်ပြီး
အိပ်ရာမှ ထလိုက်သည်။ ဝါးကြမ်းခင်းအိမ်ဖြစ်၍ ခြေလှမ်းကို
တိုးတိုးဖွဖွ ဂရုစိုက်နင်းရသည်။ ရေနံဆီမီးခွက်ထွန်းကာ မျက်နှာသစ် ကိုယ်လက်ဆေးကြောလိုက်သည်။
ထမင်းအိုးတည်ထားလိုက်ပြီး တဝက်ပြုတ်ထားသော ဝက်သားများကို နွင်ကာ ကြက်သွန်နီ ဂေါ်ဖီ ခရမ်းချဉ်သီးစိမ်းလေးများနှင့်
ဝက်သားသုပ်လိုက်သည်။
.
.
.
.
.
ရန်ဘုန်းအောင် နိုးလာချိန်တွင် ရင်ခွင်ထဲမှ အသေးလေး မရှိတော့ပါ။ ရေနံဆီမီးအလင်းရောင်နှင့် လှုပ်ရှားနေသံများကြောင့်
အိမ်ရှင်ထီးလေး ချက်ပြုတ်ပြင်ဆင်နေပြီဖြစ်သည်။ နေရာရွေ့နေသော စောင်နှင့် ခေါင်းအုံးများကို နေရာတကျပြန်ပြင်ပြီး ထလိုက်သည်။
လိမ်းပေးထားသော ဆေးအရှိန်ကြောင့် တကိုယ်လုံးမှ နာကျင်မှုများ ပြေပျောက်သွားရသည်။ အကြောဆန့် ကိုယ်လက် လှုပ်ရှားမှု အနည်းငယ်လုပ်ပြီး ကိုယ်လက်ဆေးကြောမျက်နှာသစ်ရန် အောက်သို့ဆင်းလာလိုက်သည်။
သူအိမ်ပေါ်တက်လာချိန်တွင် အသေးလေးကို လက်အုပ်ချီမိုးကာ
ဘုရားရှိခိုးနေပြီဖြစ်သည်။ အသေးလေးကို သဘောကျရသည့်အချက်များတွင် ပထမဆုံး တစ်ချက်သည် ဘုရားတရားရှိုသေကိုင်းရှိုင်းခြင်းဖြစ်သည်။ အမြဲတစေ လန်းဆန်းနေတတ်သည့် ဘုရားပန်းများနှင့် ဖုန်မှုန့်များ ဘုရားကျောင်းဆောင်သည် မြင်ရသူတိုင်း သဘောကျနေမည်မှာ အမှန်ပင်ဖြစ်သည်။
ကြည့်နေသည်မှာ အချိန်မည်မျှကြာသွားသည် မသိ ဘုရားရှိခိုးပြီးသော အသေးလေးသည် အိမ်ပေါက်၀တွင် ရပ်နေသော သူ့ကို အူတူတူလေးနဲ့ ကြည့်လာသည်။
" အကို "
" အင်း "
" အလုပ်သွားရတော့မှာလား ခနနော် ကျွန်တော် ထမင်းကြမ်းပြင်လိုက်ဦးမယ် ဘုရားရှိခိုးတာ နဲနဲကြာသွားလို့"
" ရတယ် ဖြေးဖြေးလုပ် "
ထမင်းစားပွဲတွင် ထိုင်ကာ သူ့အတွက် မနက်စာပြင်ပေးနေသော အသေးလေးကို , အသေးစိတ်လိုက်ကြည့်နေမိသည်။ ငယ်ငယ်ရွယ်ရွယ် ယောက်ျားလေးဖြစ်ပါလျက် အိမ်မှုကိစ္စ နိုင်နင်းသည့် ကောင်လေးသည် ငယ်စဉ်ထဲက ဆုံးမမှုကောင်းသော မိဘများလက်အောက်တွင် ကြီးပြင်းလာသည်မှာ သိသာစွာပင်။
" အကို စားတော့လေ "
" ဟင် အင်း "
မိမိရှေ့တွင် ထမင်းပန်းကန် ရောက်လာသည်ကို မသိအောင်ပင် ရန်ဘုန်းအောင် အတွေးများနေမိသည်။
.
.
.
.
.
.
" ရန်ကြီးရေ မင်းကို ဦးဘမြိုင် ခေါ်နေတယ် "
" လာပြီ "
" ဟေ့ကောင် ဘာဖြစ်လို့လဲ "
အသံအုပ်အုပ်နှင့် မေးလာသည့် သာဒင်ကို ရန်ဘုန်းအောင်ခေါင်းခါပြလိုက်သည်။ သောက်နေတဲ့ ရေဗူးကိုပိတ်လိုက်ပြီး ထွက်လာခဲ့လိုက်သည်။ရန်ဘုန်းအောင်တို့ ပွဲရုံတွင်အလုပ်ဆင်း နေသည်မှာ တစ်လတင်းတင်းပင်ပြည့်တော့ပြီ။
" ကျုပ်ရောက်ပြီ ဦးလေး "
ဦးဘမြိုင်က စာရင်းစာအုပ်ကို ပိတ်လိုက်ကာ ထိုင်ခုံကို လက်ညိုးထိုးပြသည်။
" အေးထိုင်ဦးကွာ မင်းကို ပြောစရာ ရှိလို့ ခေါ်ခိုင်းလိုက်တာ"
" ကျုပ်ကို ဘာပြောမလို့လဲ "
ခပ်မာမာ အသံကို ဦးဘမြိုင် ဂရုမစိုက်ပါ။ ဒီကောင်လေးသည်
အပြောအဆိုကြမ်းပေမယ့် အလုပ်မှာ အားကိုးထားရသည့် လူတစ်ယောက်ဖြစ်သည်။
" မင်း စာရင်းကိုင် နေရာဝင်လုပ်မလား အလယ်တန်းပြီးတဲ့အထိ တက်ခဲ့တယ်ဆို "
" ကျုပ်စာရင်းကိုင် လုပ်ရင် ဘယ်လောက်ရမှာလဲ ပိုပေးမှာလား "
အလုပ်လုပ်လာသည့် တလျှောက် ဦးဘမြိုင်သည် ကပ်စေးနဲသည့် လူတစ်ယောက်ဖြစ်ကြောင်း ရန်ဘုန်းအောင် သိခဲ့သည်။ တစ်ကျပ်ကို နှစ်ကျပ်ရအောင်ခွာတဲ့သူဆိုတာ ဦးဘမြိုင်ကိုပြောတာပင်။
အလုပ်ချိန်ကိုလည်း ပိုခိုင်းချင်သည် ။ တခြားသူများ ငြိမ်ခံနေပေမယ့် ရန်ဘုန်းအောင်တို့က မရ ညနေ၅နာရီ ထိုးပြီဆိုတာနှင့် ထမင်းချိုင့်ဆွဲ ပိုက်ဆံယူရန် တန်းစီနေပြီဖြစ်သည်။
" ပေးမှာပါကွ ၂၀၀၀ပိုပေးမယ် ထမ်းပိုးရမယ့်အလုပ် မင်းလုပ်စရာ မလိုတော့ဘူး ဒါပေမယ့် မင်းမြို့တက် ဒိုင်ကြီးတွေ သွင်းရင်တော့ လိုက်သွားပြီး ပိုက်ဆံသိမ်ပေးဦးပေါ့ကွာ ငါလည်းအသက်ကြီးပြီဆိုတော့ အခေါက်တိုင်းမလိုက်နိုင်တော့ဘူး "
ဦးဘမြိုင်က မောသွားဟန် ရေနွေးတစ်ယောက်ကို ယူသောက်နေသည်။ ရန်ဘုန်းအောင် စဉ်းစားလိုက်သည်။ စာရင်းကိုင်လုပ်လျှင် ဘယ်ဆန်က ဘယ်စျေး ဘယ်ပဲက ဘယ်လောက်သိရမည်။ မြို့တက်လျှင်လည်း ဒိုင်ကြီးများနှင့် အဆက်အဆံ လုပ်ရမည်။
အလုပ်မိတ်ဆွေရမည်။ ပိုက်ဆံလည်းပိုရမည့်အပြင် စာအုပ်နှင့် ဘောပင်ကိုင်ကာ ထိုင်လုပ်ရမည်။ ထမ်းပိုးလုပ်ရခြင်းထက် သက်သာမည်။
" ကျုပ်လုပ်မယ် ပိုက်ဆံက ၇၀၀၀နော် "
" အေးပါကွာ ငါဘယ်တုန်းက မဟုတ်တာ ပြောဖူးလို့လဲ "
" ဒါဆို ကျုပ်အလုပ်ပြန်လုပ်တော့မယ် "
" အေးအေး "
ဆန်အိတ်ထားသည့် ပွဲရုံ ဂိုထောင်ပေါက်တွင် သာဒင်နှင့် ကိုကျော်စိုးတို့က
" ရန်ကြီး လာဦး "
" ဘာလဲ "
" ဘိုးတော် မင်းကို ဘာခေါ်ပြောတာလဲ "
" စာရင်းကိုင်လုပ်ဖို့ပါ "
" ငါ့ကောင့်ကြီး ရာထူးတက်ပြီပေါ့ "
ကိုကျော်စိုးက သူ့လက်မောင်းကို လက်သီးဖြင့် ခွပ်ဖွဖွ ထိုးကာ
အပြုံးများဖြင့်ပြောလာသည်။
"ရန်ကြီး မင်းငါ့ကို မမေ့ရဘူးနော် "
သာဒင်က မျက်နှာငယ်သည့်ပုံလုပ်ကာ စနေသည်။
သူ့ထက်ပင် ပျော်နေပုံရသည့် သာဒင်သည် ရန်ဘုန်းအောင်အတွက် ညီအစ်ကိုတစ်ယောက်လိုပင်။
.
.
.
.
.
.
" သုတရယ် ဒီရက်လေးတော့ လုပ်လိုက်ပေးပါဟယ် ပိုက်ဆံပိုပေးပါ့မယ် "
"ပိုက်ဆံကြောင့် မဟုတ်ပါဘူး အရီးရယ် အိမ်မှာလည်း ကွမ်းခြံ တစ်ဖက်နှင့်ဆိုတော့ မအားလို့ပါ "
" နှစ်ရက်ထဲပါဟယ် ဟိုဘက်ရွာက ပဲနုတ်သမတွေ မရောက်သေးလို့ပါ "
သုတ လမ်းဘက်ကြည့်ကြည့်နှင့် အရီးတင်လှကိုလည်း ငြင်းနေရသေးသည်။ အကိုပြန်ရောက်လျှင် မလွယ်ပါ။
" အားတော့နာပါတယ် အရီးရယ် တခြားလူ ထပ်ရှာကြည့်ပါလား"
" သုတရယ် အရင်က နင့်ကိုငါဘဲ အလုပ်ပေးခဲ့တာပါဟယ်
ခုမှနင်က အလုပ်လေးရှိတော့ ပုံစံက တမျိုးပြောင်းပြီပေါ့
ဘာလဲ နင့်လင်က မလုပ်ခိုင်းလို့လား "
သုတ ငြင်းမည့်အခိုက်တွင်
" ဟုတ်တယ် ကျုပ်မလုပ်ခိုင်းတာ အဲတော့ ခင်ဗျားလာရာအတိုင်းလှည့်ပြန်လိုက်တော့ "
ဘယ်အချိန်က ရောက်နေမှန်းမသိသော အကိုသည် ခြံဝကိုလက်ညိုးထိုးရာ အရီးတင်လှကို ပြောနေသည်။ သူသတိမပြုခိုက်တွင် အကိုသည် ပြန်ရောက်လာခဲ့သည်။ သူထင်သည့်အတိုင်းပင် အကိုသည် ဒေါသထွက်ကာ အရီးတင်ကို နှင်ထုတ်နေသည်။
" အမလေး ပြန်မှာပါ အရက်သမားက ခုမှအလုပ်ရတာကို ကြီးကြီးကျယ်ကျယ်နဲ့ "
အကို့အကြောင်းမကောင်း ပြောတာ မကြိုက်သည့် သုတသည် အရီးတင်လှ ရှေ့ရပ်ကာ
" ဒီမှာ အရီး အကို့ကို နောက်တစ်ခါ အဲလိုပြောရင်
ကျွန်တော်အိမ် မလာပါနဲ့။ အရီးအလုပ်ကို ကျွန်တော်လုပ်မပေးနိုင်ဘူး။ အရီးပြန်လိုက်ပါတော့ "
အရီးတင်လှ ဒေါသကြီး ထွက်သွားမှ သုတလည်း ကွပ်ပျစ်ပေါ် ထိုင်ချလိုက်သည်။
အကိုက သုတဘေး ကွပ်ပျစ်ပေါ်တွင် လှဲချရင်း လက်နှစ်ဖက် ဆန့်တန်းကာ
" လာပါဦး ကိုယ့်ဆီကို "
"အကိုနော် ဒေါသထွက်နေတာကို "
" မောလို့ပါကွာ အမောပြေလေးဖက်ထားချင်လို့ "
" အိမ်ရှေ့ကြီးကို အကိုကလည်း "
မျက်လုံးလေးက ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့်လုပ်နေသည့်
အသေးလေးကို လက်မှဆွဲချကာ ရင်ခွင်ထဲ ဖက်ထားလိုက်သည်။
" အမလေး "
" ရုန်းမနေနဲ့ ကိုယ်တကယ် မောလို့ "
တကယ် မောပန်းနေသည့် အကို့သည်မျက်လုံးများ မှိတ်ထားသည်။
သုတလည်းဆက်မရုန်းတော့ဘဲ အကို့ရင်ဘက်မှာ ခေါင်းတင်ကာ ပြန်ဖက်ထားလိုက်သည်။
" ရန်ကြီး အမေ က ပဲစို့---"
အကိုသာဒင်အသံေကြာင့် သုတအကို့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။ အကိုက အကိုသာဒင်ကို စိတ်မရှည်သည့်ပုံစံနှင့်
" ဘာလာလုပ်တာလဲ "
စိတ်မရှည်တဲ့ ရန်ကြီးပုံစံ ကြောင့် သူလာသည့် အချိန်မှားမှန်း သာဒင်သိလိုက်သည်။
" အမေက မင်းတို့အတွက် မြေပဲစို့ကြော် ပို့ခိုင်းလို့ "
" ပြီးမှ လာပို့တော့ဘာဖြစ်မှာမလို့လဲ ခုချိန်ကျမှ"
အကို့စကားကြောင့် သုတ မျက်နှာကြီးများ နီရဲလာကာ
" ကျွန်တော် လှဲယ်ပေးမယ် "
ပန်းကန်လေးကိုင်ကာ အိမ်ပေါ်ပြေးတက်သွားသော အသေးလေးကြောင့် သာဒင်ကို မကျေမချမ်းကြည့်မိသည်။
" ငါလည်းဘယ်သိမလဲ ရန်ကြီးရာ မင်းတို့
ကျစ် ဒါမှန်းငါမလာပါဘူးကွာ ဆက်ဖက် ငါပြန်ပြီ "
———————
YaYa 💛🌼
AN_နောက်အပိုင်းတွေကို တစ်ရက်ခြား တစ်ခါ Up ပေးပါမယ်ရှင့်
Zawgyi
ေႏြးေထြးလြန္းသည့္ ရင္ေငြ႕ေၾကာင့္ အိပ္ရာမွ မထခ်င္ေသးေသာ္လည္း ထရမည္ျဖစ္သည္။ အိမ္ေထာင္ျပဳၿပီးသား သူတိုင္းဖက္အိပ္တာ အဆန္းမဟုတ္ပါ။ သုတအတြက္ေတာ့ အကို႔ရင္ခြင္ထဲတြင္ အိပ္ခြင့္ရမည္ဟု အိမ္မက္ပင္ မမက္ဖူးပါ။
စာခ်ဳပ္တြင္ လက္မွတ္မထိုးခင္ထဲက အကို႔အေပၚ ခ်စ္မိေနသည္ကို သုတ မိမိကိုယ္ကို သတိျပဳမိပါသည္။ ေႏြးေႏြးေထြးေထြးႏွင့္ ေနခ်င္ေသာ္လည္း တည္တည္တန႔္တန႔္ေနတတ္သည့္ အကို႔ေၾကာင့္ ပိုင္ဆိုင္ေနရပါၿပီျဖစ္ပါလ်က္ အေဝးတြင္ ေရာက္ေနသည္ဟု ခံစားခဲ့ရသည္။ မေန႔ညက အျဖစ္အပ်က္မ်ားေၾကာင့္ ထိုခံစားခ်က္မ်ားသည္ မရွိခဲ့သလိုပင္။
ပြရႈပ္ေနေသာေခါင္းကို လက္ျဖင့္ သပ္ရပ္ေအာင္ ဖိသပ္ၿပီး
အိပ္ရာမွ ထလိုက္သည္။ ဝါးၾကမ္းခင္းအိမ္ျဖစ္၍ ေျခလွမ္းကို
တိုးတိုးဖြဖြ ဂ႐ုစိုက္နင္းရသည္။ ေရနံဆီမီးခြက္ထြန္းကာ မ်က္ႏွာသစ္ ကိုယ္လက္ေဆးေၾကာလိုက္သည္။
ထမင္းအိုးတည္ထားလိုက္ၿပီး တဝက္ျပဳတ္ထားေသာ ဝက္သားမ်ားကို ႏြင္ကာ ၾကက္သြန္နီ ေဂၚဖီ ခရမ္းခ်ဥ္သီးစိမ္းေလးမ်ားႏွင့္
ဝက္သားသုပ္လိုက္သည္။
.
.
.
.
.
ရန္ဘုန္းေအာင္ ႏိုးလာခ်ိန္တြင္ ရင္ခြင္ထဲမွ အေသးေလး မရွိေတာ့ပါ။ ေရနံဆီမီးအလင္းေရာင္ႏွင့္ လႈပ္ရွားေနသံမ်ားေၾကာင့္
အိမ္ရွင္ထီးေလး ခ်က္ျပဳတ္ျပင္ဆင္ေနၿပီျဖစ္သည္။ ေနရာေ႐ြ႕ေနေသာ ေစာင္ႏွင့္ ေခါင္းအုံးမ်ားကို ေနရာတက်ျပန္ျပင္ၿပီး ထလိုက္သည္။
လိမ္းေပးထားေသာ ေဆးအရွိန္ေၾကာင့္ တကိုယ္လုံးမွ နာက်င္မႈမ်ား ေျပေပ်ာက္သြားရသည္။ အေၾကာဆန႔္ ကိုယ္လက္ လႈပ္ရွားမႈ အနည္းငယ္လုပ္ၿပီး ကိုယ္လက္ေဆးေၾကာမ်က္ႏွာသစ္ရန္ ေအာက္သို႔ဆင္းလာလိုက္သည္။
သူအိမ္ေပၚတက္လာခ်ိန္တြင္ အေသးေလးကို လက္အုပ္ခ်ီမိုးကာ
ဘုရားရွိခိုးေနၿပီျဖစ္သည္။ အေသးေလးကို သေဘာက်ရသည့္အခ်က္မ်ားတြင္ ပထမဆုံး တစ္ခ်က္သည္ ဘုရားတရားရႈိေသကိုင္းရႈိင္းျခင္းျဖစ္သည္။ အၿမဲတေစ လန္းဆန္းေနတတ္သည့္ ဘုရားပန္းမ်ားႏွင့္ ဖုန္မႈန႔္မ်ား ဘုရားေက်ာင္းေဆာင္သည္ ျမင္ရသူတိုင္း သေဘာက်ေနမည္မွာ အမွန္ပင္ျဖစ္သည္။
ၾကည့္ေနသည္မွာ အခ်ိန္မည္မွ်ၾကာသြားသည္ မသိ ဘုရားရွိခိုးၿပီးေသာ အေသးေလးသည္ အိမ္ေပါက္ဝတြင္ရပ္ေေနသာ သူ႔ကို အူတူတူေလးနဲ႔ ၾကည့္လာသည္။
" အကို "
" အင္း "
" အလုပ္သြားရေတာ့မွာလား ခနေနာ္ ကြၽန္ေတာ္ ထမင္းၾကမ္းျပင္လိုက္ဦးမယ္ ဘုရားရွိခိုးတာ နဲနဲၾကာသြားလို႔"
" ရတယ္ ေျဖးေျဖးလုပ္ "
ထမင္းစားပြဲတြင္ ထိုင္ကာ သူ႔အတြက္ မနက္စာျပင္ေပးေနေသာ အေသးေလးကို , အေသးစိတ္လိုက္ၾကည့္ေနမိသည္။ ငယ္ငယ္႐ြယ္႐ြယ္ ေယာက္်ားေလးျဖစ္ပါလ်က္ အိမ္မႈကိစၥ ႏိုင္နင္းသည့္ ေကာင္ေလးသည္ ငယ္စဥ္ထဲက ဆုံးမမႈေကာင္းေသာ မိဘမ်ားလက္ေအာက္တြင္ ႀကီးျပင္းလာသည္မွာ သိသာစြာပင္။
" အကို စားေတာ့ေလ "
" ဟင္ အင္း "
မိမိေရွ႕တြင္ ထမင္းပန္းကန္ ေရာက္လာသည္ကို မသိေအာင္ပင္ ရန္ဘုန္းေအာင္ အေတြးမ်ားေနမိသည္။
.
.
.
.
.
.
" ရန္ႀကီးေရ မင္းကို ဦးဘၿမိဳင္ ေခၚေနတယ္ "
" လာၿပီ "
" ေဟ့ေကာင္ ဘာျဖစ္လို႔လဲ "
အသံအုပ္အုပ္ႏွင့္ ေမးလာသည့္ သာဒင္ကို ရန္ဘုန္းေအာင္ေခါင္းခါျပလိုက္သည္။ ေသာက္ေနတဲ့ ေရဗူးကိုပိတ္လိုက္ၿပီး ထြက္လာခဲ့လိုက္သည္။ရန္ဘုန္းေအာင္တို႔ ပြဲ႐ုံတြင္အလုပ္ဆင္း ေနသည္မွာ တစ္လတင္းတင္းပင္ျပည့္ေတာ့ၿပီ။
" က်ဳပ္ေရာက္ၿပီ ဦးေလး "
ဦးဘၿမိဳင္က စာရင္းစာအုပ္ကို ပိတ္လိုက္ကာ ထိုင္ခုံ လက္ညိဳးထိုးျပသည္။
" ေအးထိုင္ဦးကြာ မင္းကို ေျပာစရာ ရွိလို႔ ေခၚခိုင္းလိုက္တာ"
" က်ဳပ္ကို ဘာေျပာမလို႔လဲ "
ခပ္မာမာ အသံကို ဦးဘၿမိဳင္ ဂ႐ုမစိုက္ပါ။ ဒီေကာင္ေလးသည္
အေျပာအဆိုၾကမ္းေပမယ့္ အလုပ္မွာ အားကိုးထားရသည့္ လူတစ္ေယာက္ျဖစ္သည္။
" မင္း စာရင္းကိုင္ ေနရာဝင္လုပ္မလား အလယ္တန္းၿပီးတဲ့အထိ တက္ခဲ့တယ္ဆို "
" က်ဳပ္စာရင္းကိုင္ လုပ္ရင္ ဘယ္ေလာက္ရမွာလဲ ပိုေပးမွာလား "
အလုပ္လုပ္လာသည့္ တေလွ်ာက္ ဦးဘၿမိဳင္သည္ ကပ္ေစးနဲသည့္ လူတစ္ေယာက္ျဖစ္ေၾကာင္း ရန္ဘုန္းေအာင္ သိခဲ့သည္။ တစ္က်ပ္ကို ႏွစ္က်ပ္ရေအာင္ခြာတဲ့သူဆိုတာ ဦးဘၿမိဳင္ကိုေျပာတာပင္။
အလုပ္ခ်ိန္ကိုလည္း ပိုခိုင္းခ်င္ေပ။ တျခားသူမ်ား ၿငိမ္ခံေနေပမယ့္ ရန္ဘုန္းေအာင္တို႔က မရ ညေန၅နာရီ ထိုးၿပီဆိုတာႏွင့္ ထမင္းခ်ိဳင့္ဆြဲ ပိုက္ဆံယူကာ တန္းစီေနၿပီျဖစ္သည္။
" ေပးမွာပါကြ ၂၀၀၀ပိုေပးမယ္ ထမ္းပိုးရမယ့္အလုပ္ မင္းလုပ္စရာ မလိုေတာ့ဘူး ဒါေပမယ့္ မင္းၿမိဳ႕တက္ ဒိုင္ႀကီးေတြ သြင္းရင္ေတာ့ လိုက္သြားၿပီး ပိုက္ဆံသိမ္ေပးဦးေပါ့ကြာ ငါလည္းအသက္ႀကီးၿပီဆိုေတာ့ အေခါက္တိုင္းမလိုက္ႏိုင္ေတာ့ဘူး "
ဦးဘၿမိဳင္က ေမာသြားဟန္ ေရေႏြးတစ္ေယာက္ကို ယူေသာက္ေနသည္။ ရန္ဘုန္းေအာင္ စဥ္းစားလိုက္သည္။ စာရင္းကိုင္လုပ္ရင္ ဘယ္ဆန္က ဘယ္ေစ်း ဘယ္ပဲက ဘယ္ေလာက္သိရမည္။ ၿမိဳ႕တက္လွ်င္လည္း ဒိုင္ႀကီးမ်ားႏွင့္ အဆက္အဆံ လုပ္ရမည္။
အလုပ္မိတ္ေဆြရမည္။ ပိုက္ဆံလည္းပိုရမည့္အျပင္ စာအုပ္ႏွင့္ ေဘာပင္ကိုင္ကာ ထိုင္လုပ္ရမည္။ ထမ္းပိုးလုပ္ရျခင္းထက္ သက္သာမည္။
" က်ဳပ္လုပ္မယ္ ပိုက္ဆံက ၇၀၀၀ေနာ္ "
" ေအးပါကြာ ငါဘယ္တုန္းက မဟုတ္တာ ေျပာဖူးလို႔လဲ "
" ဒါဆို က်ဳပ္အလုပ္ျပန္လုပ္ေတာ့မယ္ "
" ေအးေအး "
ဆန္အိတ္ထားသည့္ ပြဲ႐ုံ ဂိုေထာင္ေပါက္တြင္ သာဒင္ႏွင့္ ကိုေက်ာ္စိုးတို႔က
" ရန္ႀကီး လာဦး "
" ဘာလဲ "
" ဘိုးေတာ္ မင္းကို ဘာေခၚေျပာတာလဲ "
" စာရင္းကိုင္လုပ္ဖို႔ပါ "
" ငါ့ေကာင့္ႀကီး ရာထူးတက္ၿပီေပါ့ "
ကိုေက်ာ္စိုးက သူ႔လက္ေမာင္းကို လက္သီးျဖင့္ ခြပ္ဖြဖြ ထိုးကာ
အၿပဳံးမ်ားျဖင့္ေျပာလာသည္။
"ရန္ႀကီး မင္းငါ့ကို မေမ့ရဘူးေနာ္ "
သာဒင္က မ်က္ႏွာငယ္သည့္ပုံလုပ္ကာ စေနသည္။
သူ႔ထက္ပင္ ေပ်ာ္ေနပုံရသည့္ သာဒင္သည္ ရန္ဘုန္းေအာင္အတြက္ ညီအစ္ကိုတစ္ေယာက္လိုပင္။
.
.
.
.
.
.
" သုတရယ္ ဒီရက္ေလးေတာ့ လုပ္လိုက္ေပးပါဟယ္ ပိုက္ဆံပိုေပးပါ့မယ္ "
"ပိုက္ဆံေၾကာင့္ မဟုတ္ပါဘူး အရီးရယ္ အိမ္မွာလည္း ကြမ္းၿခံ တစ္ဖက္ႏွင့္ဆိုေတာ့ မအားလို႔ပါ "
" ႏွစ္ရက္ထဲပါဟယ္ ဟိုဘက္႐ြာက ပဲႏုတ္သမေတြ မေရာက္ေသးလို႔ပါ "
သုတ လမ္းဘက္ၾကည့္ၾကည့္ႏွင့္ အရီးတင္လွကိုလည္း ျငင္းေနရေသးသည္။ အကိုျပန္ေရာက္လွ်င္ မလြယ္ပါ။
" အားေတာ့နာပါတယ္ အရီးရယ္ တျခားလူ ထပ္ရွာၾကည့္ပါလား"
" သုတရယ္ အရင္က နင့္ကိုငါဘဲ အလုပ္ေပးခဲ့တာပါဟယ္
ခုမွနင္က အလုပ္ေလးရွိေတာ့ ပုံစံက တမ်ိဳးေျပာင္းၿပီေပါ့
ဘာလဲ နင့္လင္က မလုပ္ခိုင္းလို႔လား "
သုတ ျငင္းမည့္အခိုက္တြင္
" ဟုတ္တယ္ က်ဳပ္မလုပ္ခိုင္းေတာ့ အဲေတာ့ ခင္ဗ်ားလာရာအတိုင္းလွည့္ျပန္လိုက္ေတာ့ "
ဘယ္အခ်ိန္က ေရာက္ေနမွန္းမသိေသာ အကိုသည္ ၿခံဝကိုလက္ညိဳးထိုးရာ အရီးတင္လွကို ေျပာေနသည္။ သူသတ္မျပဳခိုက္တြင္ အကိုသည္ ျပန္ေရာက္လာခဲ့သည္။ သူထင္သည့္အတိုင္းပင္ အကိုသည္ ေဒါသထြက္ကာ အရီးတင္ကို ႏွင္ထုတ္ေနသည္။
" အမေလး ျပန္မွာပါ အရက္သမားက ခုမွအလုပ္ရတာကို ႀကီးႀကီးက်ယ္က်ယ္နဲ႔ "
အကို႔အေၾကာင္းမေကာင္း ေျပာတာ မႀကိဳက္သည့္ သုတသည္ အရီးတင္လွ ေရွ႕ရပ္ကာ
" ဒီမွာ အရီး အကို႔ကို ေနာက္တစ္ခါ အဲလိုေျပာရင္
ကြၽန္ေတာ္အိမ္ မလာပါနဲ႔။ အရီးအလုပ္ကို ကြၽန္ေတာ္လုပ္မေပးႏိုင္ဘူး။ အရီးျပန္လိုက္ပါေတာ့ "
အရီးတင္လွ ေဒါသႀကီး ထြက္သြားမွ သုတလည္း ကြပ္ပ်စ္ေပၚ ထိုင္ခ်လိုက္သည္။
အကိုက သုတေဘး ကြပ္ပ်စ္ေပၚတြင္ လွဲခ်ရင္း လက္ႏွစ္ဖက္ ဆန႔္တန္းကာ
" လာပါဦး ကိုယ့္ဆီကို "
"အကိုေနာ္ ေဒါသထြက္ေနတာကို "
" ေမာလို႔ပါကြာ အေမာေျပေလးဖက္ထားခ်င္လို႔ "
" အိမ္ေရွ႕ႀကီးကို အကိုကလည္း "
မ်က္လုံးေလးက ပတ္ဝန္းက်င္ကို ဟိုၾကည့္ဒီၾကည့္လုပ္ေနသည့္
အေသးေလးကို လက္မွဆြဲခ်ကာ ရင္ခြင္ထဲ ဖက္ထားလိုက္သည္။
" အမေလး "
" ႐ုန္းမေနနဲ႔ ကိုယ္တကယ္ ေမာလို႔ "
တကယ္ ေမာပန္းေနသည့္ အကို႔သည္မ်က္လုံးမ်ား မွိတ္ထားသည္။
သုတလည္းဆက္မ႐ုန္းေတာ့ဘဲ အကို႔ရင္ဘက္မွာ ေခါင္းတင္ကာ ျပန္ဖက္ထားလိုက္သည္။
" ရန္ႀကီး အေမ က ပဲစို႔---"
အကိုသာဒင္အသံေၾကာင့္ သုတအကို႔ရင္ခြင္ထဲမွ ႐ုန္းထြက္လိုက္သည္။ အကိုက အကိုသာဒင္ကို စိတ္မရွည္သည့္ပုံစံႏွင့္
" ဘာလာလုပ္တာလဲ "
စိတ္မရွည္တဲ့ ရန္ႀကီးပုံစံ ေၾကာင့္ သူလာသည့္ အခ်ိန္မွားမွန္း သာဒင္သိလိုက္သည္။
" အေမက မင္းတို႔အတြက္ ေျမပဲစို႔ေၾကာ္ ပို႔ခိုင္းလို႔ "
" ၿပီးမွ လာပို႔ေတာ့ဘာျဖစ္မွာမလို႔လဲ ခုခ်ိန္က်မွ"
အကို႔စကားေၾကာင့္ သုတ မ်က္ႏွာႀကီးမ်ား နီရဲလာကာ
" ကြၽန္ေတာ္ လွဲယ္ေပးမယ္ "
ပန္းကန္ေလးကိုင္ကာ အိမ္ေပၚေျပးတက္သြားေသာ အေသးေလးေၾကာင့္ သာဒင္ကို မေက်မခ်မ္းၾကည့္မိသည္။
" ငါလည္းဘယ္သိမလဲ ရန္ႀကီးရာ မင္းတို႔
က်စ္ ဒါမွန္းငါမလာပါဘူးကြာ ဆက္ဖက္ ငါျပန္ၿပီ "
———————
YaYa 💛🌼
AN_ေနာက္အပိုင္းေတြကို တစ္ရက္ျခား တစ္ခါ Up ေပးပါမယ္ရွင့္