♡♡♡
အဖြူရောင် မျက်နှာကျက်ကို သူမျက်လုံးဖွင့်တာနဲ့ မြင်လိုက်ရတယ်။ဒါဘယ်နေရာလဲ။ သူဘေးဘီကို တချက်ကြည့်လိုက်တော့ သူရောက်နေတာက ဆေးရုံးအခန်းတစ်ခုဆိုတာကို သူသိလိုက်တယ်။
သူအင်အားချီနဲ့စွာ လက်ကိုမြောက်လိုက်တော့ ဘဲလ်ကို နှိပ်မိသွားသလိုဖြစ်သွားပြီ သူနာပြုတစ်ယောက်က အခန်းထဲကိုပြေးဝင်လာတယ်။
" လူနာကျန်း နိုးနေပြီးပဲ မသက်မသာခံစားရသေးလား "
" ကျွန်တော် အဆင်ပြေပါတယ် "
ခေါင်းတွေမှုးနောက်နေပင့်မယ့်သူနာပြုရဲ့ နွေးထွေးတဲ့ အမေးစကားကြောင့် သူပြန်ဖြေလိုက်တယ်။စကားမပြောရတာ ဘယ်နှစ်ရက်ေတာင် ကြာသွားတာလဲ။ သူ့အသံတွေက အပ်သြနေတယ်။
သူနာပြုက ဒါကို သတိပြုမိသွားပြီး သူ့ကို ရေတခွက်ကမ်းလာပေးတယ်။သူယှဥ်ယှဥ်ကျေးကျေး သူမကိုပြုံးပြလိုက်တော့ သူမက ပါးတွေနီကာ ရှက်သွေးဖြာသွားတော့၏။
' သေစမ်း ဘာလို့ အဲ့လောက်ထိချောနေရတာလဲ '
သူနာပြု သူ့ကို ထပ်မကြည့်ရဲတော့ပဲ။ဆရာဝန်ကို အကြောင်းကြားဖို့ အခန်းပြင်ထွက်သွားတော့တယ်။သူရေသောက်ပြီးတဲ့အခါ သူ့ခေါင်းထဲ အတွေးတွေစတင်ဝင်ရောက်လာတယ်။
'သူကဘယ်သူလဲ '
'ဘာလို့ ဒီရောက်နေတာလဲ '
သူစဥ်းစားနေရင်း ဗိုက်ဆာလာတာကြောင့် ကုတင်ဘေးက ပန်းသီးတစ်လုံးကို လက်နဲ့ပွတ်ပြီး တစ်ကိုက်ကိုက်လိုက်တယ်။သူလှုတ်ရှားလိုက်တဲ့အခါ ခန္ဓာကိုယ်မှာ နာကျင်မှုဖြစ်မလာတာကြောင့် သူကဒဏ်ရာကြီးကြီး မားမားရပြီ ဆေးရုံးလာတက်တာမဟုတ်လောက်ပါ။
သူစူးစမ်းဖို့ ကုတင်ပေါ်က ဆင်းလိုက်တယ်။သူ့ခြေထောက်တွေကတော့ သာခွေယိုင်ဖြစ်နေခဲ့တယ်။သေချာတာကတော့ သူ တပတ်လောက် လမ်းမလျောက်ခဲ့တာဖြစ်နိုင်တယ်။
သူခြေလှမ်းတွေကို ထိန်းထားရင်း ကုတင်အောက်မှာကပ်ထားတဲ့ စာရွက်ကို လှမ်းဖြုတ်လိုက်တယ်။အဲ့မှာရေးထားတာက လူနာနာမည် ' ကျန်းရှီးမင် ' အသက် ' 23 ' နှစ် ။
" ကျန်းရှီးမင် "
သူတိုးတိုးလေး ရေးရွက်လိုက်တယ်။
' ဒါဆို သူနာမည်က ကျန်းရှီးမင်ပေါ့ '
အသက်က ၂၃ နှစ်ဆိုတော့ သူက တက္ကသိုလ်ကျောင်းသားပဲရှိသေးတာပေါ့။ကျန်းရှီးမင်က သူ့ကိုယ်သူ တက္ကသိုလ်ကျောင်းသားမှန်းသိပြီးနောက် ဆေးရုံးခန်းထဲကို ဝေ့ကြည့်မိပြန်တယ်။
သေချာတာကတော့ ဒီဆေးရုံးခန်းက တက္ကသိုလ်ကျောင်းသားတစ်ယောက် နေနိုင်တဲ့ နေရာမဟုတ်ဘူး။ဒါမှမဟုတ် သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်လာတဲ့ စီးပွားရေးသမားလား။ဒါမှမဟုတ် လူချမ်းသာ သားသမီးများလား။
ကျန်းရှီးမင် ဘယ်လောက်စဥ်းစား စဥ်းစား သူ့အကြောင်းနဲ့ ပတ်သက်ပြီး သူဘာမှမသိဘူး။ဒါပေမယ့် ဒါက ဘုရားပေးတဲ့ အခွင့်အရေးဆိုတာကို သူသိတယ်။
ဘုရားက သူ့ကို ကောင်းခြင်းချီမြှင့်လိုက်တာပဲ။သူကြိတ်ပျော်နေတဲ့အချိန် သူနာပြုနဲ့ အတူ ဆရာဝန်တစ်ယောက်က ကျန်းရှီးမင် အခန်းထဲဝင်လာခဲ့တယ်။
" လူနာကျန်း ဒီလူက ကျွန်မတို့ဆေးရုံးမှာ အတော်ဆုံးဆရာဝန်ပါ လူနာကျန်းရဲ့ တာဝန်ခံပေါ့ "
ကျန်းရှီးမင်က ပန်းသီးစားနေရင်းပဲ သူနာပြုမိတ်ဆက်ပေးတဲ့ ဆရာဝန်ကို မော့ကြည့်လိုက်တယ်။
' ဘိုးအေ ရယ် အရပ်က ရှည်လှချည်လား '
ကျန်းရှီးမင် အရင် သတိထားမိတာကတော့ ထိုဆရာဝန်ရဲ့ အရပ်ပင်။ သူ့အရပ်ကြီးသာ ဖျတ်မနေရင်း လူတိုင်းက ချောမောလှတဲ့ သူ့မျက်နှာကို အရင်သတိထားမိကြမှာသေချာတယ်။
ထိုဆရာဝန်က ရေခဲရိုက်အလှလိုမျိုးပင်။အေးစက်စက် မျက်နှာထားနဲ့ မြွေလိုမျိုး အစိမ်းရောင်မျက်လုံးတွေက ကျန်းရှီးမင်ကို ချက်ချင်းထပေါက်တော့မယ့် မြွေတစ်ကောင်လို့ ခံစားလာရတာကြောင့် ကျောချမ်းလာခဲ့တယ်။
ထို ဆရာဝန်ရင်ထိုးမှာတော့ 'ရွမ်းပိုင်ယု ' ဆိုတဲ့နာမည်ကဒ်ကို ထိုးထားတာတွေ့တယ်။ ဆရာဝန်ရွမ်း ရဲ့ မျက်နှာနဲ့ နာမည်ကတော့ တခြားစီဖြစ်နေတာကြောင့် ကျန်းရှီးမင် ရယ်ချင်နေပင့်မယ် သူများနာမည်ကို ပေါ်တင်ရယ်တာ မကောင်းဘူးဆိုတာကို သူသိသေးတယ်။
" တွေ့ရတာ ဝမ်းသာပါတယ် ဆရာရွမ်း "
ကျန်းရှီးမင်က လက်ကမ်းပေးလိုက်ပင့်မယ့် ရွမ်းပိုင်ယုရဲ့ အကြည့်တွေက ပိုအေးစက်သွားပြီ မျက်လုံးများ မှေးကျဥ်းကာ ကျန်းရှီးမင် လက်ကိုစိုက်ကြည့်လာခဲ့တယ်။
ကျန်းရှီးမင် လက်ကို စိုက်ကြည့်နေတဲ့ ရွမ်းပိုင်ယု မျက်လုံးတွေကြောင့် ဆစ်ကနဲ့အပေါက်ခံရသလို ခံစားလိုက်ရသဖြင့် ကျန်းရှီးမင် လက်ကို ပြန်ရုတ်လိုက်မိတယ်။
သူနာပြုကလည်း အေးခဲနေတဲ့ရေခဲပြင်မှာ မီးဖိုးကလေးမဖြစ်ချင်တော့တာကြောင့် အခန်းထဲမှ အကြောင်းပြကာ ထွက်သွားတော့တယ်။သူနာပြုထွက်သွားမှ ရွမ်းပိုင်ယု က ကျန်းရှီးမင်ကို စကားစပြောလာတယ်။
" မင်း ဘာတွေဟန်ဆောင်နေတာလဲ "
" ဆရာရွမ်းက ကျွန်တော်ကို သိတာလား "
ကျန်းရှီးမင်က သဘောရိုးနဲ့ ရွမ်းပိုင်ယုကို မေးလိုက်တယ်။ဒီအချိန်မှာ သူ့ကို သိတဲ့လူကိုတွေ့ရတာ အရမ်းအဆင်ပြေတာပဲ။ ကျန်းရှီးမင် စိတ်ထဲ ရွမ်းပိုင်ယုကို တွေ့ရတာ အနည်းငယ် စိတ်သက်သာရာရသလိုခံစားရတယ်။
" မင်း ငါ့ကို မသိဘူးလား ? "
" မသိပါဘူး "
ရွမ်းပိုင်ယုက ကျန်းရှီးမင်ရဲ့ ဟန်ဆောင်နေတာမဟုတ်သော မျက်နှာထားကြောင့် သူ့(ရွမ်းပိုင်ယု)မျက်နှာက ရန်လိုမှုက အနည်းငယ်ပြေလျော့သွားတယ်။
' ဘာလဲ သူက အတိတ်မေ့သွားတာလား '
ရွမ်းပိုင်ယုက စိတ်ရှုပ်ထွေးစွာ အခန်းထဲမှထွက်သွားတဲ့အခါ ကျန်းရှီးမင်က ကြောင်တောင်တောင်ဖြစ်ကာကျန်ခဲ့တယ်။ထားလိုက်ပါတော့ ဆက်မေးလည်း ဘာမှသိရမှာမဟုတ်တာ နောက်ပြီး ရွမ်းပိုင်ယုလို လူမျိုးနဲ့ မူလပိုင်ရှင်က သိကျွမ်းခဲ့ဖူးရင်တောင် ရေစက်ဆိုး ပဲဖြစ်လောက်တယ်။
ဘယ်သူမှတော့ ကိုယ်နဲ့သိတဲ့သူကို ရွမ်းပိုင်ယုလို မဆက်ဆံကြဘူးမလား။ကျန်းရှီးမင် ခေါင်းရှုပ်သွားတယ်။ကျန်းရှီးမင် ကုတင်ပေါ်မှာ ပြန်လှဲလိုက်တဲ့အချိန် သူဗိုက်ဆာနေပြန်တာကိုသိလိုက်တယ်။
ကျန်းရှီးမင် ထင်တာတော့ မူလပိုင်ရှင်က အစားပုတ်ပဲ။မတက်နိုင်ဘူးလေ။ ခန္ဓာကိုယ်ကစားချင်နေမှာတော့ စားပေးရတာပေါ့။ ကျန်းရှီးမင် ကုတင်ဘေးက ဖုန်းကိုဆက်ကာ ဆေးရုံးကန်တင်း မုန့်မှာလိုက်တယ်။
ခဏကြာတဲ့အခါ ကျန်းရှီးမင် အစကတွေ့ခဲ့တဲ့ သူနာပြုကပဲ ကျန်းရှီးမင်ရဲ့ စားစရာကိုသယ်လာပေးတယ်။သူနာပြုက နွေးထွေးတဲ့ အပြုံးကလေးနဲ့ ဗန်းသယ်လာတယ်။
ထိုသူနာပြုကို ကြည့်ရတာ ကျန်းရှီးမင် နွေးထွေးသလိုခံစားရတယ်။သူမက ကြည့်လို့ အရမ်းကောင်းမနေပင့်မယ့် ဇနီးကောင်းတစ်ယောက် တာဝန်ကိုတော့ ထမ်းဆောင် နိုင်လောက်တယ်။
ကျန်းရှီးမင် သူနာပြုကို ပြုံးပြလိုက်ပြီး သူမလက်ထဲက ဖက်ထုတ်ချဥ်စပ် နှစ်ပွဲကို ကုတင်ပေါ်ကစားပွဲပေါ်တင်လိုက်တယ်။
" ကျွန်တော် ဘယ်တော့ဆေးရုံးဆင်းလို့ ရမလဲ ကျဲကျဲ "
သူနာပြုမလေးက 'ကျဲကျဲ ' လို့ ခေါ်သံကြောင့် ရှက်သွေးဖျားသွားပြန်တယ်။
"မ..မနတ်..ဖြန် ဆင်းလို့ရပါပြီ "
" ကျေးဇူးပါ ကျဲကျဲ "
" ဟုတ်ကဲ့ ဟုတ်ကဲ့ "
သူနာပြုမလေးက ကျန်းရှီးမင်ကို ထမကြည့်ရဲတော့ပဲ အခန်းထဲမှ ယုန်ပြေးသလို ထွက်ပြေးသွားတော့တယ်။ကျန်းရှီးမင် သူနာပြုရဲ့ အပြုအမှုကိုကြည့်ပြီးခေါင်းကုတ်လိုက်တယ်။
" ငါ့ထက်ငယ်တာကို ကျဲကျဲလို့ ခေါ်မိသွားလို့လား "
ဒီအတွေးတွေက ကျန်းရှီးမင် ဦးနှောက်ထဲ ခဏသာနေရာယူနိုင်ပြီ နောက်ဆုံး အစားကသာ အနိုင်ယူသွားတယ်။
ကျန်းရှီးမင် ဒီအတွေးတွေတွေးနေတဲ့ အချိန်သူနာပြုလေးကတော့ လူနာချောချောလေးက သူမကို " 'ကျဲကျဲ 'လို့ခေါ်ကြောင်း ပြုံးပြကြောင်း ဆေးရုံးတစ်ခုလုံးကို လိုက်ကြွားနေတော့တယ်။
စားလို့ သောက်လို့ပြီးတော့ ကျန်းရှီးမင် အားသွင်းခါးတဲ့ဖုန်းကို ဖွင့်ကြည့်လိုက်တယ်။ကံကောင်းတာက မူလပိုင်ရှင်ရဲ့ စကားဝှက်ကို ကျန်းရှီးမင် မသိပင့်မယ့် face scan ဖတ်တာပါတာကြောင့် ဖုန်းက အလွယ်တကူပွင့်သွားတယ်။
ကျန်းရှီးမင်က ဖုန်းကို မွှေနှောက်ကြည့်နေလိုက်တယ်။ဖုန်း contant ထဲကို သွားပြီ အခေါ်အများဆုံးဖုန်းတစ်လုံးကိုခေါ်လိုက်တယ်။
" hello "
" ရှီးမင် မင်း ဘာလို့ အခုမှဖတ်ဆက်တာလဲ ငါမင်းကိုဖုန်းခေါ်နေတာ အခါ ၁၀၀ ကျော်ပြီ "
ဆူပူနေတဲ့ လူငယ်အသံကြားရတဲ့အခါ သေချာပါပြီ ဒီလူက မူလပိုင်ရှင်ရဲ့ သူငယ်ချင်းဖြစ်လောက်တယ်။ကျန်းရှီးမင် ဝမ်းသာသွားတယ်။နောက်ဆုံးတော့ သူ့အကြောင်းသိတဲ့ တစ်စုံတစ်ယောက်ကို ကျန်းရှီးမင် ရှာတွေသွားပြီ။
" အင်း ငါ ဆေးရုံးတက်နေရတာ အခုမှသတိရလို့ "
" ဘာ မင်း အဆင်ပြေရဲ့လား ငါလာခဲ့ရမလား ဘာဖြစ်တာတဲ့လဲ "
ကျန်းရှီးမင် စိတ်ထဲ တွေးမိတယ်။တော်သေးတယ်။ဒီလို အားကိုးလိုရတဲ့ သူငယ်ချင်းတစ်ယောက်ရှိသေးလို့။
" ရပါတယ် ငါအခု သက်သာနေပြီ စာတွေကရော "
" စာတွေကတော့ နောက်ကျနေပြီ ဒါပေမယ့် ငါ့မှတ်စုရှိတယ်လေ ခါတိုင်းလို ၅ယွမ်ပဲ "
ဘုရားရေ.....။ကျန်းရှီးမင် သူ့ပါးသူပြန်ရိုက်ချင်သွားတယ်။ ဒီလို သူငယ်ချင်းမျိုး မူလပိုင်ရှင်က ဘယ်အမှိုက်ပုံးကကောက်လာတာလဲ။ သူငယ်ချင်းဖြစ်သူက ဆေးရုံးတက်နေတာတောင် မှတ်စုတစ်ခု ၅ယွမ် နဲ့ ရောင်းနေသေးတယ်။
ကျန်းရှီးမင် အောင့်သက်သက်နဲ့ စကားဆက်မပြောခိင်တော့ပေမယ့် ဒီဆန်ကုန်မြေလေး ကောင်ကို မေးစရာတွေသူမှာရှိသေးတာကြောင့် ဖုန်းမချရဲပေ။
" အင်း ကောင်းပြီ ဆရာကရော "
" ငါဆရာကို သွားပြောပေးထားမယ် ဒါကတော့ ၇ယွမ်နော် "
ဒီဂုတ်သွေးစုတ်ကောင်က ပိုက်ဆံမရဘဲ ဘာမှမလုပ်တက်ဘူးလားဟ!။ ကျန်းရှီးမင် ဒေါသထွက်လာတယ်။ဒါပေမယ် သူစိတ်ကိုလျော့ထားတုန်းပါပဲ။
" ငါအခုဘယ်မှာနေတာလဲ သိလား "
" သိတယ်လေ M ရပ်ကွက် P လမ်းက အိမ်အမှတ် ..... မှာလေ အော် ဒါနဲ့ ငါဒီရက်ပိုင်း အိမ်ပြန်မလာဖြစ်ဘူးနော် နောက်ပြီ လခကို မင်းပဲစိုက်ပေးထား ဟုတ်ပြီလား "
တကယ်ဒီခွေးမသားကို ကျန်းရှီးမင် သတ်ချင်နေပြီ။
" မင်းအဖေကို အရင်စိုက်ပေးပါလား! ငါ ိုးမ ! "
ကျန်းရှီးမင် ဆဲပြီး တဖက် ပြန်စကားကိုနားမထောင်ပဲ တွေနဲ့ ဖုန်းကိုချလိုက်တယ်။ဖုန်းချပြီးပြီးချင်ပဲ ကျန်းရှီးမင် နှလုံးခုန်မြန်လာကာ ချွေးအေးများထွက်လာတယ်။
ကြည့်ရတာ မူလပိုင်ရှင်ရဲ့ ခံစားချက်အကျွင်းအကျန်တွေဖြစ်လောက်တယ်။မူလပိုင်ရှင်က တခါမှ ဒီသူငယ်ချင်းအမည်ခံ ဂုတ်သွေးစုတ်ကောင်ကို ဒီလိုမပြောဖူးတာကြောင့် ကြောက်ပြီး ချွေးအေးတွေထွက်လာခြင်းဖြစ်တယ်။
#####
သျှပ်ပန်း
♡♡♡
'သူကဘယ်သူလဲ '
'ဘာလို့ ဒီရောက်နေတာလဲ '
" ကျန်းရှီးမင် "
" မင်း ငါ့ကို မသိဘူးလား ? "
" မသိပါဘူး "
" ကျေးဇူးပါ ကျဲကျဲ "
" ဟုတ်ကဲ့ ဟုတ်ကဲ့ "
" hello "
" မင်းအဖေကို အရင်စိုက်ပေးပါလား! ငိါုးမ ! "
#####
သျှပ်ပန်း