၆ နှစ်ကြာပြီနောက်.....
အချိန်တွေဟာ တရွေ့ရွေ့နဲ့ကုန်ဆုံးလာခဲ့သည်မှာ 6 နှစ်တောင်ကြာခဲ့ပြီ၊၊ပြောင်းလဲသွားသော အကြောင်းအရာတွေကလည်းတော်တော်များများကိုရှိ၏၊၊ ပြောရမည်ဆိုလျှင် ရန် သားနှစ်ယောက်က အသက်6 နှစ်အရွယ် ကလေးပေါက်တွေဖြစ်လာသလို Russia မှ ဒင်ဒင်သည်လည်း ဆရာဝန်ပေါက်လေးတစ်ယောက်ဖြစ်နေခဲ့ပြီ၊၊
ထို့ပြင် ရွန်ကလည်း ရှမ်းပြည်မှာ မနေတော့ဘဲ ရစ်အိမ်တော်မှာသာ ပြန်ပြောင်းနေပြီး ကျောင်းပြီးထားသည့် ဘာသာရပ်မှာ law နဲ့ဖြစ်သည့်ကြောင့် အခုဆို ရွန်က ရှေ့နေကောင်းတစ်ယောက်တောင်ဖြစ်နေလေပြီ၊၊ ရစ်အိမ်တော်၏ အရင်ရှေ့နေကြီးက ပင်စင်ယူသွားသည်မလို အခုလက်ရှိ ရစ်အိမ်တော်၏ ရှေ့နေက ရွန်ပင်ဖြစ်သည်၊၊ မင်းသန့်ကတော့ အခုထက်ထိ နိုးလာခြင်းမရှိသေးဘဲ ဆေးနဲ့သာ အသက်ရှင်နေရသည်၊၊
နှစ်တွေကြာလာပြီမလို့ ဆရာဝန်တွေက မင်းသန့်ကို လက်လွတ်ပေးလိုက်ဖို့ ရွန်ကိုအကြိမ်ကြိမ်နားချသောလည်း ရွန်ကလက်မခံဘဲ မင်းသန့်ကို အခုချိန်ထိ ခေါင်းမာစွာဆွဲထားခဲ့သည်၊၊
ရန်ကတော့ ကလေးနှစ်ယောက်သုံးနှစ်အရွယ်လောက်ကနေစ၍ မောင်ဆီမှ ရန်၏ ကုမ္ပဏီ ကိုပြန်တောင်းယူပြီး ရန် ကုမ္ပဏီ အလုပ်ကိုစ၍လုပ်ခဲ့သည်၊၊ ရန် ကုမ္ပဏီ အလုပ်ကိုပြန်စလုပ်တော့ မောင်နဲ့ စကားများဖြစ်ကြသေး၏၊၊ အလုပ်မလုပ်ခိုင်းစေချင်သော မောင်နဲ့ အလုပ်များတော့ သိပ်မနားရတဲ့မောင်ကို တစ်ဖက်တစ်လမ်းကနေ ကူညီပြီးလုပ်ဆောင်ပေးချင်သည့် ရန်တို့ဟာ အပေါက်အလမ်းမတည့်ကြ၊၊
ထို့ကြောင့် နှစ်ပတ်လောက်ထိက တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်ကြဘဲ ရှောင်နေခဲ့ကြသေးသည်၊၊ နောက်ဆုံးတော့ လည်း ရန်၏နားပူနာဆာလုပ်မှုကြောင့် မောင်ကဘဲ အလျော့ပေးကာ ကုမ္ပဏီ အလုပ်ကိုလုပ်ဖို့အတွက် ရန်ကိုခွင့်ပြုခဲ့သည်၊၊
အိမ်အပေါ်ထပ် ဝရွံတာ၌ရပ်ရင်း ဆေးလိပ် တစ်လိပ်ကို နှုတ်ခမ်းတွေကြားညှပ်လျက် ရန်၏ အတွေးတွေက ရောက်တတ်ရာရာ ၊၊ ဒီနေ့က အလုပ်ပိတ်ရက်မို့ ရန် ထွေထွေထူးထူးလုပ်စရာမရှိဘဲ အားနေ၏၊၊ မောင်ကတော့ နေ့လည်ကတည်းက အလုပ်ကိစ္စ အရေးကြီးလို့ဆိုကာ ကုမ္ပဏီ ကိုထွက်သွားလေသည်၊၊ ဒီနှစ်တွေအတွင်းမှာ စိတ်ဖိစီးနေသည်ဖြစ်စေ ပျင်းရိနေသည်ဖြစ်စေ ရန် ဆေးလိပ်သာ သောက်ဖြစ်သည်၊၊ မောင်က ရံဖန်ရံခါ ရန်ကို ဆူပူတတ်သောလည်း လုံးဝကြီး ပိတ်ပင်ထားတာမျိုးမဟုတ်ချေ၊၊
ညနေစောင်းလာ၍ အိမ်ခြံဝင်းထဲက သစ်ပင်များဆီ၌ အိပ်တန်းပြန်တတ်ကျသော ငှက်များ၏ အသံက ဆူဆူညံ့ညံ့၊၊ ခြံဝင်းအတွင်းမြက်ခင်းစိမ်းစိမ်းပေါ်၌တော့ ဗမာနှင့် ရှန်ရှန်တို့က ဘောလုံးကန်ရင်း ချွေးတသီသီနဲ့ဆော့နေကြသည်၊၊ ဒီကလေးနှစ်ယောက် ငယ်ငယ်ကသာ မငိုဘဲ အနေခပ်အေးအေးလေးတွေမို့ကြီးလာလည်း စကားနည်းပြီးအနေအေးမယ်လို့ ထင်ထားခဲ့သည်၊၊ သို့ပေမဲ့ ထင်ထားတာနှင့်ဆန့်ကျင့်ဘက်ကို အသက်ကြီးလာလေ ပိုဖြစ်လာလေဖြစ်၏၊၊
နှစ်ယောက်လုံးက စကားလည်းများသလို မျောက်ရှုံးအောင်လဲဆော့၏၊၊ အစအနောက်ကပါ ဒီအရွယ်လေးနဲ့ သန်နေတော့ ရန်နဲ့ မောင်မှာ သက်ပြင်းချပြီး ခေါင်းတခါခါလှုပ်ရုံသာရှိသည်၊၊အကြီးဖြစ်သော ဗမာက အငယ်ဖြစ်သော ရှန်ရှန် ထက် ပို၍ ခန္ဓာကိုယ် သေးညှပ်၏၊၊ ဒါကလည်း ဟိုဟာမစားချင် ဒီဟာမစားချင်နဲ့ ဂျေးများ လွန်းတာကြောင့်ပင်၊၊ ရှန်ရှန်ကတော့ စားလို့ရတာမှန်သမျှအကုန်စားပြီး တစ်နေ့ထက်တစ်နေ့ကို ပို၍ထွားထွားတတ်လာသည်၊၊ အကြောင်းမသိတဲ့သူက ဗမာနဲ့ရှန်ရှန်ကို ခွဲကြည့်လျှင် ဗမာကို ညီငယ်အဖြစ်ထင်မှတ်နိုင်သည်၊၊
ဆေးလိပ်ကို ဖွာရှိုက်နေရင်း ခြံဝင်းထဲက ပြေးလွှားဆော့နေသော သားနှစ်ယောက်ဆီ ရန်အကြည့်တွေ ပို့ထားမိသည်၊၊ ချွေးတပြိုက်ပြိုက် ကျလျက် ရယ်မောစွာနဲ့ပြေးလွှားဆော့ကစားနေသော ကလေးနှစ်ယောက်၏ အသံက အိမ်ခြံဝင်းအတွင်းမှာ အိပ်တန်းတတ်နေသောငှက်များ၏ အသံနှင့်ရောထွေးစွာရှိသည်၊၊ ဒီကလေးနှစ်ယောက် ခြံထဲ ဆင်းဆော့နေသည်မှာ သုံးနာရီလောက်ကြာနေပြီဖြစ်သည်၊၊ဒါတောင်အခုထက်ထိ အိမ်ထဲဝင်ဖို့အစီအစဥ်ရှိသေးဟန်မရ၊၊
( My youth... my youth is yours......
ဘောင်းဘီအိတ်ကပ်ထဲမှ အသံမြည်လာသော ဖုန်းကို ရန် ထုတ်ကြည့်မိတော့ Russia က ဒင်ဒင်ဆီမှ ဖြစ်နေ၏၊၊ ရန်ကိုခေါ်လာသည်က Audio call နဲ့မဟုတ်ဘဲ Video call နဲ့ ဖြစ်သည်၊၊ အရင်တုန်းက Audio call နဲ့ဘဲ အမြဲပြောဖြစ်နေကြဖြစ်ပြီး အခုမှ video. Call နဲ့ခေါ်လာတော့ ရန် နည်းနည်းထူးဆန်းမှုကိုခံစားရသည်၊၊ သို့ပေမဲ့ အများကြီး မတွေးအားဘဲ ဝင်နေသော ဖုန်းကို
ကိုင်လိုက်၏၊၊
"အစ်ကိုလေးရန် "
"ဒင်ဒင် ဘာဖြစ်လို့လဲ ၊ လွန်ခဲ့တဲ့နှစ်ရက်က ဖုန်းပြောဖြစ်ကြသေးတယ်လေ ၊ အခုဘာကိစ္စဖြစ်လို့လဲ"
တစ်ပတ်တစ်ခါမဟုတ်ရင် တစ်လ တစ်ခါလောက်မှ ရန်နဲ့ ဒင်ဒင်ဖုန်းပြောဖြစ်ကြသည်၊၊ ကျောင်းတစ်ဖက်နဲ့မို့ ဒင်ဒင်က သိပ်မအားတာကြောင့် နေ့တိုင်းဖုန်းပြောနေလို့တော့မရ၊၊ ထို့ပြင် ရန်ကလည်း ခွန်း ကုမ္ပဏီ ကိုပြန်ဦးစီးနေပြီမလို့ အလုပ်နဲ့လူအားလပ်သည်က အတော်ရှား၏၊၊
ရန် စိတ်ပူစွာပင် စကားတရဆက်နှင့် တစ်ဖက်ဖုန်းမှ ဒင်ဒင်ကိုမေးလေတော့ ရယ်သံခပ်လွင်လွင်ကလေး ထွက်လာသည်၊၊ ပြုံးနေသော မျက်နှာလေးက အရင်ကလို ကလေးရုပ်တော့ မဟုတ်တော့ဘဲ တကယ်ကို တည်ငြိမ်ရင့်ကျက်တဲ့လူကြီးတစ်ယောက်၏ အသွင်ကို ဆောင်နေသည်၊၊ ပြီးခဲ့တဲ့နှစ်တွေက ဒီကောင်လေး တော်တော်လေး ရုန်းကန်ခဲ့ရမည်၊၊ တော်တော်လေးလဲ ပင်ပန်းခဲ့ရမည်
" ကျွန်တော် အလုပ်သင်ကာလပြီးသွားပြီလေ၊ အဲ့တော့ မြန်မာကို တာဝန်ကျတယ် ၊ မနက်ဖြန် ကျွန်တော် မြန်မာကိုပြန်လာမှာ"
ပျော်နေပုံရသော ကောင်ငယ်လေး၏ ပျော်ရွှင်မှုက မျက်နှာမှာ အထင်းသား၊၊ သုံးနှစ်လောက်ဘဲ နိုင်ငံခြားမှာ ဒင်ဒင်ကိုထားဖို့စီစဥ်ခဲ့ပေမဲ့ သုံးနှစ်ပြည့်ပြီးနောက်ပိုင်းမှာတော့ နောက်ဆက်တွဲအနေနဲ့ ဆရာဝန်ဖြစ်ဖို့အတွက် Russia မှာ ထပ်နေဖို့အကြောင်းဖန်ခဲ့သည်၊၊ ဒီပြီးခဲ့တဲ့ကာလ 6 နှစ်လုံးမှာလည်း တစ်ကြိမ်တစ်ခါသော်မျှ ဒင်ဒင်က မြန်မာပြည်ကိုပြန်မလာခဲ့၊၊ အရင်တုန်းက ရန် ဒင်ဒင်ကို အနည်းငယ်မေးကြည့်ဖူးသည်၊၊ ဘာလို့မြန်မာကို တစ်ခါလောက်အလည်ပြန်မလာတာလဲ ဆိုပြီးပေါ့၊၊
ထို့သို့သော ရန်အမေးကို ကောင်လေးက ခပ်ပြုံးပြုံးနဲ့ပင်ပြန်ဖြေခဲ့သည်၊၊ ရန် ကိုပြန်ဖြေလာသည့်စကားက မြန်မာသို့ပြန်လာရင် ထပ်ပြီး Russia ကိုမပြန်ချင်တော့မှာ ဆိုးတယ် အစ်ကိုလေးရန် ဟု ကောင်လေးက ဖြေ၏၊၊ မိခင်မြေကို လွမ်းဆွတ် နေမှန်း ဒင်ဒင်လေးက ထုတ်မပြောရင်တောင် ရန် ရိပ်မိသည်၊၊
"ဘယ်ဆေးရုံကို တာဝန်ကျတာလဲ ဒင်ဒင်"
"ဆရာလက်ခတ်တို့ဆေးရုံ ၊ နောက်ပြီး ကျွန်တော် အသက်25 နှစ်ဖြစ်နေပါပြီနော် ဒင်ဒင်လို့မခေါ်နဲ့တော့ ကျွန်တော် ရှက်တယ်ဗျ"
ဖုန်းဖန်သားပြင်မှ မြင်နေရသော ကောင်လေး၏ မျက်နှာက ဆူပုတ်ပုတ်၊၊ လူပုံစံကသာ ထွားတတ်လာပြီး ရင့်ကျက်သောပုံစံဖြစ်လာပေမဲ့ စိတ်ကတော့ ကလေးစိတ်မကုန်သေးပုံ၊၊ လူပျိုကလေးဖြစ်လာပြီမလို့ ဒင်ဒင်လို့တော့ ဆက်ခေါ်၍ မကောင်းတော့၊၊ သို့ပေမဲ့လည်း နာမည်ခေါ်ဖို့ကြ အနည်းငယ်စိမ်းသက်နေသလို၊၊ဒီကောင်လေးကို ဒင်ဒင်ဆိုသော နာမ်စားလေးနဲ့ စသိခဲ့တာမလို့ ချက်ခြင်းကြီး တစ်ခြားနာမည်ပြောင်းခေါ်ဖို့ကတော့ ရန်အတွက် အနည်းငယ်အကြပ်ရိုက်ရ၏၊၊
"မနက်ဖြန် စီး လာမဲ့ လေယာဉ် ချိန်ကို စာလှမ်းပို့နော်၊ ဒီက အစ်ကိုလေးရန်က မျောက်သုံးကောင်နဲ့အတူ လာကြိုပေးမယ်"
"ဟားးးး!"
ရန် ရွှတ်နောက်နောက် ဆိုလေတော့ တစ်ဖက်မှ ကောင်လေး၏ ဗိုက်ကိုနှိပ်ကာ အော်ရယ်လာသော ရယ်မောသံ ကျယ်ကျယ်ကိုကြားရသည်၊၊ ရန် ပြောသော မျောက်သုံးကောင်မှာ သားနှစ်ယောက်နှင့် မောင်ကိုဆိုလိုခြင်းဖြစ်သည်၊၊ ဒါကိုလည်း ဒင်ဒင်က သိပုံရသည်၊၊ အားရပါးရ ရယ်မောနေသော ဒင်ဒင်ကိုကြည့်ပြီး ရန်လည်း မရယ်ဘဲ မနေနိုင်၊၊ ကိုယ်ပြောပြီးခါမှ ကိုယ်ဘာသာပြန်ရယ်ချင်နေသော အဖြစ်ရယ်ပါလေ
"အစ်ကိုလေးရန် ဗမာနဲ့ ရှန်ရှန် ရော ဘယ်ရောက်သွားလဲ၊ ကျွန်တော် သူတို့ကို လွမ်းနေတာ"
"ခြံထဲ ဘောလုံး ကန်နေကျတယ်လေ "
ကင်မရာကို တစ်ဖက်သို့လှည့်ချိန်းပြီး ခြံထဲ၌ ဘောလုံးလုကန်နေသော ကလေးနှစ်ယောက်ဆီသို့ ရန်ပြလိုက်သည်၊၊ ဗမာက အပေါ်ပိုင်း အင်္ကျီ မရှိဘဲ ဘောင်ဘီ တစ်ထည်ထဲနဲ့သာ ဘောလုံးလုကန်နေပြီး ရှန်ရှန်ကတော့ အပေါ်ပိုင်း အင်္ကျီ ရှိပေမဲ့ အောက်ပိုင်းကတော့ ဟာလာဟင်းလင်း နဲ့ပင်၊၊ ထိုကလေးနှစ်ယောက်၏ ပုံစံကိုကြည့်ပြီး ဖုန်းထဲမှ ဒင်ဒင်၏ ရယ်သံက တော်တော်နဲ့အတောမသတ်ချေ၊၊
"ဟာ.. ဟာ အစ်ကိုလေးရန် နှစ်ယောက်သား နပန်းလုံး ကုန်ပြီး ဟားးး!!"
ကြည့်နေရင်းနဲ့မှ သူအော်ကိုယ်အော်နှင့် နပန်းထလုံးသော ညီကိုနှစ်ယောက်ကြောင့် ဒင်ဒင်ကတော့ ခွက်ထိုးခွက်လန်ရယ် နေ၏၊၊ ရန်ကတော့ ဒီလိုမြင်ကွင်းက ရိုးနေပြီမလို့ ကျင့်သားရနေလေပြီ၊၊ ရန်ဖြစ်ပြီးလို့ တစ်ယောက် ယောက်ဘက်က အထိနာသွားရင် တစ်ခြားတစ်ယောက်က ပြန်၍ ချော့လိမ့်မည်၊၊ ပြီးရင် နှစ်ယောက်သား အာဘွား အပြန်အလှန်ပေးရင်း ပြန်တည့်သွားကြတတ်သည်၊၊ ဒီလို ပုံစံမျိုးက နေ့တိုင်း မြင်တွေ့နေရတာမို့ ရန်နဲ့ မောင်က တော်တော်တောင်ရိုးနေပြီ၊၊
"ဒင်ဒင် ရိုင်းစက်မာန်တို့ရော နေကောင်းကြတယ်မလား"
ရန်အမေးစကားနောက် ရယ်မောနေသော ကောင်လေး၏ အပြုံးတွေက ရုတ်ချည်း ရပ်တန့်သွားရသည်၊၊ ဘာလို့မှန်းမသိပင်မဲ့ နစ်နဲတဲ့ ခံစားချက်တစ်ခုခု ဒင်ဒင်မှာ ရှိနေတယ်လို့ ရန် သံသယ ဝင်မိသည်၊၊ ရိုင်းစက်မာန်နဲ့ ဟန်နီးလင်းတို့အကြောင်းပြောလိုက်တာနှင့် ဒင်ဒင်၏ အကြည့်တွေက အလိုလိုပြောင်းသွားတတ်သည်၊၊ ဒါကို ရန်သတိထားမိနေတာ နည်းနည်းကြာနေပြီဖြစ်၏၊၊ ထုတ်မေးလို့မကောင်းလို့သူ မမေးဖြစ်ပေမဲ့ Russia မှာ ဒင်ဒင်အဆင်မပြေဖြစ်နေမှာကိုလည်းဆိုးသည်၊၊ ဘာကိစ္စတွေများ အဲ့ဒီကောင်လေး တစ်ယောက်ထဲ ကြိတ်ဖြေရှင်းနေပြန်ပြီလဲ
"ကျွန်တော် သူတို့အိမ်မှာ မနေတော့တာ က လေးနှစ်လောက်ရှိပြီ"
"ဘယ်လို !"
မယုံနိုင်၍ ရန်မှာပြန်ပင်မေးယူရသည်၊၊ ဒီ6 နှစ်လုံး ရိုင်းစက်မာန်အိမ်မှာဘဲ နေတယ်ဟု ထင်ထားခဲ့သည်၊၊ ထို့သို့ထင်ထားခဲ့တာလည်း ရန်တစ်ယောက်ထဲမဟုတ်ဘဲ မောင်ပါ အပါအဝင် ဖြစ်သည်၊၊ ဒင်ဒင်က ရိုင်းစက်မာန်တို့အိမ်မှာ မနေဘူးဆိုလျှင် ဘယ်မှာ သွားနေတာလဲ၊၊ ဆွေမျိုး မရှိဘဲ နိုင်ငံရပ်ခြားမှာ တစ်ယောက်ထဲ ရပ်တည်နေရတာက ဘယ်လောက် အထီးကျန်ပြီး နာကျင်နေလိမ့်မလဲ၊၊ အရင်ထဲက ရန်တို့ကို ဖွင့်ဟ ပြောဆိုရင်ရပေမဲ့ ဒင်ဒင်ကတော့ သူအတွက်စိတ်မပူစေချင်လို့ ထုတ်မပြောခဲ့တာဖြစ်လိမ့်မည်၊၊ အဲ့ဒီကောင်လေးကလေ အရွယ်နဲ့မလိုက်အောင်ကို သိတတ်လွန်း၏...
"ကျွန်တော် နှစ် နှစ်လောက်ဘဲ အစ်ကို အိမ်မှာနေပြီးကျောင်းတတ်တာပါ၊ ကျန်တဲ့နှစ်တွေက ကျွန်တော်ဘာသာ အဆောင်ငှားပြီးနေတာ၊ ဒါကြောင့် အစ်ကိုတို့ အဆင်ပြေမပြေဆိုတာ ကျွန်တော် အတိအကျမပြောနိုင်ဘူး အစ်ကိုလေးရန်"
"ရိုင်းစက်မာန်ကမင်းကို နည်းနည်းပါးပါး လာကြည့်ပြီးဂရုမစိုက်ပေးဘူးလား"
ရန် မျက်မှောင်ကြုတ်ပြီး အသံနည်းနည်းမာ၍ ပြောတော့ ဖုန်းမှန်ပြင်ပေါ်ကမြင်နေရသော ကောင်လေးက ခေါင်းတခါခါလက်တခါခါနဲ့ ငြင်းသည်၊၊ ပြီးနောက် ခဏတာ တိတ်ဆိတ်သွားပြီးမှ
"အစ်ကိုက တစ်ပတ်တစ်ခါလောက်ကျွန်တော်ကို လာကြည့်ပါတယ် ၊ ဒါနဲ့လေ အစ်ကို သားလေးက ချစ်စရာလေး အစ်ကိုလေးရန်တွေ့ရင် သေ ချာပေါက် ချစ်သွားမှာ"
စကားလမ်းကြောင်းပြောင်းကာ ဟန်ဆောင်ရယ်လာသော ကောင်လေးက ရန်ကို မရိပ်မိဘူးထင်နေဟန်၊၊ ရယ်မောသောပုံစံလုပ်နေပေမဲ့ အသက်မဲ့စွာပင် ဖြစ်နေပြီး မျက်ဝန်းညိုတွေထဲမှာ အရည်လဲ့နေ၏၊၊ ဒင်ဒင်နဲ့ ရိုင်းစက်မာန်ကြားမှာ တစ်ခုခုရှိမယ်ဆိုတာ ရန်အစထဲက ရိပ်မိနေခဲ့သည်၊၊ သို့ပေမဲ့ မသေချာလို့သာ လျစ်လျူပြု ထားတာဖြစ်ပြီး တဖြည်းဖြည်းနဲ့ ရန် သေချာသိလာရတော့ ထပ်၍ လျစ်လျူမပြုနိုင်တော့၊၊ ထို့ကြောင့် ဒင်ဒင် မြန်မာကိုပြန်ရောက်လာတဲ့အချိန် ရန် မေးစမ်းကြည့်ရမည်၊၊ လူချင်းတွေ့ပြီးမေးကာမှ ဒင်ဒင်၏ ပုံစံအစစ်အမှန်ကို မြင်နိုင်မည်၊၊ မဟုတ်ရင် ဖုန်းထဲမှာဆို သိပ်အဆင်မပြေ
"မင်း အဲ့ကလေးကို တော်တော်သဘောကျနေပုံဘဲ"
"ကလေးက ချစ်စရာလေးဆိုပေမဲ့ နည်းနည်းဂျစ်ကန်ကန်နိုင်တယ်၊ အဖေနဲ့အမေနဲ့ကလွဲရင် သူအသားကို ဘယ်သူမှထိတာမကြိုက်ဘူး ၊ ငယ်ငယ်လေးနဲ့တောင် အဲ့ကလေးမျက်နှာက အေးစက်စက်နဲ့ ၊ တစ်ခြားကလေးတွေလို ဆော့တာမျိုးတောင်ရှိပါ့မလားမသိဘူး"
တတ်တတ်ကြွကြွ ပြောနေပုံရသောလည်း ဝမ်းနည်းခြင်းအရိပ်အယောင်တွေက ပေါ်လွင်နေသည်၊၊ ရိုင်းစက်မာန်၏ ကလေးကို သေချာအနီးကပ်လေ့လာထားပုံရပြီး တစ်ခုခြင်းစီမှတ်ထားပုံလည်းရသည်၊၊ ဒါကြောင့် မလို့ဘဲ ဒင်ဒင်က ဒီလောက်ထိပြောနိုင်နေတာ၊
"ကလေးကို ခဏခဏမြင်ဖူးတာလား"
"အစ်ကိုက ကျွန်တော်ကိုလာကြည့်တိုင်း အဲ့ကလေးကို ခေါ်လာတယ်လေ၊ ကျွန်တော်ချီကြည့်ချင်ပေမဲ့ ကလေးရုပ်က သူကိုချီတာနဲ့ လူသတ်တော့မဲ့ရုပ်မလို့ တစ်ခါမှတော့ မချီကြည့်ဖူးဘူး၊၊ နောက်ပြီး အဲ့ကလေးရဲ့ Russia,nameက အဆန်လေး "
အိမ်ခွဲနေတဲ့ ကိစ္စကို ပြောချင်ပုံမရဘဲ ရန်ကို စကားလမ်းကြောင်းခဏခဏ လွှဲ နေသော ဒင်ဒင်ကိုကြည့်ပြီး ရန် သက်ပြင်းသာချမိလိုက်သည်၊၊ ဖွင့်ဟ ထုတ်ပြောဖို့ အဆင်မပြေဟန်ရှိနေမှတော့ ရန်လည်း ဆက်၍ မမေးချင်တော့၊၊ ထို့ကြောင့် အလိုက်သင့်သာ ဒင်ဒင်ပြောသော စကားရေစီးကြောင်းကို လိုက်ရမည်၊၊
"ဘာတဲ့လဲ နာမည်က"
"ဂိုးစ်စဲလ်ဒက်ခရစ်ဇီးရိုး"
ကလေးနာမည်ပြောပြီးနောက် ဒင်ဒင်က ဘေးနား၌ ချထားသော ဖန်ခွက်ထဲမှ ရေကို မော့သောက်သည်၊၊ နာမည်က ရှည်လွန်း၍ ရန်မှာ ဂိုးစ် တစ်ခုထဲသာ မှတ်နိုင်လိုက်ပြီး အနောက်ကဟာကို မသိတော့ ၊၊ Russia name တွေက အဲ့သလောက်တောင်ဘဲ ရှည်သလား၊၊ဒါမှဟုတ် ကလေးမိဘတွေကိုက ဒီအတိုင်းဘဲ ပေးထားသလား
"ရေတစ်ဗူးဆောင်ပြီးမှ သူ နာမည်ကို ခေါ်ရမယ်"
"ကျွန်တော်တောင် စာရွက်နဲ့ရေးချပြီး မှတ်ထားရတယ်၊ သောက်ကြောရှည်လိုက်တဲ့ နာမည်"
ရန်တို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မိကြပြန်သည်၊၊
"ရှိန်းခန့်ကိုကိုလေးက ရင့်ကျက်လာပြီ"
နာမည်ကို ထုတ်ခေါ်၍ ချီးကျူးသလိုလေးဆိုတော့ ဖုန်းမှန်သားပြင်၌ပေါ်နေသော ကောင်လေးက ရှက်သွားဟန်ဖြင့် နားရွက်လေးတွေ နီတတ်လာပြီး သွားအကုန်စိလျက် ရန်ကို ရယ်ပြလာသည်၊၊ ဒီကောင်လေး၏ အချစ်ရေးကတော့ အခုချိန်ဘယ်လိုရှိနေမလဲဆိုတာ ရန် အတော်လေးသိချင်မိ၏၊၊ အရင်ကတော့ တော်တော်လေးကိုအသဲကွဲပြီး ငိုယိုနေခဲ့ဖူးသည်လေ
"ကျွန်တော်က ရင့်ကျက်လာပေမဲ့ ကျွန်တော် နှလုံးသားကတော့ မရင့်ကျက် သေးဘူးဗျာ"
ရယ်နေရမှ ရပ်၍ ခပ်မှိုင်းမှိုင်းမျက်ဝန်းတွေနှင့် ကောင်လေး၏ မျက်တောင်ဖျားတွေ စတင်စိုစွတ်လာသည်ကို ဖုန်းထဲမှ တစ်ဆင့် ရန် အတိုင်းသား မြင်နေရသည်၊၊အနီးအနားမှာသာ ရှိရင် ပွေ့ဖက် ပြီးနှစ်သိမ့်ပေးလို့ရပေမဲ့ အခုတော့ အဝေးမှာမို့ ရန် နှစ်သိမ့်စကားပြောပေးနိုင်ရုံသာရှိ၏၊၊
"6 နှစ်တောင်ကြာနေပြီလေ အရင် crushကို မမေ့နိုင်သေးတာလား "
ထိန်းထား၍ မရတော့ဟန် ကောင်လေး၏မျက်ဝန်းများမှ မျက်ရည်တွေက တစ်စက်ခြင်းဆီပါးပြင်ပေါ်သို့ လိမ့်ဆင်းလာသည်၊၊ထို့နောက် ခေါင်းကိုငုံ့ချသွားပြီး ရှိုက်သံတို့က ပျံ့လွင့် လာသည်၊၊ ဖုန်းမှန်သားပြင်ပေါ်မှ ပခုံးသားတို့တုန်ရီသည်အထိ ငိုကြွေးနေသော ကောင်လေးကိုကြည့်ပြီး ရန်လည်းစိတ်မကောင်းပေ၊၊အသက် ငယ်ငယ်လေးနဲ့ ချစ်ခဲ့တဲ့လူဆိုတော့ ကြာရင်မေ့သွားမယ်လို့ထင်ထားခဲ့ပေမဲ့ ဒင်ဒင်ကတော့ အခုထိမေ့နိုင်သေးပုံမရ၊၊
တစ်စုံတစ်ယောက် ကို ချစ်မိသွားပြီးဆိုရင် လုံးဝမေ့ပြစ်နိုင်ဖို့က အတော်လေးကိုခဲယဥ်းသည်၊၊ သေရာပါသွားသော အမာရွတ်တစ်ခုလို သေသည်ထိ နှလုံးသားက သူမှသူဖြစ်နေတာမျိုး၊၊ တစ်ခြားလူတွေက သူထက်ပိုကောင်းပေမဲ့ မျက်လုံးထဲမှာမမြင်နိုင်ဘဲ ကိုယ်ချစ်တဲ့လူတစ်ယောက်သာ အမြင်အာရုံတွေထဲ အပြည့်နေရာယူထားသလိုမျိုး၊၊ အချစ်ဟာ သိပ်ကိုကြောက်ဖို့ကောင်းတဲ့ မမြင်ရသော အရာတစ်ခု၊၊သို့ပေမဲ့ အပြန်အလှန် ချစ်ခြင်းတွေကတော့ ပျော်ရွှင်နှစ်လိုဖွယ်ကောင်း၏၊၊
ငိုရှိုက်နေသော ဒင်ဒင်ကို ရန် ဘာမှမပြောဖြစ်ဘဲ ဒီတိုင်းသာကြည့်လျက် အငိုတိတ်သည်အထိကို စောင့်နေမိသည်၊၊ တော်ရုံဆို ဒီကောင်လေးက ရန် အရှေ့မှာ ငိုချမည်မဟုတ်၊၊ အခုက ထိန်းချုပ်ထားသမျှတွေအခုမှ ပွင့်အန်ထွက်လာတာကြောင့်ဖြစ်လိမ့်မည်၊၊ ချော့တဲ့ကလေးက ပိုငိုတယ်ဆိုသလိုပင် စကားအစလေးချီလိုက်တာနဲ့ဒင်ဒင်က ငိုချလာတာ
"တော်လောက်ပြီဒင်ဒင် ၊ ငိုနေတာကိုရပ်လိုက်တော့၊ မင်းဘယ်လောက်ငိုနေပါစေ သူက မင်းအပိုင်ဖြစ်လာမှာမဟုတ်ဘူး၊ မင်းမှာ ရွေးချယ်စရာ နှစ်ခုဘဲ ရှိတယ် ၊၊ ပထမတစ်ခုက မင်းသူကိုမေ့နိုင်အောင်မေ့ပြစ်ရမယ်၊ ဒုတိယတစ်ခုက မင်းမရရအောင် သူကို အပိုင်ယူရမယ်"
ကိုယ်ချစ်တဲ့လူကိုအပိုင်လိုချင်ရင်တော့ နည်းနည်းတော့ တဇွတ်ထိုးဆန်စွာ စွန့်စားရတာတွေက ရှိမှာဘဲ၊၊ မဟုတ်ရင်တော့ တစ်သက်လုံး ဝေးရမည်၊၊ သို့ပေမဲ့လည်း သုများအလို ဆန္ဒမပါဘဲ အပိုင်ရယူခြင်းက ကောင်းသော အရာမဟုတ်မှန်း ရန် သိ၏၊၊သို့သော်ငြား ဒင်ဒင်ဒီလိုနှစ်ရှည်လများ ခံစားနေရတာကိုတော့ ရန်ဒီတိုင်းကြည့်မနေနိုင်၊၊ ဖိအားပေးတယ်ဖြစ်ဖြစ် မကောင်းတဲ့အကြံစည်ပေးတဲ့ဖြစ်ဖြစ် အဓိက က ချစ်ရသူကို ပိုင်ဆိုင်ဖို့ဘဲမဟုတ်လား၊၊ ဒါပေမဲ့ ဒင်ဒင်က ဒုတိယ တစ်ခုကို ရွေးမှာ မဟုတ်ရမှန်း ရန် ကြို၍ ရိပ်မိနေပါသည်၊၊
"ကျွန်တော် သူကို အပိုင်လိုချင်တယ် ဒါပေမဲ့ သူပျော်ရွှင်ဖို့က ကျွန်တော် ဦးစားပေးတဲ့အရာမလို့ သူဆန္ဒမပါဘဲ အပိုင်သိမ်းမယူရက်ဘူး"
မျက်ရည်တွေကို ဖိသုတ်ပြီး ရှိုက်သံနှောလျက်ဆိုလာသော ကောင်လေး၏ စကားတွေက အက်ကွဲနေသည်၊၊ နာကျင်မှုတွေ အထပ်ထပ်သွန်းလောင်းထားပြီးမှ ထိုစကားစုအနည်းငယ်ကထွက်လာဟန်ရ၏၊၊ ရန် လည်း ဘယ်လို လုပ်ပြီးကူညီပေးရမယ်မှန်း မသိနိုင်စွာ အခက်တွေ့ရသည်၊၊
6 နှစ်တာကာလပတ်လုံး ဘယ်လိုဘယ်ပုံနဲ့များ နာကျင်မှုကို ဒီကောင်လေး သည်းခံနေခဲ့ပါလိမ့်၊၊ ငယ်ရွယ်စဥ်က အချစ်က ကြီးလာတဲ့အထိကို လှိုက်စား လာနေပုံသည် ရင်ကွဲစရာတော့ကောင်း၏၊၊ ပိုင်ရှင်ရှိလူတစ်ယောက်ကို တစ်ဖတ်သက်ချစ်နေရတာက ဘယ်လိုနာကျင်စေလဲဆိုတာ ရန်မခံစားဖူးလို့မသိပေမဲ့ ကိုယ်ပိုင်ဆိုင်ပြီးမှ သေကွဲ ကွဲလိုက်ရတဲ့ နာကျင်ခံစားမှုမျိုးကိုတော့ ကောင်းကောင်း ခံစားဖူး၏၊၊ လူတစ်ယောက်နဲ့ တစ်ယောက်က ခံစားချက်ခြင်းလည်းမတူညီကြသလို နာကျင်ခြင်းရဲ့ ခံစားမှု တွေသည်လည်းမတူညီကြ၊၊
"မနက်ဖြန် မှ တွေ့မယ်နော် အစ်ကိုလေးရန် ၊ ကျွန်တော် လုပ်စရာလေးတွေရှိလို့ ဖုန်းချလိုက်တော့မယ်"
"ထပ်ငိုမနေနဲ့နော် ဒင်ဒင်"
"ကျွန်တော် ကို ရှိန်းခန့်ကိုကို လို့ဘဲ ခေါ်ပါဆိုဗျာ"
ဆူပုတ်ပုတ်ဖြင့် ရှိန်းခန့် တစ်ယောက် အထွန့်တတ်ကာပြောမိလေတော့ အစ်ကိုလေးရန်၏ နှစ်နှစ်ခြိုက်ခြိုက် အပြုံးက ထွက်လာသည်၊၊ ထို့နောက် အစ်ကိုလေးရန် ဆီမှ
"ရှိန်းလေးက အလည်လေးနော်"
ဆိုသော ချစ်စရာနာမ်စားလေးကို ရှိန်းခန့် ကြားလိုက်ရပြီး ဖုန်းက ကျသွားတော့သည်၊၊
အစ်ကိုလေးရန် ရှေ့မှာ မငိုမိအောင်ထိန်းထားပေမဲ့လည်း ကိုယ်အစ်ကိုရင်း တစ်ယောက်လို ဖခင်တစ်ယောက်လိုမျိုး ချစ်ခင်ရတဲ့သူ မလို ကိုယ်၏ အားနည်းသောအပိုင်းက ထွက်ထွက်လာသည်၊၊ မငိုမိအောင်ထိန်းလေ ပို၍ ငိုချင်လေပင်၊၊
အချိန်သည်ကာ မနည်းလှတော့သည်မို့ ရှိန်းခန့် နားရန်ပြင်ရသည်၊၊ မနက်ဖြန် မနက်အစောကြီး လေယာဉ် နဲ့ မြန်မာကို လိုက်မှာ မလို့ ဒီညတော့ စောစော အိပ်ရမည်၊၊ ပစ္စည်းတွေကိုလည်း အကုန်ထည့်ပြီးပြီးဖြစ်၍ ဘာမှလုပ်စရာမရှိတော့ပေ၊၊ ထို့ကြောင့် အပျင်းပြေ Tv ကြည့်ရန် အတွက် အခန်းထဲကနေထွက်၍ ဧည့်ခန်းထဲသို့ ရှိန်းခန့် လျှောက်လာခဲ့သည်၊၊
ဧည့်ခန်းထဲက ဆိုဖာ၌ ထိုင်၍ Tv ကို ဖွင့်လိုက်ပြီး ရုပ်သံလိုင်းတွေ တစ်လိုင်းပြီးတစ်လိုင်းပြောင်းကာဖြင့် ကြည့်စရာကားကို ရှိန်းခန့် ရှာနေမိသည်၊၊ စိတ်အာရုံအတွေး တွေက တစ်စုံတစ်ယောက် ဆီကိုဘဲ ခဏခဏတိမ်းညွှတ် ရောက်ရှိသွားသည်မို့ Tv ဖန်သားပြင်ပေါ်ကိုကြည့်ရင်း မနည်းစိတ်နစ်ထားရသည်၊၊ မေ့ပြစ်ချင်လေ သူက ပို၍ နက်ရှိုက်းစွာ တိုးဝင်လာလေ၊၊ တစ်နေ့နေ့တော့ မေ့နိုင်မယ်လို့ တွေးခဲ့ပေမဲ့ အခုထက်ထိတော့ မေ့လို့မရသေးတာက ရှိန်းခန့်၏ နာကျင်မှုက မလုံလောက်သေးလို့များလား
Tv ကိုသာ ဖွင့်ပြီး ဟိုလျှောက်နှိပ် ဒီလျှောက်နှိပ်လုပ်နေသောလည်း စိတ်တွေက ပျံ့ကျဲနေပြီး စုစည်းလို့မရ၊၊ အစ်ကိုအကြောင်းတွေးလိုက်တိုင်း နှလုံးသားက ထုံကျင်စွာနဲ့ နာကျင်အောင့်မြတ်လာပြီး စိတ်နဲ့လူနဲ့ကမကပ်တော့ပေ၊၊ ထို့ကြောင့်ဘဲ အမြဲ အလွဲလွဲအမှားမှား တွေ ဖြစ်ရသည်၊၊
တင်းတောင်~!
အတွေးထဲ နစ်နေချိန် ဘဲတီးသံ ခပ်ကျယ်ကျယ်ကြောင့် လက်ရှိသို့ ပြန်ရောက်လာရသည်၊၊ ရှိန်းခန့်အိမ်ကို ဒီအချိန်ကြီးလာနိုင်သည့်လူက အစ်ကိုမှ လွဲ၍ မည်သူမှ မရှိ၊၊ သို့ပေမဲ့ ဒီနေ့က အစ်ကိုသူကိုလာကြည့်ရမည့် နေ့မဟုတ်ဘူးလေ၊၊ ဒီနေ့ လာကြည့်ရမည်ဆိုရင်တောင် အစ်ကိုက မနက်ပိုင်းဘဲ လာတတ်တာမို့ ရှိန်းခန့် နည်းနည်းတော့ ဇဝေဇဝါ ဖြစ်ရသည်၊၊
"အစ်ကို"
တံခါးကိုဆွဲအဖွင့် Luggageအနက်ရောင်အကြီးကို လက်တစ်ဖြင့်ကိုင်ထားပြီး မျက်နှာမကောင်းစွာနဲ့ရပ်နေသော အစ်ကို ကို့တွေ့ရသည်၊၊ ဘာဖြစ်လာမှန်းမသိပေမဲ့ အစ်ကိုက ရပ်နေသော ရှိန်းခန့်ကို ကျော်တတ်၍ အခန်းထဲသို့ ဝင်သွား၏၊၊ အစ်ကို၏ ဒီလိုထူးထူးခြားခြားပုံစံကို အခုမှမြင်ဖူးတာမလို့ ရှိန်းခန့် အတွက် နည်းနည်းဆန်းသစ်နေသည်၊၊
"အစ်ကို အဆင်ပြေရဲ့လား ဘာဖြစ်လာလို့လဲ"
ဆိုဖာ၌ ဝင်ထိုင်ပြီး မျက်နှာကိုလက်နဲ့ အုပ်လျက် ခေါင်းငုံ့ချထားတဲ့ အစ်ကို ကို ကြည့်ရင်း ခပ်တိုးတိုးမေးမိတော့ အစ်ကိုဆီမှ ပြန်ဖြေသံကမလာ၊၊ ထို့ကြောင့် ရှိန်းခန့် အစ်ကိုနဲ့ မျက်နှာချင်းဆိုင် ၌ ဝင်ထိုင်လိုက်ပြီး အစ်ကိုစကားပြောလာမည့်အချိန်ကိုသာ စောင့်နေလိုက်သည်၊၊
"မနက်ဖြန် မင်း မြန်မာပြန်မှာမလား"
"ဟုတ်"
"ကိုယ်ပါ လိုက်မယ်"
တအံတသြနဲ့ အစ်ကို ကို ရှိန်းခန့် ကြည့်မိတော့ အစ်ကိုက ခပ်ဟဟ ရယ်ပြသည်၊၊ စိတ်ညစ်နေပုံရသည်က ပေါ်လွင်နေတာတောင် အစ်ကိုက ဘာမှမဖြစ်သလိုနဲ့ ရှိန်းခန့်ကိုရယ်ပြနေသေး၏၊၊
"အစ်ကို ဘာဖြစ်လာတာလဲ"
"ဟန်နီနဲ့ ကိုယ် အခုလေးတင် ကွာရှင်းလာတာ ၊နောက်ပြီး ကိုယ် မြန်မာမှာဘဲ ပြန်အခြေချတော့မလို့"
"ဗျာ"
အံသြလို့မဆုံးနိုင်သော ကောင်လေးကိုကြည့်ပြီး စိတ်ညစ်နေသည့်ကြားမှ ရိုင်း အသဲယားရပြန်သည်၊၊ ခံစားချက်တွေမတိုက်ဆိုင်ဘဲ ဟန်နီလင်းနဲ့ ရိုင်းကြားမှာ အေးစက်လာသည်က ကလေးမွေးပြီး နှစ် နှစ်လောက်ထဲကဖြစ်သည်၊၊ အချိန်တန်ရင် ဒီလို ကွဲပြဲဖို့အထိဖြစ်လာမယ်ဆိုတာ ရိုင်းခန့်မှန်းထားခဲ့သည်၊၊ အခုအချိန်မှာ ရိုင်းစိတ်မကောင်းတာတစ်ခုက ငါးနှစ်သား အရွယ်သာရှိသေးသော် သားဖြစ်သူကို ဟန်နီလင်းတို့ဆီ ထားခဲ့ရတာကိုဖြစ်သည်၊၊
"ဘာတွေ အံသြနေတာလဲ ခွေးပေါက်"
"မဟုတ် .. မဟုတ်ပါဘူး"
"ကိုယ်မင်းဘေးအခန်းမှာ သွားနားတော့မယ် ၊ မနက်ကျရင် ကိုယ်ကို လာနိုးပေးအုံး "
ထိုင်နေရာမှ ထလျက် အစ်ကိုက အခန်းအလွတ်ရှိရာဘက်သို့ လျှောက်ထွက်သွား၏၊၊ အစ်ကိုတို့အိမ်မှာ ရှိန်းခန့်က မနေတော့တာမို့ အစ်ကိုနဲ့ အစ်မ ဟန်နီလင်းတို့ အိမ်တွင်းကိစ္စကိုတော့မသိ၊၊ အစ်ကိုလို လူမျိုးက ရန်ဖြစ်စကားများပြီးအကြီးအကျယ်လုပ်မဲ့ လူမျိုးမဟုတ်တာမို့ အခုလိုကွာရှင်းခြင်းက နည်းနည်းထူးဆန်းသည်၊၊ ဘယ်ကဘယ်လို ဖြစ်သွားလည်းမသိပေမဲ့ အစ်ကိုက ဒီလိုစိတ်ညစ်နေပုံနဲ့ဆိုတော့ ရှိန်းခန့်လည်း စိတ်ထဲမကောင်း၊၊ ဘာတွေဖြစ်ဖြစ် ရှိန်းခန့် အမြဲ လိုချင်တာက အစ်ကို ပျော်နေတာကိုလေ
တစ်ဖတ်သတ်သဘောကျရတဲ့ အစ်ကိုမှာ ပိုင်ရှင်မရှိတော့ဘူဆိုတာ သိရတော့ အပြည့်အဝ ပြန်လည် ချစ်ပိုင်ခွင့်ရှိပြီမလို့ ပျော်ရသော်လည်း၊ အစ်ကို၏ သူတွဲဖတ်မိန်းကလေးနှင့် လမ်းခွဲခြင်းကြောင့် မျက်နှာမကောင်းစွာနဲ့ စိတ်ညစ်နေသော အမူအရာတွေကို မြင်ရပြန်တော့ ရင်နာရပြန်သည်၊၊
အစ်ကိုရယ် ကျွန်တော် ကို ခံစားချက်မျိုးစုံပေးနေတော့တာပါလားဗျာ...
°°°°°°°°°°°°°°°°°
တီ တီ တီ......
နှိုးစက်မှ မြည်သံ တတီတီကြောင့် ရန် မျက်မှောင်တွေ တွန့်ချိုးလျက်ဖြင့် နိုးထလာရသည်၊၊ မြည်နေဆဲဖြစ်သော ရန် ခေါင်းရင်းမှ နှိုးစက်ကို ပိတ်ချလိုက်ပြီး နာရီကြည့်မိတော့ မနက်6 နာရီ ကိုညွှန်ပြလေသည်၊၊ ဒီလိုအချိန်ဆိုတာ နတ်ပြည်ရောက်ကောင်းတုန်းအချိန်ပင်ရှိသေးသည်၊၊ သို့ပေမဲ့ ရန် ပြန်ဆက်အိပ်လို့မရ၊၊ အကြောင်းမှာ ဒီနေ့ မနက်7 နာရီ လေယာဉ် နဲ့ ဒင်ဒင်က လိုက်ပါလာမှာ မို့ဖြစ်သည်၊၊
ရန် ဘေးဘက်က အခြေအနေကို လှည့်ကြည့်မိတော့ သားနှစ်ယောက်က ကုတင် ကို ဇောက်ထိုးပေးပြီး တစ်ယောက်နဲ့ တစ်ယောက်ခွလျက်သားနှင့် ဖက်အိပ်နေကြသည်၊၊ ရန် ကတော့ မောင်၏ ခပ်တင်းတင်းပွေ့ဖက်မှုတွေကြားမှာ ရှိနေသည်၊၊ မနေ့က နေ့လယ်ထဲက ထွက်သွားတဲ့မောင်က ညဘက် ရန်တို့ အိပ်ချိန်ရောက်တာတောင်ပြန်မလာခဲ့ပေ၊၊ ဘယ်ချိန်မှ ပြန်ရောက်ပြီး ရန် ဘေးနားဝင်အိပ်နေလဲတော့ မသိပေမဲ့ ညက တော်တော်ညနက်မှ ပြန်လာတာတော့ ဖြစ်လောက်မည်၊၊
ရန်ခါးပေါ်၌ တင်ထားသော မောင်လက်ကို အသာဖယ်ချလျက် ရန်ထထိုင်လိုက်သည်၊၊ အစကတော့ ဒင်ဒင်ကိုသွားကြိုရာ၌ မျောက်သုံးကောင် ကို ခေါ်သွားမယ်ဟု စဥ်းစားထားပေမဲ့ အခုလို အလုအယက် အိပ်နေကြတဲ့ပုံတွေကိုမြင်ပြီး ရန်ဘာသာဘဲ တစ်ယောက်ထဲသွားဖို့ ဆုံးဖြတ် လိုက်သည်၊၊ထို့ကြောင့် ရန် ကုတင်ပေါ်ကဆင်းရန်ပြင်တော့ အမှတ်မထင်ဘဲ ရန်လက်မောင်းကို မောင်က သူလက်တစ်ဖက်ဖြင့်ဆွဲကိုင်လျက် ပြန်ဆွဲချလိုက်သည်မို့ ရန်ခန္ဓာကိုယ်က မောင်ခန္ဓာကိုယ်ပေါ်ထပ်လျက်ကျသွားရသည်၊၊
မြန်ဆန်စွာပင် မောင်က ရန်ကို မလွှတ်တမ်း တင်းကြပ်စွာပွေ့ ဖက်လာသည်မို့ ရန် အနည်းငယ်လူးလွန့်ပြီး ရုန်းကြည့်မိသည်၊၊ သို့သော် ပိုတိုးဖက်ခြင်းကိုသာ ခံရပြီး အသပ်ရူရကျပ်လာတာသာအဖက်တင်သည် မောင် လက်ကနေတော့မလွတ်၊၊ လေယာဉ်ဆိုက်ရောက် ချိန် နီးနေပြီမလို့ ရန် မြန်မြန်ပြင်ဆင်ပြီးအိမ်ကထွက်မှဖြစ်မည်၊၊
" မောင် ငါကို လွှတ်ပေး ၊ အိပ်ချင်ရင် မင်းဘာသာအိပ်လေကွာ ငါသွားစရာ ရှိသေးတယ်လို့"
"အစောကြီးကို မထနဲ့ မသွားနဲ့၊မောင်နဲ့ဘဲပြန်အိပ်"
ခပ်အက်အက်အသံနဲ့အတူ မောင်က မျက်လုံးဖွင့်မကြည့်ဘဲ စကားကိုဆိုလာသည်၊၊ သွားစရာသာမရှိရင် ရန်လည်း ဒီအချိန်ကြီး ထမှာမဟုတ်ပေ၊၊သို့ပေမဲ့ အခုက ဒင်ဒင်ကို သွားကြိုရမည်မလို့ မဖြစ်မနေကိုသွားရမည်၊၊ ထို့ကြောင့် ရန် မောင်လက်တွေကြားမှ အနည်းငယ်ရုန်းထွက်လိုက်ပြီး
"ဒီနေ့မနက် ဒင်ဒင် ပြန်လာမှာနော် ငါသွားကြိုပေးမလို့ ၊ မလိုက်ချင်ရင် အိမ်မှာ အိပ်နေခဲ့မောင်"
ရန်က မောင်လက်တွေကြားက ရုန်းလေ မောင်ကပိုဖက်လာလေမလို့ အခြေအနေက ရုန်းရင်းဆန်ခတ် ဖြစ်နေပြီးအနည်းငယ် အသံဆူလာသည်၊၊ ထို့ကြောင့် ရန် ဘေးကဇောက်ထိုးအိပ်နေသော ကလေးနှစ်ယောက်သည်လည်း လူးလွန့်လာ၏၊၊ မောင်ကို အသံခပ်ကြိတ်ကြိတ်နဲ့ ကလေးတွေနိုးမှာစိုး၍ သတိပေးပြောနေသော်လည်း နားထဲဝင်ပုံမရဘဲ ရန်ကိုသာ ဇွတ်အတင်း ရင်ခွင်ထဲ ထိုးထည့်နေသည်၊၊ ဒီမောင် တစ်ယောက်ကိုလည်း ရန်ဘယ်လိုမှမနိုင်တော့ပါ
"မောင်ရေ ထလို့ဆိုနေ ၊ ငါဒင်ဒင်ကိုသွားကြိုရမယ်လို့ မဟုတ်ရင် အဲ့ကလေး စိတ်မကောင်း ဖြစ်နေလိမ့်မယ်"
"မောင့်ကို နမ်း"
ရန်နဲ့စကားသာပြောနေတာ မောင်က အခုထက်ထိ မျက်လုံးတွေမဖွင့်သေး၊၊ ဒီလောက်အိပ်ချင်နေမှန်းအသိအသာကြီးကို ရန် ထတော့ မောင်ကပါ လိုက်ထချင်နေဟန်ရှိသည်၊၊ ရန် ဘေးနားက ကလေးနှစ်ယောက်ဆီ မျက်လုံးရွေ့ကြည့်မိတော့ နှစ်ယောက်လုံးက ခေါင်းကုပ်ဖင်ကုပ်နဲ့ ထထိုင်နေကြသည်၊၊ မောင် နဲ့ တွန်းထိုးနေတော့ ကလေးနှစ်ယောက်ပါ အိပ်မရဘဲ နိုးလေပြီ
"မောင် "
"ခင်ဗျား နမ်းမှာလား မနမ်းဘူးလား"
ဒီတစ်ကြိမ်တော့ မောင်ဆီမှ ဆူပုတ်ပုတ်အသံကထွက်လာပြီး မျက်ဝန်းညိုတွေက ဖွင့်ကြည့်လာသည်၊၊ သူအလိုကျတိုင်းမရတော့ မျက်မှောင်တွေက တဖြည်းဖြည်းနဲ့ တွန့်ချိုးလာပြီး ရန်ကို မကျေနပ်သလိုကြည့်လာသည်၊၊ရန် မှာလည်းမောင်ပုံစံကိုကြည့်ပြီး ရယ်ရခက် ငိုရခက်နဲ့သာ
ရွှတ်!
ပါးပြင်ပေါ်သို့ နစ်ဝင်လာသော နှာခေါင်းလုံးလုံးလေးကြောင့် ညစ်ထေးစပြုလာသော ဗာရစ် စိတ်တွေက ပြန်ကြည်လင်သွားရသည်၊၊ ထို့နောက် လွန်းရန်၏ နဖူးပေါ်သို့ ဗာရစ် ပြန်လည်နမ်းရှိုက်လိုက်ပြီး တင်းကြပ်စွာ ဖက်တွယ်ထားသော ခန္ဓာကိုယ်ကို ဗာရစ် လွှတ်ပေးလိုက်သည်၊၊ ဗာရစ် လက်မှ လွတ်သွားသည်နှင့် လွန်းရန်က ကုတင်ပေါ်ကနေ ပြေးဆင်းပြီး ရေချိုးခန်းထဲသို့ ပြေးဝင်သွားတော့သည်၊၊
"ဖေကြီး နှာဘူး"
စကားသံပိစိလေးကို ဗာရစ်ကြားလိုက်ရတာမို့ ဘေးဘက်သို့လှည့်ကြည့်မိတော့ ရှန်ရှန်က သူနှာခေါင်းသူ လက်ညှိုး ဖြင့်ထိုးပြရင်း ဗာရစ်ကို နှာဘူးလို့ပြောလာတာဖြစ်၏၊၊ ရှန်ရှန်ဘေးက ထိုင်နေသော ဗမာကတော့ ထိုင်ရက်နှင့် ငိုက်နေသည်မှာ ခေါင်းကြီးက တစ်ခြမ်းသို့စောင်းနေလေသည်၊၊
"ဒီလာခဲ့ မင်းနှာခေါင်း ဖေကြီးကိုက်ဆွဲပြစ်မယ် ရှန်ရှန်"
"လာဘူး၊ ခေါ်နက်"
အငယ်ဖြစ်သော ရှန်ရှန်က အကြီးဖြစ်သူ ဗမာထက် အကောင်တောင့်ပေမဲ့ စကားပြောရာတွင်တော့ ရှန်ရှန်ကသိပ်မပီ၊၊ အသက်6 နှစ်တောင်ဖြစ်နေပြီကို အမှန်ဆို စကားက ပီသင့်နေပြီ၊၊ စကားမပီတာကြောင့် ကြက်ဖင်ဆီဗူး ကို ရှန်ရှန်ကို ခဏခဏကျွေးသော်လည်း စကားမပီတာကတော့ မပျောက်၊၊
အနည်းငယ်လှမ်းနေသော ကလေးနှစ်ယောက်နားသို့ ဗာရစ် အသာတိုးကပ်သွားတော့ ရှန်ရှန်က ကုတင်အောက်သို့ပြေးဆင်းသွားပြီး ဗမာကတော့ ငိုက်လျက်သားနှင့် ငြိမ်နေတုန်းဖြစ်သည်၊၊ သူပတ်ဝန်းကျင်မှာ သူတစ်ယောက်ထဲရှိသလိုမျိုး ထိုင်လျက်သား နဲ့ ငိုက်နေသည်မှာ သွားရည်တွေတောင် ကျနေလေပြီ၊၊
"ဟေးးကောင်လေး!!!"
"အားးအဟင့် ဟင့် အီးးး!!"
"ဟားးးးး!"
အိပ်ငိုက်နေသော ဗမာလေး၏ နား အနားသို့တိုးကပ်လျက်ဖြင့် အသံမြင့်ကာ အော်လိုက်တော့ တစ်ခြမ်းစောင်းငိုက်နေတဲ့ ဗမာက တုန်တတ်သွားကာဖြင့် လန့်ပြီး အော်ငိုလာသည်၊၊ အအိပ်မက်တဲ့ဗမာက သွားရည်တန်းလန်းနဲ့ ငိုနေတာကိုကြည့်ပြီး ဗာရစ် အိပ်ယာပေါ်၌ လူးလိမ့် ပြီးသာ အော်ရယ်မိတော့သည်၊၊
"ဖက်ယူ ဖေကြီးအီးးးဟင့်အင့်..."
ငိုသံနှင့်ရော၍ ထွက်လာသော စကားသံက မပြီမသ၊၊ ဗာရစ် သေချာ မကြားလိုက် ဗမာအနားကပ်ခါ ဘာပြောတာလဲဟု မေးတော့ ဗမာလေးက ရက်စက်စွာပင် သူ၏ ကျနေသော သွားရည်များကို လက်ဖြင့်သုတ်ပြီး ဗာရစ် ပါးစပ်ထဲသို့ ထိုးထည့်လာသည်၊၊ မထင်မှတ်ထားသော လုပ်ရပ် ကြောင့် ဗာရစ်မှာ ဗမာလက်ကိုမှီအောင် လှမ်းမတားနိုင်ခဲ့၊၊ ခပ်ချွဲချွဲ အဖြူရောင်အရည်တွေက ပါးစပ်ထဲရောက်လာတော့ ဗာရစ် ပျို့တတ်လာမိသည်၊၊
"အားးးခွန်းဗမာရစ် မင်း.. မင်း ကို လွန်းရန် နဲ့ တိုင်မယ်!"
ဗာရစ်ကုတင်ပေါ်ကနေ ပြေးဆင်းလာပြီးရေချိုးခန်းဘက်သို့ ထွက်လာတော့ အနောက်၌ ကျန်ခဲ့သည့် ကလေးနှစ်ယောက်ဆီမှ တခစ်ခစ် ရယ်သံက ခပ်ကျယ်ကျယ် ထွက်လာ၏၊၊ ဒီမျောက်နှစ်ကောင်တော့ မွေးရကျိုးကိုမနပ်ဘူး
ဗာရစ်ရေချိုးခန်းရှေ့ရောက်တော့ တိုက်ဆိုင်စွာပင် လွန်းရန်ကလည်း ရေချိုးခန်းထဲမှ အဝတ်အစား လဲပြီးသားနှင့် ထွက်လာလေသည်၊၊ ဗာရစ်ကိုမြင်တော့ ဘာဖြစ်လာတာလဲ ဆိုသော အကြည့်နဲ့ကြည့်လာသည်၊၊
"လွန်းရန် "
"အင်း ဘာဖြစ်လာတာလဲ မောင်၊ မျက်နှာရှုံ့မဲ့နေတာဘဲ"
"ဗမာလေ မောင်ပါးစပ်ထဲ သူ သွားရည်တွေ ထိုးထည့်တယ်၊ အဲ့ကောင် ဖင်ကို ခပ်နာနာလေး ရိုက်ပေး လွန်းရန် ၊ ဗမာကို မောင် မကျေနပ်ဘူးနော် "
အလိုမကျဟန်ပြောလာသည့် မောင်၏မျက်နှာကတွန့်လိမ်နေသည်၊၊ ထို့ပြင် ကိုယ်နှုတ်ခမ်းကိုလည်း ဝတ်ထားသော အင်္ကျီ စအဖျားနဲ့ ထပ်ခါထပ်ခါ ဖိသုတ်နေသည်ကြောင့် မောင်၏ နှုတ်ခမ်းက တော်တော် ရဲသွေးကြွနေပြီဖြစ်၏၊၊
အသန့်ကြိုက်သည့်လူကိုမှ သွားရည်နဲ့ဗမာက သုတ်လိုက်လေတော့မောင် မျက်နှာ က ခုနှစ်ခေါက်ချိုး ရှစ်ခေါက်ချိုး ကို ဖြစ်နေ၏၊၊ ရန် မှာ ရယ်ချင်သော်လည်း ရုပ်တည်ထားရသည်၊၊ ထို့သို့မှ မဟုတ်လျှင် ရန်ကိုပါ မောင်က စိတ်ဆိုးသွားနိုင်ချေရှိသည်၊၊
"မောင် လေယာဉ် ကွင်းကို လိုက်မယ်ဆိုရင် ရေသွားချိုးတော့၊ သား ကို နောက်မလုပ်ဖို့ငါပြောလိုက်မယ်"
"လွန်းရန် က အကောင်းဆုံးဘဲ"
ရွှတ်!
ရန် နားထင်ကိုဖိနမ်းလျက်ဖြင့် မောင်က ရေချိုးခန်းအတွင်းသို့ဝင်သွားတော့သည်၊၊ ထို့ကြောင့် ရန်လည်း သားနှစ်ယောက်ရှိသော ကုတင်ရှိရာသို့ လျှောက်ထွက်လာခဲ့သည်၊၊ ကုတင်ပေါ်၌ တစ်ယောက်နား တစ်ယောက်ကပ်၍ တိုးတိုးနဲ့ ဘာတွေပြောနေကြမှန်းမသိသော ကလေးနှစ်ယောက်ကို ကြည့်ရင်း ရန်အသဲယားလာရသည်၊၊ သူတို့ဖေကြီးကို မဟုတ်တာတွေ လုပ်ဖို့ တိုင်ပင်နေကြပုံရသည်၊၊ သားဖ သုံးယောက်က ဦးသူချကြေးဆိုသည့်အတိုင်း ဟိုဘက်ဒီဘက် အလျော့မပေးကြဘဲ ညံ့တဲ့သူက အစအနောက် ခံရသည်၊၊ တစ်နေ့ တစ်နေ့ မျောင်သုံးကောင်ကြားထဲမှာဘဲ ရန်မှာ ညှပ်နေရပြီး တစ်ခါတစ်လေ ခေါင်းခြောက်ရသည်၊၊
"လေယာဉ် ကွင်းကို လိုက်ခဲ့ချင်လား ဗမာနဲ့ ရှန်ရှန်"
"ခေါ်.. ခေါ် လိုက်မယ်"
"သားရောဘဲ ဖေလွန်း "
နှစ်ယောက်လုံးက ရန် ရှိရာသို့ ပြေးလာပြီး ရန် ခြေထောက်နှစ်ချောင်းကို တစ်ယောက်တစ်ဖတ်ဆီဖက်လျက်ဖြင့် အခုမှ လာကပ်ချွဲစွာနှင့်ပြောကြသည်၊၊ အစောနကတော့ ဘာတွေ တွတ်တွတ်ထိုး ပြောနေသည်မသိ၊၊
ကလေးနှစ်ယောက်ကပါ လေယာဉ် ကွင်းကို လိုက်မည်ဖြစ်၍ ရန် သားနှစ်ယောက်လုံးကို ရေချိုးခန်းဘက်သို့ခေါ်လာခဲ့သည်၊၊ ရေချိုးခန်းရှေ့ရောက်တော့တံခါးခေါက်ပြီး အထဲက မောင်ကို မြန်မြန်လုပ်ဖို့ပြောရသည်၊၊ မိနစ်ပိုင်းမျှလောက်ကြာပြီးနောက်မှာတော့ မောင်က ဝတ်စုံပြည့်ဖြင့် ရေချိုးခန်းထဲကနေ ထွက်လာ၏၊၊
ကလေးနှစ်ယောက်လက်တစ်ဖက်ဆီကို ရန်က တစ်ဖက်တစ်ချက်စီ ဆွဲကိုင်ထားပြီး ရေချိုးခန်းထဲဝင်တော့ မောင်က ဗမာကို အခဲမကျေသလိုကြည့်၏၊၊ ဗမာကလည်း မောင်ကို လှည့်တောင်မကြည့်ပေ၊၊ ဒီသားအဖတွေ စိတ်ဆိုးစိတ်ကောက်ကြပြန်ပြီ၊၊ ပြီးရင် ခဏလေးနဲ့ ပြန်ပြီး တည့်သွားတာဘဲကို မောင်ကလည်း ကလေးနဲ့အပြိုင် စိတ်ကောက်၏၊၊ ရန် တို့ မိသားစုလေးယောက်ထဲမှာ မောင်နဲ့ ဗမာက စိတ်ကောက်နိုင်ဆုံးဖြစ်ပြီး ရန်နဲ့ ရှန်ရှန်နဲ့ကတော့ အချော့နိုင်ဆုံးဖြစ်သည်၊၊
ကလေးတွေကို ရေချိုးပြင်ဆင်ပြီးသည့်နောက် အချိန်က လေယာဉ် ဆိုက်ရပ်မည့်အချိန်နှင့် တော်တော်တောင်နီးကပ်နေပြီဖြစ်သည်၊၊ အိမ်အပေါ်ထပ်ကနေ သားနှစ်ယောက်၏လက်ကို တစ်ဖတ်တစ်ချက်စီဆွဲကိုင်ရင်း ရန် အိမ်အောက်သို့ဆင်းလာခဲ့သည်၊၊ မောင်ကတော့ ကားစက်နိုးပြီး အိမ်ရှေ့စင်ဝင်အောက်၌ ရန်တို့ သားအဖတွေကိုစောင့်နေလေသည်၊၊
"မောင် မြန်မြန်မောင်းနော် ဆယ်ငါးမိနစ်ဘဲ အချိန်ကျန်တော့တာ"
ကလေးနှစ်ယောက်ကို ကားနောက်ခန်းထဲ၌ နေရာချပေး ပြီးနောက် ကား ရှေ့ခန်းမှာ ရန်ဝင်ထိုင်ရင်းနဲ့ ပြောတော့ မောင်က ခေါင်းညိမ့်ပြလာသည်၊၊ ပြီးနောက် ကားအနက်လေးက ရစ်အိမ်တော်ထဲမှ လျင်မြန်စွာပင် မောင်းထွက်လာတော့သည်၊၊
ရန်တို့ လေယာဉ် ကွင်းဆီသို့ရောက်လာတော့ 7နာရီ လေယာဉ် က ဆိုက်ရောက်နေပြီဖြစ်သည်၊၊ လေယာဉ် ကွင်းအတွင်းမှာလည်း ဟိုသွားဒီသွားများနဲ့ လူအများက ရှုပ်ယှက်ခတ် နေကြသည်၊၊ ပြည်ပသို့ ထွက်ခွာသွားကြသူများနှင့် ပြည်တွင်းသို့ပြန်လာကြသူများမှာ ရောယှက် လျက်ဖြင့် ဆူညံ့နေ၏၊၊ ရန် က ဗမာ ကို ချီပြီး မောင်ကတော့ ရှန်ရှန်ကို ချီကာဖြင့် လူစောင့်သော နား၌ မတ်တတ် ရပ်လျက် ဒင်ဒင်ထွက်လာမည်ကို စောင့်နေလိုက်သည်၊၊
သိပ်မကြာခင်အတွင်းမှာဘဲ ဦးထုပ် အနက်ရောင်ဆောင်းထားပြီး အဖြူရောင် ရှပ် အင်္ကျီ လက်စက နှင့် ဂျင်းဘောင်းဘီအနက်တို့ကို တွဲဖတ်ဝတ်ဆင်ထားသော ဒင်ဒင်က အိတ်အနက်တစ်လုံးကိုင်ဆွဲလျက်ဖြင့် ခပ်ဖြည်းဖြည်းလျှောက်လာသည်၊၊ ဖုန်းထဲမှ မြင်ရသည်ထက် အပြင်မှာ မြင်ရသည်က ကောင်လေး၏ တည်ငြိမ်နေသောပုံ သဏ္ဌာန် ကိုထင်းရှားစွာမြင်တွေ့ ရသည်၊၊ အများကကြည့်လိုက်လျှင် ခပ်အေးအေး လူတစ်ယောက်လို့ မှတ်ချက်ပေးရလောက်တဲ့အထိ လှုပ်ရှားမှုတွေကအစ တည်တည်ငြိမ်ငြိမ်နဲ့သာ၊၊
ဒင်ဒင်လမ်းလျှောက်လာသည်ကို ကြည့်နေရင်းနဲ့ ဒင်ဒင်ဘေးနားသို့ အနောက်ကနေ ရောက်လာသူကို ရန် မြင်ဖူးသလိုရှိသည်ကြောင့် သေချာကြည့်မိတော့ မောင်သူငယ်ချင်း ရိုင်းစက်မာန်ဖြစ်နေ၏၊၊ နေကာမျက်မှန်အနက်ရောင်ကို တပ်ထားပြီး အနောက်တိုင်းဝတ်စုံအနက်ကို သပ်ရပ်စွာဝတ်ဆင်ထားသည့် ရိုင်းစက်မာန်က ခန္ဓာကိုယ် တောင့်သော်လည်း အရပ်အနေမောင်းကတော့ ဒင်ဒင်နဲ့အတူတူပင်ဖြစ်သည်၊၊ ထိုနှစ်ယောက်လျှောက်လာသည်ကို ကြည့်နေရင်း ဒင်ဒင်၏ အရပ်အမောင်းနှင့် တည်ငြိမ်မှုတွေက ကလေးတစ်ယောက်မဟုတ်တော့ဘူးဆိုတာကို မီးမောင်းထိုးပြနေသလိုရှိသည်၊၊ ရန် မျက်လုံးထဲမှာတော့ ဒင်ဒင်ဆိုတဲ့ကောင်လေးက 19 နှစ်သားလေးလိုဘဲ ချစ်ဖို့ကောင်းနေတုန်း
"လွန်းရန်က သူများတွေကို အဲ့လိုမျိုးကြည့်နေရင် မောင် သဝန်တိုတယ်နော်"
ရန် ခါးကို လက်တစ်ဖက်ဖြင့် ဆွဲဖက်လာတဲ့မောင်က မျက်ခုံးတွေလည်း တွန့်ချိုးထားသည်၊၊ မောင်၏ ဒီလိုမျက်နှာအမူအရာက စိတ်မကြည်သော အချိန်တွေမှာသာ လုပ်တတ်သည်မို့ မောင်တကယ် သဝန်တိုနေတယ်ဆိုတာ ရန် သိလိုက်၏၊၊ ဒင်ဒင်တို့ကို ကြည့်နေရာမှ ရန်အကြည့်လွဲလိုက်ပြီး မောင်မျက်နှာကို ခပ်ပြုံးပြုံးနဲ့ အတန်ကြာသည်အထိ စိုက်ကြည့်လိုက်တော့ မောင်မျက်နှာမှ တွန့်ချိုးနေသော မျက်ခုံးတန်းတွေသည် ပြေလျော့ကျသွားပြီး တဖြည်းဖြည်းနဲ့ ပြုံးရောင်သမ်းလာ၏၊၊ မောင်က တကယ်ကို ချစ်စရာကြီး
"မောင်ကိုဘဲကြည့်နေမယ်ဆိုရင် အဆင်ပြေတယ်မလား"
"အဟမ်း ! ပြေ ..ပြေတယ် "
"သွားစွယ်တွေ ပေါ်တဲ့အထိ ငါကို ပြုံးပြပါအုံး မောင် "
ရန်စကားအဆုံး၌ မောင်က နှစ်လိုဖွယ်ကောင်းသော သူ၏ သွားစွယ်ဖွေးဖွေးနှစ်ဖက်ပေါ်သည်အထိ ရန်ကို ပြုံးပြလာသည်၊၊ ရန် မှာ မောင်ထို့သို့ပြုံးလိုက်တိုင်း ငေးခနဲ ဖြစ်သွားရသည်က အကြိမ်ကြိမ်အခါခါ၊၊ ဘယ်လိုများစွဲဆောင်ထားသလဲတော့ မသိပေမဲ့ မောင်ဆိုတဲ့နွံ့ထဲမှာတော့ ရုန်းထွက်မရအောင်ကို နစ်မွန်းနေခဲ့သည်၊၊ ရန် ဟာ တကယ်ကို မောင်မှ မောင်ဖြစ်နေခဲ့ပြီ
"လှလဲ လှဘဲနဲ့ ဟွန့်!"
ရန် လက်ထဲမှ ချီထားသော ဗမာဆီမှ ထွက်လာသော စကားဖြစ်သည်၊၊ ထိုစကားက မောင်ပြုံးလိုက်မှ ထွက်လာတာဖြစ်၏၊၊ ဗမာ စကားကြောင့် မောင်က ချက်ခြင်းရုပ်တည်သွားပြီး ပတ်ဝန်းကျင် အခြေအနေက အေးစက်စက်ဖြစ်လာသည်၊၊ ထို့ပြင် ဗမာလေးကို စူးစိုက်ကြည့်နေသည်ကြောင့် ကလေးက ကြာတော့ လန့်လာ၍ ထင်သည် ရန် လည်ပင်းကိုသိုင်းဖတ်ပြီး အနောက်ဘက်သို့ မျက်နှာ လွှဲသွား၏၊၊
ကျန်သည့်အချိန်များမှာတော့ ကလေးနှစ်ယောက်က မောင်ကို သိပ်မကြောက်ကြဘဲ သူငယ်ချင်းပေါင်း ပေါင်းကြတယ်ဆိုပေမဲ့ မောင်စိတ်ဆိုးနေတဲ့အချိန် အခုလို စူးစူးစိုက်စိုက်အကြည့်ခံလိုက်ရသော အချိန်တွေတော့ ကလေးနှစ်ယောက်လုံးက တုတ်တုတ်မျှမလှုပ် ရဲဘဲ တုန်နေအောင်ကို ကြောက်၏၊၊ ကလေးတွေ မပြောနဲ့ ရန်တောင် တစ်ခါတစ်လေ မောင်ဆီမှ ထိုသို့အကြည့်စူးစူးတွေရလျှင် ရင်တုန်ပြီး ဒူးတွေတောင်ခွေကျမတတ်ဖြစ်ရသည်၊၊ အဲ့လိုလဲ မောင်က ကြောက်ဖို့ကောင်းသေး၏၊၊
"အချစ်လေး လွမ်းနေတာကွာ "
ရုပ်တည်ကြီးနဲ့ ရပ်နေသော ရစ်ကို ရိုင်းပြေးဖက်လိုက်တော့ ဗိုက်ထံသို့ လက်သီးတစ်ချက်က ပြစ်ဝင်လာသည်၊၊ အင့်ဆိုသော အသံသာ ထွက်နိုင်ပြီး ရိုင်းမှာ ဗိုက်ကို ဖိလျက် ထိုင်ချလိုက်ရတော့သည်၊၊ အချစ်ကလေးလို့ ခေါ်တာ မကြိုက်မှန်းသိရဲ့နဲ့ ရိုင်းကလည်း အမှတ်မရှိစွာ နဲ့ခေါ်တော့ အခု အထိုးခံလိုက်ရသည်၊၊ မတွေ့ရတဲ့ ဒီ 6 နှစ်မှာ ရစ် ရဲ့ အားက ပိုတိုးလာသည်ဘဲ၊၊ မြန်မာကို လူကိုယ်တိုင်မလာဖြစ်ဘဲ ဖုန်းနဲ့လောက်သာ အဆက်အသွယ်လုပ်သည်မို့ ရစ်က စိတ်ခုနေပုံလည်းရလိမ့်မည်၊၊
"အစ်ကို အဆင်ပြေရဲ့လားဗျ"
ရိုင်း၏ လက်မောင်းတစ်ဖက်ကို ကိုင်လျက်ဖြင့် ဒင်ပေါက်လေးက ဆွဲထူသည်၊၊ အဲ့ကလေးလည်း ဘာတွေများစားလည်းမသိ ထွားလာလိုက်တာများ တစ်ရှိန်ထိုး၊ အခုတောင် ရိုင်းကို ဆွဲထူမ သည်က သူ၏ လက်တစ်ဖက်ထဲနဲ့သာဖြစ်သည်၊၊ ဒီကလေး အားတွေ များ များလာပြီ
"မောင် ကလဲ အခုမှလာတဲ့ သူငယ်ချင်းကို အဲ့လိုလုပ်စရာလား"
"ရတယ် ခွန်းညီလွန်းရန် ၊ ငါတို့က ဒီလိုမျိုးတွေ လုပ်နေကြ "
မောင် လက်မောင်းကို အသာပုတ်ရင်း ရန်မှာ သတိပေးရသည်၊၊ မောင်ဟာလေ လုပ်လိုက်ရင် နည်းနည်းပါးပါး ညှာညှာတာတာမရှိ၊၊
"မင်းဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ"
"ငါနဲ့ ခဏ စားသောက်ဆိုင်တစ်ဆိုင်ကို လိုက်ခဲ့ မင်းကိုပြောစရာတွေရှိတယ်"
နှစ်ယောက်ထဲ သီးသန့်ပြောချင်နေပုံရတာမို့ ဗာရစ် လွန်းရန်ဘက်ကိုလှည့်လိုက်သည်၊၊ ကလေးတွေနဲ့ လွန်းရန်ကို အိမ်သို့အရင်ပြန်ခိုင်းရမည်၊၊ ထို့ကြောင့် ဗာရစ်လက်ထဲမှ ရှန်ရှန်ကို ဒင်ဒင်ဆိသို့လွဲပေးရင်း
"လွန်းရန် ကလေးတွေနဲ့အတူ အိမ်ပြန်နှင့်နော် မောင် ရိုင်းစက်မာန်နဲ့ စကားပြောပြီးတာနဲ့ ပြန်လာခဲ့မယ် "
"စောစောပြန်လာနော်မောင် ၊ ငါအိမ်မှာမောင်ကို မျှော်နေမယ်"
လှည့်ကြည့်လှည့်ကြည့်နဲ့ပင် လွန်းရန်က ကလေးတွေနဲ့အတူ ကားရပ်ထားရာနေရာသို့ ထွက်သွားတော့သည်၊၊ ထို့နောက် ရိုင်းစက်မာန်၏ ဦးဆောင်မှုဖြင့် လေယာဉ် ကွင်းဘေးက စားသောက်ဆိုင်တစ်ခုစီသို့ ဗာရစ် ရောက်လာခဲ့သည်၊၊ အရင်ကဆို ပြုံးပြုံးရွှင်ရွှင်နဲ့တတ်တတ်ကြွကြွရှိတတ်သည့် ရိုင်းစက်မာန်က ထူးထူးခြားခြား ငြိမ်သက်နေတော့ ဗာရစ် အတွက် အနည်းငယ်ထူးဆန်းမှုကို ဖြစ်စေသည်၊၊
ဗာရစ်တို့ စားသောက်ဆိုင်၏ ဂျောင်နည်းနည်းကပ်သော ဝိုင်း၌ နေရာယူပြီးထိုင်လိုက်ကြသည်၊၊ပြီးနောက် မနက်စာကို အဆင်ပြေသလိုသာ နှစ်ယောက်စာ မှာ လိုက်ပြီး ဗာရစ်အရှေ့ခုံမှာ ထိုင်နေသော ရိုင်းစက်မာန်ဆီမှ ထွက်လာမည့်စကားတွေကို နားထောင်ရန် စောင့်ဆိုင်းနေလိုက်သည်၊၊
စားပွဲထိုးလေး လာချပေးသော ရေခရားအိုးထဲမှ ရေကိုသာ ခဏခဏ ငှဲ့သောက်နေပြီး ရိုင်းစက်မာန်က တော်တော်နဲ့စကားမစ၊၊ ရေကို ခဏခဏသောက်နေပုံက မသိရင် အရက်ဘဲ လိမ့်သောက်နေသလိုလို ၊ ဒီကောင် ဘာစောက်ရူးထပြန်သည်မသိ
"မင်း ပြောစရှိတာ မြန်မြန်ပြော ၊ အိမ်မှာ လွန်းရန် စောင့်နေတယ် ငါမြန်မြန်ပြန်ရမယ်"
"ါးလိုးမသားရယ် လင်ဘဲ အဖြစ်သည်း နေတယ်"
စိတ်ညစ်ပြီး စိတ်ဓာတ် ကျနေသော ပုံစံပေါက်နေတာမို့ ရိုင်းစက်မာန်နဲ့ ဗာရစ်စကားပြိုင်လုမနေ၊၊ ဘာဖြစ်နေမှန်းလည်း ရေရေရာရာမသိရတာမို့ ဘယ်လိုများ ကူညီပေးရမလဲဆိုတာ ဗာရစ်မစဥ်းစားတတ်တော့
"ဟူးးးး ငါနဲ့ ဟန်နီလင်းနဲ့ ကွာရှင်းလိုက်ပြီး"
မယုံနိုင်သလို ကြည့်လာသော ရစ်ကို ရိုင်း ခေါင်းတစ်ချက်သာညိမ့်ပြမိသည်၊၊ ဒီကိစ္စက မယုံ လိုမရ အမှန်တကယ်ကို ဖြစ်သွားခဲ့ပြီးပြီး၊၊ ဟန်နီလင်းအပေါ်မှာ ရိုင်းစိတ်တွေ ကုန်နေခဲ့တာက နှစ်အနည်းငယ်ကြာနေခဲ့ပြီဖြစ်သည်၊၊ သားလေးမျက်နှာရှိနေလို့သာ သည်းခံပြီး ဆက်ပေါင်းသင်းနေခဲ့တာဖြစ်၏၊၊ သို့ပေမဲ့ အခုကတော်တော်လွန်လာပြီဖြစ်၍ သည်းမခံနိုင်တဲ့အဆုံး တစ်ဆုံးအစွန်ထိ ထွက်လာသောဒေါသတွေကြောင့် အိမ်ထောင်ရေးက ဆက်မတည်ငြိမ်တော့ဘဲ ကွဲပြဲသွားခဲ့သည်၊၊ ဟန်နီလင်းကလည်း ရိုင်း ကို ချစ်မနေမှန်းအစထဲကတော့ ရိပ်မိပါသည်၊၊
"ဘယ်လိုဖြစ်ကြတာလဲ"
"ဟန်နီလင်းက သူ ကုမ္ပဏီ မှာကွာ အတွင်းရေးမှူး မိန်းကလေးတွေ ခဏခဏပြောင်းတယ်၊ အစကတော့ ငါက သူအဆင်မပြေလို့ပြောင်းတယ်ဘဲထင်တာပေါ့၊၊ နောက်မှ သိလိုက်ရတာက အဲ့ အတွင်းရေးမှူး မိန်းကလေးတွေက သူရဲ့ one night stand တွေ ဖြစ်နေတာ"
"........"
"ငါနောက်ကွယ်ရာမှာ သူဘာတွေလုပ်နေလဲငါမသိဘူး၊၊ ငါမြင်ခဲ့တာက မိန်းကလေးတစ်ယောက်နဲ့ ကုတင်တစ်ခုထဲပေါ်မှာ ပွတ်သပ်ပြီး sex ဖြစ်နေတဲ့ ဟန်နီလင်းကို သုံးကြိမ်တိတိတောင် ငါမြင်ခဲ့တာ၊ အဲ့သုံးကြိမ်လုံး ငါဘာမှမပြောခဲ့သလို ထုတ်လဲမမေးခဲ့ဘူး၊၊ အခုလိုကွဲပြဲကြရင် ငယ်သေးတဲ့သားအတွက် စိတ်ဒဏ်ရာ ရမှာကို ငါစိုးရိမ်နေခဲ့လို့"
*
ရိုင်းစက်မာန်က ပြောနေရင်းနဲ့ မျက်ရည်တွေကျလာသည်၊၊ အပြန်အလှန် ချစ်ခြင်းမေတ္တာမရှိတဲ့ အိမ်ထောင်ရေးက အချိန်တစ်ခုရောက်ရင်တော့ ပြိုကွဲမှာက အသေအချာပင်၊၊ မိဘတွေ၏ ကွဲပြဲကြတဲ့ကိစ္စတွေမှာ သားသမီးတော်တော်များများက စိတ်ဒဏ်ရာများစွာနဲ့ ဓားစာခံ ဖြစ်ကြရသည်၊၊ ထို့ကြောင့် ဓာစားခံဖြစ်သွားသော ကလေးများက သေသည်အထိ စိတ်ဒဏ်ရာ ပါသွားတတ်သည်၊၊ နောက်ဆုံး လူကြီးတွေကိစ္စမှာ အထိနာဆုံးက ကလေးငယ်တွေသာဖြစ်ချေ၏၊၊
"လေးကြိမ်မြောက်က bar တစ်ခုမှ မိန်းကလေးတစ်ယောက်နဲ့ ပွတ်သပ်နမ်းရှိုက်နေတဲ့ ဟန်နီလင်းကိုငါ ထပ်တွေ့တော့ ငါမနေနိုင်ဘဲ ငါသတိပေးပြောခဲ့တယ်၊၊ ငါတို့နှစ်ယောက်ကြားမှာ ပြဿနာက အဲ့ကနေစတာ၊၊ နောက်ပြီး ရန်ဖြစ်တိုင်းလည်း ငါကို ဒင်ဒင်နဲ့ ခဏခဏ သမုတ် တယ်ကွာ၊ အဲ့ကလေးကို ငါအားနားလွန်းလို့ မျက်နှာတောင် တစ်ခါတစ်လေ တည့်တည့်မကြည့်ရဲဘူး "
"........"
"ငါတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးကို ဟန်နီလင်းဘက်က စချိုးဖောက်ခဲ့တာ ၊ ဒါပေမဲ့ အပြစ်အကုန်က ငါခေါင်းပေါ်ဘဲ ကျလာတယ်၊ သားကိုလည်း မိခင်က ခေါ်ထားပိုင်ခွင့်ပိုရှိတာမလို့ ငါထားခဲ့ရတယ် ၊ ဟန်နီလင်းတို့ မိသားစုကြားမှာ ငါသားကို ထားခဲ့ရတာ စိတ်မချဘူး၊ မကောင်းတဲ့ စိတ်ဓာတ်တွေအပြည့်နဲ့ ငါသားက ကြီးပြင်းလာမှာကို ငါတွေးတောင်မကြည့်ရဲဘူး"
နှစ်ယောက်လုံးက ဗာရစ် သူငယ်ချင်းတွေ ဖြစ်နေသည်မလို့ ဘယ်သူဘက်ကနေ ကာပြောပေးရမလဲ မသိ၊၊ ဒီကိစ္စမှာ အပြင်လူဖြစ်တဲ့ ဗာရစ်က ဝင်ရောက်ဆွဲဖတ်လို့ရသည်မဟုတ်၊၊ ကာယကံရှင် တွေကသာ ဖြေရှင်းနိုင်မည်၊၊ ရိုင်းစက်မာန်ကို နှစ်သိမ့်စကားပြောဖို့ကလည်း ဗာရစ် ဘယ်လို နှစ်သိမ့်စကားဆိုရမည်လဲမသိ၊၊ တစ်ခါမှလည်း ဘယ်သူကိုမှ မနှစ်သိမ့်ဖူးတာမို့ ဗာရစ် မသိတာက ဆန်းတော့ မဆန်းပေ၊၊
"မင်းအခုငိုနေတာက ဟန်နီလင်းနဲ့ ကွာရှင်းလို့လား ဒါမှမဟုတ်..."
"ဟန်နီလင်းကြောင့် မဟုတ်ဘူး၊ ငါသူကို စိတ်ကုန်နေတာ ကြာပြီ၊ အခုငါ ငိုနေရတဲ့အကြောင်းအရင်းက ငါသားကြောင့်ဘဲ ၊ ငါပြန်သွားခေါ်ချင်ပေမဲ့ အခြေအနေက မဖြစ်နိုင်တဲ့ဘက်ပိုများနေတယ်"
"မင်းသားကို ငါကူခေါ်ပေးမယ်လေ ၊အခု ငိုမနေနဲ့ "
ဗာရစ်စကားကို ရိုင်းစက်မာန်က ခေါင်းတခါခါနဲ့ငြင်းသည်၊၊
"ထားလိုက်ပါတော့ သားကို ငါပြန်ခေါ်လို့မရတော့ ဘူး နောက်ပြီး ငါပြန်ခေါ်လို့ရရင်တောင် သားက ငါနဲ့အတူနေမှာ မဟုတ်ဘူး၊ သားကငါကို အထင်လွဲနေတယ် "
ဗာရစ် ကိုယ်တိုင်လည်း ဖခင်နေရာမှာဘဲမို့ ဒီခံစားချက်ကို ကိုယ်ချင်းစာ လို့ရသည်၊၊ ကလေးနှစ်ယောက်နဲ့ ဗာရစ် ခဏခဏ စနောက်ပြီး စိတ်ဆိုးကြသော်လည်း 24 နာရီပြည့်အောင်လောက်တော့ စိတ်မဆိုးဖြစ်ပေ၊၊ အဲ့ထက်ပို ကြာသည်အထိလဲ သားနှစ်ယောက်ကို ဗာရစ် စိတ်မဆိုးနိုင်ပါ၊၊
"မင်း ရဲ့ သားနာမည်ဘယ်လိုခေါ်လဲ"
"ဂိုးစ်စဲလ် ဒက်ခရစ်ဇီးရိုး"
"ီး ရှည်တာ ၊ နာမည်ပေးတဲ့လူကလည်း စောက်ပိန်း"
ဗာရစ်စကားကြောင့် ရိုင်းစက်မာန်က ခပ်ဟဟ ရယ်၏၊၊ ပြီးနောက်
"အဲ့တာက Russia နာမည်လေ ၊ မြန်မာနာမည်ကိုတော့ မပေးရသေးဘူး၊ ဒါပေမဲ့ သူတို့ အခုချိန်လောက်ဆို နာမည် ပေးပြီးလောက်ပြီ ထင်တယ်"
"အဲ့တာတွေထားပါ ၊ မင်းအခုဒီမှာ ဘာဆက်လုပ်မှာလဲ ၊ မင်းမိဘတွေရှိတဲ့ Russia ကိုမပြန်တော့ဘူးလား"
"ငါဒီမှာ ဘဲ နေတော့မလို့ ၊ နောက်ပြီး ဆရာဝန်ပေါက်စ ဆီမှာ ကပ်စားရမယ် ဟဲဟဲ"
မျက်နှာပြန်၍ ရွှင်လန်းလာတဲ့ ရိုင်းစက်မာန်ကိုကြည့်ပြီး ဗာရစ် စိတ်သက်သာယာ အခုမှရတော့သည်၊၊ ဗာရစ် သူငယ်ချင်းအပေါ်ဂရုစိုက်မှုကို ထုတ်ပြောတာတွေ ထုတ်ပြတာတွေမလုပ်တတ်ပေမဲ့ ငယ်ပေါင်းဖော်မို့ ရိုင်းစက်မာန်အပေါ် တကယ်သံယောဇဥ်ရှိသည်၊၊ ဗာရစ် တတ်နိုင်သလောက် မြန်မာမှာ ရိုင်းစက်မာန် အခြေချဖို့အတွက် ကူညီပေးရမည်၊၊
"ကလေးကို လိုက်နှောင့်ယှက်မနေနဲ့ မင်းဘာသာ တစ်ခြား မှာ တိုက်ခန်းငှားနေ"
"မရပါဘူး ဒင်ပေါက်နဲ့ဘဲ ကပ်နေပြီး သူဆီဘဲ ကပ်စားမယ် ၊ မင်းဆီ ီးတောင် လာမစားဘူး"
"ဘယ်သူကမင်းကိုကျွေးမယ်ပြာလို့လဲ စောက်ရူး!"
အခုမှပင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဗာရစ် တို့နှစ်ယောက် လွတ်လွတ်လပ်လပ်ရယ်မောနိုင်တော့သည်၊၊ စိတ်ထဲတင်းခံထားသမျှကိစ္စကို တစ်စုံတစ်ယောက် ဆီမှာ ရင်ဖွင့်ပြောပြလ်ုက်လျှင် နေသာထိုင်သာ ရှိတတ်သည်ဆိုသည့်အတိုင်း အခုလည်း ရိုင်းစက်မာန်က ဗာရစ်ကို သူအကြောင်းအကုန်ပြောပြပြီးနောက် ပေါ့ ပါးသွားဟန်ရှိ၏၊၊
စာသောက်ဆိုင်၌ ဗာရစ်နဲ့ ရိုင်းစက်မာန် အတော်အတန် ကြာသည်အထိ စကားပြောဖြစ်ကြပြီး မနက်စာ စားဖြစ်ကြသည်၊၊ ပြီးနောက် ရစ်အိမ်တော်သို့ နေ့လယ်လောက်မှသာ နှစ်ယောက်သား ပြန်လာခဲ့ကြသည်၊၊
°°°°°°°°°°°°°°°°
ရိုင်းစက်မာန်နဲ့ ဟန်နီလင်းတို့ရဲ့ ဇာတ်ကွက်ကို Rick season 2 မှာ မှ ပိုရှင်းပြပါ့မယ်ဗျ၊နောက်ပြီး ဒင်ဒင်တို့ကို ရွက်လွင့်နေတဲ့ စာဖတ်သူတွေက နောက် Rick season 2 မှာမှ လွင့်နိုင်မှာပါ spoiler ပေးတာပါ><