ပင္လယ္ဖ်ံေလးရဲ႕ ေဒါက္တာ

By Zhang-Nerio-Thwe

4.6K 472 89

Chanbeak More

Ep......1
Ep.....2
Ep........3
Ep....4
Ep...5
Ep.....6
Ep....7
Ep...8
Ep....9
Ep.....10
Ep....11
Ep...12
Ep....13
Ep...14
Ep...15
Ep...16
Ep.....17
Ep.....19
Ep.....20
Ep....21
Ep....22
Ep...23
Ep....24
Ep....25
Ep.....26
Ep....27
Ep....28
Ep....29
Ep....30
Ep...31
Ep....32
Ep..33
Ep....34
Ep....35
Final
Bye Bye

Ep.....18

116 12 4
By Zhang-Nerio-Thwe

Unicode

Chanyeolတို့ နေ့လည် ၂နာရီမှ နေ့လည်စာ စားရသည်။
ပထမဆုံး ရွာမှာ ဖွင့်တဲ့ ဆေးခန်းမို့ လူကလဲ များလှသည်။
နောက်ကျရင်တော့ ပုံမှန်ဖြစ်သွားမှာပါ။

"Beak ပင်ပန်းနေပြီလား"

သူ့နှင့်အတူ တစ်မနက်လုံး အလုပ်လုပ်နေသည့် Beakကို သူလှမ်းမေးလိုက်သည်။

"မပင်ပန်းပါဘူး ပျော်တောင် ပျော်သေးတယ်......ဆရာဝန်မဟုတ်ပါဘဲ ဒီအတိုင်းလေး လူနာတွေကို ဂရုစိုက်ရနဲ့တင် ပျော်ဖို့ကောင်းနေပြီ.....ဆရာဝန်တွေပြောတဲ့ ပီတီကို စားတယ် ဆိုတာ ဒါမျိုးဖြစ်မယ်နော်"

"ဟုတ်တာပေါ့ Beakရဲ့ ကိုယ်ဆရာဝန်ဖြစ်ချင်ခဲ့တာလဲ ဒီအချက်ကြောင့်ဘဲ......နာမည်ကြီး ဆေးရုံတွေမှာ အလုပ်လုပ်ရတာထက် တစ်ကယ်လိုအပ်နေတဲ့ နေရာတွေမှာ ကိုယ်က ဆရာဝန်လုပ်ချင်တာ......ကိုယ်ကုသပေးလိုက်လို့ ကောင်းသွားတဲ့ လူနာတွေ ကျန်းမာသွားတဲ့ လူနာတွေကို တွေ့ရင် သိပ်ကို ပျော်ရွင်ရတယ်"

Beak ပြုံးပြီး ကြည့်နေမိသည်။Chanyeolက ဆရာဝန် ကုတ် အဖြူလေးနဲ့သိပ်လိုက်ဖက်သည်။စိတ်ထားကလဲ ကောင်းလိုက်တာ....ဒီလိုလူကိုမှ သူက စစတွေ့ခြင်း လူဆိုးလို့ ထင်မိသေးတယ်.....ရယ်တော့ ရယ်ရသား

"ကိုယ့်ကို ဘာတွေ ပြုံးကြည့်နေတာလဲ Beak"

"မဟုတ်ပါဘူး Chanyeolရဲ့ စိတ်ထားလေး သဘောကျလို့"

"စိတ်ထားဘဲလား လူရော"

"လူကတော့ တော်ပါပြီ  စဉ်းစားအုံးမယ် စားတော့ ထမင်းကို"

ရှက်ရှက်နဲ့ ခေါင်းငုတ်ကာ ထမင်းစားနေတဲ့ Beakရဲ့ ဆံပင်လေးကို Chanyeol အသာလေး ဖွလိုက်သည်။
မင်းရှိရင် ရပြီ........

နေ့လည်စာ စားပြီးတာနဲ့ လူနာတွေ ထပ်ရောက်လာသည်။
ရွာသူကြီးကလဲ အစစ အရာရာ ကူညီပေးသည်။
ရွာက လူတွေကလဲ သူ့ကို ကျေးဇူးတင်ကြောင်း တဖွဖွပြောသည်။

"Kai မင်းက ဘာဖြစ်တာလဲ"

လူနာတွေထဲ Kaiပါလာတာမို့ Chanyeol အံသြသွားသည်။ကျန်းမာသွက်လက်နေတဲ့ လူငယ်တစ်ယောက်က ဘာဖြစ်လို့ပါလိမ့်။Beakကို လှမ်းကြည့်တော့  မဲ့ပြသည်။

"ဘာဖြစ်ရမှာလဲ နှလုံးသားလေး နာကျင်နေတာပေါ့"

"ဟ"

"ကုပေး အဲ့ရောဂါ မင်းမကုနိုင်ရင် မင်းသူငယ်ချင်းဆီ လွှဲပေး
အ့"

ထိုအချိန်မှာပင် Beakက ဆေးတွေ ထည့်တဲ့ ဗန်းအလွတ်နဲ့ Kaiရဲ့ ခေါင်းကို ခေါက်ချလိုက်သည်။

"အပျော်တမ်း ကစားနေတာမဟုတ်ဘူး ဆေးကုနေတာ နောက်မှာ လူနာတွေရှိတယ် "

"ရားးးးနာတယ်ကွ အားတုန်းလေး ခဏလာတာကို ဗန်းနဲ့ခေါက်ရလား"

"အခေါက်မခံချင်ရင် စောက်ခွက်မပြောင်နဲ့လေ "

"မပြောင်ပါဘူး Chanyeol ငါ့ကို မင်းသူငယ်ချင်းဆီ လွှဲပေးပါ ငါရောဂါ ကျွမ်းနေပြီလို့ ပြောပေး"

"သေပြီလို့ ပြောပေးမယ်"

Chanyeolအစား Beakက ဖြေပြီး kaiကိုကုတင်ပေါ်က ဆွဲချလိုက်သည်။

"ကိုယ်ချင်းစာစိတ်မရှိတဲ့ကောင် .... မင်း တွေ့မယ်"

Kaiက စိတ်ဆိုးပြီး ပြန်သွားသည်။ရန်ဖြစ်ကြသည့် နှစ်ယောက်ကို ကြည့်ရင်း Chanyeol ဘာမှတောင် ဝင်ပြောချိန် မရလိုက်ပေ။တကယ် တကယ် မတည့်အတူနေဆိုတာ Beakနဲ့ Kaiဘဲ........

ခုန Kaiကို ဆက်ဆံတဲ့ ပုံစံနဲ့ ကွဲပြားစွာ တခြားလူနာတွေပေါ် ချိုသာလွန်းနေတဲ့ သူ့ချစ်ရသူကို ကြည့်ပြီး Chanyeolပြုံးမိပြန်သည်။အော်.....ငါ့ရောဂါလဲ အတော်ကျွမ်းနေပြီဘဲ

"ဒီနေ့ တစ်နေ့ကုန် ကူညီပေးလို့ ကျေးဇူးပါBeak"

"ရပါတယ် မနက်မှ အဖွားကို ခေါ်ခဲ့တော့မယ် ဒီနေ့ လူများလို့ မလာခိုင်းလိုက်တာ"

"ဟုတ်ပါပြီ သေချာပြန်နော် ကိုယ်လိုက်ပို့ရအုံးမလား"

"ငါက ကလေးလား ရတယ်...ငါ့ဘာသာ ပြန်မယ်....ဒါငါ့ရွာပါ"

"ဟုတ်ပါပြီ ကောင်းကောင်းအနားယူနော်"

Beak အိမ်ပြန်လမ်း တစ်လျှောက်လုံး အပြုံးတွေ ဝေဆာနေသလို လမ်းတစ်လမ်းလုံးကလဲ ပန်းရောင်ဖြစ်နေသည်။
အိမ်ရောက် အဖွားလက်ရာ ထမင်း ဝိုင်း ပူပူလေးက စောင့်မျှော်နေသည့်မို့ ရေအမြန်ချိုးလိုက်သည်။

ထမင်းစားရင်း အဖွားရဲ့ ချီးကျူးခန်းက စလာသည်။

"လူချောလေး...အယ် ဆရဝန်လေးက သိပ်တော်တာဘဲ
ရုပ်လေးကလဲ ချော ....သဘောလေးကလဲ ကောင်း....ကြင်လဲ ကြင်နာတတ် ....အိုကွယ်...အပြစ်ရယ်ကိုမရှိတာ"

"အဖွားလဲ တစ်နေ့တစ်နေ့ ချီးကျူးတဲ့စကားတွေ မထပ်သွားဘူးနော်"

"အမလေး အခု ငါတင်မဟုတ်ဘူး တစ်ရွာလုံးက ဆရာဝန်လေးကို ချီးကျူးနေတာ"

အဖွားစကားကြောင့် Beak ပီတိဖြာသွားသည်။ကိုယ်ချစ်တဲ့လူကို လူတိုင်းက ချီးကျူးတာ မပျော်ဘဲ နေပါ့မလား....

အယ်.....ကိုယ်ချစ်ရသူကို Chanyeolကို ရည်ညွှန်းမိသွားတာလား.....

"အို....ဒါနဲ့ ဝူကုန်သည်အိမ်ကလေ သူ့သမီးနဲ့ Chanyeolလေးနဲ့ဆို သိပ်လိုက်ဖက်မှာဆိုဘဲ"

Beak စိတ်ထဲ ထောင်းကနဲ ဖြစ်သွားသည်။

"ဘယ်နားက လိုက်ဖက်တာလဲ သူ့သမီးကဖြင့် အိုနေပြီကို"

"အဲ့တာပြောတာပေါ့ နှုတ်ခမ်းနီကလဲ ဆိုးထားတဲ့ ပုံကိုလဲ ကြည့်အုံး မျောက်ဖင်နီလိုဘဲ အဝတ်အစားဝတ်တာကလဲ ကို့ရို့ကားယားနဲ့ပါ "

"အဲ့တာပြောတာပေါ့ အဲ့ဝူကုန်သည်တွေကလေ အရမ်းဘဝမြင့်တာဘဲ "

"ဟုတ်ပါ့ သူ့သမီးက ဒီရွာမှာ အလှဆုံးတဲ့လေ အော့"

အဖွားနဲ့ သူများသမီးပျိုလေးကို ဘူလီပြီးနဲ့နောက်မှာ ထမင်းပါ စားမဝင်တော့ပေ။ရွာကလူတွေကလဲ ချောချောလေး မြင်တာနဲ့ ပေးစားချင်နေကြတယ်။

"ဒါပင်မယ့်လဲ ဆရာဝန်လေးလို လူမျိုးကိုတော့ ငါမှာ မြေးရှိလဲ ငါပေးစားချင်မှာဘဲ"

"သားက အဖွားမြေး မဟုတ်ဘူးလား"

Beakhyun လွှတ်ကနဲ ထွက်သွားတဲ့ စကားကြောင့် အဖွားက ကြောင်ကြည့်နေသည်။Beakလဲ မသိချင်ယောင် ပြန်ဆောင်ကာ စားလို့မဝင်တဲ့ ထမင်းကို ထိုးထည့်လိုက်သည်။

"ငါပေးစားတော့ရော နင်က ယူမှာလား "

"ဟာ....အဖွားကလဲ ထမင်းစားတော့"

"ဟွန့်"

အဖွားဆက်မပြောတော့မှ Beakhyun သက်ပြင်းခိုးချလိုက်သည်။

Beakhyunရယ် မင်းလဲ Kaiလို ဆေးမမှီတော့ဘူး

~~~~~~~~~~
Kaiတစ်ယောက်ကတော့ နှာတွေ ချေနေသည်။

"ဘယ်သူများ ငါ့အတင်းပြောနေပါလိမ့် အယ်....ဒါမှမဟုတ်
တစုံတဒိုလေးကများ ငါ့လွမ်းနေလား မသိဘူး ဟီးးးးဖုန်းဆက်အုံးမယ်"

'လူကြီးမင်း ဆက်သွယ်နေသော ဖုန်းနံပါတ်မှာ လက်တလောတွင် မဖြေကြားနိုင်သေးပါသဖြင့် ခေတ္တာ စောင့်ဆိုင်းပြီးမှ ပြန်လည်ခေါ်ဆိုပါရှင်'

ဖုန်းခေါ်လိုက်တိုင်း ဒီမိန်းမ အသံဘဲ ကြားနေရတာမို့ Kaiဒေါသထွက်လာသည်။မျက်နှာတောင် မသိတဲ့ ဒီမိန်းမကို မုန်းလာသည်။

သူ Kyungsooဆီ ဖုန်းနေ့တိုင်း ဆက်သည်။
သူဆက်တိုင်းလဲ မကိုင်ပေ။
ကမ်းခြေလာတဲ့ အလန်းလေွးေတောင် မငမ်းနိုင်လောက်အောင် Kyungsooက သူ့ကို ပြုစားနေသည်။

~~~~~~~~~~
ခုံပေါ်မှာ မြည်နေတဲ့ ဖုန်းကို ကြည့်ပြီး ဖုန်းသံရပ်သွားမှ ယူလိုက်သည်။

နေ့တိုင်း ခေါ်ဆိုမှု အဝင်callများက အနီတွေချည်းပင်။
အားအားယားယားကို ခေါ်နေတော့တာဘဲ လောရှည်ကောင်...

ဒါပင်မယ့်လဲ ဖုန်းသာမကိုင်တာ ဖုန်းအလာကိုတော့ သူစောင့်နေမိတတ်သည်။ဖုန်းမလာရင်တောင် တစ်ခုခုများ ဖြစ်နေလို့လားဆိုပြီး စိတ်ပူနေမိပြန်ရော ....

ဖုန်းလာရင် ကိုင်မယ်လို့ တွေးထားမိပင်မယ့် တစ်ကယ်လာရင်
ကြောင်သာကြည့်နေမိသည်။

Chanyeolဆီ သူလဲ တရက်လောက်တော့ သွားရမယ်
ပြီးတော့ တစုံတယောက်ဆီ....

~~~~~~~~~~~~~~~~~~~~
အဆင်ပြေကြရဲ့လားကွယ်
ပေါ့နေရင် ပြောနော်
Fbလေးတွေရရင် ပျော်မိမှာဘဲ😞

______________________________________
Zawgyi

Chanyeolတို႔ ေန႔လည္ ၂နာရီမွ ေန႔လည္စာ စားရသည္။
ပထမဆံုး ႐ြာမွာ ဖြင့္တဲ့ ေဆးခန္းမို႔ လူကလဲ မ်ားလွသည္။
ေနာက္က်ရင္ေတာ့ ပံုမွန္ျဖစ္သြားမွာပါ။

"Beak ပင္ပန္းေနၿပီလား"

သူ႔နွင့္အတူ တစ္မနက္လံုး အလုပ္လုပ္ေနသည့္ Beakကို သူလွမ္းေမးလိုက္သည္။

"မပင္ပန္းပါဘူး ေပ်ာ္ေတာင္ ေပ်ာ္ေသးတယ္......ဆရာဝန္မဟုတ္ပါဘဲ ဒီအတိုင္းေလး လူနာေတြကို ဂရုစိုက္ရနဲ႔တင္ ေပ်ာ္ဖို႔ေကာင္းေနၿပီ.....ဆရာဝန္ေတြေျပာတဲ့ ပီတီကို စားတယ္ ဆိုတာ ဒါမ်ိဳးျဖစ္မယ္ေနာ္"

"ဟုတ္တာေပါ့ Beakရဲ႕ ကိုယ္ဆရာဝန္ျဖစ္ခ်င္ခဲ့တာလဲ ဒီအခ်က္ေၾကာင့္ဘဲ......နာမည္ႀကီး ေဆးရုံေတြမွာ အလုပ္လုပ္ရတာထက္ တစ္ကယ္လိုအပ္ေနတဲ့ ေနရာေတြမွာ ကိုယ္က ဆရာဝန္လုပ္ခ်င္တာ......ကိုယ္ကုသေပးလိုက္လို႔ ေကာင္းသြားတဲ့ လူနာေတြ က်န္းမာသြားတဲ့ လူနာေတြကို ေတြ႕ရင္ သိပ္ကို ေပ်ာ္႐ြင္ရတယ္"

Beak ၿပံဳးၿပီး ၾကည့္ေနမိသည္။Chanyeolက ဆရာဝန္ ကုတ္ အျဖဴေလးနဲ႔သိပ္လိုက္ဖက္သည္။စိတ္ထားကလဲ ေကာင္းလိုက္တာ....ဒီလိုလူကိုမွ သူက စစေတြ႕ျခင္း လူဆိုးလို႔ ထင္မိေသးတယ္.....ရယ္ေတာ့ ရယ္ရသား

"ကိုယ့္ကို ဘာေတြ ၿပံဳးၾကည့္ေနတာလဲ Beak"

"မဟုတ္ပါဘူး Chanyeolရဲ႕ စိတ္ထားေလး သေဘာက်လို႔"

"စိတ္ထားဘဲလား လူေရာ"

"လူကေတာ့ ေတာ္ပါၿပီ  စဥ္းစားအံုးမယ္ စားေတာ့ ထမင္းကို"

ရွက္ရွက္နဲ႔ ေခါင္းငုတ္ကာ ထမင္းစားေနတဲ့ Beakရဲ႕ ဆံပင္ေလးကို Chanyeol အသာေလး ဖြလိုက္သည္။
မင္းရွိရင္ ရၿပီ........

ေန႔လည္စာ စားၿပီးတာနဲ႔ လူနာေတြ ထပ္ေရာက္လာသည္။
႐ြာသူႀကီးကလဲ အစစ အရာရာ ကူညီေပးသည္။
႐ြာက လူေတြကလဲ သူ႔ကို ေက်းဇူးတင္ေၾကာင္း တဖြဖြြေျပာသည္။

"Kai မင္းက ဘာျဖစ္တာလဲ"

လူနာေတြထဲ Kaiပါလာတာမို႔ Chanyeol အံၾသသြားသည္။က်န္းမာသြက္လက္ေနတဲ့ လူငယ္တစ္ေယာက္က ဘာျဖစ္လို႔ပါလိမ့္။Beakကို လွမ္းၾကည့္ေတာ့  မဲ့ျပသည္။

"ဘာျဖစ္ရမွာလဲ နွလံုးသားေလး နာက်င္ေနတာေပါ့"

"ဟ"

"ကုေပး အဲ့ေရာဂါ မင္းမကုနိုင္ရင္ မင္းသူငယ္ခ်င္းဆီ လႊဲေပး
အ့"

ထိုအခ်ိန္မွာပင္ Beakက ေဆးေတြ ထည့္တဲ့ ဗန္းအလြတ္နဲ႔ Kaiရဲ႕ ေခါင္းကို ေခါက္ခ်လိုက္သည္။

"အေပ်ာ္တမ္း ကစားေနတာမဟုတ္ဘူး ေဆးကုေနတာ ေနာက္မွာ လူနာေတြရွိတယ္ "

"ရားးးးနာတယ္ကြ အားတုန္းေလး ခဏလာတာကို ဗန္းနဲ႔ေခါက္ရလား"

"အေခါက္မခံခ်င္ရင္ ေစာက္ခြက္မေျပာင္နဲ႔ေလ "

"မေျပာင္ပါဘူး Chanyeol ငါ့ကို မင္းသူငယ္ခ်င္းဆီ လႊဲေပးပါ ငါေရာဂါ ကြၽမ္းေနၿပီလို႔ ေျပာေပး"

"ေသၿပီလို႔ ေျပာေပးမယ္"

Chanyeolအစား Beakက ေျဖၿပီး kaiကိုကုတင္ေပၚက ဆြဲခ်လိုက္သည္။

"ကိုယ္ခ်င္းစာစိတ္မရွိတဲ့ေကာင္ .... မင္း ေတြ႕မယ္"

Kaiက စိတ္ဆိုးၿပီး ျပန္သြားသည္။ရန္ျဖစ္ၾကသည့္ နွစ္ေယာက္ကို ၾကည့္ရင္း Chanyeol ဘာမွေတာင္ ဝင္ေျပာခ်ိန္ မရလိုက္ေပ။တကယ္ တကယ္ မတည့္အတူေနဆိုတာ Beakနဲ႔ Kaiဘဲ........

ခုန Kaiကို ဆက္ဆံတဲ့ ပံုစံနဲ႔ ကြဲျပားစြာ တျခားလူနာေတြေပၚ ခ်ိဳသာလြန္းေနတဲ့ သူ႔ခ်စ္ရသူကို ၾကည့္ၿပီး Chanyeolၿပံဳးမိျပန္သည္။ေအာ္.....ငါ့ေရာဂါလဲ အေတာ္ကြၽမ္းေနၿပီဘဲ

"ဒီေန႔ တစ္ေန႔ကုန္ ကူညီေပးလို႔ ေက်းဇူးပါBeak"

"ရပါတယ္ မနက္မွ အဖြားကို ေခၚခဲ့ေတာ့မယ္ ဒီေန႔ လူမ်ားလို႔ မလာခိုင္းလိုက္တာ"

"ဟုတ္ပါၿပီ ေသခ်ာျပန္ေနာ္ ကိုယ္လိုက္ပို႔ရအံုးမလား"

"ငါက ကေလးလား ရတယ္...ငါ့ဘာသာ ျပန္မယ္....ဒါငါ့႐ြာပါ"

"ဟုတ္ပါၿပီ ေကာင္းေကာင္းအနားယူေနာ္"

Beak အိမ္ျပန္လမ္း တစ္ေလ်ွာက္လံုး အၿပံဳးေတြ ေဝဆာေနသလို လမ္းတစ္လမ္းလံုးကလဲ ပန္းေရာင္ျဖစ္ေနသည္။
အိမ္ေရာက္ အဖြားလက္ရာ ထမင္း ဝိုင္း ပူပူေလးက ေစာင့္ေမ်ွာ္ေနသည့္မို႔ ေရအျမန္ခ်ိဳးလိုက္သည္။

ထမင္းစားရင္း အဖြားရဲ႕ ခ်ီးက်ဴးခန္းက စလာသည္။

"လူေခ်ာေလး...အယ္ ဆရဝန္ေလးက သိပ္ေတာ္တာဘဲ
ရုပ္ေလးကလဲ ေခ်ာ ....သေဘာေလးကလဲ ေကာင္း....ၾကင္လဲ ၾကင္နာတတ္ ....အိုကြယ္...အျပစ္ရယ္ကိုမရွိတာ"

"အဖြားလဲ တစ္ေန႔တစ္ေန႔ ခ်ီးက်ဴးတဲ့စကားေတြ မထပ္သြားဘူးေနာ္"

"အမေလး အခု ငါတင္မဟုတ္ဘူး တစ္႐ြာလံုးက ဆရာဝန္ေလးကို ခ်ီးက်ဴးေနတာ"

အဖြားစကားေၾကာင့္ Beak ပီတိျဖာသြားသည္။ကိုယ္ခ်စ္တဲ့လူကို လူတိုင္းက ခ်ီးက်ဴးတာ မေပ်ာ္ဘဲ ေနပါ့မလား....

အယ္.....ကိုယ္ခ်စ္ရသူကို Chanyeolကို ရည္ၫႊန္းမိသြားတာလား.....

"အို....ဒါနဲ႔ ဝူကုန္သည္အိမ္ကေလ သူ႔သမီးနဲ႔ Chanyeolေလးနဲ႔ဆို သိပ္လိုက္ဖက္မွာဆိုဘဲ"

Beak စိတ္ထဲ ေထာင္းကနဲ ျဖစ္သြားသည္။

"ဘယ္နားက လိုက္ဖက္တာလဲ သူ႔သမီးကျဖင့္ အိုေနၿပီကို"

"အဲ့တာေျပာတာေပါ့ နႈတ္ခမ္းနီကလဲ ဆိုးထားတဲ့ ပံုကိုလဲ ၾကည့္အံုး ေမ်ာက္ဖင္နီလိုဘဲ အဝတ္အစားဝတ္တာကလဲ ကို႔ရုိ႔ကားယားနဲ႔ပါ "

"အဲ့တာေျပာတာေပါ့ အဲ့ဝူကုန္သည္ေတြကေလ အရမ္းဘဝျမင့္တာဘဲ "

"ဟုတ္ပါ့ သူ႔သမီးက ဒီ႐ြာမွာ အလွဆံုးတဲ့ေလ ေအာ့"

အဖြားနဲ႔ သူမ်ားသမီးပ်ိဳေလးကို ဘူလီၿပီးနဲ႔ေနာက္မွာ ထမင္းပါ စားမဝင္ေတာ့ေပ။႐ြာကလူေတြကလဲ ေခ်ာေခ်ာေလး ျမင္တာနဲ႔ ေပးစားခ်င္ေနၾကတယ္။

"ဒါပင္မယ့္လဲ ဆရာဝန္ေလးလို လူမ်ိဳးကိုေတာ့ ငါမွာ ေျမးရွိလဲ ငါေပးစားခ်င္မွာဘဲ"

"သားက အဖြားေျမး မဟုတ္ဘူးလား"

Beakhyun လႊတ္ကနဲ ထြက္သြားတဲ့ စကားေၾကာင့္ အဖြားက ေၾကာင္ၾကည့္ေနသည္။Beakလဲ မသိခ်င္ေယာင္ ျပန္ေဆာင္ကာ စားလို႔မဝင္တဲ့ ထမင္းကို ထိုးထည့္လိုက္သည္။

"ငါေပးစားေတာ့ေရာ နင္က ယူမွာလား "

"ဟာ....အဖြားကလဲ ထမင္းစားေတာ့"

"ဟြန္႔"

အဖြားဆက္မေျပာေတာ့မွ Beakhyun သက္ျပင္းခိုးခ်လိုက္သည္။

Beakhyunရယ္ မင္းလဲ Kaiလို ေဆးမမွီေတာ့ဘူး

~~~~~~~~~~
Kaiတစ္ေယာက္ကေတာ့ နွာေတြ ေခ်ေနသည္။

"ဘယ္သူမ်ား ငါ့အတင္းေျပာေနပါလိမ့္ အယ္....ဒါမွမဟုတ္
တစံုတဒိုေလးကမ်ား ငါ့လြမ္းေနလား မသိဘူး ဟီးးးးဖုန္းဆက္အံုးမယ္"

'လူႀကီးမင္း ဆက္သြယ္ေနေသာ ဖုန္းနံပါတ္မွာ လက္တေလာတြင္ မေျဖၾကားနိုင္ေသးပါသျဖင့္ ေခတၲာ ေစာင့္ဆိုင္းၿပီးမွ ျပန္လည္ေခၚဆိုပါရွင္'

ဖုန္းေခၚလိုက္တိုင္း ဒီမိန္းမ အသံဘဲ ၾကားေနရတာမို႔ Kaiေဒါသထြက္လာသည္။မ်က္နွာေတာင္ မသိတဲ့ ဒီမိန္းမကို မုန္းလာသည္။

သူ Kyungsooဆီ ဖုန္းေန႔တိုင္း ဆက္သည္။
သူဆက္တိုင္းလဲ မကိုင္ေပ။
ကမ္းေျခလာတဲ့ အလန္းေလးေြေတာင္ မငမ္းနိုင္ေလာက္ေအာင္ Kyungsooက သူ႔ကို ျပဳစားေနသည္။

~~~~~~~~~~
ခံုေပၚမွာ ျမည္ေနတဲ့ ဖုန္းကို ၾကည့္ၿပီး ဖုန္းသံရပ္သြားမွ ယူလိုက္သည္။

ေန႔တိုင္း ေခၚဆိုမႈ အဝင္callမ်ားက အနီေတြခ်ည္းပင္။
အားအားယားယားကို ေခၚေနေတာ့တာဘဲ ေလာရွည္ေကာင္...

ဒါပင္မယ့္လဲ ဖုန္းသာမကိုင္တာ ဖုန္းအလာကိုေတာ့ သူေစာင့္ေနမိတတ္သည္။ဖုန္းမလာရင္ေတာင္ တစ္ခုခုမ်ား ျဖစ္ေနလို႔လားဆိုၿပီး စိတ္ပူေနမိျပန္ေရာ ....

ဖုန္းလာရင္ ကိုင္မယ္လို႔ ေတြးထားမိပင္မယ့္ တစ္ကယ္လာရင္
ေၾကာင္သာၾကည့္ေနမိသည္။

Chanyeolဆီ သူလဲ တရက္ေလာက္ေတာ့ သြားရမယ္
ၿပီးေတာ့ တစံုတေယာက္ဆီ....

~~~~~~~~~~~~~~~~~~~~
အဆင္ေျပၾကရဲ႕လားကြယ္
ေပါ့ေနရင္ ေျပာေနာ္
Fbေလးေတြရရင္ ေပ်ာ္မိမွာဘဲ😞

Continue Reading

You'll Also Like

142K 2.9K 44
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
898K 55.1K 119
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
500K 14.4K 106
"aren't we just terrified?" 9-1-1 and criminal minds crossover 9-1-1 season 2- criminal minds season 4- evan buckley x fem!oc
1.2M 52.3K 98
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC