ခင် ဒီတစ်လော တင့်ထင်နဲ့ တစ်ပူးပူးတစ်တွဲတွဲဖြစ်လာသည် မနက်စာကိုလည်း အိမ်မှာ မစားဖြစ်တာများလာတော့ မေမေ ကမေးလာပြီဖြစ်သည် ခင် ကလည်း အပြင်မှာစားဖြစ်လို့လို့ဖြေပေမဲ့ မေမေ မျက်လုံးတွေက ခင့်ကို သံသရအပြည့်နှင့်ပင်၊
ဒီနေ့တော့ အိမ်မှာပဲ မနက်စာစားလိုက်ပြီး နည်းနည်းနောက်ကျမှ စက်ရုံကို ဦးတည်ထွက်လာခဲ့လိုက်တော့သည်၊
ခင် တို့အိမ်နားအကွေ့ မုန့်ဆိုင်လေးရောက်တော့ တင့်ထင် က စက်ဘီးလေးကိုဒေါက်ထားပြီး ထိုင်ခုံလေးတွင်ခေါင်းငိုက်စိုက်ကလေးထိုင်နေသည်ကိုတွေ့လိုက်ရသည်၊
'တင့်ထင်..'
'အော်..ခင်ဗျားလာပြီ...လာလေ...'
'အကြာကြီးရှိပြီလားစောင့်နေတာ...'
'မကြာတေးပါဘူး..တက်...သွားမယ်..'
တင့်ထင်က ခင့်ကိုတွေ့သည်နှင့် ထိုင်ရက ထလာကာ စက်ဘီးလေးကို ခင့် ဘေးနားတွန်းလာသည်၊ ခင် စက်ဘီးပေါ်မတက်ပဲ လမ်းသာလျှောက်သွားလိုက်တော့ တင့်ထင်ကအနောက်ကနေ စက်ဘီးလေးတွန်းပြီးလိုက်လာသည်၊
'အင်း..ဒီနေ့တော့ လမ်းလျှောက်ပဲသွားရအောင်လေ..'
'ဘာလို့တုန်း...'
'တင့်ထင် ..ဒီနေ့ ဆန်စက်ရုံမသွားပဲ ကန်ထဲသွားရအောင်လေ..'
'ဟမ်...'
ခင် က လမ်းကိုသာလျှောက်နေပြီးတင့်ထင် ကိုလှည့်မကြည့်ပဲပြောလိုက်သည်၊တတယ်လဲ ခင် ဒီနေ့ စက်ရုံမသွားချင်၊ခင်က မသွားလည်းရပေမဲ့ တင့်ထင်က ကျ အဆင်မပြေဘူးမို့လား။
'ရှင်..အဆင်မပြေရင် ကျွန်မ ဟာကျွန်မသွားလို့ရတယ်..'
'ခင်ဗျားတစ်ယောက်ထဲ ဘယ်ဖြစ်မတုန်း...ကျုပ်ကောလိုက်မှာပေါ့..'
'အင်း..အလုပ်ကကော..'
'အဆင်ပြေတယ်...လာ..တက်..'
ခင် တင့်ထင်က စက်ဘီးနောက်ခုံကို လက်နှင့်ပုတ်ပြပြီးပြောလာတော့ ခင် စက်ဘီးပေါ်တက်လိုက်သည်၊ တစ်လမ်းလုံး အရင်နေ့တွေလိုတော့ စကားတွေမပြောဖြစ်တော့ပေ၊စက်ဘီးလေးကနန္ဒာလမ်းမကြီးကနေ မီးသတ်ရုံ အရှေ့လေးကိုဖြတ်ပြီး မြရည်နန္ဒာကန် ဆိုသည့် ဆိုင်းဘုတ်လေးဘေးတွင် တင့်ထင်စက်ဘီးလေးရပ်လိုက်သည်၊ ခင် က အရှေ့ကဦးစွာ အတွင်းထဲဝင်သွားလိုက်တော့သည် ၊တင့်ထင်က နောက်ကနေ လက်လေးပစ်ကာလိုက်လာသည်၊ ခြံကြီးအကျယ်ကြီးထဲမှာ ပန်းပင်မျိုးစုံနဲ့ အပင်ကြီးတွေဖြင့်အုပ်ဆိုင်းနေတဲ့ ကန်ကြီးကို လှမ်းကြည့်လိုက်သည်၊ ကန် ရဲ့ အဝင်ဝ ကို မဝင်ခင် လွမ်းစေတီ ကျောက်တိုင်လေးကိုတွေ့လိုက်တော့ ခင် ငုတ်တုတ်ကလေးထိုင်ကာ စာတွေကို ဖတ်ကြည့်ဖြစ်တေးသည်၊ ငယ်ငယ်ကရောက်တိုင်းဒီစာတွေကိုဖတ်ရပေမဲ့ အခုထိမရိုးနိုင်တေးပင်၊ တင့်ထင်က ခင့် ရဲ့ ခပ်လှမ်းလှမ်းကနေသာရပ်ကြည့်နေသည်၊
(AN/ လွမ်းစေတီ သမိုင်းကြောင်းရှိပါတယ်)
'ဟိုဘက်ထဲသွားချင်တေးလား..'
'အင်း..'
ခင် ထရပ်ကာ ကန် အပေါ်ကနေဆောက်ထားသည့် တံတားအသေးလေးကိုဖြတ်ကာ တစ်ဖက်ကိုရောက်တော့ ရေကန်ကြီး နားတွင် လုပ်ထားသည့် ခုံတန်းလေးတွင်ထိုင်လိုက်သည်၊ တင့်ထင်က ခင့်ဘေးတွင်မထိုင်ပဲ ဘေးကနေက မတ်တပ်ရပ်နေသည်၊ ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်လျက် ခင် ကလဲ ကန်ကြီးကိုသာငေးကြည့်နေမိသည်၊
'ကျွန်မ...လက်ထပ်ပွဲက နောက်တစ်လတဲ့..'
တင့်ထင်က ကန်ဘက်ကို မျက်နှာမူကြည့်နေရင်း အံ့သြနေသည့်မျက်လုံးအစုံနှင့် ခင့်ကို
ကြည့်လာသည်၊
'ရှင်ကိုပြောပြချင်တယ်...လက်ထပ်ပွဲက ကျွန်မ ဆန္ဒ မပါဘူး၊ဒါပေမဲ့လည်း ကျွန်မ မေမေ့ကို မငြင်းဆန်နိုင်ဘူး...'
'.........'
'ကျွန်မ..ထွန်းမောင်ကို မချစ်သလို မေမေကိုလဲ မငြင်းဆန်နိုင်ဘူး...'
ခင် ကန်ကြီးကိုသာကြည့်ရင်းပြောနေသည်၊တင့်ထင်က ခင့်ဘေးတွင်ဝင်ထိုင်လာကာ ခင့်လက် တွေပေါ်ကို ဆုပ်ကိုင်လာသည်၊
'ခင်ဗျား..တစ်ခေါက်လောက် အမြင်ဆုံးကိုပျံသန်းပစ်ချင်လား..'
'ကျွန်မ လုပ်ကြည့်ချင်ပေမဲ့....'
'ခင်ဗျား စိတ်ပေါ်ပဲမူတည်တယ်...ခင်ဗျားလုပ်လိုက်ရင် ခင်ဗျားမေမေဆိုတာလဲ ပြောယုံပဲတက်နိုင်တော့မှာ...'
ခင် နှင့်တင့်ထင် မျက်နှာချင်းဆိုင်ပြီးပြောနေကြသည်၊
ခင် ခေါင်းကိုအောက်ငုံချလိုက်ပြီး
'ကျွန်မမလုပ်နိုင်လောက်ဘူး တင့်တင်..'
'အဲ့တာဆို ဘာမှလုပ်လို့ရမှာမဟုတ်ဘူး..ခင်ဗျားသဘောမကျပါဘူးဆိုတဲ့ ထွန်းမောင်နဲ့ပဲ လက်ထပ်ရမှာပဲလေ...'
'......'
'ကျုပ်ကလည်းပြောယုံပဲတက်နိုင်မှာ...ကျန်တာအကုန်က ခင်ဗျားနဲ့ပဲဆိုင်တာ...'
'ကျွန်မ က ထွန်းမောင်ကို လက်မထပ်ချင်ပါဘူးပြောရင် မေမေ အမုန်းတွေကိုပဲပြန်ရမှာလဲဆိုးတယ်...'
တင့်ထင်က ဆုပ်ကိုင်ထားတဲ့ခင့်လက်ကို လွတ်လိုက်ပြီး ထရပ်ကာ ဆံပင်တွေကို လက်ဖြင့်ဆွဲဖွပြီးခင့်ကို ကြည့်လာသည်၊ ကြည့်ရတာ တင့်ထင် စိတ်အိုက်သွားပုံပင်၊
'ကျုပ်ဖြင့် ခင်ဗျားကို ခိုးတာပြေးချင်ပြီ...'
ခင် တင့်ထင်ကို မျက်လုံးဝိုင်းတွေနှင့်သာကြည့်နေနိုင်သည်၊
'ဘယ်လိုလဲ....ခင်ဗျားထွန်းမောင်ကို လက်မထပ်ချင်ဘူးဆို...ကျုပ်နောက်လိုက်မလား...'
'မဖြစ်နိုင်ဘူး...'
'ဘာလဲ...ကျုပ်က ဆင်းရဲလို့လား..ခင်ဗျားအဲ့ဒဏ်မခံနိုင်လို့လား...'
'မဟုတ်ဘူးတင့်ထင်...ကျွန်မက အဲ့လိုသဘောမဟုတ်ဘူး..'
'အဲ့တာဆို ဘာတုန်း...'
'ကျွန်မ ရှင့်ကို သူငယ်ချင်းတစ်ယောက်လိုပဲ သတ်မှတ်ထားတာလေ..'
'အဲ့တာဆိုလည်း ...အဲ့စည်းဖြတ်ပစ်လိုက်ကွာ...ခင်ဗျားကိုချစ်တယ်..မြတ်နိုးတယ်..သဘောကျတယ်...ကျုပ်နောက်လိုက်ခဲ့မလား..'
ခင် တင့်ထင်ကို ကြည့်ရင်း ပိုစိတ်ညစ်လာရသည်၊ တင့်ထင်က ခင့်လက်တွေကို ကျစ်နေအောင်ဆုပ်ကိုင်ထားပြီး ခင့်ပါးစပ်ကထွက်လာမည့်အဖြေကို မျှော်လင့်စောင့်စားနေသည့်မျက်လုံးအစုံဖြင့် ခင့်ကိုကြည့်နေသည်၊
'ကျွန်မ....မသိတေးဘူး....'
..................................................................................................................................