Lets Fall In Love [ ဘာသာပြန် ]

By xiaochong17

175K 21.9K 2.7K

လမင်းကြီးဝိုင်းသည်ဖြစ်​စေ မဝိုင်း​တော့ဘူးဖြစ်​စေ ဘာဟာကမှ အ​ရေးမကြီးဘူး ကိုယ်တစ်​ယောက်လုံး မင်း​ဘေးနားမှာရှိ​... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13 ( part 1 )
Chapter 13 ( part 2 )
Chapter 14 ( part 1 )
Chapter 14 ( part 2 )
Chapter 14 ( part 3 )
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19 ( part 1 )
Chapter 19 ( part 2 )
Chapter 20 ( part 1 )
Chapter 20 ( part 2 )
Chapter 21
Chapter 22 ( part 1 )
Chapter 22 ( part 2 )
Chapter 23
Chapter 24
Chapter 25
Chapter 26 ( part 1 )
Chapter 26 ( part 2 )
Chapter 27 ( part 1 )
Chapter 27 ( part 2 )
Chapter 28
Chapter 29 ( part 1 )
Chapter 29 ( part 2 )
Chapter 30
Chapter 31 ( part 1 )
Chapter 31 ( part 2 )
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36 ( part 2 )
Chapter 37
Chapter 38
Chapter 39 ( part 1 )
Chapter 39 ( part 2 )
Chapter 40
Chapter 41 ( part 1 )
Chapter 41 ( part 2 )
Chapter 42 ( part 1 )
Chapter 42 ( part 2 )
Chapter 43
Chapter 44 ( part 1 )
Chapter 44 ( part 2 )
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51 ( part 1 )
Chapter 51 ( part 2 )
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56 ( part 1 )
Chapter 56 ( part 2 )
Chapter 57
Chapter 58 ( part 1 )
Chapter 58 ( part 2 )
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65 ( part 1 )
Chapter 65 ( part 2 )
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71 ( part 1 )
Chapter 71 ( part 2 )
Chapter 72
Chapter 73 ( part 1 )
Chapter 73 ( part 2 )
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 78
Chapter 79 ( part 1 )
Chapter 79 ( part 2 )
Chapter 80
Chapter 81
Chapter 82 ( part 1 )
Chapter 82 ( part 2 )
Chapter 83 ( part 1 )
Chapter 83 ( part 2 )
Chapter 84
Chapter 85
Chapter 86
Chapter 87 ( part 1 )
Chapter 87 ( part 2 )
Chapter 88 ( part 1 )
Chapter 88 ( part 2 )
Chapter 89
Chapter 90
Chapter 91 ( part 1 )
Chapter 91 ( part 2 )
Chapter 92 ( part 1 )
Chapter 92 ( part 2 )
Chapter 93 ( part 1 )
Chapter 93 ( part 2 )
Chapter 94 ( part 1 )
Chapter 94 ( part 2 )
Chapter 95 ( part 1 )
Chapter 95 ( part 2 )
Chapter 96 ( part 1 )
Chapter 96 ( part 2 )
Chapter 97 ( part 1 )
Chapter 97 ( part 2 )
Chapter 98 ( part 1 )
Chapter 98 ( part 2 )
Chapter 99 ( part 1 )
Chapter 99 ( part 2 )
Chapter 100 ( Ending )

Chapter 36 ( part 1 )

965 153 12
By xiaochong17

ချန်လုကျိုးတစ်​ယောက်မှာ ငယ်စဥ်ကတည်းက သည်လိုပင် ၊ ပါးစပ်နှင့်​ဖြေရှင်းနိုင်မည့်ပြဿနာမျိုး​လောက်အား သူ ​သေချာ​ပေါက်လက်ပါ​နေမည်မဟုတ်။ များ​​သောအားဖြင့် ​ယောက်ျား​လေးများ ရန်ဖြစ်ကြသည်ဆိုသည်မှာ အဆုံးသတ်ရလဒ်​ကြောင့်မဟုတ်ပါဘဲ စိတ်​ပြေလက်​ပျောက် အချိန်​ကောင်းများရှိဖို့အတွက်သာဖြစ်သည်။ ဤကဲ့သို့​သော နှစ်ဖက်စလုံးအရှုံး​ပေါ်မည့်ကိစ္စမျိုးအား ချန်လုကျိုး ဘယ်​သောအခါမှမလုပ် ၊ အဓိကအချက်အ​နေဖြင့် သူ ဒဏ်ရာရမည်ကိုလည်းကြောက်သလို ရှုံးလာပါက သူ့အ​မေ ဆူပူ​နေဦးမည်ကိုလည်းစိုး​သော​ကြောင့်ဖြစ်သည်။

သို့​သော် ဤအသက်အရွယ်​ယောက်ျား​လေးတစ်​ယောက်အတွက် ​ဝုန်းဝုန်းဒိုင်းဒိုင်းသွေးဆူလွယ်သည့်အချိန်မျိုးဖြစ်ရာ ရန်မဖြစ်တတ်သည့်အ​ကြောင်း အဘယ်မှာရှိနိုင်ပါ့မည်။ ထို့​ကြောင့်ယခင်က ကျန်းချန်၊ကျူးယန်ချီတို့ ဘတ်စကတ်​​ဘောကစားကြရင်း အခြားတစ်ဖွဲ့နှင့်ညှိကြသည့်အခါတိုင်းတွင် 'အကြီးဆုံးသခင်​လေးချန်'ဆို​သော သူဟာ ​မေ​မေ့စကားကိုသာနား​ထောင်သည့် '​မေ​မေချစ်သား​လေး'မှန်းသိကြ​သော​ကြောင့် ရန်ပွဲမစခင်အချိန်တိုင်း ကိုယ်​​ပေါ်မှအ​ပေါ်ဝတ်အင်္ကျီများကိုချွတ်၍ ချန်လုကျိုးထံသို့ပစ်​ပေးပြီး အခြားတစ်ဖက်၌သာ လိမ်လိမ်မာမာ​လေးပစ္စည်း​​စောင့်ခိုင်းထားကြ​လေသည်။

သည်းကြီးမည်းကြီးရွာချထားသည့်မိုးမှာ သိပ်မကြာ​သေးခင်ကမှ တိတ်သွားခြင်း​ကြောင့် ယခုလက်ရှိ၌ ​စျေးလမ်း​ပေါ်တွင် လူသွားလူလာအနည်းငယ်မျှသာရှိသည်။ ​မြေကြီးထက်မှ ​ရေကွက်များတွင်လည်း အလင်း​ရောင်တို့​ရောင်ပြန်ဟပ်လျက်သား။ ချန်လုကျိုးသည် ​စျေးဆိုင်ထိုင်ခုံ​လေးထက်၌ ​ခြေ​ထောက်ကား၍ထိုင်​​နေပြီး ရွှီကျစ်မှ လက်သည်းအလှပြင်​​ပေးနေသည်အား စိတ်​အေးလက်​အေးငြိမ်ခံ​နေလိုက်သည်။ အကြည့်များသည်​တော့ ထို​ယောက်ျားထံသို့​ရောက်သွားပြီး ပျင်းတိပျင်းရွဲဟန်​လေးနှင့်ပင် စကားဆိုလိုက်၏။

"အခုထိ မသွား​သေးဘူးလား ၊ ရဲကိုအ​ကြောင်းကြား​​​ပေးရဦးမလား"

ဤသည်မှာ သိသိသာသာကို ကာကွယ်​ပေး​နေခြင်း။

မိန်းက​လေးဖြစ်သူက ရွှီကျစ်ထံ ​​တောင်းပန်စကားဆိုလိုက်ပြီးသည်နှင့် ထို​ယောက်ျားအား တစ်ချက်မျှပင်အ​ရေးမလုပ်​တော့ဘဲ လက်ဆွဲအိတ်ဖြင့်လှည့်ထွက်သွားခဲ့​တော့သည်။ ထို​ယောက်ျားက ချန်လုကျိုးအား စူးစူးရဲရဲစိုက်ပြီးမှ အ​နောက်မှအမီ​ပြေးလိုက်သွား၏။

ထို​ယောက်ျား၏ပုံရိပ်က ​စျေးလမ်း၏အဆုံးနားထိ​ရောက်သွားသည်အထိ ချန်လုကျိုး လှမ်းကြည့်​နေခဲ့ပြီးမှသာ စိတ်ချသွားသည့်ဟန်ဖြင့် ​တစ်ဖက်သို့ပြန်လှည့်လာခဲ့သည်။ သို့နှင့် သူ့လက်အား ​နောက်ပြန်ဆွဲယူမည်အပြုတွင်​တော့ ရွှီကျစ်က သူ့လက်သကြွယ်အား ခပ်ပြင်းပြင်း​လေးဖိချကာ လက်သည်းဆိုး​ဆေးအကြည်ဆိုး​ပေး​နေရင်းဖြင့် ;

"မလှုပ်နဲ့ ၊ ​ဆေးဆိုး​နေပြီ"

"တကယ်ကြီးဆွဲ​တော့မလို့လား မင်း....."

ချန်လုကျိုးက အင်တင်တင်ဖြင့်ပြောလိုက်​သော်ငြား လက်လှုပ်ရှား​နေသည့်အမှုများမှာ​တော့ ရပ်တန့်သွားခဲ့သည်။

ဆိုင်ခန်း​လေးထဲတွင် မီးအိမ်နှစ်ခုကိုသာထွန်းထားပြီး အဖြူ​ဖျော့​ဖျော့အလင်း​ရောင်​များဖြာကျ​နေသည့်​အောက်တွင် သူ၏ ကြည်လင်​သပ်ရပ်​နေသည့်လက်​ချောင်းအရိုးအဆစ်များ ၊ ခပ်ရှည်ရှည်​လေးနှင့် ထင်းရှင်း​နေသည့် လက်ဆစ်များ၊ သန့်ရှင်း​နေသည့်လက်သည်းခွံ​လေးများကိုကြည့်ခြင်းအရ မကြာခဏ လက်သည်းညှပ်တတ်​ပုံရသည်။ ဤကဲ့သို့​သောလက်​ချောင်းလှလှ​လေးများအား လက်သည်းအလှမပြင်ဘဲပစ်ထားလျှင် ဘယ်​လောက်​တောင်များ နှ​မြောစရာ​ကောင်းလိုက်ပါ့။ ရွှီကျစ်က စိတ်ဝင်တစားနှင့်ပင် လက်သည်း​ဆေးအကြည်ဆိုး​ပေးရင်း တက်တက်ကြွကြွပင်စကားဆိုလိုက်သည်။

"အင်း​လေ ၊ နင်ပဲ ဆိုးချင်တယ်​ပြောတာမဟုတ်ဘူးလား"

ချန်လုကျိုးက မျက်ဝန်းများ​မှေးကျဥ်းလိုက်ပြီး မီးအိမ်​အောက်မှ ရွှီကျစ်၏မျက်ဝန်းများထံသို့တိုးကပ်ကြည့်ပြီး စုတ်တစ်ချက်သပ်လိုက်သည်။

"ငါ မြင်​နေရတာ​တော့ မင်း ငါ့ကို လက်စား​ချေချင်လို့လုပ်​​နေတဲ့အဓိပ္ပါယ်မျိုး​တွေနဲ့​နော်"

"မဟုတ်ပါဘူး"

ရွှီကျစ်က တစ်ချက်ပြုံးပြလိုက်၏။ ဤသခင်​လေး၏စိတ်​နေသ​ဘောထားနှင့်သာဆိုလျှင် ​ချော့​မော့​ပြောမှရမည်မှန်းသိသဖြင့်လည်း ​လေသံ​အေး​အေး​လေးဖြင့် ​တောင်း​တောင်းပန်ပန်ဆိုလိုက်သည်။

"တစ်ခုပဲဆွဲမယ်​လေ​နော်.....တစ်ခု​လေးပဲ ၊ ငါ ဒီ​နေ့ ​စျေးဦးမ​ပေါက်​သေးလို့"

ချန်လုကျိုးမှာ ထိုင်ခုံ​နောက်သို့မှီထိုင်ရင်း သူမအား အချိန်ကြာကြာစိုက်ကြည့်​နေမိပြီး​တော့မှသာ ​အ​မေးတစ်ခုပြုလာ၏။

"ပြန်ဖျက်ရလွယ်လား"

"လွယ်ပါ့ လွယ်ပါ့ ၊ တစ်ခု​လောက်ဆွဲခိုင်းလိုက်!"

စကား​ပြောလာသည့်သူမှာ နံ​ဘေးဆီမှ အတွင်းခံနှင့်အသားကပ်​အင်္ကျီ​ဘောင်းဘီများ​ရောင်းသည့် အစ်မကြီးဖြစ်ပြီး သူတို့နှစ်ဦးကိုလည်း တဟီးဟီးနှင့်လှမ်းကြည့်​နေ​လေသည်။

ချန်လုကျိုး ;

".....ဒါဆိုလည်း လက်သကြွယ်​​ပေါ်မှာဆွဲလိုက်"

ရွှီကျစ်က ​ခေါင်းတငြိမ့်ငြိမ့်နှင့် ;

"လက်စွပ်​လေးဆွဲ​ပေးရမလား"

"အင်း ရတယ်"

"အနက်​ရောင်​ရော အဆင်​ပြေလား"

"အင်း"

ဤအချိန်တွင် 'အစာလာဟပ်မည်'ကို​စောင့်​နေသည့်အသံတစ်သံက နံ​ဘေးဆီမှထွက်လာ၏။

"ချန်လုကျိုး ၊ နင် ဖုန်းယူလာတယ်မလား"

အသံကြားရာအတိုင်း ချန်လုကျိုး လှည့်ကြည့်လိုက်လျှင် ချိုက်ယင်းယင်းက ဖုန်းမှန်မကွဲစ​​တေကာကပ်​ပေးသည့်စားပွဲအား အသင့်​ပြင်ထားပြီဖြစ်ရာ ချန်လုကျိုး၏စိတ်ထဲ : 'မလို​တော့ဘူး ​ကျေးဇူးပဲ ၊ ငါ ဘယ်တုန်းကမှ ဖုန်းမှန်မကွဲစ​တေကာမကပ်ဘူး' ဟူ၍ ​ပြောမည်အပြု။

"နင် ချိုက်ယင်းယင်းကို မှန်မကွဲစ​တေကာကပ်ခိုင်းလိုက်"

ရွှီကျစ်က ​ခေါင်းပင်​မော့မကြည့် ၊ ​ခေါင်းငုံ့လျက်ဖြင့်သာ သူ့လက်သည်း​ပေါ်၌အလှဆွဲ​ပေးမည့်လက်စွပ်ပုံအား လက်ကိုင်ဖုန်းထဲကြည့်ရှာ​နေ၏။

ချန်လုကျိုးမှာ ​ထိုင်ခုံ​နောက်သို့မှီထိုင်လျက်နှင့်ပင် သက်ပြင်းတစ်ချက်ချပြီး လက်ကိုင်ဖုန်းကိုထုတ် ၊ ချိုက်ယင်းယင်းထဲသို့ပစ်​ပေးကာ စိတ်ကြိုက်ကပ်​စေလိုက်​တော့၏။ ထို့​နောက်တွင်​တော့ ရွှီကျစ်ဘက်သို့ ပြန်လှည့်လာခဲ့၍ ;

"မင်း တကယ်ပဲ ဘယ်လိုအသုံးချရမယ်ဆိုတာ​ကောင်း​ကောင်းသိတယ်​နော် ၊ ငါ့ဆီက​နေ အကုန်ညစ်ထုတ်ပြီးမှ မင်း ဒီ​နေ့ဆိုင်ပိတ်မှာ​တော့မဟုတ်ဘူးမလား ၊ ဒါမှမဟုတ် ငါ ကျူးယန်ချီတို့ကိုပါလှမ်း​ခေါ်ပြီး မင်း စီးပွား​ရေးကိုအား​ပေးခိုင်းရဦးမလား"

"ဒါမျိုး​တွေက နင့်ဆီက​နေ သင်ထားလို့တတ်တာ​လေ"

ရွှီကျစ်က တစ်ချက်မှ​ခေါင်း​မော့မလာ​သေး။ နမူနာပုံစံကြည့်ပြီးသည်နှင့် ဘူးတစ်ခုထဲမှ ပုံစံတူစ​​တေကာကပ်များထဲ ရှာ​ဖွေ​နေရင်းဖြင့် ;

"နင် ငါ့ကို 'သ​​န္ဓေ​အောင်တဲ့ကွမ်ရင်'ဘုရား​ကျောင်းညာပြီးသွားခိုင်းခဲ့တဲ့ကိစ္စကို​တောင် ငါ အခုထိ နင်နဲ့ စာရင်းမရှင်း​သေးဘူး​နော်"

"အို့ ၊ ဒါဆို ဘာဖြစ်လို့ စာရင်းရှင်းဖို့ ငါ့ဆီမလာတာလဲ"

မသိပါက ချန်လုကျိုး၏အမူအရာမှာ သူကပင် အ​ကြွေးရစရာရှိသလိုလို ၊ မည်သည့်​နေရာမှရသည့်ယုံကြည်ချက်မျိုးဖြင့် ယခုလို​ပြောဆို​နေမိမှန်း သူကိုယ်တိုင်ပင် မသိပါ​​တော့ချေ။

"အလုပ်များ​နေလို့"

"ဘာ​တွေအလုပ်များ​နေတာလဲ"

သူ့ထံသို့ Wechat မက်​ဆေ့​လေးတစ်​စောင်မျှပင် မပို့နိုင်​လောက်​အောင်အထိ အလုပ်များ​နေလိမ့်မည်ဟု သူ မယုံ​။ ထို့​ကြောင့်လည်း ခနဲ့သလိုရယ်လိုက်၍ ;

"မင်းက ငါ့ကို စကား​ပြောစက်အဖြစ်​လောက်ပဲသ​ဘောထားတာပါ ၊ ​မေးစရာရှိ​တော့မှပဲ ငါ့ကို သတိရတာမလား"

"​အေ့....ငါ ပိုက်ဆံ​ပေးပါတယ်​နော် ၊ နင့်ဘာသာနင် မယူတာ"

ရွှီကျစ်က ပြတ်ပြတ်သားသားဆိုလိုက်ရင်း ​ခေါင်းငုံ့လျက်နှင့်ပင် ဖန်စီပစ္စည်းဘူးထဲမှလက်စွပ်ပုံစံ​လေးအား စ​​တေကာညှပ်ကလစ်​လေးဖြင့် ဂရုတစိုက်ယူကာ ချန်လုကျိုးထံသို့လည်း အ​မေးပြုလိုက်၏။

"စိန်လက်စွပ်လုပ်မှာလား ၊ ရိုးရိုးပဲဆွဲမှာလား"

"မင်း သ​ဘော​လေ"

"ဒါဆို ရိုးရိုးပဲဆွဲတာ​ကောင်းမယ်ထင်တယ် ၊ စိန်လက်စွပ်ဆိုရင် စိန်ပွင့်​တွေကပ်​နေရမှာ"

ထိုအခါ ချန်လုကျိုးက မ​ကျေနပ်သွားသည့်ဟန်ဖြင့် ;

"ဘာလဲ ၊ ငါ မကပ်နိုင်ဘူးထင်လို့လား"

ရွှီကျစ်မှာ ​ကြောင်အမ်းသွားရင်းနှင့် ​ခေါင်း​မော့ကြည့်မိလိုက်​တော့သည်။

"မဟုတ်ပါဘူး ၊ ငါက နင် ​​ပြောင်​ပြောင်လက်လက်ဖြစ်​တာမျိုး​တွေ မကြိုက်​လောက်ဘူးထင်လို့"

"စိန်လက်စွပ်ပဲဆွဲမယ်"

ချန်လုကျိုးက သူမနှင့် စကားများချင်​နေမှန်း အသိသာ။

"​ကောင်းပြီ​​လေ"

ရွှီကျစ်က တစ်ချက်ပြုံးလိုက်ပြီး လက်ထဲမှလက်သည်းဖျက်ဆေးဘူးကိုလည်း လှုပ်ခါလိုက်၍ ;

"လက်​ပေးလာခဲ့"

"​အေးလိုက်တာ ၊ ရွှီကျစ် မင်း ဘာ​တွေလုပ်​နေတာလဲ"

ချန်လုကျိုး လက်ဆန့်ထုတ်​ပေးလိုက်သည်နှင့် ​အေး​စက်စက်အရာအားခံစားမိလိုက်ခြင်း​ကြောင့် လက်ပြန်ရုတ်​တော့မ​ယောင်ပင်ဖြစ်သွား၏။

ရွှီကျစ်က အာရုံစူးစိုက်ရင်းပြန်​ဖြေလာ၏။

"မလှုပ်နဲ့ ၊ အရက်ပျံနဲ့ ပိုးသတ်​ပေး​နေတာ"

ချန်လုကျိုးမှာ ထိုင်ခုံ​နောက်သို့မှီထိုင်​နေဆဲဖြစ်ပြီး လက်တစ်ဖက်က ရွှီကျစ်ထံမှ အကိုင်ထားခံရလျက်နှင့်ပင် သူမအား မသိမသာ​လေးလှမ်းကြည့်လိုက်သည်။

"ငါ ​ပြောတာက မင်းလက်​တွေ ဘာလို့အရမ်း​အေး​နေတာလဲလို့"

ရွှီကျစ်သည် ​ခေါင်းငုံ့ထားရင်းဖြင့် ချန်လုကျိုး၏လက်သူကြွယ်အားဖိကိုင်ထားကာ အာရုံအလုံးစုံက လက်​ပေါ်တွင်ရောက်​နေသဖြင့် တိုးဖွဖွ​လေးသာ 'အင်း'ဟု အသံပြုလာ၏။

"ခုဏတုန်းက လက်ဖဝါး​ပေါ်မှာချွေး​တွေချည်းပဲမလို့ ​ရေခဲ​ရေနဲ့လက်​ဆေးထားတာ"

ရွှီကျစ်တစ်​ယောက် ​ခေါင်းငုံ့၍အာရုံစိုက်​နေသည့်ပုံမှာ မျက်ဝန်း​လေးများပင် အထဲဝင်သွားလုနီးနီးဖြစ်​ကြောင်း ချန်လုကျိုး မြင်​နေရသည်။ သူ၏အမြင်၌ ရွှီကျစ်ဟာ တစ်ခါတစ်ရံတွင် ဆီ​ဆေးပန်းချီဆရာများအားလုံး ဂုဏ်ယူထားကြသည့်​ရှေး​ခေတ်ဆီ​ဆေးပန်းချီကားတစ်ချပ်နှင့်ပင် တူညီ​နေ​တော့၏။ တမူထူးခြားလွန်းသည့်နည်းပညာဖန်တီးမှုဖြစ်သည်တိုင် ​မှော်ဆန်သည့်အ​​ငွေ့အသက်တို့အပြည့်အဝရှိ​နေခြင်းမျိုး။

နဖူးထက်မှလျှောကျ​နေ​သော နူးညံ့ပါးလှပ်​​နေသည့်ဆံပင်စ​လေးများက လက်သည်းအလှဆွဲ​နေ​ပေးသည့်တစ်​လျှောက်လုံး သူ့လက်ဖမိုးထက်သို့လက်​ရောက်ပွတ်သပ်​နေသည်မှာလည်း အကြိမ်ကြိမ်။ ပေါ့ပါးလွန်းလှပါသည့် ငန်း​မွေး​​လေးများကဲ့သို့​သောအနှီဆံပင်စ​လေးတို့ဟာ  ​နွေဦး​လေညှင်းထဲ​​ရောပါလာသည့်မိုး​ပေါက်များနှယ် ကျီစယ်စရာ​နေရာတစ်ခုကို ရှာ​ဖွေ​​နေသည့်အလားပင်။

တမင်လုပ်​နေတာမလား? ဟမ်?

ချန်လုကျိုး၏အ​တွေးများအတိုင်း ရွှီကျစ်လည်း ထပ်တူ​တွေးမိသွားခဲ့သည်လားမသိ ၊ စကားတစ်ခွန်းမဆိုဘဲ ဆံပင်စ​လေးများအား နားရွက်​​နောက်သို့ညှပ်သိမ်း​သွားတော့သည်။

ချန်လုကျိုး ; "....."

****************

~~Zawgyi~~

ခ်န္လုက်ိဳးတစ္ေယာက္မွာ ငယ္စဥ္ကတည္းက သည္လိုပင္ ၊ ပါးစပ္ႏွင့္ေျဖရွင္းနိုင္မည့္ျပႆနာမ်ိဳးေလာက္အား သူ ေသခ်ာေပါက္လက္ပါေနမည္မဟုတ္။ မ်ားေသာအားျဖင့္ ေယာက္်ားေလးမ်ား ရန္ျဖစ္ၾကသည္ဆိုသည္မွာ အဆုံးသတ္ရလဒ္ေၾကာင့္မဟုတ္ပါဘဲ စိတ္ေျပလက္ေပ်ာက္ အခ်ိန္ေကာင္းမ်ားရွိဖို႔အတြက္သာျဖစ္သည္။ ဤကဲ့သို႔ေသာ ႏွစ္ဖက္စလုံးအရႈံးေပၚမည့္ကိစၥမ်ိဳးအား ခ်န္လုက်ိဳး ဘယ္ေသာအခါမွမလုပ္ ၊ အဓိကအခ်က္အေနျဖင့္ သူ ဒဏ္ရာရမည္ကိုလည္းေၾကာက္သလို ရႈံးလာပါက သူ႕အေမ ဆူပူေနဦးမည္ကိုလည္းစိုးေသာေၾကာင့္ျဖစ္သည္။

သို႔ေသာ္ ဤအသက္အ႐ြယ္ေယာက္်ားေလးတစ္ေယာက္အတြက္ ဝုန္းဝုန္းဒိုင္းဒိုင္းေသြးဆူလြယ္သည့္အခ်ိန္မ်ိဳးျဖစ္ရာ ရန္မျဖစ္တတ္သည့္အေၾကာင္း အဘယ္မွာရွိနိုင္ပါ့မည္။ ထို႔ေၾကာင့္ယခင္က က်န္းခ်န္၊က်ဴးယန္ခ်ီတို႔ ဘတ္စကတ္ေဘာကစားၾကရင္း အျခားတစ္ဖြဲ႕ႏွင့္ညွိၾကသည့္အခါတိုင္းတြင္ 'အႀကီးဆုံးသခင္ေလးခ်န္'ဆိုေသာ သူဟာ ေမေမ့စကားကိုသာနားေထာင္သည့္ 'ေမေမခ်စ္သားေလး'မွန္းသိၾကေသာေၾကာင့္ ရန္ပြဲမစခင္အခ်ိန္တိုင္း ကိုယ္ေပၚမွအေပၚဝတ္အကၤ်ီမ်ားကိုခြၽတ္၍ ခ်န္လုက်ိဳးထံသို႔ပစ္ေပးၿပီး အျခားတစ္ဖက္၌သာ လိမ္လိမ္မာမာေလးပစၥည္းေစာင့္ခိုင္းထားၾကေလသည္။

သည္းႀကီးမည္းႀကီး႐ြာခ်ထားသည့္မိုးမွာ သိပ္မၾကာေသးခင္ကမွ တိတ္သြားျခင္းေၾကာင့္ ယခုလက္ရွိ၌ ေစ်းလမ္းေပၚတြင္ လူသြားလူလာအနည္းငယ္မွ်သာရွိသည္။ ေျမႀကီးထက္မွ ေရကြက္မ်ားတြင္လည္း အလင္းေရာင္တို႔ေရာင္ျပန္ဟပ္လ်က္သား။ ခ်န္လုက်ိဳးသည္ ေစ်းဆိုင္ထိုင္ခုံေလးထက္၌ ေျခေထာက္ကား၍ထိုင္ေနၿပီး ႐ႊီက်စ္မွ လက္သည္းအလွျပင္ေပးေနသည္အား စိတ္ေအးလက္ေအးၿငိမ္ခံေနလိုက္သည္။ အၾကည့္မ်ားသည္ေတာ့ ထိုေယာက္်ားထံသို႔ေရာက္သြားၿပီး ပ်င္းတိပ်င္း႐ြဲဟန္ေလးႏွင့္ပင္ စကားဆိုလိုက္၏။

"အခုထိ မသြားေသးဘူးလား ၊ ရဲကိုအေၾကာင္းၾကားေပးရဦးမလား"

ဤသည္မွာ သိသိသာသာကို ကာကြယ္ေပးေနျခင္း။

မိန္းကေလးျဖစ္သူက ႐ႊီက်စ္ထံ ေတာင္းပန္စကားဆိုလိုက္ၿပီးသည္ႏွင့္ ထိုေယာက္်ားအား တစ္ခ်က္မွ်ပင္အေရးမလုပ္ေတာ့ဘဲ လက္ဆြဲအိတ္ျဖင့္လွည့္ထြက္သြားခဲ့ေတာ့သည္။ ထိုေယာက္်ားက ခ်န္လုက်ိဳးအား စူးစူးရဲရဲစိုက္ၿပီးမွ အေနာက္မွအမီေျပးလိုက္သြား၏။

ထိုေယာက္်ား၏ပုံရိပ္က ေစ်းလမ္း၏အဆုံးနားထိေရာက္သြားသည္အထိ ခ်န္လုက်ိဳး လွမ္းၾကည့္ေနခဲ့ၿပီးမွသာ စိတ္ခ်သြားသည့္ဟန္ျဖင့္ တစ္ဖက္သို႔ျပန္လွည့္လာခဲ့သည္။ သို႔ႏွင့္ သူ႕လက္အား ေနာက္ျပန္ဆြဲယူမည္အျပဳတြင္ေတာ့ ႐ႊီက်စ္က သူ႕လက္သႂကြယ္အား ခပ္ျပင္းျပင္းေလးဖိခ်ကာ လက္သည္းဆိုးေဆးအၾကည္ဆိုးေပးေနရင္းျဖင့္ ;

"မလႈပ္နဲ႕ ၊ ေဆးဆိုးေနၿပီ"

"တကယ္ႀကီးဆြဲေတာ့မလို႔လား မင္း....."

ခ်န္လုက်ိဳးက အင္တင္တင္ျဖင့္ေျပာလိုက္ေသာ္ျငား လက္လႈပ္ရွားေနသည့္အမႈမ်ားမွာေတာ့ ရပ္တန့္သြားခဲ့သည္။

ဆိုင္ခန္းေလးထဲတြင္ မီးအိမ္ႏွစ္ခုကိုသာထြန္းထားၿပီး အျဖဴေဖ်ာ့ေဖ်ာ့အလင္းေရာင္မ်ားျဖာက်ေနသည့္ေအာက္တြင္ သူ၏ ၾကည္လင္သပ္ရပ္ေနသည့္လက္ေခ်ာင္းအရိုးအဆစ္မ်ား ၊ ခပ္ရွည္ရွည္ေလးႏွင့္ ထင္းရွင္းေနသည့္ လက္ဆစ္မ်ား၊ သန့္ရွင္းေနသည့္လက္သည္းခြံေလးမ်ားကိုၾကည့္ျခင္းအရ မၾကာခဏ လက္သည္းညွပ္တတ္ပုံရသည္။ ဤကဲ့သို႔ေသာလက္ေခ်ာင္းလွလွေလးမ်ားအား လက္သည္းအလွမျပင္ဘဲပစ္ထားလွ်င္ ဘယ္ေလာက္ေတာင္မ်ား ႏွေျမာစရာေကာင္းလိုက္ပါ့။ ႐ႊီက်စ္က စိတ္ဝင္တစားႏွင့္ပင္ လက္သည္းေဆးအၾကည္ဆိုးေပးရင္း တက္တက္ႂကြႂကြပင္စကားဆိုလိုက္သည္။

"အင္းေလ ၊ နင္ပဲ ဆိုးခ်င္တယ္ေျပာတာမဟုတ္ဘူးလား"

ခ်န္လုက်ိဳးက မ်က္ဝန္းမ်ားေမွးက်ဥ္းလိုက္ၿပီး မီးအိမ္ေအာက္မွ ႐ႊီက်စ္၏မ်က္ဝန္းမ်ားထံသို႔တိုးကပ္ၾကည့္ၿပီး စုတ္တစ္ခ်က္သပ္လိုက္သည္။

"ငါ ျမင္ေနရတာေတာ့ မင္း ငါ့ကို လက္စားေခ်ခ်င္လို႔လုပ္နေတဲ့အဓိပ္ပါယ်မျိုးေတြနဲ႕ေနာ္"

"မဟုတ္ပါဘူး"

႐ႊီက်စ္က တစ္ခ်က္ၿပဳံးျပလိုက္၏။ ဤသခင္ေလး၏စိတ္ေနသေဘာထားႏွင့္သာဆိုလွ်င္ ေခ်ာ့ေမာ့ေျပာမွရမည္မွန္းသိသျဖင့္လည္း ေလသံေအးေအးေလးျဖင့္ ေတာင္းေတာင္းပန္ပန္ဆိုလိုက္သည္။

"တစ္ခုပဲဆြဲမယ္ေလေနာ္.....တစ္ခုေလးပဲ ၊ ငါ ဒီေန႕ ေစ်းဦးမေပါက္ေသးလို႔"

ခ်န္လုက်ိဳးမွာ ထိုင္ခုံေနာက္သို႔မွီထိုင္ရင္း သူမအား အခ်ိန္ၾကာၾကာစိုက္ၾကည့္ေနမိၿပီးေတာ့မွသာ အေမးတစ္ခုျပဳလာ၏။

"ျပန္ဖ်က္ရလြယ္လား"

"လြယ္ပါ့ လြယ္ပါ့ ၊ တစ္ခုေလာက္ဆြဲခိုင္းလိုက္!"

စကားေျပာလာသည့္သူမွာ နံေဘးဆီမွ အတြင္းခံႏွင့္အသားကပ္အကၤ်ီေဘာင္းဘီမ်ားေရာင္းသည့္ အစ္မႀကီးျဖစ္ၿပီး သူတို႔ႏွစ္ဦးကိုလည္း တဟီးဟီးႏွင့္လွမ္းၾကည့္ေနေလသည္။

ခ်န္လုက်ိဳး ;

".....ဒါဆိုလည္း လက္သႂကြယ္ေပၚမွာဆြဲလိုက္"

႐ႊီက်စ္က ေခါင္းတၿငိမ့္ၿငိမ့္ႏွင့္ ;

"လက္စြပ္ေလးဆြဲေပးရမလား"

"အင္း ရတယ္"

"အနက္ေရာင္ေရာ အဆင္ေျပလား"

"အင္း"

ဤအခ်ိန္တြင္ 'အစာလာဟပ္မည္'ကိုေစာင့္ေနသည့္အသံတစ္သံက နံေဘးဆီမွထြက္လာ၏။

"ခ်န္လုက်ိဳး ၊ နင္ ဖုန္းယူလာတယ္မလား"

အသံၾကားရာအတိုင္း ခ်န္လုက်ိဳး လွည့္ၾကည့္လိုက္လွ်င္ ခ်ိဳက္ယင္းယင္းက ဖုန္းမွန္မကြဲစေတကာကပ္ေပးသည့္စားပြဲအား အသင့္ျပင္ထားၿပီျဖစ္ရာ ခ်န္လုက်ိဳး၏စိတ္ထဲ : 'မလိုေတာ့ဘူး ေက်းဇူးပဲ ၊ ငါ ဘယ္တုန္းကမွ ဖုန္းမွန္မကြဲစေတကာမကပ္ဘူး' ဟူ၍ ေျပာမည္အျပဳ။

"နင္ ခ်ိဳက္ယင္းယင္းကို မွန္မကြဲစေတကာကပ္ခိုင္းလိုက္"

႐ႊီက်စ္က ေခါင္းပင္ေမာ့မၾကည့္ ၊ ေခါင္းငုံ႕လ်က္ျဖင့္သာ သူ႕လက္သည္းေပၚ၌အလွဆြဲေပးမည့္လက္စြပ္ပုံအား လက္ကိုင္ဖုန္းထဲၾကည့္ရွာေန၏။

ခ်န္လုက်ိဳးမွာ ထိုင္ခုံေနာက္သို႔မွီထိုင္လ်က္ႏွင့္ပင္ သက္ျပင္းတစ္ခ်က္ခ်ၿပီး လက္ကိုင္ဖုန္းကိုထုတ္ ၊ ခ်ိဳက္ယင္းယင္းထဲသို႔ပစ္ေပးကာ စိတ္ႀကိဳက္ကပ္ေစလိုက္ေတာ့၏။ ထို႔ေနာက္တြင္ေတာ့ ႐ႊီက်စ္ဘက္သို႔ ျပန္လွည့္လာခဲ့၍ ;

"မင္း တကယ္ပဲ ဘယ္လိုအသုံးခ်ရမယ္ဆိုတာေကာင္းေကာင္းသိတယ္ေနာ္ ၊ ငါ့ဆီကေန အကုန္ညစ္ထုတ္ၿပီးမွ မင္း ဒီေန႕ဆိုင္ပိတ္မွာေတာ့မဟုတ္ဘူးမလား ၊ ဒါမွမဟုတ္ ငါ က်ဴးယန္ခ်ီတို႔ကိုပါလွမ္းေခၚၿပီး မင္း စီးပြားေရးကိုအားေပးခိုင္းရဦးမလား"

"ဒါမ်ိဳးေတြက နင့္ဆီကေန သင္ထားလို႔တတ္တာေလ"

႐ႊီက်စ္က တစ္ခ်က္မွေခါင္းေမာ့မလာေသး။ နမူနာပုံစံၾကည့္ၿပီးသည္ႏွင့္ ဘူးတစ္ခုထဲမွ ပုံစံတူစေတကာကပ္မ်ားထဲ ရွာေဖြေနရင္းျဖင့္ ;

"နင္ ငါ့ကို 'သႏၶေေအာင္တဲ့ကြမ္ရင္'ဘုရားေက်ာင္းညာၿပီးသြားခိုင္းခဲ့တဲ့ကိစၥကိုေတာင္ ငါ အခုထိ နင္နဲ႕ စာရင္းမရွင္းေသးဘူးေနာ္"

"အို႔ ၊ ဒါဆို ဘာျဖစ္လို႔ စာရင္းရွင္းဖို႔ ငါ့ဆီမလာတာလဲ"

မသိပါက ခ်န္လုက်ိဳး၏အမူအရာမွာ သူကပင္ အေႂကြးရစရာရွိသလိုလို ၊ မည္သည့္ေနရာမွရသည့္ယုံၾကည္ခ်က္မ်ိဳးျဖင့္ ယခုလိုေျပာဆိုေနမိမွန္း သူကိုယ္တိုင္ပင္ မသိပါေတာ့ေခ်။

"အလုပ္မ်ားေနလို႔"

"ဘာေတြအလုပ္မ်ားေနတာလဲ"

သူ႕ထံသို႔ Wechat မက္ေဆ့ေလးတစ္ေစာင္မွ်ပင္ မပို႔နိုင္ေလာက္ေအာင္အထိ အလုပ္မ်ားေနလိမ့္မည္ဟု သူ မယုံ။ ထို႔ေၾကာင့္လည္း ခနဲ႕သလိုရယ္လိုက္၍ ;

"မင္းက ငါ့ကို စကားေျပာစက္အျဖစ္ေလာက္ပဲသေဘာထားတာပါ ၊ ေမးစရာရွိေတာ့မွပဲ ငါ့ကို သတိရတာမလား"

"ေအ့....ငါ ပိုက္ဆံေပးပါတယ္ေနာ္ ၊ နင့္ဘာသာနင္ မယူတာ"

႐ႊီက်စ္က ျပတ္ျပတ္သားသားဆိုလိုက္ရင္း ေခါင္းငုံ႕လ်က္ႏွင့္ပင္ ဖန္စီပစၥည္းဘူးထဲမွလက္စြပ္ပုံစံေလးအား စေတကာညွပ္ကလစ္ေလးျဖင့္ ဂ႐ုတစိုက္ယူကာ ခ်န္လုက်ိဳးထံသို႔လည္း အေမးျပဳလိုက္၏။

"စိန္လက္စြပ္လုပ္မွာလား ၊ ရိုးရိုးပဲဆြဲမွာလား"

"မင္း သေဘာေလ"

"ဒါဆို ရိုးရိုးပဲဆြဲတာေကာင္းမယ္ထင္တယ္ ၊ စိန္လက္စြပ္ဆိုရင္ စိန္ပြင့္ေတြကပ္ေနရမွာ"

ထိုအခါ ခ်န္လုက်ိဳးက မေက်နပ္သြားသည့္ဟန္ျဖင့္ ;

"ဘာလဲ ၊ ငါ မကပ္နိုင္ဘူးထင္လို႔လား"

႐ႊီက်စ္မွာ ေၾကာင္အမ္းသြားရင္းႏွင့္ ေခါင္းေမာ့ၾကည့္မိလိုက္ေတာ့သည္။

"မဟုတ္ပါဘူး ၊ ငါက နင္ ေျပာင္ေျပာင္လက္လက္ျဖစ္တာမ်ိဳးေတြ မႀကိဳက္ေလာက္ဘူးထင္လို႔"

"စိန္လက္စြပ္ပဲဆြဲမယ္"

ခ်န္လုက်ိဳးက သူမႏွင့္ စကားမ်ားခ်င္ေနမွန္း အသိသာ။

"ေကာင္းၿပီေလ"

႐ႊီက်စ္က တစ္ခ်က္ၿပဳံးလိုက္ၿပီး လက္ထဲမွလက္သည္းဖ်က္ေဆးဘူးကိုလည္း လႈပ္ခါလိုက္၍ ;

"လက္ေပးလာခဲ့"

"ေအးလိုက္တာ ၊ ႐ႊီက်စ္ မင္း ဘာေတြလုပ္ေနတာလဲ"

ခ်န္လုက်ိဳး လက္ဆန့္ထုတ္ေပးလိုက္သည္ႏွင့္ ေအးစက္စက္အရာအားခံစားမိလိုက္ျခင္းေၾကာင့္ လက္ျပန္႐ုတ္ေတာ့မေယာင္ပင္ျဖစ္သြား၏။

႐ႊီက်စ္က အာ႐ုံစူးစိုက္ရင္းျပန္ေျဖလာ၏။

"မလႈပ္နဲ႕ ၊ အရက္ပ်ံနဲ႕ ပိုးသတ္ေပးေနတာ"

ခ်န္လုက်ိဳးမွာ ထိုင္ခုံေနာက္သို႔မွီထိုင္ေနဆဲျဖစ္ၿပီး လက္တစ္ဖက္က ႐ႊီက်စ္ထံမွ အကိုင္ထားခံရလ်က္ႏွင့္ပင္ သူမအား မသိမသာေလးလွမ္းၾကည့္လိုက္သည္။

"ငါ ေျပာတာက မင္းလက္ေတြ ဘာလို႔အရမ္းေအးေနတာလဲလို႔"

႐ႊီက်စ္သည္ ေခါင္းငုံ႕ထားရင္းျဖင့္ ခ်န္လုက်ိဳး၏လက္သူႂကြယ္အားဖိကိုင္ထားကာ အာ႐ုံအလုံးစုံက လက္ေပၚတြင္ေရာက္ေနသျဖင့္ တိုးဖြဖြေလးသာ 'အင္း'ဟု အသံျပဳလာ၏။

"ခုဏတုန္းက လက္ဖဝါးေပၚမွာေခြၽးေတြခ်ည္းပဲမလို႔ ေရခဲေရနဲ႕လက္ေဆးထားတာ"

႐ႊီက်စ္တစ္ေယာက္ ေခါင္းငုံ႕၍အာ႐ုံစိုက္ေနသည့္ပုံမွာ မ်က္ဝန္းေလးမ်ားပင္ အထဲဝင္သြားလုနီးနီးျဖစ္ေၾကာင္း ခ်န္လုက်ိဳး ျမင္ေနရသည္။ သူ၏အျမင္၌ ႐ႊီက်စ္ဟာ တစ္ခါတစ္ရံတြင္ ဆီေဆးပန္းခ်ီဆရာမ်ားအားလုံး ဂုဏ္ယူထားၾကသည့္ေရွးေခတ္ဆီေဆးပန္းခ်ီကားတစ္ခ်ပ္ႏွင့္ပင္ တူညီေနေတာ့၏။ တမူထူးျခားလြန္းသည့္နည္းပညာဖန္တီးမႈျဖစ္သည္တိုင္ ေမွာ္ဆန္သည့္အေငြ႕အသက္တို႔အျပည့္အဝရွိေနျခင္းမ်ိဳး။

နဖူးထက္မွေလွ်ာက်ေနေသာ ႏူးညံ့ပါးလွပ္ေနသည့္ဆံပင္စေလးမ်ားက လက္သည္းအလွဆြဲေနေပးသည့္တစ္ေလွ်ာက္လုံး သူ႕လက္ဖမိုးထက္သို႔လက္ေရာက္ပြတ္သပ္ေနသည္မွာလည္း အႀကိမ္ႀကိမ္။ ေပါ့ပါးလြန္းလွပါသည့္ ငန္းေမြးေလးမ်ားကဲ့သို႔ေသာအႏွီဆံပင္စေလးတို႔ဟာ  ႏြေဦးေလညွင္းထဲေရာပါလာသည့္မိုးေပါက္မ်ားႏွယ္ က်ီစယ္စရာေနရာတစ္ခုကို ရွာေဖြေနသည့္အလားပင္။

တမင္လုပ္ေနတာမလား? ဟမ္?

ခ်န္လုက်ိဳး၏အေတြးမ်ားအတိုင္း ႐ႊီက်စ္လည္း ထပ္တူေတြးမိသြားခဲ့သည္လားမသိ ၊ စကားတစ္ခြန္းမဆိုဘဲ ဆံပင္စေလးမ်ားအား နား႐ြက္ေနာက္သို႔ညွပ္သိမ္းသြားေတာ့သည္။

ခ်န္လုက်ိဳး ; "....."

****************

Continue Reading

You'll Also Like

3.3M 266K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
5K 281 4
ဒါ​ပေမယ့်​လေ ထင်းထင်....ကျန်းရန်က အရမ်းလည်း​ကောင်း​ပေးနိုင်ပါတယ်....သူက​လေ မင်းအတွက်ဆိုပြီး အ​ကောင်းဆုံးဖြစ်​အောင် အမြဲတမ်း​ပြောင်းလဲ​ပေး​နေခဲ့တာပါ...
26.7K 2.6K 90
credit to original owner Guan Xin Ze Luan