(Unicode)
True Love 💭❤ (ဇာတ်သိမ်းပိုင်း)
(၅၇)
ခမ်းမအတွင်းလှုပ်ယွယွဖြစ်မှုတွေပြီးစီးသွားသည့်အခါ သတိုးသား သတိုးသမီးတို့က ဧည့်သည်များဆီလိုက်၍နှုတ်ဆက်ကြလေတော့သည်။
အကိုလေး၏မိတ်ဖွဲ့နှင့် မေမေ့၏မိတ်ဖွဲ့တွေပေါင်းလိုက်သည့်အခါ အတော်များနေပြီးခန်းမကြီးပြည့်လျှံ၍နေလေတော့သည်။ ခြေထောက်တွေညောင်းအောင်ထိ လိုက်နှုတ်ဆက်ရပြီး စိတ်လေးတောင်ညစ်ရသည်အထိ များပြားနေခဲ့၏။
"ညောင်းလို့လား "
အာပူကြူး၏ မျက်နှာလေးအနည်းငယ်ညိုးသွားသည်ကိုသိသည့်ကွန့်မြူးမှာ ကပ်တိုးလေးမေးလိုက်တော့ ခေါင်းတွေအတင်းငြိမ့်နေလေသည်။
"လာ ဟိုဝိုင်းနှုတ်ဆက်ပြီးရင် ပြန်ထိုင်ရအောင်လို့"
ရွှေကူ့လက်ကိုဆွဲ၍ မမဖြူငယ်ဝိုင်းဆီခေါ်လာလေသည်။
"ကဲ Concon ပါသားကြီးရာ "
အရေးတယူကြီး ဂုဏ်ပြုရမည့်အနေအထားမဟုတ်သည်မို့ ပေါ့ပေါ့ပါးပါးပဲပြောဆိုလိုက်ကြ၏။
"အေးပါကွာ ငါ့ပဲconမနေနဲ့အုံး မင်းတို့လဲယူတော့ကွ"
"ဟ ယူစရာမရှိပါဘူးဆိုအတင်းတောင်လာယူခိုင်းနေတယ် "
သော်ကက ပြောလိုက်သည့်အခါ ခန့်သာနှာခေါင်းရှုံ့လိုက်၏။
"ငါတော့မထင်ဘူးနော်သော်က "
ခန့်သာစကားကြောင့်အားလုံးက သော်ကဆီအကြည့်ရောက်သွားကြ၏။
"ဘာလဲဟ သတင်းထူးလား"
"မာမီတို့ကစီစဉ်မလို့တဲ့ ငါသဘောမတူရသေးဘူး မျှော်လင့်မနေနဲ့ မင်းသူငယ်ချင်းမိန်းမမယူသေးဘူးစိတ်ချ"
ထိုစကားကြောင့် တတ်ကြွနေသည့်သတိုးသားက ဖြောင်းခနဲနေအောင်သော်က၏နောက်ကျောကိုရိုက်လိုက်လေသည်။
"အာ့ .."
"အကိုလေးဘာလို့သွားရိုက်တာလဲ"
"အယ် နဲနဲအားပါသွားတာ Sorry သူငယ်ချင်းရာ ငါကစွံစေချင်လို့ဟ "
"မင်း မင်း ..."
စိတ်ဆိုးရခက် မဆိုးရခက်နှင့်ကျောကြီးအောင့်သွားသည့်သော်ကမှာ ရွှေကူ့ကိုအားနာ၍ပြုံးပဲပြလိုက်ရသည်။ ဒီကောင်တစ်ယောက်ထဲသာဆို အဆဲခံနေရလောက်ပြီလေ။
ကိုဥဿာတို့ ကိုခွန်းတို့က ဝိုင်း၍စကြသည့်အခါ ရှက်ရှက်နှင့်လည်ပင်းကြီးပွတ်နေမိသည်။ မင်္ဂလာတောင်မဦးရသေးဘူး သူတို့က ကလေးမွေးရင် ဘာလေးမွေးဆိုပြီးပြောနေကြတာမဟုတ်လား။ အာပူကြူးလေးကိုတောင်ချစ်လို့မဝသေးဘူး ကလေးကမွေးစရာလားဗျာ။ လေးငါးနှစ်လောက်အာပူကြူးကိုပဲ အားရပါးရချစ်ပြီးမှ ကလေးလေးယူဖို့စဉ်းစားမှာမလို့ အခုတော့စောသေးပါတယ်အကိုတို့ရာ။
"ရွှေကူလေးကံကောင်းပါတယ် မမတော့ပျော်တယ်သိလား"
ရွှေကူပြုံး၍ မမဖြူငယ်၏စကားတွေကိုနားထောင်မိ၏။
"ကိုကွန့်မြူး "
"ပြောစေဗျာ"
"ရွှေကူ့အပေါ်ကောင်းပေးနော် အနိုင်မကျင့်နဲ့ "
"စိတ်ချပါလွန်းငယ်ရာ"
"ရွှေကူကိုနှိပ်ဆက်ရင်လွန်းငယ်ဆီလာနေနော် လွန်းငယ်ကအမြဲကြိုဆိုပြီးသား ရွှေကူရဲ့"
ခလေးကတော့လေ ပူပူနွေးနွေးကြင်စဦးလေးကြား သွားပြီးတော့ကွာ။ သို့ပေမယ့်လဲ ခလေး၏စကားကို မည်သူမှအပြစ်မမြင် ရယ်၍သာ သဘောတွေကျနေကြတော့သည်။ ထိုထဲတွင်တော့ ဥဿာကထိပ်ဆုံးကပေါ့ဗျာ။
"အာပူကြူး"
"ရှင့်"
"ပျော်လား"
"ပျော်တာပေါ့"
ရွှေကူ့လက်ကိုကိုင်၍ ပြောနေခြင်းဖြစ်သလို ရွှေကူ့မျက်လုံးတွေကိုစိုက်ကြည့်၍လဲဖြစ်၏။
"ကိုကိုရော အရမ်းပျော်တာပဲကွာ "
ရွှေကူပြုံးနေမိသည်မှာလဲ ပြန်၍ထိုင်နေကြသည့်အချိန်ထဲကဖြစ်သည်။
"ကိုကို့ရဲ့အပျော်ဆုံးအချိန်တွေကလေ လေးကြိမ်ရှိပြီသိလားကွ"
"ဟွန်.."
သိပ်လှသည့် မျက်ဝန်းလေးက လဲ့ခနဲဖြစ်သွားသည့်အခါ ရင်တောင်တုန်သွားရသည်။
"ပထမတစ်ကြိမ်က အာပူကြူးကို ကိုကိုချစ်မှန်းသိတဲ့အချိန်"
"ဒုတိယအချိန်က အာပူကြူးဆီကအဖြေရတဲ့အချိန်"
"တတိယအချိန်က ကိုကိုလက်ထပ်ခွင့်တောင်းတာကိုလက်ခံလိုက်တဲ့အချိန် "
"ပဥ္စမက အာပူကြူးနဲ့လက်ထပ်ပွဲကျင်းပလိုက်တဲ့ အခုချိန်ပဲအဲ့တာသိလား"
သွားလေးပေါ်သည်အထိပြုံးရယ်သွားသည့်အာပူကြူးလေးကြောင့် ကွန့်မြူး၏ရင်ဘက်ကြီးထဲ ကြီးမားသည့်ငလျှင်လှိုင်းကြီးဖြတ်သန်းသွားတော့၏။ ပြင်းအားကြီးလိုက်တဲ့ အပြုံးလေးကွာ။
ရွှေကူ့လက်ကိုကိုင်ထားရာမှ ပိုမိုတင်းကျပ်၍ ဆုတ်ကိုင်လာသည်အကိုလေးက အူယားလို့ဟုဆိုလာလေသည်။
ပျော်ရလွန်း၍ အတွေးထဲ ဗလာနတ္ထိဖြစ်နေရသည့်ကွန့်မြူးမှာ မင်္ဂလာစကားပြောသည့်ဘိတ်သိတ်ဆရာ၏စကားလုံးတွေတောင် နားထဲမတိုးတော့ပြီဖြစ်သည်။
ရွှေကူလဲပျော်ရသလို အကိုလေးလဲပျော်နေမှန်း ရွှေကူသိပါသည်။
တိတ်တိတ်လေးချစ်ခဲ့ရသည့်သူ တိတ်တိတ်လေးသဘောကျရသည့်သူက ချစ်သူရည်းစားအဖြစ်အတူရှိနေခဲ့ပြီး ယခုတော့ခင်ပွန်းဆိုသည့်အရိုက်ရာကို ကျေနပ်စွာလက်ခံယူနေပြီဖြစ်သည့်ဒီနေ့လေးဟာ အဖိုးတန်လွန်းလှလေသည်။
ချစ်ရပါသည်။ သစ္စာရှိပါမည်။ ဇနီးမယား၏တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပါ့မည်ဟု ဗုဒ္ဓမြတ်စွာဘုရားကိုတိုင်တည်၍ ရွှေကူဂတိပြုပါ၏။
ချစ်ရပါသည်။ သစ္စာရှိပါမည်။ ခင်ပွန်းကောင်း၏တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ပါ့မည်ဟု ဗုဒ္ဓမြတ်စွာဘုရားကိုတိုင်တည်၍ ကွန့်မြူးဝေဂတိပြုပါ၏။
ထပ်တူညီစွာ စိတ်ထဲမှ ဂတိသစ္စာတိုင်ခဲ့သည့်သူနှစ်ဦးမှာ စိတ်ခြင်းဆက်နေ၍အလား ထူးခြားစွာဖြစ်တည်လေနေသည်။ ယခုဆို အကြင်လင်မယားအဖြစ် တရားဝင်ဖြစ်သွားကြပြီမို့ အချင်းချင်းချစ်ကြည်နူးစွာကြည့်နေကြသည့် လူနှစ်ဦးမှာ အပြုံးတွေအသက်ဝင်၍ လှပနေလေတော့သည်။
အောင်အောင်မြင်မြင်နှင့်ပြီးဆုံးသွားသည့် မင်္ဂလာပွဲလေးဟာ စိတ်ချမ်းသာမှု ပျော်ရွှင်မှုတွေလွှမ်းခြုံ၍ ပြိုင်စံရှားလှစွာ ပြီးဆုံးသွားခဲ့လေ၏။ သတိုးသားသတိုးသမီးနှစ်ဦးက အလှလေးများဖြစ်သလို နောက်မှ အဖွဲ့ညီလွန်းလှသည့်အုပ်စုကြီးကြောင့် အားလုံးရင်ထဲ တမူထူးခြားစွာမှတ်မိနေမည်တော့အမှန်ပေ။ ဓာတ်ပုံတွေလဲ စုံနေအောင်ရိုက်ခဲ့သလို မိတ်ဆွေရင်းချာတွေနှင့်အတူ အမှတ်တရတွေဖန်တီးခဲ့သည်မို့ အပျော်ရွှင်ဆုံးရှိခဲ့ပါ၏။
........
ညကျရင်ထပ်၍ ပွဲရှိသေးသည်မို့ ရွှေကူမနားရဲသေးပဲ အိပ်ချင်သည်တောင်မအိပ်ဖြစ်သေးပေ။ မဟုတ်လျှင်အိပ်ရေးမဝတာနှင့် လူကဖျားသွားနိုင်သည်မဟုတ်လား။
ကွန့်မြူးတို့ကိုပေးထားသည့်အခန်းလေးထဲ နားမနေပဲ ထိုင်၍နေသည့်ကောင်မလေးကြောင့် ကွန့်မြူးအနားသို့သွားလိုက်၏။
"နားနေလေကွာ အိပ်မယ်ထင်နေတာကိုကိုက"
"ရွှေကူအိပ်လိုက်ရင် ညနေမထနိုင်မှာဆိုးလို့"
"မထနိုင်လဲ မာမီတို့ပဲဧည့်ခံလိမ့်မယ်ပေါ့ ဧည့်သည်တွေကဒီဧည့်သည်တွေပဲ ထူးပြီးလဲပြောင်းမသွားဘူး "
"ဟယ် အကိုလေးကလဲ"
"ဟုတ်တယ် တဂယ်ဆိုရှုပ်တယ်ဒါတွေက မင်္ဂလာပွဲပဲ မနက်ကျင်းပပြီးရင်ပြီးပြီပေါ့ ဘာလို့ညနေကြီး ထပ်ပြီးပွဲလုပ်ကြမှန်းကိုမသိဘူး"
"လူကြီးတွေစီစဉ်တာပဲအကိုလေးရယ် လက်ခံရမှာပေါ့ "
"ဟုတ်တော့ဟုတ်ပါတယ် ဒါပေမယ့်အာပူကြူးပင်ပန်းနေရပြီလေ "
ရွှေကူ့မျက်နှာလေးကိုကိုင်၍ပြောလာသည့်အကိုလေးက်ို ရွှေကူရယ်ပြလိုက်သည်။
"ဟားကွာ အူယားပြီးငုံထားချင်လာပြီ"
အာပူကြူး၏ပါးလေးကို ဆွဲဖိ၍ပြောလိုက်တော့သည်။ ဒါတောင်စိတ်ထဲမှအူယား၍ အရိုးမယွဖြစ်နေတာတွေက မပြေသေးပဲ တစ်ခုခုလုပ်ချစ်နေသေး၏။ နမ်းချင်ပေမယ့်မနမ်းမိအောင် ထိန်းရသေးသည်။ တော်ကြာပင်ပန်းနေသည့်အာပူကြူးလေး ပိုပြီးအားနည်းသွားမှ ညစာငတ်ရချည်ရဲ့ဗျာ။ သို့ပေမယ့်လဲ နဖူးလေးကိုတော့ တယုတယလေးတစ်ခါနမ်းလိုက်တော့၏။
ဧည့်သည်တွေကလဲ အတော်လေးလာကြည်သည်မို့ မထိုင်ရ ရွှေကူ့မှာလေ ခြေထောက်တွေတောင်ညောင်းနေရပြီဖြစ်သည်။
ည ၁၀ နာရီထိုးတော့မည့်အချိန်လေးတွင်တော့ ကောင်မလေးကိုခေါ်၍အိမ်သို့ပြန်ခဲ့ပြီဖြစ်သည်။ မာမီတို့ကတော့ ဒီနေ့ Hotel မှာပဲအိပ်ကြမည်ဖြစ်သလို ဒီည ကွန့်မြူးတို့နှစ်ဦးသာ ထိုအိမ်တွင်ရှိကြမည်ဖြစ်သည်။ အိမ်သို့ရောက်သည်နှင့် ဒီနေ့တစ်ရက်ခြံစောင့်ရန်ခေါ်ထားသည့် ဝန်ထမ်းတစ်ဦးက တံခါးအရင်ဖွင့်ပေးလေသည်။
".အာပူကြူးခဏလေးနော်"
ကွန့်မြူးကားထိုးပြီးသည်နှင့် ထိုဝန်ထမ်းကိုပြန်ဖို့အသိပေးလိုက်ကာ ခြံတံခါးလိုက်၍ပိတ်လိုက်တော့သည်။
ရွှေကူဂါဝန်ကိုမ၍ ကားပေါ်မှဆင်းလာလိုက်တော့ ရင်ထဲတုန်လှုပ်၍နေလေတော့၏။
ရွှေကူ့ဆီအကိုလေးပို၍နီးကပ်လာလေလေ ထွက်ပြေးချင်လာလေစိတ်က ကြီးစိုးလာရသည်။
"လာလေ "
အိမ်တံခါးကိုဖွင့်၍ ရွှေကူ့လက်ကိုလာတွဲသည့်အကိုလေးကို ရွှေကူမော့ကြည့်လိုက်၏။
"ကားပေါ်မှာ အိတ်လေးကျန်ခဲ့လို့ အကိုလေးယူပေးပါ့လား"
"ဟိုအိတ်အနီလေးလား"
"ဟုတ်"
ကွန့်မြူးလဲ ကားပေါ်သို့အိတ်လေးကိုရှာကြည့်သည့်အခါ ထောင့်ကပ်နေသည့်အိတ်ရဲရဲလေးကိုတွေ့လိုက်ရသည်။ ထို့နောက်မှ ထပ်၍တွေ့ရသည်က ကောင်မလေးစီးသည့် ဒေါက်ဖိနပ်အဖြူလေးဖြစ်နေ၏။
"ဟား ဖိနပ်ကမစီးသွားဘူးလားကွာ"
အိမ်ထဲဝင်လာသည်နှင့် တိတ်ဆိတ်၍နေလေ၏။ ကောင်မလေးကိုလဲမတွေ့တော့ပြီမို့ အိမ်ပေါ်တတ်ခဲ့လိုက်ရာ မင်္ဂလာဦးညဖြတ်သန်းဖို့စီစဉ်ထားသည့် ကွန့်မြူး၏အခန်းရှေ့လေးသို့ရောက်လာတော့၏။ ထိုအခန့်ရှေ့လေးတွင် ကွန့်မြူးတော်တော်နှင့်မဝင်သေးပဲ စိတ်လှုပ်ရှားနေ၍ အသက်ရူသံမှန်မှန်လေးနှင့် စိတ်ငြိမ်အောင်ထားနေရလေသည်။
"ဟူး... စိတ်လျှော့စမ်း "
လေကသိုင်းတွေပါရှုမှတ်၍ ခုန်နေသည့်နှလုံးခုန်နှုန်းကို ငြိမ်အောင်လုပ်နေရသည့်ကွန့်မြူးမှာ ချွေးတောင်ထွက်လာရတော့သည်။
မင်္ဂလာဦးညပါလားဟုပြန်တွေးမိတိုင်း လူကလေပေါ်မြောက်တတ်၍ နေမထိထိုင်မသာနှင့်ရှိနေရသည့်ကွန့်မြူးမှာ စိတ်ကိုတင်း၍ အခန်းထဲမျက်လုံးစုံမှိတ်ဝင်ခဲ့လိုက်၏။
အလှပဆုံးပြင်ဆင်ထားသည့် ကုတင်မွေ့ယာကြီးဟာ ရင်သက်ရှုမောဖွယ်ကောင်းလှလေသည်။ သို့ပေမယ့် အာပူကြူး၍အရိပ်ယောင်တောင်မရှိသည့်အခန်းကြီးက ထူးဆန်း၍နေလေ၏။
"အာပူကြူး.. အာပူကြူး ရေချိုးခန်းမှာလားကွ"
ကွန့်မြူးနှုတ်မှမေးမိသလို ရေချိုးခန်းတံခါးကိုလဲခေါက်ကြည့်မိ၏။ ဘာသံမှမပေးသည့်အဆုံး ဖွင့်ကြည့်မိတော့လဲ မတွေ့ အခန်းထဲထောင့်စေ့အောင်ထိ အဝတ်ဗီရိုတွေထဲထိလိုက်ရှာပြီးသည့်အဆုံး ဤအခန်းထဲတွင် အာပူကြီးရှိမနေကြောင်း အတည်ပြု၍ရခဲ့ပြီဖြစ်သည်။
"အခန်းများလွဲသွားသလားကွာ "
ကောင်မလေး၏အခန်းတွင်ထင်၍ ထပ်လိုက်ရှာပေမယ့်လဲမတွေ့သည့်မို့ စိတ်တွေပူလာရသည်တော့အမှန်ပေ။
"ကောင်မလေး ကောင်မလေး .."
အော်ခေါ်မိသည့်ကွန့်မြူး၏အသံသည် တံခါးပိတ်ထားသည့် အိမ်ကြီးအတွင်းဟိန်း၍သွားလေ၏။ သို့ပေမယ့်တစ်ဖက်ကအသံလုံးဝမထွက်လာသည်မို့ အိမ်ပေါ်နှင့်အိမ်အောက်ကို ထပ်ခါထပ်ခါတက်ဆင်း၍ ရှာနေရသူမှာကွန့်မြူးသာဖြစ်၏။
မာမီတို့၏ အခန်းမှာလဲသော့ခတ်ထားသည်ကြောင့် အိမ်ပြင်များထွက်သွားသလားဟုတွေး၍ အိမ်ပြင်တောင်ထွက်ရှာမိပြန်၏။
"ဟား အိမ်တံခါးက သော့ခက်ထားတာလေ ပြီးတော့သော့ကငါ့အိတ်ကပ်ထဲမှာလေကွာ ဘယ်လိုလုပ်အပြင်ထွက်တာဖြစ်နိုင်ပါ့မလဲ"
တွေးမိသည့်အတွေးကြောင့် အိမ်ထဲပြန်ဝင်ခဲ့သည့်ကွန့်မြူးမှာ မာမီတို့ဆီဖုန်းဆက်ရန်သာတတ်နိုင်တော့၏။
"ဟေ သမီးကဘယ်လိုဖြစ်လို့ပျောက်သွားတာလဲသားရဲ့"
"ကျွန်တော်လဲမသိဘူးမာမီ အိမ်ထဲဝင်သွားတာတော့သေချာတယ် ဒါပေမယ့်မတွေ့ဘူးဗျ "
"သားရယ် ထပ်ရှာကြည့်ပါအုံး "
"မတွေ့တာသေချာတယ်မာမီရာ ကောင်မလေးတစ်ခုခုများဖြစ်နေသလားမသိဘူး "
"မေမေတို့လာခဲ့မယ် သားခဏတော့ထပ်ရှာထားလိုက်အုံး"
ဖုန်းလေးကျသွားသည့်အခါ ချွေးတွေစိုနေသည့်အင်္ကျီကြီးနှင့် လှေခါးလက်ရန်းကိုကိုင်၍ ကွန့်မြူးကိုယ့်ကိုအပြစ်တွေတင်နေမိ၏။ အာပူကြူးသာတစ်ခုခုဖြစ်သွားခဲ့ရင် ကိုယ်ရင်ကျိုးရမှာကွ။
ရွှေကူဂါဝန်ကြီးကိုမ၍ တစ်ရွေ့ရွေ့နှင့်အကိုလေးဆီသို့လျှောက်လာခဲ့မိ၏။ ရွှေကူနှင့်အတူ ကြောက်စိတ်တစ်ချို့လဲ အတူပါလာခဲ့လေသည်။
ကွန့်မြူးစိတ်ထဲတစ်မျိုးဖြစ်နေ၍ နောက်လှည့်ကြည့်မိတော့ အပြာရောင်ဂါဂန်လေးမထားကာ မျက်နှာငယ်လေးနှင့်ရပ်နေသည့်အာပူကြူးလေးကို မှော်ဆန်စွာပင်တွေ့လိုက်ရ၏။
ကွန့်မြူးလဲပြေး၍ အာပူကြူးကိုဖက်ထားလိုက်သည့်အခါတိုင် စိတ်ကမငြိမ်သေးပဲ ပူနေရဆဲပဲဖြစ်သည်။
"ဘယ်ရောက်နေတာလဲကွာ ကိုယ်လိုက်ရှာနေတာလေ"
အကိုလေးအသံကတုန်နေသည့်အခါ ရွှေကူလဲစိတ်မကောင်းဖြစ်မိ၏။ ချွေးတွေနှင့်အကိုလေးနှင့်အတူတူလောက်ပင် ရွှေကူလဲချွေးတွေပျံနေရတော့သည်။
"ရွှေကူကပုန်းနေတာ"
ဖတ်ထားသည့်ကောင်မလေးကို ခဏခွာ၍ကြည့်မိတော့ မျက်လုံးလေးကတောင်းပန်နေသည့်ပုံစံလေးကြည့်လာလေသည်။
"ဘယ်လို"
"အွန်း ဟိုခုံအောက်မှာပုန်းနေတာ"
ဝရံတာမှ စားပွဲခုံကိုလက်ညိုးထိုးပြ၍ ဆိုလာလေသည့်အခါ ကွန့်မြူးစိတ်တော့သက်သာသွားရ၏။ ဟုတ်သားပဲ အဲ့အောက်ကလူတစ်ယောက်ဝင်ပုန်းရင်တောင် အသာလေးရတာကို မေ့နေလိုက်သေးတာကွာ။
"ကိုယ်ရှာနေတာကိုမတွေ့ဘူးလား.
"တွေ့ ..တွေ့ပါတယ်"
"ဘာလို့ထွက်မလာတာလဲအာပူကြူးရယ် ဒီမှာရင်တွေပူနေရတာလေကွာ"
"ကြောက်လို့ "
"ဘာကိုလဲ"
"အကိုလေးကိုကြောက်လို့"
"ဘာကိုကြောက်တာလဲသေချာပြောလေ"
ရွှေကူ အကိုလေးကိုမကြည့်တော့ပဲ မျက်လွှာကိုချလိုက်၏။
"ဟို အကိုလေးမဟုတ်တာလုပ်မှာကြောက်လို့"
ကောင်မလေး၏အဖြေကြောင့် ကွန့်မြူး ရယ်ရခက်ငိုရခက်ဖြစ်သွားရသည်။ သို့ပေမယ့် ထိုအဖြေကိုတော့မကြိုက်ပေ။
"ဒီနေ့ကမင်္ဂလာဦးညဆိုတာသိတယ်မလား"
"ဟုတ်"
"အဲ့တာကိုဘာလို့ပုန်းရတာလဲအာပူကြူးရ "
"ကြောက်လို့ပါဆို"
ရွှေကူအသံလေးနဲနဲမာ၍ပြောလိုက်တော့သည်။ ဟုတ်တယ် ကြောက်လို့ပုန်းပါတယ်ဆို ဘာလို့ပုန်းတာလဲမေးနေသေးတယ်။
"ကိုယ်ကကြောက်ဖို့ကောင်းတယ်ပေါ့"
လူကိုပြုံးစပ်စပ်မေးလာသည်ကြောင့် မျက်စောင်းတစ်ချက်ထိုးပစ်လိုက်သည်။
ပခုံးလေးကိုဖိကိုင်ရင်းမှ လက်ခလေးကိုဆွဲယူ၍ ဆုတ်ကိုင်ထားမိ၏။ လက်ခလေးကသိသိသာသာအေးနေသည်ကိုသိရတော့ တဂယ်ကြောက်နေတာပါလားဟု တွေးမိ၏။
"အကိုလေး "
"အင်း"
"ဂတိသုံးခုကျန်သေးတာလေ"
"ဟေ့ဟေ့ မရဘူးလေ အဲ့ဂတိကဒီနေရာမှာအသုံးမဝင်ဘူးလေ"
အတ္တကြီးစွာ ကွန့်မြူးတားလိုက်မိ၏။
"ရမလား အကိုလေးကိုအဲ့နေ့ထဲကပြောတာရောဘယ်နေရာဘယ်အချိန်ပဲဖြစ်ဖြစ် ရွှေကူတောင်းဆိုရင်ဖြည့်ဆည်းပေးရပါမယ်လို့ တစ်ခါထဲပြောတယ်လေ"
"အဲ့တာကအဲ့တာလေကွာ ဒါကဒါလေ"
ငိုတောင်ငိုချင်လာရတော့သည်။ ဒီဟာလေး အခွင့်ရေးကို ကောင်းကောင်းကြီးအသုံးချနေတာပဲကွာ။
"အကိုလေးဂတိကိုဖျက်လို့မရဘူးနော် "
ခေါင်းမာလိုက်သည့်ကောင်မလေး။
"ဟားကွာ အာပူကြူးရာအဲ့လိုမလုပ်ရဘူးလေ ကိုယ့်ကိုမကြောက်နဲ့လေ ဒါကဓမ္မတာလေကွာ ကြောက်စရာမှမဟုတ်တာ"
"ဟင့်အင်း ဂတိကိုဖြည့်ဆည်းပေး ရွှေကူ့ကိုဘာမှမလုပ်ရဘူးနော် "
အကိုလေးပုံစံက ခြေထောက်တွေတောင်ဆောင့်၍ နှာခေါင်းတွေတောင်ရှုံ့၍နေလေ၏။ ရွှေကူ့ဘက်ကလဲ အလျှော့ပေးဖို့အစီစဉ်မရှိသည်မို့ ရွှေကူတင်းခံထားမိ၏။
"ပေးမှာလား"
"အာပူကြူးရာ "
မျက်လုံးဝိုင်းလေးက ကွန့်မြူးကိုကြည့်လာသည့်အခါ မငြင်းရက်တော့ပေ။
"ရွှေကူကဂတိဖျက်တဲ့လူဆိုမချစ်ဘူးနော် "
ခလေးလားကွာ။ ခြိမ်းခြောက်ပုံကြီးကလဲ။
"ဒီနေ့တစ်ရက်ထဲနော်"
"ရွှေကူအဆင်သင့်ဖြစ်မှလေ အကိုလေးစောင့်ပေးမယ်မလား"
လူကို အမျိုးမျိုးကွာ။ အော်ပြီးမာန်မဲလိုက် အခုလဲလာချွဲလိုက်နဲ့ အမလေး ရူးတောင်ရူးချင်လာပြီကွာ။ ဒါပေမယ့် အာပူကြူးလေးကြောက်နေသည်ကိုလဲ ခံစားမိပါသည်။ ကြောက်လို့ဒီလိုနည်းမျိုးစုံနဲ့ မင်္ဂလာမဦးအောင်စီစဉ်နေတာသိသာတယ်လေကွာ။ လက်ဖျားတွေရောအေးလို့ အသံလေးကလဲတုန်လို့နဲ့ အာပူကြူးလေးကတော့လေ။ကိုယ်တိုင်ကလဲ ဂတိပေးထားသူဖြစ်သလို အဆင်သင့်မဖြစ်သေးသည့်အာပူကြူးလေးကြောင့် အတင်းလဲမယူချင်သည်ကြောင့် ကွန့်မြူးဘက်ကသဘောတူလိုက်ရ၏။ ဘယ်နေ့အထိလဲမေးရင် ကြည်ဖြူပြီးခွင့်ပြုတဲ့နေ့အထိပေါ့ဗျာ။
"မာမီတို့ကလာမလို့ပြင်နေပြီသားရဲ့ သမီးလေးကတစ်ဂယ်တွေ့တာလား"
"မာမီ့သမီးကပုန်းနေတာတဲ့မေမေရေ ခုံအောက်မှာဝင်ပုန်းနေလို့ကျွန်တော်မတွေ့တာ"
"ဟေ "
မာမီတို့တော့ရယ်နေကြလောက်ရောပေါ့။ မင်္ဂလာဦးညမှာ သတိုးသမီးပျောက်လို့ ခေါင်းတောက်အောင်ရှာလိုက်ရသည့်ကွန့်မြူးအဖြစ်ကိုတွေးပြီး အော်ရယ်နေမှာမြင်ယောင်မိ၏။
"ဟားဟား ..သမီးကပုန်းနေတာတဲ့အကိုရေ အမလေး ဒီခလေးမလွယ်ဘူး"
ထင်သည့်အတိုင်းပင် ဒေါ်မာအော်၍ရယ်နေလေ၏။
"ဝင်ပါဗျာ ဘာမှမလုပ်တော့ပါဘူးလို့ ဂတိလဲပေးပြီးပြီလေ "
"အခန်းကခွဲအိပ်လို့မရဘူးလား"
"ဒေါ်ရွှေကူ"
"ရှင်"
"ဒီနေ့လေးပဲ ပူပူနွေးနွေး ယောက်ျားယူထားတယ်ဆိုတာလေးလဲ သတိရပေးပါအုံးလားဗျာ"
"ရွှေကူသတိရပါတယ်"
"အဲ့တာဆိုလဲဝင်လေဗျာ "
မယုံသေးသလိုနှင့် ဂါဝန်ကြီးမပြီးမရဲတရဲကြည့်လာသည့်အာပူကြူးကြောင့် ကွန့်မြူးကသာစိတ်ကိုလျှော့ရတော့၏။ ယခုမှဖိနပ်မစီးသွားတာကိုသတိရ၍ ဂါဝန်မ ထားသည်ကိုငုံ့ကြည့်မိတော့ ထင်သည့်အတိုင်းခြေဗလာလေးဖြစ်နေလေသည်။
"ကိုယ့်ကိုကြောက်လို့ဖိနပ်တောင်မစီးသွားဘူးပေါ့လေ"
ရွှေကူခြေထောက်လေးတွေကုတ်၍ ခြေချောင်းလေးတွေကို ဂါဝန်နှင့်ဖုံးလိုက်မိသည်။
"ရော့ အအေးမိမယ် ဒါလေးစီးထား"
အကိုလေးစီးထားသည့်ဖိနပ်ကိုချွတ်ပေးသည့်အခါ ရွှေကူစီးလိုက်သည်။ ဆိုက်ကွာသည်ကြောင့် ရွှေကူ့ခြေထောက်နှစ်ခုစာလောက်ရှိသည့်ဖိနပ်ကြီးဟာ ရွှေကူ့အတွက်တော့လေးလှ၏။
"အာပူကြူးဘက်ကခွင့်မပြုရင် ဘာမှမဘာဘူးစိတ်ချ ဒါပေမယ့်ကိုယ်တို့က အခုလင်မယားတွေဖြစ်သွားပြီလေ တစ်ခန်းထဲတော့အိပ်သင့်တယ်မထင်ဘူးလားကွ ဟမ်.."
အကိုလေးကိုယုံသည်မို့ ရွှေကူခေါင်းညိမ့်လိုက်၏။
"ဟုတ် အဲ့တာဆိုလဲ အရင်ဝင်လေ"
အော် ဒီဟာလေးနဲ့တော့လေ။ အခန်းထဲတောင် အရင်ဝင်ပါနှင့်တိုးနေသေးကွာ။
ပထမတစ်ခေါက်ဝင်ခဲ့သည့်အချိန်တုန်းကတော့ စိတ်လှုပ်ရှားမှုတွေ ရင်ခုန်သံတွေနှင့်စုံညီ၍ဝင်ခဲ့ပေမယ့် ယခုအခေါက်လေးတွင်တော့ ထိုအရာတွေအလျင်းမရှိတော့ပဲ ထပ်၍ဝင်ခဲ့ရလေ၏။ လှလှပပ ခင်းကျင်းထားသည့် မွေ့ယာကြီးကိုမြင်တော့လဲ ရင်ခုန်ခြင်းမရှိတော့သလို ကောင်မလေးကိုလဲအပြစ်မမြင်ရက်ပေ။ သူလေးလဲ ကြောက်ရှာမှာပေါ့လေ။ ကိုယ်လိုအရိုင်းတုန်းမဟုတ်ပဲ အဖြူထည်လေးမဟုတ်လား။
အခန်းအပြင်ဆင်၍ကြည့်မိတော့ ရွှေကူမျက်နှာလေးပူသွားရ၏။ ရှက်လာသည့်စိတ်ကြောင့် အင်္ကျီကြီးကိုချေဖိနေမိသလို အကိုလေးကိုလဲမကြည့်ရဲတော့ပေ။
"ရေအရင်ချိုးလိုက်နော်နောက်ကျနေပြီလေ "
"ဟုတ် "
ဂါဝန်ရယ် ဖိနပ်ကြီးရယ်နှင့် လေးကန်စွာရေချိုးခန်းထဲဝင်သွားသည့်အာပူကြူးကိုကြည့်၍ အူတော့ယားမိသည်။
ဂါဝန်ကြီးမပြီး ပြန်ထွက်လာသည့်အာပူကြူးက ကွန့်မြူးရှေ့သို့လာရပ်လေ၏။
"ဘာဖြစ်လို့လဲ "
"အင်္ကျီမချွတ်တတ်လို့ အဲ့တာချွတ်ကူပါ့လား "
ဘယ်လိုလေးလဲကွာ။ အတူနေဖို့တော့ ငြင်းဆန်တယ် အင်္ကျီကျတော့လာချွတ်ခိုင်းရတယ်လို့ကွာ။
ကျောလယ်မှ ဇစ်ခလေးကို မမှီ၍ထင်ပါသည် နောက်ကျောလေးလှည့်ပေးလာလေ၏။ မြတ်နိုးရသည့်ကျောပြင်လေးက သိပ်လှပါသည်။ ဖြူဖြူဖွေးဖွေးအသားလေးကရော မက်မောစေပါသည်။
"ရွှေကူမကြာပါဘူး ခဏလေးပဲ "
"အွန်း.."
လက်တစ်ဖက်က ရင်ဘက်လေးကိုဖိ၍ နောက်တစ်ဖက်ကဂါဝန်ကြီးကိုမကာ ရေချိုးခန်းထဲဝင်ခဲ့လိုက်သည့်အချိန် ညအိပ်ဝတ်အင်္ကျီဆင်တူလေးနှစ်စုံကိုတွေ့လိုက်ရသည်။ ရွှေကူအစောကဘာလို့မမြင်မိပါလိမ့်ဟုတွေး၍ ကြည်တော့နူးရသေး၏။
ဆံပင်တွေလဲစေကပ်နေသည်ကြောင့် ရွှေကူခေါင်းပါလျှော်လိုက်မိသည်။ အဆင်သင့်ချထားသည့် ညအိပ်ဝတ်စုံလေးဝတ်၍ ခေါင်းကိုတဘက်နှင့်ပေါင်း၍ ထွက်လာခဲ့တော့ အကိုလေးကချက်ချင်းအနားရောက်လာလေသည်။
"ခေါင်းဘာလို့လျှော်ရတာလဲကွ အအေးမိတော့မှာပဲ"
စိုးရိမ်လွန်းသည့်အကိုလေးက ရွှေကူ့ကိုမှန်တင်ခုံရှေ့ခေါ်လာကာ ခေါင်းကိုအရင်သုတ်ပေးလေသည်။ ပါးစပ်ကလဲ ဂရုမစိုက်၍ဆူနေသလို ကိုယ်တိုင်ကလဲ Dryer တွေမှုတ်ပေး၍နေလေ၏။ အကိုလေးကိုကြည့်၍ ရွှေကူ့မှာတော့ပြုံးနေမိသလို အချစ်တွေလဲပိုနေရတော့သည်။
ကွန့်မြူးရေချိုးရင်း တစ်ချက်တစ်ချက်ထထရယ်နေမိ၏။
"ဟာသလေးကွာ။ ဒိအကွက်တွေကြိုမြင်လို့ ဂတိတောင်းတာပေါ့လေ။ ဉာဏ်ကြီးရှင်မလေးပဲကွ"
တစ်ယောက်ထဲ ပြော၍ ရယ်နေမိသည့်ကွန့်မြူးမှာ မှန်ကြီးကြည့်၍ဖြစ်၏။
မင်္ဂလာကုတင်ကြီးထက် လူနှစ်ယောက်အတူအိပ်နေပေမယ့် တစ်ယောက်ကလဲ ဆန့်ဆန့်ကြီးနှင့် တစ်ယောက်ကလဲ ကျောပေး၍ကွေးကွေးလေးအိပ်နေလေ၏။ နှစ်ယောက်လုံးကတော့ အိပ်၍မပျော်ကြသေးသလို စကားလဲမပြောကြသေးသည်မို့ တိတ်ဆိတ်၍နေလေ၏။
"ရွှေကူတောင်းပန်ပါတယ်နော်"
ရွှေကူက စည်းမျဉ်းကြီးခြားထားသူမို့ အကိုလေးဘက်ကစ၍မဖက်သည်ကိုနားလည်သည်မို့ ရွှေကူကအရင်အကိုလေး၏ခါးကိုဖက်လိုက်၏။
"မလိုပါဘူးအာပူကြူးရယ် တောင်းပန်စရာမှမလိုပဲ"
"စိတ်မဆိုးဘူးလားဟင်"
"နဲနဲလေးမှကိုစိတ်မဆိုးဘူး"
"ဘာဖြစ်လို့လဲ"
"ချစ်လို့ပေါ့ အာပူကြူးကိုချစ်လို့ပေါ့ကွ "
အကိုလေး၏အဖြေက ရိုးရှင်းလှသည်။ ချစ်၍တဲ့လေ။
"ချစ်လို့လက်ထပ်ယူခဲ့တယ် အခုဆိုကိုယ့်အပိုင်ဖြစ်နေပြီလေ ဘာလို့လောရမှာလဲကွ အာပူကြူးကိုမြတ်နိုးတယ် အထိတွေ့တစ်ခုစီတိုင်းကကိုယ့်အတွက်အရေးပါအဖိုးတန်ပြီးသားလေ "
ရွှေကူ့ကိုပြန်ဖက်၍ပြောလာသည့်အကိုလေးကြောင့် ယခုဆိုအကိုလေး၏လက်မောင်းကိုခေါင်းအုံး၍ အကိုလေးရင်ခွင်ဆီရွှေကူမျက်နှာအပ်ရက်လေးဖြစ်နေသည်။
"လင်မယားအရာမမြောက်သေးလဲဘာဖြစ်လဲ အဲ့အရာကြီးကိုရမှ အာပူကြူးကိုပိုင်တယ် ပိုချစ်တယ်လို့မှမရှိပဲကွ အခုလဲပိုင်နေတာပဲလေ အခုလဲချစ်နေတာပဲလေ"
"အကိုလေး"
"ကိုယ်တို့ကအခုဆိုအိမ်ထောင်သည်တွေဖြစ်ပြီလေ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေအပြည့်နဲ့ရှေ့ဆက်ရမယ့်အချိန်ရောက်ပြီလေ "
"ဟုတ် "
"မှတ်ထားနော် ဟော့ဒီ့က ကိုကိုက အာပူကြူးနဲ့ဆို တစ်သက်လုံး ဥပုသ်စောင့်ရလဲဖြစ်တယ်"
လေသံခပ်အေးအေးနှင့်ပြောလာသည့်အကိုလေး၏စကားကိုရွှေကူနားထောင်ရင်း အကိုလေးအပေါ်အချစ်တွေတိုးနေရတော့သည်။
"စိတ်ချလက်ချအိပ် ကိုယ့်ကိုယုံတယ်မဟုတ်လားကွ"
"ဟုတ် ယုံတယ် "
သိပ်မြတ်နိုးရသည့်ပုလဲဥလေးက ကွန့်မြူးကို ပါးလေးတစ်ချက်နမ်းလိုက်လေ၏။ ဖြူစင်လိုက်တာအာပူကြူးရယ်။
"ရွှေကူအဆင်သင့်ဖြစ်တဲ့တစ်နေ့အသိပေးမယ်နော်အကိုလေး အခုကလေ ကြောက်နေလို့"
"ဟုတ်ပြီဗျာ နောက်ကျနေပြီ အိပ်ကြမယ်နော် တော်ကြာအိပ်ရေးပျက်ပြီးဖျားသွားလိမ့်မယ်"
"ဟုတ်"
နဖူးကျဉ်းလေးကို ငုံ့နမ်းလိုက်တော့ မေ့ာ၍ရယ်ပြလာလေသည့် အာပူကြူးလေး၏အလှက သိပ်ကိုကဗျာဆန်လေသည်။
အကိုလေးခါးကိုဖက်ထားကာ အကိုလေး၏လက်မောင်းကိုခေါင်းအုံးအိပ်၍ အကိုလေးရင်ခွင်ထဲရောက်နေသည့် ထိုအချိန်လေးတွေဟာ ရွှေကူ့အတွက်လုံခြုံနွေးထွေးလှသည်ဟုခံစားရစေသည်။ နားလည်မှုအပြည့်ရှိသည့်အကိုလေးကိုပိုင်ဆိုင်ရ၍ ပျော်မိသလို ကံကောင်းသည်ဟူ၍လဲခံစားရစေသည်။
အချစ်က အချစ် sex က sex ကိုယ်ခွဲတတ်ပါတယ်အာပူကြူးရယ်။ အရင်ကတောင် မထိရက်မကိုင်ရက်လို့ တစ်ခါတစ်လေနမ်းဖို့တောင် တွန့်ဆုတ်မိတဲ့ကိုယ်က အခုလိုကိစ္စကြီးကို အတင်းတောင်းဆိုပြီးယူမတဲ့လား။
မင်္ဂလာဦးညဖြစ်တော့လဲဘာအရေးလဲ ကိုယ့်စိတ်ကိုကိုယ်နိုင်တာပဲလေ ဘာခက်ခဲနေလို့လဲ။ ကိုယ်သာယာဖို့ထက် အာပူကြူးရဲ့မျက်နှာငယ်နဲ့တုန်လှုပ်နေပုံလေးကို ပိုပြီးအလေးထားလို့ ကိုယ်ဂတိပေးခဲ့တာပေါ့ကွ။
ကွန့်မြူးဝေက အရင်ကအသားမရွေးတဲ့ကျားပေမယ့်လဲ အခုတော့ အသားရွေးရုံတင်မဟုတ်ဘူး အသားမစားတတ်တဲ့အဆင့်တောင်ရောက်လာခဲ့ပြီမဟုတ်လား။
ယောက်ျားလေးနဲ့မိန်းခလေး အားချင်းမမျှတာအသိသာကြီးပေမယ့် အားသုံးဖို့လဲစိတ်ကူးမရှိ အတင်းတောင်းဆိုဖို့လဲ အတွေးမရှိပေ။ နောက်တော့ အဲ့နေ့ရောက်လာမှာပဲလေကွာ ဘာတွေကြောင့်လောနေရအုံးမှာလဲ။
ယောက်ျားတစ်ယောက်ကချစ်ရင် အရာရာပြောင်းလဲပြီး အကောင်းဆုံးချစ်တတ်တယ်တဲ့။ ကိုယ့်အချစ်က လူမြင်ကွင်းမှာပဲချစ်တတ်တာမဟုတ်ဘူးကွ လူသူမမြင်တဲ့နှစ်ယောက်ထဲကမ္ဘာမှာလဲ အကောင်းဆုံးနဲ့ အလှပဆုံးချစ်တတ်တယ်ဆိုတာ ကောင်မလေးသိသွားရင်ကျေနပ်ပါပြီကွာ။
တစ်ချို့ခံယူချက်တွေက ထုတ်ပြဖို့ထက် ရင်ထဲသိမ်းဆည်းထားပြီး ဖြည့်ဆည်းပေးဖို့သာအရေးကြီးဆုံးမဟုတ်လား။
"အကိုလေး"
"ဟွန်"
"ရွှေကူ့ကိုအများကြီးချစ်တာလား"
"ချစ်တာပေါ့ကွ"
"ရွှေကူလဲအများကြီးချစ်တယ်ဆိုတာယုံလား"
"ယုံတယ် ချို့ယွင်းချက်မရှိအောင်ကိုယုံတယ်"
ထိုအဖြေလေးကြောင့် တစ်ခစ်ခစ်နှင့်ရယ်လေသည့်ကောင်မလေးက ပျော်လို့ဟုဆိုလာလေသည်။
လုံလောက်ပြီ တစ်ဘဝလုံးပုံပေးရလောက်တဲ့အထိ အကြွင်းမဲ့ကိုလုံလောက်ခဲ့ပြီဖြစ်သည်။
"အကိုလေး"
"ဗျာ့ "
"ရွှေကူတို့ရွာမှာမင်္ဂလာဆောင်ကြအုံးမှာမလား"
"အွန်းလေ"
"အဲ့ကျရင်ရွှေကူခွင့်ပြုမယ်နော်"
"အာပူကြူးရယ်..."
ဖက်တွယ်ထားသည့်လက်တစ်စုံက လုံခြုံမှုအပြည့်အဝပေးနိုင်သလို မှီတင်းထားသည့် ခန္ဓာကိုယ်တစ်စုံမှာလဲ ထိုလက်တစ်စုံကိုသာ ယုံကြည်သက်ဝင်ချစ်မိပါ၏။
အချစ်က ဘာလဲဟုမေးလျှင် နားလည်နှင့်ရယူလိုခြင်းကင်းမဲ့ခြင်းပေါ့။
ဒါဟာ ကွန့်မြူးဝေဆိုသူနှင့် ရွှေကူဆိုသည့်သူမလေးအတွက် သီးသန့်ခံယူချက်လေးသာဖြစ်၏။
ချစ်၍ယူသည်ပဲဖြစ်ဖြစ် မိဘပေးစား၍လက်ထပ်ယူသည်ပဲဖြစ်ဖြစ် အိမ်ထောင်သည်ဘဝရောက်သည်နှင့် အမျိုးသမီးဇနီးမယားများကို တန်းဖိုးထားဆက်ဆံစေလို၏။
ကိုယ်ပိုင်လိင်လုပ်သားအဖြစ်မဟုတ်ပဲ မိမိ၏ကြင်ဖက် ဖူးစာဖက် ဆိုးတူကောင်းဖက် ဇနီးမယားကြင်သူအဖြစ် နူးနူးညံ့ညံံ့လေးသာမြင်စေချင်၏။
အိမ်ထောင်ရှိအမျိုသား ကောင်းမကောင်း သူ၏ဇနီးသည်ကိုကြည့်လျှင် သိနိုင်သည်ဟူသောစကားလဲရှိဖူးပါ၏။ မိမိ၏အမျိုးသမီးသားမယားကို တန်ဖိုးထားတတ်ကြပါစေ။ အိမ်ထောင်ရှိအမျိုးသမီးများ အိမ်ထောင်ကောင််းကိုပိုင်ဆိုင်၍ ပျော်ရွှင်သည့်မိသားစုအသိုက်မြုံလေးကို ရရှိပါစေဟုဆန္ဒပြုလျှက်......
ကျေးဇူးတင်ပါသည်။
Author note
စိတ်တိုင်းမကျမှုတစ်စုံတစ်ရာရှိခဲ့လျှင် ဖြည့်ပြီးဖတ်ပေးဖို့ပြောချင်ပါတယ်ရှင့်။
အလှပဆုံးမရှင်သန်ရပေမယ့်လဲ အလှပဆုံးပွင့်လန်းခဲ့တဲ့ပန်းလေးဖြစ်တဲ့ရွှေကူလေးတို့ကို နှုတ်ဆက်လိုက်ပါပြီနော်။
အကောင်းဆုံးပွင့်လန်းပြီး အကောင်းဆုံးရှင်သန်ပါကလေးရေ။
ဇာတ်သိမ်းထိလိုက်ပါပေးတဲ့အသဲတို့ရေ မကြိုးကကျေးဇူးတင်ပါတယ်နော်။ ဇာတ်သိမ်းထိဖတ်ပြီး သဘောရောတွေ့ကြရဲ့လား။ ဇာတ်လေးသိမ်းပြီဆိုတော့ အမှတ်တရလေးတစ်ခုလောက်ပြောခဲ့ပေးနော် မကြိုးအတွက်အားဆေးအထောက်ကူလေးရချင်လို့ပါ။
အော် Extra လေးနှစ်ပိုင်းကို မနက်ဖြန်တင်ပေးပါမယ်နော်။
Words 2071
8.12.2023 5:35pm
ဆက်လက်ကြိုးစားသွားပါမည်။