ရစ်အိမ်တော်၏ မြေအောက်ခန်းရဲ့ အစည်းအဝေး ထိုင်ဖို့အတွက်လုပ်ထားသော အခန်းထဲ၌ လူခြောက်ယောက်က စားပွဲခုံပတ်လည်တွင် ဝိုင်းထိုင်နေကြပြီး တစ်ခုခုကို ဆွေးနွေးနေကြသည်၊၊ တစ်ခန်းလုံးမှာ မီးအလင်းရောင်မှိန်ပြပြအရောင်သာရှိပြီး အနည်းငယ်မှောင်ရိပ်ကျ၏၊၊ တစ်ယောက်တစ်မျိုး ထင်မြင်ချက် အကြံအစည် တွေနဲ့ ဆွေးနွေးနေကြသည်မှာ အချိန်တော်တော်ကြာနေခဲ့ပြီ၊၊
" ရိုင်းစက်မာန် ပြောတဲ့အတိုင်းဘဲလုပ်ကြတာပေါ့"
"ဒါဆို တည်နေရာအတိအကျကို ဒင်ဒင်ကိုလှမ်းမေး လိုက် မာလင် "
ဒင်ဒင်က ခွန်းကမ္ဘာရန်နိုင်ရဲ့ လူတွေထဲ ရုပ်ဖျက်ပြီး ဖောက်ဝင်ထားသည်မို့ တည်နေရာအတိအကျကို ဒင်ဒင်ကိုမေးမှရမည်၊၊ အဆက်အသွယ် လည်းမပြတ်တာမို့ သိပ်တော့စိတ်မပူရ၊၊ လူအင်အားကလည်း 50 လောက်ဘဲရှိသည်ကို သိထားသည့်ကြောင့် ရိုင်းတို့ဘက်က လိုအပ်သည့်ပြင်ဆင်မှု များကို ကြိုလုပ်လို့ရသည်၊၊ သို့ပေမဲ့ ခွန်းညီလွန်းရန် ကို ဘယ်နေရာမှာ ထားလဲဆိုတာ အခုထိဒင်ဒင်ကမသိရသေးတာမို့ ရိုင်း ခိုးဝင်ပြီးလူကယ်ဖို့တော့ နည်းနည်းခက် နေသည်၊၊
" Boss ဒင်ဒင်က တည်နေရာပို့ပေးလာပါပြီ၊၊ သူပို့တဲ့တည်နေရာက ဆိပ်ကမ်း တစ်ခုမှာပါ"
"ဘာပြောသေးလဲ"
"ဒီည 12 မှာ သင်္ဘောစထွက်လိမ့်မယ်၊ ဘယ်ဆီကိုဦးတည်နေလဲတော့မသိရဘူး၊၊ သင်္ဘောရဲ့ အောက်ဆုံးထပ်က အခန်းမှာ အစ်ကိုလေးရန်ကို ဖမ်းထားတယ်၊၊ သင်္ဘော ကုန်းပတ်ပတ်လည်မှာ အစောင့် 30 လောက် ချထားတယ် အတွင်းပိုင်းမှာလည်း အစောင့်တွေ ရှိသေးတယ် ၊ သင်္ဘော အပေါ်ထပ် အခန်းက ခွန်းကမ္ဘာရန်နိုင်နေတဲ့အခန်း၊ အရေးကြီး ဆုံးတစ်ချက်က သင်္ဘောတစ်စီးလုံးကို ဗုံးဆင်ထားတယ်၊၊ သတိထားဖို့လိုလိမ့်မယ် "
မာလင်ဖတ်ပြသော ဒင်ဒင်ဆီမှ ပို့လိုက်သောစာကို အခန်းထဲမှလူတွေက ငြိမ်ပြီးနားထောင်နေကြသည်၊၊ စာဖတ်ပြလို့ပြီးတဲ့အထိ တစ်ယောက်မှ စကားမစကြ၊၊ အတော်အတန် ကြာသည်အထိ တိတ်ဆိတ်နေကြသည်၊၊
"ဗုံးဆင်ထားတယ်ဆိုကထဲက ငါတို့သွားတိုက်ရင် နှစ်ဦးနှစ်ဖက် သူသေကိုယ်သေ ဆိုတဲ့သဘောမျိုး၊၊ အဲ့လိုဆို ခွန်းညီလွန်းရန် ကို လုံးဝကယ်ထုတ်နိုင်မှာမဟုတ်ဘူး "
ရိုင်းအပြောကို ခေါင်းတညိတ်ညိတ်နဲ့ လက်ခံကြသည်၊၊ ရိုင်းဘေးက ဟန်နီကလည်း အတွေးထဲနစ်နေပုံရပြီး ငြိမ်သက်နေသည်၊၊ ဒါလီယာနဲ့ အန်တီကလည်း ဘာမှသိပ်မပြောလာ၊၊ မာလင်နဲ့ သက်တော်စောင့် ခေါင်းဆောင် မြင့်မောင်တို့က laptop ကို တတောက်တောက်နှိပ်၍ ဆိပ်ကမ်းဘေးက ပတ်ဝန်းကျင်နဲ့ သင်္ဘော၏ အနေအထားကို စူးစမ်းနေကြသည်၊၊
" ဒီည ဘဲ လှုပ်ရှားမှ ဖြစ်မယ်၊ ခွန်းကမ္ဘာရန်နိုင် တစ်ခြားနယ်မြေဘက်ရောက်သွားလို့မရဘူး၊၊မဟုတ်ရင် ခွန်းညီလွန်းရန် ကို ကယ်ထုတ်ဖို့က0% တောင် မရှိတော့မှာ ဆိုးရတယ်"
"ကောင်းပြီ၊ ဒါဆို ဒီညနေ ငါလူတွေစုလိုက်မယ်၊၊နင်အဆင့်သင်ပြင်ထားဒါလီယာ"
အခန်းထဲမှာ လူ ခြောက် ယောက်ရှိပေမဲ့ ဒါလီယားနဲ့ ရိုင်း၏ အပြန်အလှန် ပြောနေသောစကားသံသာရှိပြီး ကျန်တဲ့သူတွေကတော့ ဘယ်သူမှ စကားဝင်ပြောချင်းမရှိ၊၊ ထို့ပြင် ရိုင်းက အခု ခွန်းကမ္ဘာရန်နိုင်ကိစ္စကို တာဝန်ယူထားသည်မို့ ကိုယ်ကိုတိုင် ဦးဆောင်ရမည်၊၊ အန်တီကို ဒီတစ်မနက်လုံး ရိုင်း သေချာကြည့်နေခဲ့တာဖြစ်ပြီး အခု ဆွေးနွေးတဲ့ အကြောင်းအရာတွေကို လုံးဝစိတ်ဝင်စားမှုမရှိချေ၊၊ အတွေးတွေ လွင့်မျောနေပြီး စိတ်နဲ့လူနဲ့မကပ်ဖြစ်နေပုံရသည်၊၊
ရစ် သေဆုံးမှုပြီးထဲက အန်တီက အရင်လို တတ်တတ်ကြွကြွမရှိတော့၊၊ တစ်မှိုင်မှိုင်နဲ့ပင် စိတ်နဲ့လူနဲ့မကပ်ဖြစ်နေခဲ့သည်၊၊ သားဖြစ်သူကို ဆုံးရှုံး ထားသည်မှာ မကြာသေးသည်ကြောင့် အန်တီက ဒါလီယာကိုလည်း အခု ကိစ္စတွေထဲ ဝင်မပါစေချင်ပုံရသည်၊၊ ဘာမှဝင်မပြောပေမဲ့လည်း အန်တီ၏ မျက်လုံးတွေကိုကြည့်တာနဲ့တင် ဒါလီယာကို မသွားစေချင်မှန်းသိသာ၏၊၊
"အစီအစဉ် ကိုငါပြန်ပြောပြ ရိုင်းစက်မာန်"
အန်တီကိုကြည့်ပြီး ရိုင်းစက်မာန်အတွေးလွန်နေရာမှ ဒါလီယာ၏ အသံကြောင့် လက်ရှိသို့ အသိအာရုံက ပြန်ရောက်လာခဲ့သည်၊၊
"ဒါလီယာနဲ့ မာလင် နဲ့ မြင့်မောင်က သင်္ဘော အပြင်ဘက်က ဝင်တိုက်ပြီး ခွန်းကမ္ဘာရန်နိုင်ကို အာရုံလွဲထားနှင့် ငါက အခွင်းအရေးရှာပြီး ခွန်းညီလွန်းရန် ကို ခ်ါထုတ်မယ်၊၊ အန္တရာယ်များတာမို့ မင်းတို့သတိထားဖို့တော့လိုလိမ့်မယ်"
"Okလေ ၊ ဒါဆို ညနေ မှ တွေ့မယ် ငါသွားတော့မယ်"
အန်တီလက်ကို ဆွဲ၍ ဒါလီယာက အခန်း အပြင်ဘက် ကိုထွက်သွားတော့သည်၊၊ သိပ်မကြာခင်မှာဘဲ မာလင်နဲ့ သက်တော်စောင့်အဖွဲ့ခေါင်းဆောင် မြင့်မောင်တို့ကလည်း အလျိုလျို ထွက်သွားကြသည်၊၊ ထို့ကြောင့်အခန်းထဲ၌ ဟန်နီနဲ့ ရိုင်းသာ ကျန်နေခဲ့သည်၊၊ တစ်ယောက်နဲ့တစ်ယောက် ဟိုကြည့်ဒီကြည့်နဲ့ ဘယ်သူမှစကားမစမိကြ၊၊ ထို့ကြောင့် ရိုင်းတို့နှစ်ယောက်ကြား လေထုက နည်းနည်းနေရထိုင်ရခက်နေ၏၊၊
ရစ်အိမ်တော်ကိုလာနေတဲ့လမ်းမှာ ဟန်နီနဲ့ ရိုင်း နည်းနည်းစကားများခဲ့ကြသည်မို့ အခု ဘယ်သူဘက်ကမှစကားမစဘဲ တိတ်ဆိတ်နေခြင်းဖြစ်သည်၊၊ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်စိတ်ဆိုးနေပြီး ဘယ်သူဘက်ကမှ မချော့သလို စကားလည်းအစဖော်မပြောကြ၊၊ ဝုန်းဒိုင်းကြဲ ပြီး နှစ်ယောက်လုံးက ပြဿနာလည်းမရှာ၊၊ ရိုင်း နဲ့ဟန်နီက ရန်ဖြစ်ရင်တောင် လူမသိဘဲ ကြိတ်ဖြစ်တတ်တာဖြစ်သည်၊၊ လူသိရှင်ကြား အော်ကြီးဟစ်ကျယ် နဲ့ ရိုင်းတို့တစ်ခါမှ ရန်မဖြစ်ဖူးပေ၊၊ ဘာလို့ဆို တစ်ခြားသူတွေက ရိုင်းတို့ ရန်ဖြစ်စကားများကြသည်ကို သိသွားမှာ မလိုလားလို့ဖြစ်သည်၊၊
" ဟဲ့ကောင် ညနေ သွားမယ်ဆိုရင် ကျည်ကာဝတ်သွား၊၊ နင်သေရင် ငါနောက်မိန်းမ ယူမှာနော် အိမ်က ထွက်သွားတဲ့အတိုင်း ကောင်းကောင်းမွန်မွန်ပြန်လာခဲ့"
" နင်ပုံစံနဲ့ နင်စောက်ချိုးကို ရိုင်းစက်မာန်ဆိုတဲ့ ငါဘဲ ကြိုက်ပြီး ယူတာ၊ တစ်ခြားဘယ်သူမှ နင်ကိုကြိုက်ပြီးယူမှာမဟုတ်ဘူး"
အခေါ်အဝေါ် တွေကအစ ပြောင်းပြီး ဘေးချင်းယှဉ် ထိုင်လျက် စကားစများတော့သည်၊၊ ယောက်ျား ဖြစ်ပြီး မိန်းမဖြစ်သူ စိတ်ဆိုးရင် ချော့မယ်ဆိုတာမရှိ၊၊ သူကပါ ဘုကလန့်တိုက်ပြီး ဟန်နီစိတ်ဆိုးမပြေမချင်း သူလည်း စိတ်ဆိုးမပြေပေ၊၊ ကိုယ်ဘာသာ စိတ်လျော့ပြီး စိတ်ဆိုးပြေပေးလိုက်ရတဲ့ အခေါက်ပေါင်းကမနည်း၊၊
မိန်းကလေးအများစုက စိတ်ဆိုးစိတ်ကောက်လွယ်တဲ့လူတွေကြီးသာ၊၊ အချစ်ကလေး ကလေး လေး ဆိုတာနဲ့ ပျော့ကျသွားတတ်ကြသည်၊၊ ဟန်နီလည်းမိန်းမတွေထဲကတစ်ယောက်မို့ နာမ်စားလှလှလေးတွေကို ရိုင်းက ခေါ်လိုက်တာနဲ့ ချက်ခြင်းစိတ်ဆိုးပြေကာ ပျော့ကျသွားမဲ့မိန်းမမျိုး၊၊ အဲ့ဒီလောက်ချော့ရလွယ်တဲ့ မိန်းမ ကိုရထားတာတောင်မှ ကိုယ်တော်ချောက မချော့တဲ့အပြင် ဟန်နီနဲ့ပါပြိုင်ပြီး စိတ်ကောက်သေးသည်၊၊
"နင် ပါးစပ်က မိန်းမပါးစပ်နဲ့ နင်လင်ကိုယူရမှာသိလား၊၊ ငါကိုယူခဲ့ရမှာ မဟုတ်ဘူး"
" ငါမှမယူရင်နင်ကို ဘယ်သူမှယူမှာမဟုတ်ဘူး၊၊ငါက အနစ်နာခံပြီး နင်လို့စောက်ပေါက်ဆိုးတဲ့ မိန်းမကိုယူပေးတာ ကျေးဇူးတင်သင့်တယ်နော် မိဟန်နီမ "
"ဟဲ့ကောင် နင် လင်ယူလိုက်တော့နော် ၊၊ စောက်ပိုစကားတွေ ငါကိုလာမပြောနဲ့"
"အေး ယူမယ်၊ နင်နဲ့ကွာပြီး ငါ ယောက်ျား ယူမယ် "
သူဘဲ လင်တအားပေးစားနေပြီး ရိုင်းလည်း ယူမယ်ပြောလိုက်တော့ မျက်နှာက ငိုမဲ့မဲ့နဲ့ ဖြစ်လာသည်၊၊ မကြာခင်ငိုချတော့မည်ဟန် အားယူနေမယ်မှန်း ရိုင်း ရိပ်မိတာမို့ ရိုင်းနဲ့ ခပ်လှမ်းလှမ်းမှာ ရှိနေသော Tissues ဘူးကို သွားယူလိုက်ပြီး ဟန်နီရှေ့ကို ချပေးလိုက်သည်၊၊ ရိုင်းထင်တဲ့အတိုင်းပါဘဲ မိနစ်ပိုင်းလောက်ကြာပြီးနောက်မှာတော့ ဟန်နီက ငိုချလာတော့သည်၊၊
" ဘာလို့ငိုတာလဲ၊ ဘာလဲ ကိုယ် ယောက်ျား ယူတော့မယ်ဆိုလို့ငိုတာလား"
"နင် ယောက်ျား ယူရင် ငါတစ်ယောက်ထဲကျန်ခဲ့တော့မှာ ၊ အဲ့တာကြောင့်..."
"ဆက်ပြောလေ"
"နင် ယောက်ျား ယူမယ်ဆို ငါအတွက် မိန်းမတစ်ယောက်လောက်ရှာပေးခဲ့နော် သိလား .."
Gay နေသော မိန်းကလေးကို ကြိုက်ပြီး ယူထားရသည်မှာလည်း ရိုင်းစက်မာန်အတွက် လွယ်မနေ၊၊ ရန်ဖြစ်တိုင်း လင်ပေးစားခံရတာတော့ တော်တော်လွန်သည်၊၊ ဟန်နီကိုကြိုက်လို့ လိုက်တုန်းကလည်း bl နဲ့ပက်သက်သမျှအကုန်လေ့လာထားရပြီး ဟန်နီမေးသမျှကိုမှန်အောင်ဖြေပေးခဲ့ရသေးသည်၊၊ အဲ့တာတောင် ဟန်နီက ရိုင်းကို လက်ခံသေးသည်မဟုတ်ပေ၊၊ ထို့ကြောင့် အမေတို့ကို ရိုင်းအကူအညီတောင်း၍ ဟန်နီကိုမရရအောင် အရယူခဲ့တာဖြစ်သည်၊၊
" မဟုတ်တာတွေ ပြောပြီး ငိုမနေနဲ့ ၊၊ ကိုယ်လုပ်စရာကိစ္စတွေရှိသေးတယ်၊၊ ဒီကနေ ကိုယ်တို့ အပြင်ပြန်ထွက်ရအောင်"
"ဟန်နီကိုချီခေါ်သွား"
အခုမှလာချွဲပြနေသော ဟန်နီကို ရိုင်းခေါင်းတစ်ချက်လောက်ပုတ်လိုက်တော့ မျက်နှာက စူပုတ်ပုတ်နဲ့ပင်၊၊ စိတ်တိုင်းကျဖြစ်စေရန် ရိုင်း ဟန်နီ၏ ကိုယ်လုံးကို အသာပွေ့ချီလိုက်ပြီး မြေအောက်အခန်းထဲမှ ထွက်ခွာလာခဲ့တော့သည်၊၊ ရိုင်း၏ ရင်ခွင်ထဲ မျက်နှာအပ်ထားပြီး ဟန်နီက အစောနက ငိုချထားသော မျက်ရည်တွေနဲ့နှာရည်တွေကို အင်္ကျီ ပေါ်သို့ ဖိသုတ်နေ၏၊၊ ရိုင်းက အသန့်ကြိုက်မှန်းသိရဲ့နဲ့ ဟန်နီ ဒီလိုလုပ်တာက သက်သက်မဲ့ ရန်စတာ၊၊ အခုလေးတင် အဆင်ပြန်ပြေတာကို အခု ဟန်နီက ရန်ဖြစ်ဖို့ လမ်းစဖောက်လာပြန်ပြီ၊၊ ရိုင်းကမလုပ်နဲ့လို့ စပြောလိုက်ရင် ပြဿနာထပ်ဖြစ်တော့မှာကိုသိနေ၍ ကိုယ်ဘာသာဘဲ မသိသလို လျစ်လျူ ပြုကာနေလိုက်တော့သည်၊၊
°°°°°°°°°°°°°°
ညနေမှောင်စပျိုးလာသောအချိန်၌ မြို့ပြင်ကလမ်းမကျယ်ထက် ကားအနက် အစီး20 ခန့်က အတန်းလိုက်ဖြင့် နေရာယူထားကြသည်၊၊ကားအတွင်း၌ အနက်ရောင်ဝတ်စုံများဝတ်ဆင်ထားသော လူများနှင့် တိုက်ခိုက်ရေးပစ္စည်းမျိုးစုံများလည်းပါသည်၊၊boss၏ အမိန့်ကိုမရသေးသော်ကြောင့် ကားအနက်များထဲမှ လူများက လှုပ်ရှားမှုမရှိသေးဘဲ ငြိမ်သက်ပြီး boss၏ အမိန့်ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေကြသည်၊၊
မြို့ပြင်ရဲ့ပတ်ဝန်းကျင်က လေပြင်းများတိုက်ခတ်နေပြီး မြက်ရိုင်းပင်များကလည်းလေနဲ့အတူ ယိမ်းထိုး နေကြသည်၊၊ တိတ်ဆိတ်နေသော ပတ်ဝန်းကျင် နဲ့အတူ စီးတန်းနေသောကားအနက်များကလည်း ငြိမ်သက်နေကြသည်၊၊သိပ်မကြာခင်အတွင်းမှာပင် စီးတန်းနေသောကားအနက်တွေနားသို့ အမိုးဖွင့်ပြိုင်ကား အဖြူလေးက အရှိန် ပြင်းပြင်းနဲ့ ထိုးရပ်လာသည်၊၊ ထိုကားဖြူလေးပေါ်က အပေါ်အနက်အောက်အနက်ဝတ်ထားသော ခြေတံရှည်တွေနဲ့ လူတစ်ယောက်ဆင်းလာခဲ့သည်၊၊ ထိုလူဆင်းလာသည်နှင့် ဆိုက်ရပ်ထားသော ကားတိုင်းမှ လူများသည်လည်း ဆင်းလာကြပြီး ထိုလူကို ခေါင်းငုံ့ကာအရိုအသေပေးကြသည်၊၊
" Boss ကျွန်တော်တို့အကုန် အဆင်သင့် ဖြစ်နေပါပြီ၊ လှုပ်ရှားဖို့အတွက် bossအမိန့်ကို စောင့်ဆိုင်းနေပါတယ်"
"ဒါလီယာ ရောက်ပြီလား"
"ထိပ်ဆုံးက ကားအနက်ထဲမှာ အစ်မ ဒါလီယာရှိပါတယ်"
မာလင် ပြောပြသည့်အတိုင်း ရိုင်း ထိပ်ဆုံးကကားအနက်ရှိရာသို့ လျှောက်လာခဲ့သည်၊၊ ကားအနက်နားရောက်တော့ ကားမှန်ကို ခေါက်လိုက်ပြီး အထဲက လူကို မှန်တံခါးဖွင့်ဖို့ သတိပေးလိုက်သည်၊၊ ထို့နောက် ကားမှန်တံခါးက လျှောကျလာပြီး ဝတ်စုံအနက်အပြည့်ဝတ်ထားသော ဒါလီယာကထွက်လာသည်၊၊ အကောင်းသေးသလောက်အဆိပ်ပြင်းတဲ့ မိန်းမမျိုးဆိုတာ ဒါလီယာလို မိန်းကလေးမျိုးပင်၊၊ ခန္ဓာကိုယ်အရွယ်အစားအရ ဒါလီယာက ဟန်နီထက်တောင်သေးကွေးသော်လည်း ယောက်ျား လေးတွေနဲ့ တိုက်ခိုက်ရေးမှာတန်းတူအထိ လုပ်နိုင်တဲ့ မိန်းမမျိုး၊၊
" အဆင်သင့် ဖြစ်ရင် ငါတို့စထွက်မယ် ရိုင်းစက်မာန်"
"ကျည်ကာ ဝတ်လာလား ၊လက်နက်တွေရော အပြည့်ဖြည့်လာလား"
"အင်းအကုန်အပြီးလုပ်ခဲ့တယ်၊ နောက်ပြီး မင်းတို့ဆီက ကျည်ကာ အင်္ကျီ တစ်ခုငါအပိုယူခဲ့တယ်၊ ခွန်းညီလွန်းရန် အတွက် လိုအပ်ရင် သုံးလို့ရအောင်"
"ရတယ် ၊ ဒါဆို စထွက်တော့ ငါနောက်ကလိုက်ခဲ့မယ်"
ရိုင်းစကားဆုံးတာနဲ့ ဒါလီယာ၏ ကားအနက်က အရှိန်ပြင်းပြင်းစတင်ထွက်ခွာသွားတော့သည်၊၊ ဒါလီယာကားနောက်ကနေ ကားအနက်တန်းရှည်က လည်း အရှိန်ပြင်းပြင်းဖြင့် မောင်းနှင် ပြီး အရှေ့က ကားကိုမှီအောင် ကပ်လိုက်ကြသည်၊၊ ကားနက်အတန်းကြီးက အရှိန်ပြင်းပြင်းနဲ့မောင်းထွက်သွားပြီးနောက် ရိုင်း၏ ကားအဖြူလေးတစ်စီး သာ ကျန်ရှိခဲ့တော့သည်၊၊ ထို့ကြောင့် ရိုင်းလည်း ထိုကားနက်တန်း၏ အနောက်မှ ကားအရှိန်ကိုမိုင်ကုန်တင်၍ လိုက်လာခဲ့တော့သည်၊၊
မှောင်ရိပ်ပျိုးစအချိန် ည 6 နာရီ လောက် မှ စ၍ စတင်ထွက်ခွာလာရာ ည8 နာရီလောက်မှ သတ်မှတ်ထားသော ဆုံမှတ်နေရာသို့ ဒါလီယာတို့ ရောက်လာခဲ့သည်၊၊ သင်္ဘောကြီးနဲ့ အနည်းငယ်လှမ်းသော နေရာ၌ လူမနေသော တိုက်ဟောင်းတစ်လုံးရှိ၏၊၊ ထိုတိုက်ဟောင်းကို ဆုံ မှတ်အဖြစ်သတ်မှတ်၍ ဒီနေရာမှာ လူစုရန် ရိုင်းစက်မာန်နဲ့တိုင်ပင်ထားသည်၊၊ အကယ်၍ ဟိုဘက်ဒီဘက် တိုက်ပွဲဖြစ်ကြလျှင် ဒဏ်ရာ ရလူများကို ဒီတိုက်ဟောင်းထဲမှာဘဲ ကုသမှုကို လုပ်ဆောင်ပေးမည်ဖြစ်သည်၊၊ ထို့ကြောင့် ဒီတိုက်ဟောင်း၌ ဆေးပစ္စည်း ကိရိယာ အစုံနှင့် ဆရာဝန် ဆယ်ယောက်လောက်ကို နေ့ခင်းထဲက တိတ်တဆိတ် ပို့ဆောင်ထားပြီးပြီး ဖြစ်၏၊၊ ထိုဆရာဝန်ဆယ်ယောက်ထဲ အစ်ကိုလက်ခတ်လည်းပါပြီး ကျန်တဲ့ ဆရာဝန် 9 ယောက်ကလည်း စိတ်ချရတဲ့လူများကိုသာ ရွေးခေါ်ထားခြင်းဖြစ်သည်၊၊
ဒါလီယာ ဆရာဝန်များနေသော အထပ်သို့ တတ်လာပြီး အစ်ကိုလက်ခတ်ကိုရှာကြည့်တော့ ဆေးပစ္စည်းထည့်ထားသော သေတ္တာအား စစ်ဆေးနေသည်ကိုတွေ့၏၊၊ ရစ်ကြီး သေဆုံးချိန်နဲ့ မြေချပြီးဂူသွင်းချိန်၌ အစ်ကိုလက်ခတ်က နိုင်ငံခြားသို့ တာဝန်ကြောင့် သွားရောက်ရသည်ဖြစ်ပြီး မြန်မာ၌မရှိသည်မို့ ရစ်ကြီး ဈာပနကို မလာနိုင်ခဲ့၊၊ သို့ပေမဲ့ နိုင်ငံခြားကရောက်ရောက်ခြင်းတော့ ရစ်ကြီး၏ အုတ်ဂူကိုသွားရောက်ခဲ့ပြီး အခု ဒါလီယာတို့နဲ့အတူ Mission မှာ ပါဝင်ခဲ့သည်၊၊ ဝမ်းကွဲညီသေဆုံးခြင်းမှာ မရှိပေးနိုင်တဲ့အတွက် အစ်ကိုလက်ခတ်က အတော်လေးဝမ်းနည်းနေပုံပါရ၏၊၊
"အစ်ကိုလက်ခတ်"
ဒါလီယာခေါ်လိုက်တော့ အစ်ကို လက်ခတ်က လှည့်ကြည့်လာပြီး လက်ထဲမှ စစ်ဆေးနေဆဲဖြစ်သော ဆေးပစ္စည်းတွေကို အောက်သို့ပြန်ချလျက် ဒါလီယာဆီသို့လျှောက်လာ၏၊၊ မျက်ခမ်း စပ်တွေရဲတတ်နေပုံအရ ငိုထားပြန်ပြီထင်သည်၊၊
" အစ်ကိုလက်ခတ် အဆင်မပြေလို့လား၊ အဆင်မပြေရင် ဒါလီယာ အိမ်တော်ကို ပြန်လိုက်ပို့ပေးမယ်လေ "
"ရပါတယ်၊ အစ်ကို အဆင်ပြေတယ်"
"ဒါဆို ဘာလို့ငိုထားတာလဲ"
"ဒီတိုင်းဘဲ ရစ်ကို သတိရလို့"
စကားပြောနေရင်းနဲ့ အစ်ကိုလက်ခတ်က မျက်ရည်များဝဲတတ်လာပြီး ခေါင်းကိုငုံ့ချသွားသည်၊၊ သိပ်မကြာခင်မှာဘဲ ပုခုံးသားတို့တုန်ရီလာပြီး ရှိုက်သံတို့ထွက်လာတော့သည်၊၊ နာမည်လေးအစတည်လိုက်တာနဲ့ ဝမ်းနည်းပြီးငိုချင်လာတာက အစ်ကိုလက်ခတ်တစ်ယောက်ထဲမဟုတ်ပေ၊၊ ဒါလီယာလည်း စိတ်တို့ကအနည်းငယ်ငိုချချင်နေပေမဲ့ လုပ်စရာကိစ္စတွေကျန်သေးတာမို့ စိတ်ကို မငိုမိအောင် တင်းထားမိသည်၊၊ ဒီရက်တွေမှာ ရစ်အိမ်တော် တစ်ခုလုံးက သာမာန်လိုဘဲ အပြင်ပန်းကကြည့်ရင် အကုန်အဆင်ပြေကျပုံရပေမဲ့ ရစ်ဆိုတဲ့ အမည်နာမ အစတည်လိုက်တာနဲ့ စတင်ပြီး တစ်ရှုံ့ရှုံ့နဲ့ ငိုလာကြတော့တာဖြစ်သည်၊၊ ဒါက ရစ်ကြီးမရှိတော့တဲ့နောက်ပိုင်း ရစ်အိမ်တော်၏ သိသာသော ပြောင်းလဲမှုပင်ဖြစ်၏၊၊
" ဒါလီယာ စထွက်ဖို့ပြင်တော့၊ တတ်နိုင်သလောက် တိတ်တဆိတ် ရှင်းလို့ရသမျှလူအကုန်ရှင်း၊ ခွန်းညီလွန်းရန် ကို ကယ်ထုတ်ပြီးတာနဲ့ နင်ဆီ ငါလာခဲ့မယ်"
ဒါလီယာဆီသို့ ရိုင်းစက်မာန်က ရောက်လာပြီး စတင်လှုပ်ရှားဖို့ပြောလာသည်၊၊ ရိုင်းစက်မာန်ရောက်လာတာနဲ့ အစ်ကိုလက်ခတ်က မျက်ရည်များကိုသုတ်ပြီး ဘာမှမဖြစ်သလိုပင် ပုံမှန်ရုပ်တည်သို့ပြောင်းပြီးဒါလီယာတို့ စကားပြောနေသည်ကိုရပ်ကြည့်နေ၏၊၊ အစကတော့ အစ်ကိုလက်ခတ်ကို နှစ်သိမ့် ပေးဖို့လုပ်ထားပေမဲ့ တာဝန်ချိန်ကကျလာပြီမလို့ ဒါဘီယာချက်ခြင်းသွားမှဖြစ်တော့မည်၊၊
" အစ်ကိုလက်ခတ် စိတ်ထဲ ဘာမှမတွေးနဲ့တော့နော်၊ အချိန်တစ်ခုရောက်ရင် အဆင်ပြေသွားမှာပါ၊ အခုတော့ ငယ် သွားစရာရှိလို့ သွားတော့မယ်"
"ဂရုစိုက်နော် ဒါလီယာ"
အစ်ကိုလက်ခတ်ကို ခေါင်းညိတ် ပြပြီး၍ ရိုင်းစက်မာန်နဲ့အတူ တိုက်အောက်ခြေဘက်ကို ပြန်ဆင်းလာခဲ့သည်၊၊ ပုံမှန်လို မျက်နှာချိုချိုနဲ့ ရိုင်းစက်မာန်မဟုတ်ဘဲ၊ တည်တင်းနေသော မျက်နှာထားဖြစ်နေတဲ့ ရိုင်းစက်မာန်က လူချိန်းသွားသလိုပင်၊၊ အလုပ်လုပ်ရာမှာတော့ တိကျပြတ်သားသည်က ရစ်ကြီးနဲ့အတူတူပင်ဖြစ်၏၊၊ ဘာမှမဆိုင်ဘဲ ရစ်ကြီးအကြောင်းခေါင်းထဲရောက်လာတာနဲ့ ဒါလီယာ ခေါင်းကို ခါထုတ်လိုက်ပြီး လုပ်ဆောင်ရမည် Mission အကြောင်းကိုသာ အာရုံပြန်စိုက်ထားလိုက်တော့သည်၊၊
"ရိုင်းစက်မာန် ကိုယ်ကို ကိုယ်ဂရုစိုက်အုံးနော်၊ ခွန်းညီလွန်းရန် ကို လွယ်လွယ်နဲ့ ခွန်းကမ္ဘာရန်နိုင်က ခေါ်ထုတ်ခံမှာ မဟုတ်ဘူး"
" နင်လည်းဂရုစိုက်၊ ကိုယ်ကို ကိုယ်မိန်းကလေးဆိုတာလည်းသတိရ"
ဒါလီယာ ခေါင်းသာ ညိတ်ပြလိုက်ပြီး မာလင်၊ မြင့်မောင် တို့နဲ့အတူ တိုက်ဟောင်းမှ ထွက်လာခဲ့သည်၊၊ ပတ်ဝန်းကျင်က မီးတိုင်းများမရှိသည်မို့ မှောင်မိုက်နေ၏၊၊ သို့ပေမဲ့ လခြမ်းကွေး၏ အကူအညီနဲ့ အနည်းငယ်တော့ လမ်း လျှောက် ဖို့အတွက် မြင်နေရသေးသည်၊၊ မြစ်ဆိပ်ကမ်းက မနက်ပိုင်းဆိုရင်တော့ တော်တော်လူစည်မှာ မှန်ပေမဲ့ အခုလို ညပိုင်းမှာတော့ တိတ်ဆိတ်နေပြီး လူရှင်းသည်၊၊ ထို့ကြောင့်လည်း ခွန်းကမ္ဘာရန်နိုင်က ညဘက် စတင်ထွက်ခွာဖို့အတွက် စီစဉ်ထားတာဖြစ်လိမ့်မည်၊၊
ဥာဏ်များလွန်းတဲ့ ခွန်းကမ္ဘာရန်နိုင်ကို လွယ်လွယ်နဲ့တော့ သတ်ပြစ်နိုင်မှာမဟုတ်၊၊ ဘယ်လိုလှည့်ကွက်တွေ စီစဉ်ထားလည်း ဆိုတာ မှန်းဆ၍ မရ၊၊ အရေးကြီးဆုံးက ကိုယ်ဝန်နဲ့ ခွန်းညီလွန်းရန် ကို အသက်အန္တရာယ်ကင်းကင်းနဲ့ ခွန်းကမ္ဘာရန်နိုင်ဆီကနေ ခေါ်ထုတ်လာနိုင်ဖို့ပင်ဖြစ်သည်၊၊
ရစ်အိမ်တော်မှာ ရစ်ကြီးဆုံးထဲက အနည်းငယ်ဆူပူမှုတွေ ဆက်တိုက်ကို ဖြစ်နေသည်၊၊ ဆက်ခံသူက သေဆုံးသွားသည်ကြောင့် နောက်တတ်မည် ဆက်ခံသူအား ဘယ်သူဖြစ်မလဲဆိုတာ သိချင်နေကြသလို ရစ်ကြီး၏ ဝမ်းကွဲညီဖြစ်သော အိုဆိုင်းရစ်ကို ထောက်ခံသူအများအပြားရှိသည်၊၊ အရင်ထဲက ဆက်ခံသူနေရာကို လိုချင်နေတဲ့ အိုဆိုင်းရစ်က ရစ်ကြီးမရှိတော့ သိသိသာသာကို ဆွေမျိုးများနဲ့ အင်အားကြီးလူများကို စုပြီး အိမ်တော်အတွင်းကို ဆူပူအောင် နောက်ကွယ်ကနေ လုပ်ဆောင်နေတာဖြစ်၏၊၊ သို့ပေမဲ့ ယခု ဆက်ခံသူဖြစ်သော အန်တီ ၏ အမိန့်မပါလျှင် အိုဆိုင်းရစ်က လုံးဝ ဆက်ခံသူအသစ်ဖြစ်မလာနိုင်၊၊ ထို့ကြောင့် ရစ်အိမ်တော်အတွင်းပိုင်းပြဿနာက ပို၍ ရှုပ်ထွေး သည့်အပြင် ပို၍လည်း နားလည်ရန်ခက်ခဲ၏၊၊
ခွန်းညီလွန်းရန် ၏ ဗိုက်ထဲက ကလေးက ရစ်အိမ်တော်၏ ဆက်ခံသူအသစ်ဖြစ်လာဖို့အတွက် အန်တီက လုပ်ဆောင်မှာမလို့ ခွန်းကမ္ဘာရန်နိုင်လက်ထဲကနေ ခွန်းညီလွန်းရန် ကိုမရရအောင် ခေါ်ထုတ်နိုင်မှဖြစ်မည်၊၊ ရစ်ကြီး၏ သွေးသာမို့ ထိုကလေးက အိမ်တော်၏ ဆူပူမှုကို ငြိမ်းသက်စေမဲ့ တစ်ခုထဲသော အရာလည်းဖြစ်၏၊၊ သွေးသာအရင်းကသာ ဆက်ခံသူဖြစ်နိုင်ပြီး ဝမ်းကွဲက ဆက်ခံသူမဖြစ်နိုင်တာမို့ ရစ်ကြီးနဲ့ အိုဆိုင်းရစ်မှာ ငယ်ငယ်လေးထဲက ဘယ်သူကဆက်ခံသူဆိုတာကို ခွဲခြားထားပြီးသာဖြစ်သည်၊၊ ထို့ကြောင့်လည်း အိုဆိုင်းရစ်က ရစ်ကြီး ကို မကျေနပ်ချက်တွေများခဲ့တာဖြစ်၏၊၊ ဆေးရုံက ဆရာဝန်တွေ ကိစ္စနဲ့ပက်သက်ပြီး နောက်ကွယ်က အိုဆိုင်းရစ် လက်ပါနေတယ်ဆိုတာ စုံစမ်းစစ်ဆေးမှုအရ သေချာနေသည်၊၊ ထိုကိစ္စတွေကို ခွန်းညီလွန်းရန် ကို ကယ်ထုတ်လာနိုင်ပြီးတာနဲ့ ဆက်စီစဉ်ရမည်ဖြစ်သည်၊၊
" မာလင် သင်္ဘော အနောက်ဘက်ခြမ်းကနေ မင်းစလှုပ်ရှားလိုက်တော့ ငါနဲ့ မြင့်မောင်က အရှေ့ဘက်ခြမ်းကနေ စလှုပ်ရှားမယ်"
"ဒါဆို ဂရုစိုက်ပါ အစ်မဒါလီယာ"
မာလင်က ဒါလီယာကို အရိုအသေ ပေးပြီးတာနဲ့ တစ်ခြားဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားသည်၊၊ ထို့နောက် ခါးကြားညှပ် ထားသော သေနတ်ကို ဆွဲထုတ်လိုက်ပြီး သင်္ဘောအနီးအနားသို့ ဒါလီယာ စတင်ချည်းကပ်လာခဲ့သည်၊၊ လက်နက်ကိုင်ပြီး ရပ်စောင့်နေကြသော လူများက ခပ်ထွားထွားအကောင်ကြီးတွေသာဖြစ်ပြီး မျက်နှာထားနဲ့ ပုံစအရ ကြေးစားအဖွဲ့က လူတွေဖြစ်နိုင်ချေများ၏၊၊ စီးပွားရေးပျက်သွားတာတောင် ခွန်းကမ္ဘာရန်နိုင် က ပိုက်ဆံရှိသေးပုံရပြီး ကြေးကြီးလောက်မဲ့ ကြေးစားအဖွဲ့ကို ငှားထားနိုင်သည်၊၊ ထို့ကြောင့် ခွန်းကမ္ဘာရန်နိုင်၏ အင်အားက လျော့တွက်လို့တော့မရပေ၊၊
သင်္ဘောပေါ်သို့ ဒါလီယာ ဖြည်းညင်း စွာတတ်လာခဲ့ပြီး အရှေ့ပိုင်း၌ ရပ်စောင့်နေသော အစောင့်သုံးယောက်ကို တိတ်တဆိတ် ပင် အသံတိတ်သေနတ်ဖြင့် ရှင်းပြစ်လိုက်သည်၊၊ ပေါ့ပါးတဲ့လှုပ်ရှားမှုဖြစ်ပြီး သတိမမူကြသော အစောင့်တွေကြောင့် ခဏလေးနဲ့ အသာလေး ရှင်းနိုင်ခဲ့တာဖြစ်သည်၊၊
သင်္ဘောကုန်းပတ်ပေါ်၌ အစောင့်တွေများပြီး တစ်ခြားဘက်ခြမ်းမှာလည်း အစောင့်တွေ များသည်မို့ ရှေ့ကသုံးယောက်လိုမျိုး ဖြေရှင်းဖို့မလွယ်တော့၊၊ ထို့ကြောင့် ထိပ်တိုက် ပစ်ခတ်ပြီး ဖြေရှင်းမှ ဖြစ်မည်၊၊
"မာလင် စပြီးတိုက်တော့ အသံတိတ်ဖြေရှင်းဖို့မလွယ်တော့ဘူး ၊၊ မာလင် ငါပြောတာကြားလား!"
"ကြားပါတယ်၊ ကျွန်တော်အခုဘဲစလိုက်မယ်"
ဆက်သွယ်ရေး ကိရိယာမှ မာလင်၏ စကားသည် ပြတ်တောက် ပြတ်တောက် နဲ့ပင်ထွက်လာသည်၊၊ သိပ်မကြာခင်အတွင်းမှာပင် သင်္ဘောအနောက်ပိုင်း၌ ပစ်ခတ်မှု အသံတွေစကြားရသည်၊၊ ထိုကြောင့် ဒါလီယာတို့ဘက်၌လည်း စတင်ပြီး ပစ်ခတ်မှု စတော့သည်၊၊
"စပစ်မယ် အကုန်အသေသတ်ပြစ်၊ မြင့်မောင် နင်က ငါနဲ့အတူ ခွန်းကမ္ဘာရန်နိုင်ရှိတဲ့ သင်္ဘောထိပ်ဆုံးအခန်းကို လိုက်ခဲ့၊၊ကျန်တဲ့သူတွေက ငါတို့နှစ်ယောက်ဖို့ လမ်းရှင်းပေး"
"အမိန့်အတိုင်းပါ"
ဒိုင်း ဒိုင်းး!!
ဟိုဘက်ဒီဘက် သေနတ်ပစ်ခတ်သံများက စတင်ထွက်ပေါ်လာတော့သည်၊၊ တိတ်ဆိတ်နေသော ညချမ်းက ခဏအတွင်းချင်းပင် သေနတ်ပစ်ခတ်သံများဖြင့် ဖုံးလွှမ်းပြီး ဆူညံပွက်လောရိုက်လာတော့၏၊၊ ရိုင်းစက်မာန်၏ လှုပ်ရှားမှုက ဘယ်လိုနေမလဲမသိပေမဲ့ ခွန်းညီလွန်းရန် ကိုတော့ ရအောင်ကယ်ထုတ်နိုင်ဖို့ မျှော်လင့်သည်၊၊
သင်္ဘောအောက်ခြေက အခန်းဆီသို့သွားရာလမ်း၌ ရှိသော အစောင့်ငါးယောက်ကို ရိုင်း အသံတိတ်သေနတ်ကိုသုံး၍ ဖြေရှင်းခဲ့ပြီး သင်္ဘော အောက်ခြေ၏ လျှောက်လမ်းတစ်လျှောက် တဖြည်းဖြည်းလျှောက်ဝင်လာခဲ့သည်၊၊ သင်္ဘော အရှေ့ဘက် နဲ့ အနောက်ဘက်၌ ပစ်ခတ်မှု စတင်မှ ရိုင်း ဒီသင်္ဘော အောက်ခြေဘက်သို့ စတင်ဝင်ရောက်လာခဲ့တာဖြစ်သည်၊၊ ဟိုဘက်ဒီဘက် တိုက်ခိုက်နေကြသည်ကြောင့် ဒီထဲကို ရိုင်းအသာလေးဝင်နိုင်ခဲ့ပေမဲ့ အစောင့်ငါးယောက်ကိုတော့ မနည်းရှင်းထုတ်ခဲ့ရသည်၊၊ စစ်တပ်မှာ လေ့ကျင်ထားတဲ့လူသာ မဟုတ်ရင် ရိုင်း အဲ့ဒီလူငါးယောက်ကို အမှောက်သိပ်နိုင်မှာမဟုတ်ပေ၊၊
သင်္ဘောအောက်ခြေ၏ လျှောက်လမ်းအဆုံး၌ သော့ခတ်ထားသော အခန်းတစ်ခုကိုတွေ့သည်၊၊ ထိုအခန်းထဲ၌ ခွန်းညီလွန်းရန် ရှိနေနိုင်သည်၊၊ ခက်တာက ဒီအခန်းကို သော့နဲ့တင်မဟုတ်ဘဲ လက်ဗွေသုံး၍ ဖွင့်ရသော ပစ္စည်းတစ်ခုကိုပါတပ်ဆင်ထားတာကြောင့် ခွန်းကမ္ဘာရန်နိုင်၏ လက်ဗွေပါမှ အခန်းက ဖွင့်လို့ရနိုင်လိမ့်မည်ထင်၏၊၊
အခန်းရှေ့ ရိုင်း အတွေးများနေတုန်း ရိုင်းရှိရာသို့ ပြေးလာနေသာ ခြေသံတစ်စုံကို ကြားတာကြောင့် ပုန်းဖို့နေရာ ရှာလိုက်ပေမဲ့ ဘေးပတ်ပတ်လည်မှာ ပုန်းစရာနေရာမရှိ၊၊ သော့ခတ်ထားသော အခန်းအပြင် အခြားအခန်းတွေလည်း ရှိပေမဲ့ တံခါးဖွင့်မရသည်မို့ ဝင်ပုန်းလို့လည်းမရ၊၊ ပြေးလာနေသော ခြေသံကလည်း ရိုင်းနဲ့ တဖြည်းဖြည်း နီးကပ်လာသည်၊၊ ထို့ကြောင့် သေနတ်နှစ်လက်ကို ဟိုဘက်ဒီဘက် ကိုင်ထားပြီး ပစ်ခတ်ရန် အနေအထားသို့ ပြဆင်ထားလိုက်သည်၊၊
အနောက်တိုင်းဝတ်စုံအပြည့်ဝတ်ထားပြီး ဦးထုတ်အနက်အပြင် မျက်နှာကိုလည်း ပဝါ စအနက်နဲ့ ဖုံးအုပ်ထားသည့်လူက ရိုင်းရှေ့သို့ရောက်လာပြီး ပြေးနေသော သူ၏ ခြေလှမ်းတွေက ရပ်တန့်သွားသည်၊၊ အပြင်မှာ တွေ့ခဲ့တဲ့ လူတွေထက် ဒီလူက ခန္ဓာကိုယ် သေးငယ်ပြီး ရိုင်းထက်တောင် အကောင်သေး၏၊၊ တစ်ခြားသူများ၏ အကောင်က ခပ်ထွားထွားတွေဖြစ်ပြီး ရိုင်းရှေ့က ဒီလူတစ်ယောက်သာ ပိန်ပိန်ပါးပါးရှိသည်၊၊
ရိုင်းထိုလူကို အကဲခတ်နေတုန်းမှာ ထိုလူက သူ၏ ဦးထုတ်နက်နှင့် မျက်နှာ၌ အုပ်ထားသော ပဝါ စအနက်ကို ဖယ်ထုတ်လိုက်ပြီး
" အစ်ကို ကျွန်တော် ဒင်ဒင်လေဗျာ သေနတ်နှစ်လက်နဲ့ ဘယ်လို ဖြစ်လို့ ချိန်းထားတာတုန်း"
မျက်နှာမဲ့ရှုံ့ရှုံ့နဲ့ ပြောလာသော ဒင်ဒင်၏ အမူအရာနဲ့အသံကိုကြားမှ ရိုင်း စိတ်ကိုလျော့ချလိုက်ပြီး သေနတ်ကိုပြန်သိမ်းလိုက်တော့သည်၊၊ သူချကိုယ်ချ ဖြစ်တော့မယ်ထင်လိုက်ပေမဲ့ ကိုယ်ဘက်က လူဖြစ်နေလို့တော်သေး၏၊၊
"မင်းက ဘယ်လိုလုပ်ရောက်လာတာလဲ"
"လက်ဗွေမပါဘဲ ဘယ်လို ဝင်မှာလည်း အစ်ကိုက၊ ကျွန်တော်က လက်ဗွေ ရလာလို့ အခု အစ်ကိုရန်ကို ခေါ်ထုတ်ဖို့ ပြေးလာတာ"
"လက်ဗွေ ဘယ်လို ခိုးလာတာလည်း "
"ကျွန်တော် ဒီလိုဘဲ အကြံအစည်ထုတ်ပြီး ရလာတာ၊ အစ်ကိုခဏအခန်းရှေ့ကဖယ် ကျွန်တော် ဖွင့်ကြည့်အုံးမယ် "
ရိုင်း လက်မောင်းကို အသာဆွဲကိုင်ပြီး အခန်းရှေ့ကနေ ဘေးဘက်သို့ ဆွဲပို့သည်၊၊ တစ်ခြား သက်တော်စောင့် တွေက boss၏ အသားကိုမပြောနဲ့ ဘေးနား၌ ယှဉ်တောင်မရပ်ရဲကြပေ၊၊ ဒီကောင်လေးကတော့ ရိုင်းကို ဟိုဘက်ဆွဲပို့လိုက် ဒီဘက်ဆွဲပို့လိုက်နဲ့ ခဏခဏကို သူဆွဲပို့တာဘဲ ရိုင်း ခံနေရသည်၊၊ နည်းနည်းမှ ကြောက်လန့်ခြင်းမရှိ၊၊ အခုခေတ်ကလေးတွေက အကုန်လက်ရဲ ဇက်ရဲတွေကြီးဘဲ
" အစ်ကို ကျွန်တော်ကိုကြည့်မနေနဲ့ အခန်းတံခါးပွင့်သွားပြီ ဝင်မယ်လာ"
ထပ်ပြီး ရိုင်း၏ လက်ကောက်ဝတ်ကို ဆွဲယူကာပင် အခန်းထဲသို့ ဒင်ဒင်က ဆွဲခေါ်သွားတော့သည်၊၊ ရုတ်တရက် မို့ ရိုင်းမှာ ခပ်ကြောင်ကြောင်တောင်ဖြစ်သွားရသေးသည်၊၊
ရိုင်းတို့အခန်းထဲဝင်လာတော့ အခန်းက မီးရောင်မှိန်မှိန်ပြပြသာရှိပြီး အခန်းထဲ၌ ကုတင်ဖြူတစ်လုံးသာရှိ၏၊၊ ထိုကုတင်ဖြူပေါ်၌ လဲလျောင်းပြီး ငြိမ်သက်နေသော ခွန်းညီလွန်းရန် ကိုတွေ့သည်၊၊ ထို့ကြောင့် ရိုင်းအမြန်ပင် ကုတင်ဘေးနားသို့ ပြေးသွားလိုက်ပြီး ခွန်းညီလွန်းရန် ကို ပွေ့ထူလိုက်သည်၊၊
ခွန်းညီလွန်းရန် ၏ ခန္ဓာကိုယ်က မီးခဲတစ်ခုလို ပူကျစ်နေပြီး သတိလစ်နေ၏၊၊ ခွန်းညီလွန်းရန်၏ မျက်နှာ၌ အရိုက်ခံထားရသော ဒဏ်ရာတွေက ညိုမဲစွဲနေသည်၊၊ လက်မောင်းနဲ့ ခန္ဓာကိုယ်အောက်ပိုင်းပေါင်မှတစ်ဆင့် ခြေထောက်တွေအထိ အရိုက်ခံထားရသော အရှိုးရာတွေက မြင်မကောင်းလောက်အောင်ပင်ဖြစ်သည်၊၊ အရှိုးရာတွေ၏ အစင်းကြောင်းတွေ၌ သွေးစို့နေပြီး တစ်ချို့အစင်းကြောင်းတွေဆို သွေးတွေ ထွက်နေတုန်းပင်ဖြစ်သည်၊ ဘယ်လိုတောင် ကိုယ်ဝန်ဆောင် လူတစ်ယောက်ကို ဒီလောက်ထိ ရက်စက်နိုင်ပြီး လုပ်ရက်ရတာလဲ၊၊
ခွန်းကမ္ဘာရန်နိုင်က ခွန်းညီလွန်းရန် ကိုသဘောကျပြီး မရရအောင် သူအနားခေါ်ထားသည်လို့ အန်တီနှောင်းကပြောပြထားသည့်ကြောင့် ရိုင်းထင်လိုက်တာက ခွန်းညီလွန်းရန် ကို ဖမ်းချုပ်ထားမယ်ဆိုရင်တောင် မနှိပ်စက်လောက်ဘူးလို့ ထင်ထားခဲ့သည်၊၊ အခုတော့ အထင်နဲ့အမြင်က လွဲမှားနေမှန်း သိလိုက်ရ၏၊၊ ပူဖောင်းနေဆဲဖြစ်သော ဗိုက်ကြောင့် ကိုယ်ဝန်ကို ထိခိုက်မှူ မရှိနိုင်လောက်၊၊
ခွန်းညီလွန်းရန် ကိုကြည့်ပြီး ရိုင်းအတွေးများနေမိတာ ရိုင်းနဲ့အတူပါလာသော ဒင်ဒင်ကိုတောင်ခဏမေ့နေမိသည်၊၊ ဒီအခန်းထဲဝင်လာထဲက ဒင်ဒင်ကအသံတိတ်သွားသည်မို့ ရိုင်း သတိထားပြီး ဒင်ဒင်ဘက်လှည့်ကြည့်မိတော့ ခွန်းညီလွန်းရန် ၏ ခြေဖဝါးကိုကြည့်၍ ငိုနေလေသည်၊၊ ရိုင်းက ခွန်းညီလွန်းရန် ၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို ပွေ့ထူပြီး အခြေအနေကို စမ်းစစ်နေတာကြောင့် ခြေဖဝါးမှာ ဘာဖြစ်ထားလဲဆိုတာမသိ၊၊ ခွန်းညီလွန်းရန် ၏ ခြေဖဝါး ကိုကြည့်ပြီး ဒင်ဒင်က ငိုနေပုံအရ တစ်ခုခု ဖြစ်ထားလို့ဖြစ်လိမ့်မည်၊၊
"ဒင်ဒင် ဘာဖြစ်လို့လဲ၊ ခွန်းညီလွန်းရန် ခြေဖဝါးမှာ ဘာရှိလို့လဲ"
"ခြေဖဝါး နှစ်ဖက်လုံးကို ဓားနဲ့ မွှန်းထားပြီး ဆသိပ်ထည့်ထားတယ် အစ်ကို၊ ကျွန်တော် အစ်ကိုလေးရန်ကို သနားလို့ဘယ်လိုလုပ်ရမလဲ အီးး ဟင့် ..."
အာဗြဲကြီးနဲ့ စကားဆုံးတာနှင့် ဒင်ဒင်က ငိုချလာတော့သည်၊၊ ရိုင်းလည်း ခွန်းညီလွန်းရန် ပုံစံကိုကြည့်ပြီး စိတ်မကောင်းလွန်းလို့ ဘယ်လိုစကားမှတောင်ပြောမထွက်နိုင်တော့ပေ၊၊ ခွန်းညီလွန်းရန် ၏ ဒူးခေါင်း နှစ်လုံးကိုလည်း တစ်ခုခုနဲ့ ထုထားပုံရပြီး သွေးစို့ကာညိုမဲစွဲနေသော အကွက်ကြီးက ထင်းနေသည်၊၊ ခွန်းညီလွန်းရန် ခန္ဓာကိုယ် မှာ ဒဏ်ရာ မရတဲ့နေရာဆိုလို့ ဗိုက်တစ်ခုသာ ရှိလိမ့်မည်၊၊ ဗိုက်ထဲက ကလေးကိုတော့ ခွန်းညီလွန်းရန် က တော်တော် ကာကွယ်ခဲ့ပုံရသည်၊၊ ဒါနဲ့များ ကလေးဖျက်ချမယ်လို့ ဘယ်လိုပြောခဲ့ရတာလဲ
ရစ်နဲ့ ခွန်းညီလွန်းရန် မှာ ဘယ်သူကမှားပြီး ဘယ်သူကမှန်တယ်ဆိုတာမရှိ၊ နှစ်ယောက်လုံး၏ ကံကြမ္မာ ကိုထဲက မှားယွင်စွာဖြစ်ပေါ်ခဲ့တာ၊၊ နှစ်ယောက်လုံးမှာ ကြီးကြီးမားမားအပြစ်ဆိုတာမရှိခဲ့၊၊ နာကျင်ရသည်က နှစ်ယောက်လုံးဖြစ်ပြီး ထိခိုက် ဒဏ်ရာ ရသည်ကလည်း နှစ်ယောက်လုံး၌ ဖြစ်သည်၊၊ အပြစ်တွေအားလုံးက ကံကြမ္မာ ဆိုတဲ့ကောင်ကြောင့်သာဖြစ်သည်၊၊ ဘယ်သူကမှ မှားယွင်း မနေဘဲ မကောင်းတဲ့ ကံကြမ္မာ ကြောင့်သာ....
"အစ်ကိုလေးရန်ကို ချီပြီး ကျွန်တော်အနောက်ကနေ လိုက်ခဲ့ ၊ ကျွန်တော် အစ်ကိုရှေ့ကနေ လမ်းရှင်းပေးမယ်"
"မင်းသာ ခွန်းညီလွန်းရန် ကိုချီထုတ်လာခဲ့ ငါ လမ်းရှင်း ပေးမယ်"
"အစ်ကို ကျွန်တော် စကာနားထောင် ၊ ကျွန်တော်ပြောသလိုလုပ်၊ အစ်ကိုရော အစ်ကိုလေး ရန်ရော ထိခိုက်လို့မရဘူး"
ရိုင်းနဲ့ သူနဲ့မှာ ဘယ်သူက bossမှန်းတောင် သေချာမသိတော့၊၊ တစ်ခုခုတော့ လွဲနေတာ သေချာနေသည်၊၊ ဒင်ဒင်က သွားမယ်ဆိုသော သဘောဖြင့် ရိုင်းကို လက်ယက်ခေါ်ပြီး သေနတ် နှစ်လက်ကို ဟိုဘက်ဒီဘက်ကိုင်ရင်းအခန်းထဲကနေ ထွက်သွားတော့ သည်၊၊ ထို့ကြောင့် ရိုင်းလည်း ဘာမှပြောမနေတော့ဘဲ ဒင်ဒင်နောက်ကနေ ခွန်းညီလွန်းရန် ကို ပွေ့ချီပြီး လိုက်ထွက်လာခဲ့၏၊၊
သင်္ဘောအောက်ခြေဘက်ကနေ ထွက်လာချိန်မှာ သင်္ဘော အပြင်ဘက်၌ တိုက်ခိုက်မှု အသံတွေက ရပ်ဆဲနေပြီးဖြစ်ပြီး အခြေအနေက တိတ်ဆိတ်နေသည်၊၊ ထို့ကြောင့် သင်္ဘော ကုန်းပတ်မှနေတစ်ဆင့် ဆိပ်ကမ်းဘက်သို့သွားသော လမ်းဆီကို ရိုင်းတို့ လျှောက်လာခဲ့သည်၊၊ အခြေအနေတွေက အေးဆေး သွားပြီလို့ထင်လိုက်ပေမဲ့ ထင်ထားသလိုတော့ဖြစ်မလာခဲ့၊၊
ဆိပ်ကမ်း သို့သွားမည်လမ်း၌ ခွန်းကမ္ဘာရန်နိုင်က သေနတ်ကိုင်ပြီး စောင့်နေသည်ကိုတွေသည်၊၊ ကြည့်ရတာ ရိုင်းတို့ထွက်လာမှာကို ကြိုစောင့်နေပုံရသည်၊၊ ထို့ပြင် ခွန်းကမ္ဘာရန်နိုင်၏ တစ်ဖက်ဘေး၌ လဲကျနေသော ဒါလီယာနဲ့ သက်တော်စောင့် ခေါင်းဆောင် မြင့်မောင်ကိုလည်းတွေ့၏၊၊ ဘာတွေ ဖြစ်သွားလဲမသိပေမဲ့ ခွန်းကမ္ဘာရန်နိုင်၏ မျက်နှာသည်လည်းအတော်လေးကို အထိုးခံရတဲ့ပုံစံရှိပြီး စုတ်ပြတ်သတ်နေသည်၊၊သို့ပေမဲ့ ခွန်းကမ္ဘာရန်နိုင်က အရူးတစ်ယောက်လို့ ရိုင်းတို့ဘက်ကို ကြည့်၍ ရယ်မောနေလေသည်၊၊
"ငါဆီကနေ မင်းတို့က ရန်လေး ကို ခေါ်ထုတ်သွားချင်တယ်ပေါ့ ဟားးး ငါသေမှ ဘဲရမယ် ၊၊ ငါသေရမယ်ဆိုရင်တောင် ရန်လေး ကို ငါကအပါခေါ်သွားမှာ ဟားးး"
"စောက်ရူးစကားတွေ ပြောမနေနဲ့ ဒီနေ့က ခင်ဗျားတစ်ယောက်ထဲ ဘဲ သေရမဲ့နေ့ "
ရိုင်းစကားကို ခွန်းကမ္ဘာရန်နိုင်က လှောင်ပြောင်သလိုရယ်၏၊၊ ဒီ ခွန်းကမ္ဘာရန်နိုင်နဲ့ တိုက်ဖို့အတွက်က ခွန်းညီလွန်းရန် ကို လုံခြုံရာသို့အရင်ပို့မှဖြစ်မည်၊၊ ထို့ပြင် ဒါလီယာနဲ့ မြင့်မောင်ကိုလည်း အမြန်ဆုံးကုသမှုခံယူရန် တိုက်ဟောင်းသို့ ပို့မှရမည်၊၊
" ဒင်ဒင် ခွန်းညီလွန်းရန် ကိုချီခေါ်ပြီး ဒီကနေ ထွက်တော့ ငါ သူနဲ့ ရင်ဆိုင်လိုက်မယ်"
"အစ်ကိုသာ ရအောင်ထွက်၊ ကျွန်တော် အဲ့ဒီလူကို တိုက်နိုင်တယ်"
"ပြောစကားနားထောင်စမ်းဒင်ဒင် ၊ ခွန်းကမ္ဘာရန်နိုင်က မင်းကိုင်တွယ်ဖြေရှင်းလို့ရတဲ့သူမဟုတ်ဘူး "
"ကျွန်တော်လုပ်နိုင်တယ်၊ ကျွန်တော် ကိုစိတ်မပူနဲ့၊ အခုအစ်ကိုသွားတော့ "
ရိုင်းကို ပြောချင်ရာပြောပြီး ဒင်ဒင်က ခွန်းကမ္ဘာရန်နိုင်တည့်တည့်သို့ ပြေးဝင်သွားတော့သည်၊၊ ဒီလောက် အန္တရာယ်များတယ်ဆိုတာ ပြောနေတာတောင် မရရအောင်
ခွန်းကမ္ဘာရန်နိုင်အရှေ့တည့်တည့်ကို ပြေးဝင်သွားသေးသည်၊၊
ဒိုင်း ဒိုင်း!!
ခွန်းကမ္ဘာရန်နိုင်၏ သေနတ်ပြစ်ချက်တိုင်းကို ဒင်ဒင်က ရှောင်နိုင်ပြီး ခွန်းကမ္ဘာရန်နိုင်၏ အနီးအနားသို့ ရောက်အောင်ကပ်သွားသည်၊၊ ပြီးနောက် ခွန်းကမ္ဘာရန်နိုင်၏ လက်ထဲမှ သေနတ်ကို တစ်ခြားဘက်သို့ ဆောင့်ကန်ထုတ်လိုက်ပြီး ဝမ်းဗိုက်ကို ခြေထောက်ဖြင့် နှစ်ချက်ဆင့်ကန်လိုက်၏၊၊ သွက်လက်စွာ လှုပ်ရှားမှုတွေက စစ်တပ်ထဲမှာ လေ့ကျင့်ခံထားရဖူးတဲ့သူတွေလိုပင်၊၊ ဒင်ဒင်ဒီလိုမျိုး လှုပ်ရှား နိုင်လိမ့်မယ်လို့ ရိုင်းမထင်ထားခဲ့၊၊ ထို့ကြောင့် အံသြမိတာတော့အမှန်ပင်၊၊
" အစ်ကိုကျွန်တော် ခွန်းကမ္ဘာရန်နိုင်ကို ချုပ်ထားမယ် ၊ အစ်ကိုက အမြန်ဒီကထွက်တော့ ၊၊ ဆိပ်ကမ်းခပ်လှမ်းလှမ်း မှာ ကျွန်တော်တို့ ကားရောက်နေလောက် ပြီ ကားထဲကို အမြန်သွားတော့"
ရိုင်း ခေါင်းသာညိတ်ပြပြီး ခွန်းညီလွန်းရန် ကို ချီလျက်သားနှင့် ပြေးထွက်လာခဲ့သည်၊၊ ဒင်ဒင်ကတော့ ခွန်းကမ္ဘာရန်နိုင်ကို မြေပြင်၌ မှောက်ခုံ မှောက်ထားပြီး အပေါ်ကနေ လက်နှစ်ဖက်ကို ချုပ်ကိုင်လျက် ခွန်းကမ္ဘာရန်နိုင်၏ ခန္ဓာကိုယ် ပေါ်တတ်ထိုင်ထားသည်၊၊ ရိုင်းလည်း သင်္ဘော ဆိပ်ကမ်း နား နဲ့ အနည်းငယ် လှမ်းသော နေရာ၌ အသင့်ရပ်ထားသော ကားအနားသို့ အမြန်ပြေးလာခဲ့သည်၊၊
ရိုင်းကားအနက်နားသို့ရောက်တော့ တံခါးက အလိုလိုပွင့်လာပြီ အထဲက ဟန်နီ ထွက်လာ၏၊၊ အန္တရာယ်များလို့အိမ်မှာ နေခဲ့ဆိုတာ ကို လိုက်လာပြန်ပြီ၊၊
ခွန်းညီလွန်းရန်ကို ကားပေါ်နေရာချပြီးတာနဲ့ ဒါလီယာတို့ကို ခေါ်ရန် ရိုင်း လှည့်အထွက်
"ဘယ်သွားအုံးမလို့လဲ ၊ ခွန်းညီလွန်းရန် ကို ခေါ်ထုတ်လာနိုင်ပြီးပြီးလေ"
"ဒါလီယာတို့ ကျန်သေးတယ်၊ သူတို့ ဒဏ်ရာ ရထားတယ် ၊ ကိုယ်သွားခေါ်ရမယ်"
ရိုင်းလက်ကို ဆွဲထားသော ဟန်နီ၏ လက်အား ရိုင်းအသာ ဖြည်ချလျက် ဖြင့် သင်္ဘော ပေါ်သို့ ပြန်တတ်လာခဲ့သည်၊၊ ဒင်ဒင်ကတော့ အစောနက ပုံစံအတိုင်းရှိသေးပြီး ရိုင်းကို ပြုံး တောင်ပြုံးပြလာသေးသည်၊၊ ဒီလောက် ဒုက္ခ တွင်းထဲ ရောက်နေတာကို အဲ့ဒီကလေး က ပြုံးတောင် ပြုံးနိုင်သေးသည်၊၊ တကယ်မလွယ်ကြောလေး
"အစ်ကို အဆင်ပြေလား"
"ပြေတယ်၊ ငါ ဒါလီယာနဲ့ မြင့်မောင်ကို ကားထဲသွားထည့်အုံးမယ်၊ ပြီးမှ မင်းဆီပြန်လာမယ်၊၊ မင်း ထိန်းထားနိုင်သေးတယ်မလား"
"ဟုတ် ကျွန်တော် ထိန်းထားနိုင်ပါသေးတယ်"
ဒါလီယာနဲ့ မြင့်မောင်ကို ရိုင်း ပခုံးပေါ် တစ်ဖက်စီ ထမ်းတင်၍ သင်္ဘောပေါ်ကနေ ဆင်းလာခဲ့သည်၊၊ ဒါလီယာနဲ့ မြင့်မောင်က ခန္ဓာကိုယ် အကောင်သိပ်မကြီးသည်မို့ နှစ်ယောက်လုံးကို တစ်ပြိုင်နက်ထဲ ရိုင်း ထမ်းနိုင်ခြင်းဖြစ်သည်၊၊ လေးနစ်နေတယ်ဆိုပေမဲ့ မနိုင်တာတော့လည်းမဟုတ်ပါ၊၊ လူနှစ်ယောက် အလေးချိန်ကြောင့် လမ်းလျှောက်ရတာ အဆင်မပြေပေမဲ့ ထိန်းပြီးတော့ လျှောက်လို့တော့ရသေးသည်၊၊
ဆိပ်ကမ်း ၌ ရပ်ထားသော ကားအနားသို့ ရိုင်း ထပ်မံရောက်ရှိလာပြီး ဒါလီယာနဲ့မြင့်မောင်ကို ကားပေါ်တင်ပေးလိုက်သည်၊၊ ကားအနက်က ကြီးသည်မို့ ပုံမှန်ကားထက် နည်းနည်းကျယ်သည်ကြောင့် ဒဏ်ရာရ လူသုံးယောက်ကို တစ်ပြိုင်ထဲ ထည့်လို့အဆင်ပြေသည်၊၊
"ရိုင်း ငါတို့လူတွေ ကုန်ပြီမလား အမြန်သွားရအောင်လေ"
"ဒင်ဒင်လေး ကျန်သေးတယ်၊ သူကို ကိုယ် သွားခေါ်..."
ဒိုင်း ဒိုင်း ဝုန်းးးး!!!
စကားမဆုံးခင်မှာပင် သင်္ဘော ပေါ်မှ သေနတ်ပစ်သံတွေ ကြားရပြီးနောက် သင်္ဘောတစ်စီးလုံးက နေရာအနှံ့ ဗုံးတွေ ထပေါက်တော့သည်၊၊ ခဏလေးအတွင်းပင် သင်္ဘော တစ်စီးလုံးက မီးခိုးမှိုင်းတွေနဲ့အတူ ပျက်စီးပြီး တစ်စဆီ အစိတ်စိတ်အမြွှာမြွှာစ၍ ဖြစ်ကုန် တော့ သည်၊၊ ရုတ်တရက်အနေအထားဖြစ်သည့်အပြင် မထင်မှတ်ထားတာကြောင့် ရိုင်း ခဏတာကြောင်အမိနေသည်၊၊
သတိဝင်လာတဲ့အချိန်မှာတော့ သင်္ဘောတစ်စီးလုံး၏နေရာအနှံ့ မီးစွဲနေပြီး သင်္ဘောပတ်ပတ်လည်၏ ရေပြင်၌ ဗုံးအင်အားကြောင့်လွင့်စင်လာသော လူအပိုင်းအစတွေနဲ့ သစ်သားအပိုင်းအစတွေက နေရာအနှံ့ပင်ဖြစ်သည်၊၊ ထိုသင်္ဘောကို ကြည့်နေရင်း ခေါင်းထဲသို့ အတင်းတိုးဝင်လာသည်က ခွန်းကမ္ဘာရန်နိုင်အပေါ်၌ တတ်ဖိထားပြီး ရိုင်းကိုရယ်ပြနေသော ဒင်ဒင်၏ မျက်နှာသာဖြစ်သည်၊၊ သင်္ဘောပေါ်မှာ ဒင်ဒင်ရှိနေသေးသည်၊၊ ထိုအတွးက ရုတ်ချည်း အာရုံထဲ ပြည့်သိပ်လာသည်နှင့်အမျှ ရိုင်းကားနားကနေ သင်္ဘော မီးလောင်နေသော ဘက်သို့ပြေးထွက်မိတော့သည်၊၊
" ရိုင်း ဘယ်သွားမှာလဲ အန္တရာယ်များတယ်၊၊ မီးပွားစတွေ လွင့်စင်နေတုန်းဘဲလေ "
ပြေးထွက်သွားသည့်ရိုင်း၏နောက်ကို ဟန်နီ အမြန်မှီအောင်လိုက်၍ လက်ကိုလှမ်းဆွဲကာ သင်္ဘောနဲ့ ဝေးရာကို ခေါ်လာခဲ့သည်၊၊ ဟန်နီတို့ကားတောင် သင်္ဘောနဲ့အနည်းငယ်လှမ်းတဲ့နေရာမှ ရှိနေလို့ ဗုံးဒဏ်ကိုလွတ်ခြင်းဖြစ်သည်၊၊
"မဖြစ်ဘူး၊ ကိုယ်သွားမှ ဖြစ်မယ် ၊ ဒင်ဒင် သင်္ဘောထဲမှာ ရှိသေးတယ် ၊၊ သူကို ကိုယ်ရအောင် ကယ်ထုတ်မှ ဖြစ်မယ်၊ ကိုယ်ကို လွှတ် !"
"သင်္ဘောတစ်စီးလုံး ဗုံးကြောင့် ပြာကျလို့ကုန်နေပြီလေ ၊ ဘယ်လိုသွားကယ်ထုတ်မှာလဲ ၊ ရိုင်း အသိဝင်စမ်းပါ ၊ သွားကယ်ထုတ်ဖို့ အရမ်းနောက်ကျသွားပြီ"
"ဟင့်အင်း အဲ့ဒီကောင်လေးကို ကိုယ်ရအောင် ကယ်ထုတ်မှာ သူဘာမှဖြစ်လို့မရဘူး.."
ဟန်နီ ချုပ်ကိုင်ထားသော လက်တွေကြားမှ ရိုင်းက အတင်းရုန်းက မီးလောင်နေသော သင်္ဘောနားကိုသွားမယ်ဘဲ လုပ်နေ၏၊၊ သင်္ဘောက တဖြည်းဖြည်းနဲ့ မီးဒဏ်ကြောင့် ပြာကျပြီး ရေထဲသို့ ရောက်တော့မည် ဒါကို ရိုင်းက လက်ခံချင်သေးပုံမရ၊၊ ဒင်ဒင်ဆိုတဲ့ကောင်လေး အတွက် စိတ်မကောင်းပေမဲ့ ကယ်ထုတ်လို့မရတော့သည်မို့ ဘာမှမတတ်နိုင်တော့ချေ၊၊
" အဲ့ဒီ ကောင်လေး အခုလိုဖြစ်တာ ကိုယ်ကြောင့်၊ သူက ကိုယ်ကို ကာကွယ်ပေးရင် ဖြစ်တာ၊ သူကိုယ်တိုင် အလွတ်ပြေးထွက်လို့ ရရဲ့နဲ့ ကိုယ်တို့ကို ကာကွယ်ပြီး သူကို သူအန္တရာယ်ထဲ တိုးဝင်တာ "
ငိုချလာသော ရိုင်းကို ဟန်နီ ရင်ခွင်ထဲထည့်ပြီး ပခုံးတို့ကို ပုတ်ပေးလျက် နှစ်သိမ့်ပေးရတော့သည်၊၊ ခန္ဓာကို အကောင်ကသာကြီးတာ စိတ်ကတော့ မိန်းကလေးတွေထက်နုသည်၊၊
"ငါတို့ သွားရအောင် ကားထဲက လူတွေကို ကုသမှုအမြန်လုပ်ပေးဖို့လိုတယ် ရိုင်း "
ရိုင်းကို ဟန်နီ ကားအနားသို့ခေါ်လာပြီး ကားထဲသို့ ထည့်ကာပင် ဟန်နီကိုယ်တိုင်ကတော့ မောင်းသူဘက်ခြမ်းကိုဝင်ထိုင်၍ ကားကို တိုက်ဟောင်းရှိရာဆီသို့အမြန်မောင်းနှင်လာခဲ့တော့သည်၊၊ ကားမောင်းလာတဲ့တစ်လျှောက်လုံး ဟန်နီဘေးက ရိုင်းက မျက်ရည်ကျနေပေမဲ့ အသံမထွက်ဘဲ ငြိမ်သက်ပြီးလိုက်ပါလာခဲ့သည်၊၊
°°°°°°°°°°°°°
ဆူညံ့နေသော တိုက်ဟောင်းထဲ၌ ဒဏ်ရာရလူများကို အပြေး အလွှားနဲ့ ဆရာဝန်တွေက ကုသပေးနေကြသည်၊၊ ဟိုဘက်သွား ဒီဘက်သွား လူများနဲ့ ရှုပ်ယှက်ခတ် နေသော မြင်ကွင်ကို ရိုင်း ကြောင်စီစီ နဲ့သာကြည့်နေမိသည်၊၊ စိတ်နဲ့လူနဲ့က မကပ်သလိုမျိုး ဝိညာဉ် က ခန္ဓာကိုယ် ထဲကနေ ထွက်သွားသလိုမျိုး လှုပ်ရှားမှုမရှိဘဲ ထိုင်နေမိသည်မှာ ဒီတိုက်ဟောင်းသို့ ရောက်လာထဲကဖြစ်သည်၊၊ တစ်ခြားသူတွေက ဒဏ်ရာရလူတွေကိုကူညီပေးရင်းနဲ့ အလုပ် ရှုပ်နေကြပေမဲ့ ရိုင်းကတော့ ထိုင်ပြီးသာ အလုပ်ရှုပ်နေတဲ့လူတွေကို ဘာရယ်မဟုတ် လိုက်ကြည့်နေမိသည်၊၊
"အစ်ကို အဆင်မပြေလို့လား၊ ရော့ ကော်ဖီလေးသောက်လိုက်"
ရင်းနှီး နေသော အသံတစ်ခုက နားစည်ထဲသို့ ရုတ်တရက်ဝင်ရောက်လာသည်မို့ ရိုင်းအမြန်ပင် ဘေးနားသို့လှည့်ကြည့်မိလိုက်တော့ ကော်ဖီခွက်ကို ရိုင်းဘက်သို့ ထိုးပေးထားပြီး ပြုံးပြနေသော ကောင်လေးကို တွေ့သည်၊၊ သေချာသည်က အဲ့ဒီကောင်လေးက ဒင်ဒင်ဆိုတာပင်
"မင်း ..မင်း မသေဘူးလား"
"ဟမ် ကျွန်တော်ကဘယ်လိုလုပ်ပြီး သေ အင့်!"
ရုတ်ချည်း ဆွဲဖတ်ကာ ရင်ခွင်ထဲဆွဲသွင်းပြီး တင်းတင်းကျပ်ကျပ်ဖက် လိုက်သော အစ်ကိုကြောင့် ဒင်ဒင် လက်ထဲမှာ ကိုင်ထားသော ကော်ဖီခွက်ကို လွှတ်ချလိုက်မိသည်၊၊ ဘာဖြစ်မှန်းမသိပေမဲ့ အစ်ကိုပုံစံကြည့်ရတာ နည်းနည်းထူးဆန်းနေသလိုပင်၊၊ ဒင်ဒင် ခဏကြာအောင် ငြိမ်နေပေး လိုက်ပြီးနောက် အစ်ကို၏ ရှိုက်သံ တစ်စွန်းတစ်စ ကို ကြားပြီး သတိထားမိကာမှ အစ်ကိုငိုနေမှန်း သိတော့သည်၊၊
"အစ်ကို ဘာဖြစ်လို့ငိုနေတာလဲဟင် "
".........."
"အစ်ကို ကျွန်တော်ကို လွှတ်ပေးပါအုံး ကျွန်တော် အသက်ရှူကျပ်နေပြီ"
"မင်း မသေ သေးတာကောင်းလိုက်တာ ၊၊ဒါနဲ့ မင်းဘယ်လို အသက်ရှင်လာတာလဲ ၊၊ သင်္ဘောတစ်ခုလုံးဗုံး ကြောင့် ကုန်ပြီလေ"
အစ်ကိုက ဒင်ဒင်ကိုသေသွားသည်ထင်၍ ငိုနေမှန်း အခုမှ ရိပ်မိတော့သည်၊၊ တစ်ခုခုများဖြစ်လို့ငိုတာလားဆိုပြီး စိတ်ပူလိုက်ရတာ
"အစ်ကိုလည်းကြားမှာပါ ဗုံးမပေါက်ခင် သေနတ်သံ နှစ်ချက်ကိုလေ"
"အင်းကြားတယ်"
"အဲ့သေနတ်သံနှစ်ချက်က ကျွန်တော် ခွန်းကမ္ဘာရန်နိုင်ကိုပစ်လိုက်တာ၊၊ ခွန်းကမ္ဘာရန်နိုင်က သူဘောင်းဘီ အိတ်ကပ်ထဲက ဗုံးနဲ့ချိတ်ဆက်ထားတဲ့ ခလုတ်ကို နှိပ်လိုက်တော့ ကျွန်တော်သူကို သေနတ်နဲ့ နှစ်ချက်ပစ်လိုက်ပြီး ရေထဲ ခုန်ချခဲ့တာ၊၊ တော်သေးတာက ဗုံးက စက္ကန့် 20 လောက်ပြီးမှ ပေါက်ကွဲလို့ ကျွန်တော် အသက်ရှင်လျက်ရေထဲ ခုန်ချနိုင်ခဲ့တာလေ"
ဒင်ဒင်ရှင်းပြသမျှကို အစ်ကိုက ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေ သည်၊၊
"နောက်ပြီးတော့ရော ဒီကို ဘယ်လိုရောက်လာတာလည်း"
"ကျွန်တော် ဆိပ်ကမ်း ဘက်ကို ရေကူးလာတာပေါ့ဗျာ၊၊ နောက်ပြီး ကျွန်တော် ဆိပ်ကမ်း နားရေကူးပြီးရောက်လာတော့ အစ်ကိုတို့မရှိတော့ဘူးလေ၊ အဲ့တာနဲ့ ဒီကို လမ်းလျှောက်လာခဲ့တာ"
ရေတွေစိုနေဆဲဖြစ်တဲ့ ဒင်ဒင် ခန္ဓာကိုယ် ကို အခုမှဘဲ ရိုင်း သတိထားကြည့်မိတော့သည်၊၊ စိတ်ထဲ အပျော်လွန်ပြီး အဲ့ဒီကောင်လေးကို ဆွဲဖတ်မိလိုက်တာ ၊၊ ရေတွေစိုနေမှန်းတောင်သတိမထားမိ၊၊ ထို့ပြင် ရေစိုပြီးအေးနေလို့ ကော်ဖီသောက်နေသည့်ကောင်လေးက ရိုင်းကို သူကော်ဖီလာပေးသည်ကို ရိုင်းက ဆွဲဖတ်လိုက်တော့ ကော်ဖီခွက်က အောက်သို့ပြုတ်ကျသွားပြီး ကောင်လေးမှာ သောက်စရာကော်ဖီမရှိတော့၊၊ နည်းနည်းတော့ အားနာသွားရပေမဲ့ ရိုင်းလည်း တမင်လုပ်လိုက်တာမှမဟုတ်ဘဲ၊၊ ဒီတိုင်း စိတ်လိုလက်ရ အခြေအနေ ဖြစ်သွားလို့ လုပ်လိုက်မိတာ
"အစ်ကို ကျွန်တော်ကို ဖတ်ထားတာ လွှတ်အုံးလေဗျ"
"အော် အော် sorry .."
နှစ်ယောက်သားကြား ခဏလောက်ထိ တိတ်ဆိတ်သွားကြပြီး ဘယ်သူဘက်မှ စကားစမလာကြတော့ ၊၊ အစ်ကို ကို ဒင်ဒင်လှည့်ကြည့်တော့ မြင်နေရသော နားရွက်တစ်ဖက်က ရဲတတ်နေလေသည်၊၊ မဟုတ်မှ အစောနက ဒင်ဒင် ပြောလိုက်တဲ့စကားကြောင့် ရှက်သွားတာများလား
" ဒါနဲ့ အစ်ကို နာမည်က ဘယ်လိုခေါ်လဲဟင်"
"ရိုင်းစက်မာန်၊ မင်းနာမည်ကရော ဒက်ဒင် ဘဲလား"
"မဟုတ်ဘူး၊၊ကျွန်တော် နာမည်ရင်းက ရှိန်းခန့်ကိုကို ၊၊ဒင်ဒင်ဆိုတာက ဖေဖေခေါ်တဲ့ အိမ်ခေါ်နာမည်"
ချစ်စရာကောင်းတဲ့ ကောင်လေးကိုကြည့်ပြီး ရိုင်း မပြုံးဘဲ မနေနိုင်၊၊ ရစ်အိမ်တော် ရှေ့နေ့ကြီးရဲ့ မွေးစားသားလေးက ဘယ်လိုတောင်ချစ်ဖို့ကောင်းလိုက်လဲ၊၊ 19 နှစ်သာ ရှိသေးတဲ့ကောင်လေးက သေးသေးကွေးကွေးလေးဆိုပေမဲ့ ဘာမှမကြောက်တတ်တဲ့ စိတ်ကတော့ လူကြီးတွေထက်သာလောက်သည်၊၊ ရွယ်တူတွေထဲမှာ ဆိုရင်တော့ သတ္တိ ရှိဆုံး သူအဖြစ် သတ်မှတ်ခံရလောက်မည်၊၊
"အစ်ကို ကိုမေးစရာရှိတယ်"
ဒင်ဒင်ကို အစ်ကိုက မေးဆိုသော သဘောဖြင့် မေးဆတ်ပြလာသည်၊၊
"ကျွန်တော် သဘောကျနေတဲ့သူရှိတယ်အစ်ကို၊ ဒါပေမဲ့ သူမှာ ပိုင်ရှင်ရှိတယ်၊၊ အဲတာ ကျွန်တော် ဘာဆက်လုပ်သင့်လဲဟင် "
"တစ်ဖက်လူက ပိုင်ရှင်ရှိရင် သူအပေါ်မင်းခံစားချက်တွေမထားတာ ကောင်းလိမ့်မယ်၊၊ ဒါပေမဲ့ မင်းသဘောကျတဲ့လူကို ပိုင်ထားတဲ့ လူက တန်ဖိုးမထားဘူးဆိုရင်တော့ မင်း သဘောကျတဲ့လူကို ရအောင် အပိုင်ယူပေါ့"
"ကျွန်တော်သဘောကျတဲ့လူနဲ့ သူပိုင်ရှင်နဲ့က အဆင်ပြေပြေရှိနေပြီး ပျော်ရွှင်နေတယ်ဆိုရင်ရော၊၊ နောက်ပြီး ကျွန်တော်အတွက် နေရာလေးတစ်ခုတောင် ကျွန်တော်သဘောကျနေတဲ့ လူဆီမှာ မရှိဘူးဆိုရော "
"အဲ့ဒါဆိုရင်တော့ မင်းသူအပေါ်ထားတဲ့ခံစားချက်တွေကို ဖျောက်ပြစ်ပြီး သူကိုမေ့ပြစ်လိုက်၊၊ အဆင်ပြေနေတဲ့ လူနှစ်ယောက်ကြားကို တိုးမဝင်တာအကောင်းဆုံးဘဲ"
ခပ်မှိုင်းမှိုင်း မျက်နှာဖြစ်သွားတဲ့ ကောင်လေးကို ကြည့်ပြီး ရိုင်းသက်ပြင်းသာ အသာချမိတော့သည်၊၊ အခုခေတ်ကလေးတွေ ငယ်ငယ်လေးနဲ့ သဘောကျနေတဲ့သူတွေဘာတွေတောင် ရှိလို့ပါလား၊၊ ရိုင်း 19 နှစ်တုန်းကဆို ဆော့လိုက် အိပ်လိုက် စားလိုက်နဲ့ အချစ်ဆိုတာဘာမှန်းမသိသလို ဘယ်လိုခံစားချက်က လူတစ်ယောက်ကို သဘောကျနေလဲ ဆိုတာတောင်မသိ၊၊ အခုခေတ်ကလေးတွေနဲ့များ ကွာလိုက်တာ
"မင်းကငယ်သေးတယ်၊ တတ်လှမ်းတွေအများကြီးရှိသလို မင်းတွေ့ဆုံရမဲ့လူတွေလည်းအများကြီးဘဲ၊၊ အဲ့ထဲကမှ မင်း သဘောကျတဲ့လူက အခုလူမဟုတ်ဘဲ အသစ်ထပ်ပေါ်လာနိုင်တယ်"
"ကျွန်တော်နားလည်ပါပြီ၊၊ သူပျော်နေတာဘဲ အဝေးက ငေးကြည့်ပါတော့မယ်၊၊နောက်ပြီး စိတ်မဖြတ်နိုင်ခင်အထိတော့ ကျွန်တော် သဘောကျနေ တဲ့ လူရဲ့ ပိုင်ရှင်ဖြစ်သူကို အားနာ နေရအုံးမှာပေါ့ဗျာ"
ဒင်ဒင်စကားဆုံးသည်နှင့် အစ်ကိုက ခေါင်းကိုခပ်ဖွဖွ ပုတ်ပေးလာသည်၊၊ ငေးကြည့်ရအုံးမှာပေါ့ ပိုင်ဆိုင်ခွင့်မှ မရှိခဲ့ဘဲ၊၊ ငေးကြည့်ရုံသာ တတ်နိုင်တဲ့အရာတွေထဲမှာ တစ်စုံတစ်ယောက်ကတော့ ထိပ်ဆုံးကနေ ပါဝင်နေခဲ့သည်၊၊ သူမသိလည်း ဖြစ်တယ်လို့တွေးနေပေမဲ့ တကယ်တမ်းတော့ ဖွင့်ဟ ဝန်ခံချင်တဲ့ စိတ်ကို မနည်းချိုးနှိမ်ထားရသည်မှာ မလွယ်ကူမှန်း ကိုယ် ကို ကိုယ်သာ သိသည်၊၊
" ရိုင်း ဟန်နီဆီခဏလာအုံး ပြောစရာရှိလို့!"
ခပ်လှမ်းလှမ်းကနေ လှမ်းခေါ်လာသော ဟန်နီ၏ အသံကြောင့် ရိုင်း ထိုင်နေရာမှ ထရပ်လိုက်သည်၊၊ပြီးနောက် ဒင်ဒင်ကို နှုတ်ဆက်ပြုံးပြပြီး ဟန်နီရှိရာသို့ ပြေးထွက်လာမိတော့သည်၊၊
ပြုံးပျော်နေသော လူနှစ်ယောက်၏ အခြေအနေကို အဝေးကနေ လှမ်းငေးကြည့်နေသော ကောင်လေးတစ်ယောက်၏ မျက်ဝန်းတွေထဲ၌ ငွေ့ရည်ဖွဲ့နေသည်ကိုတော့ ဘယ်သူမှသတိထားမိမည်မဟုတ်ပေ၊၊ မပိုင်ဆိုင်ရဘဲ ငေးကြည့်ခြင်းက နာကျင်ရတယ်ဆိုပေမဲ့ ကိုယ်ချစ်ရသူ ပျော်နေတာလေးကိုမြင်ပြန်တော့လည်း ရှေးဆက်မတိုးမိဘဲ ရှိနေတဲ့နေရာမှာသာ ငေးကြည့်နေခြင်းက ကောင်းမွန်သည့်ခံစားချက်ကို ဖြစ်ပေါ်စေသည်၊၊
ချစ်သည် သို့ပေမဲ့ လုံးဝဖွင့်ဟပြောဆိုမည်မဟုတ်သလို ဘယ်သောအခါမှလည်း ဖွင့်ဟ ဝန်ခံလို့ ရမည်မဟုတ်တော့၊၊ ဒီနေ့ဒီနေရာ၌သာ ထိုလူအား ချစ်ခင်မှုကို အပြီးတိုင် နှလုံးသား အနက်ရှိုင်းဆုံး၌ ထိန်းသိမ်း ထားလိုက်မည်ဖြစ်ပြီး ဘယ်တော့မှ ထုတ်ဖော်မည်မဟုတ်ပေ၊၊
" ကျွန်တော် ပျော် ရွှင်ဖို့ထက် အစ်ကို ပျော်ရွှင်ဖို့က ပိုအရေးကြီးတာမို့ မပိုင်ဆိုင်ရလည်း ဖြစ်ပါတယ် အစ်ကို "
"ချစ်တယ်အစ်ကို ၊ ကျွန်တော် အစ်ကို ကို မြင်မြင်ချင်း ချစ်မိခဲ့တာ.."
"ပိုင်ရှင်ရှိမှန်းသိရက်နဲ့ ချစ်ခဲ့မိလို့ ကျွန်တော် တောင်းပန်ပါတယ်အစ်ကို ၊ ရှေ့ဆက်ပြီး မချစ်မိတော့အောင် ကျွန်တော် ကြိုးစားပါ့မယ် "
တိုးညှင်းသော ရှိုက်သံတွေကြားမှ ကောင်ငယ်လေး၏ စကားသံများက ရှိုက်သံထက်ပို၍ တိုးညှင်းလွန်းသည်၊၊ ထို့ကြောင့် ဘယ်သူကမှ ကောင်ငယ်လေး၏ ရင်တွင်းမှလာသော စကားသံအနည်းငယ်ကို မကြားနိုင်ခဲ့ပေ၊၊
°°°°°°°°°°°°°°°°°°°°°
ဇန် ..... ရိုင်းနဲ့ ဒင်ဒင်ကို ပေးစားလိုက်မယ်နော်
သဘောတူကြလား
ဟန်နီလင်း ...... ရိုင်းကိုလင်ပေးစားမယ်ဆိုရင်
ငါအတွက် မိန်းမ တစ်ယောက်
ပါရှာပေးရမှာနော်
ဇန်......., ( ಠ⌣ಠ ပြောစရာစကားပျောက်ရှ)