True Love 💭 (Completed)

Door KaKyoePhyu85

844K 17K 325

ကောင်မလေးကိုချစ်ပါသည်။ Meer

Part 💭 1 (U&Z)
Part 💭 2 (U&Z)
Part 💭 3 (U&Z)
Part 💭 4(U&Z)
Part 💭 5 (U&Z)
Part 💭 6 (U&Z)
Part 💭 7 (U&Z)
Part 💭 8 (U&Z)
Part 💭 9 (U&Z)
Patr 💭 10 (U&Z)
Part 💭 11 (U&Z)
Part 💭 12 (U&Z)
part 💭 13 (U&Z)
Part 💭 14 (U&Z)
Part 💭 15 (U&Z)
Part 💭 16 (U&Z)
Part 💭 17 (U&Z)
Part 💭 18 (U&Z)
Parts 💭 19 (U&Z)
Part 💭 20 (U&Z)
Part 💭 21 (U&Z)
Part 💭 22 (U&Z)
Part 💭 23 (U&Z)
Part 💭 24 (U&Z)
Part 💭 25 (U&Z)
A gift for readers💛
Part 💭 26 (U&Z)
Part 💭 27 (U&Z)
Part 💭 28 (U&Z)
Part 💭 29 (U&Z)
A gift for readers 💛
Part 💭 30 (U&Z)
Part 💭 31 (U&Z)
Part 💭 32 (U&Z)
Part 💭 33 (U&Z)
Part 💭 34 (U&Z)
Part 💭 35 (U&Z)
Part 💭 36 (U&Z)
Part 💭 37
Part 💭 38 (U)
Part 💭 38 (Z)
Part 💭 39 (U)
Part 💭 39 (Z)
Patr 💭 40 (U)
Part 💭 40 (Z)
Part 💭 41 (U)
Part 💭 41 (Z)
Patr 42 💭 (U)
Part 💭 42 (Z)
Part 💭 43 (U)
Part 💭 43 (Z)
Part 💭 44 (U)
Part 💭 44 (Z)
Part 💭 45 (U)
Part 💭 45 (Z)
Part 💭 46 (U)
Part 💭 46 (Z)
Part 💭 47 (U)
Part 💭 47 (Z)
Part 💭 48 (U)
Part 💭 48 (Z)
Part 💭 49 (U)
Part 💭 49 (Z)
Part 💭 50 (U)
Part 💭 50 (Z)
Part 💭 51 (U)
Part 💭 51 (Z)
Part 💭 52 (U)
Part 💭 52 (Z)
Part 💭 53 (U)
Part 💭 53 (Z)
Part 💭 54 (Z)
Part 💭 55 (U)
Part 💭 55 (Z)
Part 💭 56 (U)
Part 💭 56 (Z)
The End (U)
The End (Z)
Extra - 1 (U)
Extra - 1 (Z)
Extar 💭 2 (U)
Extra 💭 2 (Z)

Part 💭 54 (U)

8.7K 205 5
Door KaKyoePhyu85

(Unicode)
True Love  အပိုင်း - ၅၄

"အဟမ်း .."

"အဟွတ် အဟွတ်.."

"သားဘာဖြစ်လို့လဲ အအေးမိလို့လား"

"မဟုတ်ဘူးမာမီ မနေ့ကမြင်မိတာတွေကထူးဆန်းနေတော့ လန့်သလိုဖြစ်နေတာအခုထိ"

ကွန့်မြူးဆီ မျက်စောင်းလှလှလေးတစ်ချက် ဒိုင်းကနဲရောက်လာလေသည်။

"သားဘာမြင်လိုက်လို့လဲ"

"ထူးဆန်းထွေလာပဲ မထင်ထားတဲ့အဖြစ်ပျက်ကြီးမာမီရာ သဲထိတ်ရင်ဖိုဇာတ်ကားကြီးကျလို့"

"ပြောပြစမ်းပါသားရယ် သိချင်လို့"

"ဒါတော့ပြောပြလို့မရဘူးမာမီရ top secret "

"မင်းဟာက မပြောပြပဲနဲ့သိချင်အောင်လာလုပ်နေတယ်"

"ဒယ်ဒီကလဲ top secret ပါဆို"

ရွှေကူရယ်မေမေရယ် ဘဘကြီးရယ် မေမေကြီးရယ် အကိုလေးရယ် ၅ ယောက်သား ဇာတ်ကားကြည့်နေကြသည်ကိုထပြောသည်ကြောင့် ရွှေကူ့မှာမလုံမလဲဖြစ်နေရတော့သည်။ အကိုလေးကတော့ ရွှေကူ့ကိုပြုံးပြုံးကြီးကြည့်၍ လာကလိနေလေသည်။ အန်တီမေတို့သိသွားရင်ရှက်စရာကြီးကို ဟွန်း။

ရွှေကူတို့ TV ကြည့်အပြီး ကိုယ်စီအခန်းပြန်ကြသည့်အခါ အကိုလေးကကပ်တိုးလေးပြောသွားလေသည်။ ဝရံတာကိုလစ်တာနှင့်လာခဲ့ဖို့တဲ့လေ။ ရွှေကူလဲ အိပ်ခန်းဆီရောက်သည်နှင့် ခဏစောင့်၍ ဝရံတာဘက်ကူးလိုက်လာသည်။

"အကိုလေး "

"ကိုကိုလို့ခေါ် "

"မခေါ်ဘူး"

"ဟား .."

ကွန့်မြူးချောင်ပိတ်မေးတာတောင် မခေါ်ဘူးပြန်ပြောသည့်အာပူကြူးလေးက သတ္တိတွေရှိနေတာပေါ့လေ။

"အစောကဘာလုပ်တာလဲပြော တဂယ်ကြီးပြန်ပြောရင်စိတ်ဆိုးပစ်မှာနော်"

"ခင်ဗျားလေးစတဲ့ဇာတ်က ကျွန်တော်မျိုးအတွက်တော်တော်နဲ့အရှိန်မသေဘူးလေဗျာ ဘာတဲ့ကိုက်ချင်တာဆိုတာ "

"အကိုလေးနော်"

"ဟားဟား .."

"တိုးတိုးရယ်ပါ ကြားသွားရင်နှင်ထုတ်ခံနေရမယ်နော်"

တံခါးပိတ်ထားတယ်ဆိုပြီးအော်ရယ်နေသည့်အကိုလေးကို ရွှေကူ့မှာရှက်ချိန်မရ တားလိုက်ရသည်။

"နှင်ထုတ်တော့လဲ ဟော့ဒီကအာပူကြူးကိုတစ်ခါထဲခိုးပြေးသွားရုံပေါ့ အရံတောင်သင့်သေး"

"ဘယ်သူကလိုက်မယ်ပြောလဲ ရွှေကူကအပျိုကြီးလုပ်မှာ"

"ဘယ်လို"

"ဟုတ်တယ်အပျိုကြီးလုပ်မှာပါဆို"

"ရည်းစားတော့ထားပြီး ယောက်ျားတော့မယူချင်ဘူး အပျိုကြီးလုပ်မယ်ကတွေးလိုက်သေးတယ်ပေါ့လေ"

"အွန်းလေ ရည်းစားထားလဲအပျိုကြီးလုပ်လို့ရတာကို"

"ဘယ်လိုလုပ်ရမှာလဲကွ နေပါအုံးအဲ့အတွေးကဘယ်လိုလုပ်ရလာတာလဲ"

"ရွှေကူမှယောက်ျားမယူချင်တာ"

"ကိုယ့်ကိုအပျော်ပဲကြံတာပေါ့ "

"အဲ့လိုလဲမဟုတ်ပါဘူး ဒီအတိုင်းပဲယောက်ျားမယူချင်တာ "

ရုပ်တည်လေးနှင့်ပုံမှန်တိုင်းပြန်ဖြေနေသည့် ဒီဟာလေးက ဘာတွေများတွေးနေပါလိမ့်ကွာ။

"မေးမယ် ကိုယ့်ကိုလက်ထပ်ဖို့စိတ်ကူးမရှိဘူးလား"

ရွှေကူမဖြေမိပေ။ အကိုလေးကိုမော့ကြည့်မိတော့ ရွှေကူ့အဖြေကိုစောင့်ဆိုင်းနေသည့်ပုံမို့ ရွှေကူအောက်သို့ငုံ့ချလိုက်တော့သည်။

"မေးနေတယ်လေ"

"အကိုလေးကလဲ ယောက်ျားကြီးမယူချင်ပါဘူးဆို"

"အော် လွှတ်ပေးတာများတော့ ဒီကောင်ကဘယ်လိုကောင်လဲမေ့သွားပြီပေါ့"

"ဟင်.. အကိုလေးဘာလုပ်မလို့လဲ"

ရွှေကူ့ခါးကို လာဖက်သည်ကြောင့် ရွှေကူ့မှာလန့်နေရတော့သည်။

"နမ်းမလို့ မေ့လဲတဲ့ထိနမ်းမလို့ကွ "

"အဲ့လိုမရဘူးလေ "

မရဘူးဆိုပြီး ရင်ခွင်ဆီတိုးဝင်၍မျက်နှာအပ်ထားပုံများ ဒါကနမ်းမှာဆိုး၍ပုန်းနေတာပေါ့လေ။

"မနမ်းတာကြာတော့ကိုယ့်ကိုမေ့တယ် မေ့ရုံနဲ့မကျေနပ်တော့ ဟော လူကိုအပျော်ကြံလာတယ် ရွှေကူရေ မင်းအလွန်ဘူးလားကွာ"

"အကိုလေးကလဲ မလွန်ပါဘူးဆိုဘာလွန်လို့လဲ"

ဒီအခြေနေထိလဲ မလွန်ဘူးပဲပြောနေသည်ကြောင့် ကွန့်မြူးစိတ်တော့အနည်းငယ်တိုမိသည်။ ဒီကောင်က လက်ထပ်ခွင့်တောင်းဖို့တောင်ပြင်ဆင်ထားပြီလေကွာ။

"အေး.. အဲ့မလွန်တဲ့ကောင်မလေးလာခဲ့ "

"အမေ့ အကိုလေးအောက်ကိုချပေး"

ရွှေကူ့ကိုပွေ့မလိုက်သည်ကြောင့် ပြုတ်ကျမည်ဆိုး၍ ရွှေကူ့မှာအကိုလေးကိုဖက်တွယ်ထားရသည်။ အရမ်းကြီးလဲမအော်ရဲ မေမေကအပေါ်ထပ်မှာအိပ်သည်ကြောင့် ရွှေကူ့မှာအကိုလေးခေါ်ရာ ဝရံတာမှခုံလေးဆီ ပါလာခဲ့တော့သည်။

ကွန့်မြူးခုံလေးဆီပွေ့မခဲ့ပြီး အတူထိုင်လိုက်ရာ ကောင်မလေး၏ခြေထောက်များက ကွန့်ပေါင်ပေါ်တင်ရပ်သားလေးဖြစ်နေ၏။ ထို့နောက် ကောင်မလေးဘက်တိုးသွားလိုက်တော့ နောက်လေးဆုတ်သွားသည့်ကောင်မလေးက ကွန့်မြူးကိုမျက်လုံးပြူးပြူးလေးနှင့်ကြည့်နေလေသည်။

"ဘယ်လိုလဲ"

"ဘာကိုလဲ"

"ကိုယ့်ကိုမယူချင်ဘူးဆိုတာသေချာပြီလား"

"အွန်း.. သေချာပြီ "

ဖြေပုံကိုက စဉ်းတောင်မစဉ်းစားပဲ ချက်ချင်းကိုဖြေလေသည်။

"အေးမပြင်ဘူးနော် "

"အကိုလေးကလဲ ယောက်ျားကမယူချင်တာပါဆို"

"ရပြီအဲ့လောက်ဆို "

"ဟွန် .."

အကိုလေးရွှေကူ့ရှေ့တိုးလာပြီး နမ်းမလို့ဟန်ပြင်နေသည်ကိုသိသော်လည်းရွှေကူမရှောင်ဖယ်မိတော့ပေ။ မျက်လုံးလေးမှိတ်၍ အကိုလေး၏အနမ်းကိုရွှေကူကိုယ်တိုင်တောင်မသိလိုက်ပဲ မက်မောစွာစောင့်ဆိုင်းနေမိသည်။

အဲ့လိုလွယ်လွယ်လေးနမ်းလိုက်ရင် ကိုယ့်ဈေးကျသွားမှာပေါ့ကွ။

ကောင်မလေးနှုတ်ခမ်းလေးကို တစ်ချက်လေးမထိတစ်ထိနမ်း၍ ကွန့်မြူးအနမ်းကိုရပ်ပစ်လိုက်သည်။ ထို့နောက် ကောင်မလေးဘက်ပိုတိုး၍ ကောင်မလေး၏ နားဖျားလေးသို့ထပ်နမ်းလိုက်၏။

"အကိုလေး "

ရွှေကူမနေတတ် အူတွေယားလာရတော့သည်။ အကိုလေး၏ အနမ်းပုံစံကိုမကြိုက်ပေမယ့် ရွှေကူအတင်းကြီးရုန်းမနေတော့ပဲ အကိုလေးအင်္ကျီစကိုဆွဲကိုင်၍ စိတ်ကိုတင်းထားမိသည်။

"ဘာမှတောင်မနမ်းရသေးဘူးနော်"

ရွှေကူ့နားနားသို့ကပ်၍လာပြောသည့်အခါ ကြက်သီးမွေးလေးတွေတောင်ထလာရသည်။

"အဲ့လိုကြီးမနမ်းနဲ့ ရွှေကူမနေတတ်ဘူး "

"ကိုယ်ကတစ်ဘဝလုံးစာအတွက်ရည်ရွယ်ထားတာနော်ကောင်မလေး"

ရွှေကူ့နှာဖျားလေးဆီ အကိုလေး၏နှာဖျားလေးနှင့်ပွတ်တိုက်၍ပြောလာသည့်အခါ ရွှေကူကြည်နူးမိသည်။ တစ်ယောက်၏အသက်ရူသံကို တစ်ယောက်ကကြားရသလိုနီးကပ်နေ၍ ရွှေကူရင်ခုန်သံတွေမြန်လာလေသည်။

ကောင်မလေး၏မျက်နှာလေးသို့ခပ်ဖွဖွလေးကိုင်လိုက်သော် ကောင်မလေးက ကွန့်မြူးဆီသို့မဝံ့မရဲလေးကြည့်လာလေသည်။

"ကိုယ်သိပ်ချစ်တာသိလား"

"အွန်း "

"အာပူကြူးရောကိုယ့်ကိုချစ်လား"

နီးကပ်လွန်းသည့်မျက်နှာနှစ်ခုကြောင့် ရွှေကူ့မှာအကိုလေး၏ချောမောသည့်မျက်နှာကိုအနီးကပ်မြင်နေရသလို ချစ်လွန်းလှ၍လဲ အကိုလေးကို ကြာကြာမကြည့်ရဲပေ။

"ချစ်တယ် "

အကိုလေး၏နှုတ်ခမ်းလေးဟာ ရွှေကူ့နှုတ်ခမ်းလေးဆီကျရောက်လာသည့်အခါ ရွှေကူမျက်လုံးလေးမှိတ်ထားမိ၏။ ထို့နောက် ရွှေကူ့လက်တွေကို အကိုလေးလည်တိုင်ဆီဖက်ခိုင်းလာသည့်အခါ ရွှေကူသိုင်း၍ဖက်ထားလိုက်တော့သည်။ ရွှေကူကယခုချိန်တွင် စကားနားထောင်သည့်ကောင်မလေးဖြစ်သွားပြီမဟုတ်လား။

နူးညံ့ပါသည်ဆိုသည့် Cheese လေးတွေထက် နူးညံ့လွန်းသည့်နှုတ်ခမ်းသားလေးတစ်စုံ။ ချိုလွန်းပါသည်ဆိုသည့် သကြားလုံးပျားရည်တွေထက် ချိုမြိန်လွန်းသည့် နှုတ်ခမ်းလေးတစ်စုံ။ ကိုယ့်ကိုလက်မထပ်ချင်ပါဘူးဟုပြောသည့် ချစ်ရသည့်အာပူးကြူးလေးဟာ ယခုတော့ ကွန့်မြူးအနမ်းလေးတွေကို ငြိမ်၍ခံယူနေလေသည်။

ချစ်ရပါသည် ချစ်လွန်း၍ ဘာမဆိုဖြည့်ဆည်းပေးချင်သလို ပျော်လဲပျော်စေချင်လှသည်။

အနမ်းတွေဟာ အားပါလာသလို တောင့်တမိသည့် ရမ္မက်စိတ်ကြောင့် စိတ်ကိုအကောင်းဆုံးချိုးနှိမ်ထားရတော့သည်။ လက်မှမထပ်ရသေးပဲ ဘယ်နည်းနဲ့မှကိုယ့်ဘက်ကစည်းမဖောက်ဘူးကောင်မလေးရယ်။ ကောင်မလေးကမှမကြည်ဖြူတာ ကိုယ်ကဘာကြောင့်အတင်းယူရမှာလဲကွာ။

"ဟင်း .."

"မောသွားလား"

"အွန်း "

"နောက်ဆိုဒီ့ထပ်ဆိုးမှာ ကျင့်သားရအောင်လို့ကိုယ်ကနမ်းပေးတာ"

"အကိုလေးကလဲ "

ရှက်သွားသည့်ကောင်မလေးကို ကွန့်မြူးတင်းတင်းကျပ်ကျပ်ဖက်ထားမိ၏။ ပခုံးပြင်ကျဉ်းကျဉ်းလေးဟာလဲ ကွန့်မြူးလက်မောင်းတွေကြားပျောက်၍နေသလို ကောင်မလေးကိုယ်လေးဟာလဲ ကွန့်မြူးရင်ခွင်ကြားမြုပ်နေလေသည်။

"ရွှေကူလေ အရင်နေ့တွေကအကိုလေးကိုစိတ်ဆိုးမိသေးတယ် "

"ဘာဖြစ်လို့လဲ"

"ရွှေကူ့ကိုပစ်ထားတာကို အလုပ်အရေးကြီးတယ်ဆိုပြီးအိမ်ပြန်မအိပ်ဘူးလေ ဖုန်းလဲဆက်မလာဘူး အဲ့တော့အကိုလေးကိုစိတ်ဆိုးသွားတာပေါ့ "

"အခုရော"

"အခုတော့ဘယ်စိတ်ဆိုးတော့မလဲ ရွှေကူ့ကြောင့်အကိုလေးပင်ပန်းတာသိတော့ စိတ်မကောင်းဘူး "

စကားလေးပြောရင်းတိမ်ဝင်သွားသည်ကြောင့် ငိုနေမှန်းကွန့်မြူးသိပါသည်။

"မငိုရဘူးလေကွာ "

"ရွှေကူကြောင့်အကိုလေးပင်ပန်းခဲ့တာလေ အကိုလေးကရွှေကူ့ကိုလဲမပြောပြဘူး ဘာလို့တိတ်တိတ်လေးစုံစမ်းနေရတာလဲ ပြောပြပေါ့ဟင့် .."

"ကိုယ်ကမသေချာသေးလို့မပြောပြတာလေ ကောင်မလေးမိဘတွေက သေသလားရှင်သလားလဲကိုယ်သေချာမသိဘူး ကောင်မလေးသိရင်စိတ်ပင်ပန်းမှာဆိုးလို့ပါ ကိုယ်တောင်မှရှာရင်းစိတ်ပင်ပန်းသေးတာလေ ကောင်မလေးဆိုမအိပ်မစားပဲပင်ပန်းခံနေမှာကိုယ်သိလို့မပြောတာပေါ့"

"အကိုလေးအများကြီးပင်ပန်းသွားတယ်မလား အဲ့တုန်းကမျက်နှာလေးချောင်သွားတာအခုထိပဲ ဟင့် .."

ပခုံးလေးကိုပိုတိုး၍ဖက်ထားမိ၏။

"ကိုယ်ပင်ပန်းတာကနဲနဲပါကွာ အခုတော့ကိုယ်ပျော်နေပြီ ကောင်မလေးရဲ့မေမေနဲ့ပြန်ဆုံတော့ ကိုယ်သိပ်ပျော်နေပြီကွ "

"ကျေးဇူးတင်ပါတယ်အကိုလေးရယ် ရွှေကူလိုအပ်တဲ့လူကိုပြန်ရှာပေးလို့လေ"

"ကိုယ့်အတွက်က ကောင်မလေးကအရာရာပဲ ဘာမှမတွေးနဲ့ ကိုယ်ကလုပ်ပေးသင့်လို့လုပ်ပေးတယ်လို့ပဲသဘောထားလိုက်ဟုတ်ပြီလား "

"အွန်း"

"မငိုနဲ့တော့နော် ညကြီးလေ တော်ကြာမျက်လုံးလေးတွေအစ်နေလိမ့်မယ်"

"ဟုတ်"

"အာပူကြူးရဲ့မေမေမနက်ပြန်မှာမလား "

"အွန်း မေမေကမနက်ပြန်မယ်တဲ့"

"အဆင်ပြေရဲ့လား စိတ်ထဲမကောင်းရင်မတင်းထားရဘူးနော် ကိုယ့်ကိုပြောရင်ထဲမှာမသိမ်းထားရဘူး "

"ဟုတ် အဆင်တော့မပြေသေးဘူး အကိုလေးဖက်ပေးထားအုံး"

"ဟုတ်ပြီကွာ "

"သီချင်းလဲဆိုပြအုံး မဟုတ်ရင်ရွှေကူအိပ်မပျော်ပဲနေလိမ့်မယ် "

ကွန့်မြူးခေါင်းလေးသို့ ဖွဖွပွတ်၍ ဆံနွယ်လေးကိုတစ်ချက်နမ်းရှိုက်လိုက်သည်။

"ဘာသီးချင်းလေးနားထောင်ချင်လဲပဲပြော "

"အကိုလေးဆိုပြချင်တာပဲဆိုပြ "

"အွန်းအွန်း "

ထိုညလေးသည် နှစ်ကိုယ်ကြားကြားရုံလေသံလေးဖြင့် သီးချင်းလေး ငါးပုဒ်ဆိုပြီးသည်နှင့်ရင်ခွင်ကိုမှီ၍ ကောင်မလေးဟာအိပ်ပျော်နေလေတော့သည်။ ကွန့်မြူးအိပ်ပျော်နေသူလေးကို တယုတယဖြင့်ပွေ့၍ ကောင်မလေး၏အခန်းဆီခေါ်လာခဲ့လိုက်သည်။

အဆင်မပြေဘူးတဲ့ဗျာ။ ပြန်တွေ့ပြန်တော့လဲ အပြည့်အဝစိတ်မချမ်းသာသေးပဲ စိတ်ပင်ပန်းနေသေးတာတဲ့လားကွာ။ မိသားစုဆိုသည့်အရိပ်မြုံကြီးကို ကောင်မလေးရဲ့မေမေကမပေးခဲ့ရင် ကိုယ်တို့မိသားစုက အပြည့်အဝပေးမှာမလို့ ကောင်မလေးဒီရက်တွေပျော်ပျော်ရွှင်ရွှင်နေရမယ်နော်။

"မေမေဂရုစိုက်နော်"

"သမီးလေးရော မေမေ့ဆီလာချင်ရင်ပြောနော် မေမေလာခေါ်ပေးမယ်"

"ဟုတ် သမီးအတွက်ဝန်ပိနေပါ့မယ် "

"သမီးရယ် ဝန်ပိစရာလားသမီးရယ်"

ရွှေကူ့ကြောင့်မေမေတို့မိသားစုတွေအဆင်မပြေမှာရွှေကူမလိုလားဘူးမေမေရယ်။

"မေမေ့သမီးလေး ဂရုစိုက်ရမယ်နော် မေမေ့ကိုလဲဖုန်းအမြဲဆက် "

"ဟုတ် "

"အစ်မတို့ကိုအပ်ခဲ့ပြီနော်အစ်မ သမီးလေးကိုဂရုစိုက်ပေးပါအစ်မရယ်"

"စိတ်ချပါမြိုင်ရယ် သမီးလေးကဒီမှာနေသားကျနေပြီပဲ သမီးလေးအတွက်စိတ်မပူနဲ့"

"ငါ့တူကိုလဲကျေးဇူးတင်ပါတယ်ကွယ် အန်တီသမီးလေးကို ကိုယ့်ညီမလေးလိုစောင့်ရှောက်ပေးပါနော် "

ကွန့်မြူးဘာပြန်ပြေရမှန်းမသိသည်အထိ အန်တီ့စကားက စွမ်းဆောင်နိုင်လေသည်။ သမီးရည်းစားတွေပါဟုပြောပြထားသည်တောင် ကိုယ့်ညီမလေးလိုသဘောထားစောင့်ရှောက်ပါဟုပြောလာသည့်အန်တီ့ကိုတော့ ချစ်သွားပါပြီ။ စောင့်ရှောက်မှာပေါ့ဗျာ အန်တီ့သမီးလေးကိုကျွန်တော်က နောက်ဆိုလက်ထပ်ခွင့်တောင်းပြီး အကြင်လင်မယားအဖြစ်နဲ့ပါစောင့်ရှောက်အုံးမှာမလို့ အန်တီစိတ်ချပါဗျာ။

"စိတ်ချပါအန်တီ ကျွန်တော်သေချာစောင့်ရှောက်မှာပါ"

မြိုင်ခေါင်းငြိမ့်ပြလိုက်ကာ မြိုင့်ကိုပြုံး၍ကြည့်နေသည့်သမီးလေး၏လက်ကို ဖွဖွလေးဆုတ်ကိုင်ထားမိ၏။ သမီးလေးရဲ့အပြုံးကအေးချမ်းလိုက်တာသမီးရယ် မျက်မှန်လေးတပ်ထားပေမယ့် သမီးလေးရဲ့မျက်နှာလေးက အပြစ်ကင်းကင်းလေးမို့ မြိုင်ကိုယ်တိုင်လဲလိပ်ပြာမလုံပေ။ သမီးလေးအပေါ် မေမေက မိဘဝတ်တရားမကျေပွန်ခဲ့ဘူးသမီးရယ်။ မေမေက သမီးလေးကိုအပြည့်အဝမစောင့်ရှောက်နိုင်တော့ မေမေလဲရင်ကျိုးရပါတယ်ကွယ်။

မေမေရဲ့မျက်ဝန်းတွေဟာ မျက်ရည်လဲ့လဲ့လေးတွေတွဲခိုနေသလို ရွှေကူလဲမျက်ရည်ဝဲမိသည်။

မေမေဟာ ရွှေကူ့နဖူးဆီနမ်း၍ ကားပေါ်တတ်သွားသည့်တိုင် ရွှေကူပြုံးပြနေနိုင်သေးသည်။ မေမေ့တို့ကားလေးအပြင်ရောက်သွား၍ ရွှေကူ့မြင်ကွင်းထဲမှပျောက်သွားချိန်တွင်တော့ ရွှေကူဆက်၍ဟန်မဆောင်နိုင် ငိုချမိတော့သည်။

"သမီးရယ် "

ဒေါ်မာကိုဖက်၍ငိုနေရှာသည့်သမီးလေးကို ကျောပြင်လေးပွတ်၍နှစ်သိမ့်ပေးမိသည်။ သမီးလေးကလေ အရမ်းဟန်ဆောင်ကောင်းတာပဲကွယ်။ သူ့မေမေကိုချစ်လဲချစ် ဝန်ပိမှာလဲမလိုလား မိသားစုနှင့်လဲအတူနေချင်ပါလျှက်နှင့် လိုက်မသွားသည့်သမီးလေးစိတ်ကို စာနာမိပါသည်။ သမီးလေးက သမီးလိမ္မာလေးပဲကွယ်။

"အကိုလေးရွှေကူကြောက်တယ် "

"မကြောက်နဲ့နော် ဆရာဝန်ပြောတာရော အသေးစားခွဲစိတ်မှုပဲတဲ့ ကိုယ်လဲရှိတယ်လေ မကြောက်နဲ့နော် "

"ရွှေကူစိုးရိမ်နေတုန်းပဲ "

"ကျွမ်းကျင်တဲ့ဆရာဝန်ကခွဲပေးမှာလေ အရမ်းကြီးစိတ်မတင်းထားနဲ့ ဒါလေးပြီးရင်ကောင်မလေးမျက်မှန်တပ်စရာမလိုတော့ဘူးလေ နော် "

"ဟုတ် "

ကောင်မလေး၏မျက်လုံးကိုသေချာပြ၍ယနေ့ ခွဲခန်းထဲသို့ဝင်ရမည်မို့ စိတ်လှုပ်ရှားနေလေသည်။ လက်လေးတွေဟာအေးစက်၍နေလေသလို မျက်လုံးလေးများဟာလဲ ကြောက်ရွံ့၍နေလေသည်။ ကွန့်မြူးကောင်မလေး၏လက်လေးကိုကိုင်၍ အားပေးနေသော်လည်း စိုးရိမ်လွန်းသည့်ကောင်မလေးအတွက် ကူရာမရသည့်တိုင် ကြောက်ရွံနေလေသည်။

မာမီတို့ရော ဖြူငယ်တို့ရောရောက်နေကြသလို ဝိုင်း၍အားပေးလိုက်မှ ခွဲခန်းထဲမဝင်မီပြုံးပြသွားလေသည်။ ခွဲစိတ်ချိန်ဟာသိပ်၍မကြာ ၂ နာရီသာကြာသည်မို့ မကြာလိုက်ကောင်မလေးဟာပြန်၍ထွက်လာလေတော့သည်။

1 လခန့်ကြာသော် ....

ရွှေကူ့မျက်လုံးတွေဟာ မျက်မှန်မလိုတော့သလို အကိုလေးကိုလဲ အဝေးမှပဲဖြစ်ဖြစ် အနီးမှပဲဖြစ်ဖြစ်သေချာရှင်းလင်း၍မြင်ရပါသည်။ လူတွေအများကြီးထဲရောက်နေလျှင်တောင် ရွှေကူအကိုလေးကိုရှာနိုင်သလို လူလဲမလွဲတော့ပေ။ မျက်လုံးလေးတွေကို သေချာကြည့်၍ သိပ်လှပါသည်ဟုပြောသည့်အကိုလေးကိုလဲ ယခုအခါမှာတော့ ရွှေကူမျက်မှန်မတပ်ရတော့ပဲ အရှိအတိုင်းလေးပြနိုင်ပြီဖြစ်သည်။

"Coffee "

"ဟား ..ဒီနေ့ဘာနေ့လဲကွာ "

"လုပ်ပြီ အရင်နေ့ကလဲမဖျော်ပေးတာကျလို့"

ကွန့်မြူးခုံမှထလိုက်ကာ ကောင်မလေးဆီသွားလိုက်၏။

"ဒီနေ့အရမ်းလှနေလို့ပေါ့ကွ ကြည့် ဂါဂန်လေးနဲ့ ဆံပင်အရှည်လေးနဲ့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ နတ်သမီးလေးလားကွ"

အာပူကြူးလေး၏ ပါးလေးကိုဖိ၍ပြောလိုက်သည်။

"ဟီး.. ဟုတ်တယ် လူ့ပြည်ခဏဆင်းလာတာ "

"ဘာလုပ်ဖို့လဲ"

"လူ့ပြည်မှာအရမ်းဆိုးတဲ့လူတစ်ယောက်ရှိတယ်တဲ့ အဲ့တာသွားဆုံးမပေးပါတဲ့ပြောလို့ဆင်းလာတာ "

"အောင်မြင်ပြီလားအလုပ်က "

"ဟင့်အင်း အဲ့လူကဆိုးတုန်းပဲ"

"ဟားဟား ဘယ်လိုဆိုးတာလဲကွ "

"လိုက်နမ်းတာလေ အရမ်းနမ်းလို့ဆုံးမမရသေးဘူး"

"နတ်သမီးလေးစိတ်ညစ်နေပြီပေါ့ "

"ဟင့်အင်း စိတ်မညစ်ပါဘူး "

"နမ်းတယ်ဆိုစိတ်မညစ်ဘူးလား"

"ဟီး .."

အံမယ် မဖြေတာက ရှက်လို့ပေါ့လေ။ နမ်းတာလေးကိုသဘောကျနေပြီတဲ့လားကွာ။ ဒီအလည်လေးနဲ့တော့ဟုတ်နေပါပြီ။

"ဒီနေ့ဘယ်သွားချင်လဲပြော "

"ရုပ်ရှင်ကြည့်ချင်လို့ လိုက်ပြမှာလား"

"ပြမှာပေါ့ ဘာကားလဲသာရွေးထား ကိုယ်လိုက်ပြမယ် "

"ဟုတ် ပြီးရင်လာပြောမယ်လေ "

"ဟေ့..နေအုံး"

ရွှေကူပြန်ထွက်မည်လုပ်တော့တားလေသည့်အကိုလေးက ပါးကိုလက်ညိုးနှင့်ညွှန်ပြလေသည်။

"တစ်ခါပဲနော် "

ကွန့်မြူးကိုယ်ကိုကိုင်း၍ ငုံ့ပေးလိုက်တော့ ပါးလေးကိုနမ်းသွားလေသည့်ကောင်မလေးက နားနားကပ်ပြောသွားသည်က "ကိုကိုလူဆိုး"တဲ့ဗျာ။ ကွန့်မြူးမှာပျော်ရလွန်း၍ ခုန်ပေါက်မတတ်ဖြစ်နေရတော့သည်။ အရည်ပျော်ကျအောင်လုပ်နေတော့တာပဲအာပူကြူးရာ။

"Hello ကိုခွန်း "

"မင်းဟာကမဟုတ်သေးဘူးနော်ကွန့်မြူး"

"ဘာလုပ်လို့လဲဗျ "

"ငါ့ရုပ်ရှင်ရုံကြီးတစ်ရုံလုံးမင်းငှားထားတယ်ဆို "

"အေးဆေးကြည့်ချင်လို့ဗျ ကိုခွန်းရ "

"မင်းအကြံငါမသိရင်ခက်မယ် ပြောဘယ်အချိန်လာမှာလဲ"

"နောက်နှစ်နာရီလောက်မှ"

"မင်းမေဂျီးတော်မလို့ကပ်ပြောရတာလဲကွ အချိန်ကဘယ်လောက်မှမရှိတော့ဘူး "

"တပ်ကူတွေလာပါလိမ့်မယ်ဗျ ဒီနေ့မှ ရုပ်ရှင်ကြည့်ချင်တယ်ပြောလို့ကိုခွန်းရ လုပ်စမ်းပါဗျာ ဝန်ထမ်းတွေပေါတယ်မလား "

"မင်းတို့ကလေ ငါကိိုဆိုဒုက္ခအတော်ပေးကြတာပဲကွ "

"ညည်းမနေပါနဲ့ကိုခွန်းရာ ဒါနဲ့ပဲအချိန်ကမရှိတော့ဘူး ကျွန်တော်လိုချင်တဲ့ပုံစံမဟုတ်ရင်ပြဿနာရှာမှာနော်"

"မောင်မင်းကြီးသားနစ်နာနေအုံးမယ် အချိန်ကမရတော့ဘူး  ဒါဟိုကောင်တွေလဲရောက်လာပြီပဲ"

ကိုခွန်းကပြောင်ပြက်၍ပြောမှန်းသိသည်ကြောင့် ဖုန်းကျသွားသည့်အခါ ကွန့်မြူးရယ်နေမိသည်။ ဒီနေ့လေးတော့ အားလုံးဒုက္ခလို့မတွေးပဲ ကူညီတယ်လို့တွေးပြီး ပင်ပန်းလိုက်ကြအုံးပေါ့ဗျာ။

Author note
ကွန့်မြူးတို့ဘာလုပ်မယ်ထင်သလဲကွယ်။
ဒီတစ်ပတ်ထဲရွှေကူတို့အဆုံးသတ်ပါမယ်။ တစ်ရက်တစ်ပိုင်း ဒီမှာတင်ပေးတော့မှာမလို့ မစောင့်ရတော့ပါဘူးအသဲတို့ရေ။

Words 3327
6.12.2023 5:10pm
ဆက်လက်ကြိုးစားသွားပါမည်။

Ga verder met lezen

Dit interesseert je vast

395K 15.9K 29
တောသူဌေးချစ်တီးလက်သစ် ငပွား နဲ့ ငွေလမင်းဆိုသော မိန်းကလေးတစ်ဦး၏ romance PDF file ရောင်းပြီးသားမို့ ရေးထားတာအတော်ကြာပါပြီ
71K 2.7K 65
တချိန်ကမင်းကိုယ်တိုင်နင်းချေခဲ့တဲ့သူကို အခုမှချစ်တယ်လို့ပြောလာတာကို ငါကဘယ်လိုယုံကြည်မူ့မျိုးနဲ့ပြန်ချစ်ရမှာလဲ ငါအမှောင်ကိုကြောက်တယ် တခ်ိန္ကမင္းကိုယ္တ...
403K 78.2K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
510K 34.3K 31
story description>>>>> start-5/10/2021 end-1/1/2022