ရွှီကျစ်က အောက်ထပ်သို့ပြေးဆင်းလာရင်း ချိုက်ယင်းယင်းထံသို့ အဆက်အစပ်မရှိစကားဆိုလိုက်သည်။
"ဒီနေရာမှာ ခြင်တွေအရမ်းများတယ်လို့ နင် မထင်ဘူးလား"
ချိုက်ယင်းယင်းမှာ ခြေလှမ်းတို့တုံ့နှေးသွားခြင်းမရှိဘဲ တွေဝေသွားသည့်ဟန်ဖြင့် လှမ်းကြည့်လိုက်၏။
"မထင်မိပါဘူး ၊ ဘယ်နားမှာ ခြင်ရှိလို့လဲ"
ဟုတ်လား.....
အပြင်ဘက်တွင် ရာသီဥတု သိသိသာသာပူအိုက်လျက်ရှိသည်။ လက်ရှိအချိန်၌ ပြိုင်ပွဲအရှိန်က အမြင့်ပိုင်းသို့ရောက်နေပြီဖြစ်ရာ လေ့ကျင့်ရေးကွင်းတစ်ပတ်လုံး ဝိုင်းရံထားကြသည့်လူအုပ်ကြီးထံမှ အော်ဟစ်အားပေးသံများဟာ ပဲ့တင်ထပ်လျက်ပင်ရှိ၏။ ကင်မရာကိုင်ထားသည့်ဖုန်ကျင့်သည်လည်း လူအုပ်ကြီးထဲတိုးဝေ့ရင်း ရိုက်ပုံရိုက်နေပြီပင်။ အပေါ်ထပ်မှ နှစ်ယောက်သားဆင်းလာကြသည်ကိုမြင်တော့ သူ ပြန်တိုးထွက်လာ၏။
"အဖွဲ့ခေါင်းဆောင်က ဘယ်သူမဆိုဝင်ပြိုင်လို့ရတယ်တဲ့ ၊ ကျွန်တော် သွားစမ်းကြည့်မလားလို့ ၊ မင်းရော အတူလိုက်ဦးမလား"
ရွှီကျစ် လက်ခံလိုက်သည် ; ယွမ်ငါးထောင်လေ! ဝင်မပြိုင်ရင် အရူးပဲ!!
"သတ္တိကမိုက်တယ်ဗျာ"
ဖုန်ကျင့်တစ်ယောက်မှာ စကားနည်းပြီးအကြောက်အလန့်ကင်းသည့် ဤမိန်းကလေးအား ပို၍ပင်ချီးကျူးလေးစားလာရတော့၏။ စကားဆိုပြီးသည်နှင့် ခပ်လှမ်းလှမ်းဆီမှလျှောက်လာနေသည့် ချန်လုကျိုးကိုပါ တွေ့လိုက်သဖြင့် လှမ်းနှုတ်ဆက်လိုက်သည်။
"အိုင်ဒေါလ်ကြီး ၊ မင်းရော ဝင်ပြိုင်ကြည့်ဦးမလား ၊ ပြိုင်ပွဲဘီးတွေရော စမ်းကြည့်ဖူးလား"
ချန်လုကျိုးသည် လက်နှစ်ဖက်လုံးအားအိတ်ကပ်ထဲထည့်ရင်း စည်ကားနေသည့်ပြိုင်ပွဲကွင်းအား လှမ်းကြည့်လိုက်၏။ အကြည့်တစ်ချက်မှမလွှဲပါဘဲနှင့် ရွှီကျစ် နံဘေးနားထိလျှောက်လာပြီး အေးတိအေးစက်မျက်နှာထားအတိုင်းပင် စကားဆိုသည်။
"မစမ်းကြည့်ဖူးဘူး ၊ မပြိုင်ဘူး"
ရွှီကျစ်မှ သူ့အား နောက်လှည့်ကြည့်လိုက်သည်။ သူမဟာ အရပ်မြင့်လွန်းသည်ဟု သတ်မှတ်မရပါသော်ငြား နိမ့်ကျန်နေခဲ့သည်မျိုးလည်း လုံးဝမဟုတ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေမည့်အချိန်၌ ခန္ဓာကိုယ်တိုင်းတာချက်များပြုရသည့်တစ်ကြိမ်ကပင် သူမဟာ 163 cm ရှိသည်။ သို့သော်လည်း သူမကိုယ်တိုင်က ထိုတိုင်းတာသည့်စနစ်မှာ မတိကျနိုင်သည်ဟုယူဆထားသည့်အပြင် သူငယ်ချင်းများကလည်း သူမ၏အရပ်က ထိုတိုင်းတာချက်ထက် 2cm မျှ နိမ့်နေကြောင်းထောက်ပြလာခဲ့ဖူး၏။ နှစ်သစ်ကူးကာလတုန်းက သူမ နောက်ဆုံးတိုင်းတာခဲ့ဖူးသည့်တစ်ကြိမ်တွင်တော့ 165 cm နီးနီးပင်ဖြစ်သည်။
သို့သည့်တိုင် ချန်လုကျိုး နံဘေးနား၌လာရပ်သည့်အခိုက်အတန့်တွင်တော့ သူမဟာ ပြင်းပြင်းပြပြဖိနှိပ်ခံထားရသည့်ခံစားချက်တစ်မျိုးအား ခံစားမိလိုက်ရတော့၏။ နောက်လှည့်၍ခေါင်းမော့ကြည့်လိုက်လျှင် သူမဟာ သူ့မေးဖျားသာသာလေးသာရှိပြီး ကြည်လင်ပါးလှပ်နေသည့်မေးဖျားကိုပင် မြင်နေရသည်။
သူမ၏နားအိမ်များဟာ နောက်ထပ်တစ်ဖန် တဝီဝီအူလာရခြင်းကြောင့်လည်း ဘေးပတ်ဝန်းကျင် ခြင်များရှိသယောင်ပင် ထင်လာမိ၏။
"နင် ဗိုက်ပြည့်ပြီလား"
ချန်လုကျိုးက အသံလာရာအတိုင်း ခေါင်းငုံ့ကြည့်၍ ;
"အင်း"
"ငါ ကြည့်နေတာ နင် ဘာမှလည်းသိပ်မစားဘူးလားလို့"
"ဗိုက်သိပ်မဆာလို့"
ချန်လုကျိုးမှာကား အသက်ကိုတန်ဖိုးထားတတ်သည့်လူတစ်ယောက်။ အပြင်ပန်း၌ အေးတိအေးစက်နှင့်မာကျောမည့်ဟန်မျိုးပေါက်သော်ငြား ရင်းနှီးပြီးသွားသည်နှင့် ဤလူဟာ အန္တရာယ်များသည့်အားကစားများနှင့်ခပ်ကင်းကင်းနေတတ်မှန်း ရင်းနှီးသူတိုင်းသိထားကြသည်ပေ။ ကားဆိုင်ကယ်ပြိုင်မောင်းဖို့ကိုမဆိုထားနှင့် ၊ ကစားကွင်းထဲမှ ရိုလာကိုစတာပေါ်၌ပင် မထိုင်ဖူးချေ။ သို့သော်လည်း ရွှီကျစ်၏မျက်ဝန်းထဲမှ စိတ်အားထက်သန်မှုများအားမြင်နေရသည့်အခါတွင်တော့ သူ ဖြောင်းဖြနိုင်မည်မဟုတ်မှန်း တပ်အပ်သိလိုက်သဖြင့် မည်သည့်အပိုစကားမှမဆိုတော့ခြင်းဖြစ်သည်။
ထိုစဥ် တစ်စုံတစ်ယောက်မှ သူ့ပုခုံးအားလှမ်းပုတ်လာ၏။
ချန်လုကျိုး လှည့်ကြည့်လိုက်လျှင် တစ်ဖက်လူက ယန်လဲ့ထုံဖြစ်နေပြီး လက်ကိုင်ဖုန်းကိုအုပ်ထားလျက်ဖြင့် သူ့ထံမှ အကူအညီတစ်ခုတောင်းလာခြင်းဖြစ်နေ၏။ ချန်လုကျိုးက အိတ်ကပ်ထဲလက်ထည့်ထားလျက်နှင့်သာ ခန္ဓာကိုယ်အနည်းငယ်ကိုင်း၍ နားထောင်ပေးလိုက်သည်။
ယန်လဲ့ထုံက တစ်မျက်နှာလုံးထူပူရင်း တလေးတနက်ထား၍ပြောနေ၏။
"ချန်ကော တစ်ခုလောက်ကူညီပါကွာ ၊ ငါ့ညီမက ဒီကိုလိုက်လာနေတာ ၊ အခုလောလောဆယ် ငါ ဘယ်လိုမှအပြင်ထွက်မရသေးလို့ မင်း ငါ့အစား ဘတ်စ်ကားဂိတ်မှာ သွားကြိုပေးလို့ရမလား"
ချန်လုကျိုးမှာ ရွှီကျစ်၏အနောက်ဘက်အား အလိုလိုနေရင်းလှမ်းကြည့်မိလိုက်၏။ စိတ်ထဲမှနေ၍လည်း ' ခဏထွက်သွားတာလောက်တော့ ဘာမှမဖြစ်ပါဘူး ၊ သူ(မ)ရဲ့အမြင်မှာလည်း မင်းက ယွမ်ငါးထောင်လောက်မှ အရေးမကြီးတာ ၊ သူ့ပြိုင်ပွဲကိုလည်း မင်း ကြည့်ကြည့်မကြည့်ကြည့် အရေးမပါဘူး'
ချန်လုကျိုးက 'အင်း'ဟု အသံတစ်ချက်ပြုပြီး ;
"သူ့ကို ငါ့ဖုန်းနံပါတ်ပေးထားပြီး ရောက်ရင် ငါ့ဆီ ဖုန်းဆက်ခိုင်းလိုက်"
ယန်လဲ့ထုံက ထပ်ခါတလဲလဲကျေးဇူးတင်ပြီးနောက် ဖုန်းတစ်ဖက်မှလူထံသို့ စကားဆိုလိုက်သည်။
"မင်း အဲ့ဒီနေရာမှာပဲရပ်နေ ၊ အဖွဲ့ထဲက ကိုကိုတစ်ယောက်လာကြိုလိမ့်မယ်"
တစ်ဖက်လူက အချင်းချင်းမည်သို့သတိထားမိကြမည့်အကြောင်းအား မေးလာပုံရသည်။ ထိုအခါ ယန်လဲ့ထုံက ချန်လုကျိုးအားလှမ်းကြည့်၍ ရွှတ်နောက်နောက်ဖြင့် ;
"မင်း မြင်သမျှထဲ ဘယ်တစ်ယောက်ကအချောဆုံးလဲဆိုတာကြည့်လိုက် ၊ ပြီးရင် သူ့နောက်လိုက်ခဲ့"
ချန်လုကျိုး၏စိတ်ထင် ယန်လဲ့ထုံ၏ညီမဖြစ်သူဟာ အသက်ငယ်ငယ်လေးမျှသာရှိဦးမည်ပင်။ ထို့ကြောင့်လည်း အစ်ကိုတစ်ယောက်လိုပြုမူရန်အတွက် ယန်လဲ့ထုံအား ခပ်ဖွဖွလှမ်းကန်ပြီး ရွှီကျစ်ထံမှလည်း အကြည့်မလွှဲတမ်းဖြင့် စကားဆိုလိုက်သည်။
"မင်း ကလေးပေါက်စတွေကို ဒီလိုပဲပြောရလား"
ယန်လဲ့ထုံက ရွှတ်နောက်နောက်အပြုံးကို ပြန်သိမ်းယူရင်း ချန်လုကျိုးထံလှမ်းကြည့်ရင်း ဖုန်းတစ်ဖက်မှလူထံသို့ စကားဆို၏။
"ဟုတ်ပါပြီ မစတော့ဘူး ၊ အင်္ကျီအနက်ရောင်ဝတ်ပြီး လျှာထိုးဦးထုပ်ခေါင်းထားတယ် ၊ ချောတာကတော့ တကယ်ချောတာ ၊ နာမည်က ချန်လုကျိုး ၊ အရင်ဦးဆုံး နာမည်မေးကြည့်ပြီး သေချာအောင်လုပ်နော်"
ယန်လဲ့ထုံထွက်သွားပြီးနောက် မိနစ်ပိုင်းအတွင်း၌ပင် ချန်လုကျိုးအား ညီမဖြစ်သူမှဖုန်းခေါ်လာ၏။ ဖုန်းပြောဆိုပြီးသည့်အခါ လက်ကိုင်ဖုန်းအား အိတ်ကပ်ထဲထည့်၍ ထွက်လာပြီးကာမှ ခြေနှစ်လှမ်းလှမ်းရုံမျှရှိသေး ၊ အနောက်သို့ပြန်လှည့်လာပြီး ရွှီကျစ်၏ခေါင်းအနောက်ဘက်အား လက်ညှိုးဖြင့်ထိုး၍ စိတ်ဆိုးနေသည့်အလား စကားဆိုသည်။
"မင်း ကစားတာလည်းကစား ၊ ဘေးကင်းဖို့လည်းဂရုစိုက်"
"အင်း"
ရွှီကျစ် ခေါင်းငြိမ့်ပြလိုက်သည်။
-----
တကယ်တမ်းတွင် မော်တော်ဆိုင်ကယ်ပြိုင်ပွဲများ၌ မိန်းကလေးများကို အတွေ့နည်းလွန်းသည်ဟူ၍တော့မဟုတ်။ အထူးသဖြင့် သည်နှစ်နှစ်တာကာလအတွင်း၌ အမျိုးသမီးကစားသမားများ တစ်စစနှင့်များလာသည့်အပြင် နာမည်ကြီးကစားသမားအများစုဟာလည်း အမျိုးသမီးများပင်ဖြစ်နေတတ်ကြသည်။ သည့်ထက်အပြင် တရုတ်နိုင်ငံ၌ အမျိုးသမီးမော်တော်ဆိုင်ကယ်အသင်းရှိလာပြီး အမျိုးသမီးသီးသန့်ပြိုင်ပွဲများမပြုလုပ်ကြသေးပါသော်ငြား အမျိုးသမီးကစားသမားအများစုဟာ အမျိုးသားနှင့်ပင် တန်းတူယှဥ်ပြိုင်နေကြပြီဖြစ်သည်။ အမျိုးသားဆိုင်ကယ်သမားများထက်မနိမ့်သည့် ဆုတံဆိပ်ပေါင်းများစွာရယူနိုင်ခဲ့သော အမျိုးသမီးကစားသမားများလည်း မရေမတွက်နိုင်အောင်ရှိသည်ပေ။
ဤမော်တော်ဆိုင်ကယ်အသင်းဟာ မြို့ငယ်လေးများတွင်ယှဥ်ပြိုင်ကြဖူးသည့် အပျော်တမ်းအဖွဲ့တစ်ခုသာဖြစ်ပြီး တကယ်တမ်း ကျွမ်းကျင့်အဆင့်ပြိုင်ပွဲများဝင်ပြိုင်ဖူးသည့်လူမှာ သုံးလေးယောက်မျှပင်မရှိ။ အရှေ့တစ်ပွဲတွင် အမျိုးသမီးဓါတ်ပုံဆရာတစ်ဦး ဝင်ကစားခဲ့ပြီး ရွှီကျစ် ကွင်းထဲဝင်လာသည့်အလှည့်တွင်တော့ ပတ်ဝန်းကျင်အနေအထားမှာ ယခင်ကထက်ပင်တက်ကြွလာကာ အားပေးသံ၊ဝီစီမှုတ်သံများ တစ်ကွင်းလုံးပြည့်သွားတော့သည်။ ဤသည်မှာ မိန်းကလေးတစ်ယောက် ပြိုင်ပွဲကွင်းထဲဝင်လာရုံသာမကဘဲ ခပ်ချောချောငယ်ငယ်လေးဖြစ်နေခြင်းကြောင့်လည်းပါလိမ့်မည်။ အားလုံးဟာ မိန်းကလေးတစ်ဦး အပျော်ကစားရုံမျှသာတွေးထားပြီး ဗုံသံများပင်တီးခတ်ပေးလိုက်ကြသေး၏။
အနှီသူများအားလုံးမသိနိုင်သည့်အချက်မှာကား ရွှီကျစ်ထံ၌ မော်တော်ဆိုင်ကယ်ကျွမ်းကျင်ကစားသမား မွေးစားအဖေတစ်ဦး ရှိသည့်အကြောင်းပင်။ ဖုယွိချင်သည် အစောပိုင်းနှစ်များတွင် ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ပြိုင်ပွဲဖူးသည့်အပြင် ဒိုင်းဆုတံဆိပ်များကိုလည်း ခန်းလုံးပြည့်ရထားသေးသည်။ ရွှီကျစ်မှာ ကလေးအရွယ်လေးကတည်းက ဖုယွိချင်နှင့်အတူ 'မင်လင်'တောင်တန်းတစ်ကြောလုံး ဆိုင်ကယ်ပတ်စီးလာသည့်သူဖြစ်ပြီး အကယ်၍ လောင်ရွှီကသာ အန္တရာယ်များလွန်းသည်ဟုတွေး၌ မကန့်ကွက်ခဲ့ပါလျှင် ရွှီကျစိတစ်ယောက်ဟာ ဖုယွိချင်လက်ချက်ဖြင့် ဆိုင်ကယ်လေ့ကျင့်ရေးအသင်းထဲရောက်နေလောက်ပြီဖြစ်သည်။ ရွှီကျစ်၏စိတ်အခြေအနေဟာ ပြိုင်ပွဲလေ့ကျင့်ရေးသမားဖြစ်ဖို့ရာ အထူးသင့်လျော်သည့်အထဲတွင်ပါ၏။
သို့သော် လောင်ရွှီ၏အမြင်တွင် မိန်းကလေးများက ရိုးရိုးရှင်းရှင်းအလုပ်အကိုင်များနှင့်သာသင့်လျော်သည်ဟု တွေးထင်ပြီး ရွှီကျစ်ကိုယ်တိုင်ကလည်း စိတ်ဝင်စားသည်ဆိုရုံလောက်လေးသာရှိသောကြောင့် ဖုယွိချင် လက်လျော့လိုက်ရသည်။ နောက်ပိုင်း၌လည်း ဖုယွိချင်သည် ရွှီကျစ်ဟာ ဆိုင်ကယ်ပြိုင်သည့်နေရာ၌ ပါရမီပါရုံသာမက နည်းပညာပိုင်းများ၌ရှာဖွေလေ့လာသည့်နေရာတွင်လည်း အရည်အချင်းရှိကြောင်း တွေ့ခဲ့ရသည်။ သို့သော် သူမဟာ လုပ်သမျှအရာအားလုံးအပေါ် အနည်းငယ်လေးမျှသာ စိတ်ဝင်စားမှုရှိနေခြင်းဖြစ်ပြီး မည်သည့်ကိစ္စမျိုးမဆို လုပ်တတ်ကိုင်တတ်သည့်တိုင် စိတ်ပါလက်ပါအကောင်းဆုံးလုပ်နေခြင်းမျိုးလည်းမဟုတ်ပြန်၏။
ဖုယွိချင်၏စကားအတိုင်းဆိုရလျှင် သူမသည် ကျွမ်းကျင်ကစားသမားများရှေ့၌ မျက်လှည့်ပြကောင်းပြ၍ရနိုင်သော်လည်း အပျော်တမ်းအဖွဲ့များထက်တော့ သေချာပေါက်သာလွန်သည်ပေ။ ထို့အပြင် တည်းဖြတ်အခန်းထဲ၌ တည်းဖြတ်သည့်အကြောင်းလေ့လာနေစဥ်တုန်းက ဗွီဒီယိုတော်တော်များများ ရွှီကျစ် တွေ့ခဲ့ရသည်။ 'လင်း'မြို့ မော်တော်ဆိုင်ကယ်အသင်းသည် အပျော်တမ်းအဖွဲ့တစ်ခုသာဖြစ်ပြီး မိသားစုထောက်ပံ့ရေးအတွက် ကိုယ်စီသီးသန့်အလုပ်များရှိကြကာ ဆိုင်ကယ်မောင်းခြင်းဟာလည်း ဝါသနာအရပင်ဖြစ်ကြ၏။ ကျွမ်းကျင့်အဆင့်ကစားသမားများမှာ အနည်းစုလေးသာရှိသည်။ ကျွမ်းကျင့်အဆင့်ပြိုင်ပွဲဆုကိစ္စအား ထည့်ပြောစရာပင်မလိုချေ။
သနားသည်ပင်ဖြစ်စေ ဖျက်လိုဖျက်ဆီးပင်ဖြစ်စေ သို့မှမဟုတ် စပ်စုနေကြသည့်မျက်လုံးများပင်ဖြစ်စေ ရွှီကျစ်ဟာ ကိစ္စတစ်ခုအားဆောင်ရွက်ပြီးရလာသည့်ရလဒ်မှလွဲ၍ အခြားဘာကိုမှဂရုမစိုက်။
သို့သော် ဆိုင်ကယ်စီးဝတ်စုံကိုဝတ် ၊ ဦးထုပ်ကိုဆောင်း ၊ ဒူးကာလက်ကာနှင့် အခြားပစ္စည်းများဝတ်ပြီးသည့်အချိန်တွင်တော့ အဖွဲ့ခေါင်းဆောင်က သူမအား စကားလှမ်းပြောလာလေ၏။ အဘယ်ကြောင့်ဆိုသော် ဤမိန်းကလေး ကာကွယ်ရေးပစ္စည်းများဝတ်နေသည့်ပုံစံမှာ ဆိုင်ကယ်ပြိုင်ပွဲများ၌ အတွေ့အကြုံရှိနေသည့်ပုံစံကြောင့်ပေ။
"ဟိုဟာလေ အလှလေး ၊ အရင်ဆုံး မင်းကို ရှင်းအောင်ပြောထားချင်လို့ ၊ ပြိုင်ပွဲမှာ တားမြစ်ထားတာမျိုးမရှိဘူးဆိုတာကလည်း ရောက်လာသမျှလူတိုင်းကို အတူတူကစားစေချင်တဲ့ရည်ရွယ်ချက်နဲ့ပါ ၊ ဒါပေမယ့် ဆုကြေးကိုတော့ ကျွန်တော်တို့အဖွဲ့ဝင်တွေကိုပဲပေးဖို့ သဘောတူထားတယ် ၊ အဲ့ဒီတော့ မင်း နိုင်သွားရင်တောင် ကျွန်တော်တို့က ဆုကြေးငွေပေးမှာမဟုတ်ဘူးနော်"
သတိပေးချက်က အချိန်ကိုက်လာသည်ဟုပင် ဆိုရမည်။ မဟုတ်ပါက ရွှီကျစ်ဟာ ဤပိုက်ဆံအားရဖို့အရေးအတွက် သူမ၏အသက်ကိုရင်းပြီး လီဗာနင်းတော့မည်ပေ။ ချန်လုကျိုးအတွက် မှန်ဘီလူးဝယ်ပေးမည့်ပိုက်ဆံအားလုံးက ဤနေရာတွင်ရှိနေသည်မဟုတ်လား။
တစ်ဖက်မှ ဖုန်ကျင့်က ခပ်ပြုံးပြုံးနှင့်စကားဆိုလာ၏။
"ရပါတယ်ဗျ အဖွဲ့ခေါင်းဆောင် ၊ ကျွန်တော်တို့ကလည်း ပျော်ချင်လို့ကစားတာပါ ၊ အရေးကြီးတာက ပြိုင်ပွဲပါဖို့ပဲ"
သို့သော် ရွှီကျစ်မှာကား ဆိုင်ကယ်ဦးထုပ်နှင့်အတူ ဒူးကာများကိုပါ တွန့်ဆုတ်ခြင်းမရှိ ဆွဲဖြုတ်လိုက်တော့၏။
"ဒါဆိုလည်း ထားလိုက်တော့ ၊ ငါ မပါဘူး"
ကြောင်အမ်း၍မျက်တောင်ခတ်နေသည့် ဖုန်ကျင့် ; "....."
ကြောင်အမ်း၍ မျက်တောင်ခတ်လိုက်မိသော အဖွဲ့ခေါင်းဆောင် ; "....."
----
ဘတ်စ်ကားဂိတ်သို့ရောက်သည့်အခါတွင်မှ ယန်လဲ့ထုံ၏ညီမဖြစ်သူမှာ သူထင်ထားခဲ့သလို ကလေးငယ်ငယ်လေးမဟုတ်မှန်းသိလိုက်ရသည်။ တွေးကြည့်ကာမှ ယန်လဲ့ထုံဟာ ညီမကိုချစ်လွန်းသည်ဟုဆိုရမလား ၊ အချိန်တိုင်းနီးပါး ညီမလေးက ဘယ်လိုဘယ်ဝါပြောနေတတ်ပြီး နှစ်ယောက်သားက တစ်ခါတစ်ရံ တစ်ခန်းထဲအိပ်ကြသေးသည်ဟုဆိုသောကြောင့် ချန်လုကျိုး၏စိတ်ထဲ၌ အသက်ခုနစ်နှစ်၊ရှစ်နှစ်လေးကိုသာ ပြေးမြင်လိုက်မိသည်။ သို့မဟုတ်ပါက သူဟာ လက်ရှိအချိန်၌ ဘတ်စ်ကားဂိတ်သို့ ရောက်နေစရာအကြောင်းပင်မရှိ။ ဂျပန်ကျောင်းသူဝတ်စုံလေးဝတ်ပြီး ဆံပင်နှစ်ဖက်ခွဲစည်းထားကာ ဘတ်စ်ကားမှတ်တိုင်နီးပါးမြင့်သည့်မိန်းကလေးတစ်ယောက်.....
"ယန်လဲ့လင်...."
ချန်လုကျိုးက ထိုနေရာသို့လျှောက်သွားရင်း အတည်ပြုသည့်သဘောဖြင့် လှမ်းခေါ်လိုက်သည်။
"ညီမပါ ညီမပါ"
ယန်ယဲ့လင်က ဘတ်စ်ကားမှတ်တိုင်နားမှ လမ်းပေါ်သို့ခုန်ချလိုက်ခြင်းကြောင့် နှစ်ဖက်ခွဲစည်းထားသည့်ဆံပင်တို့ လှုပ်ရမ်းသွားခဲ့၏။
"ဝါး....ကိုကိုက တကယ်ကြီးချောတာပဲ"
ယန်ယဲ့လင်၏မျက်နှာထက်တွင် ထက်မြက်ဥာဏ်ပြေးသည့်အရိပ်အယောင်များအပြည့်ရှိပြီး အမူအကျင့်တို့ဟာလည်း ယန်လဲ့လုံနီးနီးပင် အထိန်းအကွပ်မရှိ ၊ ဤမိန်းကလေးက ယန်လဲ့ထုံထက်ပင် သာလွန်ကောင်းသာလွန်နိုင်သေး၏။ အရှင်းဆုံးဆိုရလျှင် မိမိ၏အလှတရားပေါ်ယုံကြည်ချက်လွန်ကဲနေခြင်းမျိုး။ အချင်းချင်းတွေ့ဖူးကြသည်မှာ နှစ်မိနစ်ပင်မရှိသေး ၊ သူ ဝတ်ထားသည့်အင်္ကျီအရောင်ကိုပင် သတိမထားမိသေးပုံရသည့်လူက ဘတ်စ်ကားဂိတ်၏မျက်နှာချင်းဆိုင်အရပ်မှ ရေခဲမုန့်ဆိုင်အား လက်ညှိုးထိုး၍ စကားဆိုလာသည်။
"ကိုကို ဒီကညီမလှလှလေးကို ရေခဲမုန့်ဝယ်ကျွေးလို့ရလား"
ဤစကားတစ်ခွန်းအား ကြားလိုက်ရသည့်အခိုက်တွင် ချန်လုကျိုးမှာ လွန်ကြူးသည်ဟုလည်းမဆိုသာ ၊ သည်းညည်းခံနိုင်ပါသေးသည်။ မည်သို့ပင်ဆိုစေ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းနေသည်မှာလည်း ရောဂါတစ်မျိုးပင်မဟုတ်လား။ သို့သော် ဤမိန်းကလေးက သူ့လက်မောင်းအားပြေးဖက်သည့်အပြင် ဦးခေါင်းကိုပါ မှီချလာသည့်အခါတွင်တော့ သူ စိတ်မကြည်မလင်ဖြစ်၍ မနှစ်မြို့တော့ချေ။
သည်လူ၏ မိမိရုပ်ရည်အပေါ်ယုံကြည်ချက်လွန်ကဲနေခြင်းမှာ သူ့ထက်ပင် ဆိုးဝါးနေပုံရသည်။ ချန်လုကျိုး၏စိတ်ထဲ သူ့ထံ၌ ညီမတစ်ယောက်မရှိသည့်အတွက်ပင် ကံကောင်းသည်ဟုယူဆမိလိုက်သည်။ မဟုတ်ပါက ယခုလိုအရူးမျိုးနှင့်သာတွေ့နေရလျှင် နှစ်ယောက်သားက တစ်ဖက်လူထံမှ ပိုက်ဆံညစ်ဖို့ချည်းသာ တွက်နေကြလိမ့်မည်ဖြစ်၏။ ကံကောင်းစွာဖြင့် ချန်ရှင်းချီကဲ့သို့ ပိုက်ဆံရေလိုပေါသည့်ခပ်တုံးတုံးညီလေးတစ်ယောက်သာရှိ၏။
ချန်လုကျိုးက လက်မောင်းအားဆွဲမြှောက်ပစ်လိုက်ပြီး တစ်ဖက်လူအား ထိခွင့်မပေး ၊ မျက်မှောင်ကိုလည်းကျုံ့ထားကာ စိတ်မရှည်သည့်ဟန်ဖြင့် ခေါင်းငုံ့ကြည့်လိုက်သည်။
ပုံမှန်ဆိုလျှင် သူဟာ စကားများများစားစားပြောနေမည်မဟုတ်ဘဲ အလျင်းသင့်သလို 'မင်းအစ်ကို လာကြိုခိုင်းထားတာ' ဟူ၍လောက်သာ ပြောမည်ပေ။ သို့သော် ယနေ့တွင်တော့ ယန်ယဲ့လင်က သူ့အား ကိုယ်ထိလက်ရောက်ထိတွေ့ထားခြင်းကြောင့် အမူအကျင့်ကောင်းလေးရှိသည့်အနေဖြင့် နည်းနည်းပါးပါးဆုံးမပေးလိုက်ချင်တော့သည်။
ချန်လုကျိုးသည် ရွှတ်နောက်နောက်နှင့်ခက်ထန်သည့်ပုံစံအား နည်းနည်းလေးမျှပင် မကွယ်ဝှက်ဘဲ 'အလှတရားပေါ်ယုံကြည်ချက်လွန်ကဲနေခြင်းအမှု' သို့မှမဟုတ် 'ချောမောမှုအပေါ် ယုံကြည်ချက်လွန်ကဲနေခြင်းအမှု' ၏အတွေ့အကြုံတို့အား ထိုမိန်းကလေးထံသို့ တိုက်ရိုက်သင်ကြားပို့ချပေးလေတော့၏။
"ငါ မင်းကို လူမှုရေးတိုက်ခိုက်တာတော့မဟုတ်ဘူး ၊ မင်းရုပ်လေးကလည်း အဆင်ပြေတာတော့ပြေပါတယ် ၊ ဒါပေမယ့် နည်းလမ်းတွေကတော့ သိပ်မမိုက်ဘူး ၊ အနည်းဆုံးတော့ တစ်ဖက်ကလူကိုကြည့်ဦးလေ ၊ အကယ်၍ တစ်ဖက်လူက မင်းထက် အများကြီးချောတာမျိုးဆိုရင် ဒီလိုစကားမျိုးမပြောစမ်းပါနဲ့ ၊ နားထောင်ရရှက်လိုက်တာ ၊ ဥပမာ ငါ့ကို တွေ့ရင်ပေါ့"
***********
~~Zawgyi~~
႐ႊီက်စ္က ေအာက္ထပ္သို႔ေျပးဆင္းလာရင္း ခ်ိဳက္ယင္းယင္းထံသို႔ အဆက္အစပ္မရွိစကားဆိုလိုက္သည္။
"ဒီေနရာမွာ ျခင္ေတြအရမ္းမ်ားတယ္လို႔ နင္ မထင္ဘူးလား"
ခ်ိဳက္ယင္းယင္းမွာ ေျခလွမ္းတို႔တုံ႕ႏွေးသြားျခင္းမရွိဘဲ ေတြေဝသြားသည့္ဟန္ျဖင့္ လွမ္းၾကည့္လိုက္၏။
"မထင္မိပါဘူး ၊ ဘယ္နားမွာ ျခင္ရွိလို႔လဲ"
ဟုတ္လား.....
အျပင္ဘက္တြင္ ရာသီဥတု သိသိသာသာပူအိုက္လ်က္ရွိသည္။ လက္ရွိအခ်ိန္၌ ၿပိဳင္ပြဲအရွိန္က အျမင့္ပိုင္းသို႔ေရာက္ေနၿပီျဖစ္ရာ ေလ့က်င့္ေရးကြင္းတစ္ပတ္လုံး ဝိုင္းရံထားၾကသည့္လူအုပ္ႀကီးထံမွ ေအာ္ဟစ္အားေပးသံမ်ားဟာ ပဲ့တင္ထပ္လ်က္ပင္ရွိ၏။ ကင္မရာကိုင္ထားသည့္ဖုန္က်င့္သည္လည္း လူအုပ္ႀကီးထဲတိုးေဝ့ရင္း ရိုက္ပုံရိုက္ေနၿပီပင္။ အေပၚထပ္မွ ႏွစ္ေယာက္သားဆင္းလာၾကသည္ကိုျမင္ေတာ့ သူ ျပန္တိုးထြက္လာ၏။
"အဖြဲ႕ေခါင္းေဆာင္က ဘယ္သူမဆိုဝင္ၿပိဳင္လို႔ရတယ္တဲ့ ၊ ကြၽန္ေတာ္ သြားစမ္းၾကည့္မလားလို႔ ၊ မင္းေရာ အတူလိုက္ဦးမလား"
႐ႊီက်စ္ လက္ခံလိုက္သည္ ; ယြမ္ငါးေထာင္ေလ! ဝင္မၿပိဳင္ရင္ အ႐ူးပဲ!!
"သတၱိကမိုက္တယ္ဗ်ာ"
ဖုန္က်င့္တစ္ေယာက္မွာ စကားနည္းၿပီးအေၾကာက္အလန့္ကင္းသည့္ ဤမိန္းကေလးအား ပို၍ပင္ခ်ီးက်ဴးေလးစားလာရေတာ့၏။ စကားဆိုၿပီးသည္ႏွင့္ ခပ္လွမ္းလွမ္းဆီမွေလွ်ာက္လာေနသည့္ ခ်န္လုက်ိဳးကိုပါ ေတြ႕လိုက္သျဖင့္ လွမ္းႏႈတ္ဆက္လိုက္သည္။
"အိုင္ေဒါလ္ႀကီး ၊ မင္းေရာ ဝင္ၿပိဳင္ၾကည့္ဦးမလား ၊ ၿပိဳင္ပြဲဘီးေတြေရာ စမ္းၾကည့္ဖူးလား"
ခ်န္လုက်ိဳးသည္ လက္ႏွစ္ဖက္လုံးအားအိတ္ကပ္ထဲထည့္ရင္း စည္ကားေနသည့္ၿပိဳင္ပြဲကြင္းအား လွမ္းၾကည့္လိုက္၏။ အၾကည့္တစ္ခ်က္မွမလႊဲပါဘဲႏွင့္ ႐ႊီက်စ္ နံေဘးနားထိေလွ်ာက္လာၿပီး ေအးတိေအးစက္မ်က္ႏွာထားအတိုင္းပင္ စကားဆိုသည္။
"မစမ္းၾကည့္ဖူးဘူး ၊ မၿပိဳင္ဘူး"
႐ႊီက်စ္မွ သူ႕အား ေနာက္လွည့္ၾကည့္လိုက္သည္။ သူမဟာ အရပ္ျမင့္လြန္းသည္ဟု သတ္မွတ္မရပါေသာ္ျငား နိမ့္က်န္ေနခဲ့သည္မ်ိဳးလည္း လုံးဝမဟုတ္။ တကၠသိုလ္ဝင္တန္းစာေမးပြဲေျဖမည့္အခ်ိန္၌ ခႏၶာကိုယ္တိုင္းတာခ်က္မ်ားျပဳရသည့္တစ္ႀကိမ္ကပင္ သူမဟာ 163 cm ရွိသည္။ သို႔ေသာ္လည္း သူမကိုယ္တိုင္က ထိုတိုင္းတာသည့္စနစ္မွာ မတိက်နိုင္သည္ဟုယူဆထားသည့္အျပင္ သူငယ္ခ်င္းမ်ားကလည္း သူမ၏အရပ္က ထိုတိုင္းတာခ်က္ထက္ 2cm မွ် နိမ့္ေနေၾကာင္းေထာက္ျပလာခဲ့ဖူး၏။ ႏွစ္သစ္ကူးကာလတုန္းက သူမ ေနာက္ဆုံးတိုင္းတာခဲ့ဖူးသည့္တစ္ႀကိမ္တြင္ေတာ့ 165 cm နီးနီးပင္ျဖစ္သည္။
သို႔သည့္တိုင္ ခ်န္လုက်ိဳး နံေဘးနား၌လာရပ္သည့္အခိုက္အတန့္တြင္ေတာ့ သူမဟာ ျပင္းျပင္းျပျပဖိႏွိပ္ခံထားရသည့္ခံစားခ်က္တစ္မ်ိဳးအား ခံစားမိလိုက္ရေတာ့၏။ ေနာက္လွည့္၍ေခါင္းေမာ့ၾကည့္လိုက္လွ်င္ သူမဟာ သူ႕ေမးဖ်ားသာသာေလးသာရွိၿပီး ၾကည္လင္ပါးလွပ္ေနသည့္ေမးဖ်ားကိုပင္ ျမင္ေနရသည္။
သူမ၏နားအိမ္မ်ားဟာ ေနာက္ထပ္တစ္ဖန္ တဝီဝီအူလာရျခင္းေၾကာင့္လည္း ေဘးပတ္ဝန္းက်င္ ျခင္မ်ားရွိသေယာင္ပင္ ထင္လာမိ၏။
"နင္ ဗိုက္ျပည့္ၿပီလား"
ခ်န္လုက်ိဳးက အသံလာရာအတိုင္း ေခါင္းငုံ႕ၾကည့္၍ ;
"အင္း"
"ငါ ၾကည့္ေနတာ နင္ ဘာမွလည္းသိပ္မစားဘူးလားလို႔"
"ဗိုက္သိပ္မဆာလို႔"
ခ်န္လုက်ိဳးမွာကား အသက္ကိုတန္ဖိုးထားတတ္သည့္လူတစ္ေယာက္။ အျပင္ပန္း၌ ေအးတိေအးစက္ႏွင့္မာေက်ာမည့္ဟန္မ်ိဳးေပါက္ေသာ္ျငား ရင္းႏွီးၿပီးသြားသည္ႏွင့္ ဤလူဟာ အႏၱရာယ္မ်ားသည့္အားကစားမ်ားႏွင့္ခပ္ကင္းကင္းေနတတ္မွန္း ရင္းႏွီးသူတိုင္းသိထားၾကသည္ေပ။ ကားဆိုင္ကယ္ၿပိဳင္ေမာင္းဖို႔ကိုမဆိုထားႏွင့္ ၊ ကစားကြင္းထဲမွ ရိုလာကိုစတာေပၚ၌ပင္ မထိုင္ဖူးေခ်။ သို႔ေသာ္လည္း ႐ႊီက်စ္၏မ်က္ဝန္းထဲမွ စိတ္အားထက္သန္မႈမ်ားအားျမင္ေနရသည့္အခါတြင္ေတာ့ သူ ေျဖာင္းျဖနိုင္မည္မဟုတ္မွန္း တပ္အပ္သိလိုက္သျဖင့္ မည္သည့္အပိုစကားမွမဆိုေတာ့ျခင္းျဖစ္သည္။
ထိုစဥ္ တစ္စုံတစ္ေယာက္မွ သူ႕ပုခုံးအားလွမ္းပုတ္လာ၏။
ခ်န္လုက်ိဳး လွည့္ၾကည့္လိုက္လွ်င္ တစ္ဖက္လူက ယန္လဲ့ထုံျဖစ္ေနၿပီး လက္ကိုင္ဖုန္းကိုအုပ္ထားလ်က္ျဖင့္ သူ႕ထံမွ အကူအညီတစ္ခုေတာင္းလာျခင္းျဖစ္ေန၏။ ခ်န္လုက်ိဳးက အိတ္ကပ္ထဲလက္ထည့္ထားလ်က္ႏွင့္သာ ခႏၶာကိုယ္အနည္းငယ္ကိုင္း၍ နားေထာင္ေပးလိုက္သည္။
ယန္လဲ့ထုံက တစ္မ်က္ႏွာလုံးထူပူရင္း တေလးတနက္ထား၍ေျပာေန၏။
"ခ်န္ေကာ တစ္ခုေလာက္ကူညီပါကြာ ၊ ငါ့ညီမက ဒီကိုလိုက္လာေနတာ ၊ အခုေလာေလာဆယ္ ငါ ဘယ္လိုမွအျပင္ထြက္မရေသးလို႔ မင္း ငါ့အစား ဘတ္စ္ကားဂိတ္မွာ သြားႀကိဳေပးလို႔ရမလား"
ခ်န္လုက်ိဳးမွာ ႐ႊီက်စ္၏အေနာက္ဘက္အား အလိုလိုေနရင္းလွမ္းၾကည့္မိလိုက္၏။ စိတ္ထဲမွေန၍လည္း ' ခဏထြက္သြားတာေလာက္ေတာ့ ဘာမွမျဖစ္ပါဘူး ၊ သူ(မ)ရဲ႕အျမင္မွာလည္း မင္းက ယြမ္ငါးေထာင္ေလာက္မွ အေရးမႀကီးတာ ၊ သူ႕ၿပိဳင္ပြဲကိုလည္း မင္း ၾကည့္ၾကည့္မၾကည့္ၾကည့္ အေရးမပါဘူး'
ခ်န္လုက်ိဳးက 'အင္း'ဟု အသံတစ္ခ်က္ျပဳၿပီး ;
"သူ႕ကို ငါ့ဖုန္းနံပါတ္ေပးထားၿပီး ေရာက္ရင္ ငါ့ဆီ ဖုန္းဆက္ခိုင္းလိုက္"
ယန္လဲ့ထုံက ထပ္ခါတလဲလဲေက်းဇူးတင္ၿပီးေနာက္ ဖုန္းတစ္ဖက္မွလူထံသို႔ စကားဆိုလိုက္သည္။
"မင္း အဲ့ဒီေနရာမွာပဲရပ္ေန ၊ အဖြဲ႕ထဲက ကိုကိုတစ္ေယာက္လာႀကိဳလိမ့္မယ္"
တစ္ဖက္လူက အခ်င္းခ်င္းမည္သို႔သတိထားမိၾကမည့္အေၾကာင္းအား ေမးလာပုံရသည္။ ထိုအခါ ယန္လဲ့ထုံက ခ်န္လုက်ိဳးအားလွမ္းၾကည့္၍ ႐ႊတ္ေနာက္ေနာက္ျဖင့္ ;
"မင္း ျမင္သမွ်ထဲ ဘယ္တစ္ေယာက္ကအေခ်ာဆုံးလဲဆိုတာၾကည့္လိုက္ ၊ ၿပီးရင္ သူ႕ေနာက္လိုက္ခဲ့"
ခ်န္လုက်ိဳး၏စိတ္ထင္ ယန္လဲ့ထုံ၏ညီမျဖစ္သူဟာ အသက္ငယ္ငယ္ေလးမွ်သာရွိဦးမည္ပင္။ ထို႔ေၾကာင့္လည္း အစ္ကိုတစ္ေယာက္လိုျပဳမူရန္အတြက္ ယန္လဲ့ထုံအား ခပ္ဖြဖြလွမ္းကန္ၿပီး ႐ႊီက်စ္ထံမွလည္း အၾကည့္မလႊဲတမ္းျဖင့္ စကားဆိုလိုက္သည္။
"မင္း ကေလးေပါက္စေတြကို ဒီလိုပဲေျပာရလား"
ယန္လဲ့ထုံက ႐ႊတ္ေနာက္ေနာက္အၿပဳံးကို ျပန္သိမ္းယူရင္း ခ်န္လုက်ိဳးထံလွမ္းၾကည့္ရင္း ဖုန္းတစ္ဖက္မွလူထံသို႔ စကားဆို၏။
"ဟုတ္ပါၿပီ မစေတာ့ဘူး ၊ အကၤ်ီအနက္ေရာင္ဝတ္ၿပီး လွ်ာထိုးဦးထုပ္ေခါင္းထားတယ္ ၊ ေခ်ာတာကေတာ့ တကယ္ေခ်ာတာ ၊ နာမည္က ခ်န္လုက်ိဳး ၊ အရင္ဦးဆုံး နာမည္ေမးၾကည့္ၿပီး ေသခ်ာေအာင္လုပ္ေနာ္"
ယန္လဲ့ထုံထြက္သြားၿပီးေနာက္ မိနစ္ပိုင္းအတြင္း၌ပင္ ခ်န္လုက်ိဳးအား ညီမျဖစ္သူမွဖုန္းေခၚလာ၏။ ဖုန္းေျပာဆိုၿပီးသည့္အခါ လက္ကိုင္ဖုန္းအား အိတ္ကပ္ထဲထည့္၍ ထြက္လာၿပီးကာမွ ေျခႏွစ္လွမ္းလွမ္း႐ုံမွ်ရွိေသး ၊ အေနာက္သို႔ျပန္လွည့္လာၿပီး ႐ႊီက်စ္၏ေခါင္းအေနာက္ဘက္အား လက္ညွိုးျဖင့္ထိုး၍ စိတ္ဆိုးေနသည့္အလား စကားဆိုသည္။
"မင္း ကစားတာလည္းကစား ၊ ေဘးကင္းဖို႔လည္းဂ႐ုစိုက္"
"အင္း"
႐ႊီက်စ္ ေခါင္းၿငိမ့္ျပလိုက္သည္။
-----
တကယ္တမ္းတြင္ ေမာ္ေတာ္ဆိုင္ကယ္ၿပိဳင္ပြဲမ်ား၌ မိန္းကေလးမ်ားကို အေတြ႕နည္းလြန္းသည္ဟူ၍ေတာ့မဟုတ္။ အထူးသျဖင့္ သည္ႏွစ္ႏွစ္တာကာလအတြင္း၌ အမ်ိဳးသမီးကစားသမားမ်ား တစ္စစႏွင့္မ်ားလာသည့္အျပင္ နာမည္ႀကီးကစားသမားအမ်ားစုဟာလည္း အမ်ိဳးသမီးမ်ားပင္ျဖစ္ေနတတ္ၾကသည္။ သည့္ထက္အျပင္ တ႐ုတ္နိုင္ငံ၌ အမ်ိဳးသမီးေမာ္ေတာ္ဆိုင္ကယ္အသင္းရွိလာၿပီး အမ်ိဳးသမီးသီးသန့္ၿပိဳင္ပြဲမ်ားမျပဳလုပ္ၾကေသးပါေသာ္ျငား အမ်ိဳးသမီးကစားသမားအမ်ားစုဟာ အမ်ိဳးသားႏွင့္ပင္ တန္းတူယွဥ္ၿပိဳင္ေနၾကၿပီျဖစ္သည္။ အမ်ိဳးသားဆိုင္ကယ္သမားမ်ားထက္မနိမ့္သည့္ ဆုတံဆိပ္ေပါင္းမ်ားစြာရယူနိုင္ခဲ့ေသာ အမ်ိဳးသမီးကစားသမားမ်ားလည္း မေရမတြက္နိုင္ေအာင္ရွိသည္ေပ။
ဤေမာ္ေတာ္ဆိုင္ကယ္အသင္းဟာ ၿမိဳ႕ငယ္ေလးမ်ားတြင္ယွဥ္ၿပိဳင္ၾကဖူးသည့္ အေပ်ာ္တမ္းအဖြဲ႕တစ္ခုသာျဖစ္ၿပီး တကယ္တမ္း ကြၽမ္းက်င့္အဆင့္ၿပိဳင္ပြဲမ်ားဝင္ၿပိဳင္ဖူးသည့္လူမွာ သုံးေလးေယာက္မွ်ပင္မရွိ။ အေရွ႕တစ္ပြဲတြင္ အမ်ိဳးသမီးဓါတ္ပုံဆရာတစ္ဦး ဝင္ကစားခဲ့ၿပီး ႐ႊီက်စ္ ကြင္းထဲဝင္လာသည့္အလွည့္တြင္ေတာ့ ပတ္ဝန္းက်င္အေနအထားမွာ ယခင္ကထက္ပင္တက္ႂကြလာကာ အားေပးသံ၊ဝီစီမႈတ္သံမ်ား တစ္ကြင္းလုံးျပည့္သြားေတာ့သည္။ ဤသည္မွာ မိန္းကေလးတစ္ေယာက္ ၿပိဳင္ပြဲကြင္းထဲဝင္လာ႐ုံသာမကဘဲ ခပ္ေခ်ာေခ်ာငယ္ငယ္ေလးျဖစ္ေနျခင္းေၾကာင့္လည္းပါလိမ့္မည္။ အားလုံးဟာ မိန္းကေလးတစ္ဦး အေပ်ာ္ကစား႐ုံမွ်သာေတြးထားၿပီး ဗုံသံမ်ားပင္တီးခတ္ေပးလိုက္ၾကေသး၏။
အႏွီသူမ်ားအားလုံးမသိနိုင္သည့္အခ်က္မွာကား ႐ႊီက်စ္ထံ၌ ေမာ္ေတာ္ဆိုင္ကယ္ကြၽမ္းက်င္ကစားသမား ေမြးစားအေဖတစ္ဦး ရွိသည့္အေၾကာင္းပင္။ ဖုယြိခ်င္သည္ အေစာပိုင္းႏွစ္မ်ားတြင္ ပေရာ္ဖက္ရွင္နယ္ကစားသမားအျဖစ္ ၿပိဳင္ပြဲဖူးသည့္အျပင္ ဒိုင္းဆုတံဆိပ္မ်ားကိုလည္း ခန္းလုံးျပည့္ရထားေသးသည္။ ႐ႊီက်စ္မွာ ကေလးအ႐ြယ္ေလးကတည္းက ဖုယြိခ်င္ႏွင့္အတူ 'မင္လင္'ေတာင္တန္းတစ္ေၾကာလုံး ဆိုင္ကယ္ပတ္စီးလာသည့္သူျဖစ္ၿပီး အကယ္၍ ေလာင္႐ႊီကသာ အႏၱရာယ္မ်ားလြန္းသည္ဟုေတြး၌ မကန့္ကြက္ခဲ့ပါလွ်င္ ႐ႊီက်စိတစ္ေယာက္ဟာ ဖုယြိခ်င္လက္ခ်က္ျဖင့္ ဆိုင္ကယ္ေလ့က်င့္ေရးအသင္းထဲေရာက္ေနေလာက္ၿပီျဖစ္သည္။ ႐ႊီက်စ္၏စိတ္အေျခအေနဟာ ၿပိဳင္ပြဲေလ့က်င့္ေရးသမားျဖစ္ဖို႔ရာ အထူးသင့္ေလ်ာ္သည့္အထဲတြင္ပါ၏။
သို႔ေသာ္ ေလာင္႐ႊီ၏အျမင္တြင္ မိန္းကေလးမ်ားက ရိုးရိုးရွင္းရွင္းအလုပ္အကိုင္မ်ားႏွင့္သာသင့္ေလ်ာ္သည္ဟု ေတြးထင္ၿပီး ႐ႊီက်စ္ကိုယ္တိုင္ကလည္း စိတ္ဝင္စားသည္ဆို႐ုံေလာက္ေလးသာရွိေသာေၾကာင့္ ဖုယြိခ်င္ လက္ေလ်ာ့လိုက္ရသည္။ ေနာက္ပိုင္း၌လည္း ဖုယြိခ်င္သည္ ႐ႊီက်စ္ဟာ ဆိုင္ကယ္ၿပိဳင္သည့္ေနရာ၌ ပါရမီပါ႐ုံသာမက နည္းပညာပိုင္းမ်ား၌ရွာေဖြေလ့လာသည့္ေနရာတြင္လည္း အရည္အခ်င္းရွိေၾကာင္း ေတြ႕ခဲ့ရသည္။ သို႔ေသာ္ သူမဟာ လုပ္သမွ်အရာအားလုံးအေပၚ အနည္းငယ္ေလးမွ်သာ စိတ္ဝင္စားမႈရွိေနျခင္းျဖစ္ၿပီး မည္သည့္ကိစၥမ်ိဳးမဆို လုပ္တတ္ကိုင္တတ္သည့္တိုင္ စိတ္ပါလက္ပါအေကာင္းဆုံးလုပ္ေနျခင္းမ်ိဳးလည္းမဟုတ္ျပန္၏။
ဖုယြိခ်င္၏စကားအတိုင္းဆိုရလွ်င္ သူမသည္ ကြၽမ္းက်င္ကစားသမားမ်ားေရွ႕၌ မ်က္လွည့္ျပေကာင္းျပ၍ရနိုင္ေသာ္လည္း အေပ်ာ္တမ္းအဖြဲ႕မ်ားထက္ေတာ့ ေသခ်ာေပါက္သာလြန္သည္ေပ။ ထို႔အျပင္ တည္းျဖတ္အခန္းထဲ၌ တည္းျဖတ္သည့္အေၾကာင္းေလ့လာေနစဥ္တုန္းက ဗြီဒီယိုေတာ္ေတာ္မ်ားမ်ား ႐ႊီက်စ္ ေတြ႕ခဲ့ရသည္။ 'လင္း'ၿမိဳ႕ ေမာ္ေတာ္ဆိုင္ကယ္အသင္းသည္ အေပ်ာ္တမ္းအဖြဲ႕တစ္ခုသာျဖစ္ၿပီး မိသားစုေထာက္ပံ့ေရးအတြက္ ကိုယ္စီသီးသန့္အလုပ္မ်ားရွိၾကကာ ဆိုင္ကယ္ေမာင္းျခင္းဟာလည္း ဝါသနာအရပင္ျဖစ္ၾက၏။ ကြၽမ္းက်င့္အဆင့္ကစားသမားမ်ားမွာ အနည္းစုေလးသာရွိသည္။ ကြၽမ္းက်င့္အဆင့္ၿပိဳင္ပြဲဆုကိစၥအား ထည့္ေျပာစရာပင္မလိုေခ်။
သနားသည္ပင္ျဖစ္ေစ ဖ်က္လိုဖ်က္ဆီးပင္ျဖစ္ေစ သို႔မွမဟုတ္ စပ္စုေနၾကသည့္မ်က္လုံးမ်ားပင္ျဖစ္ေစ ႐ႊီက်စ္ဟာ ကိစၥတစ္ခုအားေဆာင္႐ြက္ၿပီးရလာသည့္ရလဒ္မွလြဲ၍ အျခားဘာကိုမွဂ႐ုမစိုက္။
သို႔ေသာ္ ဆိုင္ကယ္စီးဝတ္စုံကိုဝတ္ ၊ ဦးထုပ္ကိုေဆာင္း ၊ ဒူးကာလက္ကာႏွင့္ အျခားပစၥည္းမ်ားဝတ္ၿပီးသည့္အခ်ိန္တြင္ေတာ့ အဖြဲ႕ေခါင္းေဆာင္က သူမအား စကားလွမ္းေျပာလာေလ၏။ အဘယ္ေၾကာင့္ဆိုေသာ္ ဤမိန္းကေလး ကာကြယ္ေရးပစၥည္းမ်ားဝတ္ေနသည့္ပုံစံမွာ ဆိုင္ကယ္ၿပိဳင္ပြဲမ်ား၌ အေတြ႕အႀကဳံရွိေနသည့္ပုံစံေၾကာင့္ေပ။
"ဟိုဟာေလ အလွေလး ၊ အရင္ဆုံး မင္းကို ရွင္းေအာင္ေျပာထားခ်င္လို႔ ၊ ၿပိဳင္ပြဲမွာ တားျမစ္ထားတာမ်ိဳးမရွိဘူးဆိုတာကလည္း ေရာက္လာသမွ်လူတိုင္းကို အတူတူကစားေစခ်င္တဲ့ရည္႐ြယ္ခ်က္နဲ႕ပါ ၊ ဒါေပမယ့္ ဆုေၾကးကိုေတာ့ ကြၽန္ေတာ္တို႔အဖြဲ႕ဝင္ေတြကိုပဲေပးဖို႔ သေဘာတူထားတယ္ ၊ အဲ့ဒီေတာ့ မင္း နိုင္သြားရင္ေတာင္ ကြၽန္ေတာ္တို႔က ဆုေၾကးေငြေပးမွာမဟုတ္ဘူးေနာ္"
သတိေပးခ်က္က အခ်ိန္ကိုက္လာသည္ဟုပင္ ဆိုရမည္။ မဟုတ္ပါက ႐ႊီက်စ္ဟာ ဤပိုက္ဆံအားရဖို႔အေရးအတြက္ သူမ၏အသက္ကိုရင္းၿပီး လီဗာနင္းေတာ့မည္ေပ။ ခ်န္လုက်ိဳးအတြက္ မွန္ဘီလူးဝယ္ေပးမည့္ပိုက္ဆံအားလုံးက ဤေနရာတြင္ရွိေနသည္မဟုတ္လား။
တစ္ဖက္မွ ဖုန္က်င့္က ခပ္ၿပဳံးၿပဳံးႏွင့္စကားဆိုလာ၏။
"ရပါတယ္ဗ် အဖြဲ႕ေခါင္းေဆာင္ ၊ ကြၽန္ေတာ္တို႔ကလည္း ေပ်ာ္ခ်င္လို႔ကစားတာပါ ၊ အေရးႀကီးတာက ၿပိဳင္ပြဲပါဖို႔ပဲ"
သို႔ေသာ္ ႐ႊီက်စ္မွာကား ဆိုင္ကယ္ဦးထုပ္ႏွင့္အတူ ဒူးကာမ်ားကိုပါ တြန့္ဆုတ္ျခင္းမရွိ ဆြဲျဖဳတ္လိုက္ေတာ့၏။
"ဒါဆိုလည္း ထားလိုက္ေတာ့ ၊ ငါ မပါဘူး"
ေၾကာင္အမ္း၍မ်က္ေတာင္ခတ္ေနသည့္ ဖုန္က်င့္ ; "....."
ေၾကာင္အမ္း၍ မ်က္ေတာင္ခတ္လိုက္မိေသာ အဖြဲ႕ေခါင္းေဆာင္ ; "....."
----
ဘတ္စ္ကားဂိတ္သို႔ေရာက္သည့္အခါတြင္မွ ယန္လဲ့ထုံ၏ညီမျဖစ္သူမွာ သူထင္ထားခဲ့သလို ကေလးငယ္ငယ္ေလးမဟုတ္မွန္းသိလိုက္ရသည္။ ေတြးၾကည့္ကာမွ ယန္လဲ့ထုံဟာ ညီမကိုခ်စ္လြန္းသည္ဟုဆိုရမလား ၊ အခ်ိန္တိုင္းနီးပါး ညီမေလးက ဘယ္လိုဘယ္ဝါေျပာေနတတ္ၿပီး ႏွစ္ေယာက္သားက တစ္ခါတစ္ရံ တစ္ခန္းထဲအိပ္ၾကေသးသည္ဟုဆိုေသာေၾကာင့္ ခ်န္လုက်ိဳး၏စိတ္ထဲ၌ အသက္ခုနစ္ႏွစ္၊ရွစ္ႏွစ္ေလးကိုသာ ေျပးျမင္လိုက္မိသည္။ သို႔မဟုတ္ပါက သူဟာ လက္ရွိအခ်ိန္၌ ဘတ္စ္ကားဂိတ္သို႔ ေရာက္ေနစရာအေၾကာင္းပင္မရွိ။ ဂ်ပန္ေက်ာင္းသူဝတ္စုံေလးဝတ္ၿပီး ဆံပင္ႏွစ္ဖက္ခြဲစည္းထားကာ ဘတ္စ္ကားမွတ္တိုင္နီးပါးျမင့္သည့္မိန္းကေလးတစ္ေယာက္.....
"ယန္လဲ့လင္...."
ခ်န္လုက်ိဳးက ထိုေနရာသို႔ေလွ်ာက္သြားရင္း အတည္ျပဳသည့္သေဘာျဖင့္ လွမ္းေခၚလိုက္သည္။
"ညီမပါ ညီမပါ"
ယန္ယဲ့လင္က ဘတ္စ္ကားမွတ္တိုင္နားမွ လမ္းေပၚသို႔ခုန္ခ်လိဳက္ျခင္းေၾကာင့္ ႏွစ္ဖက္ခြဲစည္းထားသည့္ဆံပင္တို႔ လႈပ္ရမ္းသြားခဲ့၏။
"ဝါး....ကိုကိုက တကယ္ႀကီးေခ်ာတာပဲ"
ယန္ယဲ့လင္၏မ်က္ႏွာထက္တြင္ ထက္ျမက္ဥာဏ္ေျပးသည့္အရိပ္အေယာင္မ်ားအျပည့္ရွိၿပီး အမူအက်င့္တို႔ဟာလည္း ယန္လဲ့လုံနီးနီးပင္ အထိန္းအကြပ္မရွိ ၊ ဤမိန္းကေလးက ယန္လဲ့ထုံထက္ပင္ သာလြန္ေကာင္းသာလြန္နိုင္ေသး၏။ အရွင္းဆုံးဆိုရလွ်င္ မိမိ၏အလွတရားေပၚယုံၾကည္ခ်က္လြန္ကဲေနျခင္းမ်ိဳး။ အခ်င္းခ်င္းေတြ႕ဖူးၾကသည္မွာ ႏွစ္မိနစ္ပင္မရွိေသး ၊ သူ ဝတ္ထားသည့္အကၤ်ီအေရာင္ကိုပင္ သတိမထားမိေသးပုံရသည့္လူက ဘတ္စ္ကားဂိတ္၏မ်က္ႏွာခ်င္းဆိုင္အရပ္မွ ေရခဲမုန့္ဆိုင္အား လက္ညွိုးထိုး၍ စကားဆိုလာသည္။
"ကိုကို ဒီကညီမလွလွေလးကို ေရခဲမုန့္ဝယ္ေကြၽးလို႔ရလား"
ဤစကားတစ္ခြန္းအား ၾကားလိုက္ရသည့္အခိုက္တြင္ ခ်န္လုက်ိဳးမွာ လြန္ၾကဴးသည္ဟုလည္းမဆိုသာ ၊ သည္းညည္းခံနိုင္ပါေသးသည္။ မည္သို႔ပင္ဆိုေစ ကိုယ့္ကိုယ္ကိုယ္အထင္ႀကီးလြန္းေနသည္မွာလည္း ေရာဂါတစ္မ်ိဳးပင္မဟုတ္လား။ သို႔ေသာ္ ဤမိန္းကေလးက သူ႕လက္ေမာင္းအားေျပးဖက္သည့္အျပင္ ဦးေခါင္းကိုပါ မွီခ်လာသည့္အခါတြင္ေတာ့ သူ စိတ္မၾကည္မလင္ျဖစ္၍ မႏွစ္ၿမိဳ႕ေတာ့ေခ်။
သည္လူ၏ မိမိ႐ုပ္ရည္အေပၚယုံၾကည္ခ်က္လြန္ကဲေနျခင္းမွာ သူ႕ထက္ပင္ ဆိုးဝါးေနပုံရသည္။ ခ်န္လုက်ိဳး၏စိတ္ထဲ သူ႕ထံ၌ ညီမတစ္ေယာက္မရွိသည့္အတြက္ပင္ ကံေကာင္းသည္ဟုယူဆမိလိုက္သည္။ မဟုတ္ပါက ယခုလိုအ႐ူးမ်ိဳးႏွင့္သာေတြ႕ေနရလွ်င္ ႏွစ္ေယာက္သားက တစ္ဖက္လူထံမွ ပိုက္ဆံညစ္ဖို႔ခ်ည္းသာ တြက္ေနၾကလိမ့္မည္ျဖစ္၏။ ကံေကာင္းစြာျဖင့္ ခ်န္ရွင္းခ်ီကဲ့သို႔ ပိုက္ဆံေရလိုေပါသည့္ခပ္တုံးတုံးညီေလးတစ္ေယာက္သာရွိ၏။
ခ်န္လုက်ိဳးက လက္ေမာင္းအားဆြဲျမႇောက္ပစ္လိုက္ၿပီး တစ္ဖက္လူအား ထိခြင့္မေပး ၊ မ်က္ေမွာင္ကိုလည္းက်ဳံ႕ထားကာ စိတ္မရွည္သည့္ဟန္ျဖင့္ ေခါင္းငုံ႕ၾကည့္လိုက္သည္။
ပုံမွန္ဆိုလွ်င္ သူဟာ စကားမ်ားမ်ားစားစားေျပာေနမည္မဟုတ္ဘဲ အလ်င္းသင့္သလို 'မင္းအစ္ကို လာႀကိဳခိုင္းထားတာ' ဟူ၍ေလာက္သာ ေျပာမည္ေပ။ သို႔ေသာ္ ယေန႕တြင္ေတာ့ ယန္ယဲ့လင္က သူ႕အား ကိုယ္ထိလက္ေရာက္ထိေတြ႕ထားျခင္းေၾကာင့္ အမူအက်င့္ေကာင္းေလးရွိသည့္အေနျဖင့္ နည္းနည္းပါးပါးဆုံးမေပးလိုက္ခ်င္ေတာ့သည္။
ခ်န္လုက်ိဳးသည္ ႐ႊတ္ေနာက္ေနာက္ႏွင့္ခက္ထန္သည့္ပုံစံအား နည္းနည္းေလးမွ်ပင္ မကြယ္ဝွက္ဘဲ 'အလွတရားေပၚယုံၾကည္ခ်က္လြန္ကဲေနျခင္းအမႈ' သို႔မွမဟုတ္ 'ေခ်ာေမာမႈအေပၚ ယုံၾကည္ခ်က္လြန္ကဲေနျခင္းအမႈ' ၏အေတြ႕အႀကဳံတို႔အား ထိုမိန္းကေလးထံသို႔ တိုက္ရိုက္သင္ၾကားပို႔ခ်ေပးေလေတာ့၏။
"ငါ မင္းကို လူမႈေရးတိုက္ခိုက္တာေတာ့မဟုတ္ဘူး ၊ မင္း႐ုပ္ေလးကလည္း အဆင္ေျပတာေတာ့ေျပပါတယ္ ၊ ဒါေပမယ့္ နည္းလမ္းေတြကေတာ့ သိပ္မမိုက္ဘူး ၊ အနည္းဆုံးေတာ့ တစ္ဖက္ကလူကိုၾကည့္ဦးေလ ၊ အကယ္၍ တစ္ဖက္လူက မင္းထက္ အမ်ားႀကီးေခ်ာတာမ်ိဳးဆိုရင္ ဒီလိုစကားမ်ိဳးမေျပာစမ္းပါနဲ႕ ၊ နားေထာင္ရရွက္လိုက္တာ ၊ ဥပမာ ငါ့ကို ေတြ႕ရင္ေပါ့"
***********